ဒီစနစ်က င့ါကို ပလေးသွားတာလား
Vol. 40 Ch. 577
….
အာရန်သည် ဂိမ်းတစ်ခုရှိ အခက်ခဲဆုံး အဆင့်တစ်ခုသို့ တွန်းပို့ခြင်းခံလိုက်ရသော လူသစ်ကစားသမား တစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
အဘယ်ကြောင့် ဇက်ဖာသည် ထိုမျှ ကြမ်းနေရသနည်း။ သူ နားမလည်နိုင်ခဲ့ပေ။
"ငရဲမှ ပြန်လာသော နစ်ခရိုမန်ဆာ" ဆိုသည့် ဇာတ်လမ်းတွင် ဇက်ဖာ သည် မြောက်ပိုင်းတိုက်ကြီး၏ ဇာတ်လိုက်တစ်ဦးဖြစ်ကာ သူသည် ဗီလိန်တစ်ဦး ဖြစ်လေသည်။
၎င်းတို့ နှစ်ဦးကြားတွင် ဟန်ချက်ညီမှု တစ်ခုခုတော့ ရှိနေသင့်သည် မဟုတ်ဘူးလား။
သို့သော် စွမ်းအားကွာခြားချက်သည် အဘယ်ကြောင့် အစကတည်းက ထိုမျှအထိ ကြီးမားနေရသနည်း။
ပုံမှန်အားဖြင့်ဆိုပါက သူ၏ ခန္ဓာကိုယ်ပိုင်ရှင် အစစ်အမှန် ရန်နစ်ခရိုလိုင်းသည် ယခုအချိန်တွင် ပို၍ အားနည်းနေပေလိမ့်မည်။
အာရန်အနေဖြင့် ဤခန္ဓာကိုယ်ကို ရရှိပြီးသည့်နောက် ပို၍ သန်မာလာရန် အလွန် အမင် ကြိုးစားခဲ့ရပြီး ထိုအရာအားလုံးပြီးနောက်တွင်ပင် ၎င်းသည် မလုံလောက်ခဲ့ပေ။
ထို့ကြောင့် ဤအရာသည် သူ့အား ပို၍ပင် စိတ်ရှုပ်ထွေးစေခဲ့သည်။
သူ့အနေနှင့် ယခုကဲ့သို့ သန်မာလာပြီးနောက်တွင်ပင် အဘယ်ကြောင့် ထိုမြောက်ပိုင်းတိုက်၏ ဇာတ်လိုက်ကို ရင်ဆိုင်ရာတွင် ဤမျှ ခက်ခဲနေခဲ့ရသနည်း။
သို့ဆိုလျှင် မူရင်း ရန်နစ်ခရိုလိုင်းဆိုပါက ဤနေရာတွင် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ဤခွန်အားဖြင့်သာဆိုပါက ဇာတ်လိုက်သည် ဇာတ်လမ်းမစတင်မီမှာပင် ဗီလိန်အား သတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပါလား။
ထိုအခါ ဤဇာတ်လမ်းသည် မစတင်မီမှာပင် ပြီးဆုံးသွားခဲ့ပေလိမ့်မည်။
ဒါဆို ဘာလို့လဲ။
အာရန်သည် ဤကိစ္စတွင် သူ့အနေနှင့် တစ်စုံတစ်ရာ ပျောက်ဆုံးနေသည်ဟု ခံစားမိလိုက်သည်။
သူသည် အမှန်တကယ် အရေးကြီးသော အရာတစ်ခုကို လွဲချော်သွားခဲ့ဟန်ရနေသည်။
ကံမကောင်းစွာဖြင့် အကြောင်းအရာအနည်းငယ်မှလွဲ၍ မြောက်ပိုင်းတိုက်ကြီး၏ ဇာတ်လမ်းအကြောင်းကို သူ ဘာမျှ မသိထားခဲ့ပေ။
'မဟုတ်ဘူး မဟုတ်သေးဘူး သူ ဒီအချိန်မှာ ဒီလောက် အားကောင်းနေစရာ အကြောင်းမရှိဘူး။ ဒါက တကယ်ကို အဓိပ္ပာယ်ရှိမနေဘူးလေ' အာရန်သည် ပိုတွေးမိလေ ပို၍ မယုံနိုင်ဖြစ်လာရလေပင်။
