နောက်ဆုံး ပန်းတိုင်
Vol. 40 Ch. 573
…
သုံးလကြာပြီးနောက်...
"နောက်ဆုံးတော့ရောက်ပြီ..."
နစ်ခရိုမန်ဆာ မျှော်စင်သခင်သည် နောက်ဆုံးတွင်တော့ ဒူးထောက်ထိုင်ချလိုက်မိပြီး အလွန် စိတ်သက်သာရာ ရသွားသည်ဟုလည်း ခံစားမိလိုက်သည်။
ငရဲခွေးမြို့မှ ဖြစ်ရပ်သည် သူ့အားခြောက်လှန့်နေဆဲဖြစ်ပြီး ငရဲမှ မျိုးနွယ်စုများစွာသည် လည်း သူ၏ တည်ရှိမှုအား အလွန်အမင်း သတိထားလာခဲ့ကြသည်။
ထို့ကြောင့် မျှော်စင်သခင်သည် အဓိက မြို့ကြီးများအားလုံးကို ရှောင်ရှားကာ ပိုမို ရှည်လျားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ၎င်းက သူ၏ ခရီးကို ပို၍ပင် နှောင့်နှေးစေခဲ့၏။
သူ၏ ဒဏ်ရာများကို ကုသရန်အတွက်ကပင် အတော်လေး အချိန်ယူခဲ့ရပြီး နောက်ထပ် သုံးလခန့်အကြာတွင်မူ သူသည် ပန်းတိုင်ရှိရာအရပ်သို့ ရောက်နိုင်ခဲ့ပြီဖြစ်လေသည်။
ဤခရီးသည် သူ့အတွက် မည်မျှ ခက်ခဲကြမ်းတမ်းခဲ့သည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်၏။
သူသည် အဓိက မြို့များကို ရှောင်ရှားရန် ငရဲ၏ တားမြစ်နယ်မြေများမှ တစ်ဆင့်သာ ဖြတ်သန်းသွားလာခဲ့ရသည်။
ထိုနေရာများကို တားမြစ်နယ်မြေများဟု ခေါ်ဆိုရခြင်းတွင် အကြောင်းရင်းများ ကိုယ်စီရှိကြလေသည်။
ငရဲခွေးမိသားစုမှ အကြီးအကဲများသည်ပင် ထိုနယ်မြေများတွင် ရှင်သန်ရန် အတော်လေး ခက်ခဲနိုင်ပေသည်။
သို့သော် အခြား ရွေးချယ်စရာမရှိခဲ့သော မျှော်စင်သခင်သည် ထိုလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ရလေ၏။
တစ်ခါတစ်ရံတွင် သူသည် အင်အားကြီးဖြစ်တည်မှုများကိုပင် သေဆုံးစေနိုင်သော ထောင်ချောက်များဆီမှ လက်မတင်လေး လွတ်မြောက်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။
အချို့အချိန်များတွင်လည်း သူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အတည်တကျ မရှိသော ထူးဆန်းသည့် မကောင်းဆိုဝါးများကိုပင် ရင်ဆိုင်ခဲ့ရလေသည်။
မျှော်စင်သခင်သည် ဖုတ်ကောင်တစ်ပိုင်းနီးပါး တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သော်လည်း သူ့အနေနှင့် ဤခရီးစဥ်အတွင်း သေလုမျောပါး ဖြစ်ခဲ့ရသော အခိုက်အတန့်များစွာ ကြုံတွေ့ခဲ့ရသည်။
သူ့တွင်သာ အခြား ရွေးချယ်စရာတစ်ခု ရှိနေခဲ့ပါက သူသည် ထိုသို့ အတင်းအကြပ် ဖြတ်သန်းရမည့်အစား နစ်ခရိုမန်ဆာမျှော်စင်သို့ ပြန်သွားရန်သာ ရွေးချယ်ခဲ့မိပေလိမ့်မည်။
