ပျောက်ဆုံးနေတဲ့ လေယဥ်
Vol. 15 Ch. 223
" လခွမ်း..အတော်.. အားကောင်းတဲ့ပေါက်ကွဲအားပဲ..."
လိပ်ကြီး တုန်လှုပ်သွားပေမဲ့ သူ့ရဲ့ တုံ့ပြန်မှု့အမြန်နှုန်းက မနှေးခဲ့ပေ။သူ မီတာ ရာနှင့်ချီပြီး အမြန်နောက်ဆုတ်လိုက်သည်။
နှစ်ဖက်စလုံး ရပ်သွားပြီးနောက် အကွာအဝေးက မီတာ ၂၀၀ ခန့်တွင် ရှိနေဆဲပင်။
နှစ်ဖက်စလုံး ထိပ်တိုက် ထပ်မံရင်ဆိုင် ခဲ့ကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လိပ်ကြီးက ပထမဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ ဧရာမလှံ၏ စွမ်းအားကို စမ်းသပ်ရန်အတွက် ပြိုင်ဘက်ရဲ့ ကြီးမားတဲ့ ဦးခေါင်းကို လှံဖျားနဲ့ ချိန်ရွယ်ကာ အပြေးအလွှားဝင်သွားခဲ့သည်။
ပြီးခဲ့တဲ့တစ်ကြိမ်က တန် ၂၀၀ ရှိတဲ့ ထူးဆန်းငါးဖြူနဲ့ ရင်ဆိုင်ရတဲ့အခါ အရှိန်ပြင်းပြင်း ပြေးတဲ့စွမ်းရည်ရဲ့ အားသာချက်ဖြင့် ဧရာမလှံဖျားမှာ ထိုထူးဆန်းတဲ့ငါးဖြူရဲ့ ဦးခေါင်းကို မထိုးဖောက်နိုင်ခဲ့ပေ။ ဒီ တစ်ကြိမ်ကော ထိုးဖောက်နိုင်မှာလား။
လိပ်ကြီးရဲ့ အမြန်နှုန်းက အလွန်မြန်ပြီး အရိပ်တစ်ခုလိုပင်ဖြစ်သည်။
ဒီ ဧရာမငါးရဲ့တုံ့ပြန်မှု့ကလည်း အလွန်လျင်မြန်သည်။ ဧရာမလှံ သူ့ဆီ လာနေတာကို မြင်တဲ့အခါ သူ့ရဲ့ ဧရာမလက်သည်းဖြင့် ကာကွယ်လိုက်သည်။
"ဒုန်း"
ဟူသော အသံနဲ့အတူ ဧရာမလှံဖျားက သူ့လက်သည်းကို ထိုးဖောက်သွားခဲ့သည်။
ဧရာမစွမ်းအားအရှိန်ကြောင့် ငါးကြီးက မီတာအတော်များများ နောက်ဆုတ်သွားခဲ့ပြီး လက်သည်းက ဦးခေါင်းအထိ တွန်းပို့ခြင်းကို ခံလိုက်ရသည်။
ဒေါသထွက်သွားတဲ့ ဧရာမငါးကြီးက သူ့ရဲ့ဧရာမလက်သည်းနှစ်ခုကို ဝှေ့ယမ်းကာ လိပ်ကြီး ဆီကို အပြေးအလွှားဝင်လာခဲ့သည်။
လိပ်ကြီး အခွင့်အရေးကိုမြင်တဲ့အခါ ရပ်တန့်လိုက်ပြီး လက်ထဲမှ ဧရာမလှံကိုကိုင်ကာ နောက်ကိုဆုတ်လိုက်သည်။ ပြိုင်ဘက်ရဲ့ လက်သည်းနှစ်ခုလုံး လုံးဝလွဲသွားခဲ့ပြီး လိပ်ကြီး ဆီကိုပင် မရောက်နိုင်ခဲ့ပေ။
လိပ်ကြီး ပြိုင်ဘက်ကို အသက်ရှူခွင့်မပေးချင်တော့တာကြောင့် နောက်ထပ် အရှိန်ပြင်းပြင်း ပြေးတဲ့ စွမ်းရည်ကို အသုံးပြုပြီး ဧရာမလှံကို ဆွဲကိုင်ကာ အပြေးအလွှား ဝင်တိုက်လိုက်သည်။
ဧရာမလှံဖျားက ပြိုင်ဘက်ရဲ့ဦးခေါင်းကို ချိန်ရွယ်ထားဆဲဖြစ်သည်။
မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပြိုင်ဘက်ရဲ့ တုံ့ပြန်မှု့အမြန်နှုန်းက အလွန်မြန်လာပြီး လက်သည်းနှစ်ခုနဲ့ ဧရာမလှံကို တင်းကျပ်စွာ ညှပ်ထားလိုက်သည်။
ဧရာမငါးထူးဆန်းကလည်း အင်အားသုံးပြီး တားဆီးထားသည်။
သူတို့နှစ်ကောင် မည်သူ ပိုအားကောင်းလဲဆိုတာ ယှဉ်ပြိုင်နေကြသည်။
လိပ်ကြီးရဲ့ အလေးချိန်က သိသိသာသာ နိမ့်ကျနေပေမဲ့ အင်အားချင်း တူနေကြပြီး နှစ်ကောင်စလုံးကြားတွင် ဘာမှမလုပ်နိုင်ဖြစ်နေကြသည်။
"တိုက်စမ်း!"
