← Chapters

ငါက...ခရီးသွားတစ်ယောက်ပဲ

Vol. 49 Ch. 588

ငါက...ခရီးသွားတစ်ယောက်ပဲ

Vol. 49 Ch. 588

“ ယောက်ျားနဲ့ မိန်းမကြားက ... ချစ်ခြင်းမေတ္တာနဲ့ လိင်မှုကိစ္စဆိုတာ သဘာဝပဲ ရှက်စရာ မဟုတ်ဘူး ...

... ပြီးတော့ နှစ်မွှာကျင့်ကြံတာက ကောင်းကင်နဲ့မြေကြီးရဲ့ အခြေခံ နိယာမတစ်ခု ဖြစ်တယ် ... ဗုဒ္ဓဘာသာ၊ တာအိုဘာသာ နတ်ဆိုးဂိုဏ်း စတဲ့ကျင့်ကြံသူတိုင်းမှာ ...

... သက်ဆိုင်ရာ နှစ်မွှာကျင့်ကြံခြင်း နည်းစနစ်တွေရှိကြတယ် အခုငါသင်ပေးမယ် မင်းအာရုံစိုက်ထားပါ ... ချာကျင်တုန်းက မင်း ရှိနေတာမို့ သိပ်စိမ်းနေမှာ မဟုတ်ဘူး။ ”

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ၏။ တောက်ပသော မီးအိမ်အလင်းရောင်အောက်၌ ချင်းဝမ်သည် အနည်းငယ် ရဲရင့်လာသည်။

အဆုံး၌ လုံးဝတည်ငြိမ်သွား၏။ မြင်ကွင်းများနှင့် အရက်သည် သူမအတွက် အသားအရေကို ပန်းသွေးရောင် ပြောင်းလာစေသည်။

ချာကျင်၏ အလှနှင့်နှိုင်းယှဉ်ပါက ချင်းဝမ်သည်သိမ်မွေ့လွန်းကာ ခွန်အားအပြည့် အသုံးချလိုသော ယောက်ျားပျိုများအတွက် ဆန္ဒကို အလွယ်တကူ နှိုးဆွပေးနိုင်၏။

ကံကောင်းထောက်မစွာ စုရီသည် တပ်မက်မှုဖြင့် နစ်မြုပ်နေသူမျိုး မဟုတ်ချေ။ ယောက်ျားနှင့် မိန်းမကြား ကိစ္စများတွင် ဝါစဉ်ရှိသူ တစ်ဦးလည်းဖြစ်သည်။

နှစ်ပေါင်း (၁၈၀၀၀၀) ဟူသော စုရွှမ်ကြွယ်ဘဝသည် သက်တမ်းတိုလေးလေး မဟုတ်ချေ။ ဝိုင်ပုလင်းကုန်ချိန်၌ စကားကို ရပ်လိုက်ကာ၊

“ သွားရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ချင်းဝမ်မှ မော့အကြည့်တွင် စုရီမှ ပွေ့ချီလျက် ခေါ်ဆောင်လိုက်၏။ ရင်ခွင်ထဲ၌ နီရဲနေသော သူမမျက်နှာကို သိုဝှက်လျက် လိုက်ပါလာသည်။

လှိုင်းသည် ပြင်းထန်၏။ ပင်လယ်ရေသည် ရေငတ်မပြေချေ။ အသက်ရှူသံများ မြန်လာပြီး လှုပ်ရှားသံများ ရောထွေးကုန်သည်။

“ တာအိုသခင် ... ။ ”

ချင်းဝမ်ခမျာ အင်္ကျီများ ဆွဲချွတ် ခံလိုက်ရလေသည်။ နှစ်ကြိမ် မြင်ခွင့်ရခဲ့သော ရှိုက်ဖို့ကြီးငယ် အသွယ်သွယ် ပေါ်လာရ၏။

“ အို့ ... ။ ”

