ပင်လယ်အုပ်စိုးသူ၏ ယာယီနေထိုင်ရာ
Vol. 15 Ch. 213
ထို သေးငယ်တဲ့ လက်မွှေးအဆီကို အထင်မသေးသင့်ပေ။
၎င်းကို စျေးကွက်ကို ထည့်သွင်းလိုက်ပါက စျေးနှုန်းမှာ ဒေါ်လာ ၁၀၀ ကျော်နဲ့ စတင်မှာ သေချာသည်။ အရေးကြီးဆုံးအချက်က ထိုလက်မွှေးအဆီကို ပင်လယ်ရေ အနက်မှာနေတဲ့ ငါးဆီတစ်မျိုးနဲ့ အသုံးပြုထားခြင်းပင်ဖြစ်သည်။
အီလိန်းက ကန်တာရဲ့ လက်ထောက်နှင့် အတွင်းရေးမှူးဖြစ်ပြီး သူမက လူဖြူအမျိုးသမီးငယ်တစ်ဦးလည်းဖြစ်သည်။
အီလိန်းက အစီရင်ခံလိုက်သည်။
“သူဋေး... ဒီပင်လယ် ရေအနက်မှာ နေထိုင်တဲ့ ငါးအဆီရဲ့ အစွမ်းထက်မှု့က. အံ့မခန်းပါပဲ.... သူ့ရဲ့ အစိုဓာတ်ထိန်းသိမ်းမှု့နဲ့ အသားအရေ ထိန်းသိမ်းမှု့ အာနိသင်က ရိုးရိုးနဲ့ ဟန်းခရင် တွေနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး...သုတေသနရလဒ်အရ... ဒါကို ဟန်းခရင်မ်မှာသာမက.... အခြားအလှထုတ်ကုန်အမျိုးမျိုးမှာပါ အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်...”
“ဟုတ်တယ်...ဒီငါးအဆီက ဘုရားသခင်ရဲ့ လက်ဆောင်တစ်ခုပါပဲ... ငါတို့က...အဲ့ဒါကို ပထမဆုံး ရှာဖွေတွေ့ရှိတဲ့ ကုမ္ပဏီဖြစ်တယ်....မင်း... သတိရပါ... ဒါကို လျှို့ဝှက်ထားရမယ်...ဆိုတာ...”
“စိတ်မပူပါနဲ့ သူဋေး... ကျွန်မတို့....ဒါကို...လုံးဝ လျှို့ဝှက်ထားပါ့မယ်....”
အီလိန်းက ယုံကြည်မှု့ရှိစွာဖြင့် ပြောလိုက်သည်။
“ဒုတိယကုမ္ပဏီတစ်ခုက အဲ့တာကို ရှာဖွေတွေ့ရှိမှာ မဟုတ်သလို သူ့ရဲ့ အစွမ်းသတ္တိကို သိရှိပြီး အလှကုန်တွေမှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး...."
ကန်တာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့က ဒီငါးအဆီကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။
တံငါသည်အချို့ဟာ လွန်ခဲ့တဲ့ ခြောက်လက အိန္ဒိယသမုဒ္ဒရာရဲ့ပင်လယ်ရေနက်ထဲတွင် တန် ၂၀ ကျော် အလေးချိန်ရှိတဲ့ ဧရာမ ထန်းဆန်းတဲ့ငါးဖြူကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ထိုငါးရဲ့ ဝမ်းဗိုက်ထဲတွင် အနည်းဆုံး နှစ်တန်ခန့်ရှိတဲ့ အဆီများရှိနေသည်။
ထိုအချိန်တွင် ကန်တာ၏ ကုမ္ပဏီက အဆင့်မြင့် ဟန်းခရင်မ်တစ်ခုကို တီထွင်နေခဲ့ပြီး လိုအပ်တဲ့ အရေးအကြီးဆုံး ပါဝင်ပစ္စည်းများထဲမှ တစ်ခုမှာ ပင်လယ်ရေအနက်မှာ နေထိုင်တဲ့ ငါးအဆီပဲ ဖြစ်သည်။
သူတို့ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းများက ထိုထူးဆန်းတဲ့ငါးဖြူရဲ့ အဆီတစ်စိတ်တစ်ပိုင်းကို ဝယ်ယူနိုင်ခဲ့ပြီး ငါးဆီအဖြစ် သန့်စင်ခဲ့သည်။
