← Chapters

သူရဲကောင်းတစ်ယောက်ရဲ့ အိမ်ပြန်ခရီး

Vol. 15 Ch. 221

သူရဲကောင်းတစ်ယောက်ရဲ့ အိမ်ပြန်ခရီး

Vol. 15 Ch. 221

နောက်တစ်နေ့တွင် လျူယောင် တို့သုံးဦးသား ဟွာဟိုင်းမြို့ကို လေယာဉ်စီးပြီး ပြန်လာခဲ့ကြသည်။

သို့သော် ချန်းဟူက နှစ်ရက်နောက်ကျပြီးမှ ပြန်လာမည်ဖြစ်သည်။ သူနှင့် ပြေးခုန်ပစ်အသင်းသားများက ပြိုင်ပွဲအားလုံးတွင် ပါဝင်ပြီးမှ ယန်နိုင်ငံကို ပြန်လာနိုင်မည်ဖြစ်သည်။

လေယာဉ်ရဲ့ ပထမတန်းစား အခန်းတွင် လျူယောင် သက်တောင့်သက်သာ ထိုင်နေခဲ့ပြီး သူ့ဘေးတွင် ကျိန့်ကန်းနဲ့ ဟီချန်းတို့ ရှိနေကြသည်။

လေယာဉ်မထွက်ခွာမှီ သူတို့သုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

ဘာကြောင့်လဲဆိုတော့ မလှမ်းမကမ်းတွင် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက ဖုန်းကို အသံကျယ်ကျယ်ပြောနေခဲ့တာကြောင့် ဖြစ်သည်။

ထိုလူ့ အသံက အလွန်ကျယ်လောင်တာကြောင့် ဖုန်းပြောနေတဲ့ အကြောင်းအရာကို သူတို့သုံးဦးရဲ့ နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

"မြန်မြန်လုပ် ချန်းဟူနဲ့ အမြန်ဆုံး အဆက်အသွယ်ရအောင်လုပ်... ငါတို့ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာပေးဖို့ သူ့ကို သေချာပေါက် စည်းရုံးရမယ်..."

ချန်းဟူက စံချိန်သုံးခုကို ချိုးဖျက်ပြီး ရွှေတံဆိပ် သုံးခုရရှိပြီးနောက် နာမည်ကြီးလာခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများ စွန့်ဦးတီထွင်သူများ အပါအဝင် လူအမျိုးမျိုးက သူ့ကို ဆက်သွယ်ရန် ကြိုးစားလာလိမ့်မည်ဟု ခန့်မှန်းရသည်။

သူတို့ရဲ့ ရည်ရွယ်ချက်က ချန်းဟူကို သူတို့ ၏ ထုတ်ကုန်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကြော်ငြာပေးရန်ပင် ဖြစ်သည်။

လေယာဉ်ပေါ်ရောက်တာနဲ့ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ဒါကို ကြားလိုက်ရတာကြောင့် သူတို့သုံးဦးသား ပျော်ရွှင်စွာ ပြုံးနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ပြည်တွင်းတွင်....

အကြီးမားဆုံး သတင်းခေါင်းစဉ်မှာ ချန်းဟူက Diamond League တွင် စံချိန်သုံးခုကို ချိုးဖျက်ပြီး ရွှေတံဆိပ် သုံးခုကို ဆွတ်ခူးခဲ့ခြင်းပင်ဖြစ်သည်။

သတင်းဝက်ဘ်ဆိုဒ်များ၊ သတင်းစာများနှင့် ရုပ်မြင်သံကြားလိုင်းများအားလုံးသည် ဒီကိစ္စကို ထုတ်လွင့်နေကြသည်။

"စိတ်လှုပ်ရှားဖွယ်ရာ ကစားသမား..."

"အနှစ်လေးဆယ်ကြာ အိပ်မက်များက အမှန်တကယ်ဖြစ်လာခဲ့ပြီ..."

