← Chapters

တန် ၃၀၀ အလေးချိန်ရှိတဲ့ အကောင်ကြီး

Vol. 15 Ch. 222

တန် ၃၀၀ အလေးချိန်ရှိတဲ့ အကောင်ကြီး

Vol. 15 Ch. 222

"အဲ့ဒါ...ချန်းဟူပဲ..."

တစ်စုံတစ်ယောက်က ပျော်ရွှင်စွာ အော်ပြောလိုက်သည်။

ချန်းဟူဆိုတာက မီတာ ၁၀၀၊ ၂၀၀ နှင့် ၄၀၀ ပြိုင်ပွဲတို့တွင် စံချိန်ချိုးခဲ့သူဖြစ်ပြီး မကြာသေးမီက Diamond League တွင် ရွှေတံဆိပ် သုံးခုရရှိထားသူဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းသတင်းမီဒီယာများက သတင်းများကို အဆက်မပြတ် ဖော်ပြနေကြဆဲဖြစ်သည်။

လူအများအပြားက ဝိုင်းအုံ ကြည့်ရှု့လာကြသည်။

အချို့က ထရပ်လိုက်ကြသည်။

ရုတ်ရုတ်သဲသဲဖြစ်မှု့က ပို၍ကျယ်လောင်လာပြီး အချို့လူများမှာ သူတို့ရဲ့ မိုဘိုင်းဖုန်းများကို ကိုင်ဆောင်ကာ ချန်းဟူကို စတင်ရိုက်ကူးနေခဲ့သည်။

လျူယောင် ပြုံးလိုက်ပြီး သတိပေးလိုက်သည်။

"ချန်းဟူ..မင်းကို လူတွေမှတ်မိသွားပြီ..."

"ကျွန်တော် နှာခေါင်းစည်းတပ်ထားရမှာ...မေ့သွားတယ်... ဆက်ပြီး အသားကင်စားနိုင်တော့မယ်မထင်ဘူး"

ချန်းဟူ ပြောလိုက်သည်။

"ငါ အလျင်စလိုဖြစ်သွားပုံရတယ် နေရာပြောင်းရမယ်နဲ့တူတယ်"

မျှော်လင့်ထားတဲ့အတိုင်း လူတစ်ယောက်က အံ့အားသင့်တဲ့မျက်နှာနဲ့ ရောက်လာပြီး မေးလိုက်သည်။

"ခွင့်ပြုပါဦး...ခင်ဗျားက ချန်းဟူလား..."

ချန်းဟူက ပြုံးလိုက်ပြီး မငြင်းနိုင်တော့မှန်းသိတာကြောင့် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်...ကျွန်တော် ချန်းဟူပါ... "

"ဝိုး...ခင်ဗျားက တကယ် ချန်းဟူပဲ.... ကျွန်တော် အရမ်းစိတ်လှုပ်ရှားတယ်... သိလား...ခင်ဗျားက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲ... ခဗျားနဲ့အတူ ဓာတ်ပုံရိုက်လို့ရမလား...."

ချန်းဟူက ဟန်ဆောင်မှု့မရှိဘဲ ဓာတ်ပုံရိုက်ခွင့် ပြုလိုက်သည်။

ထိုလူငယ်လေးက စိတ်ကျေနပ်စွာနဲ့ ပျော်ရွှင်စွာ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် မျက်မှန်ကြီးကြီးတပ်ထားတဲ့ မိန်းကလေးတစ်ဦး လျှောက်လာသည်။

"ကိုချန်း... ကျွန်မအတွက် လက်မှတ်ထိုးပေးလို့ရမလား"

ပြောပြီးတာနဲ့ သူမက စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းကို ထုတ်ယူကာ မျှော်လင့်နေတဲ့ မျက်လုံးကြီးများဖြင့် ချန်းဟူကို ကြည့်နေသည်။

