← Chapters

အချိန်ထိန်းချုပ်နယ်မြေ

Vol. 40 Ch. 583

အချိန်ထိန်းချုပ်နယ်မြေ

Vol. 40 Ch. 583

…

(ဘာသာပြန်သူမှတ်ချက်။ ။ ဒီအပိုင်းကနေစပြီး အရင်ကပြန်ဆိုထားခဲ့တဲ့ 'မူလနဂါး' ဆိုတဲ့အသုံးအနှုန်းကို 'ပကတိနဂါး' လို့ ပြန်ပြောင်းသုံးနှုန်းသွားပါမယ်။ 'မူလ' ဆိုတဲ့စကားလုံးမှာ 'မူလကြယ်' တွေနဲ့ သုံးနှုံးပုံခြင်း ဆင်တူပြီး ရောသွားမှာစိုးလို့ပါ။)

အာရန်သည် ထိုပေါက်ကွဲမှု၏ ဗဟိုချက်နှင့် အနီးဆုံးနေရာတွင် ရှိနေခဲ့ခြင်း ဖြစ်လေသည်။

ပေါက်ကွဲမှုများသည် ပတ်ဝန်းကျင်ရှိအရာအားလုံးကို တိုက်စားပစ်လိုက်သည်။

အာရန်သည် အလျှင်အမြန်ပင် သူ၏ ပကတိနဂါးအသွင်သို့ပြောင်းလဲလိုက်ကာ နဂါးအကြေးခွံများဖြင့် ခန္ဓာကိုယ်ကို ကာကွယ်နိုင်ရန် ကြိုးစားလိုက်သော်လည်း ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်နေဆဲပင်။

အလွန်ပြင်းထန်လွန်းသော အပူရှိန်၏ ဖိနှိပ်မှုအား အာရန်အနေနှင့် အတော်လေး ခံစားလိုက်ရ၏။

ဤနေရာမှ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးအထိ ပတ်ပတ်လည်ရှိ ဒေသတစ်ခုလုံးသည်ပင် မီးတိမ်တိုက်ကြီးနှင့် မီးခိုးများဖြင့် ဖုံးလွှမ်းသွားခြင်းကို ခံလိုက်ရလေသည်။

ထိုပြန်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုအပြီး၌ ထိုနေရာပတ်ပတ်လည်၌ မီးတောက်ကြီးတစ်သာ ကျန်ရစ်ခဲ့ပြီး ၎င်းအနေနှင့် ဝါးမြိုရန် ဘာတစ်ခုမျှ မကျန်ရှိတော့သည့်အခါ အချိန်တစ်ခုကြာလာသည်နှင့်အမျှ ထိုမီးတောက်သည် တဖြည်းဖြည်းချင်း ပြန်လည် အားဖျော့လာခဲ့၏။

မီးတောက်များ ပြန်လည် ပျောက်ကွယ်သွားပြီးနောက် အရာရာ ပြန်လည် ငြိမ်ကျသွားသောအခါမှသာ မျက်စိတစ်ဆုံး ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုပျက်စီးယိုယွင်းမှုများကြားတွင် အသက်ရှင်နေသေးသော လူတစ်ဦးအနေဖြင့် ထိုတွင်းနက်ကြီး၏ အလယ်တွင် လဲလျောင်းလျက်ရှိနေသော အာရန်တစ်ယောက် သာကျန်ခဲ့တော့သည်။

သို့သော် သူ၏ အခြေအနေသည်လည်း ကောင်းမွန်နေသည်တော့မဟုတ်ပဲ သူ၏ လက်တစ်ဖက်သည်ပင် လုံးဝပျောက်ဆုံးနေဟန်ရလေသည်။

သူ၏ နဂါးတောင်ပံများလည်း လုံးဝပျက်စီးသွားခဲ့ပြီး သူ၏ ကျောဘက်တွင် ထိုနေရာ၌ တစ်ချိန်က တစ်စုံတစ်ရာ ရှိခဲ့ကြောင်း အရိပ်အယောင်အချို့သာ ကျန်ရစ်ခဲ့တော့သည်။

သူ၏ ရင်ဘတ်ကို နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားဆဲဖြစ်သော်လည်း အများစုသည် ကွဲအက်နေခဲ့ပြီး မီးလောင်ထားသော အရေပြားများကို လှမ်း၍ မြင်နေရလေသည်။

သူ၏ ဘေးတွင် တည်ရှိနေသော သန့်စင်ဓားသည်လည်း ကွဲအက်ရာအစင်းကြောင်းများ ထင်းလျက်ရှိနေ၏။

ဤသည်မှာ အားနည်းနေသော အရှင်သခင် တစ်ဦး၏ နောက်ဆုံးအချိန်၌ ကျားနာခဲ ခဲလိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များပင်ဖြစ်လေသည်။

