ငါ့ဘိုးဘေးက မရဏတရားစီရင်သူ မဟုတ်ဘူး
Vol. 49 Ch. 578
ငါ့ဘိုးဘေးက မရဏတရားစီရင်သူ မဟုတ်ဘူး။
ထိုထူးဆန်းသောမျက်လုံးသည် ကောင်းကင်ရှိ ဘေးဆိုးတိမ်တိုက်များ၏ နက်နဲရာသို့ မော့ကြည့်လိုက်သည်။
“ ဂျိန်း ဒလိန်းလိန်း ... ။ ”
ဤအခိုက်အတန့်တွင် တုန်လှုပ် ချောက်ချားဖွယ်ရာ ပြိုကျသံနှင့် ပေါက်ကွဲသံ ချက်ချင်း ထွက်ပေါ်လာ၏။
ထို့နောက်တွင် ချင်းဝမ်ထံသို့ ဦးတည်နေခဲ့သော သွေးနီရောင်လျှပ်စီးများမှာ ရေတံခွန်ကဲ့သို့ ထူးဆန်းသောမျက်ဝန်းထဲ ပြောင်းလဲစီးဝင်သွားသည်။
မျက်ဆန်နှင့်တူသော တွင်းနက်သည် လျှပ်စီးနှင့် မိုးကြိုးစွမ်းအင်ကို စုပ်ယူပြီးနောက် နေကဲ့သို့ တောက်ပလာ၏။
များမကြာခင် ချင်းဝမ်၏ ချောမောပြီး သွယ်လျသောရုပ်သွင်သည်လည်း အလင်းများ ထွန်းတောက်လာသည်။ သူမနှင့် ထူးဆန်းသော မျက်လုံးသည် ချိတ်ဆက်နေခြင်းပေပင်။
“ ဟမ့် ... ။ ”
စုရီက လက်ဖဝါးကို ဖွင့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ကျောက်စိမ်း တစ်ခု ထွက်ပေါ်လာသည်။
ထိုကျောက်စိမ်းပေါ်တွင် ထူးဆန်းသော မျက်လုံးနှင့်တူညီသော ရုပ်ပုံများ ရေးထွင်းထား လေသည်။
အခြားတစ်ဖက်တွင် တွန့်လိမ်ပြီး ရှုပ်ထွေးသောအမိန့် ပါရှိ၏။ ဤပုံစံနှင့်အမိန့်ကို ရေးထွင်းသူသည် ဧကရာဇ်တစ်ပါးပေပင်။
ရည်ရွယ်ချက်မှာ ထိုတံဆိပ်အတွင်းရှိ စွမ်းအင်များကို ချင်းဝမ်နှင့် ပေါင်းစည်းစေခြင်း ဖြစ်သည်။
သည့်ပြင် ချင်းဝမ်အတွက် ပြင်းထန်သည့် ခြိမ်းခြောက်မှုတစ်ခုနှင့် ကြုံတွေ့ရသောအခါ၌ ဤတံဆိပ်မှ ကာကွယ်ပေးမည်ဖြစ်၏။
မိုးကြိုးဒုက္ခ၏ နောက်ဆုံးအဆင့်သည် သွေးလာဗင်ဒါပန်းအဆင့်ထက် ပို၍ပြင်းထန်နေ တော့သည်။
ထို့ကြောင့် ထူးဆန်းသော မျက်လုံးပေါ်လာပြီး ထိုဘေးဆိုးကြီးကို ချေမှုန်း ပစ်လိုက်ခြင်းဖြစ်၏။
“ ဝူး ... ။ ”
စုရီတစ်ယောက် တွေးနေစဉ်တွင် လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေသောချင်းဝမ်မှာ တုန်ခါသွားသည်ကို သတိပြုမိသည်။
ထိုမြင်ကွင်းကြောင့် အဝတ်အစား အသစ်တစ်စုံကို ချက်ချင်းထုတ်ယူပြီး ပြေးသွား လိုက်၏။
တဟုန်းဟုန်း တောက်လောင်နေသည့် အလင်းရောင်နှင့် အရိပ်များကြားတွင် လှပသော ကောက်ကြောင်းမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေချေပြီ။
ဤသည်မှာ ဒုတိယအကြိမ်မြောက် အဝတ်ဗလာဖြင့် ရှုခင်းကြီးဖြစ်သည်။ လေထဲ ရပ်တန့်လျက် ငေးကြည့်နေသော စုရီထံမှ အဝတ်အစားများကို အမြန်လှမ်းယူကာ ချင်းဝမ်မှ ဝတ်ဆင်လိုက်၏။
