သူဋေးကို ချစ်သွားပီဗျာ "
Vol. 15 Ch. 218
ခဏအကြာတွင် ကျိုးယန် သူ့ကိုယ်သူ သတိပြန်ဝင်လာခဲ့သည်။
သူက အံ့ဩတဲ့အကြည့်ဖြင့် မေးလိုက်သည်။
“သူဋေး.... ခင်ဗျားဆိုလိုတာက ကျွန်တော်တို့ရဲ့ကုမ္ပဏီက အိမ်တွေဆောက် ပြီးတော့ ....ဆောက်ထားတဲ့အိမ်တွေကို ဝန်ထမ်းတွေကို နေထိုင်ဖို့ ပေးတာလား...."
လျုယောင် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဟုတ်တယ်...ဟွာဟိုင်းမြို့က အိမ်တွေက အရမ်းဈေးကြီးလို့...လူအများစု မတတ်နိုင်ကြဘူး... ငါတို့က အရည်အချင်းရှိတဲ့သူတွေကို ဆက်ထိန်းထားချင်ရင် ဒီလိုပဲ လုပ်ရမယ်..."
ထို့နောက်တွင် လျုယောင်က သူ့အတွေးအခေါ်အကြောင်း ပြောပြခဲ့သည်။
ကုမ္ပဏီရဲ့ အနာဂတ် ရုံးချုပ်က Universal တာဝါတွင် တည်ရှိမည်ဖြစ်သည်။
Universal က တီထွင်တည်ဆောက်မဲ့ ဝန်ထမ်းအိမ်ရာမှာ Universal ကုမ္ပဏီကို သွားလာရလွယ်ကူပြီး ဘတ်စ်ကား သို့မဟုတ် မြေအောက်ရထား တိုက်ရိုက် ရှိပါက အကောင်းဆုံးပဲ ဖြစ်သည်။
အိမ်ရဲ့ပိုင်ဆိုင်ခွင့်က Universal ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု့ဖြစ်ပြီး အသုံးပြုခွင့်ကသာ ဝန်ထမ်းများအတွက်ဖြစ်သည်။
Universal ကုမ္ပဏီတွင် အလုပ်လုပ်နေသမျှ ကာလပတ်လုံး ထိုအိမ်တွင် ထာဝရနေထိုင်နိုင်ပေလိမ့်မည်။
လျု ယောင်ရဲ့ အတွေးကို ကြားပြီးနောက်တွင် ကျိုးယန် ညွှန်ကြားချက်တောင်းခံလိုက်သည်။
“သူဋေး...ဝန်ထမ်းအိမ်ရာကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ဘယ်လောက်ကုန်ကျသင့်သလဲ...”
လျု ယောင်က သူ့လက်ကို ဝှေ့ယမ်းပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“ပထမဆုံး...၂ ဘီလီယံသုံးထားလိုက်...အိမ်ရာရဲ့ အဆင့်အတန်းက မြင့်ရမယ်...စျေးကွက်မှာရှိတဲ့ အဆင့်မြင့်အိမ်ရာတွေနဲ့ ယှဉ်နိုင်ရမယ်...ပထမအဆင့်မှာ အိမ် ၁၀၀၀ ဆောက်ကြမယ်...အဆင့်သုံးဆင့်ခွဲပြီးဆောက်မယ်... အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းတစ်ခန်းပဲ..."
“ရိုးရိုးဝန်ထမ်းတွေက အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းမှာ နေထိုင်နိုင်ပြီး...ကြီးကြပ်ရေးမှူးတွေက အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းမှာ နေထိုင်နိုင်တယ်....မန်နေဂျာတွေက အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းတစ်ခန်းမှာ နေထိုင်ရမယ်...”
ကျိုးယန်က စိတ်အားထက်သန်နေပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“သူဋေးက အရမ်းမိုက်တာပဲဗျာ...”
“အိမ် ၁၀၀၀ ဟင်းဟင်း...တကယ့်ကြီးမားတဲ့ လုပ်ဆောင်ချက်ပဲ....”
