← Chapters

ငါ့စုရီရဲ့ ရန်သူဖြစ်ရင် ရလာဒ်က တစ်ခုတည်းပဲ

Vol. 49 Ch. 586

ငါ့စုရီရဲ့ ရန်သူဖြစ်ရင် ရလာဒ်က တစ်ခုတည်းပဲ

Vol. 49 Ch. 586

“ အဟွတ် ... အဟွတ် ... ။ ”

တောက်ပသော ဓားတစ်လက်သည် တစ်လက်မချင်း ကွဲကြေသွားသည်။ ၎င်းဓားကို ကိုင်ဆောင်သူသည် နောက်သို့ ယိမ်းယိုင်လျက် သွေးချောင်းဆိုးလာ၏။

သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာပင် သူ့မျက်ဆန်ထဲ ဓားချီတစ်စ ရုတ်တရက် ကျယ်လာ၏။

ကြည့်နေဆဲမှာပင် ၎င်းသည် ဆက်လက်ကျယ်ပြန့်လာပြီး သူမြင်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သွားသည်။

“ ရွှပ် ... ။ ”

ဦးခေါင်းကြီး လေထဲလွင့်ပျံသွား၏။ ထိုအချိန်တွင် ဓားချီမှာ ဆက်လျက်ရွေ့လျားကာ ကြေးဝါရောင် တာအိုတံဆိပ်ကို ဖြိုခွဲပြန်သည်။

“ ခရစ် ... ။ ”

တံဆိပ်သည် ပြန့်ကျဲသွားပြီး အမျိုးသားတစ်ဦးသည် အပိုင်းအစများအဖြစ် ပြောင်းလဲသွား၏။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည် မယုံနိုင်လောက်အောင် တပြိုင်နက်တည်း သေဆုံးခဲ့သည်။ ထိုအချိန်၌ စုရီသည် နောက်ထပ်ပစ်မှတ်ဆီသို့ ဦးတည်နေပြီဖြစ်၏။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများ၏ ခွန်အားသည် မဟာတာအို စက်ဝိုင်း အရည်အသွေးပေါ် မူတည်သည်။

ဥပမာ ရှားကျစ်ပိုင်နှင့် ဟွမ်ရှောင်လင်သည် အလင်းစက်ဝိုင်းအရ ဝိညာဉ်တာအိုနယ်ပယ်၏ အထက်တန်းစားများဖြစ်သည်။

အလားတူပင် ကောင်းကင်မြစ်နယ်မြေ မြောက်ပိုင်းရေခဲဓားနန်းတော်၏ ဝမ်ကျုံးယန် သည်လည်း အထင်တန်းစား ပုဂ္ဂိုလ်တစ်ဦး ပေပင်။

ဆိုလိုသည်မှာ ထိုသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် သေဆုံးသွားသော ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများသည် နိမ့်ကျလွန်း၏။

ထို့ကြောင့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ရောက်ရှိလာခဲ့သော စုရီနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့လာခြင်းဖြစ်သည်။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့်မြေကြီးကြား ကမောက်ကမဖြစ်ပြီး လတ်ဆတ်သောသွေးများ လေထုအလယ် ဖျန်းကျသွား၏။

တိုက်ပွဲစတင်လိုက်သည်နှင့် ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများသည် တိုက်ခိုက်မှုများပြိုကျပြီး ထက်ဝက်ကျော် ကျဆုံးကုန်သည်။

အစမှအဆုံးတိုင် စုရီ၏ တိုက်ခိုက်မှုများအပေါ် မည်သူမျှ တားဆီး နိုင်ခြင်း မရှိခဲ့ချေ။

“ ကြောက်စရာ ကောင်းလွန်းတယ် … ။ ”

မရေတွက်နိုင်သော လူများသည် အံ့ဩခြင်းနှင့်အတူ မှင်သပ်ကုန်၏။ စုရီသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက် နေတော့သည်။

“ အခု ... ငါဘာလို့ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့လဲဆိုတာ နားလည်ပြီ မဟုတ်လား ... ။ ”

ဖူကြွယ်မှ ရေရွတ်လိုက်သည်။ ကောင်းကင်ဒုက္ခကို မကျော်ဖြတ်နိုင်ခင်မှာပင် စုရီ၏ခွန်အားသည် သူ့အပေါ် နှိမ်နှင်းရန် လုံလောက်နေချေပြီ။

