မှောက်မိုက်ပြီး အေးစက်နေတာပဲ
Vol. 15 Ch. 216
လိပ်ကြီးက သူ့ရဲ့ ယာယီအိမ်ကို ပြုလုပ်ပြီးစီးခဲ့သည်။
အိမ်အသစ်တွင် ကောင်းကောင်းအိပ်စက်ပြီးနောက် ဗိုက်အနည်းငယ်ဆာလာသဖြင့် လိပ်ကြီး နိုးလာခဲ့သည်။သူ ပင်လယ်ရေအနက်ထဲမှ ထူးဆန်းတဲ့ ငါးဖြူကို သတိရသွားခဲ့သည်။
ထိုငါးမှာ သူ့အတွက် အလွန်အရသာရှိတဲ့အ စားအစာပဲဖြစ်သည်။
ဒီလိုအရသာရှိတဲ့ အစားအစာကို မကြာခဏ စားနိုင်ရန်အတွက် လိပ်ကြီးက အမည်မသိချောက်ကြီးရဲ့ အနီးတွင် ယာယီနေထိုင်ဖို့ အိမ်ကိုပါပြုလုပ်ခဲ့သည်။
လိပ်ကြီးက စွမ်းအင်အပြည့်ဖြင့် သူ့ရဲ့ မီတာ ၅၀ ရှည်တဲ့ ဧရာမလှံကြီးကို ကိုင်ကာ ရေအနက်ပိုင်းကြီးဆီကို ဦးတည်သွားခဲ့သည်။
မီတာ ၂၀၀၀ ကျော် အနက်ကို ရောက်ရှိပြီးနောက်တွင် လိပ်ကြီး၏ အရှိန်က သိသာသာ နှေးကွေးသွားခဲ့သည်။
သူ သတိထားကာ ပိုမိုနက်ရှိုင်းတဲ့နေရာကို ဦးတည်ကူးခတ်ခဲ့ပြီး ထိုအောက်ခြေမရှိတဲ့ ရေအနက်ပိုင်းထဲကို စတင်ဝင်ရောက်ခဲ့သည်။ထိုနေရာတွင် မှောင်မိုက်ပြီး အပူချိန်က တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
“လခွမ်း ဒီအနက်က မှောင်မိုက်ပြီး..အေးစက်နေတာပဲ... "
လိပ်ကြီးက အစားစားရဖို့ အတွက် ပိုနက်ရိူင်းတဲ့ အထိ ဆက်လက်ကူးခတ်သွားခဲ့သည်။
လိပ်ကြီး၏ အရှိန်က မမြန်ပေ သူ သတိထားပြီး ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ကူးခတ်နေသည် ။
တဖြည်းဖြည်းနဲ့ လိပ်ကြီးက မီတာ ၃၅၀၀ ကျော် အနက်ကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့အာရုံခံမှု့အပေါ် အားကိုးကာ အရသာရှိတဲ့ ထိုဧရာမ ထူးဆန်းတဲ့ ငါးဖြူကြီးကို ရှာဖွေနေခဲ့သည်။
" ဟေး..ဟိုမှာ...ငါရှာနေတဲ့ အကောင်ပဲ.."
လိပ်ကြီး အံ့ဩသွားခဲ့သည်။
သူ့ရဲ့အာရုံခံနိုင်မှု့ အစွန်းတွင် ထူးဆန်းတဲ့ ငါးဖြူကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုငါးဖြူက လိပ်ကြီးထက် ပိုမိုမြင့်မားပြီးအမြင်အရ တန် ၂၀၀ ခန့် ရှိနိုင်သည်။
ထူးဆန်းတဲ့ ငါးဖြူကြီး ပေါ်ပေါက်လာမှု့က လိပ်ကြီးရဲ့ အသိဉာဏ်ကို နောက်တစ်ဖန် ပြောင်းပြန်လှန်လိုက်သည်။
“လခွမ်း...ဒီလောက်တောင်ကြီးနေတာ...ငါ.တက်ပြီး တိုက်ရမလား..."
