← Chapters

အဲ့ဒါဘာကိုဆိုလိုတာလဲ?

Vol. 10 Ch. 140

အဲ့ဒါဘာကိုဆိုလိုတာလဲ?

Vol. 10 Ch. 140

"မင်း သတိထားမိမလားတော့ မသိဘူး။ ငါတို့နန်းတော်ထဲဝင်လာထဲက ရှကျိုးယွီရဲ့ ငါတို့အပေါ် စကားပြောတဲ့ပုံစံက သာမန်ဆန်နေတယ်။ ရှကျိုးယွီရဲ့ စကားတွေထဲမှာ ခံစားချက်တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ပေမဲ့ သူရဲ့စားပွဲပေါ်က စာရွက်လိပ်ကတော့ သူရဲ့လုပ်ရပ်ကို သစ္စာဖောက်သွားခဲ့တယ်"

ကျန်းဖူရှန့်က ပြောပြီးတာနဲ့ တဆက်တည်းပဲ နန်းတော်ရှိရာကို လှမ်းကြည့်လိုက်သည်။

"စာရွက်ဟုတ်လား?"

လျိုချင်းချန် ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်၏။ သူမ ပြန်စဉ်းစားကြည့်လိုက်တော့မှ စားပွဲပေါ်တွင် စာရွက်တစ်ရွက် တကယ်ပဲရှိခဲ့သည်။ စာရွက်တွင် ပုံတစ်ပုံဆွဲထားသလိုပဲ၊ ချစ်ဖို့ကောင်းသော လိပ်သေးသေးလေးတစ်ကောင်နဲ့တူသည်။ သူမ ပြန်စဉ်းစားနိုင်ခဲ့ပေမဲ့၊ ထိုပုံရိပ်နဲ့ ပတ်သက်ပြီး နားမလည်နိုင်ခဲ့ပေ။

"ဟုတ်တယ် အဲ့တာ စာရွက်တစ်ရွက်ပဲ။ အဲ့ဒီ စာရွက်ထဲကပုံက လိပ်တစ်ကောင်ပုံ"

ကျန်းဖူရှန်က အလွန်သတိထားနေတဲ့ပုံစံနဲ့ ပြောဆိုခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သေး၏။

ထိုပုံစံကြောင့် လျိုချင်းချန် တော်တော်လေး ဆွံ့အသွားခဲ့သည်။ ဒါပေမယ့် ကျန်းဖူရှန် အပေါ်မှာထားတဲ့ သူမရဲ့ လေးစားမှုကြောင့် မတက်နိုင်စွာပင် ခေါင်းငြိမ့်ပြလိုက်ရသည်။

"ဟုတ်တယ် အဲ့ဒါ လိပ်တစ်ကောင်ပုံလေ"

"အဲ့ဒါရဲ့ ဆိုလိုရင်းကို မင်းသိသလား?"

ကျန်းဖူရှန်က လျိုချင်းချန်ကို စိုက်ကြည့်နေခဲ့သည်။ သူရဲ့မျက်နှာက အလွန်တည်တင်းနေ၏။

"ဘာလဲ?"

ကျန်းဖူရှန်ရဲ့ အခုလို ပုံစံကြောင့် လျိုချင်းချန် အငြင်းစကားဆိုချင်ခဲ့သည်၊ ဒါပေမယ့် သူမ တိုက်ရိုက် မထုတ်ပြောခဲ့ဘူး။ ထို့ကြောင့် မနေနိုင်စွာ မေးခွန်းထုတ်လိုက်၏။

"အဲ့ဒီ အရာမှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိတယ်။ ငါမှန်းတာသာ မမှားဘူးဆိုရင် အရှင်မင်းကြီးက ငါအတွက် အထူးအနေနဲ့ ဒီပုံကို ဆွဲပြခဲ့တာပဲ!"

