← Chapters

တစ်ချက်ကလေးပင် ထိုက်တန်မှုမရှိသည့် ပြိုင်ဘက်

Vol. 8 Ch. 101

တစ်ချက်ကလေးပင် ထိုက်တန်မှုမရှိသည့် ပြိုင်ဘက်

Vol. 8 Ch. 101

သူ၏ ခံစားချက်များကို ဖိနှိပ်ကာဖြင့် အန်လင်းသည် ရှေ့သို့ ဆက်သွားလိုက်သည်။

သူတို့ ချန်ရစ်ခဲ့သည့် စပါးအုံးမြွေ အလောင်းသည် အနောက်တွင် လိုက်ပါလာသည့် တပ်သားများမှ သိမ်းယူသွားပေပြီ။

သူတို့သည် ဧရာမ ကျားတစ်ကောင်၊ အဆိပ်ပြင်း သက်တန့်တောက်တဲ့ တစ်ကောင်နှင့် ပေသုံးဆယ် ရှည်သော ဧရာမ ကြံ့တစ်ကောင်အား ဖြတ်ကျော်ခဲ့ကြသည်။

ထိုရက်စက် ကြမ်းကြုတ်သည့် သားရဲများအား အန်လင်းနှင့် သူ၏အဖွဲ့သည် ချေမှုန်း ပစ်ခဲ့ကြပြီး ခုခံချိန်ပင် မရလိုက်ကြချေ။

“အား ... ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ကောင်တောင် မရှိဘူးလားကွာ ...”

လောင်ကျိပင်၏ လေသံတွင် စိတ်အလိုမကျသည့် အရိပ်အယောင်များ ပါဝင်နေပြီး သူ၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်အား အညောင်းဆန့်လိုက်သည်။

“ဟမ့် ... စိတ်ဝိညာဉ်သားရဲနဲ့ တွေ့မယ်ဆိုရင် ကျောင်းသား လောင်ရဲ့ စွမ်းအားပြည့်အဝကို ပြသတော့မယ်ပေါ့ ...” ကျုံးရုံရန်သည် ရယ်မောလိုက်သည်။ သူ၏မျက်နှာတွင် သရော်လိုမှု အပြည့်နှင့် ဖြစ်သည်။

“အမ် ... အဲဒီအချိန် ရောက်လာရင်တော့ အစ်ကိုကြီး အန်ဘေးမှာ ရှိနေမှာပဲလေ ... ကျောင်းသား လောင် က ဘယ်လောက်တောင် အထင်ကြီးစရာလဲ ဆိုတာ ကြည့်ကြတာပေါ့ ...” မုန့်ထျန်းသည် မျက်ခုံးများအား အနည်းငယ် တွန့်ကွေးစွာဖြင့် ပြောသည်။

“သဘောတူပါတယ် ...” စွန်းရှန့်လျန်သည် လောင်ကျိပင်အား အေးစက်စွာ ကြည့်လျက် ခေါင်းညိတ်လိုက်သည်။

အဖွဲ့သားသုံးဦး၏ ပြာကျလောက်စရာ အကြည့်များကြောင့် လောင်ကျိပင်၏ မျက်နှာသည် အနီရောင် သန်းလာတော့သည်။ “အစ်ကိုကြီးအန် ... တောင်းပန်ပါတယ်နော် ... အစ်ကိုကြီးရဲ့ရှေ့မှာ ကျွန်တော်က ဝင့်ကြွား မနေသင့်ပါဘူး ...”

အန်လင်း : “ ...”

ဘာတုန်းဟ ... ငါနဲ့ ဘာတွေများ သက်ဆိုင် သွားပြန်ပြီလဲ ...

ဘာတွေများ လုပ်မိထားလို့လဲဗျာ ...