လိပ်ကြီးက အတော်လေး တုံ့ဆိုင်းနေပုံရပြီး သူ့စိတ်ထဲတွင် အနိုင်ရနိုင်ခြေကို တွက်ချက်နေသည်။
ကံမကောင်းစွာဖြင့်ပင် တစ်ဖက်ကလည်း လိပ်ကြီးကို တွေသွားခဲ့ပြီပဲ ဖြစ်သည်။
သူ့ အမြီးကို ရိုက်ခတ်၍ လိပ်ကြီးဆီကို အပြေးအလွှား ကူးလာခဲ့သည်။ဒီ အကောင်ကြီးက ကျူးကျော်ဝင်ရောက်လာတဲ့ လိပ်ကြီးကို အစားအစာအဖြစ် မှတ်ယူခဲ့ပြီး သူ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ထိုအစားအစာမျိုးကို မြည်းစမ်းလိုပုံရသည်။
" အရှိန်မြင့်မယ်."
လိပ်ကြီးက မီတာ ၅၀၀ နီးပါး အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားပြီး ချွန်ထက်တဲ့အစွန်းပေါ်တွင် ယာယီရှောင်တိမ်းနိုင်ခဲ့သည်။
ထိုကြီးမားတဲ့အကောင်ကြီးနဲ့ လိပ်ကြီးရဲ့ အကွာအဝေးက နီးကပ်နေပြီး အနည်းဆုံး မီတာ နှစ်ရာ သို့မဟုတ် သုံးရာ အကွာတွင် ဆက်လက်ရှိနေခဲ့သည်။
ဧရာမ ထူးဆန်းတဲ့ငါးက သူ့ရဲ့ သွားများနှင့် ဧရာမပါးစပ်ကို ဖွင့်ပြီး လိပ်ကြီးဆီကိုနောက်တစ်ဖန် လာခဲ့သည်။ တစ်ကိုက်တည်းနှင့် ကြိတ်ချေရန် ကြိုးစားနေပုံရသည်။
လိပ်ကြီးလည်း ဒေါသထွက်လာပြီး အော်ပြောလိုက်သည်။
“မင်း XX ငါက လွယ်လွယ်ကူကူ ဆက်ဆံလို့ရမယ့်ကောင် မဟုတ်ဘူး ...”
မီတာ ၅၀ ရှည်တဲ့ ဧရာမလှံကြီးကို ကိုင်ပြီး လိပ်ကြီးက ထူးဆန်းတဲ့ ငါးဖြူကြီးဆီကို အပြေးစွမ်းရည် အသုံးပြုခဲ့သည်။
ယခင်က ဒီလှည့်ကွက်ကို သူ စမ်းသပ်ပြီးသားဖြစ်သည်။
“ဒီတစ်ကြိမ်ကရော ဘယ်လိုလဲ...”
"ဒုန်း..."
ဧရာမလှံကြီးက ပစ်မှတ်ကို တည့်တည့် ထိမှန်ခဲ့သည်။
သို့သော်၊ သို့သော်၊ သို့သော်....
ဧရာမလှံကြီးရဲ့ အဖျားက လုံးဝ ထိုးမဖောက်နိုင်ခဲ့ပေ။ ထိုထူးဆန်းတဲ့ ငါးဖြူရဲ့ ဦးခေါင်းက အလွန်မာကျောပုံရသည်။
လိပ်ကြီးက သူ့ရဲ့စိတ်ထဲတွင် တွေးလိုက်မိသည်။
“လခွမ်း...ဒီ ထူးဆန်းတဲ့ငါးဖြူတွေက ပိုကြီးလာလေလေ သူတို့ရဲ့ ဦးခေါင်းတွေက ပိုမာကျောလာလေပဲလား...”
ထိုကြီးမားတဲ့ ထူးဆန်းငါးဖြူကြီး၏ အရှည်မှာ မီတာ ၄၀ ကျော်ရှိပြီး အလေးချိန် တန် ၂၀၀ ကျော်ရှိတာကြောင့် ဒီကောင် နှစ် ဘယ်လောက်လောက် ကြီးထွားလာခဲ့တာကို မသိပေ။
ထူးဆန်းတဲ့ ငါးဖြူကြီးက ဒေါသထွက်သွားခဲ့ပြီးရုတ်တရက် အလွန်ကြမ်းတမ်းလာခဲ့သည်။
လိပ်ကြီးရဲ့ လက်နက်က သူ့ဦးခေါင်းကို ထိုးသွင်းခဲ့ရာ၊ သူ့ကို လုံးဝဒေါသထွက်စေခဲ့သည်မှာ ထင်ရှားလှသည်။ နှစ်ပေါင်းများစွာအတွင်း ထိုမျှလောက် ကြီးမားတဲ့ အရှက်ခွဲမူ့ ကို သူ ဘယ်တုန်းကမှ မခံစားဖူးပေ။
သူ့ရဲ့ အမြီးနဲ့ လိပ်ကြီးဆီကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ပထမတွင် ကြောင်အနေတဲ့ လိပ်ကြီးက ရုတ်တရက် တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ရှောင်တိမ်းခဲ့သည်။
" ဗွမ်း..."
