← Chapters

ပျောက်ဆုံးနေတဲ့ လေယဥ်ကို ရှာဖွေခြင်း

Vol. 15 Ch. 225

ပျောက်ဆုံးနေတဲ့ လေယဥ်ကို ရှာဖွေခြင်း

Vol. 15 Ch. 225

လျူယောင်ရဲ့ နှလုံးသားက တုန်ခါသွားခဲ့သည်။

ပြောတဲ့သူက ရည်ရွယ်ချက်မရှိပေမဲ့ နားထောင်သူက စိတ်ဝင်စားမှု့ရှိနေသည်။

"အခြားသူများက ဒီလေယာဉ်ကို ရှာမတွေ့နိုင်ပေမဲ့ ငါကတော့ ရှာတွေ့နိုင်လောက်တယ်... လိပ်ကြီး အားနေတာကြောင့် သူ့ကို ရှာခိုင်းရမယ်... "

လျူယောင် ပျော်ရွှင်စွာ တွေးလိုက်သည်။

လိပ်ကြီးက ယခုအခါ အိန္ဒိယသမုဒ္ဒရာတွင် ရှိနေပြီး ကျွမ်းကျင်သူများ ခန့်မှန်းထားတဲ့ ပျက်ကျဧရိယာနဲ့ဆို သိပ်မဝေးပေ။

လိပ်ကြီး အများဆုံး နှစ်နာရီအတွင်း ထိုနေရာကို ရောက်ရှိနိုင်ပါသည်။

ထိုလေယာဉ်အပျက်အစီးများကို ရှာတွေ့နိုင်ပါက ကောင်းတဲ့အရာတစ်ခုပဲဖြစ်သည်။ YD အစိုးရကိုလည်း နစ်နာကြေးနှင့် ဆုလာဘ်များ သူ တောင်းဆိုနိုင်ပါသည်။

"ကောင်းပြီ လုပ်လိုက်တော့မယ်"

" ငါနောက်မှ လိပ်ကြီးကို ဆက်သွယ်ပြီး ရှာဖွေရေးတာဝန်ကို ပေးရမယ်.."

တင်းဝိန်နှင့်အတူ ထိုင်နေပြီး လက်ထဲမှ ကော်ဖီခွက်ကို သောက်ပြီးနောက် လျူယောင် ထရပ်ပြီး ထွက်ခွာလာခဲ့သည်။

တင်းဝိန်က လိုက်ပို့ရင်း ပြောလိုက်သည်။

"အစ်ကိုယောင် ခဏစကားပြောရုံနဲ့ ပြန်ပြီးလား ..."

လျူယောင် ပြန်ဖြေလိုက်သည်။

“အေး ငါ့မှာ လုပ်စရာရှိသေးတယ်...နောက်မှ စကားပြောကြတာပေါ့...ဘာပဲဖြစ်ဖြစ် နီးနေတာပဲ လာရတာ အဆင်ပြေပါတယ်..."

"အိုး...ကောင်းပြီလေ...."

တင်းဝိန်က ယဉ်ကျေးစွာနဲ့ လျူယောင်ကို အောက်ထပ်အထိ လိုက်ပို့ရုံသာ တတ်နိုင်ပြီး လျူယောင် ကားထဲဝင်သွားကာ ထွက်ခွာသွားတာကို ကြည့်နေခဲ့သည်။

တကယ်တော့ သူက လျူယောင်နဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြောဆိုချင်ခဲ့သည်။

Universal အဆောက်အအုံက ဆောက်လုပ်ရေး စတင်နေပြီမို့လို့ အရှိန်အဟုန်မှာ အလွန်မြန်လှသည်။

မီတာ ရာနှင့်ချီတဲ့ အောက်ခံတိုင်များ ပြီးစီးခဲ့ပြီဖြစ်သည်။ ဆောက်လုပ်ရေးတိုးတက်မှု့အရ အဆောက်အအုံက တစ်နှစ်ပင် မပြည့်မှီီပင် ပြီးစီးတော့မည်ဟု ခန့်မှန်းရသည်။

၎င်းက အထပ် ၉၈ ထပ်ပါတဲ့ အဆောက်အအုံဖြစ်ပြီး အဆင့် A ရုံးခန်းအဆောက်အအုံဖြစ်သည်။

တင်းဝိန်ရဲ့ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပေသည်။သူက ဟွာစိုင်းယဉ်ကျေးမှု့အတွက် ရုံးခန်းအဖြစ် အထပ်နှစ်ထပ် သို့မဟုတ် သုံးထပ်ကို ငှားရမ်းပေးရန် အစ်ကိုယောင်ကို တောင်းဆိုလိုခြင်းဖြစ်သည်။

