ဖျက်ဆီးပြီးမှ အသစ်ပြန်ဆောက်မယ်
Vol. 10 Ch. 132
လျိုချင်းချန်က ပြောပြီးတာနဲ့ မရပ်တန့်ခဲ့ဘူး။ သူမ ထွက်သွားဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ကျန်းဖူရှန့်ရဲ့ အသံထွက်ပေါ်လာ၏။
“နေဦး!”
လျိုချင်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ ရပ်နေလိုက်၏။
ကျန်းဖူရှန့်က ဆက်ပြောလိုက်သည်။
“ငါလွန်ခဲ့တဲ့ရက်က ခံစားခဲ့ရတဲ့ အလင်းတန်းရဲ့အစွမ်းက တရှားတိုင်းပြည်ရဲ့ နန်းတော်ကလား?”
“အလင်းတန်းရဲ့ အစွမ်းဟုတ်လား?”
လျိုချင်းချန် ခဏလောက် ရပ်သွားခဲ့သည်။ ထို့နေ့က သူမလည်းပဲ ထိုက်အန်းမြို့မှာ ရှိနေသည့်အတွက် အလင်းတန်းကို အာရုံခံနိုင်ခဲ့သည်။ သူမ ခံစားလို့ရ၏။
ထိုအလင်းတန်းတွင် သဘာဝတရားကို ဆန့်ကျင်နိုင်သော စွမ်းအင်တွေ ပါရှိနေသည်။ အဲ့ဒီအလင်းတန်း ဘယ်လို ထွက်ပေါ်လာခဲ့လဲဆိုတာ သူမ နားမလည်ဘူး။
ဒါပေမယ့် ရှကျိုးယွီဘက်က တရှားတိုင်းပြည် အတွင်းမှာ ရုတ်တရက် မြင့်မားလာသော စိတ်ဝိဉာဉ်စွမ်းအင်ပထမာဏ အကြောင်းကို သိရှိတာမလို့ တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကို ခံနိုင်ရည်ရှိလာအောင် ရုပ်ပိုင်းဆိုင်ရာ သန်မာမှု တိုးလာစေရန် ပြုလုပ်ပေးခဲ့သည်ဆိုတာတော့ သူမနားလည်သည်။
ပေးဆပ်ရမည့် တန်ကြေးကတော့ ကျန်းနန်မြို့မှာ ရေကြီးတုန်းက ပေးဆပ်ခဲ့ရသော ကံကြမာအမှတ်ထက် မနည်းလောက်ဘူး။
လျိုချင်းချန် တွေးနေရင်းနဲ့ သူမရဲ့ အာရုံထဲကို ရှကျိုးယွီရဲ့ ပုံရိပ်က အပြည့်အဝ ထင်ဟပ်လာခဲ့သည်။
ထိုသူက ကောင်းကင်နှင့် မြေကြီးကြားမှာ ရှိနေပြီး သူမရဲ့ မျက်စိရှေ့တည့်တည့်မှာ ရပ်နေသလိုပဲ။ တစ်ဦးတည်းသော ရှင်ဘုရင်တစ်ယောက်လိုမျိုး အရှိန်အဝါတွေ ပြည့်ဝနေသည်။ ထိုအချိန်မှာ သူမ စဉ်းစားမိသွား၏။
'ငြိမ်းချမ်းတယ်ဆိုတဲ့ ဘဝက မတည်ရှိဘူး။ မင်းငြိမ်းချမ်းနေတယ် ဆိုတာက မင်းရဲ့အစား တစ်ယောက်ယောက်က ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးပေးထားလို့သာ’
သိသာပါသည်။ တာ့ရှားတိုင်းပြည်အတွက် အခုလိုအခြေအနေ ရောက်ရှိလာစေရန် ရှကျိုးယွီ တိတ်တဆိတ်နဲ့ ဘယ်လောက်တောင် ပံ့ပိုးပေးထားလဲ ဘယ်သူမှမသိဘူး။
ရှကျိုးယွီက ပြည်သူတွေကို သန်မာမှုတိုးလာစေရန်ပါ စဉ်းစားခဲ့၏။ ဒါဆိုရင် စိတ်ဝိဉာဉ်စွမ်းအင် စုဆောင်းသော အစီအရင် တည်ဆောက်မည့် အစီအစဉ်ကလည်း ရှကျိုးယွီရဲ့ အကြံအစည်ပဲ ဖြစ်လောက်သည်။ သူ့ရဲ့ပါးစပ်က ထုတ်မပြောခဲ့ရုံသာရှိမည်။
