ကောင်းကင်နဂါး ကပ်ဘေး
Vol. 49 Ch. 583
ကောင်းကင်မြစ်နယ်မြေ၏ မြောက်ပိုင်းရေခဲဓားနန်းတော်။ လူအများသည် ဤအမည်နှင့် ဤလူများကို ပထမဆုံးအကြိမ် ကြားဖူး၊ မြင်ဖူးခြင်း ပေပင်။
ခဏအကြာတွင် မျက်မမြင်အဘိုးကြီးမှ တစ်စုံတစ်ခုကို သတိရလာပြီး အတွေးများဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင် အလင်းနယ်မြေကဲ့သို့ပင် ကောင်းကင်မြစ်နယ်မြေသည် ကြယ်နယ်မြေ (၃၃)ခုထဲမှတစ်ခုဖြစ်၏။
၎င်းနယ်မြေရှိ မြောက်ပိုင်းရေခဲ ဓားနန်းတော်သည် ဓားသမားများအတွက် မြင့်မြတ်မြေဖြစ်သည်။
“ ဒါဆို သူတို့ပဲ ... ။ ”
ဖူကြွယ်၊ ဖူစုရုံနှင့် ခရမ်းရောင်လမြေခွေး မျိုးနွယ်သည် နောက်ဆုံးတွင် အသိအမှတ်ပြု လာနိုင်ကြ၏။
ကောင်းကင်အလင်းနယ်မြေကဲ့သို့ ကောင်းကင်မြစ်နယ်မြေသည်လည်း ထင်ရှား လှချေသည်။ သို့သော် မိုးပြာတိုက်ကြီးသို့ ဤသို့ ဆင်းသက်လာလိမ့်မည်ဟု မထင်ထားချေ။
“ ကောင်းကင်မြစ်နယ်မြေ၊ မြောက်ပိုင်းရေခဲဓားနန်းတော် ... ။ ”
စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရလာ၏။ တာအိုတစ်ထောင်ဧကရာဇ်။
ယင်းသည် အရိုင်းမြေကိုးပါရှိ တာအိုဂိုဏ်းကြီး (၆)ဂိုဏ်းအနက် တစ်ဂိုဏ်းကို တည်ထောင်သော လက်အောက်ခံ ဧကရာဇ်တစ်ပါး ဖြစ်သည်။
ထို့ကြောင့် အဆိုပါဂိုဏ်း၏ လက်အောက်ခံ အင်အားစုဖြစ်သော မြောက်ပိုင်း ရေခဲဓားနန်းတော် ဟူသည့် ဤအင်အားစုသည် သူ့အာရုံစိုက်မှုဖြင့်ပင် မထိုက်တန်သဖြင့် အချိန် အတော်ကြာ တွေးနေခဲ့ရခြင်းဖြစ်သည်။
“ ငါတို့ သုံးယောက်လုံး မြောက်ပိုင်းရေခဲဓားနန်းတော်ရဲ့ အကြီးအကဲ တွေပါ ... ။ ”
သူ့ကိုယ်သူ ဝမ်ကျုံးယန်ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားမှ ပြောကြားလာ တော့သည်။ ထိုနောက် သူကပင်။
“ တာအိုမိတ်ဆွေ ကြားဖူးသလား ... မကြားဖူးဘူးလား ... ငါ မသိဘူး ဒါပေမယ့် ဒါက အရေးမကြီးပါဘူး အရေးကြီးတာက ...
... မိုးပြာမျိုးစေ့ဆိုတာ မင်းအတွက် ဆိုးရွားတဲ့ကံကြမ္မာတွေကိုသာ ပေးလိမ့်ပါမယ် ဒါကြောင့် ငါတို့ဆီလွှဲပြောင်းပေးဖို့ ဆန္ဒရှိမလား သိချင်ပါတယ်။ ”
ထို့နောက် လေးလေးနက်နက် နှုတ်ခွန်းဆက်ဟန်ဖြင့် ခါးညွှတ်လိုက်သည်။ သူ့စကားသံသည် ချိုသာနေသော်လည်း ရည်ရွယ်ချက်မှာ ရက်စက်ချေ၏။
“ မိုပြာမျိုးစေ့ရဲ့ ကံကြမ္မာက တကယ့်ကို လေးလံပါတယ် ဒါပေမယ့် မင်းအရည်အချင်းနဲ့ ဒါကိုထမ်းနိုင်ဖို့ မမျှော်လင့်နဲ့ ... ။ ”
စုရီက ပြတ်သားစွာ တုန့်ပြန်၏။ ယဉ်ကျေးခြင်းမရှိချေ။ လူတိုင်းကို လျစ်လျူရှုပြီး ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊
“ ဘယ်သူ ရှိသေးလဲ။ ”
-ဟု အော်ဟစ် မေးမြန်းလိုက်သည်။
လူတိုင်း မျက်ခုံးပင့်လိုက်၏။ အရပ်ရပ်၌ ရန်သူများဝိုင်းရံနေသော်လည်း ဤလူငယ်သည် မောက်မာလွန်းချေပြီ။
မည်သူမျှ တုံ့ပြန်ခြင်း မပြုသောအခါ စုရီမှသက်ပြင်းချသည်။ သူ့ထောင်ချောက်သည် အနည်းငယ် ထင်ရှားနေပုံရ၏။
