← Chapters

ခေါင်းမာသော တာအိုဂိုဏ်းရဲ့ သခင်လေး

Vol. 10 Ch. 131

ခေါင်းမာသော တာအိုဂိုဏ်းရဲ့ သခင်လေး

Vol. 10 Ch. 131

ရှကျိုးယွီပေးလိုက်သော တော်ဝင်အမိန့်တော်ကို ကိုင်ဆောင်ကာ လျိုချင်းချန်တစ်ယောက်မနားမနေ ခရီးဆက်နေခဲ့သည်။

သူမရဲ့ ဦးတည်ရာနေရာက ယခင်တာအိုဂိုဏ်းတည်ရှိရာနေရာဟောင်းပဲ။ တစ်ရက်တိတိ ခရီးသွားပြီးနောက်မှာ သူမအနည်းငယ် မောနေပြီ။

ဒီလိုနဲ့ ညနေခင်းကို ရောက်သောအခါမှာ သူမ ဂိတ်ဝကိုအဝေးက လှမ်းမြင်လိုက်ရသည်။ နေရောင်အောက်ရှိ တောလမ်းတစ်လျှောက်တွင် ရှည်လျားသော အလေ့ကျပေါက်ပင်များက ဖုံးလွှမ်းထားသည်။

ဂိတ်ပေါက်ဝရှိ တံတိုင်းသည်လည်း ရေညှိများပင် တက်နေခဲ့ပြီ။ ဂိတ်ပေါ်တွင် ထွင်းထုထားသော နဂါးရုပ်ထုကို ဝေဝါးဝါးသာ မြင်ရတော့၏။

နတ်အလင်းကို ရရှိထားသလိုမျိုး ရွှေရောင်လတ်နေသော ယခင်က အကြေးခွံတွေလည်း အခုမရှိတော့ပြီ။ ယခင်က ရတနာကို အသုံးပြုထားသော နဂါးမျက်လုံးတွေလည်း အခုဖောက်ထုတ်ခံထားရ၏။

ဂိတ်၏အထက်တွင် ချိတ်ဆွဲထားသော တာအိုဂိုဏ်းဆိုသော ဆိုင်းပုဒ်သာ ထည်ဝါမှုတစ်ချို့နဲ့ ကျန်ရစ်နေ၏။

ယခင်က ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ပေးထားသော ဂိတ်ပေါက်အစီအရင်လည်း အခုတော့ နတ်အစွမ်းတွေ ပျောက်ကွယ်ခဲ့ပြီ။

ပြန့်ကြဲနေသော အစီအရင်အပိုင်းစတွေကို နေရာစုံတွင် မြင်တွေ့နိုင်သည်။ ကျိုးပဲ့နေသော အစီအရင်ဗဟိုချက်နှင့် စိတ်စွမ်းအင်တစ်ချို့ကိုပါ မြင်ရလိမ့်မည်။

"အထီးကျန်လိုက်တာ"

လျိုချင်းချန် စိတ်ပျက်စွာနဲ့ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်သည်။

သူမ အသက်တစ်ချက် ရှုသွင်းကာ ရေရွတ်လိုက်၏။

"ငါ ဒီအခွင့်အရေးကို အသုံးပြုပြီးတော့ တာအိုဂိုဏ်းရဲ အခြေအနေကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်တယ်"

ပြောပြီးတာနဲ့ လျိုချင်းချန် အရှေ့ကို ဆက်သွားလိုက်တော့သည်။

သူမရဲ့ ခိုင်မာသော ခြေလှမ်းများက တာအိုဂိုဏ်းအတွင်းကို ဦးတည်နေ၏။ မကြာမကြာ ကြားရတတ်သော ငှက်သံများနှင့်အတူ အဖော်လိုက်ပါပေးနေသည့် ပိုးမွှားတို့၏ တရွီရွီမြည်သံကလည်း မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်သည်။

ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ တောင်အနောက်ရှိ လှိုဏ်ဂူအတွင်းသို့ လျိုချင်းချန် ရောက်လာခဲ့သည်။ လှိုဏ်ဂူအတွင်းတွင် လုံးဝ တိတ်ဆိတ်နေခဲ့ပြီး အသံတစ်ခုမှ မကြားရပေ။

အသက်တစ်ချက် ရှုသွင်းပြီးတာနဲ့ လျိုချင်းချန် လှိုဏ်ဂူအတွင်းသို့ ဝင်သွားလိုက်သည်။ သူမ နူးညံ့စွာ ခေါ်လိုက်၏။

"သခင်လေး ကျွန်မ လျိုချင်းချန်က သခင့်ကို တွေ့ခွင့်တောင်းပါတယ်"

ဒါပေမယ့် လှိုဏ်ဂူအတွင်းမှ တုံ့ပြန်သံမကြားရပေ။ လျိုချင်းချန် မျက်မှောင်ကြုံ့သွား၏။ သူမဆက်ပြောလိုက်သည်။

"လျိုချင်းချန်က သခင်လေးကို တွေ့ခွင့်တောင်းပါတယ်!"

