ဆွေးနွေးမူ့ အောင်မြင်ခြင်း
Vol. 15 Ch. 215
ကန်တာ တုန်လှုပ်သွားသည်။
ဂိုဘတ်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
"ဒီ မေးခွန်းကို တကယ်မေးနိုင်တာလား"
Universal က ထူးဆန်းတဲ့ငါးဖြူကြီး အဆီကို တန်နဲ့ချီပြီး တကယ်ရနိုင်ရင် အရမ်းကောင်းမှာပဲ။ တစ်တန်ကနေ သူတို့ ဟန်းခရင်မ် အချောင်း ၁၀၀,၀၀၀ လောက် ထုတ်လုပ်နိုင်ပါလိမ့်မည်။
ကန်တာရဲ့မျက်နှာက အံ့ဩမှု့များနှင့် ပြည့်နေပြီး သူ့စိတ်ထဲကနေ အတွေးတစ်ခုသာ ရှိတော့သည်။
“Universal ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ကို လာခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှု့ပဲ ....အသိဉာဏ်အရှိဆုံး ရွေးချယ်မှု့ပဲ”
“မစ္စတာလျု .. ခင်ဗျားရဲ့အဖြေက ကျွန်တော်တို့ကို တကယ် စိတ်အားတက်ကြွစေပါတယ်... ဟုတ်ပါတယ်.. ဒီလို ပင်လယ်ရေနက် ငါးဆီမျိုးအတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ လိုအပ်ချက်ရှိတယ်လို့ ပြောရမှာပဲ...”
စျေးနှုန်းက အမေရိကန်ဒေါ်လာ ၁၅၀ ကျော် သို့မဟုတ် ၁၈၀ အထိ မြင့်မားပေမဲ့ တစ်နှစ်လျှင် တစ်သန်း သို့မဟုတ် နှစ်သန်း ရောင်းချနိုင်ရန် အကြောင်းပြချက်မရှိဘူးလို့ ကန်တာ ယုံကြည်သည်။
ထို့အပြင် သူတို့က ထိုအံ့ဩဖွယ် ငါးဆီကို အသုံးပြုပြီးအခြားအလှကုန်များကို တီထွင်ရန် စီစဉ်ထားကြသည်။ တစ်နှစ်ကြာပြီးနောက်တွင် ဒီငါးဆီအတွက် ကုန်းကြမ်းက အနည်းဆုံး ဆယ်တန်ချီ လိုအပ်ပါလိမ့်မည်။
ထို ကြီးမားတဲ့ လိုအပ်ချက်ကို တန်နှင့်ချီဆွေးနွေးရမှာပဲ ဖြစ်သည်။
“တကယ်တော့ တန်ဆယ်ချီတောင်မှ ကျွန်တော်တို့ ယူနိုင်ပါတယ်... ဒီပမာဏကို ကျွန်တော်တို့ တကယ် လိုအပ်တယ်... အဓိကကတော့ ခင်ဗျားရဲ့ကုမ္ပဏီက. ထူးဆန်းတဲ့ ငါးဖြူကြီး ငါးအဆီကို ဒီလောက်အများကြီး ရနိုင်မလားဆိုတာပါပဲ...”
လျုယောင် ဖြည်းညှင်းစွာ ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။
“ဒါက လွယ်ကူတဲ့ကိစ္စပါ... တန်ဆယ်ချီသာမက..ရာနဲ့ချီတဲ့တန်တောင် ဘာပြဿနာမှ မရှိပါဘူး..”
ကန်တာနှင့် အခြားသူများက သူတို့ နားကြားမှားသွားပြီဟု ထင်မှတ်၍ ထပ်မံ ကြောင်အသွားကြသည်။
သေချာအောင် ကန်တာ ထပ်မေးလိုက်သည်။
“မစ္စတာလျု ခင်ဗျားဆိုလိုတာက ဒီထူးဆန်းတဲ့ အဖြူရောင်ငါးရဲ့ အဆီကို ရာနဲ့ချီတဲ့တန် ရနိုင်တယ်ပေါ့...ဟုတ်တယ်မလား..."
လျိုယောင်က ယုံကြည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အရမ်းကောင်းတာပဲ..."