မြောက်ပိုင်းတိုက်ကြီးအကြောင်း ဤဝတ္ထု၏ တည်ရှိမှုကိုယ်တိုင်က သူ၏ အစ်ကိုဖြစ်သူသည် ဤမျှ ခွန်အားကြီးမားခြင်း မရှိကြောင်း သက်သေပြနေခဲ့ပြီမဟုတ်ပါလား။
သူသည် ယခုကဲ့သို့ စတင်နိုးထလာချိန်တွင် အရှင်သခင်များထက် ပို၍ သန်မာသွားနိုင်စရာ အကြောင်းမရှိချေ။
'သူ့အနေနဲ့ ယာယီ ခွန်အား တိုးမြှင့်ဖို့ လှည့်ကွက်တစ်ခုခုများ အသုံးပြုနေတာလား' အာရန်၏ စိတ်သည် ပတ်ဝန်းကျင်ရှိ အသေးငယ်ဆုံးသော အချက်အလက်အချို့ကိုပင် ဖမ်းဆုပ်မိရန် အလျှင်အမြန် ကြိုးစားနေလိုက်သည်။
"မင်း ဘယ်လောက်ကြာကြာ အဲဒီ အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ထင်လဲ ဇက်ဖာနစ်ခရုလိုင်း"
အာရန်သည် တစ်စုံတစ်ခုကို ရိပ်မိသွားဟန် ဟန်ဆောင်လိုက်ကာ ဇက်ဖာအား နာမည်တပ်၍ မေးလိုက်သည်။
"မင်းရဲ့ အကန့်အသတ်အချိန်ကိုရောက်ရင် မင်းလွတ်မြောက်နိုင်ဦးမယ်လို့ ထင်နေတုံးပဲလား"
အာရန်သည် ထိုသို့ပြောနေစဥ်မှာပင် ဇက်ဖာ၏ မျက်နှာအမူအရာများကို ဂရုတစိုက် စောင့်ကြည့်အကဲခပ်နေခဲ့၏။
အံ့အားသင့်စရာကောင်းလောက်အောက်ပင် သူ၏ ဟန်ဆောင်မှုသည် အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့လေသည်။
ထိုသို့ပြောလိုက်သည့် အချိန်ခဏအတွင်းမှာပင် ဇက်ဖာ၏ မျက်နှာ၌ ပျက်ယွင်းမှု အချို့ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် ဇက်ဖာသည် လျှင်မြန်စွာပင် သူ၏ တည်ငြိမ်မှုကို ပြန်လည် ထိမ်းနိုင်ခဲ့ပြီး အာရန်အား တစ်ကြိမ်တည်းဖြင့် သတ်ပစ်ရန် ဆုံးဖြတ်လိုက်ဟန်ဖြင့် ရှေ့သို့ အလျင်အမြန် ပြေးထွက်လာခဲ့တော့သည်။
"မင်း ဘာတွေ ပြောနေလဲဆိုတာတော့ ငါ မသိပေမဲ့ ငါက ကရုဏာတရားရှေ့ရှုတဲ့ အကိုတစ်ယောက်ဖြစ်တာကြောင့် မင်းရဲ့ ခြေလက်တွေလောက်ပဲ ဖြတ်ပစ်ပြီး မင်းကို အသက်ရှင်ခွင့်ဆက်ပေးထားမှာပါ စိတ်မပူပါနဲ့။ ငါတို့ညီအကိုတွေ အနာဂါတ်မှာ ပြောစရာစကားတွေ အများကြီး ရှိသေးတယ်မဟုတ်ဘူးလား"
သူသည် အာရန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏ အမြန်နှုန်းသည် ဖမ်းဆုပ်မိရန်ပင် မဖြစ်နိုင်သလောက် မြန်ဆန်လွန်းနေခဲ့၏။
"ငါ မှန်းတာ မှန်တယ်။ မင်း ခုချိန် အဲ့လောက် မစွမ်းသေးဘူး"
အာရန်၏ မျက်လုံးများတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျှော်လင့်ချက် အလင်းရောင်များ တောက်ပလာခဲ့သည်။
