← Chapters

ငါးများကို အစာကျွေးခြင်း

Vol. 15 Ch. 211

ငါးများကို အစာကျွေးခြင်း

Vol. 15 Ch. 211

လိပ်ကြီးက ဘာမှ ထပ်မံမလုပ်တော့ပေ။

ပင်လယ်ပြင်မှ မီတာသုံးလေးရာခန့်တွင် ကြီးမားတဲ့ ဦးခေါင်းတစ်ဝက်ကို ဖော်ကာ အခြေအနေကို ကြည့်ရှုနေသည်။

ပင်လယ်ဓားပြစစ်သင်္ဘောက လျင်မြန်စွာ တစ်ဝက်ကျော် နစ်မြုပ်သွားခဲ့ပြီး ပင်လယ်ပြင်ပေါ်တွင် ရေကူးနေတဲ့ လူ ၁၀၀ ခန့်ရှိနေသည်။လူအနည်းငယ်ကတော့ ပင်လယ်ထဲကို နစ်မြုပ်သွားကြသည်။

ခေါင်းဆောင်မန်ဆုရ်ကလည်း ပင်လယ်ပြင်တွင် ရေကူးလျက်ရှိသည်။အသက်ကယ်အင်္ကျီပင် မပါပဲ လက်အောက်ငယ်သားတစ်ဦးထံမှ တစ်ထည်ကို လုယူခဲ့ရသည်။

သူက အသက်ကယ်အင်္ကျီကို ဝတ်ဆင်ထားပေမဲ့ ဒီတစ်ကြိမ်တွင် အသက်ရှင်သန်ရန် အခက်အခဲဖြစ်နိုင်တာကို သူ သိသည်။

ဒီနေရာနဲ့ အနီးဆုံး ကမ်း အကွာအဝေးမှာ အနည်းဆုံး ရေမိုင် ၂၀၀ ခန့် ဖြစ်ပြီး နောက်ဆုံးတွင် ငါးများကို အစာကျွေးရန် ပင်လယ်အောက်ခြေကို နစ်မြုပ်သွားတော့မည်။

မန်ဆုရ် ရုတ်တရက် အနည်းငယ်နောင်တရသလို ခံစားလိုက်ရသည်။

"ခွမ်း....."

နောက်ထပ် လှပတဲ့ ခွက်တစ်လုံးကို မူလာတူး ရိုက်ခွဲလိုက်ပြန်သည်။

သူ ယခင်က စေလွှတ်ခဲ့တဲ့ အထူးလက်နက်ကိုင်များနဲ့ ဈေးကြီးပေး ဝယ်ယူခဲ့တဲ့ စစ်သင်္ဘောအားလုံး ပျက်စီးဆုံးရှုံးခဲ့ရတယ် ဟူသော သတင်းကို အခုလေးတင် ရရှိခဲ့ခြင်း ဖြစ်သည်။

ပို၍ စိတ်ဆိုးစရာကောင်းတာက Universal မှ"ရှီထိုင်" သင်္ဘောက အေဒင်ပင်လယ်ကွေ့ကို ချောမွေ့စွာ ဖြတ်သန်းသွားခဲ့လို့ပဲ ဖြစ်သည်။

သူ အလွန်အမင်း ဒေါသထွက်တာ အံ့ဩစရာမဟုတ်ပေ။

တန်ဖိုးရှိတဲ့ စစ်သင်္ဘောတစ်စင်းနဲ့ လူ ၁၀၀ ကျော်အထူးတပ်ဖွဲ့များ ပျောက်ကွယ်သွားခဲ့တာကြောင့် သူ့နှလုံးသားက သွေးထွက်လို့နေသည်။

ခေါင်းဆောင်ငယ် တစ်ယောက်က ဝင်ပြောလိုက်သည်။

"ခေါင်းဆောင် ကျွန်ုတော်တို့ 'ရှီထိုင်" ရဲ့ တည်နေရာကို ကောင်းကောင်းသိပါတယ်..အခု အေဒင်ပင်လယ်ကွေ့မှာ ရွက်လွှင့်နေပါတယ်... နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို အဲ့ဒီကို စေလွှတ်လိုက်ရမလား..."