ရုတ်တရက် နွေးခနဲ ခံစားချက်သည် ချင်းဝမ်ကို မျက်ဝန်းများ မှေးကျသွားစေသည်။ သန်းခေါင်ယံ အချိန်အခါသည် ရှည်လျားကာ အဆုံးမရှိချေ။

“ တာအိုသခင် မင်းအရမ်းကြမ်းတယ်။”

သွယ်လျသောခါးကို ဆုပ်ကိုင်ထားသည့် လက်များအတွင်း ချင်းဝမ်ခန္ဓာကိုယ်လေးမှာ တွန့်လိမ်လာသည်။

မြို့ပြင်တိုက်ပွဲတွင် ပြသထားခဲ့သော ခွန်အားသည် အဆတစ်ရာ တိုးပွားလာချေပြီ။ အဆုံးတွင် ချင်းဝမ်ခမျာ သည်းမခံနိုင်တော့ဘဲ ပြန်လည်အုပ်စိုးရန် ကြံရွယ်လိုက်၏။

လန်းဆန်းနူးညံ့သော ခံစားချက်သည် အသက်ရှူသံများနှင့်အတူ လုံးလုံးလျားလျား လွတ်မြောက်သွားတော့သည်။

ထင်းရှူးပင်နှင့် ဝါးပင်များ ယိမ်းနွဲ့လျက် ပြတင်းပေါက်အပြင်ဘက်မှ ညလေပြေညင်းများ ဝင်ရောက်လာသည်။

ရုတ်တရက် စုရီတစ်ယောက် အနည်းငယ် တွန့်ဆုတ်သွား၏။ ချင်းဝမ်မှ ခေါင်းမော့ကြည့် လေသည်။

“ တာအိုသခင် ... ဘာဖြစ်တာလဲ။ ”

သူမအသံသည် အနည်းငယ် စိုးထိတ်ပြီး လေထုထဲမှ ပေါ်လာ၏။ စုရီမှ ခေါင်းယမ်းကာ၊

“ ဘာမှမဖြစ်ဘူး ... ဆက်သွားပါ။ ”

-ဟု ပြောကြားလိုက်သည်။

တစ်စုံတစ်ရာကို ကြောက်ရွံ့နေသကဲ့သို့ ချင်းဝမ်ခန္ဓာအတွင်း၌ စွမ်းအားတစ်ခုပေါ်လာ သည်။ ထို့ကြောင့် ထူးဆန်းသော မျက်ဝန်းကို စုရီက သတိရလာခြင်းပေပင်။

မနက်လင်းသည်နှင့် စုရီက ဦးစွာနိုးသည်။ သူသည် သူ့ကိုယ်သူ အချိန်အကြာကြီး ဖိနှိပ်ကာ တစ်ညတာ လွတ်မြောက်ခွင့်ပေးပြီးနောက်တွင် တက်ကြွသော ခံစားချက်များ ရရှိလာသည်။

“ အနာဂါတ်မှာ နှစ်မွှာကျင့်ကြံခြင်းကို ငါလျစ်လျူရှုထားလို့ မရတောဘူး ထင်တယ်။ ”

အိပ်ရာထ၊ ရေချိုးပြီး မနက်စာစားကာ ရေကန်အနား အနားယူလိုက်သည်။ မနေ့ညက အနည်းငယ် ကြမ်းတမ်းသော်လည်း ကျေနပ်စရာကောင်းသည်။

“ အစ်ကိုစု၊ မင်းဒီနေ့ အရမ်း ကျေနပ်နေသလိုပဲ ကြည့်ကောင်းနေတယ် ညက ဉာဏ်အလင်းရခဲ့တာလား ... ဒါဆို ငါ့ကို ပြန်ဝေမျှပေးပါ ... ။ ”

ဝမ်ရှင်းကျောက်က ပြုံးပြီး ပြောသည်။ စုရီခမျာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။ ထိုအရာကို မည်သို့ ဝေမျှနိုင်မည်နည်း။

“ ဒေါက် ... ဒေါက် ... ။ ”