သူသည် အဘယ်ကြောင့် ဤမျှ အခက်တွေ့ခဲ့ရသည်ကို ယခုအချိန်ထိ မစဥ့်စားနိုင်သေးချေ။
ဤငရဲမှလူများသည် သူ၏ တည်ရှိမှုအကြောင်းကို မည်သို့ သိရှိသွားခဲ့ကြသနည်း။ သူတွင် မေးစရာ မေးခွန်းများစွာ ရှိနေခဲ့သော်လည်း မည်သူ့ကိုမျှ ထိုမေးခွန်းများကို မေးမြန်နိုင်ခွင့် မရခဲ့ပေ။
သူသည် မြို့များအားလုံးနီးပါးကို ရှောင်ရှားနေခဲ့ရသောကြောင့် ငရဲတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အပြောင်းအလဲများအကြောင်းကိုပင် မသိနိုင်ခဲ့ချေ။
သူ့အနေနှင့် ခရီးသွားလမ်းလာအချို့နှင့် ဆုံတွေ့ခဲ့သည့် အချိန်များ ရှိခဲ့ဖူးသော်လည်း သူ၏သတင်းပေါက်ကြားမည်စိုး၍ သူတို့အားလုံးကို တွေ့သည်နှင့် ချက်ချင်း သတ်ဖြတ်ခဲ့ရသည်ချည်းပင်။
ယခု သူသွားလိုသည့် ပန်းတိုင်သို့ နောက်ဆုံး ရောက်ရှိနိုင်ခဲ့ပြီဖြစ်ကြောင့် စိတ်ကူးယဉ်ဆန်ဆန် လန်းဆန်းသွားသော ခံစားချက်တစ်ခုကို ကျေနပ်ပီတိဖြစ်ဖွယ် ခံစားလိုက်ရသည်။
သူ ဖြတ်သန်းခဲ့ရသော အရာအားလုံးသည် ဤအခိုက်အတန့်လေးအတွက်သာ ဖြစ်လေသည်။
ထို့နောက် မျှော်စင်သခင်သည် ပြန်လည် မတ်တပ်ရပ်လိုက်ပြီးနောက် သူ၏ အဝတ်အစားဟောင်းများကို လဲလှယ်ရန်ကျိုးစားလိုက်သည်။
၎င်းတို့သည် အတော်လေးလဲ ညစ်နွမ်းကာ စုတ်ပြဲနေပြီ မဟုတ်ပါလား။
သူသည် သူတောင်းစားတစ်ဦးကဲ့သို့ထပ်မံ အသွင်မယူလိုတော့သဖြင့် အဝတ်အစားအသစ်များ ပြောင်းလဲဝတ်ဆင်လိုက်သည်။
အရာအားလုံးပြင်ဆင်ပြီးနောက် မျှော်စင်သခင်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သော့နှင့်တူသောအရာတစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး တိကျသော နေရာတစ်ခု၌ ထိုသော့ကို ချထားလိုက်သည်။
ထိုသော့သည် မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် မှော်စက်ဝိုင်းတစ်ခု သည် စတင်၍ အသက်ဝင်လာခဲ့၏။
ထို့နောက် ထိုသော့ကို ဗဟိုပြုကာ မြေပြင်သည် အက်ကွဲထွက်သွားခဲ့ပြီး အောက်ဘက်သို့ ဦးတည်နေသော လှေကားထစ်များပေါ်လာခဲ့ကာ လမ်းကြောင်းတစ်ခု ပွင့်သွားခဲ့သည်။
မျှော်စင်သခင်သည် တုံ့ဆိုင်းမနေပဲ ထိုလှေကားများဆီသို့ ခပ်သွက်သွက်ပင် ဆင်းသွားခဲ့သည်။
သူ ဆင်းသွားစဥ်မှာပင် လမ်း၌ သူသည် အရေးကြီးသော တစ်စုံတစ်ရာ မေ့မကျန်ခဲ့ကြောင်း သေချာစေရန် သူ၏ သိုလှောင်လက်စွပ်ကို ထပ်မံ၍ စစ်ဆေးလိုက်သေး၏။
