← Chapters

ဝန်ထမ်းတွေအတွက် အိမ်ဆောက်ပေးမယ်

Vol. 15 Ch. 217

ဝန်ထမ်းတွေအတွက် အိမ်ဆောက်ပေးမယ်

Vol. 15 Ch. 217

လိပ်ကြီးက အလွန်အစွမ်းထက်လှသည်။

ထိုမျှကြီးမားတဲ့ အဖြူရောင် ငါးထူးဆန်းကြီးကို သတ်နိုင်ခြင်းက လျု ယောင်ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီး အံ့အားသင့်စရာ အပြည့်အဝကိုလည်း ဆောင်ကြဉ်းပေးခဲ့သည်။

ဒီ ထူးဆန်းတဲ့ ငါးဖြူကြီးရဲ့ ဗိုက်ထဲတွင် အဆီမည်မျှရှိမည်နည်း။ ဆယ်တန်လား၊ ဒါမှမဟုတ် တန် နှစ်ဆယ်လား။ ဒါမှမဟုတ် ပိုများသလား ဆိုတာတော့ လျူယောင် မသိပေ။

လျူယောင် အမိန့်ပေးလိုက်သည်။

“လိပ်ကြီးရေ...မင်းအတွက် တာဝန်တစ်ခုရှိတယ်...”

“သခင်.... အမိန့်သာ ပေးလိုက်ပါ... "

လိပ်ကြီးက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“မင်း ဒီထူးဆန်းတဲ့ ငါးဖြူရဲ့ ဗိုက်ထဲက အဆီတွေအားလုံးကို ထုတ်ယူလိုက် ပြီးရင် နေရာတစ်ခုကို ပို့ဆောင်ပေးပါအုံး..."

လုပ်ရမည့် အသေးစိတ် အချက်အလက်များကို လျူယောင် ပြောပြလိုက်သည်။

လိပ်ကြီးက ထိုအဆီများကို လွယ်လွယ်နဲ့ လမ်းခွဲ ချင်မှာ မဟုတ်ဘူး လို့ လျူယောင် အစက ထင်ခဲ့သည်။အကြောင်းမှာ ၎င်းက သူ့အတွက် အလွန်အရသာရှိတဲ့ အစားအစာဖြစ်နေသည်။

သို့သော် လိပ်ကြီးက ချက်ခြင်း သဘောတူလိမ့်မယ် လို့ သူ မမျှော်လင့်ခဲ့ပေ။

“ကောင်းပါပြီ...သခင်.... ကျွန်တော် အခုပဲ သွားပို့လိုက်ပါ့မယ်....”

လျုယောင် အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။

“မင်းက သဘောတူတယ်ပေါ့... မင်းအတွက် ဒီထူးဆန်းတဲ့ ငါးဖြူကြီး အဆီက အရသာရှိပြီး မင်းအကြိုက်ဆုံး အစားအစာပဲကို.....”

“ကျွန်တော် ဒါကို ရဖို့က အဲ့ဒီ့ ချောက်ကြီးနဲ့ မဝေးပါဘူး... ဒီလိုအရာမျိုး စားချင်ရင် ကျွန်တော် ကူးခတ်သွားလိုက်ရုံပါပဲ... တစ်ကောင်ဖမ်းလိုက်တာနဲ့ အကြိမ်အနည်းငယ် စားလို့ရပါတယ်....”

လိပ်ကြီး ပြန်ဖြေလိုက်သည်။

“ မိုက်တယ်ဟ... မင်း..အရမ်းဥာဏ်ကောင်းတာပဲ.. ဒါဆို...ဒီငါးရဲ့ ဗိုက်ထဲက အဆီတွေကို ထုတ်ယူပြီး ငါပြောတဲ့နေရာကို ပို့ပေးထားအုံး....”