"အရှင်မင်းကြီးက ငါရဲ့ ရောက်ရှိနေမှုကို အသိအမှတ်ပြုတယ်လို့ ပြောချင်ခဲ့တာ၊ ဒါ့အပြင် သူရဲ့ လုပ်ရပ်တွေနဲ့ ငါ့ကို သတိပေးခဲ့တယ်။ တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး အထူးဂရုစိုက်နေတယ်ဆိုတာကို ပြောချင်ခဲ့တာပဲ။ ဥပမာပြောရမယ်ဆိုရင် ငါတို့ နန်းတော်ကို စရောက်ရောက်ချင်းမှာ သူရဲ့အသံကို စိတ်ထဲကနေ ကြားခဲ့ရတယ်။ နောက်ထပ် ဥပမာပေးရမယ်ဆိုရင် နန်းတော်ထဲကို ဝင်သွားတဲ့အချိန်မှာ နန်းတော်ထဲမှာရှိတဲ့ အရှိန်အဝါတွေရဲ့ ဖိနှိပ်ခြင်းကို ငါခံစားခဲ့ရတယ်။ ဒါ့အပြင် တော်ဝင်နန်းဆောင်ထဲမှာ ရှိခဲ့တဲ့ အခါးရည်နဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးကလည်း ငါကို တစ်ခုခုပြောခဲ့တာပဲ။ ဒါပေမယ့် အဲ့တာရဲ့ အဓိပ္ပါယ်ကိုတော့ ငါစဉ်းစားလို့ မရသေးဘူး"

ကျန်းဖူရှန်ရဲ့ မျက်လုံးတွေက ပိုပြီး နက်ရှိုင်းလာခဲ့သည်။ မသိရင် ရှကျိုးယွီရဲ့ ရည်ရွယ်ချက်အားလုံးကို လေ့လာထားပြီး၊ အလုံးစုံနားလည်နေတဲ့ လူတစ်ယောက်လိုမျိုးပဲ။ သူရဲ့ပုံစံက ထိုအချိန်တွင် အထိမခံနိုင်လောက်အောင် အကဲဆက်နေခဲ့သည်။

လျိုချင်းချန်ကတော့ ရှုပ်ထွေးနေ၏။ ဒါပေမယ့် သူမအနေနဲ့ ငြင်းချက် မထုတ်နိုင်ခဲ့ဘူး။ ကျန်းဖူရှန်ရဲ့ စကားလုံးတစ်ချို့တွင် အမှန်တရားများကို သူမရှာတွေ့ခဲ့လို့ပဲ။

လျိုချင်းချန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"သခင်လေး အရမ်း စိတ်ပူနေဖို့မလိုပါဘူး။ အရှင်မင်းကြီးမှာ ဘယ်လိုပဲ အကြံအစည်‌တွေရှိနေပါစေ၊ ကျွန်တော်မျိုးမတို့ကသာ ကိုယ်ရဲ့တာဝန်ကို ကောင်းကောင်းလုပ်ထားမယ်ဆိုရင် အရှင်မင်းကြီးက အနာဂတ်မှာ ကျွန်မတို့ကို လုံးဝမမျှမတ ဆက်ဆံမှာ မဟုတ်ဘူး!"

“သခင်လေး စိတ်မပူပဲနဲ့ အကောင်းဆုံးသာလုပ်ပါ။ကျွန်မရဲ့ အကူအညီ လိုအပ်ခဲ့ရင် အတက်နိုင်ဆုံးကူညီပေးမယ်”

လျိုချင်းချန်ရဲ့ စကားလုံးတွေက စစ်မှန်ကာ ရိုးရှင်းသည်။ သူမတို့က ပြောနေရင်းနဲ့ နန်းတော်အပြင်ကို တဖြေးဖြေး ထွက်သွားကြသည်။ လမ်းလျှောက်ရင်းနဲ့ ထိုက်အန်းမြို့တော်တွင် စတင်တည်ဆောက်မဲ့ အစီအရင်ကို ဆွေးနွေးခဲ့ကြသည်။

....