ဒီ အဓိပ္ပါယ်က ရှင်းလင်းနေသည် ။ တစ်ကြိမ် မအောင်မြင်ပါက ဒုတိယအကြိမ် ထပ်လုပ်ရန် ဖြစ်သည်။

မူလာတူးရဲ့မျက်နှာက မဲမှောင်နေပြီး အချိန်အတော်ကြာအောင် အသံမထွက်ခဲ့ပေ။

သူ ဒီလိုအရှုံးပေးရန် ဆန္ဒမရှိပေ။

နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ထပ်မံစေလွှတ်ရမည်ဆိုပါက သူ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ အကယ်၍ အလားတူ အမှားများ ထပ်မံဖြစ်ပွားပါက မည်သို့လုပ်ရမည်နည်း။

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင် သူ ထပ်မံကြိုးစားရန် အဆင်သင့်ဖြစ်နေဆဲဖြစ်သည်။

“မော်တော်ဘုတ်အချို့.... အဲ့ဒီကို စေလွှတ်လိုက်... ဒီတစ်ကြိမ်မှာတော့....ငါတို့ဟာ 'ရှီထိုင်' ကို ထိန်းချုပ်မှရမယ်....ဒါမှ နောက်ထပ်ပြဿနာတွေ မရှိတော့မှာ...”

မူလာတူး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ထိုအချိန်တွင် ရှီထိုင်သင်္ဘောက အေဒင်ပင်လယ်ကွေ့တွင် ရွက်လွှင့်နေသည်။

"ရှီထိုင် "သင်္ဘောပေါ်ရှိ သင်္ဘောသားများက လွန်ခဲ့တဲ့ နာရီအနည်းငယ်က အဖြစ်အပျက်တွင် နှစ်မြုပ်နေဆဲ ဖြစ်သည်။

ထိုပင်လယ်ဓားပြများရဲ့ ပျက်စီးဆုံးရှုံးမှု့ကို မျက်မြင်တွေ့လိုက်ရတာက လူတိုင်းအတွက် အလွန်ပျော်စရာကောင်းလှသည်။

နောက်ထပ် နာရီအနည်းငယ်ကြာပြီးနောက်တွင်ကောင်းကင်က အလင်းရောင်များ ပြည့်နေပြီးသင်္ဘောပေါ်မှ ကြည့်တဲ့အခါ လှပတဲ့ နေထွက်ချိန်ကို မြင်နိုင်ခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ဦးကကြောင်တောင်တောင် ဖြစ်သွားသည်။

"မဖြစ်နိုင်ဘူး..."

"ဒီလောက်စောစောစီးစီး ...ပင်လယ်ဓားပြတွေနဲ့ ထပ်တွေ့နိုင်တာလား...."

တကယ်တမ်းကျတော့ ဖြစ်နိုင်ပါတယ်။ မော်တော်ဘုတ်များစွာက ရှီထိုင်သင်္ဘောဆီကို အရှိန်အပြည့် မောင်းလာနေကြသည်။

တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

“ကြည့်ကြပါဦး... ဒါ... ပင်လယ်ဓားပြတွေ...ဖြစ်နိုင်တယ်..."

" ရှီထိုင် " ၏ ကပ္ပတိန် ဖန်ယီက မှန်ပြောင်းကို အမြန်ယူ၍ ကြည့်လိုက်တဲ့အခါ မော်တော်ဘုတ် စုစုပေါင်း ခြောက်စီးရှိတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး မော်တော်ဘုတ်တစ်စီးစီတွင် ပင်လယ်ဓားပြများဖြင့် ပြည့်နေသည်။

“ဟုတ်တယ်...ဒါ ပင်လယ်ဓားပြပဲ...ပင်လယ်ဓားပြတွေပဲ...လူတိုင်း သတိထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ.....”

သင်္ဘောပေါ်မှ သင်္ဘောသားများ နောက်တစ်ဖန် အနည်းငယ်စိတ်လှုပ်ရှားသွားကြသည်။

ဒါပေမဲ့ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထို မော်တော်ဘုတ်များက "ရှီထိုင်"နဲ့ဆို ရာနှင့်ချီတဲ့ မီတာအကွာတွင် ရှိနေပြီး သူတို့က. "ရှီထိုင်" ကို ဝိုင်းရံချိန်မရမှီ မှာပဲ မော်တော်ဘုတ်တစ်စီးက မှောက်သွားခဲ့သည်။

“ဘုရားရေ....”

သင်္ဘောသားများက ပထမတွင် ထိတ်လန့်သွားကြပြီး သူတို့အားလုံး မယုံကြည်နိုင်တဲ့ အမူအရာများကို ပြသခဲ့ကြသည်။ထို့နောက်တွင် အလွန်စိတ်လှုပ်ရှားစွာဖြင့် မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်ကြသည်။

“ဟားဟား... သူတို့ရဲ့ မော်တော်ဘုတ်တစ်စီး မှောက်သွားပြီ...”

