← Chapters

ကမ္ဘာကျော် အလှကုန် ကုမ္ပဏီ

Vol. 15 Ch. 212

ကမ္ဘာကျော် အလှကုန် ကုမ္ပဏီ

Vol. 15 Ch. 212

နှစ်ရက်ကြာပြီးနောက် Universal ၏ အခြားသင်္ဘောတစ်စင်းက အေဒင်ပင်လယ်ကွေ့ ရေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဘေးကင်းရေးအတွက် လျူယောင်က လိပ်ကြီးအား နောက်ကလိုက်ခိုင်းပြီး သင်္ဘောကို အေဒင်ပင်လယ်ကွေ့ ရေပိုင်နက်မှ ထွက်ခွာတဲ့အထိ လျှို့ဝှက်ကာကွယ်ပေးရန် အမိန့်ပေးခဲ့သည်။

အံ့ဩစရာကောင်းစွာဖြင့် ခရီးစဉ်မှာ အေးဆေးတည်ငြိမ်‌နေပြီး သင်္ဘောက ပင်လယ်ဓားပြများနှင့် လုံးဝမတွေ့ခဲ့ရပေ။

နောက်ထပ် ဆယ်ရက်အတွင်း Universal သင်္ဘောကြီးများက အေဒင်ပင်လယ်ကွေ့ကို တစ်ခါတစ်ရံ ဖြတ်သန်းသွားလာကြသည်။

ခြွင်းချက်မရှိ ၎င်းတို့အားလုံး ချောမွေ့စွာ ဖြတ်သန်းသွားခဲ့ကြပြီး ပင်လယ်ဓားပြများအကြောင်းကို လုံးဝမကြားရတော့ပေ။

Universal ၏သင်္ဘောကြီးတစ်စင်းက အေဒင်ပင်လယ်ကွေ့မှ ထွက်ခွာလာပြီး ပင်လယ်နီထဲသို့ ဝင်ရောက်တော့မှာပဲ ဖြစ်သည်။

ကပ္ပတိန်အပါအဝင် သင်္ဘောသားများအားလုံး စိတ်သက်သာရာရသွားကြသည်။

“မင်း ကြားပြီးပြီလား...”

“ဘာလဲ...ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ....”

“မင်း မသိဘူးလား... ငါတို့ရဲ့သူဋေးက ဆိုမာလီယာကို သွားပြီး...ပင်လယ်ဓားပြတွေကို သတိပေးခဲ့တယ်လို့ ငါကြားတယ်...ဘယ်ပင်လယ်ဓားပြမှ ငါတို့အဖွဲ့ရဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ မရဲတော့ဘူး.... "

“မဖြစ်နိုင်ပါဘူး.... ငါတို့သူဋေးက... ဒီလောက်တောင် မိုက်သလား...."

ပထမဆုံး သတင်းကို ကြားတဲ့အခါ အခြားသင်္ဘောသားများက ကြောင်အသွားကြသည်။ ထို ကိစ္စမျိုးရှိတာကို တကယ်ပင် မယုံနိုင်ပေ။

"ငါတို့သူဋေးက အဲ့လောက်တောင်.... အစွမ်းထက်တာလားဟ..."

သင်္ဘောသားများက စိတ်အေးသက်သာရာ ရသွားတာပင် မဟုတ် လျု‌ယောင်လည်း စိတ်သက်သာရာရသွားခဲ့သည်။

ဆယ်ရက်ဆက်တိုက် သူ၏ သင်္ဘောများကို ပင်လယ်ဓားပြများ က တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဒီပင်လယ်ဓားပြများကို သုံးကြိမ်ဆက်တိုက် နစ်မြုပ်စေခဲ့တာကြောင့် သူတို့ ကြောက်လန့်နေကြတာကို လျုယောင် သိသည်။

လူငယ်ပါတီခေါင်းဆောင် မူလာတူးက. ကြောက်ရွံ့ပြီး ထပ်မံ မလုပ်ရဲတော့ဘူးလို့ ခန့်မှန်းရသည်။

“ဟွန့်...ဒါ အကောင်းဆုံးပဲ...မဟုတ်ရင် ငါ မင်းတို့ကို နောက်ထပ်အကြိမ်အနည်းငယ် နစ်မြုပ်စေဖို့ လုပ်မိလိမ့်မယ်.... "

“လိပ်ကြီး...မင်းရဲ့တာဝန်ပြီးပြီ...မင်း အာဒင်ပင်လယ်ကွေ့မှာ အချိန်တိုင်းနေဖို့ မလိုတော့ဘူး...”