နောက်တစ်နေ့ မနက်အစောပိုင်းတွင် နန်းတော်အတွင်း၌ တောင်ဝင်အမိန့်တော်တစ်ခု ပြဌာန်းခဲ့သည်။

"အရှင်မင်းကြီးက ကျန်းမာရေးအနည်းငယ် မကောင်းသည့်အတွက် ဖူယွဲ့နန်းဆောင်အတွင်းမှာ သီးသန့်အနားယူတော်မူပါမယ်။ အရှင်မင်းကြီးရဲ့ဘက်က အမိန့်တော်မရမချင်း ဖူယွဲ့နန်းဆောင်ကို ဘယ်သူမှ နှောင့်ယှက်တော်မမူရ! ဖူယွဲ့နန်းဆောင်အတွင်းမှ ပြန်ထွက်လာမည်နေ့ရက်ကို နောက်မှ အမိန့်တော်တစ်ခုနဲ့ ကြေညာမည်”

ထို့အမိန့်တော်ကို ကြားတာနဲ့ အရာရှိတွေသာမက အမတ်တွေ အားလုံး လွန်စွာ အံ့ဩသွားခဲ့ကြသည်။ အခွန်ဘဏ္ဍာအမတ်ကြီးရဲ့ အိမ်မှာ အမတ်တွေအားလုံး စုဝေးကာ ထိုကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြလေ၏။

"အရှင်မင်းကြီး ဘာတွေဖြစ်နေတယ်လို့ မင်းတို့ထင်လဲ? ဘာလို့ ရုတ်တရက်ကြီး မနှောင့်ယှက်ရ အမိန့်တော်ကို ထုတ်လိုက်တာလဲ?"

"ငါလည်း အကြောင်းအရင်းကို မသိဘူး။ ဒါပေမယ့် ထူဆန်းနေတယ်"

"ဟုတ်တယ် အရှင်မင်းကြီးက အရင်တုန်းက ဘယ်လိုပဲ တိုင်းပြည်ရေးကို အရေးမစိုက်တဲ့ ပုံစံပြနေပါစေ၊ အခုလိုကြီး တိုက်ရိုက်အမိန့်တော်ကြီး မထုတ်ပြန်ဖူးဘူး”

"ကျေးဇူးပြုပြီး အခွန်ဘဏ္ဍာအမတ်ကြီး တစ်ခုခု ပြောပေးပါဦး။ ဒီလိုမှ မဟုတ်ရင် တရှားတိုင်းပြည်ကြီး...!"

အကုန်လုံးရဲ့ အကြည့်က ချက်ချင်းဆိုသလို အခွန်ဘဏ္ဍာအမတ်ကြီးဆီကို ကျရောက်သွားခဲ့သည်။

ထိုသူကတော့ လွန်စွာဆွံ့အနေလေရဲ့။ ရှကျိုးယွီရဲ့ ရုတ်တရက် အမိန့်တော်ထုတ်ပြန်မှုနဲ့ ပတ်သတ်ပြီး သူစဉ်းစားနေခဲ့သည်။

ဖြစ်နိုင်တာ လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံမှုကြောင့်လား? ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းက အရှင်မင်းကြီးကို တွေ့ခဲ့စဉ်က လုံးဝ အရှင်မင်းကြီးရဲ့ပုံစံက ကျန်းမာနေတဲ့ပုံပဲ! ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းကတွေ့ဆုံမှုနဲ့ ပတ်သတ်ပြီးတော့လည်း အရှင်မင်းကြီးက အရမ်းစိတ်ဆိုးဟန် မပြခဲ့ဘူး။

ဒါဆိုရင် အရှင်မင်းကြီးရဲ့ လုပ်ရပ်က နောက်ကွယ်မှာ အဓိပ္ပါယ်တစ်ခုခုရှိနေမယ်!