ဒါ့အပြင် ချင်မင်းသားကို ကျန်းနန်မြို့ဆီ စေလွှတ်ပြီး ကျန်းနန်မြို့မှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေကို ဖြေရှင်းခိုင်းခဲ့တာကလည်း သူ့ရဲ့အကြံအစဉ်ပဲ။
ဒါပေမယ့် သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့ လက်ရွေးစဉ်တပ်သားတွေ စုဆောင်းဖို့ ဖြစ်ရမည်။ ပထမဦးဆုံးအချက်အနေနဲ့ ဂိုဏ်းတွေကို ဖိနှိပ်မည်။ ပြီးလျှင် အခြေအနေကို ညီမျှအောင် ထိန်းသိမ်းမည်။ ဂိုဏ်းတွေ လက်ဝါးကြီးအုပ်ထားတဲ့ တာ့ရှားတိုင်းပြည်ရဲ့ ကလေးတွေကို ပြန်လည်ခေါ်ဆောင်မည်။ သူတို့တွေနဲ့ အလွန်သန်မာသော သံမဏိတပ်သားအုပ်စုကို ဖန်တီးမည်။ အဲ့ဒါက ရှကျိုးယွီရဲ့ တကယ့်ရည်ရွယ်ချက်ပဲ!
အစောပိုင်းက ကျန်းဖူရှန့် ပြောသွားသလိုမျိုး စိတ်ဝိဉာဉ်စွမ်းအင် စုဆောင်းနိုင်သော အစီအရင်ကို မည်သူမဆို တည်ဆောက်နိုင်သည်။
ဘာလို့သူမကို အကြံပေးဖို့ ရွေးချယ်ခဲ့ရတာလဲ?
အဲ့ဒီအချက်ကို ကြည့်လိုက်တာနဲ့ ရှကျိုးယွီက တာအိုဂိုဏ်းကို ထောက်ပံ့ချင်လို့ဆိုတာ သိနိုင်သည်။
လျိုရှင်းချန်ရဲ့ အတွေးက ပိုပြီးကြည်လင်လာခဲ့သည်။ သူမရဲ့ နှလုံးသားထဲက ရှကျိုးယွီရဲ့ ပုံရိပ်က ပိုပြီး ပြီးပြည့်စုံလာ၏။
'ဒါဆိုရင် ငါရှကျိုးယွီကို အသုံးချပြီး အဆင့်တက်ဖို့ လုပ်လိုက်ရမလား?’
လျိုရှင်းချန် ချက်ချင်းပဲ ခေါင်းရမ်းလိုက်သည်။
'မဟုတ်သေးဘူး တရှားတိုင်းပြည်က ငါတို့ရဲ့ တာအိုဂိုဏ်းကို အကောင်းဆုံး ဆက်ဆံပေးခဲ့တယ်။ ငါဒါမျိုး တွေးနေလို့ မရဘူး’
လျိုရှင်းချန် သူမရဲ့ အတွေးတွေကို ဖယ်ရှားလိုက်၏။ ထို့နောက်မှာ လှိုဏ်ဂူအတွင်းကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး
“မှန်ပါတယ်”
ထိုစကားကို ကြားသောအခါ ကျန်းဖူရှန့် မအံ့ဩသွားခဲ့ပေ။ ထိုအစား သူကပြောလိုက်သည်။
“အဲ့ဒီအလင်းတန်းက ထူးဆန်းတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝစွမ်းအင်ကို ကျော်လွန်နေတယ်။ အလွန်အရည်အချင်းမြင့်တဲ့ စွမ်းအင်ဖန်တီးသူတောင်မှ မဖန်တီးနိုင်လောက်ဘူး။ ငါအပြင်မထွက်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် တရှားတိုင်းပြည်မှာ အဲ့ဒီလိုမျိုး အရည်အချင်းရှိတဲ့ အစီအရင်ဖန်တီးသူ ရှိနေပြီ ဆိုမှတော့ ငါသွားမယ်ဆိုရင်တောင်မှ အကူအညီ မဖြစ်လောက်ဘူး”
ထိုစကားလုံးတွေက လျိုချင်းချန်ကို ရှင်းပြနေဟန်ရှိသည်။ တစ်ချိန်ထဲမှာ သူ့ရဲ့ကိုယ်ပိုင်စိတ်နှလုံးကိုလည်း ဖြေသိမ့်နေတာပင်။
လျိုချင်းချန်ကတော့ အများကြီးမပြောခဲ့ဘူး။ သူမပြုံးလိုက်ကာ..