“ Universal ကို ကိုယ်တိုင်လာခဲ့တာက တကယ့်ကို မှန်ခဲ့တာပဲ.. ဒါ အသိဉာဏ်အရှိဆုံး ရွေးချယ်မှု့ပဲ...ဒီဟန်းခရင်မ်ကို စျေးကွက်ထဲ အများအပြားတင်ပြီးနောက်မှာ ကုန်ကြမ်းတွေ ပြတ်လပ်မှာကို ငါက စိုးရိမ်ခဲ့တာ ဒါပေမယ့် အခုတော့ ဒီလိုစိုးရိမ်မှုမျိုး မရှိတော့ဘူး”
ကန်တာနဲ့ အခြားသူများက ပျော်ရွှင်မှု့များနဲ ပြည့်နေခဲ့သည်။
ဂိုဘတ်နဲ့ အခြား အဆင့်မြင့်အရာရှိအချို့က တစ်ဦးကိုတစ်ဦး တိတ်တိတ်လေး ကြည့်လိုက်ကြသည်။
ပျော်ရွှင်မှု့ အံ့အားသင့်မှုအပြင် ကန်တာရဲ့ စီးပွားရေးသမားစိတ်ဓာတ်လည်း ပေါ်လာခဲ့သည်။သူက အကျိုးအမြတ်ကို ရှာဖွေခြင်းနှင့် သူ့ကိုယ်ပိုင် အကျိုးအမြတ်ကို အများဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
“မစ္စတာလျု... တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်းဆိုတဲ့ စျေးနှုန်းက အရမ်းဈေးကြီးပါတယ် ကျွန်တော်တို့က အများဆုံး...”
ဒီလူက စျေးနူန်းကို ဓားဖြင့် လှီးဖြတ်ရန် ကြိုးစားနေသည်။
သူက တစ်ဝက်လှီးဖြတ်ခြင်းမဟုတ်ဘဲ ဈေးနှုန်းရဲ့ ငါးပုံတစ်ပုံကို လှီးဖြတ်ခြင်းဖြစ်သည်။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁ သန်းသာ ပေးလိုသည်။
ဒီလူ့ကို ထိုအခွင့်အရေး လျူယောင် ဘယ်လိုလုပ် ပေးနိုင်မည်နည်း။
ကန်တာ ဆိုလိုတာကို လုံးဝနားလည်တဲ့ပုံပေါ်ကာ လျု ယောင် သူ့လက်ကို ဝှေ့ယမ်းပြီး ဖြတ်ပြောလိုက်သည်။
“စျေးနှုန်းကို ညှိနှိုင်းစရာမလိုပါဘူး.. တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်း...တစ်ပြားတစ်ချပ်မှ မလျှော့ပါဘူး..."
“ဘာလို့လဲ”
ဂိုဘတ်နှင့် အခြားသူများက ကြောင်တောင်တောင်နဲ့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့က စီးပွားရေးဆွေးနွေးပွဲ အမြောက်အမြားကို ကြုံတွေ့ခဲ့ဖူးပေမဲ့ ထိုအခြေအနေမျိုးကို ဘယ်တုန်းကမှ မကြုံတွေ့ဖူးပေ။
ကန်တာလည်း အံ့အားသင့်သွားခဲ့သည်။
ဒါပေမဲ့ သူက အမှန်တကယ်လိမ္မာပါးနပ်တဲ့ စီးပွားရေးသမားတစ်ဦးပဲ ဖြစ်သည်။
“ဒါဆို တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်းက ဖြစ်ပါတယ်... ဒါပေမယ့် ကျွန်တော်တို့မှာ တ အခြေအနေတစ်ခု ရှိပါတယ်..ဒီထူးဆန်းတဲ့ ငါးဖြူရဲ့ အဆီကို...မစ္စတာလျူတို့က... ကျွန်တော်တို့ ဒီယာကုမ္ပဏီကိုပဲ ရောင်းပေးရမှာပါ..."