“ကြည့်ပါဦး..ကြည့်ပါဦး...ဒုတိယမော်တော်ဘုတ်လည်းမှောက်နေပြီ....ကြည့်ရတာ အရမ်းပျော်စရာကောင်းလိုက်တာ...”

ထိုပင်လယ်ဓားပြ မော်တော်ဘုတ်များက တစ်စီးပြီးတစ်စီး မှောက်သွားခဲ့ကြပြီး သူတို့က "ရှီထိုင်"ကို ဝိုင်းရံနိုင်ခြင်း မရှိတော့ပေ။

မိနစ်အနည်းငယ်အတွင်း ပင်လယ်ဓားပြမော်တော်ဘုတ် ခြောက်စီးလုံး မှောက်သွားခဲ့ပြီး ပင်လယ်ဓားပြများကတော့ ပင်လယ်ရေပြင်ပေါ်တွင် ထိတ်လန့်တကြား ရေကူးနေကြသည်။

" ခွမ်း.. "

မူလာတူးက အလွန်ဒေါသထွက်ပြီး လှပတဲ့ ဖန်ခွက် နောက်တစ်လုံးကို ခွဲပစ်လိုက်ပြန်သည်။

သူတို့စေလွှတ်ခဲ့တဲ့ အဖွဲ့က နောက်တစ်ဖန် အပြီးအပိုင် ပျက်စီးသွားခဲ့ရာ မော်တော်ဘုတ် စုစုပေါင်း ခြောက်စီး မှောက်သွားခဲ့သည်။အထူးလက်နက်ကိုင်အဖြစ် ဝတ်ဆင်ထားတဲ့ ပင်လယ်ဓားပြ ၂၀ မှ ၃၀ ခန့်ကတော့ ငါးများကို အစာကျွေးရန် ပင်လယ်အောက်ခြေကို နစ်မြုပ်သွားခဲ့ကြသည်။

မူလာတူးရဲ့ ဘေးမှာ ရှိတဲ့ခေါင်းဆောင်များကတော့ ကြောက်ရွံ့၍ သူတို့ရဲ့ ခေါင်းများကို ငုံ့ထားကြကာ မူလာတူးက သူတို့အပေါ် ဒေါသထွက်လာမည်ကို စိုးရိမ်နေကြသည်။

လေထုက မုန်တိုင်းထန်နေသည်။

“ဒီလောက်ပဲ.....တော်ပြီ...Universal ရဲ့ သင်္ဘောတွေအကြောင်းကို ...လောလောဆယ် မစဉ်းစားနဲ့တော့... ဒီကိစ္စက နတ်ဆိုးတွေနဲ့ ပြည့်နေတယ်...”

မူလာတူး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူတို့က Universal သင်္ဘောများကို စိတ်ကူးလိုက်တာနဲ့ မော်တော်ဘုတ်များ ဘာ့ကြောင့် မှောက်သွားရတာကို နားမလည်နိုင်ဖြစ်နေကြသည်။

ဒါက နတ်ဆိုးပဲနေမှာ မသေနိုင်တဲ့ နတ်ဆိုးများလိုပင်။

မူလာတူး ဒီအကြောင်းရင်းကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပေ။

လျုယောင်၏ သတိပေးချက်က သူ့ နားထဲတွင် ပဲ့တင်ထပ်နေပြီး ဒီလူက သူတို့ရဲ့ မော်တော်ဘုတ်များကို မှောက်စေနိုင်တဲ့ အထူးနည်းလမ်းအချို့ ရှိနိုင်တယ် လို့ သူ့ စိတ်ထဲမှာ ခန့်မှန်းမိသည်။

“သေချာတယ်...ဒီ...လျု ယောင်က ....အမည်မသိတဲ့.... အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့တာသေချာတယ်....”

“Universal ရဲ့သင်္ဘောတွေကို...ငါ....အရှုံးပေးလိုက်တော့မယ်....သူတို့နဲ့ဆော့ကစားတော့မှာမဟုတ်ဘူး....”

တဖြည်းဖြည်းနဲ့ မူလာတူး အနည်းငယ်ကြောက်လန့်လာပြီး သူရဲ့စိတ်ထဲတွင် တွေးလိုက်မိသည်။

“ဒီကိစ္စကို စောစောသိခဲ့ရင်....ငါ...ဘာလို့ ဒီလောက်ဒုက္ခခံနေရမှာလဲကွာ....”

............

ရီရှန်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစု....