ဤကဲ့သို့ ကတူးတက သက်စွန့်ဆံဖျား လာရောက်ပြီးကာမှ သေးငယ်သော အမှားအယွင်းတစ်ခုကြောင့် အရရာလွဲချော်သွားရမည်ဆိုပါက ကြီးစွာသော နောက်တရစရာ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်မဟုတ်ပါလား...။
သူသည် ထိုအရာကိုအောင်မြင်စေရန် မည်သည့် ပေးဆပ်မှုမျိုးကို မဆို ပြုလုပ်နိုင်ရမည်ဖြစ်လေသည်။
လှေကားများ၏ အောက်ခြေသို့ ရောက်ရှိပြီးနောက် သူသည် လက်တစ်ဖက်ကို ထပ်မံ ၍ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အစောကအပေါ်တွင် ကျန်နေခဲ့သော သော့တံသည် မှောင်မည်းသော နံရံများကို ဖောက်ထွက်၍ သူ၏ လက်ထဲသို့ တည့်တည့်မက်မက် ပြန်လည်ရောက်ရှိလာခဲ့၏။
ထိုသော့တံ သူ၏လက်တွင်းသို့ ပြန်ရောက်သွားသည်နှင့် ထိုမြေအောက်ခန်းကို ဖွင့်ထားသည့် တံခါးသည် စတင်၍ ပြန်လည်ပိတ်လာတော့သည်။
ထိုအချိန် မနီးမဝေးတစ်နေရာ၌ စောင့်ကြည့်နေသော အာရန်သည် သူ၏ ပုန်းအောင်းနေရာမှ ထွက်လာခဲ့လေသည်။
သူသည် ဖြစ်နိုင်သမျှ အမြန်နှုန်းကို ထိန်းသိမ်းရင်း မျှော်စင်သခင်နောက်သို့ ပြေးလိုက်သွားခဲ့သည်။
ပုံမှန်အားဖြင့် သာမန်လူတစ်ဦးသာ ထိုသို့ ထွက်ပေါ်လာခြင်းဆိုပါက မျှော်စင်သခင်အနေဖြင့် လျင်မြန်စွာ သတိထားမိလိမ့်မည်ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အာရန်သည် နဂါးလျှာအစွမ်း၏အကူအညီဖြင့် သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။
ပို၍ အဆင်ပြေသွားသည်မှ ငရဲခွေးသခင်လေးဆီမှ ဝါးမြိုခဲ့သော သွေးမျိုးဆက်ကြောင့် သူသည် ဤငရဲဘုံ၏ ပတ်ဝန်းကျင်နှင့် အတော်လေး လိုက်လျောညီထွေ ဖြစ်သွားခဲ့ပြီဖြစ်ရာ ဤနေရာတွင် ရှိနေသရွေ့ သူ၏ တည်ရှိမှုအာ လုံလောက်စွာ ဖုံးကွယ်၍ ရသွားခဲ့သည်။
အာရန်တစ်ယောက် ဤငရဲသို့ ဝင်ရောက်ခဲ့သည့် အချိန်မှ စ၍ မျှော်စင်သခင်အနေနှင့် သူ၏ တည်နေရာကို ထောက်လှမ်းနိုင်သည့် ဝိညာဥ်နှောင်ကြိုးလည်း ရှိမနေတော့ပေ။
ထို့ကြောင့် အာရန်သည် အရာအားလုံးကို ဖုံးကွယ်ထားနိုင်ခဲ့၏။
နောက်ထပ် သူ့အတွက် ပိုကောင်းသွားသည့်တစ်ချက်မှာ သူသည် မျှော်စင်သခင်အား မျက်ခြေပြတ်သွားမည့် အဖြစ်မျိုး စိုးရိမ်စရာ မလိုတော့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် မျှော်စင်သခင်သည် အစောပိုင်း သူ၏ မာနာသေနက်မှ ရရှိခဲ့သော ဒဏ်ရာများကို ကုသနိုင်ခဲ့သော်လည်း သူ ချန်ထားခဲ့သော ကိုယ်တွင်းမှ အော်ရာအချို့ကိုမူ သတိပြုမိခြင်းမရှိခဲ့သဖြင့် ဖယ်ရှားနိုင်ခဲ့ခြင်းလည်းမရှိခဲ့ချေ။