ကန်တာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လျု ယောင် ပြုံးလိုက်သည်။
" တကယ့် မြေခွေးတစ်ကောင်ပါပဲ "
ဒါပေမဲ့ “အရမ်းတွေးနေတာပဲ” ဆိုတာ လျူယောင် တကယ်ပြောချင်သည်။
ထို အကျိုးအမြတ်များတဲ့ အရာမျိုးကို သစ်ပင်တစ်ပင်ပေါ်တွင် ချိတ်ထားလို့ မဖြစ်နိုင်ပေ။
တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်း ၁၀ တန်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖြစ်သည်။
ဒါက ယန်နိုင်၏ ငွေကြေးနှင့်ဆိုရင် သန်းရာပေါင်းများစွာနဲ့ ညီမျှပေသည်။ ထိုသို့ လွယ်ကူတဲ့ ငွေကို များများရလေလေ ပိုကောင်းလေဖြစ်သည်။
“ဒါက မဖြစ်နိုင်ပါဘူး”
လျူယောင် ယုံကြည်မူ့ပြည့်တဲ့ ပုံစံမျိုးနဲ့ ပြန်ပြောလိုက်သည်။
ဒီကမ္ဘာမှာ လျုယောင်ကလွဲပြီး တခြားဘယ်သူ့မှ ထိုထူးဆန်းတဲ့ ငါးဖြူ၏ အဆီကို အလွယ်တကူ ရနိုင်မည်မဟုတ်ပေ။
ကန်တာနဲ့သူ့ရဲ့အဖွဲ့က အနည်းဆုံး ဒီမှာရက်ပေါင်းများစွာကြာမဲ့ စီးပွားရေးအစည်းအဝေးဖြစ်ပြီး ဆွေးနွေးစရာများစွာရှိမယ်လို့ ထင်ခဲ့ကြသည်။
သူတို့ စျေးနှုန်းကို ဆွေးနွေးရန် မလိုအပ်တော့ပေ။စျေးနှုန်းက ခိုင်မာသည် ။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်း ဖြစ်သည်။
ထိုထူးဆန်းတဲ့ အဖြူရောင်ငါးရဲ့ အဆီကို အခြားကုမ္ပဏီများကို ရောင်းချမည် မရောင်းချမည်ကိုလည်း ဆွေးနွေးနိုင်ခြင်း မရှိပေ။
အရောင်းအဝယ်နည်းလမ်းနဲ့ ငွေပေးချေမှုနည်းလမ်းကိုသာ ဆွေးနွေးဖို့ပဲ ကျန်တော့သည်။
“ကျွန်တော်တို့က ပစ္စည်းတွေကို ခင်ဗျားတို့ဆီ အရောက်မပို့ပေးပါဘူး... ကျွန်တော်တို့က ဒီထူးဆန်းတဲ့ ငါးဖြူရဲ့ အဆီကို ပင်လယ်ကမ်းခြေမှာပဲ ထားပေးပါ့မယ်... ခင်ဗျားရဲ့ကုမ္ပဏီက အဲ့ဒီပစ္စည်းတွေကို လာသယ်ယူဖို့ လိုအပ်တယ်....”
လျူယောင် ပြောလိုက်သည်။
“ဘာလို့လဲ”
“ဒီလိုဈေးကြီးတဲ့ ပစ္စည်းမျိုးအတွက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု့ မရှိဘူး”
လျူယောင် ပြန်ဖြေလိုက်သည်။
ဒီယာကုမ္ပဏီမှ လူများက အံ့အားသင့်သွားကြပေမဲ့ သူတို့ရဲ့ခေါင်းများကို ညင်သာစွာ ခါလိုက်ကြသည်။ သူတို့က လျု ယောင်၏ စိတ်ဓာတ် ခိုင်မာမှု့ကို နောက်တစ်ဖန် မြင်တွေ့ခဲ့ရသည်။
ထိုတောင်းဆိုမှု့ကို ရင်ဆိုင်ရတဲ့အခါ ကန်တာက လက်ခံယုံမှတပါး အခြားမရှိတော့ပေ။
လျု ယောင်က အမေရိကန်ဒေါ်လာ ၁၀ သန်း ကို စပေါ်ငွေအဖြစ် ပေးချေရန် နဲ့ ကျန်တဲ့ ငွေများကို ပစ္စည်းပေးအပ်တဲ့အခါ တစ်ခါတည်း ပေးချေရန် ဆုံးဖြတ်ခဲ့သည်။