ကမ္ဘာ့စံချိန်သစ်
Vol. 15 Ch. 220
အမျိုးသား မီတာ ၁၀၀ ဆီမီးဖိုင်နယ် အပြေးပြိုင်ပွဲကို စတင်ခဲ့သည်။
ပထမအုပ်စုမှ ကစားသမား ရှစ်ဦးက ပြေးလမ်းပေါ်တွင် ရပ်နေကြပြီး ချန်းဟူရဲ့အုပ်စုတွင် နာမည်ကြီး ကစားသမား ကိုးလ်မန်းနှင့် ဂျမေကာ ကစားသမား ဘရန့်ဒ်တို့ ပါဝင်သည်။
ကိုးလ်မန်းက သူ့ရဲ့ ပြေးလမ်းပေါ်တွင် ရပ်နေပြီး သူ့ဘေးရှိ ချန်းဟူကို သတိကြီးစွာဖြင့် ကြည့်နေခဲ့သည်။
မနေ့က အကြိုဗိုလ်လုပွဲများတွင် ကိုးလ်မန်းက ၉.၇၅ စက္ကန့်ဖြင့် ပြေးခဲ့ပြီး ချန်းဟူထက် ၀.၀၁ စက္ကန့်သာ ပိုမြန်သည်။
သူက လိုအပ်တဲ့အင့်အားကို ချန်ထားခဲ့တယ်ဆိုပေမဲ့ ချန်းဟူကလည်း အင့်အားကို ချန်ထားခဲ့တယ်ဆိုတာ သူ ခန့်မှန်းရသည်။
"မင်း ဘယ်လောက်မြန်မြန် ပြေးပြေး..ငါ မင်းကို ကျော်ဖြတ်ပြမယ်.. ငါရှိနေသရွေ့ မင်း ဗိုလ်မစွဲနိုင်ဘူး"
ထိုလူက စိတ်ထဲတွင် လျှို့ဝှက်တွေးနေသည်။
ခဏအကြာတွင် "Everyone on your place" ဟူသည့် အင်္ဂလိပ်စကားသံ ထွက်ပေါ်လာခဲ့သည်။
" အားလုံး..ပြင်ဆင်.."
" ဒိုင်း... "
သေနတ်သံနဲ့အတူ ပြိုင်ပွဲဝင် ရှစ်ဦးက တစ်ချိန်တည်းလိုလို အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားကြသည်။
လူတိုင်း တစ်ချိန်တည်း ပြေးထွက်လာကြတာကို သိပေမဲ့ ချန်းဟူက သူ့ထက် အနည်းငယ် ပိုမြန်နေတာကို ကိုးလ်မန်း သတိထားမိလိုက်သည်။
ပထမ မီတာ ၂၀ တွင် လူတိုင်း ပုခုံးချင်းယှဉ်နေကြသလို ရှိပေမဲ့ မီတာ ၃၀ ပြီးတဲ့နောက်တွင် ရှေ့နှင့်နောက်ကြား ကွာခြားမှု့ကို တွေ့မြင်ရပေသည်။
ရှေ့ဆုံးမှ ပြေးနေသူများက ချန်းဟူ၊ ကိုးလ်မန်းနှင့် ဘရန့်ဒ်တို့ဖြစ်ပြီး ချန်းဟူက ကိုယ်တစ်ပိုင်းခန့် ဦးဆောင်နေသည်။
မီတာ ၄၀ ပြီးနောက် ချန်းဟူ က ပိုမို ဦးဆောင်နိုင်ခဲ့ပြီး ကိုးလ်မန်းနှင့် ဘရန့်ဒ်တို့ ကတော့ ဒီပွဲကို ဆီမီးဖိုင်နယ်မဟုတ်ဘဲ ဗိုလ်လုပွဲဖြစ် နေသလိုမျိုး အသည်းအသန် လိုက်ပြေးနေကြသည်။
" ချန်းဟူ... ဒုန်း..ဒုန်း..ဒုန်း "
ပရိသတ်များက ဆူညံပွက်လောရိုက်နေကြပြီ။
လျူယောင်နဲ့ သူ့ ရဲ့သူငယ်ချင်းသုံးဦးကပတ်ဝန်းကျင်ရဲ့ အားပေးသံများကို နက်နက်ရှိုင်းရှိုင်း ခံစားနိုင်ခဲ့ကြပြီး သူတို့က အမှန်တကယ် ပွဲထဲကို ရောက်ရှိနေသလို ခံစားခဲ့ကြရသည်။
ဒါက ရုပ်မြင်သံကြားကို တိုက်ရိုက် ကြည့်ရှု့ခြင်းနှင့် လုံးဝမတူညီပေ။
"အိုး..ဘုရားရေ..ဒီလူက အတော်လေး မြန်တာပဲ.."