ဖူစုရုံက တုန့်ပြန်ခြင်း မပြုသော်လည်း အစောပိုင်း မကျေနပ်မှုများ ပျောက်ကွယ်ကာ အံ့ဩခြင်း၊ ထိတ်လန့်ခြင်းများ အစားထိုး ဝင်လာခဲ့သည်။

“ မြင်ပြီလား ... အဲဒီလူယုတ်မာတွေက ဒုက္ခအတွင်းမှာ ချောင်းမြောင်းလုပ်ကြံဝံ့သလား ဘယ်လောက် မိုက်မဲခဲ့လဲ ဆိုတာကို ... ။ ”

မျက်မမြင်အဘိုးအို၏ လေသံသည် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နေခဲ့၏။ ဧကရာဇ်ရှ၊ ဝမ်ရှင်းကျောက်နှင့် အခြားသူများ ခမျာ နှလုံးသားများတွင် ခံစားချက်များ ပြည့်လျှံလာသည်။ စုရီအသွင်သည် လွတ်လပ်ပြီး အထိန်းအကွပ် မဲ့နေ၏။

“ အဟွတ် ... အဟွတ် ... ။ ”

ရှားကျစ်ပိုင်တစ်ယောက် သွေးချောင်းဆိုးလာ၏။ စုရီခွန်အားသည် တုန်လှုပ်ဖွယ်ကောင်းပြီး တိုက်ပွဲဝင်ဆန္ဒကို ပြိုကျလုနီးနီး ဖြစ်လာစေသည်။

ဆင်းရဲဒုက္ခကြုံနေရသည့်တိုင် ရက်စက်ကြမ်းကြုတ်စွာ တုန့်ပြန်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

မည်သို့သော ရတနာမဆို စုရီ၏ရှေ့တွင် အားလုံးသည် စက္ကူကဲ့သို့ နုနယ်နေပုံရသည်။ ထိခိုက်အောင် မလုပ်နိုင်ချေ။

ဆန့်ကျင်ဘက်အနေနှင့် လက်သီးတစ်ချက် ထိုးချလိုက်တိုင်း သူတို့၏အဆောင်ရတနာများ ဆုတ်ပြဲလျက် မရပ်မနား အရှိန်အဟုန်ဖြင့် သတ်ဖြတ်ခံနေရသည်။

ထိုမျှသော အခိုက်အတန့်အတွင်းမှာပင် သူတို့အဖွဲ့သုံးဖွဲ့၌ များစွာသောအသေအပျောက် ရှိလာနေပြီဖြစ်၏။

“ ဝုန်း ... ။ ”

ရှုပ်ယှက်ခတ်နေသော တိုက်ပွဲအတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အခြားသော ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး လဲကျသွားပြန်၏။

စုရီလက်ဖဝါးသည် ဆူပွက်သွားအောင် ပါးရိုက်ချပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ချက်ချင်း သတ်ပစ်လိုက်၏။

ဤသွေးထွက်သံယို လွှမ်းမိုးလွန်းသော တိုက်ပွဲဝင်ပုံစံသည် ကုလားအုတ်ကျောပေါ်သို့ ပြုတ်ကျနေသော ကောက်ရိုးမျှင်ကဲ့သို့ပေပင်။

“ ဝှစ် ... ။ ”

ဟွမ်ရှောင်လင်၏ ပြန်လည် ခုခံလိုသောဆန္ဒသည် လုံးဝပြိုကျသွားသည်။ မဆိုင်းမတွဘဲ အမြီးတန်းနေအောင် ချက်ချင်းလှည့်ပြေးလိုက်၏။

သူ့ပတ်ဝန်းကျင်၌ သွေးနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သောင်းနှင့်ချီသော သွေးချည်မျှင်များအဖြစ်သို့ ပြောင်းလဲကာ ပြန့်ကျဲသွားသည်။

“ သွေးချိုးဖြတ် လွတ်မြောက်ခြင်း နည်းစနစ်။ ”

ဤသည်မှာ ပြင်းထန်သော တားမြစ်နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းကို အသုံးပြုသူသည် သက်တမ်းများစွာ ပေးအပ်ရပေမည်။