ဒါပေမဲ့ လျူယောင်က အလျင်စလို ထွက်ခွာသွားခဲ့တာကြောင့် ဝမ်းနည်းစရာကောင်းလှသည်။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိပုံရပြီး သူ နောက်တစ်ကြိမ်မှသာ ပြောနိုင်တော့မည်ဖြစ်သည်။

လျူယောင် သူ့ရုံးခန်းကို အမြန်ပြန်ရောက်လာခဲ့ပြီး ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

သူဋေးကုလားထိုင်ပေါ်တွင် ထိုင်ကာ အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်ပြီး လိပ်ကြီးနဲ့ ဆက်သွယ်ရန် ပြင်ဆင်လိုက်သည်။

အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်တာနဲ့ လျူယောင် အလွန် ကျေနပ်သွားသည်။

နှစ်ရက် သုံးရက်အတွင်း လိပ်ကြီးက ထပ်မံကြီးထွားလာခဲ့ပြီး ၁၉၅ တန်မှ ၂၁၁ တန်အထိ ၁၆ တန်အပြည့် တိုးလာခဲ့သည်။

ဒါက နှစ်ရက် သုံးရက်သာ ကြာမြင့်ခဲ့သည်။

"လိပ်ကြီး ဒီဧရာမ ငါးကြီးကို ထပ်စားခဲ့တာလားဟ... " မဟုတ်ပါက အဲ့လောက်မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်မှာမဟုတ်ပေ။လိပ်ကြီး၏ ပုံမှန်ကြီးထွားမှု့နှုန်းမှာ တစ်ရက်လျှင် တစ်တန် သို့မဟုတ် နှစ်တန်သာဖြစ်သည်။

လိပ်ကြီး မြန်မြန်ကြီးထွားလာခြင်းက လျူယောင့်အတွက် ကောင်းတဲ့အရာပဲဖြစ်သည်။

"လိပ်ကြီး မင်း ဘာစားခဲ့တာလဲ...အဲ့ဒီလို ဧရာမထူးဆန်းတဲ့ငါးမျိုးလား... နှစ်ရက် သုံးရက်အတွင်း မင်း...အများကြီး ကြီးလာတာပဲ..."

လိပ်ကြီး ချက်ခြင်း ပြန်ဖြေလိုက်သည် ။

"ဟုတ်တယ် သခင်ရ ကျွန်တော် ကံကောင်းပြီး ဧရာမငါးကြီးတစ်ကောင်ကို ထပ်ဖမ်းမိခဲ့တယ်... ကံမကောင်းတာက ၂၀၀ တန်လောက်ပဲရှိတယ်...ပြီးခဲ့တဲ့တစ်ခေါက်ကလောက် မကြီးဘူး...ကျွန်တော် နည်းနည်း မကျေနပ်ဘူးဗျာ.."

"ဒီနေ့ အဲ့ဒီချောက်ကြီးထဲကို နောက်တစ်ခေါက်သွားခဲ့တယ်...ဧရာမလက်သည်းနှစ်ခုပါတဲ့ ငါးကြီးကို ရှာခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ မတွေ့ခဲ့ဘူး.. တန် ၃၀ ၊ ၄၀ လောက်ရှိတဲ့ ထူးဆန်းတဲ့ငါးဖြူတစ်ကောင်ကိုပဲ ဖမ်းလိုက်ရတယ်..."

"အဲ့ဒီချောက်ကြီးထဲမှာ ထူးဆန်းတဲ့ငါးဖြူတွေ အများကြီးရှိပေမဲ့ ဧရာမလက်သည်းတွေပါတဲ့ ငါးကြီးတွေကတော့ အရမ်းနည်းတယ်...နောက်တစ်ကောင်ကို ဘယ်အချိန်မှ ဖမ်းနိုင်မလဲ မသိဘူး..."

လိပ်ကြီးက တစ်ထိုင်တည်းနဲ့ အများကြီး ပြောလိုက်သည်။ လျူယောင်သာ သူ့ကို ဖြတ်မပြောခဲ့ရင် လိပ်ကြီး အဆုံးမရှိအောင် ပြောကောင်း ပြောလိမ့်မည်။