ဒါ ပထမအဆင့်သာဖြစ်ပြီး အနာဂတ်တွင် ဒုတိယ၊ တတိယ စသဖြင့် ရှိလာမယ်လို့ ခန့်မှန်းရသည်။
ဟေဟွားဆိုသူက Universal ကုမ္ပဏီရဲ့ ဝန်ထမ်းအသစ်တစ်ဦး ဖြစ်သည်။ သူက နှစ်လကြာ အစမ်းခန့်ကာလကို ပြီးဆုံးခဲ့ပြီး ယခုအခါတွင် အချိန်ပြည့်ဝန်ထမ်းတစ်ဦး ဖြစ်နေသည်။
ပုံမှန်အတိုင်းပင် သူက အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့သည်။
ရုတ်တရက် သူ့ လက်ကိုင်ဖုန်းပေါ်ရှိ အလုပ်အဖွဲ့တွင် သတင်းတစ်ခုရှိနေပုံရသည်။ သူအမြန်ပင် လက်ကိုင်ဖုန်းကို ကောက်ယူကြည့်လိုက်ရာ ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
အလုပ်အဖွဲ့တွင် လူ တစ်ဒါဇင်ခန့်ရှိပြီး သူတို့အဖွဲ့ရဲ့ အဖွဲ့ဝင်အားလုံးနဲ့ ကြီးကြပ်ရေးမှူးအပါအဝင်က ထို chat group တွင် ရှိနေကြသည်။ သတင်းကို ကြီးကြပ်ရေးမှူးပေါဘီကွန်မှ ပေးပို့ခဲ့တာပဲ ဖြစ်သည်။
“အားလုံးပဲ... ကျွန်တော် သတင်းကောင်းတစ်ခုကို အားလုံးနဲ့ မျှဝေချင်ပါတယ်..သူဋေးလျူယောင်က တစ်ဦးလျှင် ယွမ်ငွေ ၃၀၀၀ အပိုဆုကြေး ပေးမယ်တဲ့... ဒါက ဒီနေ့နဲ့ မနက်ဖြန် အတွင်း ..မင်းတို့...အကောင့်ထဲကို ရောက်လာပါလိမ့်မယ်...”
ထိုသတင်း ထွက်ပေါ်လာတာနဲ့မူလက တည်ငြိမ်နေတဲ့ WeChat အဖွဲ့မှာ အသက်ဝင်လာခဲ့သည်။
“တကယ်လား...အရမ်းကောင်းတာပဲဗျာ..”
“ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမို့လား...တစ်ဦးကို ယွမ် ၃၀၀၀ ဆိုတာ တကယ်ပဲလား...”
“ဟားဟားနောက်လရဲ့ အိမ်လခအတွက် ငါ စိတ်ပူစရာမလိုတော့ဘူး”
“သူဋေးက အစွမ်းထက်တယ်... ငါ သူ့ကို သေလောက်အောင် ချစ်တယ်ကွာ..."
…
သူ့လုပ်ဖော်ကိုင်ဖက်များက မျက်နှာပြင်တွင်ဝမ်းသာအားရ ပြောထားတာကို မြင်တဲ့အခါ ဟေဟွားကလည်း သူ့လက်ရှိစိတ်ခံစားချက်ကို ဖော်ပြရန် မက်ဆေ့ချ်အနည်းငယ် ပေးပို့ခဲ့သည်။
ဒီသတင်းက သူ့အတွက်တော့ အရမ်း ကြီးမားတဲ့သတင်းကောင်းပဲ ဖြစ်သည်။
သူ့တွင် ငွေရေးကြေးရေး ဖိအားအနည်းငယ် ခံစားနေရသည်။တစ်လလျှင် ၁၅၀၀ ဖြင့် အိမ်တစ်လုံး ငှားနေခဲ့ရသည်။
ယခုတော့ ယွမ်ငွေ ၃၀၀၀ က ယနေ့ သို့မဟုတ် မနက်ဖြန်တွင် ရောက်ရှိလာတော့မည်လေ။
ထိုမျှသာမက ဒါရိုက်တာ ပေါဘီကွန်က နောက်ထပ် သတင်းအသစ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
“အားလုံးပဲ...ကျွန်တော် နောက်ထပ် သတင်းကောင်းတစ်ခု ပြောပြပါရစေ... ကုမ္ပဏီက ဝန်ထမ်းတွေအတွက် အိမ်ရာတစ်ခုကို တည်ဆောက်ဖို့ ၂ ဘီလီယံ သုံးစွဲဖို့ စီစဉ်နေပါတယ်... လှပစွာအလှဆင်ထားတဲ့ အိမ် စုစုပေါင်း ၂၀၀၀ ရှိပါလိမ့်မယ်...လအနည်းငယ်အတွင်းမှာ အားလုံးနေထိုင်ဖို့ အိမ်တစ်လုံး ရနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..."
“ဝိုး...တကယ်ကြီးလား.. "
ရုတ်တရက်အလုပ်အဖွဲ့တစ်ခုလုံး လုံးဝ ဆူညံသွားတော့သည်။
“တကယ်ပဲ... ဒီလိုကောင်းတဲ့အရာမျိုးရှိတာလား.."
“ကုမ္ပဏီက လူတိုင်းနေထိုင်ဖို့ကို အိမ်ဆောက်ပေးတာလား သူဋေး....ကျွန်တော်ခင်ဗျားကို သေလောက်အောင် ချစ်တယ်ဗျာ....”