“ဘယ်လိုပဲဆိုဆို၊ အခွင့်အရေး ရနေပြီဆိုမှတော့ နန်းတော်ထဲကို သွားကြည့်သင့်တာပေါ့။ သခင်လေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်အောင်လည်း လုပ်ပေးနိုင်လောက်တယ်”
ပြောပြီးတာနဲ့ လျိုချင်းချန်က ထွက်သွားဖို့ ပြင်လိုက်သည်။
ထိုအချိန်မှာပဲ လှိုဏ်ဂူရဲ့တံခါးက ပွင့်လာခဲ့၏။ အစိမ်းရောက်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ထွက်လာခဲ့သည်။ သူ့ရဲ့ တစ်ခေါင်းလုံးတွင် ဆံပင်ဖြူတွေနဲ့ ပြည့်နှက်နေ၏။
ထိုအဘိုးအိုက လျိုချင်းချန်ကို မကြည့်နေခဲ့ဘူး။ ထိုအစား မြေကြီးပေါ်မှာ ရှိနေသော စာလိပ်ကို ခပ်ဖြည်းဖြည်း ကောက်ယူခဲ့သည်။ တိတ်တဆိတ်ပဲ ဖွင့်လိုက်၏။ စာကြောင်းကို ဖတ်နေရင်း ကျန်းဖူရှန့်၏ တည်ငြိမ်သောမျက်နှာသည် တဖြည်းဖြည်းနဲ့ စိတ်လှုပ်ရှားလာခဲ့သည်။
သူ့ရဲ့လက်တွေပါ တုန်ယင်လာ၏။
“ဒါက...”
“တရှားတိုင်းပြည်ရဲ့ ဘုရင်ကိုယ်တိုင် ရေးထားတဲ့ စာစောင်ပဲ။ တရှားရဲ့ ဘုရင်က ငါ့ကိုတကယ်ပဲ ဖိတ်ခေါ်ခိုင်းခဲ့တာလား?”
ရှကျိုးယွီနဲ့ ကျန်းဖူရှန့် တစ်ကြိမ်မှ မတွေ့ဖူးသော်ငြား တရှားတိုင်းပြည်ရဲ့ သန်မာသော အရှိန်အဝါကို သူ ခံစားဖူးသည်။ ထိုအရှိန်အဝါထဲတွင် ကံကြမ္မာအမှတ်၏ ထောက်ပံ့မှုတစ်ချို့လည်း ခံစားရ၏။ ဘယ်သူမှ မဖန်တီးနိုင်တဲ့ အရှိန်အဝါလိုမျိုးပဲ။
ထို့ကြောင့် ရှကျိုးယွီရဲ့ သန်မာမှုကို အထင်သေးစရာ အကြောင်းမရှိပေ။
လျိုချင်းချန် နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူမ ပြောလိုက်၏။
“ဟုတ်တယ် တရှားတိုင်ပြည်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင် သိပ်သည်းမှုက ဒီရက်ပိုင်းထဲမှာ များပြားလာခဲ့တယ်။ သခင်လေးလည်း ဒါကိုသတိထားမိမယ် ထင်ပါတယ်။ “
ကျန်းဖူရှန့် အနည်းငယ်အံ့ဩသွားခဲ့သည်။
