← Chapters

သိမ်းဆည်းထားခြင်း

Vol. 40 Ch. 579

သိမ်းဆည်းထားခြင်း

Vol. 40 Ch. 579

…

အာရန်၏ လက်ထဲရှိ အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည့်အခါ ဇက်ဖာ၏ မျက်နှာသည် လုံးဝ မည်းမှောင်ကျသွားခဲ့သည်။

သူအတွက် အဆိုးဝါးဆုံး ဖြစ်နိုင်ချေတစ်ခုသည် ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထိုပစ္စည်းအား ထိုမျှလုံခြုံသော နေရာတွင် သိမ်းဆည်းထားပါလျက် အာရန်တစ်ယောက် ယခုကဲ့သို့ ရှာဖွေတွေ့ရှိသွားမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ထို မီးခိုးရောင် သေတ္တာငယ်လေးသည် သာမန်ရိုးရှင်းလွန်းလှသဖြင့် အာရန်ပင် ၎င်းကို သတိထားမိခြင်းမရှိခဲ့ချေ။

သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းသာ ရှိမနေခဲ့လျှင် ဤသေတ္တာငယ်လေး၏ အသုံးဝင်ပုံကို သူ ယခုတိုင် လုံးဝ နားလည်နိုင်ဦးမည်မဟုတ်ပေ။

အာရန်သည် အပြင်ပန်းတွင် တည်ငြိမ်သောအသွင်ကို ထိန်းထားနိုင်သော်လည်း အတွင်းစိတ်ကမူ ကဆုန်ပေါက်နေခဲ့၏။

မူလဝတ္ထု၏ စွမ်းအင်ဟန်ချက်ညီမှုသည် အမှန်တကယ် ပျက်ယွင်းသွားပြီလားဟု သူ့အနေနှင့် စိုးရိမ်မိခဲ့သော်လည်း ကံကောင်းစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။

ဇက်ဖာသည် အရှင်သခင်များနှင့် ရင်ဆိုင်နိုင်လောက်သည်အထိ မသန်မာသေးပါ။ သူသည် မကြာသေးမှီအချိန်ကမှ နိုးထလာနိုင်ခြင်းဖြစ်ပြီး ၎င်းမှာ သူ၏ အားနည်းလွန်းသော အခြေအနေ၌သာ ရှိသေးသည်ဟု ဆိုနိုင်လေသည်။

ထို့ကြောင့် မည်မျှပင် စွမ်းအားကြီးမားသော နစ်ခရိုမန်ဆာတစ်ဦး ဖြစ်နေပါစေ ဤကဲ့သို့ အခြေအနေမျိုးတွင် ဤမျှ သန်မာနေစရာ လုံးဝ အကြောင်းမရှိချေ။

သို့စေကာမူ ဇက်ဖာသည် ဤမျှလောက်ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့သည်။

ဆိုလိုသည်မှာ ပြင်ပအရာဝတ္ထုတစ်ခုခု၏ အကူအညီကို ရယူနေခြင်းသာ ဖြစ်နိုင်လေသည်။

ထိုအချက်မှာ အာရန်တစ်ယောက် အယုံကြည်ချင်ဆုံး ဖြစ်နိုင်ခြေတစ်ခုလည်း ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ထိုသေတ္တာငယ်လေးသည် သူ၏လက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူသည် နောက်ဆုံးတွင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြန်ရသွားခဲ့ပြီဖြစ်၏။

ဇက်ဖာနစ်ခရိုလိုင်းသည် နိုးထလာခါစ အခြေအနေတွင်သာ ရှိသေးသော်လည်း သူ၏ စွမ်းအားအပြည့်အဝကို အသုံးပြုနိုင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤ သေတ္တာငယ်လေးအတွင်း၌ သိုလှောင်ထားသော အင်အားများကို ငှားသုံးနေခြင်းကြောင့်ပင် ဖြစ်လေသည်။

“ဒီပစ္စည်းကို ခင်ဗျား ချန်ထားခဲ့တာမဟုတ်လား” ဟု အာရန်သည် မျှော်စင်သခင် အား မေးလိုက်သည်။