ဤသည်မှာ သေးငယ်သည့် အဖြစ်အပျက်တစ်ခုသာ ဖြစ်ပြီး သူတို့သည် တောင်တန်းများအား ဖြတ်သန်းကာ ခရီးဆက်ကြလေသည်။

သူတို့၏ သတ်မှတ်ချက်မှာ လဝက်အတွင်း တစ်ဦးလျှင် သားရဲအကောင် ၃၀ သတ်ဖြတ်နိုင်ရန် ဖြစ်သည်။

အဖွဲ့တစ်ခု အနေဖြင့်ဆိုလျှင် သူတို့သည် သတ်မှတ်ချက် ပြည့်မီရန်အတွက် တစ်ရက်လျှင် သားရဲ ၁၀ ကောင်သာ သတ်ဖြတ်ရန် လိုအပ်ပေသည်။

သို့သော်လည်း ကျောင်းသားများသည် သတ်မှတ်ချက် ပြည့်မီရန်သာ ကြိုးစားကြမည် မဟုတ်ပေ။ ဤသည်မှာ နှစ်ဆုံးစာမေးပွဲ ဖြစ်သည်။ သတ်မှတ်ချက်ထက် ကျော်လွန်ပါက ဆုလာဘ်များ ရရှိမည် ဖြစ်သည်။

အန်လင်း အနေဖြင့် ထိုဆုလာဘ်များအား ဂရုမစိုက်သော်လည်း သူ၏အဖွဲ့ဝင်များသည် မျှော်မှန်းလျက် ရှိကြသည်။

ထို့ကြောင့် ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးသည့်နောက်တွင် သူတို့၏ သတ်မှတ်ချက်မှာ ယနေ့တွင် သားရဲအကောင်နှစ်ဆယ် သတ်ဖြတ်ရန် ဖြစ်သည်။

များမကြာမီတွင် သူတို့သည် ဗွက်အိုင်တစ်ခုသို့ ရောက်ရှိကြသည်။

ဗွက်အိုင်တွင် ခြင်များ ပေါများသလို အဆိပ်ပြင်းသည့် အရာများလည်း ရှိနေသည်။ မုန့်ထျန်းနှင့် စွန်းရှန့်လျန်တို့ နှစ်ဦးစလုံးမှာ မျက်မှောင်ကြုတ်လျက် ရှိနေပြီး သူတို့သည် ဤနေရာအား ရွံရှာ မုန်းတီးလျက် ရှိကြောင်း သိသာပေသည်။

“အစ်ကိုကြီးအန်ရေ ... ဘာလို့များ တခြားနေရာကို ဆက်မသွားရတာလဲ ... ဒီနေရာက အရမ်းကို ရွံစရာကောင်းပြီး ညစ်ပတ်လွန်းတယ် ...”

မုန့်ထျန်းသည် နှုတ်ခမ်းစူကာဖြင့် သုန်မှုန်လျက် ရှိနေသည်။ သူမ၏ လက်များအား ဝှေ့ယမ်းကာဖြင့် ခြင်များကို မောင်းထုတ်နေလေသည်။

အန်လင်းသည် ဗွက်အိုင်အား ဖြတ်ကျော်ရန် မလိုအပ်ကြောင်း ခံစားမိသဖြင့် ပြန်လည်ဖြေကြားရန် ရှိနေစဉ်မှာပင် မနီးမဝေးတွင် တိုက်ပွဲဖြစ်ပွားနေသည့် အသံများအား ရုတ်တရက် ကြားလိုက်ရသည်။

“အာ ... အရှေ့မှာ တိုက်ပွဲဖြစ်နေတယ် ... သွားကြည့်ရအောင် ...”

အဖွဲ့ ၂၀ သည် မတူညီသည့် လမ်းကြောင်းများမှ သွားရောက်ကြရမည် ဖြစ်သည်။

စည်းမျဉ်းအရာ အခြားအဖွဲ့များ၏ လမ်းကြောင်းများသို့ ဝင်ရောက်ဖြတ်သန်းခြင်း မပြုရပါ။

ထို့ကြောင့် သူ့တို့ အရှေ့နားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲသည် အတော်လေး စိတ်ဝင်စား မိစေသည်။

အဖွဲ့ခေါင်းဆောင်၏ စကားကို ကြားသည့်အခါတွင် အဖွဲ့ဝင် အားလုံးတို့သည် စိတ်အားထက်သန်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက်တွင် သူတို့သည် အန်လင်းအနောက်မှ လိုက်ကာဖြင့် တိုက်ပွဲပြင် ရှိရာသို့ ဦးတည်လျက် ရှိကြသည်။

