← Chapters

မင်းတို့အတူလာသင့်တယ်

Vol. 49 Ch. 580

မင်းတို့အတူလာသင့်တယ်

Vol. 49 Ch. 580

ဖူကြွယ်သည် ဆံပင်ဖြူပြီး ခရမ်းရောင် မျက်လုံးပိုင်ဆိုင်ကာ ပိန်ပိန်ပါးပါး အဝါရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။

ချီနှင့်သွေးသည် သံမဏိကဲ့သို့ မာကျောပြီး တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်၏။ ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများထက် သာလွန်သော ရောင်ဝါရှိသည်။

ရီမျိုးနွယ်မှ ရီချောင်ချန်သည်ပင် အနည်းငယ်နိမ့်ကျ၏။ ခရမ်းရောင်လမြေခွေး မျိုးရိုး၌ ရှားရှားပါးပါး ရုပ်ခန္ဓာကျင့်ကြံသူ ဖြစ်သည်။

“ မင်းတို့တွေ ... အချိန်ကောင်း ရောက်လာတာပဲ ငါဒုက္ခကိုဖြတ်ကျော်တော့မှာ ဒါပေမယ့် ပြဿနာတော့ မရှိပါဘူး။ ”

စုရီက ကောင်းကင်ပေါ် မော့ကြည့်လျက် ပြောကြားလိုက်၏။ ထိုစကားအပေါ် ဖူစုရုံနှင့် ဖူကြွယ်မှာ နားမလည်မီ တခဏမျှ အံ့အားသင့် သွားကြသေးသည်။

ဆိုလိုသည်မှာ ၎င်းတို့သည် အချိန် အနည်းငယ်မျှ နောက်ကျပြီး ရောက်ရှိလာပါက ဝိညာဉ်ထင်ရှားခြင်းအဆင့်စုရီကို ရင်ဆိုင်ရ တော့မည် မဟုတ်ကြောင်း ဆိုလိုခြင်းပေပင်။

ဖူကြွယ်မှ ခဏမျှစဉ်းစားပြီး၊

“ မင်းအဆင့် ချိုးဖြတ်ပြီးတဲ့ အထိ ငါစောင့်နိုင်ပါတယ်။ ”

-ဟု ဖြေကြားလိုက်၏။

သူ့ကျင့်ကြံမှုနှင့် အဆင့်အတန်းကြောင့် အခွင့်ကောင်းယူရန် ဆန္ဒမရှိချေ။ ထိုစကားကို ကြားချိန်၌ စုရီမှ ရုတ်တရက်ပြုံး၏။

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီအနီးနားပတ်ဝန်းကျင်မှာ လူတွေ မရေမတွက် နိုင်အောင် ရောက်ရှိလာကြတယ် ... ဒါပေမယ့် သူတို့တွေ အချိန်ထိ ထွက်မလာသေးဘူး ဒါက ဘာလို့လဲ မင်းသိလား။ ”

ဖူကြွယ်မှ မျက်မှောင်ကြုတ်ပြီး၊

“ သူတို့အားလုံး မင်းကိုကြောက်နေတယ်လို့ ပြောနေတာလား။ ”

-ဟု ပြန်မေး၏။

ဆေးအိုးကိုးပါး မြို့တော်အနီးတွင် သူတို့အခြေအနေအပေါ် အာရုံစိုက်နေသော လူများစွာရှိနေကြောင်း သဘာဝအတိုင်း သူသိထားသည်။

စုရီမှ ခေါင်းယမ်းပြပြီး၊

“ မဟုတ်ဘူး ... ငါဒုက္ခကို ခံယူနေချိန်မှာ ငါ့ကိုသတ်ပစ်ဖို့ အခွင့်အရေး စောင့်နေကြတာ။ ”

-ဟု ပြောကြားလိုက်၏။

ကျင့်ကြံခြင်းလမ်းတွင် တားမြစ်ချက်များစွာရှိသည်။ ၎င်းတို့အနက် တစ်ခုသည် ဒုက္ခကိုခံယူနေစဉ် ကာကွယ်ပေးသူ လိုအပ်၏။

ဤနည်းအားဖြင့် ရန်သူသည် အခွင့်အရေးအပေါ်ဆုပ်ကိုင်ကာ ဖျက်ဆီးရန် ဆန္ဒမှာ အောင်မြင်မည်မဟုတ်ချေ။

ရှေးခေတ်မှယနေ့တိုင် မရေမတွက်နိုင်သော လူများစွာသည် ဒုက္ခကြုံတွေ့နေရစဉ် ရန်သူများ နှောက်ယှက်ခြင်းကို ခံခဲ့ရသည်။