သုတေသန ရလဒ်များအရ အစိုဓာတ်ထိန်းသိမ်းမှု့နဲ့အသားအရေ ထိန်းသိမ်းမှု့တို့တွင် အခြားလူသိများသော ပင်လယ်ရေနက်ငါးဆီများထက် အများကြီး ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။
ဒီယာကုမ္ပဏီက သက်ဆိုင်ရာ သတင်းအစီရင်ခံစာများကို ပိတ်ဆို့ခဲ့သည်။ သိရှိသူ အနည်းငယ်မှလွဲ၍ ကမ္ဘာတစ်ခုလုံးက သမုဒ္ဒရာ၏ နက်ရှိုင်းတဲ့နေရာများတွင် ထိုဧရာမ ထူးဆန်းတဲ့ ငါးဖြူကြီးတစ်ကောင်ရှိနေတာကို မသိကြပေ။
ထိုထူးဆန်းတဲ့ ငါးဖြူရဲ့ ငါးဆီနဲ့ပတ်သက်တဲ့ သုတေသနရလဒ်များက. အံ့အားသင့်စရာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ငါးညှီနံ့ အနည်းငယ်မျှ မပါယုံသာမက ပေါ့ပါးပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့လည်း ရှိသည်။
ဒါကအရေးကြီးတဲ့အချက်မဟုတ်ပေ ။အရေးကြီးဆုံးအချက်မှာ အသားအရေ ထိန်းသိမ်းမှု့နဲ့ အစိုဓာတ်ထိန်းသိမ်းမှု့တို့ရဲ့ အစွမ်းသတ္တိကလည်း အံ့သြစရာကောင်းတာကြောင့် သုတေသီများက ပျော်ရွှင်နေကြသည်။
ကန်တာ၏ လက်ထဲတွင်ရှိတဲ့ ဟန်းခရင်မ်ကို စျေးကွက်မှာ စတင်ရောင်းချရန် အသင့်ဖြစ်နေပြီး ကနဦးစျေးနှုန်းမှာ ဒေါ်လာ ၁၂၀ ခန့်ဖြစ်သည်။
ဒါကို အများအပြား စျေးကွက်မတင်မီတွင် သူတို့က ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရပေလိမ့်မည်။
ထိုအရာမှာ ကုန်ကြမ်းပစ္စည်းများရဲ့ ပြဿနာပင်ဖြစ်သည်။
ထို ထူးဆန်းတဲ့ငါးဖြူဘီလူးထံမှ ငါးဆီကို ပေါများတဲ့ ပမာဏဖြင့် ရရှိရန် လိုအပ်နေသည်။
သူတို့က အိန္ဒိယသမုဒ္ဒရာတွင် အမဲလိုက် သင်္ဘောအုပ်စုများစွာကို စေလွှတ်ခဲ့ပြီး ထိုထူးဆန်းတဲ့ ငါးဖြူဘီလူးကို အမဲလိုက် သတ်ဖြတ်စေခဲ့သည်။
ကံမကောင်းစွာနဲ့ ရလဒ်က. မကောင်းခဲ့ပေ။
အမဲလိုက် သင်္ဘောအုပ်စု စုစုပေါင်း ငါးဖွဲ့ရှိရာ သုံးဖွဲ့က မအောင်မြင်ဘဲ ပြန်လာခဲ့ကြပြီး ထို ငါး၏ အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။
"ဒုန်း...ဒုန်း... ဒုန်း... "
ထိုအချိန် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး အလောတကြီး ဝင်လာခဲ့သည်။
ဒီလူက ကုမ္ပဏီရဲ့ အကြီးတန်းအမှု့ဆောင်တစ်ဦးဖြစ်တဲ့ ဂိုဘတ်ဖြစ်ပြီး ကုန်ကြမ်းဝယ်ယူမှု့၊ စျေးကွက်ဖွံ့ဖြိုးတိုးတက်မှု့ စသည်တို့အတွက် တာဝန်ယူကာ ဒီတစ်ကြိမ်တွင်လည်း ထူးဆန်းတဲ့ ငါးဖြူကို သတ်ဖြတ်ခြင်းရဲ့ အထွေထွေတာဝန်ခံလည်း ဖြစ်ပေသည်။
“သူဋေး ကံမကောင်းတဲ့ သတင်းတစ်ခုရှိပါတယ်...”
ကန်တာက သူ့လက်ထဲတွင်ရှိတဲ့ ဟန်းခရင်မ်ကို ချထားပြီး မေးလိုက်သည်။
“ဘာဖြစ်တာလဲ... ငါတို့ရဲ့ ကျန်ရှိနေသေးတဲ့ အမဲလိုက် သင်္ဘောအုပ်စုနှစ်ဖွဲ့လည်း ပြန်လာခဲ့ပြီလား...”
“ဟုတ်ပါတယ်....သူဋေး...”