တစ်ခုတည်းသော ပြဿနာမှာ သူသည် မျှော်စင်သခင်နှင့် အလွန်ဝေးကွာနေခြင်း ပင်ဖြစ်၏။
အာရန် မျှော်စင်သခင်၏ တည်ရှိမှု မှေးမှိန်သွားသည်ကို ခံစားလိုက်မိသည့် အခိုက်အတန့်မှာပင် သူသည် ထိတ်လန့်တကြား ရှေ့သို့ ပြေးထွက်သွားခဲ့မိခြင်းလည်း ဖြစ်လေသည်။
အာရန်သည် မျှော်စင်သခင်တည်ရှိရာနှင့် ပို၍ နီးကပ်လာသည်နှင့်အမျှ လုံးဝ နီးပါး ပိတ်သွားပြီဖြစ်သော မြေပြင်ရှိ တံခါးပေါက်တစ်ခုကို သတိပြုမိလိုက်သည်။
အောက်ဘက်သို့ ဦးတည်နေသော လှေကားထစ်များသည် မြေကြီးများအတွင်း နစ်မြုပ်လုနီးပါး ဖြစ်သွားပြီဖြစ်ကာ လူတစ်ကိုယ်စာ ဝင်နိုင်လောက်သည့် ကျဉ်းမြောင်းသော ကွာဟချက်အနည်းငယ်သာ ကျန်ရစ်တော့၏။
ထို့ကြောင့် အာရန်အနေဖြင့် ဆက်လက် စဉ်းစားရန် အချိန်မရှိတော့ပေ။
သူသည် မျှော်စင်သခင်ထံသို့ မဖြစ်မနေ အမှီလိုက်ရမည်ဖြစ်လေသည်။
ထို့နောက် အာရန်သည် မှောင်မဲနေသော ထိုပိတ်လုနီးပါးဖြစ်နေသည့် အပေါက်အတွင်းသို့ ခုန်ဆင်းသွားခဲ့သည်။
အာရန်သည် သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ပါးလွှာစေရန် သူ၏ အရိုးဖွဲ့စည်းပုံကို ပင် တတ်နိုင်သမျှ အလျှင်အမြန် ပြောင်းလဲလိုက်သည်။
သို့သော် ကွာဟချက်သည် သူ့အတွက် အလွန်ကျဥ်းမြောင်းနေဆဲပင်ဖြစ်၏။
ကြုံ့ဝင်လာသော မြေကြီးများသည် သူ၏ အရေပြားများကို သူ၏ အရိုးများဆီမှ ခွာချရန် ကျိုးစားနေသကဲ့သို့ ဖိနှိပ်ခြင်းခံလိုက်ရသော်လည်း သူသည် ခွန်အားအပြည့်ဖြင့် အပြင်းအထန်ရှေ့သို့ ဆက်လက်တိုးနေဆဲပင်။
သို့သော် အာရန်သည် မျှော်စင်သခင်ထံသို့ သူ၏ တည်ရှိမှုကို သိရှိသွားမည်စို၍ နာကျင်စွာ မညည်းတွားမိစေရန် ချုပ်တည်းထားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် အာရန်သည် အရှင်လတ်လတ်အရေပြားအခွာခံရသည့် နာကျင်မှုမျိုးကို စက္ကန့်ပိုင်းမျှသာ ခံစားခဲ့ရပြီးနောက် နောက်ဆုံးတွင် အောက်ခြေရှိ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့လေသည်။
အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ရဲရဲနီလျက်ရှိပြီး သူ၏တည်ရှိမှုသည် ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။