လိပ်ကြီး ပေါက်ကွဲအားကို ထုတ်ဖော်လိုက်ပြီး နောက်တစ်ကြိမ် အရှိန်ပြင်းပြင်း ပြေးတဲ့စွမ်းရည်ကို အသုံးပြုလိုက်သည်။
စွမ်းရည် အရှိန်ကြောင့် ပေါက်ကွဲအားက အလွန်ကြီးမားသွားပြီး နောက်ဆုံးတွင် ဧရာမငါးကြီးကို နောက်ပြန်တွန်းလိုက်နိုင်ခဲ့သည်။
"ဂျစ်... ဂျစ်..ဂျစ်..."
မီတာ ၁၀၀ မှ ၂၀၀ အထိ နောက်ဆုတ်ပြီးနောက် ဧရာမငါးကြီးက အရှက်ရတယ်ဟု ခံစားရတာကြောင့် ညှပ်ထားတဲ့ လှံကို လွှတ်လိုက်ပြီး လိပ်ကြီးကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
" ဒါပဲ...ငါ့ရဲ့..အခွင့်အရေး ရောက်လာပြီ..."
လိပ်ကြီး သူ့ရဲ့ အခွင့်အရေးရောက်လာတာကို သိလိုက်တာကြောင့် စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားသည် ။
ပြိုင်ဘက်က ညှပ်ထားတဲ့ ဧရာမလှံကို လွှတ်လိုက်တာနဲ့ လိပ်ကြီးက လှံကို ဆွဲကိုင်လိုက်ပြီး အနောက်ကို ဆုတ်လိုက် သည်။
"ထပ်လာဦး "
နောက်ထပ် အရှိန်ပြင်းပြင်း ပြေးတဲ့စွမ်းရည်ကို လိပ်ကြီး အသုံးပြုလိုက်သည်။
အရင်နှစ်ကြိမ်နှင့် မတူဘဲ ဒီတစ်ကြိမ်တွင် ဧရာမလှံဖျားက ထူးဆန်းငါးကြီးရဲ့ဘေးဘက်ကို ချိန်ရွယ်ထားတာကြောင့် ထိုငါးကြီးက လက်သည်းနှစ်ခုရဲ့ ဘေးဘက်ကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။
ငါးကြီးက အမြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားပေမဲ့ ကံမကောင်းစွာနောက်ကျသွားခဲ့သည်။
" ဇွက်.."
လိပ်ကြီးက အရှိန်ပြင်းပြင်း ပြေးတဲ့စွမ်းရည်သုံးလိုက်ပြီး လှံဖျားနဲ့ ပြင်းထန်စွာ ဘေးဘက်ကို ထိုးသွင်းလိုက်သည်။
ငါးကြီးခန္ဓာကိုယ်က တောက်ပတဲ့အမည်းရောင် ဧရာမအကြေးခွံများနဲ့ ဖုံးလွှမ်းနေပြီး ခံနိုင်ရည်စွမ်းအား အလွန်အားကောင်းပေမဲ့ ဧရာမလှံရဲ့ ထိုးသွင်းမှုအောက်တွင် အကြေးခွံများ ကွဲကြေသွားပြီး တစ်မီတာမှ နှစ်မီတာခန့်အနက်ထိ လှံဖျားက ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
" ဂါး..."
ဧရာမငါးကြီး နာကျင် သွားသည်။
လိပ်ကြီး ပြင်းထန်စွာ ပိုမို ထိုးသွင်းလိုက်ပြီး နောက် ဧရာမလှံက မီတာအတော်များများ ထိုးဖောက်ဝင်ရောက်သွားကာ ငါးကြီးကို လုံးဝဖောက်ထွက်လုနီးပါးပင်။
"တော်ပြီ ဒီလောက်ဆို ရလောက်ပြီ..."