ထိုစဉ် ခြံတံခါးခေါက်သံ ထွက်ပေါ်လာတော့၏။

“ တာအိုစု ... ငါက မန်ပိုနန်းတော်ရဲ့ နဝမမြောက်အကြီးအကဲ ရို့ယန်ပါ ... တွေ့ခွင့် တောင်းဆိုပါတယ်။ ”

သူ့ကိုယ်သူ မိတ်ဆက်လျက် သတိထားနေသော တစ်စုံတစ်ယောက်အသံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် မျက်မမြင် အဘိုးအိုက မျက်ခုံးပင့်လိုက်၏။

“ ဆရာစု ... ငါတို့ဆီ ဧည့်သည်ဆိုးတွေ ရောက်လာပြီ။ ”

“ ဟားဟားဟား ... သူတို့ဒီမှာ ဒုက္ခမရှာဝံ့ပါဘူး တံခါးဖွင့်ပြီး ဝင်ခွင့်ပြုလိုက်ပါ။ ”

မျက်မမြင်အဘိုးအိုတစ်ယောက် စိတ်ရှုပ်ထွေးနေသော်လည်း စုရီစကားကြောင့် တံခါးထဖွင့်ရန် ထွက်လာခဲ့သည်။

ထိုအချိန်တွင် စုရီသည် မနက်စာစားခြင်းကို ရပ်နားလိုက်၏။ သာယာသော နွေနံနက်ခင်း၌ လေနုအေးများဖြင့် ပြည့်နေသည်။

ရုတ်တရက် ကြိမ်ကုလားထိုင်ကို ပြုပြင်ရန်အတွေးရလာတော့သည်။ မနေ့ညက ဝမ်လျူရှင်းလင်းရေးလုပ်လာသော ရတနာများ အတွင်း ပိုချည်များ ယှက်လုပ်နိုင်သော ဝိညာဉ်ပစ္စည်းများ ရှာဖွေရပေမည်။

သူ စဉ်းစားနေစဉ် နဝမမြောက်အကြီးအကဲ၊ စွေ့ကျင်းယန်နှင့်ရွယ်ယီတို့ကို ခေါ်ဆောင်လျက် မျက်မမြင်အဘိုးအို ပြန်ရောက်လာ၏။

“ ဒီအဘိုးကြီးအမည်ကို ရို့ယန်လို့ ခေါ်ပါတယ် မင်းရဲ့ကပ်ဘေးကို ဖြတ်ကျော်ပြီး ရန်သူတွေအပေါ် သတ်ဖြတ်နေတဲ မြင်ကွင်းက လေးစားစရာပါပဲ။ ”

စုရီက ခေါင်းညိတ်သည်။

“ ဒါက အသေးအမွှားတွေပါ အဆင်ပြေသလိုထိုင်ပါ။ ”

“ နင်က တော်တော် မောက်မာတာပဲ။ ”

စွေ့ကျင်းယန်က မျက်မှောင်ကြုတ်ကာ ကျောက်တုံးကြီးတစ်ခုဆီကို လျှောက်သွားပြီး ထိုင်ချလိုက်၏။

သူမသည် ခရမ်းရောင်ဝတ်လုံကို ၀တ်ဆင်ထားပြီး နေရောင်ခြည်အောက်တွင် သွယ်လျသော အသွင်အပြင် ပေါ်လွင်စေသည်။

နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီသည် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ကြုံရာဝင်ထိုင်လိုက်ရ၏။

“ မင်းရဲ့ဘိုးဘေးတောင် ငါ့ကို ဒီလိုစွပ်စွဲဝံ့မှာမဟုတ်ဘူး။ ”

စုရီမှ ပြုံးလျက် ပြောသည်။ စွေ့မျိုးရိုး၏ ဤမိန်းကလေးသည် အပြင်ပန်းတွင် ဆူပွက်နေ သော်လည်း စိတ်ထား နူးညံ့ကြောင်း မြင်နိုင်၏။

