← Chapters

တောင်ကို ပတ္တရောင်လှည့်ဖို့ ဘုရင်ကြီးက တာဝန်ပေးထားတာကွ

Vol. 8 Ch. 102

တောင်ကို ပတ္တရောင်လှည့်ဖို့ ဘုရင်ကြီးက တာဝန်ပေးထားတာကွ

Vol. 8 Ch. 102

လောင်ကျိပင်သည် အန်လင်း၏ ပြောစကားကို ကြားလိုက်ရသည့်အခါ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့ လာလေသည်။

သူက မျောက်မင်းကို သတ်ရမယ်တဲ့လား။ မျောက်မင်းက သူ့ကို သတ်သွားမှာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။

“ဟားဟားဟား ... နောက်တာပါကွ ... ဘာလို့အရမ်းကို တုန်လှုပ် နေရတာတုန်း ...”

လောင်ကျိပင်၏ တုံ့ပြန်မှုအား မြင်လိုက်ရသည့်အခါ အန်လင်းသည် ပျော်ရွှင်စွာ ရယ်မောလေသည်။

အန်လင်းသည် အနေအထားအား ပို၍အသက်ဝင်လာ စေလိုခြင်းကြောင်း ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော်လည်း လောင်ကျိပင်သည် ထိုမျှလောက် အလေးအနက် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားမိချေ။

“ဟွီး ... အစ်ကိုကြီး အန်လင်းရာ စောစောစီးစီး ပြောပါလားဗျာ ... အခုလိုမျိုး ခြောက်လှန့်ဖို့ မလိုပါဘူးဗျာ ... ကျွန်တော်က အသည်း ငယ်ငယ်လေးရယ် ...” လောင်ကျိပင်သည် သူ၏ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ မျက်နှာတွင် ကြောက်ရွံ့သည့် အမူအရာများ ရှိနေဆဲပင် ဖြစ်သည်။

သူ၏ အဖွဲ့ဝင် သုံးဦးတို့သည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။

သနားဖို့ ကောင်းလိုက်တာ ... ဒါက ဟာသလေဗျ ...

“ဟမ့် ... ညီနောင် အန်လင်းက အရမ်း ဟာသဉာဏ် ရှိတာပဲ ...” ကိုဗလသည် အန်လင်းအား ချီးကျူးလိုက်သည်။

ကိုဗလ မျက်နှာရှိ ဟန်လုပ်အပြုံးအား မြင်လိုက်ရသည့်အခါတွင် အန်လင်းသည် အတော်လေး စိတ်ဓာတ်ကျ သွားမိလေသည်။ သူ၏ လုပ်ဆောင်ချက် ကျရှုံးသွားလေပြီ။

***

ခေတ္တမျှ အနားယူပြီးနောက်တွင် သူတို့သည် ကိုဗလ ပြောကြားသည့် စိတ်ဝိညာဉ်တောင် ရှိရာသို့ ဦးတည်လိုက်လေသည်။

အပြန်အလှန် မိတ်ဆက်ကြပြီးနောက်တွင် ကိုဗလ၏ နာမည်မှာ ရွှယ်ကျိုးမင် ဖြစ်သည်ကို သိလိုက်ရသည်။ သူသည် အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး တာအိုခန္ဓာ အဆင့် ၁၀ သို့ ရောက်ရှိနေသူ ဖြစ်သည်။

ကနဦးတွင် ရွှယ်ကျိုးမင်၏ အမဲလိုက်အဖွဲ့၌ အဖွဲ့ဝင် ၂၀ ဦး ပါဝင်သည်။ သင်အန်းမြို့တွင် သူတို့သည် စွမ်းအားကြီးသည့် အမဲလိုက်အဖွဲ့ဆို ဆိုနိုင်ပေသည်။

ကံမကောင်းစွာဖြင့်ပင် သူတို့သည် ဧရာမခြင် အဖွဲ့လိုက်နှင့် တွေ့ကြုံ ခဲ့ရလေသည်။ သူတို့၏ အမဲလိုက်အဖွဲ့မှာ ဆုံးရှုံးမှုကြီးစွာ ခံစားရပြီး ယခုအခါတွင် အဖွဲ့ဝင် ခြောက်ဦးသာလျှင် ကျန်ရှိတော့သည်။