ဘုန်း

မီးတောက်လုံးများမှာ ကျယ်လောင်စွာ ပေါက်ကွဲနေကြသည်။

ဆယ်ပေခန့် မြင့်သည့် ဧရာမ သွေးစုပ်ခြင် တစ်ကောင်သည် ပေါက်ကွဲမှုကြောင့် လွင့်စဉ် ထွက်လာသည်။ သို့သော်လည်း တခြားသော ဧရာမခြင်ကြီးသည် လူတစ်ဦးအား အနောက်ဘက်မှနေ ထိုးသုတ်လိုက်ပြီးနောက် ချွန်မြိနေသည့် သွားများဖြင့် ခန္ဓာကိုယ်အား ထိုးဖောက်လိုက်လေသည်။

“ချန်းတီ ...”

သားရဲအသွင် ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူ၏မျက်လုံးများသည် ဖောင်းလာပြီးနောက် ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ညှိုးခြောက်လာပြီး ချက်ချင်း ဆိုသလိုပင် ခြောက်သွေ့သည်အထိ သွေးသားများအား စုပ်ယူခြင်း ခံလိုက်ရသည်။

စိတ်ကျေနပ်သွားသော ခြင်သည် ထိုလူအား ပစ်လွှတ်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ မြေပင်ပေါ်ရှိ လူသားခြောက်ဦးအား လေ့လာနေလေသည်။

မြေပြင်ပေါ်တွင် ခြောက်သွေ့သည်အထိ သွေးသားများ စုပ်ယူခြင်း ခံထားရသည့် အမျိုးသား ၁၀ ဦး ရှိနေသည်။

ကောင်းကင်ထက်တွင် ဧရာမခြင်ကြီး ဆယ်ကောင်ကျော်သည် တဝီဝီမြည်လျက် ပျံသန်းနေလေသည်။

“ခေါင်းဆောင်ရေ ... ထွက်ပြေးကြစို့ ...”

ဓားဝှေ့ယမ်းနေသည့် အမျိုးသားသည် သူ၏ အပေါင်းအဖော်များ တစ်ဦးပြီးတစ်ဦး ခြောက်ကပ်ကာ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။

“ထွက်ပြေးမယ် တဲ့လား ... အဲဒီ ခြင်တွေ လက်ထဲကနေ လွတ်မယ်လို့ ထင်နေတာလား ...” ခေါင်းဆောင်၏ မျက်လုံးထဲတွင် ဒေါသများ ဖုံးလွှမ်းနေလေသည်။ “ငါသေသွားမယ် ဆိုရင်တောင် အဲဒီ ခြင်တွေကို ငါနဲ့အတူ ခေါ်သွားဖို့ ကြိုးစားရလိမ့်မယ် ...”

သွေးစုပ်ခြင် တစ်ကောင်သည် လေထုအား ဖြတ်သန်းလာပြီးနောက် ပုန်းအောင်းနေသည့် အမျိုးသားတစ်ဦး၏ နှလုံးသားနေရာသို့ ချိန်ရွယ်လာသည်။

“ဟိုင်းရား ...” ထိုအမျိုးသားသည် တိုက်ပွဲဝင် ပုဆိန်နှစ်လက်အား ကိုင်ဆောင်၍ ဧရာမခြင်ကြီးအား တိုက်ခိုက်လေသည်။

ပတ်တန်းကျင်တွင် ချီစွမ်းအင် အများအပြား စုပြုံလာလေသည်။ သူ၏ ပုဆိန်မှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ခြင်၏ ဦးခေါင်းအား ခြေမွပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုလူ၏ အနောက်ဘက်မှနေ ဧရာမခြင်ကြီး နှစ်ကောင် ပေါ်ထွက်လာပြီး နောက်ကျောထား ထိုးဖောက်လိုက်သည်။

“ခေါင်းဆောင် ...”

အခြားသော အဖွဲ့ဝင်များ သည်လည်း တိုက်ပွဲများ ဆင်နွှဲနေရသဖြင့် သူတို့ခေါင်းဆောင်အား ခြင်များမှ ထိုးဖောက်သည်ကို မြင်လိုက်ရသည့် အခါတွင် အော်ဟစ်ကာဖြင့် သတိပေးခြင်းကို သာလျှင် ပြုလုပ် နိုင်ကြပေသည်။

ဘုန်း …

ရုတ်တရက် ဆိုသလိုပင် ရွှေလက်သီး တစ်ခုသည် ခြင်နှစ်ကောင်အား ထိုးနှက်လိုက်သည်။

ဝီ ...

