← Chapters

တန်ချိန် ၊ ကီလိုဂရမ် မဟုတ်ဘူး

Vol. 15 Ch. 214

တန်ချိန် ၊ ကီလိုဂရမ် မဟုတ်ဘူး

Vol. 15 Ch. 214

“အိုး..."

ကန်တာ ရုတ်တရက် စိတ်ဝင်စားသွားပြီး အမြန်မေးလိုက်သည်။

“မြန်မြန်ပြောပါဦး...ဘယ်လိုလုပ် အခြေအနေပြောင်းပြန် ဖြစ်သွားတာလဲ....."

ခုနလေးတင် ကန်တာက အစီရင်ခံစာတစ်ခုကို ဖတ်ရှုခဲ့သည်။

အစီရင်ခံစာအရ ထူးဆန်းတဲ့ငါးဖြူ၏ ငါးဆီတွင် အလှအပဆိုင်ရာ စွမ်းရည်အသစ်များစွာကို တွေ့ရှိခဲ့ရသည်။ ကန်တာရဲ့ ပုံစံက ပျော်ရွှင်မှု့နှင့် စိုးရိမ်မှု့ ကို နှစ်ခုစလုံး ဖြစ်ပေါ်နေသည်။

ပျော်ရွှင်စရာမှာ ထိုထူးဆန်းတဲ့ငါးဖြူ အဆီက အဆင့်မြင့်ပြီး ဒါက ဘုရားသခင်ရဲ့ လက်ဆောင်တစ်ခုပင် ဖြစ်သည်။

စိုးရိမ်စရာမှာ ပင်လယ်ရေနက်တွင် နေထိုင်တဲ့ ငါးအဆီကို ရရှိဖို့ဆိုတာ အလွန်ခက်ခဲပြီး ဒီ ထူးဆန်းတဲ့ ငါးဖြူကို နှစ်ကီလိုမီတာ၊ သုံးကီလိုမီတာ အနက်တွင် အမဲလိုက် သတ်ဖြတ်မှသာ ဖြစ်နိုင်သည်။

ဂိုဘတ်က မျှော်လင့်ချက်ရှိတယ်လို့ ပြောလိုက်တာနဲ့ကန်တာက ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။

“ဒီလိုပါ...သူဋေး ယန်နိုင်ငံမှာ Universal အဖွဲ့က ပင်လယ်ရေနက် ကယ်ဆယ်ရေး... ရှာဖွေရေးနှင့် အမဲလိုက်ခြင်းတို့တွင် ကောင်းမွန်တဲ့ စွမ်းရည်များရှိကြောင်း ကျွန်တော် သိခဲ့ရပါတယ်..... ကျွန်တော်တို့ အဲ့ကုမ္ပဏီ နဲ့စကားပြောကြည့်သင့်ပါတယ်.....”

“ဒါဆို မြန်မြန် ဖုန်းခေါ်ပြီး ....ငါတို့ရဲ့လိုအပ်ချက်တွေအကြောင်း ပြောပြလိုက်.....”

ဂိုဘတ်က ပြန်ဖြေလိုက်သည်။

“ကျွန်တော် Universalသူဋေးကို ဆက်သွယ်ပြီး.....ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ပြောပြလိုက်ပါတယ်... တစ်ဖက်က ဘာပြဿနာမှ မရှိဘူးလို့ ...ရှင်းရှင်းလင်းလင်း ပြောပါတယ်..ခဗျ.."

“ဘာလို့လဲ”

“Universal က ဒီလောက်တောင် ယုံကြည်မှု့....ရှိနေတာလား”

ကန်တာ ရုတ်တရက် ပျော်ရွှင်သွားပြီး လက်နှစ်ဖက်ကို လှုပ်ယမ်းလိုက်သည်။

“ကောင်းလိုက်တာ....ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်...နောက်ဆုံးတော့ ငါတို့ ကယ်တင်ခံလိုက်ရပြီ....”

ဒီပြဿနာက အမှန်တကယ် အခြေအနေပြောင်းပြန် ဖြစ်သွားခြင်းဖြစ်သည်။

ကန်တာက ရုတ်တရက် သူ့စွမ်းအင်ကို ပြန်လည်ရရှိခဲ့သလိုမျိုး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ယန်ခရိုင်ကို ငါ့အတွက် လေယာဉ်လက်မှတ်တစ်စောင် ဘွတ်ကင်လုပ်လိုက်ပါ... ငါ Universal ကို ကိုယ်တိုင် သွားမယ် "

“ဒါပေမဲ့...သူဋေး... အဲ့ဒါက တစ်ဖက်လူရဲ့တောင်းဆိုတဲ့စျေးနှုန်းက အရမ်းမြင့်နေလို့ပါပဲ...ဒီထူးဆန်းတဲ့...ငါးဖြူ... ငါးဆီကို....သူတို့က... တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၀၀၀ တောင်းနေပါတယ်....”

