← Chapters

တင်းဝိန်ရဲ့ အတွေး

Vol. 15 Ch. 224

တင်းဝိန်ရဲ့ အတွေး

Vol. 15 Ch. 224

ဒီ ကြီးမားတဲ့ အရိုးစုကြီးကို လျူယောင် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ခဲ့ရသည်။

အရိုးက ပြီးခဲ့တဲ့တစ်ကြိမ်က ထူးဆန်းငါးဖြူရဲ့ အရိုးစုထက်ပင် ပိုကြီးနေသည်။ ဒါ့အပြင် လိပ်ကြီး ကလည်း နှစ်ရက်အတွင်း ၂၃ တန် တိုးလာတာကြောင့် သူ အနည်းငယ် အံ့အားသင့်နေသည်။

"ဒါ ဘာတွေဖြစ်နေတာလဲ...ငါ ...လိပ်ကြီးရဲ့ အခြေအနေကို နှစ်ရက်ပဲ ဂရုမစိုက်ဖြစ်ခဲ့တာကို..."

လျူယောင် လိပ်ကြီးနဲ့ ဆက်သွယ်လိုက်ပြီး မေးမြန်းလိုက်သည်။

"ဒီမှာ…ဘာတွေဖြစ်နေတာလဲ.... မင်းရဲ့ဂူပေါက်ဝမှာ ဒီလောက်ကြီးတဲ့ အရိုးစုက ဘာလို့ရှိနေတာလဲ..."

လိပ်ကြီး အိပ်မက်မှ နိုးလာပြီး ခါးဆန့်ကာ ပြန်ဖြန်လိုက်သည်။

"အရမ်းသက်တောင့်သက်သာပဲ...အာ..သခင်...ကျွန်တော့်ကို ရှာနေတာလား..."

လျူယောင် ထပ်မေးလိုက်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ...ငါ့ကို မြန်မြန်ပြော"

လိပ်ကြီးက ကြီးမားတဲ့ချောက်နက်ထဲတွင် ဧရာမလက်သည်းနှစ်ခုပါတဲ့ ဧရာမငါးကြီးနှင့် တွေ့ဆုံခဲ့ပုံကို ပြောပြပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောနေသည်။

"ဒါက ကျွန်တော့်ရဲ့ ဟာပဲ...သူ့..အရသာက မဆိုးဘူး... ကျွန်တော် အရမ်းကောင်းကောင်းစားခဲ့တာ... နှစ်ရက် သုံးရက်လောက်တော့ အစာအတွက် စိတ်မပူရတော့ဘူး...."

"သြော်...ချောက်ထဲက ငါးကြီး ဖြစ်နေတာပဲ.."

"တကယ့်ကို အံ့ဩစရာပဲ... ရေအနက် ..ပိုမိုနက်ရှိုင်းလာတာနဲ့ အမျှ သမုဒ္ဒရာထဲတွင် အံ့အားသင့်ဖွယ်ရာ တွေ့ရှိမှု့များ အမြဲရှိနေလေသည်။ ပြီးခဲ့သည့်တစ်ခေါက်က ဧရာမ သရဲဆံပင်ရေခူ! ဒီချောက်ထဲက ထူးဆန်းတဲ့ငါးဖြူ၊ အခုလည်း ဧရာမလက်သည်းနှစ်ခုပါတဲ့ ငါးကြီးတစ်ကောင်...."

အံ့အားသင့်မှု့အပြင် စိုးရိမ်စိတ်ဖြင့် လျူယောင် ပြောလိုက်သည်။

"လိပ်ကြီး မင်းရဲ့အလေးချိန်က နှစ်ရက်အကြာမှာ ၁၇၂ တန်ရှိတယ်လို့ ငါမှတ်မိတယ်...ဘယ်လိုလုပ်ပြီး နှစ်ရက်အတွင်းမှာ ၁၉၅ တန်အထိ ရောက်သွားတာလဲ... အဲ့ဒါက လက်သည်းပါတဲ့ ဧရာမငါးကြီးနဲ့ ဆက်စပ်မှုရှိလား.."

"ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်... ဒီဧရာမ ငါးက ပထမတန်းစား အရသာရှိရုံသာမက... စားပြီးတဲ့နောက် နွေးထွေးပြီး သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရတယ်... ပြီးတော့..ကျွန်တော်. အိပ်ချင်လာတာနဲ့ ....အိပ်ပစ်လိုက်တာ....နိူးတော့...ကိုယ်အလေးချိန်က တက်လာခဲ့တာပဲ"

လိပ်ကြီးက ရှင်းပြလိုက်သည်။

"အဲ့ဒါပဲ ဖြစ်နိုင်ပါတယ်..."