လိပ်ကြီးက ဘာမှမပြောတော့ဘဲ သူ့ခြေသည်းများကို အသုံးပြု၍ ထူးဆန်းတဲ့ ငါးဖြူကြီး၏ ဗိုက်ထဲမှ အဆီများကို ထုတ်ယူရန် စတင်ခဲ့သည်။အဆီတုံးက အလွန်ကြီးမားပြီး အနည်းဆုံး တန် ၃၀ သို့မဟုတ် ၄၀ လောက် အလေးချိန်ရှိပုံရသည်။

လိပ်ကြီးက အဆီများအားလုံး ထုတ်ယူလိုက်တာကို မြင်တဲ့အခါ လျူယောင် အံ့ဩပျော်ရွှင်သွားခဲ့သည်။ ဒီငါးရဲ့ ဗိုက်ထဲတွင် အဆီများအဲ့ လောက်ရှိလိမ့်မယ် ဟု သူ မမျှော်လင့်ခဲ့ပေ ။ဒါက အနည်းဆုံး တန်သုံးဆယ်မှ တန် လေးဆယ်အထိ ရှိနေသည်။

တစ်တန်ကို အမေရိကန်ဒေါ်လာ ၅ သန်းရပြီး ၁၀ တန်ဆို အမေရိကန်ဒေါ်လာ သန်း ၅၀ ပဲဖြစ်သည်။ဒီလောက် များနေပါက. အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ဖြစ်နိုင်သည်။

"အိုး ဘုရားရေ... အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပဲ...”

“ငွေရှာရတာ ဘယ်လောက်လွယ်လိုက်သလဲ”

“နေ့တစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ငါ ရှာလိုက်နိုင်တာပဲ....”

ထိုငွေရှာတဲ့အရှိန်နူန်းက လျု ယောင်တစ်ယောက်သာ ရှိနိုင်ပေမည်။

လိပ်ကြီးက အဆီတုံးရဲ့ ထောင့်တစ်နေရာကို ကိုက်ကာ အားမလိုအားမရဖြစ်နေသည်။ ၎င်းက အလွန်ကြီးမားတာကြောင့် ဖြစ်သည်။

သူက အဆီတုံး၏ တစ်စိတ်တစ်ပိုင်းကိုသာ ကိုက်နိုင်ခဲ့ပြီး ရှေ့ခြေသည်းတစ်ဖက်ဖြင့် သူ့ကိုယ်ပိုင် ဧရာမလှံကြီးကို ဆုပ်ကိုင်ကာ မိုင်ပေါင်းများစွာအကွာမှ ကမ်းခြေတစ်ခုဆီကို ကူးခတ်လာခဲ့သည်။

ဟွမ်ကွမ်က လူအနည်းငယ်ကို သူနဲ့အတူ လေယာဉ်နဲ့ အရှေ့အလယ်ပိုင်းသို့ ခေါ်ဆောင်လာခဲ့သည်။ထို့နောက် ကားဖြင့် ပင်လယ်ကမ်းခြေမြို့ငယ်လေးတစ်ခုကို သွားခဲ့ပြီး ဟိုတယ်တစ်ခုတွင် သူတို့ တည်းလိုက်သည်။

ဒီယာကုမ္ပဏီမှ ဂိုဘတ်က လူ 12 ဦးကို ဦးဆောင်ကာ ကွန်တိန်နာထရပ်ကားကြီး နှစ်စီးနှင့်အတူ ညနေပိုင်းတွင် ပင်လယ်ကမ်းခြေမြို့လေးကို ရောက်ရှိလာခဲ့သည်။

နှစ်ဖက်စလုံး တွေ့ဆုံတဲ့အခါ ယဉ်ကျေးစွာ နှုတ်ဆက်စကားအချို့ ပြောဆိုခြင်းမှာ မလွဲမသွေ ဖြစ်ပေသည်။

ဂိုဘတ်က ပျော်ရွှင်စွာ မေးလိုက်သည်။

“မစ္စတာဟွမ်... ကျွန်တော်တို့ ...ဘယ်တော့ လောက် ပစ္စည်းရနိုင်မလဲ....”