ဤနည်းဖြင့် စိတ်အခြေအနေကို ထိခိုက်စေကာ ကောင်းကင်ဒုက္ခအောက်အတွင်း ဝိညာဉ်ကွဲအက်သွားနိုင်၏။

“ မင်း ... ဒါကိုသိတဲ့အတွက် ဘာလို့မြို့တော်မှာမနေဘဲ ဒီမှာနေနေရတာလဲ။ ”

“ အဟက် ... ဒီလိုဘေးဆိုးမျိုးက ငါ့ကိုဒုက္ခမပေးနိုင်ဘူး ... ငါဒုက္ခခံယူတဲ့အခါ မင်းငါ့ကိုဝင်စွက်ဖက်ပြီး ဖျက်စီးလို့ရတယ် ဒါမှမဟုတ် မင်းစောင့်ကြည့်လို့ရတယ် ...

... အဲဒီအချိန်မှာ ရန်သူတိုင်းတွေက ... ဖျက်ဆီးဖို့ငါ့ဆီလာလိမ့်မယ် မင်းဘယ်လိုနည်းပဲ ရွေးရွေး ... မင်းအတွက် အကျိုးရှိမယ်။ ”

“ ငါ မလုပ်ဘူး ... ။ ”

ဖူကြွယ်မှ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ စုရီသည် ဤကဲ့သို့ ပြုမူပြသည် နှင့်အမျှ အခွင့်ကောင်းယူရန် ပို၍ပင် စိတ်ကူး မရှိတော့ချေ။

“ ဒါဆို တိုက်ကြရအောင်။ ”

စုရီက လေထဲပျံတက်သွားသည်ကို အဝေးမှမျက်လုံးပေါင်းများစွာမှ လှမ်းကြည့်လာ တော့၏။

“ ဒီလူက စုရီကိုတိုက်ဖို့လာတာပဲ။ ”

“ စုရီဆီမှာ မိုးပြာမျိုးစေ့ ရှိတယ်လို့ ... ကောလဟာလတွေ ထွက်ပေါ်နေတယ် ဒါက အကြီးမားဆုံး ကံကြမ္မာပါပဲ ... ဘယ်သူက မနာလို မဖြစ်ဘဲနေမှာလဲ။ ”

“ ခဏစောင့်ကြည့်ရအောင် ... ငါတို့အတွက် အခွင့်အရေးမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ”

လူတိုင်းမျက်ဝန်းများ တောက်ပလာ၏။ ထိုသို့သော စကားသံများကို လျစ်လျူရှုလျက် မျက်မမြင်အဘိုးအို၊ ဧကရာဇ်ရှ၊ ဝမ်ရှင်းကျောက် နှင့် အခြားလူများ ပြေးလွှားလာတော့သည်။

“ အနားကို မလာနဲ့ အဝေးကနေ ကြည့်ပါ။ ”

စုရီက သတိပေးသည်။ ယခုအချိန်တွင် ကမ္ဘာကြီးသည် ရေစီးကြောင်းများ တဟုန်ထိုး တက်လာနေပြီဖြစ်၏။

လူကောင်းနှင့် လူဆိုးများ ရောထွေးလျက်ဖြင့် အပြောင်းအလဲ အနည်းငယ် သည်ပင် မတော်တဆမှုများ ဖြစ်ပွားနိုင်ချေ အလွန်များသည်။

ဆည်းဆာနေရောင်အောက်တွင် ဖူကြွယ်သည် ပိန်လှီသော အသွင်အပြင်ဖြင့် သွေးသားစွမ်းအင်များ လောင်မြိုက်နေ၏။

တစ်ချိန်တည်းမှာပင် ဆယ်ပေခန့်ရှိသော ကြီးမားပြီး လုံးဝိုင်းနေသည့် အလင်းစက်ဝန်း တစ်ခု ပေါ်လာသည်။

အလင်းသည် ရွှေရောင်ပေပင်။ ၎င်းလည်ပတ်သောအခါ မြင့်မြတ်သော တောင်တန်းကြီး၏ အရိပ်အယောင်များ ပေါ်လာသည်။

တောင်တန်းအတွင်း နတ်ဘုရားများနှင့် ပြည့်နှက်နေ၏။ လေဟာနယ် ပျက်ပြယ်လျက် တိမ်များပြိုကျသွားသည်။

ဤအခိုက်အတန့်တွင် ဖူကြွယ်၏ စွမ်းအားသည် အလွန်ကြီးမားလွန်းသောကြောင့် ချက်ချင်း တုန်လှုပ်သွားကြတော့၏။

ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ဝိညာဉ်စက်ဝန်းမှာ ပထမတန်းစား အရည်အသွေးဖြစ်သည်။