လှိုဏ်ဂူက တိတ်ဆိတ်နေဆဲပဲ။ လျိုချင်းချန်ရဲ့ မျက်နှာက တဖြည်းဖြည်း ပျက်ယွင်းလာခဲ့သည်။

"သခင်လေးက တိတ်ဆိတ်နေတယ်ဆိုတော့ ကျွန်မအထဲဝင်ခဲ့ရမလား?"

လျိုချင်းချန် စိတ်ပါစွာဖြင့် မေးလိုက်သည်။ ထိုအချိန်မှာပဲ လှိုဏ်ဂူအတွင်းမှ အက်ရှသော အသံတစ်ခုကို ကြားလိုက်ရ၏။

"မင်းတို့ ဒီနေရာကနေ ထွက်သွားတာ နှစ်တွေတောင် ကြာနေပြီ၊ အခုပြန်ရောက်လာတာ ဘာကိစ္စလဲ?"

ထိုအချိန်မှသာ လျိုချင်းချန် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမအမြန် ပြောလိုက်သည်။

"ဒီလိုပါ အရှင်မင်းကြီးက သခင်လေးကို အစီအရင်တစ်ချို့ ဖန်တီးစေချင်တယ်၊ ဒါကြောင့် သခင်လေးမငြင်းဖို့ မျှော်လင့်ပါတယ်!"

ထပ်မံ တိတ်ဆိတ်သွားခဲ့သည်။ ခဏကြာမှ ထိုအက်ရှတဲ့အသံက ပြန်လည်ထွက်ပေါ်လာ၏။

"စိတ်ဝိညာဥ် စုဆောင်းပေးနိုင်တဲ့ အစီအရင် ဟုတ်လား? အဲဒီအစီအရင်က ဖန်တီးရတာ မခက်ခဲပါဘူး”

“လူတွေအများကြီး ဖန်တီးနိုင်တယ်၊ နည်းလမ်းများစွာရှိသလို အကျိုးရလဒ်တွေကလည်း အတူတူပဲ၊ ဒါကြောင့် တရှားတိုင်းပြည်ရဲ့ ဘုရင်အနေနဲ့ ငါလိုမျိုး အပြစ်သားကို သုံးဖို့ မလိုဘူး”

“မင်းရဲ့ ငါ့ကိုအပြင်ထုတ်ဖို့ အကြောင်းအရင်းဆိုရင်တော့ သွားလိုက်တော့...ငါစိတ်မဝင်စားဘူး"

ကျန်းဖူရှန့် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

သူ့ရဲ့အသံထဲမှာ ခံစားချက်တစ်ခုမှ မရှိဘူး။

လျိုချင်းချန် ချက်ချင်းပဲ သူမ နှုတ်ခမ်းကို ကိုက်မိသွားသည်..။ ထို့နောက်မှာ သူမ ပြန်တုံ့ပြန်လိုက်ပါ၏။

"အဲဒီအစီအစဥ်ကို လူတွေအများကြီး ဖန်တီးနိုင်တာ မှန်ပါတယ်၊ ဒါပေမဲ့ အခုကျွန်မတို့ရဲ့ တာအိုဂိုဏ်းက ပျက်စီးမှုကို ဦးတည်နေခဲ့တယ်”

“အစီအရင်ဖန်တီးတဲ့ အလေ့အထလည်း ပျော်ကွယ်ခဲ့တာကြာပြီ၊ ဂိုဏအတွင်းမှာ အစီအရင်ဖန်တီးနိုင်တဲ့ တစ်ဦးတည်းသောလူက သခင်လေးပဲ”

'အခု တရှားတိုင်းပြည်က ကျွန်မတို့ရဲ့တာအိုဂိုဏ်းကို ထောက်ပံ့ဖို့ စိတ်ဝင်စားနေတယ် ဆိုမှတော့ ဒီအခွင့်အရေးကို သခင်လေးက လက်လွတ်ခံမလို့လား?"