ဆိုလိုသည်မှာ သက်တမ်းနှင့် အသက်ရှင်လွတ်မြောက်မှုကို ဝယ်ယူခြင်း ဖြစ်သည်။

ထိုသို့သော တားမြစ်နည်းစနစ်များသည် နတ်ဆိုးကျင့်ကြံသူများ တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်ကြသည်။

“ အချည်းအနှီး အားထုတ်မှုပဲ။ ”

တန်ဖိုးကြီးသော်လည်း အမှန်တကယ် ထိရောက်မှုရှိ၏။ သို့သော် ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်ရန်သူသည် စုရီဖြစ်နေသည်။

“ အသက်ဝင် ... ။ ”

စုရီတစ်ယောက် တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် လေဟာနယ်အတွင်း နံရံများဖြစ်ပေါ်လာလေသည်။

မိုင်တစ်ထောင် ဧရိယာအတွင်း လေဟာနယ်ပိတ်ကျသွားသည်။ နံရံတိုင်းသည် တလက်လက်တောက်ပကာ ဆန်းကြယ်သော သက္ကတကျမ်းစာများ လွင့်မျောနေ၏။

အဝေးမှ ကြည့်သော် စုရီရပ်နေသည့် နေရာသည် ကြီးမားသောလှောင်အိမ်ကြီး အဖြစ် ပြောင်းလဲသွားချေပြီ။ ပြေးစရာနေရာ မရှိသလို ပုန်းစရာလည်း မရှိချေ။

ဤသည်မှာ ရီမိသားစု၏ ချုပ်နှောင်ခြင်းစက်ဝိုင်းကဲ့သို့ အမြင့်မြတ်ဆုံး ဗုဒ္ဓ အမွေတစ်ခု ဖြစ်သည်။

လှောင်အိမ်အတွင်း ဗုဒ္ဓဘာသာ သာသနာတော်နယ်မြေအဖြစ်သို့ ပြောင်းလဲသွား ပေမည်။ နတ်ဆိုးများအတွက် အထိရောက်ဆုံး ပိတ်လှောင်ခြင်းနယ်မြေဖြစ်၏။

ဗုဒ္ဓဧကရာဇ် တစ်ပါးသည်သာ ထိုနည်းစနစ်ကို ထုတ်လွှတ်သော် လက်ဖဝါး တစ်ချက်သည် မိုင်ပေါင်းရှစ်ထောင်ကို လွှမ်းခြုံနိုင်၏။

“ ဘောင်း ... ဘောင်း ... ။ ”

မရေမတွက်နိုင်သော သွေးချည်မျှင်များစွာသည် နံရံကိုရိုက်ခတ်ကာ ပေါက်ကွဲကုန်တော့သည်။

“ ဘုန်း ... ။ ”

၎င်းတို့အနက် သွေးချည်မျှင်တစ်ခု ပေါက်ကွဲပြီး ဟွမ်ရှောင်ယုအဖြစ်ပြောင်းလဲကာ ကောင်းကင်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“ မဟုတ်ဘူး။ ”

တုန်လှုပ်ချောက်ချားမှုနှင့် အန္တရာယ် အချက်ပေးသံများ မြည်လာကာ ဖြူဖျော့သော မျက်နှာပေါ်လာသည်။

“ ဘယ်လောက်တောင် မသိတတ်လိုက်လဲ။”

စုရီ၏ မျက်လုံးများသည် အထင်အမြင်သေးသော အရိပ်အမြွက်များဖြင့် တောက်ပနေသည်။

ထိပ်တန်း ဧကရာဇ်အင်အားစုတိုင်း၌ သွေးလွတ်မြောက်ခြင်း နည်းစနစ်များအပေါ် တန်ပြန်နည်းစနစ်များရှိသည်။

ဥပမာအားဖြင့် ဗုဒ္ဓလက်ဖဝါးတွင်ရှိသော ဗုဒ္ဓဒိုမိန်း၊ တာအိုဘာသာတွင်ရှိသော တာအို လှောင်အိမ်နှင့် တစ္ဆေကျင့်ကြံသူများ၏ ယိုအကျဉ်းထောင် စသည်တို့ပေပင်။