လျု ယောင်၏ ညွှန်ကြားချက်များကို ဟွမ်ကွမ်း ရရှိထားနှင့်ပြီမို့ ချက်ခြင်း ပြန်ဖြေလိုက်သည်။

“မနက်ဖြန် မနက်မှာ ကျွန်တော် ခင်ဗျားတို့ကို ပစ္စည်းယူမယ့်နေရာကို ခေါ်သွားပါ့မယ်.... ဒီညတော့ အားလုံး ကောင်းကောင်းအနားယူကြပါအုံး....”

“ကောင်းပါပြီ၊ ကျွန်တော်တို့ မနက်ဖြန်မနက် စောစော ပစ္စည်းယူမယ့်နေရာကို အတူသွားပါ့မယ်...”

ဂိုဘတ်က သဘောတူ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

.......

နောက်တစ်နေ့.......

ဟွမ်ကွမ်းရဲ့ ဦးဆောင်မှုအောက်တွင် ကားငယ်အချို့က ကွန်တိန်နာထရပ်ကားကြီးနှစ်စီးရဲ့ နောက်တွင်လိုက်ပြီး ပင်လယ်ကမ်းခြေလမ်းတစ်လျှောက် မောင်းနှင်သွားခဲ့သည်။

မြို့ထဲမှ ထွက်ခွာပြီး တအောင့်ကြာတော့ လမ်းဘေးတွင် ပြန့်ကျဲနေတဲ့ အဆောက်အအုံအချို့ ကို ဖြတ်လာခဲ့ကြသည်။ တဖြည်းဖြည်း လူသူကင်းမဲ့လာခဲ့သည်။ ဒီနေရာက ဂိုဘီသဲကန္တာရဖြစ်ပြီး အခြေခံအားဖြင့် အဆောက်အအုံမရှိသလို လူတစ်ဦးပင် မရှိချေ။

ဟွမ်ကွမ်းနဲ့ အတူစီးနေတဲ့ ဂိုဘတ်က စိတ်မရှည်စွာ မေးလိုက်သည်။

“မစ္စတာဟွမ်...ဘယ်လောက်ဝေးသေးလဲ...ကျွန်တော်တို့ မြို့ကနေ ကီလိုမီတာ ၂၀ ကျော်လောက် ထွက်လာခဲ့ပြီ....”

“ရှေ့ကို ကွေ့လိုက်ရင် ရောက်ပါပြီ...”

ဟွမ်ကွမ်း ပြန်ဖြေလိုက်သည်။

ခဏအကြာတွင် ကားတန်းက ကွေ့ တစ်ခုကို ကွေ့လိုက်သည်။ ရှေ့တွင်ကမ်းခြေကျယ်ကြီးတစ်ခုရှိပြီး ကမ်းခြေ ဘေးတွင် ပန်းရောင်ဖျော့ဖျော့ အပုံကြီးတစ်ပုံရှိနေသည်။ထိုအပုံကြီးက တောင်ကုန်းတစ်ခုနဲ့ပင် ဆင်တူနေသည်။

ထိုအပုံက မိုးမလင်းမီ လိပ်ကြီး ပို့ဆောင်ခဲ့တဲ့ ငါးအဆီတုံးကြီးပဲ ဖြစ်သည်။

နက်ရှိုင်းတဲ့ရေထဲကနေ လိပ်ကြီးက အခြေအနေကို ကြည့်နေသည်။

ထိုအရာအားလုံးကို တတိယအမြင်ဖြင့် လျူယောင်လည်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကားတန်း ချဉ်းကပ်လာတာကို မြင်တဲ့အခါ လျုယောင် ခဏတာ စိတ်သက်သာရာရသွားခဲ့သည်။

ကားတန်းက ရပ်သွားခဲ့ပြီး ဟွမ်ကွမ်း ၊ ဂိုဘတ်နှင့် အခြားသူများ တစ်ဦးပြီးတစ်ဦး ကားပေါ်မှ ဆင်းလာခဲ့ကြသည်။ ထို အပုံကြီးဆီကိုလျှောက်သွားခဲ့ကြကာ ဂိုဘတ်တို့က အလွန်ပျော်ရွှင်နေကြသည်။

ဂိုဘတ်က ကျွမ်းကျင်သူများကို စစ်ဆေးရန်ခေါ်ဆောင်လာခဲ့သည်။

ထိုအပုံက ထူးဆန်းတဲ့ ငါးဖြူကြီး၏ အဆီဖြစ်ကြောင်း သံသယမရှိဘဲ အတည်ပြုခဲ့ပြီးနောက် သူ ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ဘုရားရေ....”