ဧရာမခြင်များသည် ရုတ်တရက် ဆိုသလို စိတ်လှုပ်ရှား လာကြပြီး မြေပြင်သို့ ထိုးဆင်း လာကြလေသည်။

ရန်သူအသစ် ရောက်ရှိနေသည့် နေရာသို့ ဆင်းလာကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့သည် တိုက်ခိုက်မှု မပြုနိုင်ခင်မှာပင် ဓားအလင်းတစ်ခုသည် ထိုးဆင်းလာသည့် ခြင်များ၏ ဦးခေါင်းများကို ခုတ်ပိုင်းလိုက်တော့သည်။

ဆံနွယ်ရှည်များနှင့် အလှပဂေးလေး တစ်ဦးသည် သူမဓားရှိ သွေးများအား ရှင်းလင်းကာဖြင့် ခြင်ဆယ်ကောင်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူမသည် အန်လင်း၏ အဖွဲ့ဝင်ဖြစ်သူ စွန်းရှန့်လျန် ဖြစ်ပေသည်။

ဤအချင်းအရာအား မြင်သည့်အခါတွင် ခြင်တစ်ကောင်သည် ထိတ်လန့်စွာဖြင့် ထွက်ပြေးရန် ကြိုးစားတော့သည်။ သူလှည့်လိုက်သည်နှင့် ပျံသန်းနိုင်သည့် လက်နက်ဝိုင်း တစ်ခုသည် အဖြူရောင် အလင်းတန်း ထွက်ပေါ်လာကာ ခန္ဓာကိုယ်အား နှစ်ခြမ်း ပိုင်းလိုက်တော့သည်။

ပျံသန်းနိုင်သည့် လက်နက်ဝိုင်းအား လိုသလို သုံးကာဖြင့် မုန့်ထျန်းသည့် အခြားခြင်တစ်ကောင်ကို ပိုင်းဖြတ်လိုက်ပြန်သည်။

လောင်ကျိပင်နှင့် ကျုံးရုံရန်တို့သည်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။

လောင်ကျိပင်၏ လက်သီးချက်များသည် ရက်စက်ကာ ပြင်းထန်လေသည်။ သူ၏ လက်သီးချက်တိုင်းသည် ဧရာမ ခြင်များအား သေခြင်းတရားဆီသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ကျုံးရုံရန်၏ ငှက်မွေးယပ်တောင်သည် လေတွင် လွင့်ကာဖြင့် အားကောင်းသည့် လေပြင်းများအား တိုက်ခိုက်လျက်ရှိသည်။ ထိုလေပြင်းများသည် ခြင်းများအား အဝေးသို့ လွင့်ထွက်ကာ သေဆုံးသွားစေသည်။

“သန်မာလိုက်တာ ...”

အမျိုးသားများသည် ဝိုင်းအုံလျက် အန်လင်းအဖွဲ့၏ ဩချလောက်စရာ တိုက်ခိုက်မှုများအား ကြည့်ကာ လေးစားစွာဖြင့် အာမေဋိတ်သံ ပြုလိုက်သည်။

များမကြာမီမှာပင် ခြင်များ အားလုံးတို့သည် သုတ်သင်ခြင်း ခံလိုက်ကြရတော့သည်။

“အဆင်ပြေရဲ့လား ...” အန်လင်းသည် ပုန်းအောင်းနေသည့် အမျိုးသားထံ လျှောက်လှမ်းလာပြီးနောက် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာ ခြင်များ၏ ထိုးဖောက်ခြင်းအား ခံထားရသည်။ သူ၏ ဒဏ်ရာများမှနေ သွေးများ အဆက်မပြတ် ယိုစီးကျနေလေသည်။

“အဆင်ပြေပါတယ် ... ခြစ်မိသွားရုံပါပဲ ... ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ...”

