← Chapters

ချန်းဟူ အပြေးပြိုင်ပွဲ ဝင်ပြိုင်ခြင်း

Vol. 15 Ch. 219

ချန်းဟူ အပြေးပြိုင်ပွဲ ဝင်ပြိုင်ခြင်း

Vol. 15 Ch. 219

ချန်းဟူရဲ့ ဖုန်းခေါ်ဆိုမှု့ကို လျူယောင် လက်ခံရရှိခဲ့သည်။

"သူဋေး... ကျွန်တော် မနက်ဖြန် IAAF Diamond League မှာ ဝင်ပြိုင်ဖို့ RB နိုင်ငံ ကို ထွက်ခွာတော့မယ်..."

"အင်း..ဒါက ကောင်းတဲ့အရာပဲ...မင်းက တစ်လကျော်လောက် လေ့ကျင့်ပြီးပြီဆိုတော့ တကယ့်အရည်အချင်းကို စမ်းသပ်ဖို့ အချိန်တန်ပြီလေ..

Diamond League ဝင်ပြိုင်တာက သေးငယ်တဲ့ စမ်းသပ်မှု့တစ်ခုသာဖြစ်ပြီး နောက်နှစ်မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကသာ အဓိကပဲ"

"ကောင်းပြီ...နောက်နှစ်ရက်နေရင် မင်း ပွဲကို ငါလာကြည့်မယ်..."

လျူယောင် ဝမ်းသာအားရနဲ့ပြောလိုက်သည် ။

ရုတ်တရက် ချန်းဟူ စိတ်လှုပ်ရှားသွားသည်။

သူ အလွန်အံ့သြဝမ်းသာသွားပြီး ထပ်မေးလိုက်သည်။

" သူဋေး တကယ်လာကြည့်မှာလား “

"ဟုတ်တယ် ငါ လာကြည့်မယ်..မင်းက ငါ့ရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်ပဲလေ.. မင်း ပြိုင်ဘက်တွေကို ဘယ်လို အနိုင်ယူပြီး နိုင်ငံဂုဏ်ဆောင်မလဲဆိုတာ ငါ လာကြည့်မယ်.."

လျူယောင် ပြန်ပြောလိုက်သည်။

ဖုန်းချပြီးနောက် ချက်ချင်းဖုန်းခေါ်ဆိုပြီး လေယာဉ်လက်မှတ်များနှင့် ပွဲကြည့်လက်မှတ်များဝယ်ယူရန် လက်အောက်ငယ်သားများကို အမိန့်လျူယောင် ပေးလိုက်သည်။

ဒီတစ်ကြိမ်တွင် ချန်းဟူက မီတာ ၁၀၀၊ ၂၀၀ နှင့် ၄၀၀ ပြိုင်ပွဲ သုံးခုတွင်သာ ပါဝင်ခဲ့သည်။ တကယ်တော့ သူက အပြေးလေ့ကျင့်ခြင်းအပြင် အခြားပြိုင်ပွဲများဖြစ်တဲ့ အလျားခုန်၊ လှံတံပစ်၊ အမြင့်ခုန် စသည့် ပြိုင်ပွဲများအားလုံးကိုလည်း လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲတိုင်းတွင် ကမ္ဘာ့စံချိန်ကို အလွယ်တကူ ချိုးနိုင်စွမ်းရှိသည်။

ကျိန့်ကန်းနဲ့ဟီချန်းတို့က လျူယောင်နှင့်အတူ RB နိုင်ငံသို့ လိုက်ပါခဲ့ကြသည်။ ချန်းဟူရဲ့ပွဲကို သွားကြည့်မည်ကို ကြားတဲ့အခါ သူတို့လည်း ရုတ်တရက်စိတ်ဝင်စားသွားကြသည်။

လျူယောင်က လီချန်လဲ့ကို ခေါ်သွားချင်ပေမဲ့ သူမက အတန်းပိုင်ဆရာမဖြစ်တာကြောင့် ခွင့်ယူရမှာ မလွယ်ကူသဖြင့် အစီအစဉ်ကို ဖျက်လိုက်ရသည်။

