← Chapters

အရွယ်လွန်နေတဲ့ ဖွတ်ကြီးတစ်ကောင်

Vol. 40 Ch. 585

အရွယ်လွန်နေတဲ့ ဖွတ်ကြီးတစ်ကောင်

Vol. 40 Ch. 585

…

ဒုတိယမူလကြယ်သည် သူ၏ ညီမအတွက်နှင့် ငရဲခွေးမြို့ တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အခြား မူလကြယ်များကိုပင် ဒေါသထွက်အောင် ပြုမူခဲ့လေသည်။

သူ၏ ညီမမှ အာရန်သည် ထူးဆန်းသော နဂါးသွေးမျိုးဆက်တစ်မျိုး ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့သော်လည်း သူသည် ထိုစကားကို ယုံရခက်နေခဲ့သည်။

သူ့ ညီမ၏ သက်တော်စောင့်များမှ အာရန်၏ တည်ရှိမှုကို ကူညီအတည်ပြုပေးခဲ့သော အခါမှသာ သူသည် ထိုအရာကို စတင်ယုံကြည်လာခဲ့ခြင်းဖြစ်သည်။

အာရန်၏ ဖြစ်တည်မှုအား နောက်ထပ် သက်သေခံပေးခဲ့သူတစ်ဦးမှာ သူ၏ အိမ်တော်တွင် ခိုလှုံနေသော ညတောင်ပံ မျိုးနွယ်စု၏ ခင်‌ဗျားသမီးလေးပင် ဖြစ်လေ၏။

အာရန်ကို သူ့အနေနှင့် အမှန်တကယ် ရှာဖွေလိုနေခဲ့သော်လည်း အခြား မူလကြယ်များနှင့် ပဋိပက္ခကြောင့် အစပိုင်းတွင် အချိန်မပေးနိုင်ခဲ့ပေ။

သူသည် အာရန်ကို ရှာဖွေရန်အတွက် သူ၏ လူယုံများကို စေလွှတ်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

အာရန်သည် တစ္ဆေတစ်ကောင်အလား ရုတ်တရက် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်နေရာတွင်မှ သူ့အား အစအနပင် ရှာမတွေ့နိုင်တော့သဖြင့် ဒုတိယမူလကြယ်သည် အာရန်အား သူ၏ ကမ္ဘာသို့ ပြန်သွားခဲ့ပြီဟုသာ ယူဆကာ ရှာဖွေမှုများကို နောက်ဆုံးတွင် ရပ်တန့်ခဲ့ရသည်။

ထို့နောက် ယခုကဲ့သို့ မြို့တော်အနီးရှိ မမျှော်လင့်သော ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုကို လာရောက်စုံစမ်းသောအခါ အာရန်အား အဆင်သင့် ရှာတွေ့သွားလိမ့်မည်ဟု သူ့အနေနှင့် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ အာရန်သည် ပထမ မူလကြယ်နှင့်အတူ ရှိနေခြင်းဖြစ်သည့်အပြင် သူတို့နှစ်ဦးသည် ခင်မင်ရင်းနှီးသော အခြေအနေတစ်ခုတွင် ရှိနေဟန် ပေါ်လွင်နေခြင်းပင်။

အာရန်သည် ဒုတိယ မူလကြယ်၏ သူ့ ညီမကို အနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲချက်ကို ငြင်းပယ်ရန် ပြင်ဆင်နေစဉ်မှာပင် စနစ်ဆီမှ ရွေးချယ်စရာအသစ်များ သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

...