အေဒင်ပင်လယ်ကွေ့မှာ စောင့်ရှောက်နေတဲ့ လိပ်ကြီးအား လျူယောင် အမိန့်ပေးလိုက်သည်။

“တကယ်လား... အရမ်းကောင်းတာပေါ့...”

လိပ်ကြီးက ဒီပင်လယ်ရေပြင်တွင် ဆယ်ရက်ကျော်ကြာ နေထိုင်ခဲ့သည်။ သူ့ရဲ့ အဓိကတာဝန်မှာ Universal သင်္ဘောများကို အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းတဲ့အထိ ကာကွယ်ပေးရန်ဖြစ်သည်။

ဒီပင်လယ်ပြင်တွင် လိပ်ကြီးက အမဲလိုက်ခြင်း၊ အိပ်ခြင်း၊ နားခြင်း တို့ကိုသာ လုပ်ဆောင်ခဲ့သည်။

လိပ်ကြီးက လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းတွင် အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင် လို လွတ်လပ်မူ့ ပျောက်ဆုံးသွားသလိုခံစားခဲ့ရသည်။

သူအရင်လို ပျော်ရွှင်စွာ လှုပ်ရှားနိုင်ပါက ကောင်းပေလိမ့်မည်။

သူက ရေအနက်ပိုင်းမှာရှိတဲ့ ဧရာမ.ထူးဆန်းတဲ့ ငါးဖြူဘီလူးကြီးကို အရမ်းလွမ်းဆွတ်နေသည်။ အဲဒါက အရသာရှိရုံသာမက အကောင်‌ အသေးများဆို တစ်နပ်စာအတွက် လုံလောက်ပြီး ပိုကြီးတဲ့ ကောင်များဆို နှစ်နပ် သို့မဟုတ် သုံးနပ်လောက်စားနိုင်ပေသည်။

“သခင်...ကျွန်တော် အဲ့ဒီ ရေအနက်ပိုင်းကို... သွားပြီး အရသာရှိတဲ့ ...အစားအစာတွေ ရှာဖို့ သွားတော့မယ်...”

“အေး အေး...သွား..မင်းရဲ့..ဘေးကင်းရေးကိုလည်း... သတိထားအုံး ”

လျူယောင် စိုးရိမ်စွာ သတိပေးလိုက်သည်။

ရေမိုင်ပေါင်း တစ်ထောင်ကျော်ကို လိပ်ကြီး တောက်လျှောက် ကူးခတ်ခဲ့ပြီး ၅ နာရီပင် မကြာခဲ့ပေ။

“ အစားအစာရဲ့ ဆွဲဆောင်မှု့က အရမ်းကြီးလွန်းတယ်...ငါ...အေးဆေး..ရှာစားလို့ရပီကွ..."

လိပ်ကြီးက ဆယ်ရက်ကျော်ကြာ အေဒင်ပင်လယ်ကွေ့ ရေပိုင်နက်ထဲတွင် ရှိနေခဲ့သည်။ ငါးကြီးတစ်ကောင်ကို ဖမ်းပြီး စားဖို့ သူ အိပ်မက်မက်ခဲ့ရသည်။ ယခုမူ အားလုံးအဆင်ပြေသွားကာ ရေအနက်ကြီးက သူ့ ရှေ့တွင်ရှိနေပြီလေ။

လိပ်ကြီး ရေအနက်မီတာ ၂၀၀ ခန့် ကိုလျင်မြန်စွာ ကူးခတ်လာခဲ့သည်။ ဦးတည်ရာသို့ နီးကပ်လာပြီးနောက်တွင် သူ ပိုမိုနက်ရှိုင်းစွာ ကူးခတ်ခဲ့ပြီး တဖြည်းဖြည်းနှင့် လုံးဝမှောင်မိုက်သွားခဲ့သည်။

မကြာမီ လက်ညှိုးကိုပင် မမြင်ရတော့ပေ။

လိပ်ကြီးရဲ့ အစွမ်းထက်တဲ့ အာရုံခံမှု့အောက်တွင် ပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်းရှိ အရာအားလုံးက ရှင်းလင်းနေပြီး ပင်လယ်သတ္တဝါများစွာကို တွေ့ရှိခဲ့သည်။

မီတာ ၂၀၀၀ ကျော် နက်တဲ့ ပင်လယ်အောက်ခြေက မှောင်မိုက်ပြီး ရေခဲကဲ့သို့ အေးစက်နေသည်။

ဒီပင်လယ်အောက်ခြေတွင် ကြီးမားတဲ့ ကျောက်တုံးကြီးများက မညီမညာဖြစ်နေပြီး အချို့မှာ အမြင့် မီတာ ဆယ်ဂဏန်း ရာဂဏန်းရှိတဲ့တောင်ကုန်းတစ်ခုလို ဖြစ်ကာ အချို့မှာ ပိုသေးငယ်ပြီး၊ နှစ်မီတာ၊ သုံးမီတာသာ ရှိသည်။