"ကိုးလ်မန်းက ဘာဖြစ်တာလဲကွာ..သူ့ကို ယန်နိုင်ငံက လူတစ်ယောက်က ဦးဆောင်နေတာလား "
"ကြည့်လိုက် ယန်နိုင်ငံသားက ပန်းဝင်မျဉ်းကို ပထမဆုံး ဖြတ်ကျော်သွားပြီ ပွဲ တလျှောက်လုံး ဒီလူက အပြတ်အသတ် ဦးဆောင်နေတာပဲ..."
ချန်းဟူ ပန်းဝင်မျဉ်းကို ဖြတ်ကျော်တဲ့အချိန်တွင် ပွဲကြည့်စင်တစ်ခုလုံးက လုံးဝပွက်လောရိုက်သွားပြီး ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ပြိုင်ပွဲက ဆီမီးဖိုင်နယ်ဖြစ်ပေမဲ့ ဗိုလ်လုပွဲဖြစ်နေသလို အားပေးနေကြသည်။
၉.၆၂ စက္ကန့် ဒါက ချန်းဟူရဲ့ အပြေး စံချိန်ဖြစ်သည်။ ကိုးလ်မန်းရဲ့ စံချိန်က ၉.၇၁ စက္ကန့်ဖြစ်ပြီး ၉.၇ စက္ကန့်အောက်ကို မရောက်နိုင်ခဲ့ပေ။
CCTV မှ သတင်းထောက်က မိုက်ကရိုဖုန်းကို ကိုင်ကာ ကင်မရာကို မျက်နှာမူပြီး အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်.။
"ပရိသတ်များခင်ဗျာ..ဒီအဖြစ်အပျက်ကို CCTV ကနေ တင်ဆက်နေတာပါ..အခုလေးတင် RB နိုင်ငံ အိုဆာကာမှာ ကျင်းပနေတဲ့ IAAF Diamond League အမျိုးသား မီတာ ၁၀၀ ဆီမီးဖိုင်နယ်မှာ တရုတ်အားကစားသမား ချန်းဟူက ၉.၆၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပါတယ်..."
အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲက လူများစွာရဲ့ စိတ်ဝင်စားမှု့ကို ဆွဲဆောင်နိုင်ခဲ့သည်။ ချန်းဟူရဲ့အံ့သြဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်က ယန်လူမျိုးများကို ဂုဏ်ယူစေခဲ့သည်။ ချန်းဟူဆိုတဲ့ နာမည်ကို အရင်က ဘယ်သူ့မှ မသိပေမဲ့ အခုတော့ ကျော်ကြားလာခဲ့သည်။
ကိုးလ်မန်းကတော့ စိတ်ဓာတ်ကျနေဟန်ရသည်။
သူက ချန်းဟူကို အကြိမ်အတော်များများ ကြည့်လိုက်ပြီး စိတ်ထဲတွင် ကြောက်ရွံ့စွာ တွေးနေသည်။
"မင်းက ၉.၆၂ စက္ကန့် ပြေးပြပြီး ငါတို့ နောက်ဘယ်လို ဆက်ကစားရတော့မလဲ အသက်ဆက်ရှင်သင့်သေးရဲ့လား..."