သူသည် ဇက်ဖာမှာ ပို၍ သန်မာလာစေရန် လှည့်ကွက်တစ်ခုခုကို အသုံးပြုနေကြောင်း ပို၍ပင် သေချာသွားခဲ့သည်။
ဤအခြေအနေသည် ကြာရှည်စွာထိမ်းထားနိုင်မည့်ဟန်မရပေ။
ထို့ကြောင်း ၎င်းကို အာရန်အနေနှင့် ဖော်ထုတ်ပြောလိုက်သောအခါ ဇက်ဖာ တစ်ယောက် ထိတ်လန့်သွားကာ အမူအရာပျက်ယွင်းသွားခဲ့ရသည့် အကြောင်းရင်းမှန်ပင် ဖြစ်လေတော့သည်။
ထို့ကြောင့် သူသည် အာရန်အား နောက်ထပ် အချို့အရာများအား သတိမထားမိခင်မှာပင် အနိုင်ယူနိုင်ရန်အတွက် အချိန်မဆွဲတော့ဘဲ တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
နဂါး အတောင်ပံများသည် အာရန်၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာခဲ့သည်။
"လျှင်မြန်ခြင်း"
အာရန်သည် နဂါးလျှာအစွမ်းကို တစ်ဖန် အသုံးပြုလိုက်ကာ နောက်သို့ ဆုတ်ခွာရန် နဂါးအတောင်ပံများကို အသုံးပြုလိုက်သည်။
သူ၏ အစ်ကို ဇက်ဖာ၏ စွမ်းအင်များ ကုန်ခမ်းသွားသည်အထိ သူသာ ဆက်လက်တောင့်ခံနိုင်မည် ဆိုပါကျ ၎င်းသည် သူ၏ အောင်ပွဲတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုပါက အာရန်သည် ဇက်ဖာအား ဤနေရာတွင် သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်အချို့ ပြန်လည်ရရှိလာခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ မျှော်စင်သခင်ပင်ဖြစ်၏။
မျှော်စင်သခင်သည်သာ ဤတိုက်ပွဲတွင် ဇက်ဖာဘက်မှ ထပ်မံပူးပေါင်းလာပါက အာရန်အနေဖြင့် အတော်လေး အခက်တွေ့သွားနိုင်လေသည်။
အာရန်သည် သူ၏ အမြန်နှုန်းကို အစွမ်းကုန် အသုံးပြုခဲ့သော်လည်း သူသည် လုံလောက်သည်ဟု မခံစားရသေးပေ။
အဘယ်ကြောင့်ဆိုသော် အာရန်သည် သူ၏ အစ်ကိုဖြစ်သူ ဇက်ဖာ၏ တည်ရှိမှုကို သူ၏ ဘေးနားတွင် ခံစားလိုက်ရသောကြောင့်ပင်။
နီးကပ်လာသော သေခြင်းတရား၏ ရနံအချိုကို အာရန်သည် သူ၏ ဗီဇအရ ပြင်းထန်စွာ သတိပေးချက်တစ်ခုအဖြစ် ရရှိလိုက်သည်။
သူသည် လက်ရှိ အမြန်နှုန်းဖြင့် ၎င်းတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည့်ဟန် မပေါ်တော့ပေ။
"မျက်တောင်ခတ်ခြင်း"
အာရန်သည် ထူးဆန်းသော အခေါ်အဝေါတစ်ခု သူ၏ပါးစပ်မှ ထွက်သွားစဥ်မှာပင် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်။
မျက်တောင်တစ်ခတ်စာ အချိန်တိုလေးအတွင်းမှာပင် အာရန်သည် နဂိုနေရာမှ မီတာအနည်းငယ်ဝေးသောနေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့ပြီး ဇက်ဖာ၏ တိုက်ခိုက်မှုဆီမှ လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့သည်။