လိပ်ကြီး ဧရာမလှံကို ပြန်ဆွဲထုတ်ပြီးရှောင်တိမ်းလိုက်သည်။ ထူဆန်းငါးကြီး ရဲ့ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခုဖြစ်သွားပြီး သွေးများက ပြင်းထန်စွာ ပန်းထွက်လာကာ ပတ်ဝန်းကျင်မှ ပင်လယ်ရေတွေတောင် အနီရောင်ကို ပြောင်းလဲကုန်သည်။
ဧရာမငါးကြီးက ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး နောက် ခွန်အားက အလွန်အမင်း လျော့နည်းသွားသည်။ သူက ထွက်ပြေးချင်သဖြင့် သူရဲ့အမြီးကို ဝှေ့ယမ်းပြီး ချောက်ရဲ့အနက်ပိုင်းကိုကူးခတ် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
"မင်း ခုမှ ဘယ်ပြေးမလို့လဲ ဒီ သခင်ကို ရန်စပြီးမှ... "
လိပ်ကြီးရှေ့တွင် ထွက်ပြေးနိုင်ခြင်းက ရယ်စရာကောင်းလှသည်။
လိပ်ကြီးက အရှိန်ပြင်းပြင်း ပြေးတဲ့စွမ်းရည်နဲ့ ဧရာမငါးကြီးရဲ့ ဦးခေါင်းကို လှံဖျားဖြင့် ထိုးဖောက်လိုက်သည်။
"ဒုန်း "
" ဇွက် ...ဇွက်.."
ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ ဧရာမလှံက ဦးခေါင်းကို မီတာအတော်များများ ထိုးဖောက်သွားခဲ့ပြီး ဦးနှောက်များက ပေါက်ထွက်သွားကာ ဧရာမငါးကြီး သေဆုံးသွားခဲ့သည်။
လိပ်ကြီး အံ့အားသင့်သွားသည်။ဒီ ဧရာမငါးကြီးရဲ့ ဦးခေါင်းက အလွန်မာကျောတာကြောင့် လှံက ထိုးဖောက်နိုင်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့သည်။
လိပ်ကြီးက ဧရာမသတ္တဝါအသေကို ကြည့်လိုက်ပြီးနောက် ပထမဆုံးအတွေးမှာ
"ဘယ်လိုအရသာရှိမလဲ စားလို့ရောကောင်းရဲ့လား" ဟု တွေးလိုက်မိသည်။
လိပ်ကြီး အနီးသို့ ကူးခတ်သွားပြီး ထိုသတ္တဝါရဲ့အလောင်းကို ဆွဲကိုင်ကာ ပြင်းထန်စွာ ဝါးလိုက်သည်။
" ဝိူး...မဆိုးဘူး...အရသာရှိသားပဲ.."
နောက်ထပ် အကိုက်ကြီးကြီး ကိုက်လိုက်ပြီးနောက် လိပ်ကြီးရဲ့ မျက်လုံးများ အရောင်တောက်ပလာသည်။
သူ ပိုစားလေလေ ပိုအရသာရှိလေလေဖြစ်တာကို တွေ့ရှိခဲ့သည်။ ဒီငါးက ထူးခြားတဲ့အရသာရှိပြီး ထူးဆန်းတဲ့ငါးဖြူထက် မညံ့ပေ။
"ဟားဟား... ငါ့အတွက် နှစ်ရက် သုံးရက်စာလောက် စားရလောက်ပြီ..."
တန် ၃၀ ခန့် စားပြီးနောက် လိပ်ကြီး ဂူထဲတွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
လိပ်ကြီး သူ့ကိုယ်သူ သတိမပြုမိခဲ့ပေ။ သူ အိပ်နေစဉ်တွင် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေတယ် လို့ ခံစားရသည်။ဒါက အားကောင်းတဲ့ဆေးတစ်မျိုး စားလိုက်ရသလိုပင်။
......