နှစ်ရက်ကြာပြီးနောက် လျူယောင်တို့သုံးယောက်သား အိုဆာကာမြို့ကိုရောက်ရှိခဲ့ကြသည်။

ထိုနိုင်ငံမှ အကောင်းဆုံး ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် သူတို့ တည်းခိုခဲ့ကြသည်။ နောက်တစ်နေ့တွင် ပြိုင်ပွဲများ စတင်တော့မှာပဲ ဖြစ်သည်။

နောက်တစ်နေ့တွင် မီတာ ၁၀၀ အကြိုဗိုလ်လုပွဲများ စတင်ခဲ့သည်။ လျူယောင်၊ ကျိန့်ကန်းနဲ့ဟီချန်းတို့ က ပရိသတ်နေရာတွင် ထိုင်ခဲ့ကြသည်။ မကြာမီ ကျိန့်ကန်းက ယန်နိုင်ငံ အားကစားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချန်းဟူကို တွေ့လိုက်ရသည်။

သူ ဝမ်းသာအားရ အော်ပြောလိုက်သည် ။

"ဟိုမှာ...ကြည့်လိုက်.. အဲ့ဒါ ချန်းဟူပဲ... သူ ပြိုင်တော့မယ့်ပုံပဲ..."

အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲက အထင်ရှားဆုံး ပြိုင်ပွဲတစ်ခုဖြစ််တာ ထင်ရှားသည်။

အားကစားကွင်းတစ်ခုလုံးတွင် ပရိတ်သတ်များပြည့်နေပြီး အခြားပြိုင်ပွဲများအားလုံးကို ရပ်နားထားသည်။ ဒီ ကြီးမားတဲ့ကွင်းတစ်ခုတည်းသာ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပနေသည်။

အလျားခုန်နှင့် အမြင့်ခုန် လို အခြားပြိုင်ပွဲများမှာ မီတာ ၁၀၀ အကြိုဗိုလ်လုပွဲများ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းရသည်။ အချို့ပြိုင်ပွဲများသာ တစ်ချိန်တည်း ကျင်းပကြသည်။

ဥပမာအားဖြင့် အမြင့်ခုန်ပြိုင်ပွဲက ဒီနေရာတွင် ကျင်းပနေပြီး အခြားပြိုင်ပွဲများဖြစ်တဲ့အလျားခုန်ကို အခြားတစ်ဖက်တွင် ကျင်းပနေသည်။

လျူယောင်နဲ့ဟီချန်းတို့က ပြင်ဆင်မှု့များ ပြုလုပ်နေတဲ့ ချန်းဟူကို တွေ့လိုက်ရပြီး သူတို့နှစ်ဦးစလုံး မျှော်လင့်နေကြသည်။ အထူးသဖြင့် ဟီချန်းပင်။

Diamond League ရဲ့အဆင့်က အလွန်မြင့်မားပြီး နာမည်ကြီး အပြေးသမားများစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဥပမာအားဖြင့် ဂျမေကာနိုင်ငံမှ နာမည်ကြီး ဘရန်ဒ်၊ M နိုင်ငံမှ ကိုးလ်မန်း စသဖြင့် ပါဝင်ကြသည်။

ကျိန့်ကန်းက ချန်းဟူကို အလွန်အမင်း ယုံကြည်မှု့ရှိပြီး ပြောလိုက်သည်။

"ငါ ချန်းဟူကို ယုံတယ်...မီတာ ၁၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်က သူ့ဟာပဲ ဖြစ်ရမယ်..."

လျူယောင် တစ်ခုခုပြောတော့မဲ့ အချိန်တွင် အလွန်မကျေနပ်တဲ့ အသံတစ်ခုက ဝင်ရောက်ဖြတ်တောက်လိုက်သည်။

"မင်းတို့ ယန်နိုင်ငံက လူတွေကလည်း ရွှေတံဆိပ်ဆုရဖို့ စိတ်ကူးယဉ်နေကြသေးတာလား...ရယ်စရာကောင်းလိုက်တာ...အကြိုဗိုလ်လုပွဲမှာ အရည်အချင်းပြည့်မီဖို့ဆိုရင်တောင် တော်တော်လေး ကောင်းနေပြီ...ဟားဟား.."