သူ၏မျက်နှာတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်လျက် အန်လင်း၏ အဖွဲ့အား ကိုယ်ကိုင်းကာဖြင့် အရိုအသေ ပေးလာသည်။

အခြားသူများ သည်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အနေဖြင့် ကိုယ်ကိုင်းကာ အရိုအသေ ပေးလာသည်။ အန်လင်းတို့ ကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့သည် ခြင်များ၏ ခြေဖဝါးအောက်တွင် အလောင်းကောင်များ ဖြစ်နေပေလိမ့်မည်။

အန်လင်းသည် သူ၏ခေါင်းအား ခါယမ်းကာဖြင့် ရယ်မောလိုက်သည်။ “ဒါက ဒီနေ့အတွက် အလုပ်ပဲ ... ကျုပ်တို့ရဲ့ တာဝန်ထမ်းဆောင် နေကြတာလေ ... ပုံမှန်မဟုတ်တဲ့ သားရဲတွေကို သတ်ဖြတ်ပစ်ရမယ် ... အခုတော့ တစ်ကြိမ်တည်းနဲ့ အများကြီး သတ်လိုက်နိုင်တယ် ... ဒီနေ့အတွက် သတ်မှတ်ချက်ကတော့ လွယ်လွယ်ကူကူပဲ ပြည့်မီသွားပြီ ...”

မုန့်ထျန်းနှင့် အခြားသူများ၏ မျက်နှာတွင်လည်း ကျေနပ်မှုများဖြင့် ရှိနေလေသည်။ တောင်ကြောတစ်လျှောက် ဖြတ်သန်းကာ သားရဲများအား ရှာဖွေခြင်းသည် အလွန်စိတ်ဒုက္ခ ရောက်လှသည်။

ယခုတွင်မူ တစ်ကြိမ်တည်းနှင့် အများကြီး တွေ့လိုက်ရခြင်း ဖြစ်သဖြင့် အလွန်တရာ ပျော်ရွှင် နေမိကြသည်။

ခေတ္တမျှ ကြာပြီးနောက်တွင် အန်လင်းနှင့် အခြားသူများနောက်မှ ဝတ်စုံပြည့် တပ်သားများ ပေါ်လာလေသည်။

သူတို့သည် ခြင်များ၏ တန်ဖိုးကြီး အစိတ်အပိုင်းများအား ဖြတ်တောက်ကာ သိုလှောင်လက်စွပ် အတွင်း ထည့်လိုက်ကြသည်။

“မင်းတို့က ကောင်းကင်ဘုံ ပိုင်နက်က ကျောင်းသားတွေလား ...”

ကျင့်ကြံသူများနှင့် တပ်သားများ၏ ရင်းနှီးကျွမ်းဝင်သည့် အပေါင်းအစပ်အား မြင်တွေ့ရသည ့်အခါတွင် အမျိုးသားတစ်ဦးသည် အံ့ဩမှုဖြင့် ပြောလာသည်။

“ဟုတ်တယ် ...” အန်လင်းက ခေါင်းညိတ်လိုက်သည်။ သူတို့၏ အကြောင်းများကို ဖုံးကွယ်ထားလိုစိတ် မရှိချေ။

“တာအိုခန္ဓာ အဆင့် ၁၀ လောက်နဲ့ အခုလို စွမ်းအားတွေ ထုတ်ဖော်နိုင်တာ အံ့ဩစရာ မရှိတော့ဘူး ... အဲတော့ မင်းတို့က ကိုးပြည်ထောင် နိုင်ငံတော်က ပါရမီရှင်တွေပေါ့ ...”

ထိုလူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် “မင်းတို့ကို ပြောစရာရှိတယ် ... မင်းတို့ အခုတာဝန်ကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးနိုင်မယ်ဆိုရင် အဆင့် ၉ အင်မော်တယ်သစ်သီး ခြောက်လုံးပေးမယ်ကွာ ... စိတ်ဝင်စားလား ...”

အင်မော်တယ် သစ်သီးတဲ့လား ...

အန်လင်း၏ မျက်လုံးများမှာ တောက်ပလာသည်။ အနိမ့်ဆုံး အဆင့်ရှိ အင်မော်တယ်သစ်သီးများ ဖြစ်သော်လည်း တန်ဖိုးဖြတ်မရသည့် ရတနာများ ဖြစ်နေဆဲပင်။

“ဘာများလဲ ...”