ဂိုဘတ် သတိပေးလိုက်သည်။

ကန်တာ တုံ့ဆိုင်းသွားခဲ့သည်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၀၀၀ ဆိုတာက မပေါပေ ။

တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၀၀၀ ဆိုလိုသည်မှာ တစ်တန်ကို ဒေါ်လာ ၅ သန်းအထိ ဖြစ်သည်။

သူတို့သာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တွင်အောင်မြင်ပါက စျေးကွက်မှာ ထုတ်လုပ်မဲ့ ဟန်းခရင်မ်က ငါးအဆီ ၁၀ ဂရမ်ခန့် လိုအပ်သည်။ ထိုငါးအဆီရဲ့ ကုန်ကျစရိတ်မှာ ဒေါ်လာ ၅၀ ခန့်ရှိနေသည်။

ဒီဟန်းခရင်မ်ရဲ့ စျေးနှုန်းကို မူလက ဒေါ်လာ ၁၂၀ ခန့်ဖြစ်ရန် ကန်တာ စီစဉ်ထားသည်။

တကယ်လို့ ငါးအဆီရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၅၀ ဖြစ်ပါက ပုလင်းတစ်ခုစီ၏ စျေးနှုန်းမှာ ဒေါ်လာ ၅၀ ကျော် တိုးလာပေလိမ့်မည်။

ဒီစျေးနှုန်းက အနည်းငယ်မြင့်လှသည်။

ခဏတာ တုံ့ဆိုင်းပြီးနောက်တွင် ကန်တာက ထိုစျေးနှုန်းကို လက်ခံနိုင်သေးသည်ဟု ခံစားခဲ့ရသည်။

ဒေါ်လာ ၁၅၀ သို့မဟုတ် ၁၈၀ အထိ စျေးနှုန်းရှိတဲ့ ဟန်းခရင်မ်တစ်ခုက ပြဿနာမရှိပေ။ ဒါ့အပြင် အဓိကအချက်မှာ ငါးဆီကို ထည့်လိုက်ပြီးနောက်အသားအရေ ထိန်းသိမ်းမှု့နှင့် အစိုဓာတ်ထိန်းသိမ်းမှု့မှာ အလွန်ကောင်းမွန်တာကြောင့် လက်ရှိစျေးကွက်တွင်ရှိနေတဲ့ ဟန်းခရင်မ်များထက် အများကြီး ပိုမိုကောင်းမွန်ပေသည်။

ထို့ကြောင့် Universalကို ကိုယ်တိုင်သွားရောက်ရန် ကန်တာ ဆုံးဖြတ်ချက်ချလိုက်သည်။

.........

ဒီနေ့တွင် ကျိန့်ကန်းက ရုံးပိတ်ရက်ရခဲ့သည်။

လျုယောင်က သူ့ကို ခွင့်သုံးရက် ပေးထားခဲ့သည်။

ကျိန့်ကန်းက သူ့ဇနီးနှင့် သားသမီးများကို ကားဖြင့်ခေါ်လာခဲ့ပြီး ဟွာဟိုင်းမြို့.သို့ ပျော်ရွှင်စွာ ရောက်ရှိလာခဲ့သည်။

သူက ယွမ်ငွေ ၅၀၀,၀၀၀ ကျော်တန် အော့ဖ်ရုတ် မော်ဒယ် ကားသစ်တစ်စီးကို ဝယ်ယူခဲ့သည်။ ကားအပြင် သူက ဟွာဟိုင်းမြို့တွင် အိမ်တစ်လုံးကိုလည်း ဝယ်ယူခဲ့သည်။

ဒါကလွန်ခဲ့သော တစ်လကျော်က ဆိုရင် သူ စိတ်ကူးယဥ်လို့ မရနိုင်တဲ့ ကိစ္စပင် ဖြစ်သည်။

ထိုအချိန်က သူ့လစာမှာ ယွမ်ထောင်ဂဏန်း သာ ရတဲ့ လုံခြုံရေးဝန်ထမ်းငယ်တစ်ဦး ဖြစ်ပြီး မိသားစုကို ထောက်ပံ့ရန် ဖိအားများ စွာ ခံစားခဲ့ရသည်။ ယခုတော့ လုံးဝ မတူတော့ချေ။

ဆိုမာလီယာမှ ပြန်လာပြီးနောက် လျုယောင်က သူနဲ့ ဟီချန်းတို့အား တစ်ဦးလျှင် ယွမ်ငွေ ၈ သန်းစီ ဆုချခဲ့သည်။

ကျိန့်ကန်း ဒီ ငွေသားချက်လက်မှတ်ကို ကိုင်ထားစဉ်တွင် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ရသည်။

“ ဘုရားရေ…”

" ဒါ. တကယ်..ယွမ်ငွေ ၈ သန်းပဲ.."