အခြားသော အရှင်သခင်များဆိုလျှင်ကာ မည်သို့ရှိမည်နည်း။

အာရန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝနီးပါး ပျက်စီးသွားသော်လည်း အသက်ရှင်နိုင်ခဲ့ခြင်းအတွက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

အာရန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သော်လည်း မျှော်စင်သခင် ၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် မမြင်ရတော့ပေ။

သူသည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုတစ်လေမျှပင် ကျန်ရစ်ခြင်းမရှိတော့သည့်ပုံပင်။

“ဒီလူက ငါ့ကိုသတ်ဖို့ကို တကယ်ပဲ အစွမ်းကုန် ကြိုးစားသွားခဲ့တာပဲ”

အာရန်သည် မျှော်စင်သခင်အကြောင်း တွေးမိလိုက်သောအခါ သက်ပြင်းသာ နောက်တစ်ချက် ထပ်ချလိုက်မိသည်။

“ငါအတော် ကံကောင်းသွားတာပဲ…”

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို ကြည့်လိုက်မိရာ ပစ္စည်းအသစ်တစ်ခု ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

ထို့ပြင် ကံကောင်းထောက်မစွာပင် မျှော်စင်သခင်မှ သူ့ကိုယ်သူ ပြန်လည် ဖောက်ခွဲရန် မကျိုးစားနိုင်မှီအချိန်လေးမှာပင် အာရန်သည် တိုက်ခိုက်နေစဉ်အတွင်း၌ မျှော်စင်သခင်၏ သွေးတစ်စက်ကို စုဆောင်းနိုင်ခဲ့သည်။

ထိုသို့သာ မဟုတ်ပါက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသော ချိတ်စည်းကို ဖယ်ရှားနိုင်မည့် အခွင့်ရေးကို ထာဝရ ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သောကြောင့် အာရန်သည် ငိုချင်စိတ်ပင် ပေါက်လာနိုင်လေသည်။

သူသည် အနည်းငယ် စိတ်သက်သာရာရနေချိန်မှာပင် လက်ရှိအခြေအနေကိုမူ မေ့မထားဝံ့ပေ။

သူ၏ ဒဏ်ရာများသည် အလျှင်အမြန် ပြန်ကျက်နေကြသော်လည်း ထိုလုပ်ငန်းစဉ်သည် အလွန်နှေးကွေးလွန်းသဖြင့် ပြီးဆုံးသည် အထိဤနေရာတွင် ဆက်လက် စောင့်ဆိုင်းနေ၍ မဖြစ်နိုင်ပေ။

သူတို့၏ အစောပိုင်း တိုက်ပွဲတစ်ခုတည်းပင်လျှင် ငရဲမြို့တော်အား သတိထားမိစေရန် လုံလောက်နေခဲ့ပြီးဖြစ်ကာ ဤတိုက်ပွဲကို အဆုံးသတ် ပေါက်ကွဲမှုနှင့်ဆိုပါလျှင် ပြောစရာပင် မလိုတော့ချေ။

မူလကြယ်များ ရောက်ရှိလာချိန်အထိ အာရန်သည် ဤနေရာတွင် ဆက်လက် နေထိုင်လိုခြင်းမရှိပေ။

အထူးသဖြင့် သူ၏ ယခုကဲ့သို့ အားနည်းနေသောအခြေအနေမျိုးတွင် ၎င်းတို့နှင့် တွေ့ဆုံလိုခြင်း မရှိပေ။

အာရန်သည် ထိုနေရာမှလှမ်းကြည့်လိုက်သောအခါ သူ၏ မျက်စိတစ်ဆုံးတွင် မီးလောင်ထားသော ကွင်းပြင်ကျယ်ကြီးတစ်ခုအား တွေ့လိုက်ရသည်။ မူလကြယ်များထံမှ သူ့အနေနှင့် ပုန်းအောင်းနေနိုင်မည့် နေရာဟူ၍ တစ်လက်မမျှပင် မရှိတော့ချေ။

အစပိုင်းတွင် မျှော်စင်သခင်အား တားဆီးနိုင်ရန်အတွက် မြို့တော်ဘက်သို့ မျှားခေါ်လာခဲ့ခြင်းဖြစ်လေ၏။

မျှော်စင်သခင်အနေဖြင့် အသေခံ၍ ဤမျှပြင်းထန်သောတိုက်ခိုက်မှုမျိုးကို ပြုလုပ်ခဲ့လိမ့်မည်ဟု အာရန်အနေနှင့် လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထိုတိုက်ခိုက်မှုကြောင့် သူ၏ အစီအစဥ်များ လုံးဝပျက်စီးသွားခဲ့ရသည်။