သူတို့ကိုယ်သူတို့ ဖော်ထုတ် မပြချင်သေးသော ရန်သူများသည် ခုန်ဆင်းရန် ဆန္ဒမရှိကြချေ။
“ ..... ။ ”
တစ်ဖက်တွင် မိုးကြိုးတိမ်တိုက်များ ပို၍ထူထပ်လာပြီး အမှောင်ထုမှာ လေးလံလာ တော့သည်။ ကောင်းကင်ယံတွင် လေများ တဝုန်းဝုန်းမြည်နေ၏။
ထိုကပ်ဘေးကျရောက်ချိန်၌ စုရီသည် အလွန်ပြင်းထန်သည့်တိုက်ပွဲ ဆင်နွဲရမည်မှန်း မြင်သာချေသည်။
“ ဂျိန်း ... ။ ”
ရုတ်တရက် မိုးခြိမ်းသံသည် ကောင်းကင်တခွင် ကျယ်လောင်စွာပဲ့တင်ထပ် လာပြီး လျှပ်စီးများလက်နေတော့၏။
တိမ်တိုက်များအတွင်း လှိုင်းလုံးများကဲ့သို့ လှည့်ပတ်နေသည့် မိုးကြိုးများသည်လည်း ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည်။
အဝေးမှကြည့်ရှုနေသည့် လူတိုင်းအများ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ထိတ်လန့်မှု များနှင့် ပြည့်နှက်နေ၏။
“ ကြောက်စရာကောင်းတဲ့ ဒုက္ခပဲ ငါကိုယ်တိုင်မျက်စိနဲ့ မမြင်ဘူးဆိုရင် ဒါဟာ ဝိညာဉ်ထင်ရှားခြင်းအဆင့် တစ်စုံတစ်ဦးကို ပစ်မှတ်ထားနေတယ်လို့ ယုံမိတော့မှာ မဟုတ်ဘူး ... ။ ”
ဝမ်ကျုံးယန်မှ အံ့သြမှုအပြည့်နှင့် ရေရွတ်သည်။ သူဟူသည် ကောင်းကင်မြစ် နယ်မြေမှ ဖြစ်ပြီး အတွေ့အကြုံနှင့် ဗဟုသုတလည်း ရှိသည်။
သို့သော် ဤကဲ့သို့ ရက်စက်ပြီး အဖျက် စွမ်းအားများဖြင့် ပြည့်နှက်နေသောကပ်ဘေးကို ပထမဆုံးအကြိမ် ကြုံတွေ့ခြင်းပေပင်။
“ တာအိုစု ... ငါ့တိုက်ခိုက်မှုက မင်းရဲ့အပေါ်ကို သက်ရောက်မှု ရှိနိုင်ပါ့မလား ငါသိချင်တယ် ... ။ ”
ရုတ်တရက် ဝမ်ကျုံးယန်မှပြုံးကာ လက်ဝှေ့ယမ်းလျက် အနက်ရောင်ခေါင်းလောင်း တစ်လုံးကို ထုတ်ယူလိုက်၏။
“ ချွင် ... ။ ”
စူးရှသော အော်မြည်သံများ ကောင်းကင်နှင့်မြေကြီးကြား တဟုန်ထိုး ပျံ့လွင့်လာသည်။
“ ဝိညာဉ်ဖမ်း နတ်ဆိုးခေါင်းလောင်း။ ”
ဤရတနာသည် စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန်ဖန်တီးထားသော ဝိညာဉ်ရတနာ တစ်ပါးပေပင်။
အဝေးမှ ကြည့်နေသူများစိတ်တွင် နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး ကြယ်များ မြင်လိုက်ရ၏။
လူတိုင်းမှ ထိုခေါင်းလောင်းသံ၏ အကျိုးသက်ရောက်မှုကို ပျက်ပြယ်သွားစေရန် အတွက် ကျင့်ကြံမှုနည်းစနစ်အပေါ် အသက်သွင်းလိုက်ရသည်။
ဟွမ်ရှောင်လင်နှင့် ရှားကျစ်ပိုင်တို့ ကဲ့သို့သော လူအများသည်ပင် တုန်လှုပ်သွားပြီး နှလုံးသွေး ပွက်ပွက်ဆူလာ၏။
“ ချွင် ချွင် ချွင် ... ။ ”
အနက်ရောင် အသံလှိုင်းများသည် ခေါင်းလောင်းပတ်ပတ်လည်သို့ ပျံ့ကားသွားပြီး နတ်ဆိုးအရိပ်များအဖြစ် ထင်ရှားကုန်သည်။
စုရီက ထိုနေရာတွင် ရပ်လျက်ဖြင့် လက်များနောက်ပို့ထားကာ အနည်းငယ်မျှပင် ခံစားမိပုံမပြချေ။
“ အသေးအမွှား လှည့်ကွက်လေးပဲ ... ပြောဖို့တောင် မထိုက်တန်ဘူး။ ”
စုရီမှ ခေါင်းခါပြလိုက်သည်။
“ ဟားဟားဟား ... မင်းရဲ့ စိတ်အခြေအနေကို လွင်ပါးစေနိုင်ရင်ပဲ လုံလောက်ပါပြီ ... ။ ”
ဝမ်ကျုံးယန်မှ ရယ်လျက် ခေါင်းလောင်းကို ဆက်တိုက် ပုတ်ရိုက်လိုက်၏။