“ဒီ ပတ်ဝန်းကျင်က သေခြင်းစွမ်းအင်အဆီအနှစ်တွေကို တစိမ့်စိမ့် စုပ်ယူစုစည်းနိုင်တဲ့ ဒီအဆီအနှစ်စုဆောင်းတဲ့ပစ္စည်းကို ဖန်တီးထားခဲ့တာလည်း ခင်ဗျားပဲ ဖြစ်ရမယ်”

ဇက်ဖာသည် ဤအချိန်အတောအတွင်း၌ တစ်လျှောက်လုံးတွင် အိပ်စက်နေခဲ့ခြင်း ဖြစ်လေသည်။

အကယ်၍ သူသာ ယခင်ကတည်းက နိုးထနိုင်ခဲ့ပါလျှင် ဤနေရာမှ ထွက်ခွာရန် အချိန်အတော်ကြာကတည်းကပင် ကြိုးစားခဲ့ပေလိမ့်မည်။

ဆိုလိုသည်မှာ ဤသတ္တာကို နေရာချထားခြင်း သို့မဟုတ် ထိုပုံစံကွက်တစ်ခုကို ဖန်တီးခဲ့ခြင်းသည် သူ မဟုတ်နိုင်ပေ။

၎င်း ကိရိယာသည် ဇက်ဖာနှင့် ချိတ်ဆက်ထားရုံ သက်သက်မျှသာဖြစ်ပြီး သူ နိုးထလာသောအခါ အထောက်အကူဖြစ်စေရန်အတွက်လည်း ဖြစ်လေသည်။

ဤနေရာတွင် ဤကဲ့သို့ ပြုလုပ်နိုင်သူ တစ်ဦးတည်းသာ ရှိနေပြီး ၎င်းမှာ မျှော်စင်သခင်ကိုယ်တိုင်ပင် ဖြစ်လေ၏။

“ဒီကိရိယာက ငရဲဘုံ ကနေ သေခြင်းစွမ်းအင်တွေပြည့်နှက်နေတဲ့ ဝိညာဥ်အဆီအနှစ် တွေကို နှစ်ပေါင်း တစ်ရာကျော်ကြာအောင် စုဆောင်းနေတာပဲ ဖြစ်ရမယ်” ဟု အာရန်သည် ထိုသေတ္တာငယ်လေးကို ကြည့်ရင်း ပြောလိုက်သည်။

“ကျုပ်ရဲ့ ချစ်လှစွာသော အစ်ကို နိုးထလာတဲ့အခါကျမှသာ အဲဒီချိတ်ဆက်မှုကနေ တစ်ဆင့် ချက်ချင်းပဲ အဲဒီစွမ်းအားတွေကို ထုတ်ယူသုံးစွဲနိုင်ခဲ့တာပေါ့။ ကျုပ်ပြောတာ မှန်တယ်မလား”

မျှော်စင်သခင်သည် မဖြေပြန်မပေးခဲ့သော်လည်း သူ၏ မျက်နှာအမူအရာများက အာရန်၏ ယူဆချက်အား အတည်ပြုပေးနေခဲ့သည်။

ဇက်ဖာသည် ထိုသေတ္တာကို အာရန်လက်ထဲမှ ပြန်လည်ယူရန်အတွက် အကြံဉာဏ်ထုတ်လျက်ရှိသည်။

သို့သော် သူသည် သတိကြီးစွာထားနေရဆဲပင်။

အာရန်သည် သူတိုက်ခိုက်လာမည့်အချိန်အတွက် ကြိုတင် ပြင်ဆင်ထားပြီးဖြစ်မည်ဟု သူ ခံစားမိနေသည်။

မဟုတ်ဘူး... အာရန်သည် သူ့အား တစ်စုံတစ်ရာ လုပ်ဆောင်ရန် ဆွပေးချင်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