“ဒီလိုကောင်းတဲ့ကုမ္ပဏီမျိုးကို ငါ အနာဂတ်မှာ အလုပ်ပြောင်းတော့မှာ မဟုတ်ဘူးဆိုတာ အခုပဲ ကြေညာလိုက်တယ် ငါအနားယူတဲ့အထိ ဒီမှာပဲ အလုပ်လုပ်မယ်”
အလုပ်အဖွဲ့က ဆူညံနေရုံသာမက သတင်းကလည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အဖွဲ့ထဲရှိ လူတိုင်းနီးပါး သိသွားကြသည်။
......
ပစီဖိတ်သမုဒ္ဒရာတွင်universalမှ ကုန်တင်သင်္ဘောကြီးတစ်စီးက ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းနေခဲ့သည်။
ကပ္ပတိန်ကသတင်းကောင်းနှစ်ခုကို အားလုံးမျှဝေခဲ့ရာ သင်္ဘောသားများက ချက်ချင်းပင် ရွှင်လန်းသွားကြသည်။
တစ်ဦးလျှင် ယွမ်ငွေ ၃၀၀၀ ဆုရခဲ့ပြီး ထိုငွေက ယနေ့နှင့် မနက်ဖြန်တွင် အကောင့်ထဲကို ရောက်ရှိလာတော့မည်ပဲ ဖြစ်သည်။
ဒါသည်အဓိကအချက်မဟုတ်ပေ။ လူတိုင်းကို ပို စိတ်လှုပ်ရှားစေတာက ကုမ္ပဏီက အိမ်ဆောက်ပေးတာပဲဖြစ်ပြီး နောက်ဆုံးတွင် ဝန်ထမ်းများနေထိုင်ရန် အိမ်တစ်လုံးရှိလာတော့မည်ဖြစ်သည်။
“ငါ ဟွာဟိုင်းမြို့လို စူပါမြို့ကြီးတစ်မြို့မှာ အိမ်တစ်လုံးရှိလာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး...ဟားဟား...”
“ငါ အိမ်ရပြီးရင်... ငါ့ဇနီးနဲ့ သားသမီးတွေကို သေချာပေါက် ခေါ်လာပြီး နေထိုင်မယ်....”
“ဒီဘဝက တန်ဖိုးရှိတာပဲဗျာ...”
“ဟုတ်တယ်...ဘဝတစ်လျှောက်လုံး ကြိုးစားလုပ်ကိုင်တာက မြို့ကြီးတစ်မြို့မှာ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်အတွက် မဟုတ်လား...”
လျု ယောင်က သူ့ရဲ့ဝန်ထမ်းများအတွက် အိမ်ဆောက်ရန် ဆုံးဖြတ်ပြီးနောက်တွင် သူ့ရဲ့ဂုဏ်သိက္ခာနှင့် အရှိန်အဝါက အလွန်တိုးတက်လာခဲ့ ပြီးဝန်ထမ်းအချို့ကလည်း
“သူဋေးက အစွမ်းထက်တယ်” ဟူတဲ့ကြွေးကြော်သံကိုပင် အော်ဟစ်ခဲ့ကြသည်။
.....
နိုင်ငံတော် အားကစားစင်တာ.....
အားကစားသမားများက RB တွင် ကျင်းပတဲ့ IAAF Diamond League တွင် ပါဝင်ရန် RB ကို နှစ်ရက်အတွင်း သွားကြမည်ဖြစ်သည်။
ယနေ့က အားကစားသမားများ RB ကို မသွားခင် နောက်ဆုံး လေ့ကျင့်ခန်းပဲ ဖြစ်သည်။
မီတာ ၁၀၀ ပြေးလမ်းဘေးတွင် လူများစွာ ရပ်နေကြသည်။
အဖွဲ့ဝင်နှစ်ဦးက ပြေးလမ်းရဲ့ စတင်နေရာတွင် စပြေးဖို့ အသင့်ဖြစ်နေသည်။ ပြေးခုန်ပစ်အဖွဲ့ရဲ့ အဓိကနည်းပြဖြစ်သူ ကျန်းရှန်က စတင်သေနတ်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အားလုံး အသင့်အနေအထားမှာ နေပါ”
“အဆင်သင့်ပြင် ... ပြေး..."
“ဒိုင်း..."