ကျန်းဖူရှန့် အနည်းငယ်တွန့်ဆုတ်သွားခဲ့သည်။ ဒါပေမယ့် သူတည်ငြိမ်စွာဖြင့် ပြန်ဖြေကြားလိုက်၏။

"တာအိုဂိုဏ်းရဲ့ ပျက်စီးမှုက ငါနဲ့ဘာမှမဆိုင်ဘူး"

လျိုချင်းချန်ရဲ့ မျက်လုံးထဲမှာ စိတ်ပျက်မှုတို့ ဝင်ရောက်လာခဲ့သည်။

"သခင်လေးနဲ့ ဘာမှမဆိုင်ဘူး ဟုတ်လား? အဲ့ဒီတုန်းက သခင်လေးရဲ့ စိတ်ဝိညာဥ်တုံ့ပြန်မှုကို လှုံ့ဆော်ခဲ့တဲ့ အမှားကြောင့်သာ မဟုတ်ဘူးဆိုရင် အရင်မင်းကြီးက တာအိုဂိုဏ်းကို ဘာကြောင့် အမျက်ထွက်ခဲ့မှာလဲ?”

“ဒါဆိုရင် ကျွန်မတို့ တာဝါဂိုဏ်းက အခုလိုအခြေအနေတွေကို ကြုံတွေ့ရမှာလား? သခင်လေး ဘာမှလုပ်မပေးတာနဲ့ပဲ တာဝန်ကနေ ရှောင်လွှဲလို့ရမယ်လို့ ထင်နေလား?"

လျိုချင်းချန် တစ်ခွန်းချင်း ပြောလိုက်သည်။ သူမရဲ့ စကားလုံးတိုင်းတွင် ခံစားချက်တို့ ပြည့်နှက်နေ၏။

လှိုဏ်ဂူအတွင်းက ကျန်းဖူရှန့်မတုံ့ပြန်ခဲ့ပေ။

လျိုချင်းချန် မနေနိုင်စွာ ဆက်ပြောလိုက်၏။

"ကြည့်ရတာ သခင်လေးက ဒီနောင်တရခြင်း လှိုဏ်ဂူအတွင်းမှာပဲ စိတ်ပျက်စွာ သေဆုံးဖို့ ကြံစည်ထားတာလား?"

"ဒါတွေအားလုံးက ငါ့ရဲ့ ရွေးချယ်မှုပဲ"

ကျန်းဖူရှန့်က ချက်ချင်းပဲ ဖြေကြားခဲ့သည်။

"သခင်လေးက ကိုယ့်ရဲ့ နာမည်ကို မဖြေရှင်းတော့ဘူးလား?"

လျိုချင်းချန် မနေနိုင်စွာ မေးလိုက်၏။ လှိုဏ်ဂူက ထပ်မံတိတ်ဆိတ်သွားပြန်သည်။

အချိန်အကြာကြီးနေမှ ကျန်းဖူရှန်ရဲ့ အသံထွက်ပေါ်လာသည်။

"ငါငယ်ရွယ်စဥ်ကတော့ အဲ့ဒီအတွေးရှိခဲ့ဖူးတယ်၊ ဒါပေမယ့် အခုငါက အသက်ကြီးသွားပြီ၊ ဒါ့အပြင် သိုင်းလောကကလည်း ငါ့ရဲ့နာမည်ကို မေ့သွားကြပြီ။

အဲဒီတော့ ငါ့ရဲ့လုပ်ရပ်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘယ်သူ့အတွက်မှ အရေးမကြီးတော့ဘူး”

“မင်းပြောသလိုမျိုး တာအိုဂိုဏ်းရဲ့ အခုအခြေအနေက ငါ့နဲ့သက်ဆိုင်ချင်ရင် သက်ဆိုင်မယ်၊ ဒါပေမယ့် အများကြီး ငါလုပ်ပေးစရာ မရှိဘူး..”

“ငါနဲ့တိုက်ရိုက် သက်ဆိုင်နေတာလည်း မဟုတ်ဘူး၊ ဒါကိုမင်းလည်း သိမယ်ထင်ပါတယ်!"

ကျန်းဖူရှန့် နူးညံ့စွာပြောလိုက်သည်။

လျိုချင်းချန်ရဲ့ မျက်လုံးတွေက ပိုပြီးစိတ်ပျက်လာတော့၏။ သူမ မနေနိုင်စွာ ပြောလိုက်သည်။

"ဒါပေမယ့် ဒါက အခွင့်အရေးတစ်ခုနော်!"