အာရန်သည် ဇက်ဖာတစ်ယောက် သူ့အားထပ်မံ၍ တိုက်ခိုက်လာမည့်အချိန်ကို မစောင့်တော့ဘဲ နောက်သို့ ပျံသန်းလိုက်ကာ ခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထိုလှိုင်ဂူတစ်ခုအတွင်းရှိ ကျဉ်းမြောင်းသော ခန်းမဆောင်တွင် ရှိနေခြင်းက ဇက်ဖာ၏ ရှေ့တည့်တည့်မှ တိုက်ခိုက်လာမှုကို စောင့်ကြည့်နေနိုင်ပြီး အခြားဘက်များမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လာမှုများကိုပါ ရှောင်ရှားနိုင်ပေလိမ့်မည်။
မျှော်စင်သခင်သည်လည်း ဤနေရာတွင် သူ့အား တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဇက်ဖာသည် သူ့နောက်သို့သာ တစ်ချိန်လုံး ပြေးလိုက်နေခြင်းဖြစ်သဖြင့် မျှော်စင်သခင်၏ မြင်ကွင်းအား ပိတ်ဆို့ထားလို ဖြစ်နေသောကြောင့် ပင်တည်း။
"ပြေးနေတာကို ရပ်လိုက်စမ်း"
ဇက်ဖာသည် စိတ်ပျက်စွာ အော်ပြောလိုက်သည်။
သူသည် အာရန်အား မှီလုမှီခင် ဖြစ်လာသည့် အချိန်တိုင်း၌ မျက်တောင်တစ်ချက် ခတ်စာအတွင်း အာရန်မှ အခြားနေရာသို့ ရောက်ရှိသွားခဲ့သည်ချည်းသာ ဖြစ်နေသည်။
အာရန်သည် ဇက်ဖာ ၏ လှုပ်ရှားမှုများကို မျက်စိဖြင့် မမြင်နိုင်တော့သောကြောင့် သူ၏ ပင်ကိုယ်ဗီဇအသိဉာဏ်အပေါ်တွင်သာ လုံးဝ အားကိုးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဗီဇသိစိတ်သည် သူ့အား လက်မတင်အချိန်လေးများအဖြစ် ကပ်၍ ကယ်တင်နိုင်ခဲ့သည်။
အာရန် ထင်ခဲ့သကဲ့သို့ ဇက်ဖာ၏ မျက်နှာအမူအရာသည် ပို၍ပင် ထိတ်လန့်လာဟန်ရလေသည်။
ဤစွမ်းအားများအတွက် သူ့တွင် အချိန်သိပ် မရှိတော့ကြောင်း သဘောပေါက်သွားဟန်ရ၏။
"ဟမ်"
ထိုစဥ်မှာပင် ရုတ်တရက် အာရန်၏ မျက်နှာအမူအရာများ မှောင်မဲသွားခဲ့သည်။
အာရန်သည် နောက်ဆုံးတွင် နံရံတစ်ခုကို မြင်တွေ့လိုက်ရသည်။
သူသည် ဤလှိုင်ဂူကြီး၏ ဝင်ပေါက်ဘက်သို့ ပြန်ရောက်သွားခဲ့ပြီးဖြစ်သောကြောင့် အပေါက်သည်ပိတ်နေကာ သူ့အနေနှင့် နောက်ဘက်သို့ ထပ်ဆုပ်၍ မရတော့ပေ။
သူသည် ဤနေရာမှ အပေါ်ဘက်သို့ ဦးတည်နေသော လှေကားထစ်အချို့ကို မြင်နေရသော်လည်း အပေါ်ဘက်သို့ တက်သော လမ်းမှာမူ ပိတ်နေပြီဖြစ်၏။
"ညီလေး မင်း ဘာလို့ မပြေးတော့တာလဲ"