ကျန်ရှိနေသေးသည့် အဖွဲ့ဝင်များသည် သူတို့၏ အပေါင်းအသင်းများ သေဆုံးရခြင်း အပေါ် ဝမ်းနည်းနေဆဲ ဖြစ်သည်ကြောင့် လမ်းတစ်လျှောက်တွင် စကား များများစားစား ပြောဆိုခြင်း မရှိကြချေ။

စိတ်ဝိညာဉ်တောင်သည် စိမ့်မြေ၏ နက်ရှိုင်းသည့် အပိုင်းတွင် တည်ရှိသည်။ ဤစိမ့်မြေသည် ကျင့်ကြံသူများစွာအား အနှောင့်အယှက် ပေးနေသည့် သဘာဝ အတားအဆီးတစ်ခု ဖြစ်သည့်အတွက် အင်မော်တယ် သစ်သီးများသည် မည်သည့် ပြဿနာနှင့်မျှ ကြုံတွေ့ရခြင်း မရှိဘဲ ရှင်သန်နေကြခြင်း ဖြစ်သည်။

***

စိတ်ဝိညာဉ်တောင်ခြေတွင် မျောက်တစ်ကောင်သည် ဓားတစ်လက်အား ဝှေ့ယမ်းကာဖြင့် ပျော်ရွှင်စွာ သီချင်း ဆိုနေလေသည်။ “တောင်တစ်ခွင် လှည့်လည်ဖို့ရာ ဘုရင်ကြီးက တာဝန်ပေးအပ် ~ သေမျိုးကမ္ဘာသို့ သွားရောက်လို့ လှည့်လည်ကာ ~ ဗုံကလေးကို တီးမယ် ~ မောင်းကလေးကို ထုမယ် ~ ဘဝဟာ ကာရန်များအပြည့် စီးဆင်းနေဆဲ ~ တောင်တစ်ခွင် လှည့်လည်ဖို့ရာ ဘုရင်ကြီးက တာဝန်ပေးတာ ~ ဘုန်းကြီးကို ဖမ်းလို့ ညစာချက်မှာ ~ ”

ထို့နောက် ...

အဆိုပါ မျောက်သည် ရုတ်တရက် ဆိုသလို ထွားကျိုင်းသည့် လူအဖွဲ့အား မြင်လိုက်ရသည်။ ထိုလူများသည် သူ့အား ဝိုင်းထားကြပြီး မျက်နှာတွင် ခြိမ်းခြောက်လိုသည့် အပြုံးများ ချိတ်ဆွဲ ထားကြလေသည်။

ဝိုင်းခံထားရသော်လည်း မျောက်သည် ကြောက်ရွံ့သည့် လက္ခဏာ မရှိချေ။ ထို့အစား ၎င်းသည် လက်ထဲတွင် ကိုင်ထားသည့် ဓားအား ဝှေ့ယမ်းကာ ပုံစံမျိုးစုံ ထုတ်ဖော်နေတော့သည်။

“ဟိုင်းယား ... မင်းတို့ မကောင်းဆိုးဝါးတွေက ဘယ်ကနေ ရောက်လာကြတာလဲ ... ပန်းမန်သစ်သီးတောင်ကို ဘယ်လိုကြောင့် လက်လွတ်စပယ် ဝင်လာရဲတာလဲ ...”

အန်လင်းသည် အဆိုပါမျောက်ထံ လျှောက်လှမ်း သွားလိုက်ပြီးနောက် သူ၏ မျက်လုံးထဲတွင် ရွှေအလင်းတစ်ခု လက်လာသည်။ နတ်ဘုရားခွန်အား - အသက်ဝင် ...

ထို့နောက်တွင် မျောက်သည် စတင်ကာ တုန်ယင်လာတော့သည်။ မျက်နှာတွင် ကြောက်ရွံ့မှု အပြည့်နှင့်ဖြစ်ပြီး တစ်စုံတစ်ခုအား တောင်းဆိုနေဟန် ရှိသည်။

ဖုတ်

ဒူးထောက်လိုက်ပြီးနောက် မျောက်သည် “လူ ... လူ ... လူကြီးမင်း ... ကျွန်တော့်ရဲ့ အသက်လေးကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ် ...”

အန်လင်းသည် လည်ချောင်း ရှင်းလိုက်ပြီးနောက် “အသက်ရှင်သန်ခွင်တော့ ပေးနိုင်ပါတယ် ... ဒါပေမဲ့ အရင်ဆုံး ဒီ ပန်းမန်သစ်သီးတောင်နဲ့ ပတ်သက်ပြီး မင်းသိသမျှ အရာအားလုံးကို ပြောရမယ် ...”