“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”
ချင်းဝမ်မှ ရှက်ရွံ့စွာ စကားဆိုသည်။ စုရီမှ သတိဝင်လာပြီး၊
“ သွား မြို့ထဲပြန်ပြီး ... မင်းရဲ့ ဝိညာဉ်တာအိုအုတ်မြစ် တည်ငြိမ်သွားအောင် တရားထိုင်လိုက်ပါ ဝိညာဉ်ပေါင်းစည်းခြင်း ဆေးကို သန့်စင်ဖို့မမေ့နဲ့။ ”
“ နားလည်ပါပြီ။ ”
ချင်းဝမ်မှ ခေါင်းညိတ်လျက် ချက်ချင်း ထွက်ပြေးသွားသည်။ စုရီက သူမ ပျောက်ကွယ် သွားသည်အထိ ငေးကြည့်ကာ၊
“ ငါတို့ နှစ်မွှာကျင့်ကြံဖို့ သင့်လျော်တဲ့ အခွင့်အရေးကို ရှာဖွေသင့်နေပြီ။ ”
-ဟု ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်၏။
ချင်းဝမ်သည် သန့်စင်သော ယင်ခန္ဓာကိုယ်သာ ရှိသော်လည်း ဝိညာဉ်တာအို နယ်ပယ် ရောက်ရှိလာပြီဖြစ်သောကြောင့် စတင်နိုင်ပြီဖြစ်သည်။
‘ယင်’သည် သူ့တစ်ပါးတည်းဖြင့် တည်ရှိနေရန် မဖြစ်နိုင်သကဲ့သို့ ‘ယန်’သည်လည်း တစ်ပါးတည်း ရှင်သန်ရန် မဖြစ်နိုင်ချေ။
ယင်နှင့်ယန် ပေါင်းစပ်မှုသည် နဂါးနှင့်ကျားတို့၏ ညီညွတ်မှုကိုရှာဖွေခြင်း ပေပင်။
ကောင်းကင်ကြီးတွင် ဘေးဆိုး တိမ်တိုက်များ ပျောက်ကွယ်သွားကာ ကြယ်များ လင်းလက်လာသည်။
နေဝင်ရီတရောအချိန်ဖြစ်သဖြင့် လမ်းများပေါ်တွင် မိုးဖွဲလေးများ ကျဆင်းလျက် ရောင်ပြန်ဟပ်နေသည်။ ဤအခြေအနေသည် နာရီဝက်မျှသာ ကျန်ပေတော့သည်။
အဆုံးတွင် မဟာတာအိုသည် မိုးပြာတိုက်ကြီး၏ ထောင့်တိုင်း၊နေရာတိုင်းသို့ ပြန်လည် ပေါင်းစည်းသွားစေ၏။
လူအများ စုပ်ယူနိုင်သည့် ပမာဏသည် ရေတစ်စက်မျှသာ ဖြစ်သည်။ အရာခပ်သိမ်းကို မိုးပြာတိုက်ကြီးမှသာ ပြန်လည်ရရှိ၏။
“ ရပ် ... ။ ”
“ ဘောင်း ... ။ ”
ရုတ်တရက် တစ်စုံတစ်ယောက် ပေါက်ကွဲပျောက်ကွယ်သွား၏။ ထိုမြင်ကွင်းအရ အခြားသောလူများကို သတိဝင်လာစေကာ ချက်ချင်းရပ်တန့်လိုက်ကြသည်။
အခွင့်အလမ်းသည် အလွန် ကောင်းမွန်သော်လည်း သူတို့အတွက် ခံနိုင်ရည်သည် အကန့်အသတ်ရှိ၏။
“ လိုအပ်တာထက်ပိုပြီး လောဘမကြီးကြနဲ့။ ”
စုရီက မိုးပြာခြံဝင်း အထက်တွင် ပေါ်လာပြီးနောက် လူတိုင်းကို သတိပေးသည်။ ချင်းယာသည် ယိမ်းနွဲ့နေသော ပုံသဏ္ဍာန်နှင့် မငြိမ်မသက်ဖြစ်နေသဖြင့် စုရီမှ သူမနဖူးကို လက်ဖြင့်ပုတ်လိုက်မှသာ နိုးထလာ၏။
“ ကျေးဇူးတင်ပါတယ် အစ်ကိုစုရီ။ ”
မဟုတ်သော် ဒုတိယမြောက် ပေါက်ကွဲသူသည် သူမ ဖြစ်သွားနိုင်ပေမည်။
“ မြန်မြန်သွားပြီး တရားထိုင်ပြီး ... ။ ”
စုရီမှ သတိပေးသည်။ ချင်းယာက သဘောတူပြီး မိုပြာခြံဝင်းသို့ ပြန်၍ဆင်းသက် သွားတော့သည်။