ချန်းဟူလည်း မငြင်းဘဲ မိန်းကလေးတောင်းဆိုတဲ့နေရာတွင် သူ့နာမည်ကို ရေးထိုးပေးလိုက်သည်။

ထို့နောက်တွင်တော့ အခြေအနေက ဆိုးရွားလာတော့သည်။ အချို့က အတူတူ ဓာတ်ပုံရိုက်ခွင့်တောင်းကြပြီး အချို့က လက်မှတ်ထိုးခိုင်းကြကာ အချို့က ဗီဒီယိုအတိုလေး ရိုက်ခိုင်းခဲ့သည်။ ဝိုင်းကြည့်နေသူတွေက ပိုပိုများလာပြီး အပြင်မှာ သုံးထပ်၊ အတွင်းမှာ သုံးထပ်လောက်နီးပါး ရှိနေသည်။

ဒီအခြေအနေမှာ အသားကင်စားဖို့ဆိုတာ မဖြစ်နိုင်တော့တာကြောင့်လျူယောင် ထရပ်ပြီး ပြောလိုက်သည်။

"သွားကြစို့..ငါတို့...နေရာပြောင်းရအောင်"

သူတို့လေးဦးသား အတူတူ ထွက်ခွာသွားခဲ့ကြပြီး ချန်းဟူက ထွက်ခွာရင်း လက်နှစ်ဖက်ကို ယှက်ကာ တောင်းပန်ပါတယ်၊ စိတ်မကောင်းပါဘူး စသဖြင့် စကားအချို့ကို ပြောခဲ့လိုက်သည်။

လျူယောင်က လမ်းဘေးမှ Roll-Royce ကားထဲသို့ ဝင်ထိုင်ပြီး ကျိန့်ကန်းနဲ့ ဟီချန်းတို့က Big G ကားကို မောင်းကာ လိုက်ပါလာခဲ့ကြသည်။

ရုတ်တရက် လူတစ်ယောက်က အဲ့အားသင့်ကာ အော်ပြောလိုက်သည်။

"အမ် ချန်းဟူက ဘာလို့ ကိုယ်တိုင်ကားမောင်းနေတာလဲ...ယာဉ်မောင်းတစ်ယောက်လိုပဲ... ခုနက လူငယ်လေးက ဘယ်သူလဲဟ... ချန်းဟူက သူ့အတွက် ယာဉ်မောင်းလုပ်ပေးနေတာလား..."

"အမှန်ပဲ.."

"ချန်းဟူက ဘာလို့ ယာဉ်မောင်းတစ်ယောက်လိုမျိုး ဖြစ်နေရတာလဲ"

လူအများအပြားက ရှုပ်ထွေးသွားကြသည်။

" အကိုရေ.... မင်းက အရမ်းမိုက်တာပဲ...ချန်းဟူက မင်းအတွက်တောင် ကိုယ်တိုင်ကားမောင်းပေးနေတာ..."

"အကိုရေ... မင်းက တကယ့်ကို အံ့ဩစရာပဲဗျာ.."

ထို Roll-Royce ကား ထွက်ခွာသွားတာကို ကြည့်ပြီး အချို့လူများက အချိန်အတော်ကြာအောင် နောက်ပြန်လှည့်မနိုင်ခဲ့ကြပေ။

လျူယောင်တို့လေးဦးက အဆင့်မြင့်ဟိုတယ်တစ်ခုကို ရှာဖွေပြီး သီးသန့်အခန်းတစ်ခုကို မှာကာ ဟင်းပွဲများကို မှာယူခဲ့ကြသည်။ ယခုတော့ တိတ်ဆိတ်သွားပြီး ဘယ်သူမှ လာရောက်နှောင့်ယှက်ခြင်းမရှိတော့ပေ။