“ နင် ... ငါ့အဖိုးကို သိလား။ ”

ဤတစ်ကြိမ်တွင် စုရီက ပြုံးလျက် တုန့်ပြန်ခြင်းမပြုတော့ဘဲ ရို့ယန်နှင့် ရွယ်ယီထံ လှည့်ကြည့်လိုက်သည်။

“ မင်းတို့ ... ဒီကိစ္စမေးဖို့ လာတာလား။ ”

“ အမှန်ပါပဲ တာအိုစု ... မင်းကိုလှည့်စားဖို့ စိတ်ကူးမရှိပါဘူး ... မင်းရဲ့ဇစ်မြစ်အကြောင်းကို ငါတို့ အနည်းငယ်မှန်းဆနိုင်ပါတယ် ဒါကြောင့် မင်းဆီအလည်လာခဲ့တာပါ။ ”

ထို့နောက် နဝမမြောက် အကြီးအကဲက သူ့ကိုယ်သူ ငြိမ်သက်စေရန် အချိန်ယူပြီးနောက် စကားအသုံးအနှုန်းကို ဆင်ခြင်၏။

“ တာအိုစု ... မင်းက မန်ပိုနန်းတော်ရဲ့ အမွေကို မင်းရဲ့လက်ဖမိုးတွေလို သိနေခဲ့တယ် နောက်ပြီး ခေါင်းတလားထမ်းမျိုးရိုးကလည်း မင်းနဲ့အတူ ရှိနေတယ် ...

... ဒါကြောင့် မင်းဟာ မရဏကမ္ဘာက မဟုတ်ပေမယ့် အနည်းဆုံးတော့ မရဏကမ္ဘာနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတာ သက်သေပြနေပါတယ်။ ”

စုရီက ပြုံးသည်။

“ အခြားရော ဘာရှိသေးလဲ ... ။ ”

နဝမမြောက်အကြီးအကဲမှ တုံ့ဆိုင်းသွားပြီး၊

“ အရေးအကြီးဆုံးက ကျင်းယန်ရဲ့ ကျောက်စိမ်းဆွဲသီးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းမှတ်မိနေပြီး သူမနောက်ခံကို ကောက်ချက် ချနိုင်တယ် ... ဒါက ငါတို့ကို ထိတ်လန့်စေပါတယ်။ ”

-ဟု ပြောကြားလိုက်၏။ စုရီတစ်ယောက် ခေါင်းညိတ်လေသည်။

“ မင်းက ... နည်းနည်းတော့ ခွဲခြမ်းစိတ်ဖြာမှုတွေမှာ တွေးခေါ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်။ ”

ထိုသို့သော အသိအမှတ်ပြုမှုကို ကြားလိုက်ရချိန်၌ နဝမမြောက် အကြီးအကဲ တစ်ယောက် စိတ်နှလုံး တုန်လှုပ်သွားပြီး အမူအရာမှာ ပို၍ လေးနက်လာသည်။

လက်သီးကို လက်ဖဝါးဖြင့် အုပ်ကိုင်ကာ ခေါင်းငုံ့ထား၏။

“ ကျေးဇူးပြုပြီး ... ငါ့ရဲ့မိုက်မဲမှုကို ခွင့်လွှတ်ပါတာအိုစု ... ဒါပေမယ့် မင်းဘယ်သူလဲ သိချင်ပါတယ်။ ”

ထိုမေးခွန်းက မျက်မမြင်အဖိုးကြီးအပါအဝင် လူတိုင်းကိုနားစွင့်လာစေ၏။ စုရီမှ သက်ပြင်းချ လေသည်။

“ ငါက ခရီးသည်တစ်ယောက်ပါ ... အထူးတလည် ဘယ်သူမှ မဟုတ်ဘူး ဒီကမ္ဘာမှာ ရည်ရွယ်ချက်မဲ့ လွင့်မျောနေတဲ့ ခရီးသွားပဲ။ ”

***

All Chapters