လျူယောင်က တစ်ချက်ကြည့်လိုက်ရာ ဒီလူက သူတို့ရှေ့တန်းတွင် ထိုင်နေတဲ့ RB လူမျိုး ဖြစ်နေသည်။ သူက တရုတ်စကားကို ကျွမ်းကျင်ဟန်ရပြီး မန်ဒရင်းစကားကို ကောင်းမွန်စွာပြောနိုင်ပေသည်။

လျူယောင် ပြုံးပြီး ပြောလိုက်သည်။

"ဘာလဲ ငါတို့ ယန်လူမျိုးတွေက ရွှေတံဆိပ်မရနိုင်ဘူးလား "

RB လူမျိုးက ရယ်မောပြီး ပြောလိုက်သည် ။

"မင်းတို့နိုင်ငံက အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲမှာ ကိုယ့်အဆင့်ကို မသိဘူးလား..."

လျူယောင် ပြုံးလိုက်သည်။

"အဲ့ဒါက အရင်ကပဲ...အခုချိန်ကစပြီး ငါ ဂုဏ်ယူနေရတော့မယ်..."

အခြားသူများက သူ့ နိုင်ငံကို အထင်သေးတဲ့အခါကျိန့်ကန်းက ဒေါသထွက်လာပြီး ပြောလိုက်သည်။

"လောင်းကြေးထပ်ရအောင်... ငါတို့နိုင်ငံက ကစားသမားတွေ ဒီအုပ်စု အကြိုဗိုလ်လုပွဲမှာ အရည်အချင်းပြည့်မီခဲ့ရင် မင်း ငါ့ကို ဒေါ်လာ ၁၀၀၀ ပေးပြီး ငါတို့ကို တောင်းပန်ရမယ်..."

RB လူမျိုးက ချက်ခြင်း သဘောတူလိုက်သည်။

"ကောင်းပြီ..ဒါပေမဲ့ မင်းတို့ ကစားသမားတွေ အရည်အချင်းမပြည့်မီခဲ့ရင်တော့ မင်း ငါ့ကို ဒေါ်လာ ၁၀၀၀ ပေးပြီး တောင်းပန်ရမယ်..."

"ပြဿနာမရှိဘူး..."

ကျိန့်ကန်းက. ထို RB လူမျိုးနှင့် လောင်းကြေးထပ်လိုက်သည်။ ခဏအကြာတွင် အသံချဲ့စက်ကနေ ကစားသမားများကို အသိပေးလိုက်တဲ့အသံကိုကြားလိုက်ရသည်။။ ချန်းဟူနဲ့ သူ့ရဲ့အဖွဲ့ဖြစ်သည်။

စုစုပေါင်း ကစားသမား ၈ ယောက်ရှိပြီး သူတို့အားလုံးနီးပါးက လူမည်း သို့မဟုတ် လူဖြူများဖြစ်ကြပြီး ချန်းဟူတစ်ယောက်တည်းသာ အဝါရောင်လူမျိုး ဖြစ်သည်။ သူက ပြေးလမ်း ၆ တွင် ရှိနေသည်။

အချို့လူများကလည်း ချန်းဟူကို သတိထားမိခဲ့ကြသည်။

ဘာလို့လဲဆိုတော့ သူက ထိုအုပ်စုတွင် တစ်ဦးတည်းသော အဝါရောင်လူမျိုးဖြစ်တာကြောင့်ပင်။

အချို့သတင်းထောက်များက ချန်းဟူကို သူတို့ရဲ့ကင်မရာများဖြင့် စက္ကန့်အနည်းငယ်ကြာအောင် အနီးကပ်ရိုက်ကူးခဲ့ကြပြီး အားကစားလောကမှ အချို့လူများဆို ချန်းဟူကို စတင်စိတ်ဝင်စားလာခဲ့ကြသည်။

" ဒိုင်း..."

သေနတ်သံကြားတာနဲ့ ချန်းဟူက ပထမဆုံး တုံ့ပြန်ခဲ့ပြီး ပထမဆုံးပြေးထွက်လာခဲ့သည်။

" ဘာ..."