စားရင်းသောက်ရင်း သူတို့လေးဦးသား စကားပြောဆိုနေကြသည်။

သူတို့ ပြီးခဲ့သည့်တစ်ခေါက်က ဆိုမာလီယာတွင် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာအချို့ကို ပြောဆိုဖြစ်ခဲ့ကြသည်။ ကျိန့်ကန်းနဲ့ ဟီချန်းတို့ရဲ့ ဖော်ပြချက်ကို ကြားတဲ့အခါ ချန်းဟူရဲ့သွေးများက စိတ်လှုပ်ရှားမှု့ဖြင့် ဆူပွက်လာခဲ့သည်။

"တကယ့်ကို ပျော်စရာကောင်းတာပဲ... ဒါပေမဲ့ ကျွန်တော် အဲ့ဒီကို သွားလို့မရခဲ့တာ နာတယ်ဗျာ.."

သူလည်း ယခင်က စစ်သားဘုရင်တစ်ဦးဖြစ်ခဲ့သည်။ ထို စိတ်အားထက်သန်သည့် အကြောင်းအရာများကို ကြားရတဲ့အခါ ကျိန့်ကန်းနဲ့ ဟီချန်းတို့ကို အားကျနေမိသည်။

......

အိန္ဒိယသမုဒ္ဒရာတွင်…

လိပ်ကြီးက တန် ၂၀၀ အလေးချိန်ရှိတဲ့ထူးဆန်းငါးဖြူကို နှစ်ရက်တိတိ စားသုံးခဲ့ပြီး စုစုပေါင်း ငါးကြိမ်မှ ခြောက်ကြိမ်အထိ စားခဲ့သည်။

ဂူပေါက်ဝတွင် အရိုးများသာကျန်နေတဲ့ထူးဆန်းတဲ့ငါးဖြူကို ကြည့်ပြီး နောက်တစ်ကောင်ကို ထပ်မံအမဲလိုက်ရန် လိပ်ကြီး ပြင်ဆင်လိုက်သည်။

"ငါးရဲ့ ဗိုက်ထဲက အဆီကို...ငါ ပထမဆုံး စားမယ်...အဲ့အဆီကမှ ပိုအရသာရှိတာ "

ပြောပြီးတာနဲ့ လိပ်ကြီး သူ့ရဲ့ မီတာ ၅၀ ရှိတဲ့ ဧရာမလှံကို ကိုင်ဆောင်ကာ ရေမိုင် ၁၀၀ ကျော်ဝေးတဲ့ ချောက်နက်ကြီးဆီသို့ ကူးခတ်လာခဲ့သည်။

ရေမိုင် ၁၀၀ ကျော်ကို လိပ်ကြီး မကြာမီ ရောက်ရှိသွားပြီးနောက် ချောက်ထဲကို စတင်ဝင်ရောက်ကာ နက်ရှိုင်းတဲ့နေရာဆီကိုဖြည်းညှင်းစွာ ကူးခတ်သွားခဲ့သည်။

"ဟေး... ထူးဆန်းတဲ့ ငါးဖြူကို အရမ်းမြန်မြန်တွေ့လိုက်ရတယ်...ဘယ်လောက်ကံကောင်းလိုက်လဲ..."

လိပ်ကြီးနဲ့မီတာ လေးငါးရာအကွာတွင် ထူးဆန်းတဲ့ ငါးဖြူတစ်ကောင်က ဖြည်းညှင်းစွာ ကူးခတ်နေသည်။ သူရဲ့အလျားမှာ ၁၅ မှ ၁၆ မီတာခန့်ရှိပြီး အလေးချိန်မှာ တန် ၃၀ မှ ၄၀ ခန့်ရှိသည်။

အရင်ကဆို လိပ်ကြီးက တစ်ခွန်းမှမပြောဘဲ ချက်ချင်းအပြေးအလွှားသွားတိုက်မှာဖြစ်ပေမဲ့ ယခုတစ်ကြိမ်တွင်တော့ မသွားခဲ့ပေ။

"ဟွန့်...ဒီကောင်က နည်းနည်းသေးတယ်...တစ်နပ်တည်းနဲ့ ပြီးသွားမှာ... ဒီတစ်ခါတော့ တန် ၁၀၀ ကျော်တဲ့ကောင်ကို အရင်ဆုံး ရှာရမယ်... အဲ့ဒါဆို ငါ့အတွက် စားလို့ဝပြီ..."