သူ၏ ပခုံးနှင့် သူ၏ လက်ရှိ နေရာအများစုမှာလည်း အသားလွှာများပင် မရှိတော့ပေ။
သူ၏ ကျောဘက်တွင်လည် အရိုးငေါက်ငေါက် ထွက်နေခဲ့လေသည်။
သို့သော် ကံကောင်းစွာဖြင့် သူ၏ ကုသခြင်းအစွမ်းသည် ဤအချိန်၌ လုံလောက်စွာမြန်ဆန်နေခဲ့သည်။
အသားလွှာများသည် အလိုလိုပြန်လည် ပြည့်ဖြိုးလာခဲ့ကာ အရိုးဟက်တပ်ဖြစ်နေသောနေရာများကို ပြန်လည် ဖုံးလွှမ်းပေးခဲ့သည်။
"ဟမ်"
မျှော်စင်သခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် နောက်သို့ လှည့်ကြည့်မိလိုက်သည်။
သူသည် တစ်စုံတစ်ရာ ကြားလိုက်မိသည်ဟု တွေးမိလိုက်သော်လည်း သူ့နောက်တွင် ဘာမှ ရှိနေခဲ့ပေ။
သူသည် အောင်မြင်မှုနှင့် အလွန်နီးကပ်နေပြီဖြစ်သောကြောင့် အလွန်အကျွံ သတိများလွန်းနေတာများလား။ သူ မသေချာခဲ့ပေ။
မျှော်စင်သခင်သည် ခေါင်းတစ်ချက် ခါလိုက်ပြီးနောက် ရှေ့သို့ဆက်သွားလိုက်ကာ တအောင့်ကြာသောအခါ လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့သည်။
မျှော်စင်သခင် ထွက်ခွာသွားပြီးနောက်တွင်မှ အာရန်သည် သူ၏ ပုံးကွယ်နေသောနေရာမှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
"ဒီလူက သတိအရမ်းရှိတာပဲ။ ဒါပေမဲ့ သူ့အနေနဲ့ ခုချိန်ထိ ငါ့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်ခြင်း မရှိသေးတဲ့ပုံပဲ"
အာရန်သည် မျှော်စင်သခင်၏ အာရုံခံနိုင်စွမ်းများ ယိုယွင်းလာရခြင်း အကြောင်းတရားကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။
ဤသို့ဖြင့် အာရန်သည် မျှော်စင်သခင်နောက်သို့ ဆက်လက်လိုက်ပါရင်းဖြင့် သူသည် အချို့အရာများကို သဘောပေါက်လာခဲ့သည်။
သူ ဤမြေအောက်သို့ စတင်ရောက်ရှိစဥ်မှစ၍ မည်သည့်အရာကိုမျှ အာရုံခံနိုင်ခြင်း မရှိတော့ပေ။
သူသည် မျှော်စင်သခင်၏ ခန္ဓာကိုယ်အတွင်း၌ ဝှက်ထားခဲ့သော သူ၏အော်ရာအနည်းငယ်ကိုပင် အာရုံခံနိုင်ခြင်းမရှိတော့ချေ။
ထို့ကြောင့် သူသည် မျှော်စင်သခင်နှင့် နီးနိုင်သမျှ နီးကပ်စွာ နေမှရပေတော့မည်။
ထိုသို့မဟုတ်ပါက ဤနေရာ၏ အတွင်းပိုင်း ရှုပ်ထွေးမှုမျိုးဖြင့် သူသည် မျှော်စင်သခင်အား လက်လွှတ်ဆုံးရှုံးသွားနိုင်ပေသည်။
ဤသို့ဖြင့် အာရန်သည် သူ၏ ခြေသံများကို ကျိုးစားဖျောက်ဖျက်ရင်း မျှော်စင်သခင်နောက်သို့ ပြေးလိုက်သွားခဲ့တော့သည်။