“ငါခံစားလို့ ရတယ်။ ငါသေချာပေါက်ကို ခံစားလို့ ရခဲ့တယ်။ ဒီလောက်အချိန်တိုတွင်းမှာ တရှားတိုင်းပြည်ရဲ့ လက်ရှိဘုရင်က ဘယ်လိုလုပ်လိုက်လို့ အခုလိုမျိုး စိတ်ဝိဉာဉ်စွမ်းအင်တွေ အရမ်းများသွားလဲဆိုတာ ငါလဲသိချင်ခဲ့တာ။ ဒီလိုမျိုး ရုတ်တရက်မြင့်မားမှုက တိုင်းပြည်တွေအားလုံးမှာ ပထမဦးဆုံး ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ပဲ။ အလွန်ကို ရှားပါးတယ်။ ဒါ့အပြင် မြင့်တက်လာတဲ့ ပမာဏကလည်း အရမ်းမြင့်တယ်ဆိုတာ ပြောစရာ လိုမယ်မထင်ဘူး”
လျိုချင်းချန် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ သူမ ချက်ချင်း အဖြေမပေးနိုင်ခဲ့ဘူး။ ထိုမေးခွန်းရဲ့ အဖြေက ရိုးရှင်းပါသည်။ ဒါပေမယ့် ကျန်းဖူရှန့် ပြောသွားသလိုပဲ အခုလို အောင်မြင်မှုမျိုးကို လူတစ်ချို့သာ ရရှိနိုင်သည်။
ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ ကျင့်ကြံသူ များစွာရှိ၏။
ဒါပေမယ့် ကျင့်ကြံသူတစ်သိန်းလောက်ကို တရှားတိုင်းပြည်ရဲ့ ပိုင်နက်အတွင်း ခြေချစေချင်တယ်ဆိုရင်...အဲ့ဒီလိုအရာက ဘယ်သူမှ စိတ်ကူးမယဉ်နိုင်တဲ့ အရာပဲ။ လူတိုင်းရဲ့ လုပ်နိုင်စွမ်းထပ်ကို ကျော်လွန်နေတဲ့ အရာ!
လျိုချင်းချန် အကြာကြီးတွေးတောနေခဲ့သည်။ ဒါပေမယ့် သူမအခုထိ နားမလည်နိုင်ဘူး။ အဆုံးမှာတော့ သူမခေါင်းပဲ ယမ်းလိုက်တော့သည်။
“ကျွန်မလည်း မသိဘူး။ ဒါပေမယ့် တရှားတိုင်းပြည်အတွင်းကို အလွန်များပြားတဲ့ ကျင့်ကြံသူတွေရောက်ရှိနေတယ်။ သူတို့ရဲ့ အရေအတွက်က တဖြည်းဖြည်း တိုးလာနေတာ။ မကြာခင် အဲ့ဒီကျင့်ကြံသူတွေ များပြားလာမှုကြောင့် တိုင်းပြည်ရဲ့ အခြေအနေကိုတောင် ထိခိုက်လာမှာ စိုးရိမ်ရတယ်”
လျိုချင်းချန် သက်ပြင်းချလိုက်သည်။ ဒါပေမယ့် ထိုအရာက သူမကို အရမ်းစိတ်ပူစေတဲ့ အရာတစ်ခုတော့ မဟုတ်သေးဘူး။ ဘာလိုဆိုရင် သူမရဲ့ လက်ရှိကျင့်ကြံမှုနဲ့ မဖြေရှင်းနိုင်ဘူးလေ။
ကျန်းဖူရှန့် အနည်းငယ် အံ့အားသင့်စွာ ခေါင်းငြိမ့်လိုက်သည်။
“တကယ်ကို ငါမှန်းထားသလိုပါပဲလား? တရှာတိုင်းပြည်ရဲ့ ဘုရင်အသစ်က တော်လိုက်တာ!”