ဒီနေရာ၏ ရေအနက်မှာ မီတာ ၂၀၀၀ ကျော် ရောက်ရှိနေပြီဖြစ်သည်။ ကံကောင်းပါက ဧရာမ ထူးဆန်းငါးဖြူကြီးလည်း ဒီနေရာမှာပေါ်လာမည်ဆိုတာ လိပ်ကြီး သိသည်။

လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်၍ ပတ်ဝန်းကျင်မှ အရာအားလုံးကို အာရုံခံနေပြီးသူလိုချင်တဲ့ အရသာရှိတဲ့ အစာကို ရှာဖွေနေခဲ့သည်။

“ဟေး ဟိုမှာ ထူးဆန်းတဲ့ငါးဖြူဘီလူးကြီး တစ်ကောင်ရှိတယ်...”

အာရုံခံမှု့ရဲ့ အစွန်အဖျားတွင် လိပ်ကြီးက အရှည် မီတာ ၂၀ ခန့်ရှိသော ထူးဆန်းတဲ့ ငါးဖြူတစ်ကောင်ကို အာရုံခံမိပြီး ထိုငါးက ပေါင်ထောင်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ငါးကြီးတစ်ကောင်ကို စားနေသည်။

ငါးကြီးက ငါးသေးကိုစားပြီး၊ ငါးသေးက ပုစွန်ဆိတ်ကို စားသည်။ဒါက ရေအောက် သဘာဝပင်။

လိပ်ကြီးက ထူးဆန်းတဲ့ ငါးဖြူကြီးဆီကို ကူးခတ်သွားခဲ့သည်။

တစ်ဖက်ငါးကြီးက ပိုပိုနီးကပ်လာတဲ့ လိပ်ကြီးကို သတိမထားမိပေ အစားစားခြင်းကိုသာ အာရုံစိုက်နေပုံရသည်။ တစ်ခုခုမှားနေတာကို သတိပြုမိတဲ့ အခါ လိပ်ကြီးက သူနဲ့ မီတာတစ်ရာကျော်သာ ဝေးတော့သည်။

ထူးဆန်းတဲ့ငါးဖြူကြီးမှာ သိသာစွာပင် ကြောင်အသွားသည်။ ထို့နောက်တွင် မစားရသေးတဲ့ ငါးကြီးကို စွန့်လွှတ်ကာ သူရဲ့ အမြီးကို ခတ်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဟဲဟဲ...နောက်ကျသွားပြီ...နောက်ကျသွားပြီ...”

လိပ်ကြီးက ထူးဆန်းတဲ့ငါးဖြူကြီး ထွက်ပြေးရန် ကြိုးစားနေတာကို မြင်တဲ့ အခါ တုံ့ဆိုင်းမှု့မှမရှိဘဲ သူ့ရဲ့ အပြေးစွမ်းရည်ကို အသုံးပြုခဲ့ပြီး အရိပ်တစ်ခုလို ပြေးဝင်သွားခဲ့သည်။

"ဖောက်..."

ချွန်ထက်တဲ့ လှံက အသားထဲကို ထိုးဖောက်ဝင်သွားတဲ့ အသံထွက်ပေါ်လာခဲ့သည်။

လိပ်ကြီး၏ မီတာ ၅၀ လှံကြီးက ထို ငါးကို ထိုးဖောက်လုနီးပါးဖြစ်ခဲ့ပြီး ထူးဆန်းတဲ့ အဖြူရောင်ငါးကြီးက ချက်ချင်း သေဆုံးသွားခဲ့သည်။

“ဟားဟား...ဗိုက်ပြည့်အောင် စားလို့ရပြီကွ..”

လိပ်ကြီး အရသာခံကာ စားလိုက်ပြီး အလွန်ပျော်ရွှင်တဲ့ ခံစားမှု့မျိုးကို ခံစားလိုက်ရသည်။

သူ့ကို အစာစားချင်စိတ်အရှိဆုံးဖြစ်စေတဲ့ အရာမှာ ဒီထူးဆန်းတဲ့ငါးဖြူဘီလူးကြီး၏ ဝမ်းဗိုက်ထဲရှိ အဆီလိုမျိုး အရာပဲ ဖြစ်သည်။

ယေဘုယျအားဖြင့် တန် ၂၀ ကျော် အလေးချိန်ရှိတဲ့ ငါးဖြူဘီလူးကြီးရဲ့ အစာအိမ်ထဲတွင် ထို အရာမျိုးရှိပေသည်။ ငါးက ပိုကြီးလေလေ အဆီလို အရာများ ပိုရှိလေလေဖြစ်သည်။

“ဝိူး...အရသာရှိလိုက်တာ...”