"ဒါ ဘယ်လောက်တောင် မြန်တဲ့ အစပြုမှု့လဲ.."

အချို့ ကျွမ်းကျင်ပညာရှင်များက အနည်းငယ်အံ့အားသင့်ခဲ့ကြသည်။ ဥပမာ M နိုင်ငံရဲ့ နည်းပြက ပြိုင်ပွဲဝင်စာရင်းကို ကြည့်ပြီး ချန်းဟူရဲ့အမည်ပေါ်တွင် အာရုံစိုက်လိုက်သည်။

သူ့ရဲ့ နားထဲတွင် အာမေဋိတ်သံများ ကြားလိုက်ရသဖြင့် သူက စာရင်းမှ ချက်ချင်း အကြည့်လွှဲကာ ပြေးကွင်းကို ကြည့်လိုက်သည်။

ရုတ်တရက် သူ တုန်လှုပ်သွားခဲ့သည်။

ချန်းဟူက ဒုတိယနေရာမှ ကစားသမားကို အနည်းဆုံး နှစ်မီတာခန့် အပြတ်အသတ် ဦးဆောင်နေတာကို တွေ့လိုက်ရသည်။

" ပြေးထား.... ချန်းဟူ...ပြေးထားကွ..."

ပရိသတ်နေရာတွင်…

ကျိန့်ကန်းနဲ့ဟီချန်းတို့က အားရပါးရ အော်ဟစ်အားပေးနေကြသည်။ ချန်းဟူ အပြတ်အသတ် ဦးဆောင်နေတာကို မြင်တဲ့အခါတွင် သူတို့ အလွန်စိတ်လှုပ်ရှားကာ ပို အော်ဟစ်ခဲ့ကြသည်။

ခုနက လောင်းကြေးထပ်ခဲ့တဲ့ RB လူမျိုးကရော ဘယ်လိုလဲ ။

သူ့ မျက်နှာက ရုတ်တရက် မှောင်မိုက်သွားပြီး ယန်နိုင်ငံမှ လူက ဘာကြောင့် ဒီလောက်အစွမ်းထက် မှန်း သူ တကယ်နားမလည်နိုင် ဖြစ်နေခဲ့သည်။

ပန်းဝင်မျဉ်းကို ချန်းဟူ ပထမဆုံး ဖြတ်ကျော်လိုက်သည်။

ရလဒ်များက လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ချန်းဟူက ၉.၇၆ စက္ကန့်ဖြင့် အုပ်စုအဆင့်တွင် ပထမဆုံးနေရာကို ရယူခဲ့သည်။

ဒါဟာ ထူးခြားတဲ့အောင်မြင်မှု့တစ်ခုပင် ဖြစ်သည်။

ထို ရလဒ်မျိုးဖြင့် ဗိုလ်စွဲဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းသည်။

ကမ္ဘာ့စံချိန်တင်ထားသူ အူစိန်ဘော့စ်ပင်လျှင် အကြိမ်တိုင်း ၉.၅၈ စက္ကန့်ကို မပြေးနိုင်ပေ။ သူတောင် အကြိမ်များစွာပြေးမှ ၉.၆၀ စက္ကန့် သို့မဟုတ် ၉.၇၀ စက္ကန့်ထက်ပို အချိန်ယူရသည်။

ချန်းဟူ အစွမ်းကုန် အားမထုတ်ခဲ့ပဲ အားအင်များ ချန်ထားတာကို လျူယောင် သိသည်။

ကျိန့်ကန်းက အလွန်ပျော်ရွှင်စွာဖြင့် RB လူမျိုးကို ပြောလိုက်သည် ။

"ဟားဟား..ဟိတ်လူ....ပိုက်ဆံပေး ပြီးတော့ ငါတို့ကို တောင်းပန်ပါ..."

RB လူမျိုးက ထပြီး ထွက်ပြေးသွားတော့မဲ့အချိန်တွင် ဟီချန်းက ထိုလူ့ကိုကို ဆွဲထားလိုက်ပြီး ပြောလိုက်သည် ။

"ပြေးချင်တာလား... မင်းကို ဒီနေရာကနေ ဘယ်မှ မလွှတ်ဘူး..ပိုက်ဆံ မြန်မြန်ထုတ်ပေး..."