“ စိတ်ဝိညာဉ်၊ စွမ်းအင်နဲ့ ရုပ်ခန္ဓာက တစ်သားတည်း ပေါင်းစပ်ထားနိုင်နေပြီ ... ဒါက ဗုဒ္ဓရွှေခန္ဓာကို ယှဉ်နိုင်တဲ့ အဆင့်ကို ရောက်နေတာ မြင်သာပါတယ်။ ”

စုရီမှ မှတ်ချက်ပေးသည်။ ဖူကြွယ်တစ်ယောက် မျက်ခုံးပင့်လိုက်တော့၏။ ဤလူနှင့် သူ မည်သူ စီနီယာဖြစ်သနည်း။

ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ လူငယ်တစ်ယောက်သည် ထိုအဆင့်အပေါ် မြင်နိုင်သည်လော။

“ ကျေးဇူးပြုပြီး ... ။ ”

ဖူကြွယ်မှ ပြောသည်။ ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်ကာ သူ့အသားအရည်သည် ရွှေရောင်ဖျော့ဖျော့ တောက်ပလာ၏။

တစ်ဆက်တည်းမှာပင် ရောင်ဝါသည် ကောင်းကင်အပေါ် ထိုးဖောက်ဝင်ရောက်ကာ အတိုင်းအတာတစ်ခုအထိ ကြောက်မက်ဖွယ် ကောင်းနေသည်။

ယနေ့ခေတ် မိုးပြာတိုက်ကြီးတွင် ဖူကြွယ်ကဲ့သို့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သည် အထွတ်အထိပ်တည်ရှိမှုဖြစ်၏။

စုရီသည် အဓိပ္ပါယ်မရှိသော စကားများမဆိုဘဲ အနည်းငယ် ခေါင်းညိတ် လိုက်တော့သည်။ သူ အချိန်မဖြုန်းလို တော့ချေ။

လေထဲလှမ်းလိုက်ကာ ၀တ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် ဖူကြွယ်ဆီသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

“ ဝှစ် ... ။ ”

ဤသည်မှာ ရိုးရှင်းသော လက်သီးတစ်ချက်မျှသာဖြစ်ပြီး ဆန်းကြယ်ခြင်း မရှိချေ။

၎င်းသည် ကမ္ဘာကြီးအပေါ် ဇောက်ထိုးလှန်ပစ်ကာ ကံကြမ္မာအပေါ် ဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။

စုရီအဆင့်သို့ ရောက်ရှိသောအခါ လှုပ်ရှားမှုတိုင်းသည် မဟာတာအို၏ အံ့ဖွယ်ရာ ကောင်းမှုများဖြင့် ပြည့်နှက်နေပေမည်။

“ ဟမ့် ... ။ ”

ရိုးရှင်းချေ၏။ သို့သော် တကယ်တမ်းတွင် ၎င်းစွမ်းအားသည် ခန့်မှန်းမရချေ။ ဖူကြွယ်ခမျာ အမူအရာ အေးစက်မာကျောလာပြီး စုရီအပေါ် လျှော့မတွက်ဘဲ ခွန်အားအပြည့်တုန့်ပြန်၏။

လက်သီးနောက်တွင် တာအိုအလင်းသည် ဒီရေကဲ့သို့ လိုက်ပါလာကာ တောင်နှင့်မြစ်များ လင်းထိန်သွားစေသည်။

“ ဘုန်း ... ။ ”

လေဟာနယ် ပျက်ပြယ်သွားပုံရပြီး၊ နတ်အလင်းများ ပေါက်ကွဲလျက် တုန်လှုပ် ချောက်ချားသွားတော့၏။

ထို့နောက်တွင် စုရီနှင့် ဖူကြွယ်သည် နတ်ဘုရားနှစ်ပါးအလား အပြင်းအထန် တိုက်ပွဲ ဝင်လိုက်ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကြိမ်ရာနှင့်ချီဖလှယ်လျက် လေဟာနယ်ကြီး တစ်ခုလုံး ကမောက်ကမဖြစ်ကုန်၏။

ဖူကြွယ်သည် အလွန်သန်မာသည်။ ရုပ်ခွန်အားအရာတွင် ဝိညာဉ်ရတနာများနှင့် ယှဉ်နိုင်ချေ၏။

သူ့တစ်ကိုယ်လုံး ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သောတောင်ကြီးကဲ့သို့ ကြီးစိုးကာ ပြင်းထန်လှသည်။ အဝေးက ကြည့်နေရုံဖြင့် ဖိနှိပ်ချုပ်ချယ်မှုများ ခံစားရစေ၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုသို့တန်ခိုးကြီးသူသည် စုရီကို မနှိမ်နှင်းနိုင်မှန်း လူများက တဖြည်းဖြည်း သိလာကြသည်။