မျောက်၏ မျက်နှာတွင် သဘောမတူလိုသည့် အကြည့်များ ပေါ်လာသည်။ သို့သော်လည်း အန်လင် းမျက်လုံးထဲရှိ ရွှေရောင်အလင်းအား မြင်လိုက်ရသည့် အခါတွင် သူသည် ကြောက်ရွံ့လာသဖြင့် ပန်းမန်သစ်သီးတောင်နှင့် ပတ်သက်သည့် အရာအားလုံးအား ပြောလိုက်လေသည်။

မျောက်သည် အန်လင်း၏ အကြည့်တစ်ချက်ကြောင့် အရာအားလုံးကို ဖွင့်ထုတ်နေခြင်းအား မြင်လိုက်ရသည့် အခါတွင် အမဲလိုက်အဖွဲ့သည် လွန်စွာ အံ့အားသင့်လျက် ရှိနေကြသည်။ သူတို့သည် ယခုအခါတွင် အန်လင်းအား ကြည်ညိုလေးစားသည့် အကြည့်များဖြင့် ကြည့်လာကြသည်။

အန်လင်း၏ အဖွဲ့ဝင် လေးဦးသည်သာလျှင် ဤအချင်းအရာအား ပုံမှန်ဟု မျှော်လင့်ထားရပုံ ရသည်။ အစ်ကိုကြီးအန်သည် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများ သတ်ဖြတ်နိုင်သူ ဖြစ်သည့်အတွက် ဤကဲ့သို့သော အပြုအမူသည် အံ့ဩစရာ မဟုတ်ပေ။

သူတို့သည် ပန်းမန်သစ်သီးတောင်နှင့် ပတ်သက်သည့် အချက်အလက်များအား စုဆောင်းပြီးသည့် နောက်တွင် မျောက်အား အဖက် မလုပ်ကြတော့ချေ။

“မစောင့်နိုင်တော့ဘူး ... အခုပဲ သွားကြတာပေါ့ ...” ရွှယ်ကျိုးမင်သည် အလျင် လိုနေဟန် ရှိပေသည်။

သူတို့သည် အလွန် အရေးကြီးသည့် အချက်အလက်အား ရရှိထားခြင်း ဖြစ်သည်။ ထိုသည်မှာ အင်မော်တယ် သစ်သီးများသည် ခူးဆွတ်ကာ စားသုံးနိုင်တော့မည် ဖြစ်သည်။

ယနေ့တွင် မဟာနွားမင်းသည် ပန်းမန်သစ်သီးတောင်သို့ လာရောက်မည်ဖြစ်ပြီး ရွှေမျက်လုံး မျောက်မင်းနှင့်အတူ အင်မော်တယ်သစ်သီးများအား စားသုံးမည် ဖြစ်သည်။

လူတိုင်းသည် လေးနက် တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အင်မော်တယ် သစ်သီးများအား အခြားသူများ ခူးဆွတ်ရန် ခွင့်မပြုနိုင်ချေ။

ပန်းမန်သစ်သီး တောင်ထိပ်သည် ချီစွမ်းအင်များ သိပ်သည်းကာ ပေါကြွယ်ဝသည်။ ဤတောင်သည် ကောင်းကင်နှင့် မြေပြင်၏ ကောင်းချီးပေးမှုအား ရရှိထားသည့် စိတ်ဝိညာဉ် တောင်တစ်လုံး ဖြစ်သည်။

မျောက်တပ်သားများနှင့် မျောက်တပ်မှူးတို့သည် တောင်၏ အချက်အချာ လမ်းကြောင်းများတွင် စောင့်ကြပ်လျက် ရှိကြသည်။ သို့သော်လည်း ရွှယ်ကျိုးမင်သည် အစောင့်အကြပ် မျောက်များအား ရှောင်တိမ်းသွားနိုင်သည့် လမ်းကြောင်းကို သိပေသည်။ ထိုလမ်းကြောင်းသည် ပထမဆုံးအကြိမ် တောင်အတွင်းသို့ ဝင်ရောက်ခဲ့စဉ်က အသုံးပြုခဲ့သည် လမ်းကြောင်း ဖြစ်သည်။