ထိုငါးကြီး၏ ဧရာမအမြီးကလိပ်ကြီးရဲ့ အပေါ်မှ ဖြတ်သွားခဲ့သည်။
“XX ပဲ ဒီကောင့်ကို ကိုင်တွယ်ရတာ မလွယ်ဘူး....”
အရှိန်ရဲ့ အားသာချက်အပေါ် အားကိုးပြီး လိပ်ကြီးက ရင်ဆိုင်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။
“ငါ...ဒီငါးရဲ့ ဖွင့်ထားတဲ့ ပါးစပ်ထဲကို တိုက်ရမလား... ဒါမှမဟုတ် ငါးကိုယ်ခန္ဓာကို တိုက်ခိုက်ရမလား... ငါးကိုယ်ခန္ဓာက အဝတ်လျှော်ဇလုံထက် ပိုကြီးတဲ့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပေမယ့်...ငါ့ရဲ့ ဧရာမလှံကြီးက ထိုးဖောက်နိုင်လောက်မယ် ...”
သုံးစက္ကန့် သို့မဟုတ် ငါးစက္ကန့်ကြာပြီးနောက်တွင် ထူးဆန်းတဲ့ ငါးဖြူကြီးက စတင်လှုပ်ရှားခဲ့သည်။
လိပ်ကြီး ရှောင်တိမ်းလိုက်သည်။
ငါကြီးက နောက်တစ်ဖန် ပြေးဝင်လာခဲ့ပြီး သူ့ပါးစပ်ကို ဖွင့်ကာ လိပ်ကြီးကို ကိုက်လိုက်သည်။
လိပ်ကြီးကလည်း နောက်တစ်ဖန် ရှောင်တိမ်းလိုက်ပြန်သည်။
အကြိမ်အနည်းငယ် တွေ့ဆုံမူ့ အပြီးတွင် လိပ်ကြီးက နောက်ဆုံးတော့ အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။
ဒီ တစ်ကြိမ်တွင် သူက ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့ကို ပြေးတက်သွားခဲ့ပြီး ဧရာမလှံကြီးရဲ့ထိပ်ဖျားက ငါးရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက် ဦးတည်ခဲ့သည်။
လိပ်ကြီးက အရိပ်တစ်ခုကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။
" ဖောက် "
ထိုလုပ်ဆောင်ချက်အောက်တွင် ဧရာမလှံကြီးကထိုးဖောက်ဝင်ရောက်သွားပြီး အသံတိုးတိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဧရာမလှံကြီးက ငါးကို လုံးဝထိုးဖောက်လုနီးပါးဖြစ်ခဲ့ပြီး တစ်ချိန်တည်းတွင်ထူးဆန်းတဲ့ငါးကြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
ဒီထူးဆန်းငါးဖြူက သွေးရူးသွေးတန်းနဲ့ ဦးခေါင်းကို လှည့်ကာ လိပ်ကြီးကို ပြင်းထန်စွာ ကိုက်ချလိုက်သည်။
လှံကို ပြန်ထုတ်ရန် လိပ်ကြီးအချိန်မရခဲ့ပေ။
ဒါ့ကြောင့် ငါးဖြူကြီးလှည့်ကိုက်တာကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ထူးဆန်းငါးဖြူကြီး၏ မသေမှီ နောက်ပြန်တိုက်ခိုက်မှု့က အချည်းနှီးဖြစ်သွားခဲ့ရသည်။
တဖြည်းဖြည်းနဲ့ ငါ့ကြီးက အသက်ဓာတ် လျင်မြန်စွာ ကုန်ဆုံးသွားပြီး နက်ရှိုင်းတဲ့ နေရာဆီကို နစ်မြုပ်သွားခဲ့သည်။
လိပ်ကြီးက ဒီ ငါးကြီးကို ဘယ်လိုလုပ်ပြီး နစ်မြုပ်စေနိုင်မှာလဲ။ ဧရာမလှံကြီးကတော့ သူ့ကိုယ်ခန္ဓာကို ဆက်လက်ထိုးသွင်းနေဆဲဖြစ်သည်။
သူက လျင်မြန်စွာ နောက်မှလိုက်ခဲ့ပြီး ဧရာမ ထူးဆန်းတဲ့ ငါးဖြူကြီးကို သူ့ရှေ့ခြေသည်းတစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပင်လယ်ရေမျက်နှာပြင်ဆီကို ကူးခတ်တက်ခဲ့သည်။
ရေစီးကို ဆန့်ကျင်တက်နေစဉ်တွင် လိပ်ကြီးက ပျော်ရွှင်စွာ တွေးလိုက်သည် ။
“အရမ်းမိုက်တာပဲ... ဒီလိုငါးကြီးတစ်ကောင်က အနည်းဆုံး နှစ်ရက် ၊ သုံးရက်လောက် ငါ့အတွက် လုံလောက်တယ်..."