ထို စကားလုံးများကို သတင်းအစီရင်ခံစာ အမျိုးမျိုးတွင် မကြာခဏ တွေ့ရပြီး ချန်းဟူ နာမည်ကြီးလာခဲ့သည်။ နိုင်ငံအတွင်း သူ့ရဲ့ဂုဏ်သတင်းက မည်သည့်ကြယ်ပွင့်ထက်မဆို ပိုမိုကြီးမားပေသည်။

ချန်းဟူက ပြန်မရောက်သေးဘဲ RB တွင် ရှိနေသေးပေမဲ့ သူ့ ဖုန်း က မရပ်မနား မြည်နေခဲ့သည်။ အချို့က အထူးအင်တာဗျူးများ တောင်းခံခြင်း အချို့ကတော့ ကြော်ငြာပေးရန် တောင်းဆိုခြင်း၊ အချို့မှာမူ အမျိုးမျိုးသော လှုပ်ရှားမှု့များတွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်းတို့ပဲ ဖြစ်သည်။

ချန်းဟူက လုံးဝနာမည်ကျော်ကြားသွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ချန်းဟူနဲ့ သူ့ရဲ့အဖွဲ့က လေယာဉ်နဲ့ ယန်နိုင်ငံကို ပြန်လာခဲ့ကြပြီး လေယာဉ်ပေါ်မှ ဆင်းတာနဲ့ သတင်းထောက်အများအပြားက ပန်းများဖြင့် ဝန်းရံ ကြိုဆိုခြင်းကို ခံခဲ့ရသည်။ ထိုမြင်ကွင်းက သူရဲကောင်း တစ်ယောက် အမိမြေ ပြန်လာတာကို ကြိုဆိုတဲ့ အတိုင်းပင် ။

ပြန်ရောက်ပြီးနောက် ချန်းဟူက သီးသန့်အင်တာဗျူးတစ်ခုကိုသာ လက်ခံခဲ့ပြီးလူအများရဲ့ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။ သူက အားလပ်ရက် ခွင့်ယူထားတာကြောင့် တစ်လကြာအနားယူနိုင်လေသည်။

ဒါက သူရဲကောင်းတစ်ဦးရဲ့ ဂုဏ်ပြုခံစားခွင့်ပဲ ဖြစ်သည်။ ယန်နိုင်ငံ ပြေးခုန်ပစ်အသင်းတစ်ခုလုံးတွင် ချန်းဟူတစ်ယောက်တည်းသာ ထို အခွင့်အရေးမျိုး ရရှိခဲ့သည်။

သူ တစ်လကြာ အနားယူခွင့်ရခြင်းကို အခြားအားကစားသမားများက မနာလိုဖြစ်ခဲ့ကြသည်။

လက်ရွေးစင်အပြေးသမားဖြစ်တဲ့ စူးလေ့ကလည်းတစ်လခန့် အနားယူချင်ပေမဲ့ သူက ငါးရက်သာ ခွင့်ရသည်။

သူက နည်းပြချုုပ် ကျန်းရှန်ကို ရဲရဲဝံ့ဝံ့သွားတွေ့ခဲ့သည်။ နည်းပြချုုပ် ကျန်းရှန်းက ခုချိန်မှာ စိတ်ကောင်းဝင်နေတာကို သိပြီး ခွင့်ရက်အနည်းငယ် ပိုပေးလိမ့်မယ်လို သူ မျှော်လင့်ခဲ့သည်။

"နည်းပြကျန်း..ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိတာမို့လို့... ငါးရက်ခွင့်က တကယ်နည်းလွန်းတယ်... ကျွန်တော့်ကို တစ်လလောက် ခွင့်ပေးလို့မရဘူးလား..."

ကျန်းရှန်းက ပြုံးလိုက်သည်။ စူးလေ့ရဲ့ စိတ်ကူးယဉ်ဆန်မှု့ကို သူ မြင်လိုက်ရသည်။

အရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ နောက်ထပ်တစ်လခွင့်ယူဖို့ဆိုတာ မဖြစ်နိုင်ပေ။

"စူးလေ့ ငါးရက်ခွင့်က အတော်လေး များနေပါပြီမင်း ပိုယူလို့မရဘူး... ဒါမှမဟုတ်ရင် မင်းရဲ့ ယှဉ်ပြိုင်မှု့အခြေအနေနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်လိမ့်မယ် "

"ခွင့်ရက်များများ မရဘူးလား.."