ရေတံခွန်တစ်ခု၏ ဘေးတွင် ပင်စည်တစ်ခုလုံး နီရဲနေသည့် သစ်ပင်တစ်ပင် ပေါက်ရောက် ရှင်သန်လျက် ရှိသည်။ လှပသည့် အရွက်များနှင့် သစ်ကိုင်းစိမ်းများသည် အဆိုပါ သစ်ပင်အား ကျောက်စိမ်းပင်ပေါက်နှင့် တူသယောင် ရှိစေသည်။

သစ်ပင်ထက်တွင် ရဲရဲနီနေသည့် သစ်သီး ၉ လုံး တွဲကျလျက် ရှိသည်။ ယခုအခါတွင် ထိုသစ်သီးများသည် လေနှင်ရာအတိုင်း ဟိုဟိုဒီဒီ ယိမ်းထိုးလျက် ရှိကြသည်မှာ လွန်စွာ ညှို့ယူ ဖမ်းစားနိုင်ပေသည်။

ထိုသည်မှာ လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ် သွေးသစ်ပင်နှင့် သူ၏ အင်မော်တယ် သစ်သီး ၉ လုံး ဖြစ်လေသည်။

“ဟားဟားဟား ... အစ်ကိုကြီးရေ ... အင်မော်တယ် သစ်သီးတွေက ဒီလောက်မြန်မြန် ရင့်မှည့်လာကြမယ်လို့ ဘယ်သူက ထင်မှာလဲ ... ဒီသစ်သီးတွေကို စားလိုက်ရင်တော့ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်း အခြေခံတွေက ခုန်ပြီးတော့ မြင့်တက်သွားမှာ အသေအချာပဲဗျို့ ...” ဖန်သားကဲ့သို့ ကြည်လင်နေသည့် မျက်လုံးတစ်စုံ၊ နက်မှောင်နေသည့် ဦးချိုနှစ်ချောင်းနှင့် နွားတစ်ကောင်သည် စိတ်ပါလက်ပါ ရယ်မောလာလေသည်။

“ဟီးဟီး ... အင်မော်တယ် သစ်သီးတွေကို စားလိုက်လို့ရှိရင် ရလာမယ့် အကျိုးကျေးဇူးတွေက အဲဒီထက်တောင် များသေးသဗျာ ...” မျောက်သည် ပြုံးဖြီးဖြီး ဖြစ်နေလေသည်။ “ကံကောင်းရင်တော့ ကျုပ်တို့က နတ်ဘုရား စွမ်းအားတွေတောင် နိုးထ လာနိုင်သေးတယ်ဗျို့ ...” အဆိုပါမျောက်သည် ရွှေသံချပ်ကာကို ဝတ်ဆင်ထားပြီး ကြီးမားကာ သန်မာသည့် ပုံရသည်။

သူ့မျက်နှာသည် အစက်အပြောက်များစွာ ပြည့်နှက်လျက် ရှိပြီး မျက်လုံးများမှာ ရွှေရောင်ဖြစ်သည်။ ထိုမျက်လုံးများသည် ကြီးမားကာ တောက်ပလျက် ရှိသည်ကြောင့် ဧရာမ မီးသီးတစ်စုံနှင့်ပင် တူညီနေသည်။

နှာခေါင်းမှာ အပေါ်သို့ လန်နေပြီး ပါးစပ်သည်လည်း အလွန်ကြီးမားသည်။ မေးစေ့သည် လွန်စွာ လုံးဝန်းသည်။ ခြုံငုံကာ ပြောရမည်ဆိုလျှင် သူသည် ... အလွန်ရုပ်ဆိုး လှပေသည်။

မျှော်လင့်ထားသည့် အတိုင်း သူကိုယ်တိုင် ကြော်ငြာထားသလို  အကျည်းတန် မျောက်မင်း တစ်ကောင်သာလျှင် ဖြစ်သည်။

“ဒါပေမဲ့လည်း ငါတို့ သဘောတူထားတဲ့ အတိုင်း တစ်ယောက်ကို အင်မော်တယ်သစ်သီး တစ်ဝက်ပဲ စားနိုင်မယ် ...” အကျည်းတန် မျောက်မင်းမှ ဆိုသည်။

မဟာနွားမင်းသည် တုံ့ဆိုင်းလျက် ရှိနေပြီး “ဒါပေမဲ့ ကျုပ်က ငွေတောင်ပံဘုရင်နဲ့ ကြာပန်း နတ်ဆိုးဖားကြီး ကိုပါ ခေါ်ထားတာရယ် ... အင်မော်တယ် သစ်သီးတစ်လုံးက မလုံလောက်ဘူးလို့ ထင်မိတယ် ...”