သူကိုယ်တိုင် အစွမ်းကုန် ကြိုးစားခဲ့လျှင်ပင် ၉.၆၂ စက္ကန့် ပြေးနိုင်မှာမဟုတ်ဘူးဆိုတာ သူ သိသည်။
နံနက်ပိုင်းတွင် အမျိုးသား မီတာ ၁၀၀ ဆီမီးဖိုင်နယ်အပြင် မီတာ ၂၀၀ အကြိုဗိုလ်လုပွဲလည်း ရှိပေသည်။
ယေဘုယျအားဖြင့် မီတာ ၁၀၀ တွင် စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားများက မီတာ ၂၀၀ ပြိုင်ပွဲတွင် စွမ်းဆောင်ရည်ညံ့ဖျင်းမည်မဟုတ်ပေ။
မျှော်လင့်ထားတဲ့အတိုင်း ချန်းဟူက မီတာ ၂၀၀ အကြိုဗိုလ်လုပွဲတွင်လည်း ပထမဆုံးပန်းဝင်ခဲ့သည်။
ချန်းဟူ ပထမဆုံးပန်းဝင်လာတာကို ထပ်မံမြင်တဲ့အခါ လူများစွာက အော်ဟစ်ခဲ့ကြပြန်သည်။ ဒီလူက အောင်နိုင်ခြင်း နတ်ဘုရားနဲ့ပင် တူသည်။
အားကစားလောကမှ အချို့ လူများက လူဖြူနှင့် လူမည်းများသာ လွှမ်းမိုးထားတဲ့ အပြေးပြိုင်ပွဲများတွင် ချန်းဟူရဲ့ခေတ်ကိုရောက်ရှိလာတော့မှာလား လို့ စိတ်ထဲတွင် တွေးနေကြသည်။
နေ့လယ်ပိုင်းတွင် အမျိုးသား မီတာ ၁၀၀ ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်သည်။
လျူယောင်တို့သုံးဦးက ပရိသတ်နေရာတွင် ပြန်ထိုင်ပြီး ချန်းဟူအပါအဝင် အားကစားသမားများ ဗိုလ်လုပွဲမစမှီ ပြင်ဆင်မှု့များနှင့် ကိုယ်လက်လှုပ်ရှားမှု့များ ပြုလုပ်နေတာကို စိတ်ဝင်စားစွာ ကြည့်ရှု့နေကြသည်။
ခဏအကြာတွင် ဗိုလ်လုပွဲဝင်ပြိုင်မဲ့ ကစားသမား ရှစ်ဦးက. ပြေးလမ်းပေါ်တွင် ရပ်နေကြပြီး အမျိုးသား မီတာ ၁၀၀ ဗိုလ်လုပွဲကို စတင်တော့မည် ဖြစ်သည်။
မူလက ဆူညံပွက်လောရိုက်နေတဲ့ ပွဲကြည့်စင်တစ်ခုလုံးမှာ တဖြည်းဖြည်း တိတ်ဆိတ်လာကြသည်။
ပရိသတ်အားလုံးက အသက်အောင့်ထားကာ မီတာ ၁၀၀ ပြေးလမ်းပေါ်ရှိ ကစားသမား ရှစ်ဦးကို ကြည့်နေကြပြီး ကင်မရာများအားလုံးကလည်း ထိုနေရာကို ချိန်ရွယ်ထားကြသည်။
"Everyone on their places"ဟူသော စပီကာမှအသံက လူတိုင်းရဲ့ နားထဲတွင် ထွက်ပေါ်လာပြီး ပြိုင်ပွဲဝင် ရှစ်ဦးက စတင်ရန် အသင့်ဖြစ်နေကြသည်။
" အသင့်ပြင်... ပြေး.."