ချက်ချင်းပင် စူးလေ့၏ မျက်နှာက ပျက်သွားပြီး သူက မကျေမနပ်ဖြစ်ကာ ပြောလိုက်သည် ။

"ဒါပေမဲ့ .. ဒါပေမဲ့ ချန်းဟူက တစ်လလုံး အနားယူခွင့်ရတယ်လေ.. ဒါဆိုရင် သူ့ရဲ့ ယှဉ်ပြိုင်မှု့အခြေအနေကို မထိခိုက်ဘူးလား.."

အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေတဲ့ စူးလေ့ကို မြင်တော့ ကျန်းရှန်း ဒေါသမထွက်ဘဲ ရယ်မောလိုက်ပြီး ရှင်းပြလိုက်သည်။

"ဟားဟား...သူက ချန်းဟူလေ သူက လေ့ကျင့်မူ့ မရှိရင်တောင် ဗိုလ်စွဲနိုင်တာပဲ..."

"ဟူး...ကောင်းပါပြီ..."

စူးလေ့ ညင်သာစွာ သက်ပြင်းချလိုက်ပြီး အနည်းငယ် နောင်တရသွားသည်။ တစ်လကြာ အနားယူခွင့်ရတဲ့ ချန်းဟူနဲ့ သူ ဘယ်လိုယှဉ်နိုင်ပါ့မလဲ ဒီလူက လူဆန်းတစ်ယောက်ပဲ ကမ္ဘာ့စံချိန်ကို အလွယ်တကူချိုးနိုင်တဲ့ လူမျိုးပဲ ဖြစ်သည်။

"ထားလိုက်ပါတော့ ထားလိုက်ပါတော့ ငါ...ငါးရက်ပဲ အနားယူတော့မယ်.."

နည်းပြချုပ်ကျန်းရှန်းရဲ့ရုံးခန်းထဲမှ စိတ်ဓာတ်ကျစွာနဲ့ စူးလေ့ ထွက်လာခဲ့သည်။

......

Universal ရုံးခန်းထဲတွင်…

လျူယောင် သတင်းအချို့ကို ကြည့်နေပြီး ဝက်ဘ်ဆိုဒ်တစ်ခုကို ကြုံသလို ဖွင့်လိုက်သည်။ အထင်ရှားဆုံး သတင်းများက ချန်းဟူ ကမ္ဘာ့စံချိန်ချိုးဖျက်ပြီး ရွှေတံဆိပ်ရရှိခြင်းအကြောင်းများပဲ ဖြစ်သည်။

ဒီတစ်ကြိမ် Diamond League ပြီးဆုံးခဲ့တာ ရက်အနည်းငယ်ကြာနေပေမဲ့ ချန်းဟူ စံချိန်ချိုးဖျက်ပြီး ရွှေတံဆိပ်ရရှိတဲ့ အကြောင်း သတင်းများကတော့လုံးဝရေပန်းစားနေဆဲဖြစ်ပြီး ဝက်ဘ်ဆိုဒ်ရဲ့ မူလစာမျက်နှာများတွင် ထိုသတင်းများဖြင့်သာ ပြည့်နှက်နေသည်။

"ဒုန်း... ဒုန်း.. ဒုန်း.."

ထိုအချိန် ရုံးခန်းတံခါး ခေါက်သံကို လျူယောင် ကြားလိုက်ရသည်။သူက. ကျိုးယန် ဒါမှမဟုတ် ဟူဂျွန်းရှီဖြစ်မယ်လို့ ထင်လိုက်သည်။ သူက သူဋေးကုလားထိုင်ပေါ်တွင် မရွေ့ဘဲ ထိုင်နေပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် ။

"တံခါးက လော့ခ်မချထားဘူး...တွန်းဖွင့်ပြီး ဝင်ခဲ့..."

ရုံးခန်းရဲ့ တံခါး ပွင့်လာရာ လျူယောင် အံ့အားသင့်သွားခဲ့ သည်။ ဝင်လာသူက ချန်းဟူဖြစ်နေသည်။ ချက်ချင်း လျူယောင်အံ့အားသင့်တဲ့ ပုံစံဖြင့် သူဋေးကုလားထိုင်ပေါ်မှ ထရပ်လိုက်သည်။

"အိုး...ချန်းဟူ..မင်းကိုး..."