လော့မောင်ယွမ်၏ မျက်နှာက မဲမှောင်မိုက်နေပြီးစကားတစ်ခွန်းမှ မပြောပဲ ငြိမ်နေသည်။

ထိုပင်လယ်ဓားပြများက ရီရှန်းအဖွဲ့ကို ဆက်သွယ်ထားပြီး ဒေါ်လာ သန်း ၁၀၀ ကို ၂၄ နာရီအတွင်း သူတို့ သတ်မှတ်ထားတဲ့ အကောင့်တွင့် ထည့်ပေးရန် တောင်းဆိုခဲ့သည်။

ပြောတဲ့အတိုင်း မလုပ်ပါက ညတိုင်း တစ်နာရီလျင် ဓားစာခံတစ်ဦးကို သတ်ပစ်မယ်လို့ ပင်လယ်ဓားပြများက ခြိမ်းခြောက်ခဲ့သည်။

"ဒေါ်လာ သန်း ၁၀၀ လား..."

လော့မောင်ယွမ် ဝမ်းနည်းစွာ တွေးလိုက်သည်။

“ ၂၄ နာရီအတွင်း....ငါ ဘယ်ကနေ ဒေါ်လာ သန်း ၁၀၀ ရှာရမှာလဲ.... ဒေါ်လာ သန်း ၅၀ တောင်မှ အတော်လေး ခက်ခဲတဲ့အရာပဲ....”

သူ့ ဘေးတွင်ရှိတဲ့ အကြီးတန်းအမှု့ဆောင်တစ်ဦးက သတိပေးလိုက်သည်။

“သူဋေး... ပင်လယ်ဓားပြတွေက အလွန်ရက်စက်ကြပါတယ်....၂၄ နာရီအတွင်းမှာ ငွေကို မတွေ့ရင်....လူတွေကို သတ်ပစ်မှာ သေချာတယ်....ကျွန်တော်တို့က ဒေါ်လာ သန်း ၁၀၀ ကို အမြန်ဆုံး သူတို့သတ်မှတ်ထားတဲ့ ဘဏ်အကောင့်ထဲကို ထည့်နိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါမယ်....”

လော့မောင်ယွမ် သူ့ရဲ့နှလုံးသားထဲတွင် ဝမ်းနည်းမှု့တစ်ခုကို ခံစားလိုက်ရသည်။

Universal အဖွဲ့ရဲ့ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီယာ ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့သည်။

အပေါ်ယံတွင်မူ ဒေါ်လာ သန်း ၁၀၀ ကို ရွေးဖို့ တောင်းဆိုခဲ့တာလို့ ထင်ရသည်။ တကယ်တမ်းကျတော့ လျူယောင်က ဆိုမာလီယာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ထိုနေရာမှာရှိတဲ့ ပင်လယ်ဓားပြများနှင့် စကားပြောခဲ့ရာ ထို ပင်လယ်ဓားပြများက တောင်းပန်ခဲ့ပြီး ငွေပမာဏများစွာကို ပေးခဲ့သည်။

သေချာတာက ဒီကိစ္စဟာ ကောလာဟလဖြစ်နိုင်သည်။

ဒါပေမဲ့ ဒီကိစ္စက မှန်ကန်တယ် လို့ လော့မောင်ယွမ် အနည်းငယ်ယုံကြည်သည်။ ဘာကြောင့်လည်းဆိုတော့ Universal က ရုတ်တရက် ချမ်းသာလာတယ်လို့ ထင်ရသည်။

မနေ့ကမှ သူတို့ဟာ သင်္ဘောကြီးများစွာကို မှာယူခဲ့ကြပြီး စုစုပေါင်းတန်ဖိုးမှာ နှစ်ဘီလီယံကျော် ဖြစ်သည်။

တကယ်လို့ ဒေါ်လာ သန်း ၁၀၀ သာ တကယ်ပေးခဲ့ရပါက Universal တွင် ငွေများများရှိနိုင်မည်မဟုတ်ပေ။

ပင်လယ်ဓားပြများက ငွေအမြောက်အမြား ပေးခဲ့တာ သေချာသည်။

လော့မောင်ယွမ်ရဲ့ရီရှန်း ရေကြောင်း သယ်ယူပို့ဆောင်ရေး တွင် ထို စွမ်းရည်မျိုး လုံးဝမရှိပေ။

သူက လျု ယောင်နဲ့ လုံးဝ နှိုင်းယှဉ်လို့မရပေ။

ပင်လယ်ဓားပြများ ပြန်ပေးဆွဲခံရခြင်းလို့ ကံဆိုးတဲ့ အရာမျိုးနှင့် ရင်ဆိုင်ရတဲ့ အခါ လော့မောင်ယွမ်က ၎င်းကို ဝန်ခံဖို့အပြင် အခြားရွေးချယ်စရာရှိပုံမရတော့ပေ။

All Chapters