'သခင်လေး သူ့ကို ခုပဲတိုက်ခိုက်ဖို့ကျိုးစားပါ။ အခွင့်အရေးနဲနဲမှ မပေးလိုက်မိပါစေနဲ့။ သခင်လေးက လက်ရှိမှာ သူ့ထက် အများကြီး ပိုမြန်ဆန်တယ်။ အဲဒီသေတ္တာကို အလွယ်တကူ လုယူနိုင်ပါတယ်' ဟု မျှော်စင်သခင်က ဇက်ဖာထံသို့ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

သေတ္တာသည် အာရန်လက်ထဲသို့ ရောက်နေသော်လည်း ဇက်ဖာသည် ၎င်းနှင့် ချိတ်ဆက်ထားဆဲဖြစ်ကာ အနည်းဆုံး သေတ္တာထဲမှ စုဆောင်းထားသော စွမ်းအင်အဆီအနှစ်များ ကုန်ဆုံးသွားသည်အထိ ထိုစွမ်းအားများကို ဆက်လက်အသုံးပြုနိုင်နေဆဲပင်ဖြစ်လေ၏။

'ဒါက ထောင်ချောက်တစ်ခုပဲ။ သူ ဘာမှ မပြင်ဆင်ထားဘဲ ဒီလိုတွေ ပြောနေနိုင်မယ် မင်းထင်နေတာလား။ ငါ့မှာ အခွင့်အရေးရှိတယ်လို့ ထင်ပြီး ရှေ့ကို ပြေးသွားတာနဲ့ သူက အဲဒီသေတ္တာကို ချေဖျက်ပစ်လိမ့်မယ်။ ငါ သူ့နားရောက်တဲ့အချိန်မှာပဲ ငါ့ရဲ့ အားသာချက်ဖြစ်နေတဲ့ ခွန်အားတွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်။ သူ လိုချင်နေတာလဲ အဲဒါပဲ' ဟု ဇက်ဖာက သူ၏ အမြင်ကို မျှော်စင်သခင်အား စိတ်ချင်းဆက်သွယ်၍ ပြန်ဖြေလိုက်သည်။

အာရန် အဘယ်ကြောင့် ထိုသေတ္တာကို မဖျက်ဆီးသေးရခြင်းနှင့် ပတ်သက်၍ ဤထောင်ချောက်မှလွဲ၍ အခြားရှင်းပြချက် မရှိနိုင်တော့ပေ။

၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်သော်လည်း သူပင်လျှင် ချက်ချင်း တိုးဝင်ချင်လောက်အောင် ထိရောက်လွန်းသော ထောင်ချောက်တစ်ခု ဖြစ်သည်ဟုတော့ သူကိုယ်တိုင်ဝန်ခံရလေသည်။

ဇက်ဖာသည် မသိစိတ်ဖြင့် ထိုသို့ လုပ်ဆောင်ရန် အကြိမ်ကြိမ် စဉ်းစားမိသော်လည်း သူ၏ စိတ်ကို မနည်းပင် ပြန်ထိန်းချုပ်ထားလိုက်ရသည်။

ထိုသေတ္တာထက် သူ၏ ဘေးကင်းလုံခြုံမှုက ပို၍ အရေးကြီးပြီး အထူးသဖြင့် ထိုသေတ္တာထဲရှိ စုဆောင်းထားသော အဆီအနှစ်များမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သောကြောင့်ပင်။

စွမ်းအင်အဆီအနှစ်များသည် နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရခြင်းဖြစ်သော်လည်း အသုံးပြုမှုသည်လည်း များပြားလှပြီး အထူးသဖြင့် သူစတင် နိုးထလာချိန်က ဖြစ်လေသည်။

ထို့အပြင် ဤတိုက်ပွဲတစ်ခုတည်းကပင် ကျန်ရှိသော အဆီအနှစ်များကို အများအပြား ကုန်ဆုံးစေခဲ့သည်။

ထို့ကြောင့် သူသည် ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ကြိုးစားခဲ့မိခြင်းလည်း ဖြစ်လေ၏။