“ကောင်းပြီ...နောက်လာမယ့် နှစ်ရက် သုံးရက်အတွင်း ဗိုက်ပြည့်တဲ့အခါ အိပ်မယ် အိပ်ပြီးရင် အနီးအနားမှာ ကစားဖို့သွားမယ် ... ဟားဟားး တကယ် ဇိမ်ရှိလိုက်တာ...”
ရေမိုင် ၁၀၀ ကျော်အထိ လိပ်ကြီးက သူ့ထက် ပိုလေးတဲ့ ဧရာမ ထူးဆန်းတဲ့ငါးကြီးကို ဆွဲယူခဲ့ပြီး မိနစ် ၄၀ မှ ၅၀ ကြာအောင်ကူးခတ် ပြီးနောက် သူ့ရဲ့ယာယီနေထိုင်ရာဂူကို ပြန်ရောက်လာခဲ့သည်။
ထိုထူးဆန်းတဲ့ ငါးဖြူကြီးကို ဂူရှေ့က မြေပြန့်ပေါ်တွင် ထားလိုက်ပြီး ငါးပေါ်မှ ဧရာမလှံကြီးကို ပြန်ထုတ်ရန် အချိန်မရှိသေးပေ။
လိပ်ကြီး ကသူ့ရှေ့မှာရှိတဲ့ အစာကို ကြည့်လိုက်ရာ တံတွေးများ ထွက်ကျလုနီးပါးဖြစ်ခဲ့သည်။
သူ့ရဲ့ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး အကိုက်ကြီး တစ်ကိုက် ကိုက်လိုက်သည်။ အနည်းဆုံး ပေါင်တစ်ထောင်ရှိတဲ့ ငါးအသားကို ကိုက်ဖြတ်ကာ စ စားတော့သည်။
"ဝိူး... အရသာက တကယ်ကို ကောင်းတယ်... ဒီအရသာကို ငါ အရမ်းကြိုက်တာပဲ...”
လိပ်ကြီးက ငါးကြီးကို အားရပါးရ စားနေစဉ် လျု ယောင့်၏ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
“အက်လဲ့...လိပ်ကြီး... မင်းက..ကောင်းကောင်းနေထိုင်နေတာပဲ...ဒီလိုငါးကြီးကို မင်း ဘယ်ကနေ ရလာတာလဲ...”
“ကျွန်တော် ရှေ့မှာရှိတဲ့ အမည်မသိ ချောက်ကြီးတည်းကနေ အခုလေးတင် ပြန်ယူလာတာပါ..သခင်..ခင်ဗျား ဘာလိုချင်တာလဲ....”
လိပ်ကြီး စားနေရင်း မေးလိုက်သည်။
သေချာတာပေါ့ လျုယောင်က လိပ်ကြီးနှင့် ပတ်သက်ပြီး လုပ်စရာတစ်ခုရှိနေသည်။
အစက သူ လိပ်ကြီးကို ထူးဆန်းတဲ့ ငါးဖြူကြီးတစ်ကောင်ကို ဖမ်းပြီး ဝမ်းဗိုက်ထဲရှိ အဆီကို ထုတ်ယူကာ သတ်မှတ်ထားတဲ့ နေရာကို ပို့ပေးရန် အမိန့်ပေးလိုခဲ့သည်။
ဒါပေမဲ့ အခုတော့ ထူးဆန်းတဲ့ငါးဖြူကြီးက လိပ်ကြီးနားတွင် အဆင်သင့် ရှိနေပြီး ဒါက သူ စိတ်ကူးထားတာထက်တောင် ပိုကြီးနေသည်။ ဒီထူးဆန်းတဲ့ငါးဖြူကြီးက တန် ၂၀၀ ကျော် အလေးချိန်လောက် ရှိလောက်မည်။