ချန်းဟူက ရွှေ သုံးခု ရရှိခဲ့ပြီး ယခုအခါ ဂုဏ်သတင်းကြီးမားတဲ့ နိုင်ငံကျော်တစ်ဦး ဖြစ်နေပေမဲ့ ချန်းဟူက အရင်လို နှိမ့်ချနေဆဲဖြစ်သည်။

"သူဋေး..ပြိုင်ပွဲပြီးသွားပါပြီ...ကျွန်တော့်က တစ်လခွင့်ရတယ် ဒါ့ကြောင့် ကျွန်တော် သူဋေးရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်အဖြစ် ဆက်လက်လုပ်ကိုင်ပါ့မယ်..."

လျူယောင် အံ့အားသင့်စွာ ပြောလိုက်သည် ။

"မလိုပါဘူး ကျိန့်ကန်းနဲ့ ဟီချန်းတို့ ရှိပါတယ်..."

ချန်းဟူက. သဘောမတူပဲ အတင်းပြောလိုက်သည်။

"သူဋေး... အားကစားသမားတစ်ယောက်ဖြစ်ရတာထက်စာရင် ကျွန်တော်က ခင်ဗျားရဲ့ ကိုယ်ရံတော်ဖြစ်ရတာကို ပိုသဘောကျပါတယ်..."

ချန်းဟူကို လျူယောင် နွေးထွေးစွာ ကြိုဆိုလိုက်သည် ။

"အဲ့ဒီအကြောင်းကို အခုတော့ မပြောကြသေးနဲ့အုံး..."

"လာပါ...ထိုင်ပါအုံး.. မင်းရဲ့ လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲအကြောင်းတွေကို ငါ့ကို ပြောပြပါအုံး..."

သူတို့နှစ်ဦးသား နေ့လယ်ပိုင်း အလုပ်ဆင်းတဲ့အထိ စကားပြောနေခဲ့ကြသည်။

ချန်းဟူက ဦးဆောင် ပြောလိုက်သည် ။

"သူဋေး... ကျွန်တော် ဧည့်ခံပါရစေ..ကျွန်တော်တို့ အတူတူ ညစာထွက်စားကြမလား"

တစ်ယောက်နှင့်တစ်ယောက် မတွေ့တာကြာပြီမို့ လျူယောင်လည်း ချန်းဟူနှဲ့ ပြောစရာတွေ အများကြီးရှိသဖြင့် ချက်ချင်းသဘောတူလိုက်သည်.။

"ကောင်းပြီလေ.. ကျိန့်ကန်းနဲ့ဟီချန်းတို့ကိုလည်း ဖုန်းခေါ်လိုက်.."

ကားနှစ်စီးနဲ့လူလေးယောက် ကုမ္ပဏီမှ ထွက်ခွာလာကြသည်။

ချန်းဟူက Roll-Royce ကားကို မောင်းပြီး သူ့နောက်တွင် ကျိန့်ကန်းနဲ့ဟီချန်းတို့ မောင်းတဲ့ Big G ကားက လိုက်လာသည်။

မိနစ် ၂၀ မှ ၃၀ ခန့်ကြာအောင် မောင်းပြီးနောက် မချမ်းသာခင် က လျူယောင် ငှားရမ်းနေထိုင်ခဲ့တဲ့ လမ်းမကို ဖြတ်သွားခဲ့ရသည်။ ထိုလမ်းဘေးနှစ်ဖက်တွင် စားသောက်ဆိုင်တန်းများရှိနေတာကို တွေ့လိုက်ရသည်။

ယခုအချိန်က မှောင်ရီပျိုးစဖြစ်တာကြောင့် စားသောက်ဆိုင်များအတွက် အကောင်းဆုံးအချိန်ဖြစ်ပေသည်။

သူ့ရှေ့မှ အရာအားလုံးကို မြင်လိုက်တဲ့အခါ လျူယောင်ရဲ့ စိတ်ထဲတွင် အမှတ်ရစရာအချို့ကို ပြန်လည်သတိရစေခဲ့ပြီး အမိန့်ပေးလိုက်သည် ။

"ချန်းဟူ... ရှေ့... ဟိုတယ်နားက ဝတုတ်ကြီး လီရဲ့ စားသောက်ဆိုင် ရှိမရှိ ကြည့်လိုက်... ရှိရင် အဲဒီမှာ ရပ်လိုက်... ငါတို့ အဲဒီမှာ စားကြမယ်..."