" ဒိုင်း "
သေနတ်သံ မြည်တာနဲ့ ပြိုင်ပွဲဝင် ရှစ်ဦးက မြားများကဲ့သို့ ပြေးထွက်လာကြသည်။
အပျော်တမ်းသမားများရဲ့ အမြင်အရ သူတို့ရဲ့ စတင်နှုန်းများက တူညီတယ်လို့ ထင်ရပေမဲ့ ကျွမ်းကျင်ပညာရှင်များကတော့ ပထမဆုံး စတင်သူမှာ ချန်းဟူဖြစ်တာကို သိခဲ့ကြသည်။
ပထမ မီတာ ၂၀ တွင် ကွာခြားမှုမရှိဘဲ ကစားသမား ရှစ်ဦးက တစ်ချိန်တည်းနီးပါးတွင် ရှိနေပြီး အနီးကပ် ပြေးနေကြသည်။
မီတာ ၂၀ ပြီးတဲ့နောက် ကွာခြားမှု့ကို တဖြည်းဖြည်း တွေ့မြင်လာရသည်။ ရှေ့ဆုံးမှ ပြေးနေသူမှာ ချန်းဟူဖြစ်ပြီး ကိုးလ်မန်းနှင့် ဘရန့်ဒ်တို့က နောက်မှ လိုက်နေကြသည်။
ထိုအချိန်တွင် ပရိသတ်နေရာတွင် တောကောင်များဟိန်းသံများနဲ့ ဆူနာမီလှိုင်းများလို အားပေးသံများ ထွက်ပေါ်လာသည်။
သူတို့က ချန်းဟူကို အားပေးနေခြင်းလား ဒါမှမဟုတ် ကိုးလ်မန်းနှင့် ဘရန့်ဒ်ကို အားပေးနေခြင်းလားတော့ မသိပေ။ တစ်ခုတည်းသော အချက်က တော့ ပွဲကြည့်စင် တစ်ခုလုံးရဲ့ ပတ်ဝန်းကျင်က အလွန်စည်းလုံးပြီး အမျိုးသား မီတာ ၁၀၀ ဗိုလ်လုပွဲနှင့် ထိုက်တန်တယ်လို့ ဆိုနိုင်ပေသည်။
မီတာ ၅၀ ပြီးနောက် ချန်းဟူရဲ့ ဦးဆောင်မှု့က အလွန်ထင်ရှားလာပြီး အာမေဋိတ်သံများလည်း ထွက်ပေါ်လာသည်။
"အိုး... ဘုရားရေ...ရှေ့ဆုံးက ပြေးနေတာက ယန်နိုင်ငံက ကစားသမားပဲ..."
" ဒီလူ အံ့ဩဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို လုပ်ပြတော့မှာလား..."
ပရိသတ်အားလုံးနီးပါးက ချန်းဟူကို စူးစိုက်ကြည့်နေကြပြီး သူ ပန်းဝင်မျဉ်းကို ဖြတ်ကျော်မည့် အံ့သြဖွယ်အချိန်ကို လက်လွတ်ခံရမှာကို ကြောက်နေကြသည်။
ကိုးလ်မန်းနှင့် ဘရန့်ဒ်တို့က အသည်းအသန် လိုက်ပြေးခဲ့ကြပေမဲ့ အားအင် မရှိတော့ပေ။ သူတို့နှစ်ဦးစလုံးက ချန်းဟူနှဲ့ သူတို့ကြားရှိ အကွာအဝေးဟာ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာတာကို တွေ့ရှိခဲ့ကြသည်။
ချန်းဟူ ပန်းဝင်မျဉ်းကို ပထမဆုံး ဖြတ်ကျော်လိုက်သည်။
ထို့နောက် ကိုးလ်မန်းနှင့် ဘရန့်ဒ်တို့ ရောက်လာကြသည်။ သူတိုနှစ်ယောက်စလုံးက ချန်းဟူထက် သိသိသာသာ နှေးနေကြသည်။
"၉.၅၅ စက္ကန့်..."
ချန်းဟူက ဘရန့်ဒ်ရဲ့ ၉.၅၈ စက္ကန့် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။ဘရန့်ဒ်က ဒီစံချိန်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တာပဲ ဖြစ်သည်။
" ဖြောင်း...ဖြောင်း...ဖြောင်း...."
" ယန်နိုင်ငံသား...ယန်နိုင်ငံသား..ကွ.."