“ဆိုရိုးစကားအတိုင်းပဲ ပျက်ဆီးမှုက တည်ဆောက်မှုထက် အရှေ့ ပိုရောက်တယ်။ တာ့ရှားတိုင်းပြည်လည်း တိုးတက်ချင်တယ်ဆိုရင် အနှောက်အယှက်တစ်ချို့ကို မဖြစ်မနေ ရင်ဆိုင်ရမယ်။ ချောက်နက်ထဲမှာ ရှိနေတဲ့ ရှေးနဂါးတစ်ကောင်တောင်မှ အဆင့်တက်ချင်ရင် ကောင်းကင်ဘုံရဲ့ အတိဒုက္ခမိုးကြိုးကို မဖြစ်မနေ ခံစားရတာပဲမလား?”
“တရှားတိုင်းပြည်ရဲ့ ဘုရင်က ဘယ်လိုလူမျိုးလဲဆိုတာကို ငါတကယ်ပဲ သိချင်မိတယ်။ တိုင်းပြည်ရဲ့ တည်ရှိနေတဲ့ အခြေအနေကို ဖျက်ဆီးပြီး အခုလိုမျိုး ကမ္ဘာသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ဘယ်လိုသတ္တိတွေ ပိုင်ဆိုင်ထားတာလဲ?”
ကျန်းဖူရှန့်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ လက်သွားခဲ့သည်။ တာအိုဂိုဏ်းရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူရဲ့ ကျင့်ကြံမှူက လျိုချင်းချန်ထက် မြင့်မားသည်။ သူ့ရဲ့ အရည်အချင်းရော၊ ဗဟုသုတရောက လျိုချင်းချန်ထပ် မြင့်၏။
ထို့ကြောင့် အနာဂတ်မှာ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့နိုင်ရလဲဆိုတာ ကျန်းဖူရှန့် နားလည်သည်။ ထို့ကြောင့် သူအလွန် မြင်တွေ့ချင်မိသည်။
တရှားတိုင်းပြည်ရဲ့ လက်ရှိတည်ရှိနေသော အခက်အခဲကို ဖျက်ဆီးနိုင်သွားရင် ဘယ်လိုပြောင်းလဲမှုကို ကြုံတွေ့နိုင်မှာလဲ?
တရှားရဲ့ဘုရင်က ဘယ်လိုမျိုး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ပေးမှာလဲ? ဘယ်လိုခေတ်သစ်တစ်ခုကို သူမြင်တွေ့ရမှာလဲ? ဒါမှမဟုတ် သူမြင်တွေ့ရမယ့်အရာက ပျက်ဆီးမှုလား?
ထိုမေးခွန်းတွေအားလုံးကို အချိန်ကြာလာတာနဲ့အမျှ အလိုလို ဖြေရှင်းနိုင်သွားမည်ပင်။
“မင်းပြောတာ မှန်တယ်။ ငါဒီလှိုဏ်ဂူထဲမှာ နှစ်ပေါင်းများစွာ မပိတ်မိနေသင့်ဘူး။ အခုအပြင်ထွက်ပြီး တရှားတိုင်းပြည်ရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုဖို့ အချိန်တန်ပြီ!”
ကျန်းဖူရှန့် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
လျိုချင်းချန် အနည်းငယ် အံ့ဩသွား၏။
“ဒါဆိုရင် သခင်လေးက အပြင်ထွက်ဖို့ သဘောတူလိုက်တာလား?”
“ဟုတ်တယ်”
ကျန်းဖူရှန့်အများကြီး မပြောခဲ့ဘူး။ ခေါင်းသာ ငြိမ့်ပြလိုက်သည်။ ဒါပေမယ့် အကုန်လုံး ခံစားလို့ရသည်။ ကျန်းဖူရှန့် အနားမှာ လည်ပတ်နေသော လေထုက အနည်းငယ်သော ပြောင်းလဲမှုတွေ ဖြစ်ပေါ်သွားသလိုပဲ။
ကျန်းဖူရှန့်က တော်ဝင်အမိန့်စာရွက်ကို သေးသေးချင်းစီခေါက်ကာ သူ့ရဲ့အင်္ကျီထဲကို ထည့်လိုက်သည်။ ထို့နောက်မှာ လျိုချင်းချန်ကို လှမ်းကြည့်လိုက်ပြီး
“သွားကြမယ်”