သူ၏ လက်ရှိအခြေအနေနှင့် မူလကြယ်များအား ရင်ဆိုင်တွေ့၍ မဖြစ်တော့ပေ။

သူတို့သည် သူ့အား ဆိုးဝါးသော နည်းလမ်းများဖြင့် ဆက်ဆံကြလိမ့်မည်မှာ သေချာနေသည်။

အာရန်သည် သူ၏ ကျန်ရှိနေသေးသော လက်ဖြင့် ဘေးနားရှိ သန့်စင်ဓားအား ဆုတ်ကိုင်လိုက်ကာ ခန္ဓာကိုယ်အား ထူမရန်ပင် မနည်းကျိုးစားလိုက်ရသည်။

ဤသို့ဖြင့် နောက်ဆုံးတွင် အာရန်တစ်ယောက် ပြန်လည် မတ်တပ်ရပ်နိုင်သွားခဲ့၏။

မတ်တပ်ရပ်ရန်ကျိုးစားလိုက်ပြီးမှသာ သူ၏ အခြေအနေသည် အမှန်တကယ် မည်မျှ ဆိုးရွားကြောင်း သဘောပေါက်လိုက်သည်။

“င့ါရဲ့ ချစ်လှစွာသော ဖီးနစ်လေးရေ ငါ့ကို ဒီကနေ ခေါ်သွားပေးပါလား”

ဤသို့ဖြင့် အာရန်သည် သူ၏ ဖီးနစ်ငှက်မလေးအား စနစ်သိုလှောင်ခန်းမှ ဆင့်ခေါ်လိုက်ပြီး မောပန်းနွမ်းနယ်စွာဖြင့် ၎င်း၏ အပေါ်သို့ ကျိုးစား တက်လိုက်လေသည်။

ဖီးနစ်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အာရန်သည် မြို့တော်ဘက်သို့ သွားရန်မကျိုးစားတော့ပေ။

ဤသို့ဖြင့် အာရန်သည် လာရာ လမ်းကြောင်းသို့သာ ပြန်လှည့်ရန် ဆုံးဖြတ်လိုက်လေသည်။

အာရန်သည် သူ၏ နဂါးလျှာအစွမ်းကို အသုံးပြု၍ ဖီးနစ်၏ ကိုယ်ပေါ်တွင်ပင် ဖုံးကွယ်ခြင်းအစွမ်းကို အသုံးပြုလိုက်ကာ ၎င်း၏ တည်ရှိမှုကို ဖျောက်ဖျက်ပစ်လိုက်သည်။

၎င်းသည် ပြီးပြည့်စုံသော ဖြေရှင်းနည်းတစ်ခုတော့မဟုတ်သော်လည်း သူ၏ လက်ရှိဒဏ်ရာအခြေအနေနှင့် ထိုအရာသည်သာ သူ့အနေနှင့် အကောင်းဆုံးလုပ်နိုင်သော အရာ ဖြစ်လေ၏။

အထူးသဖြင့် မြို့တော်ဘက်ဆီမှ အားကောင်းသောအော်ရာများ ချဉ်းကပ်လာသည်ကို အာရန်တစ်ယောက် ခံစားမိလိုက်သောကြောင့်ပင်။

၎င်းတို့သည် မူလကြယ်များ ဖြစ် မဖြစ် သူ့အနေနှင့်သေခြာမသိနိုင်ချေ။

သူတို့သည် မူလကြယ်များ ဖြစ်မနေလျှင်ပင် သူ့အနေနှင့် ဖြေရှင်း၍ လွယ်မည့်လူစားများ မဟုတ်သည်မှာတော့ သေခြာနေခဲ့၏။

...

“မင်းအခြေအနေက တော်တော်လေး ဆိုးရွားတဲ့အနေအထားမှာ ရှိနေပုံရတယ်”

ထိုစဥ် ရုတ်တရက် အာရန်၏ ဘေးမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ခင်ဗျား အဲ့လိုထင်နေတာလား”

အာရန်သည် မသိစိတ်ဖြင့် ထိုမေးခွန်းကို ပြန်မေးလိုက်မိသည်။

ခဏအကြာမှ ထိုအရာက မည်သို့ အဓိပ္ပာယ်သက်ရောက်သည်ဆိုခြင်းကို သူ သဘောပေါက်လိုက်သည်။

အခြားတစ်စုံတစ်ယောက်သည် ဤနေရာ၌ ရောက်ရှိနေခြင်းဖြစ်ပြီး သူသည် ၎င်းတို့၏ တည်ရှိမှုကိုပင် အာရုံမခံနိုင်ခဲ့ပေ။

အာရန်သည် ဤအခြေအနေ၌ ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့အနေနှင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်မီမှာပင် တစ်စုံတစ်ဦး၏ လက်တစ်ဖက်သည် သူ့အား တားဆီးထားလိုက်သည်။

“မလှုပ်နဲ့။ အဲဒါက မင်းရဲ့ ဒဏ်ရာတွေ ပြန်ကုသမှာကို ပိုပြီး နှေးကွေးသွားစေလိမ့်မယ်”