[ရွေးချယ်မှု တစ်: “ဟုတ်တယ် ကျုပ် အနိုင်ကျင့်ခဲ့တယ်။ ခင်ဗျားလို အရွယ်လွန်နေတဲ့ ဖွတ်ကြီးတစ်ကောင်က ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ”

ဆုလာဘ်: ကံကောင်းခြင်းဆေးရည်]

[ရွေးချယ်မှု နှစ်: “ခင်‌ဗျား ဘာပြောနေလဲ ကျုပ် လုံးဝမသိဘူး။ ကျုပ် ငရဲခွေးမြို့ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးဘူး” ဆုလာဘ်: လျှင်မြန်ခြင်း ဆေးရည်]

[ရွေးချယ်မှု သုံး: “အဲဒီ အရွယ်လွန်နေတဲ့ ဖွတ်မကြီးတစ်ကောင်ကို ကျုပ်က ဘာလို့ အနိုင်ကျင့်ရမှာလဲ”]

ဆုလာဘ်: ခွန်အားမြှင့် ဆေးရည်]

[ရွေးချယ်မှု လေး: တိတ်ဆိတ်စွာ ဆက်နေလိုက်ပြီး ထိုမေးခွန်းကို လျစ်လျူရှုလိုက်ပါ]

ဆုလာဘ်: ခံနိုင်ရည် ဆေးရည်]

...

ထိုရွေးချယ်စရာများကို မြင်လိုက်ရသည့်အခါ အာရန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။

“ဟုတ်တယ် ကျုပ် သူမကို အနိုင်ကျင့်ခဲ့တယ်။ ခင်‌ဗျားလို အရွယ်လွန်နေတဲ့ ဖွတ်ကြီးတစ်ကောင်က ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ” ဟု အာရန်သည် ဒုတိယ မူလကြယ်အား အနည်းငယ်မျှပင် ဂရုမစိုက်သည့်နှယ် မာနတခွဲသား လေသံဖြင့် ပြန်မေးလိုက်သည်။

ဤရွေးချယ်မှုကြောင့် သူ နောင်တရမရ မသေချာသော်လည်း ဆုလာဘ်ကိုမူ လက်လွတ်ခံလိုခြင်းမရှိပေ။

ကံကောင်းခြင်း ဆေးရည်ဆိုသည်မှာ သူ၏ ထာဝရ ပဲ့တင်သံအတွက် ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၎င်းသည် သူ၏ ကံကောင်းခြင်းအပေါ်များစွာ အထောက်အကူပြုနိုင်လေသည်။

ထာဝရ ပဲ့တင်သံအစွမ်းကို အသုံးမပြုမီ ထိုဆေးရည်ကိုသာ သူ့အနေနှင့် သောက်သုံးလိုက်ပါက သူ ဆင့်ခေါ်လိုက်သူသည် အနာဂတ်မှ သူကိုယ်တိုင် ဖြစ်ဖို့များသွားလိမ့်မည်ဟု အာရန်တစ်ယောက် သေခြာနေခဲ့၏။

ထိုရွေးချယ်မှုကြောင့် ဒုတိယ မူလကြယ်အား ရန်စမိသလိုဖြစ်သွားခဲ့သော်လည်း သူသည် ရွေးချယ်မှုတစ်ခုကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ကာ သူသည် ပထမရွေးချယ်မှုကြောင့် ပထမ မူလကြယ်ဘက်တွင် ရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ရှိနေလေသည်။

သူသည် ပထမ မူလကြယ်အား သူ၏ မူလ ကမ္ဘာမြေအကြောင်း ပိုမိုသိရှိရန်နှင့် သူ၏ ကိုယ်ခန္ဓာအစစ်အမှန်ကို ပြန်လည်ရရှိရန် လိုအပ်နေသည်။

ဤရွေးချယ်မှုတွင် အန္တရာယ်အချို့ ကပ်ပါနေသော်လည်း အာရန်သည် ပထမ မူလကြယ်နှင့် ပူးပေါင်းရန်သာ ဆုံးဖြတ်ထားလိုက်သည်။

အာရန်၏ ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ အခြားသော မူလကြယ်များပင်လျှင် အာရန်အား မယုံနိုင်စွာဖြင့် ငေးကြည့်နေခဲ့ကြသည်။

သူတို့အားလုံး ရှိနေချိန်မှာပင် တစ်စုံတစ်ဦးက ဒုတိယ မူလကြယ်အား အရွယ်လွန်နေတဲ့ ဖွတ်ကြီးတစ်ကောင်ဟု ခေါ်ဆိုဝံ့သည်တဲ့လား...။

ပထမ မူလကြယ်သည်လည်း အာရန်၏ တုံ့ပြန်မှုကြောင့် အတော်လေး အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်မိလိုက်သည်။