“ဒီအဆီတွေက.... မွှေးကြိုင် ပြီးအရသာ... အရမ်းကောင်းတယ်...ငါကြိုက်တယ်..."

“အာ....နည်းနည်းတော့ နည်းသွားတယ်... ငါ တစ်ခါတည်း .....စားလိုက်မိပြီကွာ.... "

လိပ်ကြီး ယခင်က ဖမ်းပြီး သတ်ခဲ့တဲ့ တန် ၁၀၀ ကျော် အလေးချိန်ရှိတဲ့ ထူးဆန်းတဲ့ငါးဖြူကြီးကို အလွန်လွမ်းဆွတ်နေသည်။

ထိုငါးရဲ့ အစာအိမ်ထဲရှိ အဆီလို အရာမှာ တန် ၂၀ တန် ၃၀ ခန့် ရှိပြီး စားရတာ အလွန်ပျော်ရွှင်စရာကောင်းသည်။

နာရီဝက်ခန့်အကြာတွင် တန် ၃၀ ကျော် အလေးချိန်ရှိတဲ့ ထူးဆန်းတဲ့ အဖြူရောင်ငါးကြီးက လိပ်ကြီးရဲ့ဗိုက်ထဲကို ရောက်ရှိသွားခဲ့ရာ လိပ်ကြီးလည်း ကျေနပ်မှု့အပြည့်နဲ့ အနည်းငယ် လေလည်လိုက်သည်။

အဲ့တာက ဗိုက်ပြည့်နေတဲ့ လိပ်ကြီးရဲ့ ပုံမှန်အမူအရာဖြစ်သည်။

လောလောဆယ်တွင် ပိုကြီးမားတဲ့ ထူးဆန်းတဲ့ ငါဖြူများကို အမဲလိုက်ရန် ရေအနက်ပိုင်းထဲသို့ နက်ရှိုင်းစွာ သွားရန် လိပ်ကြီး စိတ်ကူးမရှိသေးပေ။

လိပ်ကြီးက အနီးအနားတွင် ယာယီနေထိုင်တော့မည်ဖြစ်၍ သူ နေထိုင်ရန် နေရာတစ်ခုကို အရင်ရှာရပေမည်။

ထို့နောက် လိပ်ကြီးက ရေမိုင် နှစ်ရာ သုံးရာ အချင်းဝက်အတွင်း နေဖို့နေရာ စတင် ရှာဖွေခဲ့သည်။

------

ဥရောပတွင် ဒီယာဆိုတာက ကမ္ဘာကျော် အလှကုန်ကုမ္ပဏီတစ်ခုဖြစ်သည်။

ဥက္ကဋ္ဌကန်တာက သူဋေးကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ့ရဲ့ လက်ထဲတွင် ဟန်းခရင် တစ်ခုကို ကိုင်ထားကာ ကျေနပ်တဲ့ အမူအရာနဲ့ စိတ်ဝင်စားကာ ကြည့်ရှု့နေသည်။

ဒီယာကုမ္ပဏီက ကမ္ဘာပေါ်တွင် ထိပ်တန်း အလှကုန်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ်ဝင်ငွေက ဒေါ်လာ ဆယ်ဘီလီယံကျော်ကာ ပြီးခဲ့တဲ့ နှစ်တွင်မူ ဒေါ်လာ ဘီလီယံ ၅၀ ကို ကျော်လွန်သွားခဲ့သည်။

အလှကုန်စျေးကွက်တွင် ပြိုင်ဆိုင်မှု့က ပိုမို ပြင်းထန်လာတာကြောင့် ကုမ္ပဏီကြီးများအနေဖြင့်လည်း ဖိအားကို ခံစားကြရသည်။

ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ၊ ပြိုင်ဆိုင်မှု့တွင် အသာစီးရရန် နှင့် အမှတ်တံဆိပ်ပုံရိပ်ကို ပိုမိုခိုင်မာစေရန်အတွက် ကြော်ငြာအမျိုးမျိုးအပြင် အရေးအကြီးဆုံးမှာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။

ဆိုလိုတာက ထုတ်ကုန်အသစ်များကို အဆက်မပြတ် ထုတ်လုပ်နေခြင်းပဲ ဖြစ်သည်။

ဥက္ကဋ္ဌ ကန်တာ၏ လက်ထဲတွင်ရှိတဲ့ဟန်းခရင်က ကုမ္ပဏီမှ ယခုလေးတင် တီထွင်ထားတဲ့ ထုတ်ကုန်အသစ်ပဲ ဖြစ်သည်။

All Chapters