လိပ်ကြီးရဲ့ အလေးချိန် တိုးလာခြင်းက ဒီဧရာမငါးကြီးကို စားခြင်းနဲ့ဆက်စပ်နေပေမည်။

ဒါက လျူယောင့်ကို အံ့အားသင့်စေခဲ့သည်။ လိပ်ကြီးရဲ့ ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့အရာတစ်ခု တကယ်ရှိနေသည်။ ဒါက ကောင်းသောအရာပဲဖြစ်သည်။

အမှန်ပါပဲ လျူယောင်က လိပ်ကြီးကို တတ်နိုင်သမျှ မြန်မြန်ကြီးထွားရန် မျှော်လင့်ခဲ့ပြီး ပိုကြီးလေ ပိုကောင်းလေဖြစ်သည်။

တန် ရာပေါင်းများစွာ အရွယ်အစားအထိ ကြီးထွားလာနိုင်ပါက အကောင်းဆုံးပင်။အဲ့လို ဖြစ်လာပါက သမုဒ္ဒရာထဲတွင် ပြိုင်ဘက်ရှိရင် လိပ်ကြီးအတွက် မခက်ခဲတော့ပေ။

လိပ်ကြီးက ယခုအခါ အလွန်ကြီးမားနေပုံရ ပေမဲ့ တန် ၂၀၀ သို့မဟုတ် ၃၀၀ ရှိတဲ့ ငါးကြီးများကို ကိုင်တွယ်ရန် ခွန့်အားအတော်အတန် လိုနေသေးသည်။

လျူယောင် ခဏတာ ကျေနပ်သွားခဲ့ပြီး လိပ်ကြီးက ဧရာမလက်သည်းနှစ်ခုပါတဲ့ ငါးကြီးများကို နောက်ထပ်အနည်းငယ် ထပ်စားနိုင်ပါစေလို့ဆုတောင်းလိုက်သည်။

လျူယောင် ကျေနပ်စွာဖြင့် အိမ်မွေးတိရိစ္ဆာန်ချပ်ပြားမှ လိပ်ကြီးရဲ့ ဂုဏ်သတ္တိများကို ကြည့်လိုက်သည်။

အိမ်မွေးတိရိစ္ဆာန်အမည်- မျိုးပြောင်းလိပ်

ခွန်အား - ၁၁၇၅၀

ဖျတ်လတ်မှု့- ၁၁၁၂၀

စွမ်းရည်များ- လိပ်ခွံ (အဆင့် ၃)၊ လိပ်အသက်ရှူခြင်း (အဆင့် ၃)၊ စူပါအမြင်အာရုံ (အဆင့် ၂)၊ စူပါအာရုံခံစားမှု (အဆင့် ၂)၊ အရှိန်ပြင်းပြင်းပြေးခြင်း (အဆင့် ၁)

အိမ်မွေးတိရိစ္ဆာန်ချပ်ပြားပေါ်ရှိ အချက်အလက်များကို ကြည့်ပြီး လျူယောင် စိတ်ထဲကနေ ကျေနပ်စွာ ပြောလိုက်သည်။

"ဟုတ်ပြီ... ဟုတ်ပြီ... လိပ်ကြီးရဲ့ ကိုယ်အလေးချိန်က ၁၉၅ တန်အထိ ရောက်နေပြီ... ဂုဏ်သတ္တိအားလုံးက ၁၁,၀၀၀ ကျော်အထိ ရောက်နေပြီပဲ..."

"သခင်ရ....ကျွန်တော် ဗိုက်ပြန်ဆာလာပြန်ပြီ... အဲ့ဒီချောက်နက်ထဲကို နောက်တစ်ခေါက် သွားကြည့်ချင်တယ်... ဒီလိုဧရာမငါးမျိုးကို နောက်တစ်ကောင် လိုက်ဖမ်းချင်တယ်..."

လိပ်ကြီးကို ယုံကြည်စိတ်ချစွာဖြင့် လျူယောင် သဘောတူလိုက်သည်။

"ပြဿနာမရှိဘူး...မင်းသွားပါ... ငါ မင်းကို ယုံတယ်...."

လိပ်ကြီးက ဧရာမလှံကို ကိုင်ဆောင်ကာ ရေမိုင် တစ်ရာကျော်အကွာမှာရှိတဲ့ ကြီးမားတဲ့ အမည်မသိချောက်ကြီးဆီကို ထွက်ခွာလာခဲ့သည်။

........