ဇက်ဖာသည်၏ နှုတ်ခမ်းထက်တွင် နတ်ဆိုး ဆန်ဆန် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး အာရန်နှင့် မီတာအနည်းငယ် အကွာတွင် ရပ်လိုက်သည်။
"ငါ ဤအခိုက်အတန့်အတွက် ဘယ်လောက်ကြာကြာ စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ မင်း သိနိုင်မှာမဟုတ်ဘူး ငါဒီလိုခံစားခဲ့ရတာတွေအားလုံးက မင်းကြောင့်ပဲ..... ငါ ဒီငရဲမှာ အချိန်အကြာကြီးပိတ်မိနေခဲ့ရတာလဲ မင်းကြောင့်ပဲကွ"
"မင်းကြောင့် ငါ ငရဲမှာပဲ ကြီးပြင်းခဲ့ရတယ်။ ငါမင်းရဲ့ ဒီကျေးဇူးတွေကို ပြန်ဆပ်တဲ့အနေနဲ့ မင်းအတွက် ပိုပြီး ကောင်းမွန်တဲ့ ငရဲတစ်ခုကို သေချာပေါက် ဖန်တီးပေးမယ်"
အာရန်သည် သူ့အား အနိုင်ယူနိုင်ပြီဟု သေချာနေဟန်ရသော ဇက်ဖာကို ကြည့်ရင်း သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်မိ၏။
"အကိုက တကယ်ပဲ ဒီလောက်တောင် သဘောထားသေးသိမ်တဲ့သူလား" ဟု အာရန်က မေးလိုက်သည်။
"ငါတို့ အတိတ်ကို မေ့ထားပြီး တစ်ကနေ ပြန်စလို့ မရဘူးလား။ တကယ်က ငါ မင်းကို အိမ်ပြန်ခေါ်ဖို့ ဒီကို ရောက်လာခဲ့တာပါ"
"ဒါဆို မင်း ငါရှိနေမယ်ထင်တဲ့ ခေါင်းတလားကို တိုက်ခိုက်ခဲ့တာကကော ငါ့ကို အိမ်ပြန်ခေါ်ဖို့ ရည်ရွယ်ချက်နဲ့ပဲလား"
ဇက်ဖာသည် အာရန်အား စူးစူးရဲရဲ စိုက်ကြည့်ရင်းပြောလိုက်သည်။
"ငါမင်းရဲ့ အလိမ်အညာ စကားတွေကို ယုံမယ်လို့ ထင်နေတာလား"
အာရန်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
သူသည် ဇက်ဖာကို သတ်လိုသည်မှာ မှန်သော်လည်း စနစ်ဆီမှ ရွေးချယ်စရာများသာ ပေါ်မလာခဲ့ပါက ထိုကဲ့သို့ ခေါင်းတလားကို တိုက်ရိုက် တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မိခဲ့လိမ့်မည် မဟုတ်ပေ။
အစပိုင်းတွင် အာရန်သည် မျှော်စင်သခင်၏ အစီအရင်ကိုသာ ရပ်တန့်ပစ်ရန် ကျိုးစားချင်ခဲ့ခြင်းဖြစ်လေသည်။
စနစ်၏ ရွေးချယ်စရာများသာ ပေါ်မလာခဲ့ပါက သူ၏ ရွေးချယ်မှုသည် ယခုနှင့် လုံးဝ ကွဲပြားခဲ့ပေလိမ့်မည်။
သူသည် မျှော်စင်သခင်၏ အစီအရင်ကို ရပ်တန့်ရန်သာ ရွေးချယ်ခဲ့မိပါက ဇက်ဖာသည် သူ့အား ခွင့်လွှတ်မည်ဟု မဆိုနိုင်သော်လည်း ၎င်းသည် ခေါင်းတလားကို တိုက်ရိုက် တိုက်ခိုက်ခြင်းထက်တော့ အနည်းငယ်ပို၍ အမြင်ကောင်းရခဲ့မည်မှာ သေခြာလေသည်။
'စနစ်က... ငါ့ကို ပလေးသွားခဲ့တာလား' ဟုပင် အာရန်တစ်ယောက် တွေးမိလိုက်သည်။