ပရိသတ်များက ထရပ်ကာ စိတ်အားထက်သန်စွာ လက်ခုပ်တီးခဲ့ကြသည်။
သူတို့က ကမ္ဘာ့စံချိန်သစ်တစ်ခု မွေးဖွားလာခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
နိုင်ငံသား၊ လူမျိုးရေး စသဖြင့် ခွဲခြားမှု့မရှိပေ။ သူတို့က လူဖြူ၊ လူမည်း သို့မဟုတ် လူဝါများဖြစ်စေ စွမ်းဆောင်နိုင်သူများအတွက် လေးစားမှု့နဲ့ ဂုဏ်ပြုမှုများသာရှိကြသည်။
ပြိုင်ပွဲရဲ့ဗီဒီယိုကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် ထင်မြင်ယူဆချက်များကို ဖလှယ်ကာ ဒိုင်လူကြီးအဖွဲ့မှ ရလဒ်များက တရားဝင်ကြောင်းကို တညီတညွတ်တည်း အတည်ပြုခဲ့သည်။
ကမ္ဘာ့စံချိန်သစ်တစ်ခု မွေးဖွားလာခဲ့သည်။
ဒါက ၉.၅၅ စက္ကန့် ပဲ ဖြစ်သည်။
ပရိသတ်နေရာတွင် လျူယောင်တို့ သုံးယောက်သား ချန်းဟူအတွက် ပျော်ရွှင်နေကြသည်။
တစ်ချိန်တည်းတွင် ချန်းဟူက အင့်အား ချန်ထားခဲ့တာကို သူတို့ သိကြသည်။ သူ အစွမ်းကုန်ပြေးခဲ့ပါက ၉.၄၀ စက္ကန့်လောက်ကို သေချာပေါက် ပြေးနိုင်မည် ဖြစ်သည်။
ဒါပေမဲ့ ထိုရလဒ်မျိုးက အလွန်အံ့သြဖွယ်ကောင်းပြီး ကမ္ဘာကို တုန်လှုပ်စေနိုင်တယ်ဟု ခန့်မှန်းရသည်။ ၉.၅၅ စက္ကန့် ပင် ပုံမှန်ဖြစ်ပုံရသည်။
သုံးရက်အတွင်း ချန်းဟူက မီတာ ၁၀၀၊ ၂၀၀ နှင့် ၄၀၀ အစရှိတဲ့ ပြိုင်ပွဲ သုံးခုတွင် ပါဝင်ခဲ့သည်။ ပြိုင်ပွဲ သုံးခုတွင် ရွှေတံဆိပ် သုံးခုရခဲ့ပြီး ကမ္ဘာ့စံချိန် သုံးခုကို ထပ်မံ ချိုးဖျက်နိုင်ခဲ့သည်။
ချန်းဟူရဲ့အံ့သြဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် ယန်နိုင်ငံ ပြေးခုန်ပစ်အသင်းက ဒီ Diamond League တွင် မျက်နှာပန်းလှခဲ့ပြီး လူတိုင်း ဂုဏ်ယူခဲ့ကြသည်။
အထူးသဖြင့် နည်းပြချုုပ် ကျန်းရှန်က မဟာမေတ္တာရှင်နတ်ဘုရားလို ပြုံးနေခဲ့သည်။
ပြိုင်ပွဲ သုံးခုပြီးနောက် ချန်းဟူလည်း စိတ်သက်သာရာရသွားပြီး လျူယောင်နဲ့ အခြားသူသုံးဦးတို့ တည်းခိုရာ ဟိုတယ်ကိုတက်ကြွစွာ သွားတွေ့လိုက်သည်။
သူက ပြိုင်ပွဲမပြီးမချင်း အသင်းမှ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့် မရခဲ့ပေ။ ပြိုင်ပွဲပြီးဆုံးပြီး ရွှေတံဆိပ် သုံးခုရရှိပြီးနောက် ခွင့်တောင်းရန် ပိုမို လွယ်ကူလာခဲ့သည်။
"ဟားဟား...ချန်းဟူဂုဏ်ယူပါတယ်..."
လျူယောင်ရဲ့ဂုဏ်ပြုစကားများကို ချန်းဟူက အလွန်နှိမ့်ချစွာဖြင့် ပြန်ပြောလိုက်သည် ။
"သူဋေး ကျွန်တော် ဒီလိုရလဒ် ရရှိတာ ...အဓိက က သူဋေးကြောင့်ပါဗျာ.."
လျူယောင်က ဘယ်သူ့ရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်တာကို ပြောဆိုနေမဲ့အစား လက်ဝှေ့ယမ်းကာ ဝမ်းသာအားရ ပြောလိုက်သည်။
"သွားကြစို့... ညစာစားပြီး အောင်ပွဲခံရအောင် "