သူ တစ်နေ့နေ့တွင် ထိုငွေကြေးပမာဏကြီးကို ပိုင်ဆိုင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

လျုယောင် မူလက တစ်ဦးလျှင် ယွမ်ငွေ ၅ သန်းစီ ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ သူနဲ့ ဟီချန်းတို့က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။

လျုယောင်ကိုယ်တိုင်လည်း နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့တာကြောင့် တစ်ဦးလျှင် ယွမ်ငွေ ၈ သန်း စီ ပေးလိုက်သည်။

ငွေကို ရရှိပြီးနောက် သူဋေးကို ထပ်ခါတလဲလဲ ကျေးဇူးတင်ကာ ဟွာဟိုင်းမြို့တွင် အလှဆင်ထားပြီးသား အိမ်တစ်လုံးကို ကျိန့်ကန်း ဝယ်ယူခဲ့သည်။

“ခင်ပွန်း.... ငါတို့ တကယ်ပဲ အိမ်ဝယ်လိုက်ပြီလား... ဒီလို အဆင့်မြင့် အိမ်ရာမှာတောင် ဝယ်လိုက်တာလား...”

ထိုအိမ်ရာကို ရောက်လာတဲ့အခါ သူ့ရဲ့ဇနီးသည်က အနည်းငယ်မယုံကြည်သေးဘဲ ထပ်ကာ ထပ်ကာ မေးနေခဲ့သည်။

ကျိန့်ကန်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

“အချစ်ရေ...မင်း ငါ့ကို အကြိမ်အနည်းငယ်လောက် မေးပြီးပြီလေ... သွားရအောင် ငါ မင်းကို ငါတို့ရဲ့... အိမ်အသစ်ဆီ ခေါ်သွားပေးမယ်....လာ”

ဓာတ်လှေကားဖြင့် ၂၆ ထပ်သို့ ရောက်ရှိပြီးနောက်တွင် ကျိန့်ကန်း တံခါးဖွင့်ရန် သော့ကို ထုတ်ကာ ပြောလိုက်သည်။

“အချစ်....ဒါ...ကိုယ်တို့ရဲ့...အိမ်အသစ်ပဲ...”

“ဝိုး...အရမ်းလှတာပဲ....ငါတို့ ငှားထားတဲ့ အိမ်ထက်... အများကြီး ....ပိုကောင်းတယ်.....”

သေချာတာပေါ့ ဒါက ယွမ်ငွေ ၁၂ သန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်းများနဲ့ ကောင်းမွန်စွာ အလှဆင်ထားတဲ့ အိမ်တစ်လုံးပါပဲ။

“ဒီမှာကြည့်...အရမ်းလှတာပဲ...ဟိုဘက်မှာရော....”

ပတ်ပတ်လည်ကြည့်ရှု့ပြီးနောက်တွင် သူ့ဇနီးသည်ရဲ့ မျက်လုံးများက ရုတ်တရက် စိုစွတ်လာပြီး သူမက ကျိန့်ကန်းရဲ့ ရင်ခွင်ထဲကို ကိုယ့်ကိုယ်ကိုယ် ပစ်ဝင်လိုက်သည်။

“ခင်ပွန်း... ငါတို့ကို ဒီလိုကောင်းတဲ့ ...အိမ်မှာ နေခွင့်ပေးလို့ ....ကျေးဇူးတင်ပါတယ်...အဟင့်..အဟင့်..”

ဇနီးသည်ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ကျိန့်ကန်း ညင်သာစွာ ပြောလိုက်သည်။

“မငိုနဲ့..မငိုပါနဲ့.. ငါ အနာဂတ်မှာ ငွေတွေ ပိုရှာမယ်...ဒါမှ မင်း ပိုကောင်းတဲ့ ဘဝကို နေထိုင်နိုင်မှာ....”

“ကောင်းပါပြီ...ကျွန်မ ရှင့်ကို ယုံပါတယ်..”

“အချစ်.မင်း..နောက်ဆို အလုပ်သွားစရာမလိုတော့ဘူး.... ငါ ရှာတဲ့ပိုက်ဆံအားလုံးကို မင်းကို လုံခြုံစွာ သိမ်းဆည်းဖို့ ပေးမယ်... မင်း အချိန်ရတဲ့အခါ ကားမောင်းလိုင်စင် ယူနိုင်တယ်.... ကိုယ်တိုင် ကားမောင်းဖို့က အဆင်ပြေပါတယ်...”