အခွန်ဘဏ္ဍာအမတ်ကြီးက အမတ်တွေအားလုံးကို ကြည့်ရှုလိုက်သည်။ အစောပိုင်းက အမတ်များရဲ့ အပြစ်တင်သံကို ပြန်စဉ်းစားမိချိန်မှာ သူ့ရဲ့မျက်နှာက ချက်ချင်းပဲ ခက်ထန်သွား၏။

"ဒါကအရှင်မင်းကြီးရဲ့ အမိန့်ဆိုမှတော့ လိုက်နာလိုက်ကြပေါ့။ ဘာကိစ္စ ငါဆီကိုလာပြီး အပူကပ်နေရတာလဲ? ငါက အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်လက်ထောက်မဟုတ်ဘူး! ဒါ့အပြင် မင်းတို့မှာ သီးသန့် အမြင်တွေ ရှိနေတယ်ဆိုရင် နန်းတော်ကို ကိုယ်တိုင်သွားပြီး အရှင်မင်းကြီးဆီ လျှောက်တင်လိုက်!"

ချက်ချင်းပဲ အခွန်ဘဏ္ဍာအမတ်ကြီးရဲ့ စိတ်တစ်ခုလုံး လန်းဆန်းသွားခဲ့သည်။ ထို့နောက်မှာ ချက်ချင်းပဲ အပြင်ဘက်ကို လှမ်းခေါ်လိုက်၏။

"လာကြစမ်း သူတိုတွေကို လမ်းပြပေးလိုက်ကြ!"

ပြောပြီးတာနဲ့ အမတ်ကြီးက အထဲကိုဝင်သွားလေ၏။ အံ့ဩတကြီး ဖြစ်နေကြသော အမတ်တွေ အားလုံးကို ချန်ထားခဲ့သည်။ ထိုသူတွေရဲ့ မျက်နှာကတော့ ချက်ချင်းပဲ ပျက်ယွင်းလာတော့သည်။

ဒါပေမယ့် အကုန်လုံးက အခွန်ဘဏ္ဍာအမတ်ကြီးရဲ့ စကားကို မတုံ့ပြန်ရဲကြပေ။ အခွန်ဘဏ္ဍာအမတ်ကြီးက ပြတ်ပြတ်သားသားဖြင့် နန်းတော်ကို မလိုက်ပါနိုင်ကြောင်း ငြင်းဆိုသွားခဲ့သည်။

ထို့အပြင် သူတို့ရဲ့ အမြင်တွေကို ကိုယ်ပိုင်ထွက်ဆိုဖို့အတွက်ပါ အကြံပြုသွားသေး၏။ သေချာပေါက် အခွန်ဘဏ္ဍာအမတ်ကြီးမပါဘဲ နန်းတော်ထဲကို ဘယ်သူမှ မသွားရဲကြပေ။

တင်းကြပ်စွာ ပိတ်သွားပြီဖြစ်သော အခွန်ဘဏ္ဍာအမတ်ကြီး၏ အခန်းတံခါးကို ကြည့်နေရင်း အကုန်လုံး စိတ်ပျက်စွာ ခေါင်းယမ်းလိုက်ကြတော့သည်။

....

ထိုအချိန်တွင် လင်အန်းစားသောက်ဆိုင်အတွင်းမှာ ရှိနေသော ယူလျိုရှား ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ရွှမ်းအာ မနေနိုင်စွာ အံ့ဩသွား၏။ သူမချက်ချင်းပဲ မေးလိုက်သည်။

"သခင်မလေး ဒီနေ့ ဘာဖြစ်နေတာလဲ?"

ဒီရက်ပိုင်း ရှကျိုးယွီက သူမတို့ကို လျစ်လျူရှု ထားခဲ့သည်။ ဒါပေမယ့် ယူလျိုရှား မအားလပ်ခဲ့ဘူး။ သူမတို့ နှစ်ယောက်သည် ထိုက်အန်းမြို့တော်အတွင်းမှာ နေ့စဉ်လည်ပတ်နေခဲ့ကြသည်။ သူမတို့ရဲ့ဘဝက အလွန် သာယာနေလေ၏။ ယူလျိုရှားရဲ့ နောက်ခံကို ဖော်ထုတ်လိုက်ပြီဖြစ်၍ သိုင်းလောကသား တစ်ယောက်မှ သူမတို့ကို ရန်မစရဲကြပေ။

"ချက်ချင်းပဲ အထုတ်သိမ်းပြီး၊ မြို့တော်ကထွက်ကြမယ်"

ယူလျိုရှား နူးညံစွာပြောလိုက်သည်။ သူမရဲ့မျက်လုံးတွေက တည်ငြိမ်နေလေ၏။

"သခင် နောက်ဆုံးတော့ အဖြေရှာနိုင်သွားပြီလား?"