အိန္ဒိယသမုဒ္ဒရာရဲ ဧရိယာအချို့တွင်…

လေယာဉ်က ဒီနေရာတွင် ပျက်ကျနိုင်ဖွယ်ရှိပြီး အချို့ လေယာဉ်များ၊ သင်္ဘောများ စသည်တို့မှာ ထိုနေရာတွင် ရှာဖွေမှု့များ ပြုလုပ်နေကြသည်။

ပင်လယ်ပေါ်တွင် ပေါလောပေါ်နေတဲ့ လေယာဉ်အပျက်အစီးများကို ရှာဖွေခြင်း သို့မဟုတ် ဆီညစ်ညမ်းမှု့များစွာကို ရှာဖွေရန် ကြိုးစားနေကြသည်။

လေယာဉ်ပျက်ကျပြီးနောက် လေယာဉ်ပေါ်မှလေယဥ်ဒီဇယ်ဆီများ ယိုစိမ့်ထွက်လာမှာ ဖြစ်ပြီး ပင်လယ်ရေပြင်ပေါ်တွင် ဆီညစ်ညမ်းမှု့များ ဖြစ်ပေါ်လာမှာပဲဖြစ်သည်။

လေယဥ်ရှာဖွေရေးလုပ်ငန်းများ အသည်းအသန်လုပ်ဆောင်နေပြီး ကမ္ဘာ့သတင်းမီဒီယာများစွာမှာ ထိုကိစ္စကို အာရုံစိုက်ပြီး နောက်ဆက်တွဲ သတင်းများတင်နေကြသည်။

နှစ်ရက်ကြာပေမဲ့ မည်သည့်ရလဒ်မျှ မရရှိခဲ့ပေ ။

အချို့မီဒီယာများက ထိုလေယာဉ်ပျက်ကျမှု့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မလေးရှားလေကြောင်းလိုင်း ၇၃၁ လို့ အကျိုးမဲ့ဖြစ်သွားမှာလား လို့ပင် ခန့်မှန်းခဲ့ကြသည်။

YD နိုင်ငံ ရဲ့ ပြည်တွင်းအခြေအနေမှာ ကမောက်ကမ ဖြစ်လုနီးပါးဖြစ်နေသည်။ဒီကစ္စဟာ သူတို့နိုင်ငံတွင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အကြီးမားဆုံး သတင်းတစ်ခုဖြစ်ခဲ့ပြီး ပြည်သူများရဲ့ အစီရင်ခံစာ အမျိုးမျိုးမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

နိုင်ငံရဲ့ အစိုးရဌာနများမှာလည်း ဖိအားများ ခံစားနေကြရသည်။ လေယာဉ်ပေါ်မှ ခရီးသည် ၁၀၀ ကျော်နဲ့အမှု့ထမ်း ၁၀ ဦးကျော်အပြင် အရေးအကြီးဆုံးအရာမှာ နိုင်ငံတော်အဆင့် ရတနာအချို့ပင်ဖြစ်သည်။

ထိုယဉ်ကျေးမှု့အမွေအနှစ်များကို သူတို့ရဲ့ ရှည်လျားသည့် သမိုင်းနဲ့ ယဉ်ကျေးမှု့ကို မြှင့်တင်ရန်အတွက် ဝိုင်အမ် နိုင်ငံကို ပြသရန် မူလက ပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ နိုင်ငံတော်အဆင့် ရတနာများဖြစ်ပြီး အထူးသဖြင့် တစ်ခုမှသာမန်မဟုတ်ပေ။

ထိုအရာမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ဗုဒ္ဓဓာတ်တော်တစ်ခုဖြစ်ပြီး ရတနာများထဲမှ နိုင်ငံတော်အဆင့်ရတနာပင် ဖြစ်နေသည်။

YD လို ဗုဒ္ဓဘာသာနိုင်ငံအတွက် ဗုဒ္ဓဓာတ်တော်ကို ငွေကြေးဖြင့် တိုင်းတာလို့မရနိုင်ပေ။

ရှာဖွေမှု့များက ဆက်လက်လုပ်ဆောင်နေပြီး လေယာဉ်ပျက်ကျနိုင်တဲ့ ပင်လယ်ဧရိယာကို ကျွမ်းကျင်သူများက အကြိမ်အတော်များများ ရှာဖွေခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ပေ။

"ဒါက မလေးရှားလေကြောင်းလိုင်းဖြစ်စဉ်လိုမျိုး ထပ်ဖြစ်မှာလား...လေယာဉ်က ရုတ်တရက် ပျောက်ကွယ်သွားတာလား..."