လိပ်ကြီးက ယခုတော့ တန် ၁၇၀ ကျော်အလေးချိန်ရှိပြီး တစ်ကြိမ်လျှင် တန် ၃၀ မှ ၄၀ ခန့် စားနိုင်နေပြီဖြစ်သည်။ သူ့ရှေ့မှ ထူးဆန်းတဲ့ငါးဖြူက နည်းနည်းသေးငယ်နေတယ်ဟု ခံစားရသည်။

ထိုထူးဆန်းတဲ့ငါးဖြူကို အနှောင့်အယှက်မပေးဘဲ ချောက်ရဲ့အနက်ပိုင်းထဲ လိပ်ကြီး ဆက်လက်ကူးခတ်သွားခဲ့ပြီး နောက်ထပ် ထူးဆန်းငါးဖြူများစွာကို တွေ့ရှိခဲ့ပေမဲ့တစ်ကောင်မှ တန် ၁၀၀ ထက် မပိုခဲ့ပေ။ လိပ်ကြီး သူတို့ကို ဂရုမစိုက်ဘဲ ထားခဲ့သည်။

မသိလိုက်ဘဲ မီတာ ၄,၀၀၀ ခန့်အနက်ကို လိပ်ကြီး ရောက်ရှိလာခဲ့သည်။ ထိုအနက်တွင် သူ ရေဖိအားကို ခံစားရတာကြောင့် နောက်ထပ် မသွားတော့ပေ။

လိပ်ကြီး အတွေ့အကြုံအရ ထို အနက်တွင် တန် ၁၀၀ သို့မဟုတ် တန် ၂၀၀ ခန့်ရှိတဲ့ ထူးဆန်းတဲ့ ငါးဖြူကို ရှာတွေ့နိုင်မှာဖြစ်သည်။ ထိုအရွယ်အစားရှိတဲ့ ထူးဆန်းတဲ့ငါးဖြူကသာ လိပ်ကြီး၏ ပစ်မှတ် ဖြစ်သည်။

ဒီအနက်တွင် အမှောင်ဖုံးလွှမ်းနေပြီး ပင်လယ်ရေရဲ့ အပူချိန်ကလည်း နည်းနည်းနိမ့်နေသည်။ လိပ်ကြီး ပစ်မှတ်ကို ရှာဖွေရင်း ဖြည်းညှင်းစွာ ကူးခတ်နေခဲ့သည်။

သူ့ရဲ့ အာရုံခံနိုင်စွမ်း၏ အစွန်းပိုင်းတွင် ထူးဆန်းတဲ့ ဧရာမသတ္တဝါများကို တွေ့ရှိခဲ့သည်။

၎င်းက ငါးတစ်ကောင်ဟု ဆိုပေမဲ့ ပုံစံမှာ ဂဏန်းတစ်ကောင်နဲ့ နည်းနည်းတူသည်။ ဧရာမလက်သည်းနှစ်ခုပါတဲ့ ခြေထောက်နှစ်ခုရှိပြီး ဧရာမညှပ်နှစ်ခုနဲ့တူသည်။

ဂဏန်းတစ်ကောင် လည်းမဟုတ် ငါးတစ်ကောင်နှင့် ပိုတူသည်။ သူ့ရဲ့ ကိုယ်ထည်က အခြေခံအားဖြင့် ငါးကိုယ်ထည်ဖြစ်၏။