ထူးဆန်းသော အဆီအနှစ်စွမ်းအင်တစ်ခုသည် အာရန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝိုင်းရံလာခဲ့၏။

ထိုစဥ် တစ်စုံတစ်ရာ မှားယွင်းနေပြီဖြစ်ကြောင်း အာရန်တစ်ယောက် သတိထားမိလိုက်သည်။

သူ၏ သက်သာလာသော ဒဏ်ရာများနေရာတွင် အစောကရရှိထားသော ဒဏ်ရာများ ပြန်ပေါ်လာနေခဲ့သည်။

ထိုလူသည် သူ၏ ဒဏ်ရာများကို နောက်ပြန်လှန်ရန် ကြိုးစားနေခြင်းများလား။ ထိုသို့ဆိုလျှင် ထိုပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။

အာရန်အနေဖြင့် ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကို အနည်းငယ်မျှပင် မခံစားမိနိုင်ရလောက်အောင် ထိုသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်မည်နည်း။

အာရန်သည် ထိုသူအား ပြန်လည် ခုခံရန် ပြင်ဆင်လိုက်ချိန်မှာပင် လွန်စွာ အံ့ဩဖွယ်ကောင်းသောအရာတစ်ခုကို သတိပြုမိလိုက်၏။

သူ၏ ဒဏ်ရာများသည် အစောပိုင်း အဆိုးဆုံးအခြေအနေထိ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

သို့သော် မကြာမှီမှာပင် သူ၏ ခန္ဓာကိုယ်သည် ထိုဒဏ်ရာများမရခင်ကပုံစံလိုမျိုး လုံးဝပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားသည်ကို ထပ်မံ၍ မယုံကြည်နိုင်စရာ သတိပြုမိလိုက်သည်။

ထိုစွမ်းအားသည် ဒဏ်ရာများကို ပြန်လည်ကုစားခြင်းမျိုး မဟုတ်ပေ။

၎င်းက သူ၏ ခန္ဓာကိုယ်အား ပေါက်ကွဲမှုကြောင့် ထိခိုက်မခံရမီ အစောပိုင်း အချိန်တစ်ခုသို့ နောက်ပြန်ဆုတ်သွားစေခဲ့သလိုမျိုး ဖြစ်သွားခဲ့ခြင်းသာ ဖြစ်လေ၏။

သူ၏ တောင်ပံများသည်လည်း မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

၎င်းက အချိန်ကို နာက်ပြန်လှန်လိုက်ခြင်းဖြစ်သည်မှာ ပို၍ပင် သေချာသွားခဲ့ကာ ၎င်းသည် သူတစ်‌ယောက်တည်း အပေါ်တွင်သာ သက်ရောက်သွားခြင်းမျိုး ဖြစ်ဟန်ရလေသည်။

ထိုလူသည် သူ၏ အချိန်ထိမ်းချုပ်နယ်မြေ အတွင်း၌ မည်သူ့ကို မည်သို့ သက်ရောက်စေမည်ကို တိကျစွာ ထိန်းချုပ်နိုင်စွမ်းလည်း ရှိဟန်ရလေ၏။

အာရန်၏ ထိုသုံးသပ်ချက်သာ မှန်ကန်မည်ဆိုဆိုပါက ၎င်းသည် အမှန်တကယ် အန္တရာယ်များလွန်းသော စွမ်းရည်တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ဇာတ်လိုက်များပင်လျှင် ဤကဲ့သို့သော အစွမ်းထက်လွန်းသော စွမ်းရည်မျိုးအား တွေ့ရှိသွားပါ အတော်လေးမနာလို ဖြစ်သွားကြမည်သာဖြစ်သည်။

တစ်မိနစ်ပင် မပြည့်သေးသောအချိန်မှာပင် အာရန်သည် လုံးဝကို ပြန်လည် သက်သာသွားခဲ့ပြီဟု ခံစားလိုက်ရသည်။

“အခုဆိုရင်တော့ မင်းအခြေအနေက ပြန်ကောင်းသွားပြီလို့ ပြောလို့ရပြီမလား” ထိုပုဂ္ဂိုလ်က အာရန်၏ ကိုယ်ပေါ်မှ သူ၏ လက်ကို ပြန်လည် ဖယ်ရှားရင်း ပြောလိုက်ခြင်းဖြစ်သည်။

“ခင်ဗျား ဘယ်သူလဲ”

အာရန်သည် ထိုပုဂ္ဂိုလ်အား လှမ်း၍ မေးလိုက်သော်လည်း အဖြေကို မစောင့်နေခဲ့ပေ။ အာရန်သည် မိမိကိုယ်တိုင် အဖြေတစ်ခုကို သိရရန်အတွက် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။

All Chapters