“ဒီလောက် အများကြီးရှိနေတာလား... အနည်းဆုံး ဆယ်တန်ချီရှိတယ်... ဒီထူးဆန်းတဲ့ ငါးဖြူ ရဲ့ အဆီကို... ငါ တို့ ခဏတာ စိတ်ပူစရာမလိုတော့ဘူး... ငါတို့ နောက်ဆို အဆင့်မြင့် ဟန်းခရင်မ် အများအပြားကို ထုတ်လုပ်နိုင်ပြီး....အဆင့်မြင့် အလှကုန်တွေကိုလည်း အများအပြား တီထွင် ထုတ်လုပ်နိုင်ပြီကွ...."

ဂိုဘတ်က ပျော်ရွှင်စွာ အော်ဟစ်နေသည်။

“မစ္စတာဟွမ် ...ကျေးဇူးတင်ပါတယ်....တကယ်ကျေးဇူးတင်ပါတယ်ဗျာ”

ဟွမ်ကွမ်းလည်း ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မစ္စတာဂိုဘတ်..အလုပ်စသင့်ပါပြီ..."

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ..အားလုံး...အလုပ်စကြစို့...”

ဂိုဘတ်က သူ့လူများစွာနဲ့အတူ အဆီတုံးကြီးကို ဖြတ်တောက်နေကြသည်။

တစ်တုံးချင်းစီကို ပလတ်စတစ်အိတ်ထဲ ထည့်ကာ လေလုံအောင်ပိတ်ပြီးနောက် ချိန်ခွင်ပေါ်တွင် ချိန်တွယ်ခဲ့သည်။ အရာအားလုံးမှာစနစ်တကျရှိနေပြီး နှစ်နာရီနာရီနီးပါး အလုပ်များနေခဲ့သည်။

အဆီများအားလုံးကို လေလုံအောင်ပိတ်ပြီး ထုပ်ပိုးကာ ကွန်တိန်နာထရပ်ကားနှစ်စီးပေါ်ကို တင်လိုက်သည်။ ဟွမ်ကွမ်းရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ ဂိုဘတ် ပြောလိုက်သည်။

“မစ္စတာဟွမ်...စုစုပေါင်း ၄၁ တန်နှင့် ၂၅၇ ကီလိုဂရမ် ရှိပါတယ်... ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရတာ ပျော်ရွှင်ရပါတယ်ဗျာ...”

တာဝန်ပြီးဆုံးသွားတဲ့နောက်တွင် ဟွမ်ကွမ်းက စိတ်သက်သာရာရသွားပြီး စိတ်အေးလက်အေး ခံစားလိုက်ရသည်။

သူ့ရဲ့ စိတ်ထဲတွင် ခန့်မှန်းခြေ တွက်ချက်လိုက်တာ ၄၁ တန်နှင့် ၂၅၇ ကီလိုဂရမ် ဆို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၆.၂၈ သန်း ဖြစ်သည်။

ဂိုဘတ်က ဟွမ်ကွမ်းရဲ့ရှေ့တွင် ဖုန်းခေါ်ဆိုပြီး သူ့သူဋေးအား အစီရင်ခံလိုက်ကာ အမေရိကန်ဒေါ်လာ ၂၀၆.၂၈သန်း Universal အကောင့်ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။

......

Universal တွင်....

ကျိုးယန်က လျူယောင်ရဲ့ ရုံးခန်းကို ဝင်လာပြီးပျော်ရွှင်သော မျက်နှာဖြင့် ပြောလိုက်သည်။

“သူဋေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၆.၂၈ သန်း ကျွန်တေည်တို့ အကောင့်ထဲ ဝင်လာပါတယ်...ခဗျ..."