အင်မော်တယ် သစ်သီးအကြောင်း ကြားလိုက်သည့်အခါတွင် သူ၏ အဖွဲ့သားများသည်လည်း ထိုလူအား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြလေသည်။

“ငါတို့ အမဲလိုက်အဖွဲ့က အသင်္ချေတောင်တန်းနယ်မြေရဲ့ အလယ်မှာ စိတ်ဝိညာဉ် တောင်တစ်လုံးကို ရှာတွေ့ထားတယ် ... အဲတောင်ပေါ်မှာ လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ်သွေး သစ်ပင်တစ်ပင် ရှိနေတယ် ... အဲဒီသစ်ပင်မှာ အင်မော်တယ် သစ်သီး ၉ လုံး ရှိနေတယ် ...”

“နှမြောစရာက အဲဒီသစ်ပင်ကို ရွှေမျက်လုံး မျောက်မင်းက စောင့်ကြပ်နေတယ်လေ ... သူရှိနေတာကြောင့် ငါတို့တွေက အင်မော်တယ် သစ်သီးတွေကို လက်လှမ်းလို့တောင် မရနိုင်ဘူး ... မင်းတို့တွေက စွမ်းအားကြီးကြတော့ ဘာလို့များ ငါတို့နဲ့ မပူးပေါင်းကြတာလဲ ... အောင်မြင်ခဲ့ရင် မင်းတို့ကို အင်မော်တယ်သစ်သီး ခြောက်လုံး ပေးမယ်ကွာ ... ဘယ်လိုလဲ ...”

အင်မော်တယ်သစ်သီး တစ်လုံးသည်ပင်လျှင် များပြားလှသည့် ကျင့်ကြံသူများအား ခိုက်ရန်ဖြစ်ပွား စေနိုင်သည်။ အင်မော်တယ်သစ်သီး ၉ လုံးသည် သေချာပေါက်ပင် ကျောက်နဂါးပြည်နယ် တစ်ခုလုံးအား တုန်လှုပ် သွားစေနိုင်ပေသည်။

အန်လင်းတို့သည် ထိုသူတို့အား ကယ်တင်လိုက်သည့် အပြင် ကောင်းကင်ဘုံ ပိုင်နက်၏ ကျောင်းသားများ ဖြစ်နေခြင်းကြောင့် သာလျှင် အင်မော်တယ် သစ်သီးများနှင့် ပတ်သက်သည့် အချက်အလက်များအား ရရှိခြင်းဖြစ်သည်။

“အင်း ... ရွှေမျက်လုံး မျောက်မင်းက ဘယ်အဆင့်လောက်မှာ ရှိတာလဲ ...” အန်လင်းသည် သူ၏မေးအား လက်ဖြင့်ပွတ်လျက် မေးလိုက်သည်။

“စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်လောက်ပေါ့ ...”

ထိုလူသည် ရွှေမျက်လုံး မျောက်မင်းအား သတ်ဖြတ်ရန်အတွက် အန်လင်းတို့အား ထည့်သွင်းရေတွက်ခြင်း မရှိချေ။ အန်လင်းတို့ အနေဖြင့် ရွှေမျက်လုံးမျောက်မင်းအား ခေတ္တမျှ အဝေးသို့ ခေါ်ထုတ်သွားပေးရန်သာ လိုအပ်ပြီး သူတို့သည် အင်မော်တယ် သစ်သီးများကို ခူးယူမည် ဖြစ်သည်။

သို့သော်လည်း အန်လင်း၏ ဖြေကြားချက်ကြောင့် လောင်ကျိပင်၏ ဘောင်းဘီမှာ ရွှဲရွှဲစို သွားတော့သည်။

အန်လင်းသည် ရယ်မောကာဖြင့် “လက်ခံတယ် …”

“လောင်ကျိပင်က ရွှေမျက်လုံးမျောက်မင်းကို သတ်ဖြတ်ဖို့ တာဝန်ယူလိမ့်မယ် ... ငါတို့ကတော့ အင်မော်တယ်သစ်သီးတွေ ခူးကြတာပေါ့ ... သွားကြစို့ ...”

***

All Chapters