“ကောင်းပါပြီ....ကျွန်မ ရှင့်ရဲ့ အစီအစဉ်အတိုင်း လိုက်နာပါမယ်... "

ကျိုးယန်က တံခါးခေါက်ပြီး လျုယောင်ရဲ့ရုံးခန်းထဲကို ဝင်လာကာ အစီရင်ခံလိုက်သည်။

“သူဋေး..ဒီယာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာကန်တာနဲ့အတူ... အကြီးတန်းအမှုဆောင် ဂိုဘတ်နဲ့ လူခုနစ်ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က ဒီနေ့မွန်းလွဲပိုင်းမှာ ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်....”

လျူယောင် ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။

“တစ်ယောက်ယောက်ကို လွတ်ပြီး လေဆိပ်မှာ တွေ့ဆုံလိုက်ပါ....”

“ဟုတ်ကဲ့.”

ကျိုးယန်က ပြောလိုက်သည်။

“သူဋေး...သူတို့က ထူးဆန်းတဲ့ ငါးဖြူ အဆီကို လိုချင်နေတယ်....အဲ့ဒါကို တကယ်ရနိုင်တာလား..”

“ဒါက ငါ့အတွက် အသေးအမွှားကိစ္စပဲ...မင်း စိတ်ပူစရာမလိုဘူး...မင်း ကြိုဆိုတဲ့အလုပ်ကိုသာ လုပ်ဖို့လိုတယ်... ငါ မနက်ဖြန် မနက် ကိုးနာရီမှာ သူတို့ကို တွေ့မယ်....”

သူဋေး ဒီလောက် ယုံကြည်မှု့ရှိတာကို မြင်တဲ့အခါ ကျိုးယန် လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျိုးယန် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ဒီထူးဆန်းတဲ့ ငါးဖြူ အဆီကို ဘာအတွက် အသုံးပြုတာလဲ... သူဋေးက တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၀၀၀ စျေးတောင်းထားတယ်... ဒီလောက်ဈေးကြီးတာတောင် တစ်ဖက်က လာနေသေးတယ်...”

.......

နောက်တစ်နေ့တွင်…

ကန်တာ၊ ဂိုဘတ်နှင့် လူခုနစ်ဦးပါ အဖွဲ့မှာ. Universal ကို ရောက်ရှိလာကြပြီး ဧည့်ခံခန်းတွင် ထိုင်ရန် စီစဉ်ပေးခဲ့သည်။

ခဏအကြာတွင် ကျိုးယန်၊ ဟူးဂျွန်းရှီတို့နဲ့အတူ ကျိုးယန် ဝင်လာခဲ့သည်။

နှစ်ဖက်ကြားတွင် ယဉ်ကျေးမှု့နှင့် သာယာနာပျော်ဖွယ်ရာများ ထွက်ပေါ်လာခဲ့သည်။

လေထုက ဖော်ရွေပြီး နွေးထွေးလှသည်။

ခဏတာ စကားစမြည်ပြောဆိုပြီးနောက်တွင် သူတို့အဓိကအချက်ကို လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ကန်တာက Universal ကို ပင်လယ်ရေနက်မှာနေထိုင်တဲ့ ငါးအဆီ တကယ်ရနိုင်လားဟု ထပ်မံမေးခဲ့ပြီး အတည်ပြုချက်ရရှိပြီးနောက်တွင် သူ ပြောလိုက်သည်။

“မစ္စတာလျု ခင်ဗျားရဲ့ကုမ္ပဏီက ဒီငါးအဆီကိုဘယ်နှစ်ကီလိုဂရမ်လောက် ရနိုင်ပါသလဲ...”

သူ တတ်နိုင်သမျှ များများလိုချင်သည်။

ငါးအဆီများများ ရလေလေ ကုန်ကြမ်းပစ္စည်းများများ ရှိလေလေဖြစ်ပြီး အဆင့်မြင့်အလှကုန်စျေးကွက်တွင် သူ့ရဲ့ ရှယ်ယာကို လျင်မြန်စွာ ချဲ့ထွင်နိုင်ပေလိမ့်မည်။

ထိုမေးခွန်းကို ရင်ဆိုင်ရတဲ့အခါ လျု‌ယောင် အနည်းငယ်ပြုံးလိုက်သည်။

“မစ္စတာကန်တာ... ခင်ဗျား မေးသင့်တာက ကျွန်တော်တို့ ဒီငါးဆီ ဘယ်နှစ်တန် ရနိုင်လဲဆိုတာပါပဲ... ဘယ်နှစ်ကီလိုဂရမ် မဟုတ်ပါဘူး...”

ကန်တာ တုန်လူပ်သွားခဲ့သည်။

“ ဘာ “

“ဒီ..မေးခွန်းကို တကယ်မေးနိုင်တာလား... ”

All Chapters