လျူယောင် အားပါးတရ ရယ်လိုက်သည်။

" ဟား..ဟား..ဟား...အရမ်းကောင်းတယ်.."

ဒီငွေကို ရှာရတာ တကယ်ကို ပျော်စရာကောင်းလှသည်။ လိပ်ကြီးကို ရိုးရိုးလေး အမိန့်ပေးလိုက်ရုံဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်လာခဲ့ရာ ငွေထုတ်တဲ့ ပုံနှိပ်စက်ထက်ပင် ပိုမိုမြန်ဆန်နေသည်။

ကျိုးယန် ပျော်ရွှင်စွာ ပြောလိုက်သည်။

“သူဋေး... ကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေက အခုအချိန်မှာလုံလောက်နေပါတယ်.... ကျွန်တော်တို့ ကုမ္ပဏီတွေလို စာအုပ်တွေပေါ်မှာ ပိုက်ဆံအများကြီးရှိတဲ့ ကုမ္ပဏီအနည်းငယ်ပဲ ရှိပါတယ်...”

ကုမ္ပဏီက ချမ်းသာနေတော့ ကျိုးယန် ပျော်နေသည်။

သေချာတာက လျုယောင်လည်း ပျော်ရွှင်နေသည်။

သူကလက်ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော ဝန်ထမ်း တစ်ဦးလျှင် ယွမ်ငွေ ၃၀၀၀ ဆုကြေးပေးလိုက်...အလယ်အလတ်နှင့် အဆင့်မြင့် ဝန်ထမ်းတွေအတွက်တော့ ဆုကြေးက ပိုများနိုင်တယ်... ဘယ်လောက်ပေးရမလဲဆိုတာ မင်း ဆုံးဖြတ်လိုက်ပါ....”

“တကယ်ပဲလား...”

“ဝန်ထမ်းတွေကို ပိုက်ဆံပေးမယ်တဲ့လား...”

“သူဋေး... ခင်ဗျားက အရမ်း ရက်ရောပါတယ်....အားလုံးကိုယ်စား ကျွန်တော် ကြိုတင်ကျေးဇူးတင်ပါတယ်....”

ကျိုးယန် ရိုသေစွာ ပြောလိုက်သည်။

လျုယောင် ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး သူ့စိတ်ထဲတွင် တွေးလိုက်သည် ။

“ဒီနည်းနည်းပါးပါးငွေက ဘာများလို့လဲ... သင်္ဘောသားတွေအပါအဝင်... ကုမ္ပဏီမှာ လူ ၂၀၀၀ လောက်ပဲရှိတာ... ဆုကြေးငွေ ပေးဖို့ ယွမ်ငွေ ၁,၀၀၀,၀၀၀ ပဲ ရှိသေးတယ်....”

လျု ယောင် မကြာသေးမီက ဆိုမာလီယာကို ခရီးတစ်ခေါက်သွားခဲ့ပြီး အသားတင်အမြတ် ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ကာ ယခု အသားတင်အမြတ် ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိခဲ့သည်။

ခဏတာ တွေးတောပြီးနောက် လျူယောင် ထပ်မံ၍ အမိန့်ပေးလိုက်သည်။

“ကုမ္ပဏီက မြေကွက်တစ်ကွက် ဝယ်ပြီး ဝန်ထမ်းတွေအတွက် ငါ အိမ်ဆောက်ပေးမယ်... ဒါမှ ဝန်ထမ်းအားလုံးနေထိုင်ဖို့ အိမ်ကောင်းကောင်း တစ်လုံး ရနိုင်မှာ...."

ကျိူးယန်က လုံးဝမတုံ့ပြန်နိုင်ဘဲ သူ နားကြားမှားသွားတာလားလို့ အလေးအနက် တွေးနေသည်။

" ဗျာ... ဝန်ထမ်းတွေကိုပါ အိမ်ဆောက်ပေးအုံးမှာတဲ့လား...."

All Chapters