“ ဒေါင် ... ဒေါင် ... ဒေါင် ... ။ ”
စူးရှသော မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အသံလှိုင်းများ ပျံ့နှံ့လာသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးတိမ်တိုက်များရှိ လျှပ်စီးများသည်လည်း တဟုန်းဟုန်း တောက်လောင်လာ၏။
များမကြာမီ မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲမည့် အရိပ်အယောင်များ ပြသလာ၏။ ထိုစဉ်ခေါင်းလောင်း အသံလှိုင်းများသည် စုရီနှင့် သုံးပေအကွာ၌ ပြိုကျသွားသည်။
“ ဟမ့် ... အားလုံး အတူတူတိုက်ကြပါ ဒီကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်တဲ့ အခွင့်အရေးမျိုး လုံးဝပေးလို့မရဘူး။ ”
ဟွမ်ရှောင်လင်းက အော်ဟစ်လျက် လက်မြှောက်လိုက်ရာ ငွေခေါင်းလောင်းကြီး တစ်လုံး ပေါ်လာပြန်၏။
ထိုငွေခေါင်းလောင်း ပေါ်လာသည်နှင့် လူတိုင်းသည် ကောင်းကင်တေးသွားကို ခံစား နေရသကဲ့သို့ တင်းကြပ်လာ၏။
“ နှလုံးသား နုတ်ယူခြင်း ခေါင်းလောင်း။ ”
ဤသည်မှာ ဝိညာဉ်ဖမ်း နတ်ဆိုးခေါင်းလောင်းကဲ့သို့ အလားတူ အံ့ဖွယ် ရတနာတစ်ခုပေပင်။ ခေါင်းလောင်းသံကြောင့် မည်သူမဆို နှလုံးသား နှုတ်ယူခံရသည့်အလား ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားပေမည်။
“ သတ် ... ။ ”
ကျန်သူများသည်လည်း ၎င်းတို့၏ ရတနာများကိုအသက်သွင်းလျက် စုရီထံသို့ ဦးတည်လိုက်ကြတော့သည်။
ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဆယ်ဦး အတူတကွတိုက်ခိုက်သော စွမ်းအားသည် မည်သည့်နည်းနှင့်မျှ သာမန်မဖြစ်နိုင်ချေ။
လေဟာနယ် တုန်ခါလျက် ကောင်းကင်ကြီးပြိုကျလုနီးပါး ဝရုန်းသုန်းကား ဖြစ်သွားလေသည်။
“ ဂျိန်း ... ။ ”
ဤအခိုက်အတန့်တွင် အချိန်အတော်ကြာစုရုံးနေသော မိုးကြိုးများက ဖွေးခနဲရေတံခွန်တစ်စင်းလို စုရီအပေါ် စတင်ပတ်ခတ်လာပြီ ဖြစ်သည်။
“ အရမ်း ပြင်းတယ်။”
အဝေးမှ ကြည့်ရှုနေသူများခမျာ နှလုံးသားများတုန်လှုပ်သွားပြီး သိသိသာသာ ထိတ်လန့်ကုန်၏။
ခဏအကြာတွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ဖြူဖွေးတောက်ပသွားသည်။ ထိုပစ်ခတ်မှုသည် ရှေးပြေးမျှသာဖြစ်၏။
လေဟာနယ် အက်ကွဲလျက် ရေခဲလှိုဏ်ဂူထဲထိုးကျသွားသကဲ့သို့ ဝိညာဉ်များ တုန်ခါကုန်သည်။
“ ဟား ဟား ဟား ... ။ ”
စုရီတစ်ယောက် ကျေနပ်သွားပြီးနောက် ရယ်မောလျက် ကောင်းကင်ပေါ်ပျံတက်လာကာ လက်သီးတစ်ချက် ထိုးချလိုက်၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သူ့အပေါ် ပြိုကျလာသော ဖြစ်စဉ်များ အားလုံး ပေါက်ကွဲသံနှင့်အတူ အလင်းမှုန်များ ကဲ့သို့ ပျံ့ကျဲသွားတော့သည်။
ယင်းသည် အဆုံးမဟုတ်သေးချေ။ လေထဲညာလက်ဆန့်တန်းကာ လျှပ်စီးများကို ဖမ်းဆုပ်ပစ်လိုက်ပြန်သည်။
“ ဖျစ် ... ဖျစ် ... ။ ”
ကောင်းကင်နဂါးကို ဖမ်းယူနေသည့် နတ်ဘုရားကဲ့သို့ပေပင်။ ထိုသို့သောမြင်ကွင်းမှာ လူတိုင်းအတွက် မှင်သက်နိုင်လွန်းချေ၏။
***