သူမက ပြောပြီးတာနဲ့ ရှကျိုးယွီပေးလိုက်သော အမိန့်တော်ကို ထုတ်လိုက်သည်။

"ဒါက အရှင်မင်းကြီးကိုယ်တိုင် ရေးခဲ့တဲ့ လျှို့ဝှက်တော်ဝင်အမိန့်တော်ပဲ၊ ဒီဟာကို ကြည့်ရင် အရှင်မင်းကြီးရဲ့ စိတ်ပိုင်းဖြတ်မှုကို သခင်လေး တွေ့နိုင်တယ်"

သူမက ပြောပြီးတာနဲ့ လှိုဏ်ဂူအတွင်းကို စိုက်ကြည့်လိုက်သည်။ ဒီအချိန်မှာ သူမ ဘာကိုမှ ဂရုမစိုက်တော့ဘူး။

အခုဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်မယ်ဆိုရင် တာအိုဂိုဏ်းအတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရလာဖို့ ဘယ်လောက်စောင့်ရဦးမလဲဆိုတာ မသေချာဘူး။

ထို့ကြောင့် ဒီနေရာမှာ သူမ သခင်လေးကို ရှင်းလင်းစွာ မေးသွားရမည်!

အသက်တစ်ချက် ရှူသွင်းပြီးနောက်မှာ လျိုချင်းချန် ဆက်ပြောလိုက်သည်။

"သခင်လေး.. အဲဒီတုန်းက အဖြစ်အပျက်ကို ကျွန်တော်မ ရှင်းရှင်းလင်းလင်း မသိပါဘူး... ဒါပေမယ့် ဒီနေ့ သခင်လေးက ပြဿနာကနေ ထွက်ပြေးနေတယ် ဆိုတာကိုတော့ သိတယ်"

"ဟုတ်လား?"

ချက်ချင်းပဲ လှိုဏ်ဂူအတွင်းမှ အံ့သြနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံထဲတွင် နက်ရှိုင်းမှုတို့ပါဝင်နေ၏။

လျိုချင်းချန် ချက်ချင်းပဲ ခံစားလိုက်ရသည်။ အဲဒီအသံကနေ သူမ ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို ရရှိလိုက်၏။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကျန်းဖူရှန့်သည် တာအိုဂိုဏ်းရဲ့ အလားအလာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

ကျန်းဖူရှန့်နဲ့ ထိုအချိန်က ဂိုဏ်းခေါင်းဆောင်ရဲ့ ကျင့်ကြံဆင့်က ပထမအဆင့်ကို ရောက်နေခဲ့တာ ကြာပြီ။

ဒါပေမယ့် ဒီကာလအတွင်းမှာ ကျန်းဖူရှန့်က သူ့ရဲ့နှလုံးသားကို ပိတ်လှောင်ခဲ့သည်။ နှလုံးသားအတွင်း တောင့်တခဲ့တဲ့ ခံစားချက်တွေက အဆုံးမှာ နတ်ဆိုးအသွင်ပြောင်းသွားပြီး သူ့ရဲ့ကျင့်ကြံမှုကို မတိုးတက်စေတော့ဘူး။

ယနေ့ လျိုချင်းချန်ရဲ့ စကားလုံးတွေကြောင့် ကျန်းဖူရှန့် ဒေါသထွက်လာခဲ့သည်။ ထို့ကြောင့် စွမ်းအင်လှိုင်းတချို့ အပြင်ကို လျှံထွက်သွားတာပင်။

ယခင်က ရေတစ်ခုလိုမျိုး တည်ငြိမ်နေခဲ့တဲ့ နှလုံးသားက အခုချိန်မှာ အပိုင်းပိုင်း စုတ်ပြဲ နေခဲ့သည်။

လျိုချင်းချန် ပိုပြီးသိချင်လာခဲ့သည်။ ထို့ကြောင့် သူမပြောလိုက်၏။

"လက်တွေ့မှာတော့ သခင်လေးကအမှားကို ဆင်ခြင်တယ်ဆိုတဲ့ နာမည်နဲ့ နောင်တရခြင်း လှိုဏ်ဂူထဲမှာ နေထိုင်နေခဲ့တယ်။

ဒါပေမယ့် တကယ်တော့ အဲ့တာက ထွက်ပြေးနေတာပဲမလား? သခင်လေးက အမှန်တရားကို ရှောင်ပြေးနေခဲ့တာ”

“တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကို မရင်ဆိုင်ရဲတာ၊ ကိုယ့်ရဲ့အစီအရင်ကိုတောင် မရင်ဆိုင်ရဲတာပဲ...အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုတောင် ရင်ဆိုင်ရဲခဲ့ရဲ့လား?!"