ရွှမ်းအာ အံ့ဩစွာ မေးလိုက်၏။ သူမရဲ့ မျက်လုံးက ချက်ချင်းပဲ ဝင်းလက်လာခဲ့သည်။

ရွှမ်းအာ ဆက်ပြောလိုက်သည်။

"တရှားရဲ့ ဘုရင်က ကျွန်မတို့ကို မလိုလောက်သေးဘူး။ ဂိုဏ်းဆီ အရင်ပြန်သင့်တယ်!"

"မဟုတ်ဘူး နင်မှားနေပြီ ရွှမ်းအာ ရှကျိုးယွီက အခုဆိုရင် ထိုက်အန်းမြို့တော်က ထွက်သွားပြီ။ ဒါကြောင့် ငါတို့လည်း နေနေဖို့ မလိုအပ်ဘူး"

ယူလျိုရှားက အများကြီးမပြောခဲ့ပေ။ သူမက ထိုအစား ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ အထုပ်သိမ်းနေတဲ့ ရွှမ်းအာ ချက်ချင်းပဲ နေရာမှာတင် ရပ်တန့်သွားတော့၏။ သူမရဲ့ လက်ထဲက အဝတ်အစားတွေပင် အောက်ကို ပြုတ်ကျတော့မလို ဖြစ်သွားခဲ့သည်။

"ထိုက်အန်းမြို့တော်ကနေ ထွက်သွားတယ်ဟုတ်လား? ရှကျိုးယွီ ရူးနေတာလား? သူက သေမျိုးတစ်ယောက်လေ နန်းတော်ရဲ့ အကာအကွယ် မရှိဘူးသာဆိုရင်..."

ရွှမ်းအာ သူမရဲ့ စကားတွေကို ဆက်မပြောနိုင်ခဲ့ဘူး။ သူမရဲ့ အမြင်မှာ ရှကျိုးယွီ နန်းတော်ထဲက ထွက်သွားတာ မမြင်ဖူးဘူးလေ။

ဒါကြောင့် ထိုက်အန်းမြို့တော်က ထွက်သွားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါ့အပြင် သခင်မလေး ပြောသွားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှသတင်းမှလဲ မကြားခဲ့ရဘူး။

"ရှကျိုးယွီ ဘာကြောင့် ထွက်သွားတယ်။ဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် အခု ငါခံစားလို့ရနေတယ်။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က အလွန်တည်ငြိမ်နေတယ်။ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။ ရှကျိုးယွီက နန်းတော်ထဲကနေသာမကဘူး၊ ထိုက်အန်းမြို့တော်ထဲကနေပါ ထွက်သွားလို့ပဲ”

"မဟုတ်ဘူးဆိုရင် တရှားတိုင်းပြည်ရဲ့ကံကြမ္မာအမှတ်က ဒီလောက်ထိ ပြောင်းလဲလာမှာ မဟုတ်ဘူး!"

ယူလျိုရှားရဲ့ မျက်လုံးထဲမှာ သံသယတစ်ချို့ ရှိနေသည်။

ရှကျိုးယွီက ထိုက်အန်းမြို့တော်က ထွက်သွားခဲ့ပေမဲ့၊ ထိုသတင်းနဲ့ ပတ်သက်ပြီး ဘာမှမကြားခဲ့ရပေ။ ဒါဆိုရင် သိသာနေပြီ။ ရှကျိုးယွီ သေချာပေါက် တစ်ခုခု ကြံစည်နေတာပဲ။

ထို့ကြောင့် ယူလျိုရှား တွက်ချက်လိုက်သည်။

‘သေချာပေါက် ဒီကိစ္စက ရွှမ်ဂိုဏ်းနဲ့ ပတ်သက်နေရမယ်!’

All Chapters