ဂိုဘတ်က အသံနိမ့်ဖြင့် ပြန်ဖြေလိုက်သည်။
“သူတို့လည်း မအောင်မြင်ဘဲ ပြန်လာခဲ့ကြပါတယ်...ဒီအဖွဲ့က အိန္ဒိယသမုဒ္ဒရာမှာ တစ်လကျော်လောက် နေခဲ့ကြပေမယ့်...ထူးဆန်းတဲ့ ငါးဖြူရဲ့... အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး..."
ဥက္ကဌကန်တာ တုန်လှုပ်သွားခဲ့သည်။
သူက ထူးဆန်းတဲ့ ငါးဖြူကြီး၏ အဆီကို ကုန်ကြမ်းအဖြစ် စျေးကွက်တွင် တင်ရုံသာမက အခြားအလှကုန်များစွာကိုပါ တီထွင်ကာ သူ့ရဲ့ပြိုင်ဘက်များကို ပြင်းထန်စွာ ထိုးနှက်နိုင်ရန် ဆန္ဒရှိခဲ့သည်။ ယခုမူ ထိုမျှော်လင့်ချက်မှာ ပျက်စီးသွားနိုင်ချေ ရှိပုံရသည်။
လွန်ခဲ့တဲ့ အကြိမ်တုန်းက တံငါသည်များဟာ ခေတ်မမီတော့တဲ့ ကိရိယာများနဲ့ နည်းလမ်းများကို အသုံးပြုပြီး အရှည် 10 မီတာ ကျော် အလေးချိန် တန် ၂၀ ကျော်ရှိတဲ့ ထူးဆန်းတဲ့ ငါးဖြူကြီးတစ်ကောင်ကို သတ်ခဲ့ကြသည်။
ဒီတစ်ကြိမ်တွင်မူ ပရော်ဖက်ရှင်နယ် သင်္ဘောအုပ်စု ငါးဖွဲ့ရှိပြီး အားလုံးက ခေတ်အမှီဆုံး ကိရိယာများနဲ့ တန်ဆာပလာများ တပ်ဆင်ထားပေမဲ့ ထူးဆန်းတဲ့ ငါးဖြူ၏ အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။
ဂိုဘတ်က ညင်သာစွာ သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။
“သူဋေး...ကျွန်ုပ်.... ခန့်မှန်းမိတာက ...ထူးဆန်းတဲ့ ငါးဖြူက... အနည်းဆုံး နှစ်ကီလိုမီတာ. သုံးကီလိုမီတာ အနက်ရှိတဲ့ ပင်လယ်ရေနက်မှာ နေထိုင်ပါတယ်...သူတို့က မီတာတစ်ထောင်အောက်... ဒါမှမဟုတ် ရာနဲ့ချီတဲ့ မီတာအနက်ရှိတဲ့ ရေပိုင်နက်တွေမှာ လှုပ်ရှားလေ့မရှိပါဘူး....သူတို့ကို အမဲလိုက်ဖို့က တကယ်ကို ခက်ခဲပါတယ်.....”
ကန်တာ၏ မျှော်လင့်ချက်က အခြေခံအားဖြင့် ပျက်စီးသွားခဲ့သည်။
ကန်တာရဲ့စိတ်ခံစားချက်က ရုတ်တရက် အလွန်ဆိုးရွားသွားခဲ့တာကြောင့် ကုလားထိုင်ပေါ်တွင် အားနည်းစွာ ထိုင်ချလိုက်သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...ငါတို့ တကယ်ပဲ ပင်လယ် ရေအနက်မှာ နေထိုင်တဲ့ ထူးဆန်းငါးဖြူကြီး အဆီကို မရနိုင်တော့ဘူးလား” ဟူ၍ပင် ဖြစ်သည်။
........