ဤနည်းစနစ်များသည် တိုက်ခိုက်ရေး နည်းစနစ်များကဲ့သို့ အားကောင်းခြင်း မရှိသော် ငြားလည်း ထွက်ပြေးခြင်းကို တားဆီးရန် မယုံနိုင်လောက်အောင် အသုံးဝင်သည်။

“ ချိုးဖြတ် ... ။ ”

ဟွမ်ရှောင်လင်မှ အော်ငေါက်လျက် လေဟာနယ်တာအိုနံရံများကို ရိုက်ချလိုက်၏။ သို့သော် စုရီမှ အခွင့်အရေး လုံးဝမပေးချေ။

“ ရွှပ် ... ။ ”

ဓားချီတစ်စင်းသည် နေရောင်ခြည်အတွင်း ထိုးဖောက် ဝင်ရောက်လာသော သက်တံကဲ့သို့ လေထဲ ဖြတ်သန်းသွားသည်။

အန္တရာယ်ကို ခံစားမိသောကြောင့် ဟွမ်ရှောင်လင် တစ်ယောက် သူ့ပတ်ဝန်းကျင်၌ နတ်ဆိုးမီးလျှံများဖြင့် ချပ်ဝတ်တစ်ထည်ကို ချက်ချင်းဖန်တီး၏။

“ ဖရူး ... ။ ”

“ ဘောင်း ... ဘောင်း ...။ ”

ထို့နောက် ထီးတစ်လက်ကို ထုတ်ယူကာ အစွမ်းရှိသမျှ တွန်းပစ်လိုက်၏။ ထီးရွက်သည် ဓားချီနှင့် တိုက်မိသောအခါ စက္ကူကဲ့သို့ ကွဲထွက်သွားတော့သည်။

“ မလုပ်နဲ့ ... ။

အဆုံးတွင် နတ်ဆိုးမီးလျှံချပ်ဝတ်သည် ခန္ဓာကိုယ် တစ်လျှောက် ကွဲအက်သွားတော့၏။ စိတ်ဆင်းရဲစရာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားကာ အဆုံး၌ ပေါက်ကွဲသွားသည်။

သွေးမြူများ ပွင့်လန်းလျက် လေနှင့်အတူ ပျံ့ကျဲကုန်၏။ ကျန်သူများသည်လည်း ပြေးရန် စဉ်းစားနေကြပြီ ဖြစ်သောကြောင့် နှလုံးသား နစ်မြုပ်သွားသည်။

“ သတ် ... ။ ”

“ သနားစရာကောင်းတဲ့ ပိုးဖလံလေးတွေ။ ”

ပြေးစရာနေရာမရှိချေ။ ထို့ကြောင့် တိုက်ပွဲသည် ပြင်းထန်လာသည်။ များမကြာခင် ရှားကျစ်ပိုင်၊ ဝမ်ကျုံးယန်နှင့် အခြား (၂)ယောက်သာ ကျန်ရှိတော့၏။

“ စုရီ၊ ငါရှုံးနိမ့်တာကို ကျေကျေနပ်နပ်ကြီး ဝန်ခံပါတယ်... မင်းကရုဏာပြနေသရွေ့ မင်းကို ဘယ်တော့မှ ရန်ပြုတော့မှာ မဟုတ်ဘူးလို့ ကတိပေးနိုင်ပါတယ်။ ”

ရက်ရက်စက်စက် သတ်ဖြတ်နေသော မြင်ကွင်းသည် ရှားကျစ်ပိုင်ကို ဦးစွာ ပြိုလဲသွား စေတော့သည်။ ကောင်းကင်ဓားခန်းမ၏ ပါရမီရှင်ဟူသည် ဂုဏ်သိက္ခာကိုပင် ဆုပ်ကိုင် မထားနိုင်တော့ချေ။

“ ငါ့ရန်သူအဖြစ် ရပ်တည်ခြင်းအတွက် ရလာဒ်က တစ်ခုတည်းရှိတယ်။ ”

“ အား ... ။ ”

စုရီ၏ တည်ငြိမ်သောအသံနှင့်အတူ ဓားချီသည် ကောင်းကင်ပေါ် လွင့်စင်လာပြီး အနီးဆုံးလူတစ်ဦးကို အမှုန့်အဖြစ် ပြောင်းလဲလိုက်ပြန်သည်။

“ ဝှစ် ... ။ ”