"ဘာဖြစ်တာလဲ..."

ချန်းဟူ အနည်းငယ် အံ့အားသင့်သွားပေမဲ့ ကားကို ထိုနေရာတွင် ရပ်လိုက်သည်။

ကားပေါ်မှ ဆင်းပြီးနောက် လျူယောင် ပိုင်ရှင်ကို အော်ပြောလိုက်သည် ။

"ဖက်တီးလီ ဘီယာ ၁၂ ပုလင်း၊ အမဲသား ၁၂ ပွဲ၊ ရေဘဝဲသေးသေးလေး ၁၂ ကောင်နဲ့ ကမာကောင် ၁၂ ကောင်"

ချန်းဟူ၊ကျိန့်ကန်းနဲ့ဟီချန်းတို့က ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သွားကြသည်။ သူဋေးက ဒီနေရာမှာ ပျော်ချင်နေပုံရသည်။

"ဟားဟား..အသားကင်တွေက ကောင်းတယ်.. မင်းတို့လည်း...အများကြီး စားကြ...အများကြီး ကင်ကြမယ်.."

သူတို့လေးဦးသား စားသောက်ရင်း စကားပြောနေကြသည်။

"ဟေး ကြည့်လိုက်အုံး Roll-Royce နဲ့ Big G တွေကို မောင်းလာပြီး ဒီမှာ အသားကင်စားနေတာ.."

"ဟုတ်တယ် ဒီလောက်ချမ်းသာတာတောင် ဒီလိုနေရာမျိုးမှာ စားသေးတယ်..."

"ချမ်းသာတဲ့လူတွေရဲ့ကမ္ဘာကို ငါတို့ တကယ်မနားလည်နိုင်ဘူး..."

အခြားစားသုံးသူများကလည်း လျူယောင်နဲ့သူ့သူငယ်ချင်းလေးဦးတို့ လမ်းဘေးစားသောက်ဆိုင်များတွင် သူတို့လိုမျိုး အသားကင်စားနေတာကို မြင်တဲ့အခါတွင် မျက်စိပွင့်လောက်အောင် ထူးဆန်းတယ်လို့ သူတို့ ခံစားနေရသည်။

အချို့လူများက စူးစူးစမ်းစမ်း ကြည့်နေကြပြီး အံ့အားသင့်ကာ ပြောလိုက်သည် ။

"ဟေး..ငါ ...အဲ့ဒီလူက ရင်းနှီးသလိုပဲ..."

ချန်းဟူကို ရင်းနှီးသလို ဖြစ်နေတယ်လို့ ခံစားရပြီးနောက် တစ်စုံတစ်ယောက်က နောက်ထပ်အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်ပြီး မကြာမီ သူ့အသံ မှာ အနည်းငယ် တုန်ယင်လာတာကို ကြားလိုက်ရသည်။

"ကြည့်စမ်းဟ... အဲ့ဒီလူက ချန်းဟူနဲ့ တူသလား..."

"ဘယ် ချန်းဟူလဲကွာ.."

"နောက်ထပ် ဘယ်ချန်းဟူရှိရမှာလဲ...ကမ္ဘာ့စံချိန် သုံးခုချိုးဖျက်ပြီး ရွှေတံဆိပ် သုံးခုရတဲ့လူလေ..."

လူပိုများလာကာ ချန်းဟူကို ကြည့်နေကြပြီး တိတ်တဆိတ် သုံးသပ်နေကြသည်။

တဖြည်းဖြည်းနဲ့ လူတစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည် ။

" ဘုရားရေ.. "

"ဟုတ်တယ် ...သူက ချန်းဟူ... ဒီလူ သေ ချာပေါက် ချန်းဟူပဲ..."

All Chapters