ထို့နောက်တွင် ဝမ်လျူနှင့် ဧကရာဇ်ရှ ဖြစ်၏။ သူတို့၏ခံနိုင်ရည်သည် ကန့်သတ်ချက် ရောက်ရှိလာခဲ့သည်မှာ ထင်ရှားနေသည်။
အဆုံးတွင် မျက်မမြင်အဘိုးကြီး၊ ရွှမ်နင်နှင့်ရီရွှမ်သာ ကျန်တော့သည်။ သို့သော် စုရီမှ ဤသုံးယောက်အတွက် စိတ်မပူချေ။
သူတို့၏ အခြေခံအုတ်မြစ်နှင့် အတွေ့အကြုံအရ မည်သည့်အချိန်၌ ရပ်တန့် ရမည်မှန်း သဘာဝကျကျသိကြသည်။
စုရီသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေကာ အလင်းမိုးဖွဲများ အရပ်ရပ်မှ သူ့ထံ စိမ့်ဝင်လာနေသည်ကို ခံစားနေ၏။
သူ့ အတွက် ဤသို့မဟာတာအို၏ မူလစွမ်းအားများ အဆုံးမရှိ စီးဝင်နေမှုအပေါ် ခံနိုင်ရည် မရှိမည်ကို စိုးရိမ်စရာ မရှိချေ။ မိုးပြာမျိုးစေ့သည် ဤမျှသော စွမ်းအားကို ကောင်းစွာ စုပ်ယူနိုင်၏။
တစ်ချိန်တည်းမှာပင် အမှောင် အင်မော်တယ်တောင်တန်း တစ်နေရာတွင် ရွယ်ယီသည် မျက်မှောင်ကြုတ်ကာ၊
“ နဝမမြောက်အကြီးအကဲ မိုးပြာမျိုးစေ့ ပေါ်မလာဘူး တစ်ယောက်ယောက်က ဒါကို ဆုပ်ကိုင်ထားပြီးသားလို့ ငါထင်တယ်။ ”
-ဟု ရေရွတ်လိုက်သည်။
သူမ ဦးခေါင်းအထက်တွင် ဝိညာဉ်မီးအိမ်သည် အနက်ရောင်စုပ်ဝဲအသွင် အလင်းမိုးအပေါ် ဆွဲငင်နေခဲ့၏။
သူမစကားကြောင့် နဝမမြောက် အကြီးအကဲက ခဏမျှ တိတ်ဆိတ်သွားပြီး၊
“ ငါ နည်းနည်းကြည့်ပါရစေ။ ”
-ဟု ပြောကြားလာသည်။
“ ဝှစ် ... ။ ”
ထို့နောက် ငွေရောင်ကြေးမှန်တစ်ချပ် ထုတ်ယူပြီး လေထဲပစ်တင်လိုက်၏။ ကြေးမှန်၌ မထင်မရှားနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ကြေးမှန်ရှိပုံရိပ်များ ငြိမ်သက်သွား၏။ အလွန်ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့အသွင် ပေါ်လာသည်။
“ ဒီမြို့ဟာ အလင်းမိုးတွေ အသိပ်သည်းဆုံးအရပ်ပဲ တစ်စုံတစ်ယောက် မြို့ထဲကနေ ဆွဲဆောင်နေတာ သေချာတယ်။ ”
နဝမမြောက် အကြီးအကဲက လေးနက်သောမျက်ဝန်းများဖြင့် ကြေးမှန်ထံ မော့ကြည့်ပြီး ရှင်းပြလိုက်သည်။
“ ဟမ့် ... ဒါ ဆေးအိုးကိုးပါးမြို့တော်ပဲ။ ”
စွေ့ကျင်းယန်မှ အံ့အားသင့်စွာဖြင့် ပြောကြားလိုက်သည်။ ထိုမှတ်ချက်ကြောင့် နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီမှာ မျက်ခုံးပင့်သွားခဲ့၏။
“ ဒါဆို ... အဲဒီလူက စုရီလား ... ။ ”
ဤသည်မှာ မဟာရှ၏ ဆေးအိုးကိုးပါးမြို့တော်ဖြစ်သော် မြို့တော်တွင် အသန်မာဆုံးလူသည် စုရီသာဖြစ်၏။
“ ဒါက ဘယ်လိုဖြစ်ရတာလဲ ... သူက ငါတို့ကိုပြိုင်ဖို့အခွင့်အရေးတောင် မပေးတော့ဘဲ မိုးပြာမျိုးစေ့ကို ရသွားတာလား။ ”