ဒီကောင်က စကားများတဲ့အကျင့်ရှိကြောင်း လျူယောင် မသိခဲ့ပေ။

လိပ်ကြီးသာ သူ့ကို "စကားများတယ်"လို့ တွေးတာကို သိပါက သေချာပေါက် ငြင်းဆန်လိမ့်မည်။

"ခင်ဗျားသာ စကားများတဲ့လူ.. ခင်ဗျားရဲ့တစ်မိသားစုလုံးက စကားများတဲ့လူတွေ" ဟူ၍ပင်။

လိပ်ကြီး တစ်ထိုင်တည်းနဲ့ အဲ့လောက် ပြောခဲ့ခြင်းမှာ လျူယောင်တစ်ယောက်တည်းသာ သူနှင့် ဆက်သွယ်နိုင်တာကြောင့် ဖြစ်သည်။

နှစ်ရက် သုံးရက်ကြာအောင် လျူယောင်နှင့် စကားမပြောရသဖြင့် လိပ်ကြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

လျူယောင် သူ့ကို ဖြတ်ပြောပြီး အမိန့်ပေးလိုက်သည်။

"လိပ်ကြီး မင်းအတွက် အလုပ်တစ်ခုရှိတယ်...."

နောက်ထပ် အလုပ်တစ်ခုရှိတယ်လို့ ကြားတဲ့အခါ လိပ်ကြီး ပြန်လည်အသက်ဝင်လာပြီး အလျင်အမြန် ပြောလိုက်သည် ။

"အိုခေဘာ သခင်...ကျွန်တော့်ကို သင်္ဘောအချို့ကို နစ်မြုပ်ခိုင်းချင်တာလား.. စိတ်မပူပါနဲ့ ပြဿနာမရှိပါဘူး... ဒီလိုအလုပ်မျိုးကို ကျွန်တော် အကြိုက်ဆုံးပဲ...."

လျူယောင် ရယ်မောပြီး ဆူပူလိုက်သည်။

"မင်းက တကယ့်ပြဿနာရှာတတ်တဲ့ကောင်ပဲ...ဒီတစ်ခါတော့ သင်္ဘောတွေ နစ်မြုပ်ခိုင်းတာမဟုတ်ဘူး...အရာတစ်ခုကို ရှာခိုင်းချင်တာ..."

လျူယောင် ကိစ္စကို ပိုမိုအသေးစိတ်ရှင်းပြပြီး လိပ်ကြီးက နားထောင်ပြီးနောက် အာမခံကာ ပြန်ဖြေလိုက်သည်။

"ပြဿနာမရှိပါဘူးသခင်ရ... အဲ့ဒီပင်လယ်ဧရိယာက ဒီကနေ မဝေးဘူး...ကျွန်တော် အခုပဲ သွားလိုက်မယ်..."

လိပ်ကြီးက ဘာမှဆက်မပြောတော့ဘဲ သူ့ရဲ့ဧရာမလှံကို ဆွဲကိုင်ကာ လျူယောင်ပြောတဲ့ ပင်လယ်ဧရိယာဆီကို အလွန်မြန်တဲ့အရှိန်နဲ့ ထွက်ခွာလာခဲ့သည်။

နှစ်နာရီပင် မပြည့်မီ လိပ်ကြီးက ထိုပင်လယ်ဧရိယာကို ရောက်ရှိလာပြီးနောက် ပင်လယ်ကြမ်းပြင်တွင် ငုပ်ဆင်းကာ သေချာ ရှာဖွေနေခဲ့သည်။

ပျက်ကျဧရိယာရဲ့ ရေအနက်က အရမ်းနက်တာကြောင့် မီတာ ရာချီ သို့မဟုတ် ထောင်နဲ့ချီ ရှိနေသည်။ ထို နက်ရှိုင်းတဲ့ ပင်လယ်ကြမ်းပြင်အောက်တွင် အမှောင်ဖုံးလွှမ်းနေပြီဖြစ်သည်။

ကံကောင်းပြီး လိပ်ကြီးက စူပါအာရုံခံစားမှု့ရှိတာကြောင့် ပင်လယ်ကြမ်းပြင်တွင် ဖြည်းညှင်းစွာ ကူးခတ်ရင်း သေချာ ရှာဖွေနေခဲ့သည်။

နောက်ထပ် နှစ်ရက်ကြာသွားခဲ့သည်။

YD အစိုးရက ထိုပင်လယ်ဧရိယာတွင် ရှာဖွေရန် တပ်အင်အားများစွာကို စေလွှတ်ရုံသာမက နိုင်ငံတကာကလည်း အကူအညီပေးခဲ့ပြီး အချို့နိုင်ငံများက သင်္ဘောများ၊ ရေငုပ်သမားများနှင့် ရဟတ်ယာဉ်များကို စေလွှတ်ခဲ့ကြသည်။