ယန်နိုင်ငံတွင်လည်း သတင်းမီဒီယာများစွာကနောက်ဆက်တွဲ သတင်းများကို ဖော်ပြနေကြပြီး လူများစွာက ညစာစားပြီး လက်ဖက်ရည်သောက်ပြီးနောက်တွင် ထိုကိစ္စကို ပြောဆိုကြသည်။

.....

ဟွာဟိုင်း ယဉ်ကျေးမှု့ကုမ္ပဏီတွင်…

လျူယောင် ယနေ့ ထိုနေရာကို ရောက်ရှိလာပြီး တင်းဝိန်ရဲ့ ရုံးခန်းထဲတွင် ထိုင်ကာ သူတို့နှစ်ဦး စကားပြောဆိုရင်း ကော်ဖီသောက်နေကြသည်။

တင်းဝိန်က ယခုအခါ ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေရသည်။

အထူးသဖြင့် M နိုင်ငံနဲ့ ဟောင်ကောင်ကျွန်းတွင် လေလံပွဲအများအပြားကို အောင်မြင်စွာ ကျင်းပပြီးနောက် အကြိမ်တိုင်းတွင် ဒေါ်လာ သန်းရာနှင့်ချီ က သူ၏ ဘဏ်အကောင့်ထဲကို ဝင်ရောက်လာတာကြောင့် အလွန် စိတ်ကောင်းဝင်နေသည်။

ထိုစုန်ခေတ်မြေအိုးလေလံပွဲအကြောင်း ခဏတာ စကားပြောဆိုပြီးနောက် သူတို့က YD လေကြောင်းလိုင်းပျက်ကျမှု့ အကြောင်းကို မသိမသာ ပြောဆိုဖြစ်ခဲ့ကြသည်။

"အစ်ကိုယောင်...အဲ့ဒီလေယာဉ်ကို ရှာမတွေ့သေးတာ ဝမ်းနည်းစရာပဲဗျာ... အဲ့ဒီလေယာဉ်ပေါ်မှာ YDနိုင်ငံရဲ့ နိုင်ငံတော်အဆင့် ရတနာအချို့ ပါလာတယ်လို့ ကြားရတယ်..."

လျူယောင်က ကော်ဖီတစ်ငုံ သောက်လိုက်ပြီးနားထောင်နေသည်။

"ဒီလေယာဉ်ကို ရှာဖို့အတွက် YD နိုင်ငံက... စိတ်ပူပန်နေတယ်...အဲ့ဒီပင်လယ်ဧရိယာမှာ ရှာဖွေဖို့ စစ်သင်္ဘောတွေ အများအပြား စေလွှတ်ရုံသာမက ရဟတ်ယာဉ်တွေကိုလည်း အကြိမ်ရာနဲ့ချီပြီး စေလွှတ်ခဲ့ပေမဲ့ ဘာမှမတွေ့သေးဘူး..."

တင်းဝိန် ဆက်ပြောလိုက်သည် ။

"ဝမ်းနည်းစရာပဲ တကယ့်ကို ဝမ်းနည်းစရာပဲ... ကျွန်တော်သာ အဲ့ဒီလေယာဉ်အပျက်အစီးကို ရှာတွေ့နိုင်ခဲ့ရင် အရမ်းကောင်းမှာပဲ... အဲ့ဒီ နိုင်ငံတော်အဆင့် ရတနာတွေကို လေလံတင်လိုက်တာနဲ့ ကမ္ဘာတစ်ဝန်းလုံးက သေချာပေါက် ဂယက်ရိုက်သွားလိမ့်မယ်... အာဏာကိုလည်း သေချာပေါက် တိုးလာစေလိမ့်မယ်..."

သူတို့လို ယဉ်ကျေးမှု့ကုမ္ပဏီများက ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု့နဲ့ နာမည်ကျော်ကြားမှု့ကို အလိုရှိနေကြသည်။

သူတို့သာ ကမ္ဘာတစ်ဝန်းလုံးမှာ နာမည်ကြီးသွားခဲ့ရင် လေလံပွဲလုပ်တဲ့အခါတိုင်း အထူးမြှင့်တင်ဖို့တောင် မလိုတော့ဘဲ နာမည်ကြီး စုဆောင်းသူတွေ က တက်ကြွစွာ ပါဝင်လာကြမှာမို့ပင်။

ဒါက တင်းဝိန်ရဲ့ အတွေးပင် ဖြစ်သည်။သူက တကယ် ဖြစ်နိုင်တယ်လို့ မထင်ပေ။

လျူယောင် စိတ် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

All Chapters