သေနတ်သံနှင့်အတူ အဖွဲ့ဝင်နှစ်ဦးက မြှားနှစ်ချောင်းလို လျင်မြန်စွာပြေးနေသည်။ ဘေးတွင်ကြည့်နေတဲ့ ပြေးခုန်ပစ် အားကစားသမားများ၊နည်းပြများနှင့် သာမန်ဝန်ထမ်းများက အားပေးနေကြသည်။
ကျန်းရှန် ခဏတာ ကျေနပ်နေခဲ့သည် ။ ဒါပေမဲ့ ကစားသမားနှစ်ဦးရဲ့ စတင် တုံ့ပြန်မှု့အရှိန်တွင် ကွာခြားမှုရှိတာကို သူ မြင်ရကာ တစ်ဦးက မြန်ပြီး တစ်ဦးက နှေးနေသည်။
ထိုကစားသမားနှစ်ဦးက ချန်းဟူနှင့် စူးလေးတို့ ပဲဖြစ်ကြသည်။
ချန်းဟူရဲ့ တုံ့ပြန်မှုအရှိန်က အနည်းငယ် ပိုမြန်နေသည်။ မီတာ ၃၀ ကြာပြီးနောက် ချန်းဟူက ခန္ဓာကိုယ်တစ်ကိုယ် စာခန့် ရှေ့ရောက်နေသည်။ တဖြည်းဖြည်းနှင့် နှစ်ဦးကြားက အကွာအဝေးမှာဝေးလာပြီး အဆုံးတွင်တော့ နောက်ဆုံးစည်းကို ချန်းဟူက အရင်ဖြတ်ကျော်ခဲ့သည်။
" ၉.၄၂ စက္ကန့်... "
“၁၀.၀၁ စက္ကန့် ....”
ကျန်းရှန်က ရလဒ်နှစ်ခုကို ဆက်တိုက် အစီရင်ခံနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ပျော်ရွှင်မှု့များနဲ့ ပြည့်နေသည်။
ချန်းဟူက ၉.၄၂ စက္ကန့် နဲ့ ပြေးနိုင်ခဲ့ပြီး ဒီရလဒ်က လက်ရှိကမ္ဘာ့စံချိန်ထက် အများကြီး ရှေ့ရောက်နေသည်။
နည်းပြကျန်းရှန်ရဲ့စိတ်ထဲတွင် ကျေနပ်နေကာ တည်ငြိမ်လို့ နေသည်။
“ဟူး...ရက်အနည်းငယ်ကြာရင် Diamond League မှာ မီတာ ၁၀၀ ရွှေတံဆိပ်က ငါတို့ရမှာပဲ...”
ယခင်က Diamond League များကို တွေးတောမိတဲ့အခါ ကျန်းရှန် သက်ပြင်းချလိုက်သည်။ထိုပြေးခုန်ပစ်ပွဲတွင် ယန်နိုင်ငံက အားမကောင်းခဲ့ပေ ။သူတို့က သံယရှိစရာမလိုပဲအားနည်းသူပဲ ဖြစ်သည်။
အချို့ပွဲများတွင် သူတို့နိုင်ငံက ပြိုင်ပွဲအတွက် အရည်အချင်းပင် မပြည့်မီပေ။
မီတာ ၁၀၀ ပြေးပွဲတွင် ကစားသမားများက လူမည်းများနဲ့ အနောက်တိုင်းသားများရဲ့ လွှမ်းမိုးမှု့ကို ခံခဲ့ရသည်။အခု ချန်းဟူ ရှိလာတော့ ကမ္ဘာရွှေတံဆိပ် ကိုပင် သူ မှန်းရဲခဲ့သည်လေ။
နှစ်ဦသား တစ်ဦးပြီးတစ်ဦး အဆုံးစည်းကို ဖြတ်ကျော်သွားခဲ့ကြသည်။
တဖြည်းဖြည်း နှေးကွေးသွားခဲ့ပြီးနောက် စူးလေးက ရပ်လိုက်ကာ ပြောလိုက်သည်။
“အစ်ကိုချန်း... ခင်ဗျား အရမ်းအစွမ်းထက်တယ်...ကျွန်တော် ခင်ဗျားနဲ့ ပြေးချင်စိတ် မရှိတော့ဘူးဗျာ...ဒါက ကိုယ့်ကိုယ်ကိုယ် အနိုင်ကျင့်ဖို့ ရှာနေတာနဲ့တူတူပဲ....”
ချန်းဟူက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“မင်းလည်း မဆိုးပါဘူး... မင်းက ၁၀ စက္ကန့်အောက် ပြေးနိုင်တဲ့ ယန်နိုင်ငံရဲ့ ပထမဆုံးလူပဲ...”
“ကျွန်တော့်ရလဒ်တွေကို မေ့လိုက်ပါ...ပြောစရာတောင် မဟုတ်ပါဘူး...."
စူးလေး ညှိုးငယ်စွာ ပြုံးလိုက်ပြီး မျှော်လင့်ချက်များနဲ့ ပြောလိုက်သည်။
“အစ်ကိုချန်းရက်အနည်းငယ်ကြာရင် Diamond League မှာ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် တကယ်မျှော်လင့်နေပါတယ်... ဗျာ…ခဗျားက ဥရောပရဲ့အမေရိက ကစားသမားတွေကို ကြောင်တောင်တောင် ဖြစ်သွားစေမှာ သေချာတယ်....”