သူ့မှာ ငါးအမြီးနဲ့ ငါးတောင်ပံများရှိပြီး ကိုယ်ထည်မျက်နှာပြင်က အမည်းရောင်ဖြစ်ကာ ဧရာမအကြေးခွံများကလည်း အမည်းရောင်အလင်းဖြင့် တောက်ပနေသည်။ တစ်ခုချင်းစီက စဉ့်ဖလားတစ်ခုထက်ပင် ပိုကြီးသည်။

သူ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံပန်းသဏ္ဌာန်ရှိပြီး ပထမတစ်ချက်ကြည့်လိုက်တာနဲ့အလွန်ကြောက်စရာကောင်းစေသည်။ ကိုယ်ထည်အလျားက မီတာ ၆၀ ကျော်ပြီး အလေးချိန်က တန် ၃၀၀ ခန့်ရှိနေကာ လိပ်ကြီးထက် ပိုကြီးပြီး ပိုလေးသည်။

လိပ်ကြီးက ထို ထူးဆန်းတဲ့အရာကို တစ်ကြိမ်မြင်ဖူးပေမဲ့ သူ့ရှေ့က ကောင်လောက် မကြီးခဲ့ပေ။

ထိုအကောင်က လိပ်ကြီးကို မတွေ့သေးဘဲ မီတာ ၁၀ ကျော်ရှည်တဲ့ ထူးဆန်းငါးဖြူတစ်ကောင်ကို သတ်စားနေသည်။ချောက်ထဲတွင် ထူးဆန်းငါးဖြူမှာ အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးတွင် ရှိမနေပဲ၊ သူ့ရှေ့မှ သတ္တဝါကသာ အစားအစာကွင်းဆက်ရဲ့ ထိပ်ဆုံးတွင် ရှိကြောင်း သိလိုက်ရသည်။

ဧရာမလက်သည်းများကြားတွင် ဖမ်းထားတဲ့ ထူးဆန်းငါးဖြူကို စားနေပေမဲ့ ရုတ်တရက် ရပ်လိုက်ပြီး လိပ်ကြီးဘက်သို့ ကြည့်လိုက်သည်။

"အာ ...ငါ့ကို...တွေ့သွားပြီ..."

လိပ်ကြီးက ဧရာမလှံကို ကိုင်ဆောင်ထားပြီး ထိုသတ္တဝါကို စိုက်ကြည့်ကာ ကြိမ်းဝါးလိုက်သည်။

"ဒီကောင်ကြီး...အနား လာတာနဲ့ ....ငါ သူ့ကို တိုက်ခိုက်တော့မယ်...."

လိပ်ကြီး ဒီအကောင်ကို လုံးဝမကြောက်ပေ။

" ငါ့ထက် ကိုယ်အလေးချိန် ပိုကြီးတော့ ဘာဖြစ်လဲ အဆိုးဆုံးက မနိုင်ရင် ထွက်ပြေးရုံပဲ မင်း ငါ့ကို လိုက်မှီမယ်ဆိုတာ ငါ မယုံဘူး "

မျှော်လင့်ထားတဲ့အတိုင်းပင် ထိုသတ္တဝါကြီးကအလွန်လျင်မြန်စွာ ကူးခတ်လာပြီး လိပ်ကြီးနှင့် မီတာ ၂၀၀ ခန့်အကွာတွင် ရပ်လိုက်ကာ သေချာကြည့်နေပုံရသည်။

နှစ်ဖက်စလုံး ရင်ဆိုင်လိုက်ကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုကောင်က လိပ်ကြီးဘက်ကို အမြန်ပြေးလာခဲ့သည်။

ထိုအကောင်ကြီးက အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲအားကို ပြသနေသည်။

လိပ်ကြီး အံ့အားသင့်သွားသည်။ ပြိုင်ဘက်ရဲ့ ပေါက်ကွဲအားက ဒီလောက်အစွမ်းထက်မယ်လို့ သူ မထင်မိခဲ့ပေ။

All Chapters