“ဒါလေးကို ပြန်လိုချင်နေတာလား။ ဒါက အစ်ကို့ အတွက် အတော်လေး အရေးကြီးပုံရတယ်”

အာရန်သည် ပြုံးစိစိမျက်နှာထားဖြင့် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

“ဒါဆို ဘာလို့ ပြန်ယူဖို့ မကြိုးစားတာလဲ။ ညီလေးကို ကြောက်နေတာလား ချစ်လှစွာသော အစ်ကိုကြီးရေ”

“မင်းက အရင်ကလိုပဲ လှည့်စားတဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်တုန်းပါပဲလေ”

ဇက်ဖာသည် အာရန်အား သတ်ပစ်ချင်စိတ် ပြင်းပြနေသော်လည်း သူ့အနေနှင့် ထို အခွင့်အရေးကို လက်လွတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

အာရန်လက်အတွင်းသို့ ထိုသေတ္တာလေး ရောက်ရှိသွားသည့် အချိန်မှစ၍ ထိုအခွင့်အရေးသည် ပျက်ပြယ်သွားခဲ့ပြီး ဖြစ်၏။

ထို့နောက် ဇက်ဖာသည် အာရန်ထံသို့ ဆက်လက် ချဉ်းကပ်ရမည့်အစား နောက်သို့ စတင်ဆုတ်ခွာလိုက်သည်။

ဇက်ဖာ၏ မထင်မှတ်ထားသော လုပ်ဆောင်ချက်တစ်ခုက အာရန်အား မျက်မှောင်ကြုတ်မိသွားစေခဲ့သည်။

ဤလူသည် တကယ်ပင် ထွက်ခွာရန် ကြိုးစားနေသည်တဲ့လား...။

သူ့အား တိုက်ခိုက်ရန်ပင် အမှန်တကယ် သတ္တိ မရှိတော့ပြီတဲ့လား။

“အစ်ကိုက အရင်ကလိုပဲ ကြောက်တတ်နေတုန်းပဲဗျ။ ဒီလိုဆိုတော့ အရင်က ကျုပ် အစ်ကို့ကို သတ်ခဲ့မိတာကို မအံ့သြတော့ပါဘူး”

အာရန်သည် ခေါင်းတလားပေါ်မှ ဆင်းသက်လိုက်ပြီး ဇက်ဖာထွက်သွားရာဘက်သို့ လျှောက်သွားလိုက်သည်။

ထိုအချိန်မှာပင် အာရန်သည် သူ၏ လက်ထဲမှ သေတ္တာကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

အာရန်သည် ထိုသေတ္တာလေးအား မဖျက်ဆီးခင် ဇက်ဖာအား သူ၏ အနားသို့ ချဉ်းကပ်လာစေလိုခဲ့ပြီး သူ့အား ထွက်ပြေးစရာ လမ်းမရှိစေရန် စီစဉ်ခဲ့သော်လည်း ထိုအစီအစဉ်သည် ကျရှုံးခဲ့ပြီဖြစ်၏။

ထိုသို့ဖြစ်သွားသဖြင့် သူ့အနေနှင့် ထိုသေတ္တာကို ဆက်လက်ထားရှိရန် အကြောင်းပြချက် မရှိတော့ပေ။

ဤသို့ဖြင့် အာရန်သည် သေတ္တာကို ချေဖျက်ပစ်လိုက်ရာ သေတ္တာအတွင်း၌ စုဆောင်းထားသော အဆီအနှစ်အားလုံးသည် ပတ်ဝန်းကျင်သို့ ပြန်လည်စိမ့်ထွက်သွားခဲ့ကာ မူလသဘာဝအတိုင်း ပြန်လည်ပျံ့နှံ့သွားခဲ့သည်။

ဇက်ဖာနှင့် ၎င်းသေတ္တာကြား ချိတ်ဆက်ထားမှုသည်လည်း ပြတ်တောက်သွားပြီး ဇက်ဖာ၏ နှလုံးခုန်နှုန်းသည်ပင် အနည်းငယ်နှေးသွားခဲ့ကာ ခန္ဓာကိုယ်သည် ပိုမိုလေးလံလာသည်ဟု ခံစားလိုက်ရသည်။