ထို့နောက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ရှကျစ်ပိုင်ထံ ဦးတည်လိုက်၏။

“ ကရုဏာကို တောင်းတာက ... မင်းကို ကောင်းကျိုးမပေးဘူး ငါတို့မှာ စွန့်စားဖို့ကလွဲလို့ အခြား ရွေးစရာမရှိဘူး။ ”

“ ကောင်းပြီ... ဒါဆို တိုက်ကြရအောင်။ ”

ထိုမြင်ကွင်းကြောင့် ဝမ်ကျုံးယန်မှ အော်ဟစ်လိုက်သည်။ ရှားကျစ်ပိုင်သည်လည်း အံကြိတ်ပြီး ခေါင်းညိတ်လိုက်၏။

ကံမကောင်းစွာဖြင့် သူတို့၏ တုန့်ပြန်ရုန်းကန်မှုသည် အချည်းနှီးပေပင်။ ရှားကျစ်ပိုင်အပါအဝင် အားလုံးအတွက် သေခြင်းမှာ ကျရောက်ပြီးဖြစ်၏။

“ ရွှပ် ... ။ ”

ဝမ်ကျုံးယန်ဘေးရှိ အနက်ဝတ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားလေသည်။ ချီဓားတစ်လက် သူမနဖူးအတွင်း ဝင်ရောက် သွားခြင်းဖြစ်၏။ အသံပင် မထွက်နိုင်ခဲ့ချေ။

“ ဘောင်း ... ဘောင်း ... ။ ”

တစ်ဆက်တည်းမှာပင် ဝမ်ကျုံးယန်၏ ဝိညာဉ်ရတနာသည် အပိုင်းပိုင်း ပေါက်ကွဲပြီး သူ့ခန္ဓာကိုယ်အပေါ် ဓားချီပြိုကျလာသည်။

“ မလုပ်နဲ့ ... ။ ”

အသက်တရှိုက်စာအတွင်း သူ့ခန္ဓာကိုယ် ကွဲကြေစေကာ ဝိညာဉ်ပင် မကျန်ရှိတော့ချေ။ ကြေမွသွားခဲ့သည်။ မသေဆုံးမီ အခိုက်အတန့်၌ နောင်တမျက်ဝန်းများ ထွက်ပေါ်လာ၏။

“ တာအိုစု ... ကျေးဇူးပြု၍ ရပ်ပါ ... ငါ့ကောင်းကင်ဓားခန်းမရဲ့ တစ်စုံတစ်ယောက် အသက်ကို ဝင်ချင်ပါတယ်။ ”

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ယောက် အော်ဟစ်ဟန့်တားသံ ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ ကောင်းကင်ဓားခန်းမမှ အကြီးအကဲတစ်ဦးဖြစ်၏။

သေခြင်းအတွက် စိတ်ပျက်လက်ပျက် ခံယူရန်ပြင်နေသည့် ရှားကျစ်ပိုင်တစ်ယောက် ထိုအသံကြောင့် ချက်ချင်း မျှော်လင့်ချက် အလင်းရောင်များ ပေါ်လာခဲ့သည်။

“ စိတ်မဝင်စားဘူး။ ”

သို့သော် ဤသို့ပေါ့ပေါ့ပါးပါး ဝဏ္ဏလေးလုံးသည် စုရီထံမှ ထွက်ကျလာပြီး ရှားကျစ်ပိုင်ထံ လှည့်ကြည့်လိုက်၏။

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဓားချီတစ်စင်းသည် ရှားကျစ်ပိုင်ကို အမှုန့်အဖြစ် ပြောင်းလဲလိုက် ချေပြီ။

ရေတံခွန်လို သွေးများ ဖျန်းကျကုန်၏။ ဤအရပ်၌ စုရီအပေါ် ပစ်မှတ်ထားလာခဲ့သော ရန်သူများ လုံးဝ ရောက်မလာသကဲ့သို့ ပျောက်ကွယ်သွားချေပြီ။

စုရီသာလျှင် ထိုအရပ်တွင် ရပ်လျက် တစ်ဦးတည်း ကျန်ရစ်တော့၏။ ကောင်းကင်နှင့် မြေကြီးကြား သွေးများစွန်းထင်းနေချေပြီ။

***

All Chapters