လိပ်ကြီးက နှစ်ရက်လုံးလုံး အလုပ်များနေခဲ့ပြီး ထိုထူးဆန်းတဲ့ ငါးဖြူကို အမဲလိုက်ခြင်းကိုပင် ယာယီစွန့်လွှတ်လိုက်သည်။ သူက နှစ်ရက်အတွင်း အဓိကအလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။
ဒါက ယာယီအိမ်တစ်လုံး ရှာဖွေခြင်းပင် ဖြစ်သည်။
ဒီထူးဆန်းတဲ့ ငါးဖြူကြီးက လိပ်ကြီးအတွက် အလွန်အရသာရှိပြီး တစ်ကောင်ကို ဖမ်းမိပါက နှစ်ကြိမ်လောက် ဗိုက်ပြည့်အောင် စားနိုင်သည်။
ထို့ကြောင့် လိပ်ကြီးက အမည်မသိချောက်ကြီးအနီးတွင် ယာယီ နေထိုင်ရန် စီစဉ်ခဲ့သည်။
သူ နောက်ဆုံးတော့ ကျေနပ်စရာကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
အမည်မသိ ချောက်နက်ကြီးနဲ့ ရေမိုင်တစ်ရာခန့်အကွာတွင် မူလက အတော်အတန် ပြန့်ပြူးနေတဲ့ ပင်လယ်အောက်ခြေတွင် စောင်းနေသည်။သို့သော် အောက်ကိုဆင်းနေတာမဟုတ် အပေါ်ကိုတက်နေတဲ့ တောင်စောင်း ဖြစ်သည်။
ထိုတောင်ထိပ်အနီးတွင် ဂူတစ်ခုရှိသည်။
ဂူရှေ့တွင် ဧကအနည်းငယ်ကျယ်တဲ့ မြေပြန့်တစ်ခုရှိသည်။ လိပ်ကြီးက မြေပြန့်ပေါ်တွင် ရပ်နေပြီးသူ့ရှေ့မှ ဂူကို ကြည့်နေသည်။
အလွန်ကျေနပ်စရာကောင်းနေတဲ့ ပုံစံမျိုးဖြစ်သည်။
“ဒီနေရာပဲ.... နေရာက ကောင်းတယ်...ချောက်နက်ကြီးနဲ့ လည်း မဝေးဘူး... အများဆုံး နာရီဝက်အတွင်း...ငါ အဲ့ဒီကို ကူးခတ်သွားနိုင်တယ်... ရေအနက်က သက်တောင့်သက်သာဖြစ်ပြီး...မီတာ ၂၀၀ ကျော်ပဲ ရှိတယ်...”
လိပ်ကြီးက ထိုနေရာကို ရွေးချယ်ခဲ့ပြီး ဂူကို ဧရာမလှံနဲ့ သန့်ရှင်းခဲ့ကာ ထောင့် အချို့များကို ပိုမိုသေသပ်အောင် လုပ်ခဲ့သည်။ အတွင်းထဲမှ ကျောက်တုံးအချို့ကိုလည်း လိပ်ကြီး သန့်ရှင်းရေးလုပ်ခဲ့သည်။
အားစိုက်ထုတ်မှု့များစွာ အကုန်ခံပြီးနောက်တွင် လိပ်ကြီး ဒါကို ပြန်ကြည့်လိုက်တဲ့အခါတွင် ပိုမိုကျေနပ်အားရသွားသည်။ လိပ်ကြီးက ဂူထဲကိုဝင်သွားပြီး ထိုနေရာတွင် လှဲအိပ်ကာ သက်တောင့်သက်သာဖြင့် အိပ်စပြုလာသည်။
........
ကန်တာက ဖုန်းကို အားမလိုအားမရ ချထားပြီးသူ့မျက်နှာပေါ်တွင် ခါးသီးတဲ့ အမူအရာတစ်ခု ရှိနေသည်။
ခုနလေးတင် အလွန်နာမည်ကြီးတဲ့ ငါးဖမ်းအဖွဲ့တစ်ဖွဲ့ကို သူ ဖုန်းခေါ်ခဲ့ပြီး နှစ်ကီလိုမီတာ သုံးကီလိုမီတာ အနက်မှာနေတဲ့ ထူးဆန်းငါးဖြူတစ်ကောင်ကို သတ်ပေးရန် ပြောပြခဲ့သည်။ဒါပေမဲ့ တစ်ဖက်လူက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
သူတို့က ကန်တာကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တာက နှစ်ကီလိုမီတာ၊ သုံးကီလိုမီတာ အနက်ဆိုတာက တားမြစ်ထားတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘယ်သင်္ဘောအုပ်စုမှ ထိုအနက်တွင် ငါးဖမ်းနိုင်မည်မဟုတ်ပေ။
“ငါဘာလုပ်ရမလဲ....”
“ငါ့မျှော်လင့်ချက်တွေ...တကယ်ပဲ ပျက်စီးတော့မှာလား...”
"ငွေရှိတာ မရှိတာက အရေးမကြီးကြောင်း...မလုပ်နိုင်တဲ့... အရာများလည်း ရှိတယ်ဆိုတာကို ပထမဆုံးအကြိမ် ကန်တာ သဘောပေါက်ခဲ့သည်။
" ဒေါက်..ဒေါက်..ဒေါက်.."
ထိုအချိန် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဂိုဘတ်က ပျော်ရွှင်တဲ့ ပုံစံနဲ့ ဝင်လာပြီး အလွန်စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“သူဋေး...အဲ့ဒီ ထူးဆန်းတဲ့ ငါးဖြူကို သတ်ဖို့ မျှော်လင့်ချက်ရှိပြီဗျ....ကျွန်တော်တို့ မျှော်လင့်ချက်ရှိသွားပြီ....ဟားဟား....”
သူ့ရဲ့ပျော်ရွှင်မှု့ကို စကားလုံးများဖြင့် ဖော်ပြလို့မရပေ။