"ကျင့်ကြံသူတစ်ယောက်ဆိုတာ ကိုယ့်ရဲ့ စိတ်နှလုံးကို ကျင့်ကြံရတယ် ဒါပေမယ့် အခုတော့ သခင်လေးမှာ တာအိုနှလုံးတောင် မရှိတော့ဘူး။

ဘယ်လိုလုပ်ကျင့်ကြံနိုင်မှာလဲ?"

လျိုချင်းချန်က အားအင်အပြည့်နဲ့ ပြောလိုက်သည်။

သူမရဲ့ စကားလုံးထဲတွင် ခိုင်မာမှုတို့ ပါဝင်နေ၏။ သူမ ဆက်ပြောလိုက်သည်။

" ဒီနှစ်တွေထဲမှာ သခင်လေးရဲ့ ဒီနှစ်ထဲမှာ တိုးတက်ခဲ့ရဲ့လား?"

ကျန်းဖူရှန့် လုံးဝတိတ်ဆိတ်သွားခဲ့သည်။ ဒီနှစ်အတွင်းမှာ ကျန်းဖူရှန့်တစ်ယောက် ကမ္ဘာကြီးရဲ့ အဝေးမှာ နေထိုင်ခဲ့ပြီး အစီအရင်လေ့လာခြင်းမှာပဲ ကိုယ့်ကိုယ်ကို နှစ်မြုပ်ခဲ့သည်။

ဒါပေမယ့် သူ့ရဲ့ကျင့်ကြံမှုက နည်းနည်းလေးမှ မတိုးတက်ခဲ့ဘူး၊ တာအိုဂိုဏ်းက တကယ်ပဲ ပျက်စီးခဲ့ရပြီ...

ထိုပျက်စီးမှုထဲမှာ သူကလည်း တစ်စိတ်တဒေသ ဖြစ်ခဲ့ရ၏။

ကျန့်ဖူးရှန့်အနေနဲ့ ကမ္ဘာကြီးပေါ်က ကိစ္စအားလုံးကို လက်လျှော့နိုင်ပေမယ့် အစီအရင်ဖန်တီးမှုကိုတော့ လက်မလျှော့နိုင်ဘူး..

ဒီအနှစ် ၃၀ လုံး နောင်တရခြင်း လှိုဏ်ဂူအတွင်းမှာ နေထိုင်ရင်း အစီအရင်ကို ဘယ်လိုတိုးတက်အောင် ဖန်တီးရမလဲ..ဆိုတာအဆက်မပြတ် တွေးတောခဲ့သည်။

ဒါပေမယ့် အခုထိတိုးတက်မှုမရှိခဲ့ဘူး။ သူ့ရဲ့နှလုံးသားထဲက အစိုင်အခဲကို မဖြေရှင်းနိုင်ခဲ့တာပင်။

ကိုယ်ပိုင်ထောက်ချောက်ထဲမှာ ပိတ်မိနေတဲ့အတွက် သူ့ရဲ့နှလုံးသားက လွတ်လမ်းမရရှိခဲ့ဘူး။

လှိုဏ်ဂူထဲက အသံထွက်မလာသလို လျိုချင်းချန်လည်း ထပ်မံစကားမပြောခဲ့ဘူး။

သခင်လေးက မလုပ်ချင်ဘူးဆိုရင် သူမဘယ်လောက်ပဲပြောပြော အသုံးမဝင်မှာကို နားလည်ထားသည်။ ထို့ကြောင့် လျိုချင်းချန် ခေါင်းသာ ယမ်းလိုက်တော့၏။

သူမထွက်သွားဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပင် လီဖူနဲ့ ပြောခဲ့ဖူးတဲ့ စကားတစ်ချို့ကို အမှတ်ရသွားခဲ့သည်။

လီဖူ တစ်ခါကပြောခဲ့ဖူးသည်။ တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ရှေးဟောင်းအစီအရင်တစ်ခု ရှိနေသည်တဲ့...ထို့ကြောင့် လျိုချင်းချန် ချက်ချင်းပဲ ပြောလိုက်သည်။

"တကယ်ပဲ သခင်လေး မသွားချင်ဘူးဆိုရင် ကျွန်မတွန်းအားပေးလို့ မရဘူး ဒါပေမယ့် အခုသခင်လေးသာ အပြင်ထွက်မယ်ဆိုရင် တရှားရဲ့ နန်းတော်ထဲကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရရှိမယ်။

ပြောလို့မရဘူး နန်းတော်ထဲမှာ သခင်လေးအတွက် အကူအညီတွေ ရှိရင် ရှိနေမှာပေါ့”

All Chapters