ရွယ်ယီခမျာ နှုတ်ခမ်းထောင့်များ ပြင်းထန်စွာလှုပ်ခါလျက် အလွန်တရာခါးသက် လာလေသည်။
“ ဟမ့် ... ဒီကောင်လေးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး တခြားလူတွေကို လုံးဝအခွင့်အရေးမပေးဘူး ...။ ”
နဝမမြောက် အကြီးအကဲ မျက်နှာသည်လည်း ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေတော့သည်။ ထို့နောက် သက်ပြင်းချလျက်၊
“ မရဏတရားစီရင်သူရဲ့ အာရုံစိုက်မှုကို ရရှိသူက ဘယ်လိုလုပ်ပြီး .. သာမန်ဖြစ်နိုင်မှာလဲ ဒါကို ငါတို့သိသင့်တယ်။ ”
-ဟု နောင်တရစွာ ညည်းတွားလိုက်၏။
“ ကောင်းပြီ ... ချီးကျူးနေတာတွေကို ရပ်လိုက်ပါ အဲဒီကောင်စုရီက မိုးပြာမျိုးစေ့ကို သိမ်းသွားတာသေချာနေပြီမို့ ဘာလို့ ပြန်လု မယူရတာလဲ။ ”
စွေ့ကျင်းယန်မှ စိတ်အားတက်ကြွစွာ အကြံပြုလေသည်။ နဝမမြောက် အကြီးအကဲမှ မျက်နှာပျက်ယွင်းသွားကာ၊
“ ကျင်းယန် ... မင်း သူ့အပေါ် လက်စားချေဖို့အတွက် ... အသုံးချနေတာလို့ ဘာလို့များ ငါခံစားနေရတာလဲ ...
... မင်း ငါတို့ကို အရူးလုပ်ချင်နေတာ ရပ်လိုက်ပါ ... စုရီက မင်းကိုလွှတ်လိုက်ပေမယ့် ငါတို့ကိုလွှတ်ပေးမယ်လို့ မဆိုလိုဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ကျင်းယန် ... ငါလည်း မိုးပြာမျိုးစေ့ကို ရအောင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဒါပေမယ့် ငါ့ဘိုးဘေးကတော့ ... မရဏတရားစီရင်သူ မဟုတ်တာမို့ စိတ်မကောင်းပါဘူး ... ။ ”
ရွယ်ယီမှလည်း ချက်ချင်း ငြင်းဆန်၏။ စွေးကျင်းယန်တစ်ယောက် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကာ၊
“ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ။ ”
-ဟု ညည်းတွားလိုက်တော့သည်။
“ ဒီကောင် စုရီပဲဖြစ်ရမယ် ... ။ ”
ထိုအချိန်တွင် ဆိတ်ညံနေသော တောင်တန်းတစ်နေရာရှိ ရီမိသားစုဝင်များသည် ကောင်းကင်ပေါ် မော့ကြည့်ကာ ဒေါသထွက်လာ၏။
အလင်းများသည် ကြယ်ပွင့်များအလား ဦးတည်ရာတစ်ရပ်ထံသို့ သိပ်သည်းစွာ ကျဆင်း နေချေပြီ။
“ ဒီကောင် ... ။ ”
တစ်ချိန်တည်းမှာပင် အခြားသော ထိပ်တန်းအင်အားစုများ သည်လည်း အလားတူ မြင်ကွင်းကိုအံကြိတ်ကာ ကြည့်နေရ၏။
သူတို့အတွက် အချိန်အတော်ကြာ စောင့်မျှော်နေသော ကံကြမ္မာကို တစ်စုံတစ်ဦးမှ ကြိုတင်ရယူထားပြီး ဖြစ်နေချေပြီ။ ဤပွဲသည် တရားမျှတမှု မရှိချေ။
“ စုရီ ငါတို့မပြီးသေးဘူး ... ။ ”
***