RB လူမျိုးရဲ့ မျက်နှာက တစ်ခဏအတွင်း မည်းသွားပြီး နောက်တစ်ခဏတွင် နီရဲသွားခဲ့သည်။ သူက စိတ်မပါ့တပါဖြင့် ဂျပန်ယန်းများကို ထုတ်ပေးလိုက်သည်။အဲ့ဒါက ငွေလဲနှုန်းအရ ဒေါ်လာ ၁၀၀၀ ခန့်ရှိပေသည်။

"တောင်းပန်ပါတယ်"

ထိုလူ တိုးတိုးလေးပြောပြီးနောက် သူ ကြည့်ချင်တဲ့ပွဲများကို ဆက်မကြည့်တော့ဘဲ အမြန်ထွက်ပြေးသွားတော့သည်။

ချန်းဟူက အကြိုဗိုလ်လုပွဲများတွင် ၉.၇၆ စက္ကန့်ဖြင့် ပြေးခဲ့တာကြောင့် လူများစွာကို အံ့အားသင့်စေခဲ့သည်။

အထူးသဖြင့် ယန်နိုင်ငံတွင်....

တစ်နာရီမပြည့်မီအတွင်း ပြည်တွင်းသတင်းမီဒီယာနဲ့ဝက်ဘ်ဆိုဒ်များစွာက ထိုအဖြစ်အပျက်ကို တင်ဆက်ခဲ့ကြပြီး ချန်းဟူ၏ ဆယ်စက္ကန့်ကြာ ဗီဒီယိုတစ်ခုကိုလည်း ပူးတွဲဖော်ပြခဲ့သည်။

ဒီအကြောင်းအရာက မကြာမှီတွင် အထူးရေပန်းစားလာတဲ့ သတင်းတစ်ခုဖြစ်လာပေတော့မည်။

ပွဲကြည့်ပြီးနောက် လျူယောင်နဲ့ ချန်းဟူတို့ သူငယ်ချင်းသုံးဦးသား ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ခုကို ရှာဖွေခဲ့ပြီး အစားအသောက်များစွာကို မှာယူလိုက်ကြသည်။

ကျိန့်ကန်းက ဝမ်းသာအားရ ပြောလိုက်သည် ။

"ဒီတစ်ကြိမ်တော့ ကျွန်တော် ဧည့်ခံတာ... ဘယ်သူမှ မငြင်းကြနဲ့ လောင်းကြေးကနေ ရတဲ့ ဒေါ်လာ ၁၀၀၀ ကို ဒီနေ့ အကုန်သုံးပစ်မယ်...တစ်ပြားမှ မကျန်အောင် အကုန်သုံးမယ်ဗျာ..."

လျူယောင်နှင့် ဟီချန်းတို့က ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။

ဒီမြို့က အစားအစာက RB လူမျိုးတွေအတွက် ဧည့်ခံကျွေးမွေးသလိုဖြစ်နေသည်။ ဒေါ်လာ ၁၀၀၀ နဲ့ ကောင်းမွန်တဲ့ အစားအသောက်တွေ အများကြီး မှာယူနိုင်ပြီး သုံးယောက်သား ဗိုက်ကားအောင် စားလိုက်ကြသည်။

နောက်တစ်နေ့....

မနက်ပိုင်းတွင် အမျိုးသား မီတာ ၁၀၀ ဆီမီးဖိုင်နယ်၊ အမျိုးသား မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အကြိုဗိုလ်လုပွဲများရှိပြီး နေ့လယ်ပိုင်းတွင် အမျိုးသား မီတာ ၁၀၀ ဗိုလ်လုပွဲများ ရှိပေသည်။

လျူယောင်တို့သုံးယောက်သား ပရိသတ်နေရာတွင် ထိုင်လိုက်ပြီး ချန်းဟူရဲ့မီတာ ၁၀၀ ဆီမီးဖိုင်နယ်ပွဲကို စောင့်ကြည့်နေကြသည်။

All Chapters