ထိုပင်လယ်ဧရိယာတွင် ထပ်ခါတလဲလဲ ရှာဖွေနေကြပြီး အနိမ့်ပျံသန်းနေတဲ့ ရဟတ်ယာဉ်များကိုလည်း အမြဲတမ်း မြင်တွေ့နိုင်သည်။

ဒါပေမဲ့ တိုးတက်မှု့မရှိဘဲ ဘာမှရှာမတွေ့ခဲ့ပေ။

နေ့လယ်ပိုင်း အလုပ်ဆင်းခါနီးတွင် လျူယောင်က အခြေခံအားဖြင့် လက်လျှောလိုက်တော့သည်။ ကျွမ်းကျင်သူများ လေယာဉ်ပျက်ကျနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ပင်လယ်ဧရိယာကို လိပ်ကြီးက အားလုံးရှာဖွေပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

လျူယောင်လည်း တတိယအမြင်မှတဆင့် ကြီးမားတဲ့ ပင်လယ်ဧရိယာတစ်ခုလုံးကို ရှာဖွေခဲ့သည်။ လေယာဉ်အပျက်အစီးကို ထားလိုက်ဦး ဆံပင်တစ်ချောင်းပင် မတွေ့ခဲ့ပေ။

လျူယောင် အနည်းငယ် စိတ်ပျက်နေခဲ့သည်။

သူ စိတ်ထဲကနေ တွေးလိုက်မိသည်။

"ဖြစ်နိုင်တာက အဲ့ဒီကျွမ်းကျင်သူတွေက အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာပဲ.... လေယာဉ်ပျက်ကျတဲ့ ဧရိယာက ဒီနေရာ မဟုတ်ဘူးဆိုတာသေချာတယ်...ဒါမှမဟုတ်ရင် လိပ်ကြီး လေယာဉ်အပျက်အစီးတွေကို အစောတည်းက ရှာတွေ့နေလောက်ပြီ..."

"ဒေါက် ဒေါက် ဒေါက် “

ထိုအချိန်တံခါးခေါက်သံက လျူယောင်ရဲ့အတွေးကို ဖြတ်တောက်လိုက်ကာ တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသူမှာ ဟူဂျွန်းရှီ ဖြစ်နေသည်။

သူက ကြီးမားတဲ့ ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခု ရှိနေသလိုမျိုး ပျော်ရွှင်နေပုံရသည်။

"အစ်ကိုယောင် နောက်ဆုံးရသတင်းကတော့ YD အစိုးရက လေယာဉ်ပျက်ကျမှု့အကြောင်း တန်ဖိုးရှိတဲ့ သဲလွန်စတွေကို ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ဒေါ်လာ ၂၀ သန်း ဆုချမယ်လို့ ကြေညာလိုက်ပြီတဲ့.... လေယာဉ်အပျက်အစီးကို ရှာတွေ့နိုင်ရင် ဒေါ်လာ သန်း ၁၀၀ တိုက်ရိုက်ဆုချမယ်တဲ့..."

"ဘာ..."

"ဒီလိုအရာမျိုး ရှိတယ်ပေါ့..."

လျူယောင် အနည်းငယ် တုန်လှုပ်သွားပြီး သတိပြန်ဝင်လာတဲ့အခါ စိတ်ထဲတွင် ပျော်ရွှင်စွာ တွေးလိုက်မိသည်။

" ဒီ YD နိုင်ငံက လိမ္မာလာပြီပဲ ...ကြီးမားတဲ့ဆုလာဘ်ရှိရင် သတ္တိရှိတဲ့လူပေါ်လာမယ်ဆိုတဲ့ ယန်နိုင်ငံရဲ့ ဥပမာကို သူတို့ သိသွားပြီ...ဟားဟား "

"မဆိုးဘူး ငါတို့ဆီက သင်ယူဖို့တော့ သိသားပဲ"

လျူယောင် အနည်းငယ် ပြုံးလိုက်သည်။

ဟူဂျွန်းရှီက အကြံပေးလိုက်သည် ။

" အစ်ကိုယောင် ဒေါ်လာ သန်း ၁၀၀ ဆုလာဘ်က ဘယ်လိုလဲ...ကျွန်တော်တို့ရဲ့ ဧရာမရှာဖွေရေးသင်္ဘောက အခုလောလောဆယ် အလုပ်မရှိသေးဘူး... အဲ့ဒီပင်လယ်ဧရိယာကို ပို့လိုက်ရင် ကံကောင်းလောက်မလား.... "

"အင်း ဒါ အရမ်းကောင်းတဲ့အကြံပဲ "

လျူယောင် သဘောတူကာ ခေါင်းညိတ် လိုက်သည်။

All Chapters