ဆန့်ကျင်ဘက်တွင် ဖူကြွယ်၏ တိုက်စစ်များကို စုရီမှတစ်ဆင့်ပြီးတစ်ဆင့် နှိမ်နင်းသွားခဲ့၏။

“ စုရီက မျှော်လင့်ထားသလိုပါပဲ ... ဝိညာဉ်တာအိုနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီ။ ”

အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ဝိညာဉ်ထင်ရှားခြင်းအဆင့်ဖြင့် အထက်အဆင့် နှစ်ခုကို လွှမ်းခြုံနိုင်ပြီး ပြိုင်ဘက်ကို အဆင့်ဆင့် ဖိနှိပ်နိုင်နေ၏။

ဖူစုရုံပင် မသက်မသက်ဖြစ်လာသည်။ စုရီအပေါ် ရန်ငြိုး မရှိသော်လည်း ဤတစ်ခေါက် ကောင်းစွာ သူမ ပြင်ဆင်လာခဲ့သည်။ သို့သော် လုံ‌လောက်ပုံ မရချေ။

“ သတ် ... ။ ”

ကျယ်လောင်သော ဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ တိုက်ပွဲသည် အရှိန်အဟုန် မြင့်မားနေချေ၏။

တစ်ဆက်တည်းမှာပင် ဖူစု၏ ခန္ဓာကိုယ်သည် နတ်ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ သူ့နောက်မှ အလင်းစက်ဝန်းကြီး ဖြည်းညှင်းစွာ လှည့်ပတ်လာသည်။

ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူသည် တာအိုအမှန်တရားများအပေါ် သိုလှောင်ရန် ခန္ဓာကိုယ်ကို အသုံးပြု၏။

ဤနည်းဖြင့် တိုက်ပွဲတွင် ရုပ်ခွန်အားကို ဆယ်ဆမြှင့်တင်နိုင်မည်။ ဖူကြွယ်ကဲ့သို့ လူသည် ရုပ်ခန္ဓာ၌ ထိပ်တန်းပုဂ္ဂိုလ်ပေပင်။

ခွန်အားအရာ၌ တူညီသော အဆင့်ထက် ကျော်လွန်၏။ တစ်ချက်ထိုးရုံဖြင့် ရီချောင်ချန် ကဲ့သို့သော ရီမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး ပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင်သာ ရှိနေသည့် စုရီရှေ့တွင် အစမှအဆုံးတိုင် ဖိနှိမ်ခံနေရသည်။

ဤအရာက ဖူကြွယ်ကို စိတ်လှုပ်ရှားစေပြီး အမူအရာသည်လည်း မကြုံစဖူးလေးနက်နေ၏။ သူ သည်မလာခင် စုရီအကြောင်းသိထားသဖြင့် တိုက်ပွဲအစတည်းက စစ်မှန်သောခွန်အားကို အသုံးပြုထားသည်။

သို့တိုင် မယုံနိုင်လောက်အောင် ဖြစ်နေဆဲပေပင်။ တစ်ဖက်လူသည် သန်မာ လွန်းချေ၏။

“ မင်းရဲ့ရုပ်ခွန်အားက အတော့်ကို အထင်ကြီးစရာကောင်းတယ် ငါ့ခွန်အားအပြည့် အသုံးပြုဖို့ ထိုက်တန်တဲ့ ပထမဆုံးပြိုင်ဘက်ပဲ။ ”

တိုက်ပွဲအတွင်း စုရီမှ ကျေနပ်အားရစွာ ခေါင်းညိတ်သည်။

“ ဒါပေမယ့် မင်းရဲ့အဖွဲ့ဝင်တွေနဲ့ အတူတူ တိုက်ခိုက်သင့်တယ် မဟုတ်ရင် သေချာပေါက် မင်းရှုံးလိမ့်မယ်။ ”

ဤစကားတွင် ပုတ်ခတ်ပြောဆိုခြင်းမျိုး မပါဝင်ချေ။ သို့သော် ထိုစကားသည် ဖူကြွယ်ကို မသက်မသာဖြစ်စေ၏။ ဖူစုရုံမှ ငြိမ်သက် မနေနိုင်တော့ဘဲ၊

“ မြန်မြန်လာကြ ငါဒီတိုက်ပွဲကို ထပ်ပြီး အရှုံးမခံနိုင်တော့ဘူး။ ”

-ဟု အမိန့်ပေးလိုက်သည်။

သူမဘေးရှိ ခရမ်းရောင် လမြေခွေးမျိုးနွယ်ဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသည် ချင်းချင်း ပြန်ကြည့်ကာ တိုက်ပွဲအတွင်း ဝင်ရောက်လာတော့၏။

***

All Chapters