သူ၏ မျက်နှာအမူအရာသည်လည်း ပိုမို၍ ဖြူဖျော့လာခဲ့ပြီး ပို၍ ပင်ပန်းနွမ်းနယ်နေဟန် ပေါ်လွင်လာသည်။

အစောပိုင်းကကဲ့သို့ အခြေအနေမျိုးနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သွားခဲ့ဟန်ရ၏။

ဇက်ဖာသည် မျှော်စင်သခင်နှင့်အတူ နောက်သို့ ဤနေရာမှ အလျှင်အမြန် ပြန်လည် ထွက်ခွာချင်နေပြီဖြစ် သော်လည်း သူ၏ အရှိန်အဟုန်သည် သိသိသာသာပင် နှေးကွေးနေခဲ့သည်။

ဤသို့ဖြင့် အာရန်သည် ဇက်ဖာအားလွယ်လွယ်ကူကူပင် လိုက်မှီလာခဲ့သည်။

သို့သော် အာရန်တစ်ယောက် ဇက်ဖာအား မှီလုမှီခင် အချိန်မှာပင် ဖုတ်ကောင်အရိုးစု တစ်ခုသည် မျက်နှာကျက်မှ ပြုတ်ကျလာပြီး ၎င်း၏ ဓားမြှောင်ဖြင့် အာရန်ကို တိုက်ခိုက်လိုက်သည်။

အာရန်သည် ရုတ်တရက်ဖြစ်ရပ်ကြောင့် နောက်သို့ ခုန်ဆုတ်လိုက်ရသည်။

ဇက်ဖာနောက်သို့ ဆက်လက် လိုက်နေပါက သူ၏ ကျောကုန်းကို ထိမှန်နိုင်သည့် ဓားမြှောင်အား သူ၏ မသိစိတ်ဖြင့် အလိုလို ရှောင်တိမ်းမိခဲ့ခြင်းလည်း ဖြစ်လေသည်။

ထိုအရိုးစုသည် မည်သည့်နေရာမှ ရုတ်တရက်ပေါ်လာသည်ကို သူ နားမလည်နိုင်ခဲ့ပေ။

သို့သော် နောက်ထပ်အရိုးစုတစ်ခု၏ လက်တစ်ဖက်သည် နံရံမှ ထပ်မံ၍ တွားထွက်လာသည်ကို တွေ့မြင်လိုက်ရသောအခါတွင်မူ ၎င်းတို့ မည်သည့်နေရာမှ လာကြသည်ကို မကြာမီမှာပင် သိခွင့်လိုက်ရသည်။

မြေပြင်မှ အရိုးစုဖုတ်ကောင်များ ပိုမို တွားထွက်လာကြကာ မကြာမှီမှာပင် အာရန်၏ ရှေ့ရှိ လမ်းကြောင်းတစ်ခုလုံးသည် ဖုတ်ကောင်အရိုးစုများဖြင့် ပြည့်နှက်သွားခဲ့ပြီး မျက်တောင်ခတ်ခြင်းအစွမ်းကိုပင် အသုံးပြု၍ မရနိုင်လောက်အောင် နေရာလပ်မကြံအောင် ပေါ်လာကြခြင်းပင် ဖြစ်လေ၏။

“နံရံကို ဖောက်ခွဲပစ်ဖို့ ငါသိမ်းထားတဲ့ဟာလေး ဒါပေမဲ့ ဒီမှာပဲ ခုသုံးလိုက်တာ ပိုကောင်းမယ်ထင်ပါတယ်”

အာရန်သည် သူ့အား တိုက်ခိုက်ရန် ချိန်ရွယ်နေကြသော အရိုးစု ဖုတ်ကောင်တစ်ကောင်၏ ဦးခေါင်းခွံကို ချေမွပစ်လိုက်ပြီးနောက် သူ၏ သန့်စင်ဓားကို ဆင့်ခေါ်လိုက်လေတော့သည်။

All Chapters