ရုံးခန်းထဲတွင်
လျူယောင် သူဋေးကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ့ရဲ့ မိုဘိုင်းဖုန်းနဲ့ သတင်းများကို အေးအေးဆေးဆေး ကြည့်နေသည်။
ရုတ်တရက် သတင်းတစ်ခုက လျူယောင်ရဲ့ စိတ်ဝင်စားမှု့ကို ဆွဲဆောင်သွားသည်။ ဝိုက်အမ် လေကြောင်းလိုင်းမှ လူ ၁၀၀ ကျော်ကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းက YD နိုင်ငံကို ပျံသန်းစဉ် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။
ကျွမ်းကျင်ပညာရှင်များက လေယာဉ်ပျက်ကျနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပြီး ဖြစ်နိုင်ခြေရှိတဲ့ ပျက်ကျဧရိယာကို ပြပေးခဲ့သည်။
ထိုနေရာက အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်ဘက်တွင် တည်ရှိပြီး အနီးဆုံးမြို့မှ ရေမိုင် ၅၀၀ ကျော်အကွာတွင် ဖြစ်သည်။
လျူယောင် ထိုသတင်းကို အကြိမ်အတော်များများ ဖတ်ခဲ့ပြီး သူ့ကို စိတ်ဝင်စားဆုံးဖြစ်စေတဲ့အရာကလေယာဉ်ပေါ်တွင် ပါရှိတဲ့ အရာအချို့ပဲ ဖြစ်သည်။
ခရီးသည် ၁၀၀ ကျော်နဲ့အမှုထမ်း ၁၀ ဦးကျော်အပြင် ပြပွဲပစ္စည်းများစွာကိုလည်း လေယာဉ်ပေါ်တွင် သယ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ YD နိုင်ငံရဲ့ နိုင်ငံတော်အဆင့် ရတနာများဖြစ်သည်။
ထိုပြပွဲပစ္စည်းများကို ဝိုင်အမ် ပြပွဲတစ်ခုတွင် ပြသခဲ့ပြီးနောက် YD နိုင်ငံကို ပြန်လည်သယ်ဆောင်ရန် စီစဉ်ထားသည်။
အရေးအကြီးဆုံးအရာက YD အစိုးရဖြစ်လိမ့်မည်။ ခရီးသည် ၁၀၀ ကျော်အနက် တစ်ဝက်ကျော်မှာ YD လူမျိုးများပဲ ဖြစ်သည်။
လျူယောင် သတင်းကို သေချာဖတ်ပြီးနောက် လေယာဉ်ပျက်ကျနိုင်သည့် ပင်လယ်ရေပြင်ဧရိယာကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်မိသည် ။
"အင်း..လေယာဉ်ပျက်ကျပြီးနောက် ဒီပစ္စည်းတွေ ကျန်နေသေးလား ပြီးတော့ YD အစိုးရကရော လေယာဉ်ကို ရှာတွေ့နိုင်မလား..."
လေယာဉ်မတော်တဆမှု့အကြောင်း သတင်းက ပိုမိုများပြားလာသည်။၎င်းက ကြီးမားတဲ့ လေယာဉ်ပျက်ကျမှု့ဖြစ်တာကြောင့်ပင်။ အဓိကအချက်မှာ လေယာဉ်ပေါ်တွင် YD နိုင်ငံရဲ့ နိုင်ငံတော်အဆင့် ရတနာအချို့ ပါဝင်နေခြင်းပင်ဖြစ်လောက်မည်။
လျူယောင်က လေယာဉ်ပျက်ကျမှု့ နဲ့ပတ်သက်သည့် သတင်းများကို ဆက်တိုက်ဖတ်ရှုခဲ့ပြီး
"ငါသာ အဲ့ဒီပစ္စည်းတွေကို ရှာတွေ့နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ" လို့ တွေးမိလိုက်သည်။
လျူယောင် ထိုအတွေး ပေါ်လာတာနဲ့ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ချပ်ပြားကိုဖွင့်လိုက်ပြီး လိပ်ကြီးကိုကြည့်လိုက်သည်။
လိပ်ကြီးရဲ့ အခြေအနေကို လျူယောင် မြင်လိုက်ရသည်။လိပ်ကြီးက ဂူထဲတွင် အိပ်နေပြီး ဂူပေါက်ဝ နားမှ မြေပြန့်ပေါ်တွင် ဧရာမအရိုးနှစ်ခုရှိနေသည်။
အရိုးခေါင်းတစ်ခုက တန် ၂၀၀ ရှိတဲ့ ထူးဆန်းငါးဖြူရဲ့ အရိုးခေါင်းဖြစ်ပြီး ဒီထူဆန်းတဲ့ငါးဖြူကို လိပ်ကြီးက အရိုးခေါင်းတစ်ခုသာ ကျန်တဲ့အထိ စားခဲ့သည်။
နောက်ထပ်အရိုးခေါင်းတစ်ခုက ပိုတောင် ကြီးမားနေသေးသည်။