အကျည်းတန် မျောက်မင်းသည် တွေဝေသွားပြီးနောက် သူ၏ အံ့ဩမှုတို့သည် ဒေါသအဖြစ်သို့ ကူးပြောင်း သွားတော့သည်။ “အဲဒီကောင်တွေကို ဘာလို့ ခေါ်လိုက်တာလဲ ... လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါလို့ မင်းကို မပြောထားဘူးလား ...”

“ဒါပေမဲ့လည်း ကျုပ်က တွက်ချက်မှု တချို့ ပြုလုပ်ထားတယ်ရယ် ...” မဟာနွားမင်းသည် ရယ်မောကာဖြင့် “ကျုပ်က အစ်ကိုကြီးနဲ့ မျှဝေပြီး စားမယ်ဆိုရင် အင်မော်တယ် သစ်သီး တစ်ဝက်ကိုပဲ စားနိုင်လိမ့်မယ် ... ဒါပေမဲ့လည်း ငွေတောင်ပံဘုရင်၊ ကြာပန်းနတ်ဆိုးဖားကြီး တို့နဲ့ပါ ဝေမျှလိုက်မယ်ဆိုရင် ကျုပ်တို့နှစ်ယောက်က တစ်ယောက်ကို အင်မော်တယ်သစ်သီး သုံးလုံးအထိ စားနိုင်မှာ ...”

အကျည်းတန် မျောက်မင်းသည် မဟာနွားမင်းအား ကြောင်အစွာဖြင့် ကြည့်နေလေသည်။ သူသည် ထိုစကား၏ ဆိုလိုရင်းအား မည်သည်အတွက်ကြောင့် နားမလည် နိုင်ရသနည်း။

သူ့အား ထိတ်လန့်စေသည့် အရာမှာ သူ၏ အင်မော်တယ် သစ်သီးများအား အခြားသော စိတ်ဝိညာဉ် သားရဲများသည် ခိုးယူကြတော့မည် ဖြစ်သည်။ ထို့အပြင် သူအား ယုံကြည်ရသည့် ညီအစ်ကိုမှ သစ္စာဖောက် သွားခြင်းပင်။

ဘုန်း

တောင်ခြေမှ ကြားနေရသည့် တိုက်ပွဲ ဖြစ်ပွားသံများ မျောက်အော်သံများသည် မဟာနွားမင်း ပြောခဲ့သည့် စကားများအား သက်သေ ပြနေပေပြီ။

“ဦးနှောက်မရှိတဲ့ နွားကောင် ... မင်းကို သေချာပေါက် အလွတ် မပေးဘူးမှတ် ...” အကျည်းတန် မျောက်မင်းသည် ဟိန်းဟောက်လိုက်သည်။ သူ၏ လက်အတွင်းသို့ ငွေရောင် သံတုတ်တစ်ချောင်း ရောက်ရှိလာပြီးနောက် မဟာနွားမင်းအား ရိုက်နှက်လိုက်လေသည်။

မဟာနွားမင်းသည် နှာမှုတ်ကာဖြင့် သံတုတ်အား ရှောင်တိမ်းလိုက်သည်။

ယင်းတို့ နှစ်ဦးစလုံးမှာ လွန်စွာ စွမ်းအားကြီးသည့် အတွက် တိုက်ပွဲ ဖြစ်ပွားရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုများကြောင့် သဲများ ကျောက်တုံးများ လွင့်ပျံလျက် ရှိနေပေသည်။

ထိုအချိန်မှာပင် ဧရာမ ငွေရောင်သိမ်းငှက်ကြီး တစ်ကောင်သည် စိတ်ဝိညာဉ်တောင် ပေါ်သို့ တက်လာသည်။ သူ၏ သန်မာသည့် တောင်ပံများအား ခတ်လိုက်သည်နှင့် လေပြင်းများ ထွက်ပေါ်လာပြီးနောက် စိတ်ဝိညာဉ်မျောက်များအား လွင့်ထွက် သွားစေသည်။

ပေသုံးဆယ် မြင့်သည့် အနက်ရောင်ဖားကြီး တစ်ကောင်သည်လည်း တောင်ခြေတွင် ပေါ်ထွက်လာသည်။

သူ၏ နောက်ခြေများကို အသုံးပြုသည့် အခါတွင် မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး တစ်ချက် ခုန်လိုက်သည့် အခါတိုင်းတွင် မီတာ ရာပေါင်းများစွာကို ဖုံးအုပ်သွားလေသည်။ များပြားလှစွာသော စိတ်ဝိညာဉ်မျောက်များသည် ထိုဧရာမ ခြေထောက်များ၏ ဖိခြေမှုကြောင့် ဒဏ်ရာများ ရရှိကြသလို သေဆုံးသွားခြင်းမျိုးလည်း ရှိပေသည်။

ငွေတောင်ပံဘုရင်နှင့် ကြာပန်း နတ်ဆိုးဖားကြီးတို့ ရောက်လာကြချေပြီ။ သူတို့သည် လွန်စွာ အားကောင်းလှသော စိတ်ဝိညာဉ် သားရဲများ ဖြစ်ကြသည့် အတွက် သာမန် စိတ်ဝိညာဉ်မျောက်များ အနေဖြင့် သူ့တို့နှစ်ဦးအား တားဆီးနိုင်စွမ်း မရှိကြပေ။

များမကြာမီ မှာပင် ထိုစိတ်ဝိညာဉ် သားရဲနှစ်ကောင်သည် အကျည်းတန် မျောက်မင်း၏ တိုက်ပွဲပြင်သို့ ရောက်ရှိလာကြသည်။

သူတို့သည် လူသားအသွင် ပြောင်းလဲလိုက်ပြီးနောက် လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ် သွေးသစ်ပင် ထံသို့ လျှောက်လှမ်း သွားကြလေသည်။

“အစ်ကိုနွားကြီး ... ကျွန်တော်က လျှို့ဝှက် အင်မော်တယ် သွေးသစ်သီးတွေကို အရင်ခူးထား လိုက်မယ်နော် ... ပြီးမှ ပြန်ခွဲကြတာပေါ့ ...” ငွေတောင်ပံဘုရင်မှ ဆိုလာသည်။

“မင်းလုပ်ရဲလား ...” အကျည်းတန် မျောက်မင်းသည် အော်ဟစ်လိုက်ပြီးနောက် သူ၏ ငွေသံတုတ်နှင့် ငွေရောင် အသားအရေ ရှိသည့် အမျိုးသားအား ဒေါသတကြီး ရိုက်နှက်လိုက်သည်။

သို့သော်လည်း မဟာနွားဘုရင်သည် သူ၏လမ်းကြောင်းအား ပိတ်ဆို့လိုက်လေသည်။

တစ်ဖက်တွင် ကြာပန်း နတ်ဆိုးဖားကြီးသည် အပြေး ရောက်လာသော မျောက်တပ်သားများအား အဆက်မပြတ် တိုက်ခိုက်လျက် ရှိသည်။ ငွေတောင်ပံဘုရင်သည် မျက်လုံးများ တလက်လက် တောက်ပကာဖြင့် လျှို့ဝှက်အဇူရာ စိတ်ဝိညာဉ် သွေးသစ်ပင်ထံသို့ လျှောက်လှမ်းကာ သူ၏လက်များအား လျှို့ဝှက် အင်မော်တယ် သွေးသစ်သီးများကို ခူးယူရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် သူ့အရှေ့တွင် ရုတ်တရက် ဆိုသလို ရွှေလက်သီးတစ်လုံး ပေါ်လာသည်။

ငွေတောင်ပံ ဘုရင်သည် တွေဝေသွားပြီးနောက် သူ့လက်ဝါးကို မြှောက်ကာ ထိုတိုက်ခိုက်မှုအား တားဆီးလိုက်သည်။

ဘုန်း

စွမ်းအားပြည့် တိုက်ခိုက်မှုကြောင့် ငွေတောင်ပံဘုရင်သည် အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူ၏ အမူအရာသည် လေးနက်လာပြီးနောက် “ဘယ်သူလဲ ...”

“ဟီးဟီး ... အားတော့ နာတယ်ဗျာ ... ဒီအင်မော်တယ် သစ်သီးတွေက ကျုပ်တို့ဟာဗျ ...”

အန်လင်းသည် ငွေတောင်ပံ ဘုရင်ထံသို့ ပြေးသွားလိုက်သည်။

သူ့အနောက်ဘက်တွင် သူ၏အဖွဲ့ဝင် ၁၀ ဦးသည် အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှတ်ကာဖြင့် ငွေတောင်ပံ ဘုရင်အား ထိုးနှက် လာကြတော့သည်။

***

All Chapters