ဒုတိယ မူလကြယ်၏ ရှေ့တွင် ဤမျှ ရဲတင်းစွာ ရင်ဆိုင်ဝံ့သူမျိုးကို သူ့အနေနှင့် တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဘူးပေ။

ဤကောင်လေးသည် ထိုကဲ့သို့ သတ္တိမျိးကို မည်သည့်နေရာမှ ရခဲ့သနည်း။

၎င်းသည် သူ့ကြောင့်များလားဟုပင် တွေးမိလိုက်သည်။

ပထမ မူလကြယ်၏ နောက်တွင် ပုန်းအောင်းနေမည့်အစား အာရန်သည် ရဲရင့်သော စစ်သည်တော်တစ်ဦးကဲ့သို့ ရှေ့ဆုံးမှ ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။

အာရန်သည် အမှန်တကယ် မည်သည့်အရာကိုမျှ ကြောက်ရွံ့မနေသည့်နှယ် ပေါ့ပါ့ပါးပါးပုံစံ ပြုမူနေခဲ့ရသော်လည်း အတွင်းစိတ်ကမူ လိုအပ်ပါက ပထမ မူလကြယ်အား သူ့ကို ကူညီပါစေဟု အမှန်တကယ် ကြိတ်၍ ဆုတောင်းနေမိ၏။

“ငါက အရွယ်လွန် ဖွတ်ကြီးတစ်ကောင်ပေ့ါလေ”

ဒုတိယ မူလကြယ်သည် ထိုစကားကို သံယောင်လိုက်ကာ ရေရွတ်လိုက်မိစဥ်တွင် သူ၏ မျက်နှာမူအရာသည် မည်သူမျှအကဲမခပ်နိုင်ခဲ့ချေ။

“မင်းက ပထမမူလကြယ် မင်းကို ကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားလို့ ဒီလောက် သတ္တိတွေ ရှိပြနေတာမလား”

“ကျုပ် တကယ်သတ်ချင်ရင် သူ မင်းကို ကာကွယ်ပေးနိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား” ဟု ဒုတိယမူလကြယ်မှ ပြန်လည်မေးလိုက်သည်။

“ခင်ဗျားဆိုလိုတာ သူက ခင်ဗျားကို ကြောက်နေတယ်လို့ ပြောချင်နေတာလား” အာရန်သည် ဒုတိယ မူလကြယ်၏ အမေးကို မေးခွန်းဖြင့်ပင် တုံ့ပြန်လိုက်ကာ စကားလုံးအချို့ကို သူ့အကျိုးအတွက် လှည့်ပတ်ပြောလိုက်လေသည်။

ထိုစကားလုံးများသည် သူ့အားပင်သက်ရောက်မှုတစ်ခုရှိသွားစေသဖြင့် ပထမ မူလကြယ်မှာ ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုကောင်လေးက သူ့ကိုယ်သူ ကမ္ဘာမြေမှ ဖြစ်ကြောင်း အမှန်တကယ် သက်သေပြနိုင်သည်အထိ ထိုကောင်လေးအား ကယ်တင်ရန် သူ့၌ အစီအစဉ်မရှိခဲ့ပေ။

သို့သော် အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သဖြင့် သူသာ အာရန်ကို မကယ်ခဲ့ပါက သူသည် ငကြောက်တစ်ဦးဖြစ်သည်ဟု အလိုလိုပင် သတ်မှတ်ရာ ရောက်သွားပေလိမ့်မည်။

အာရန်မှ ကြိုးစားနေသော ထိုလှည့်ကွက်အချို့ကို ပထမမူလကြယ်အနေနှင့် သဘောပေါက်မိရန် အချိန်အများကြီး မလိုခဲ့ဘဲ ၎င်းကပင် သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာစေခဲ့သည်။

ဤကဲ့သော အရှက်မဲ့လွန်းသောပုံစံမျိုးသည် သူ၏ ဇာတိမြေဖြစ်သော ကမ္ဘာမြေကိုပင် ပြန်လည် သတိရသွားစေခဲ့၏။

“ကျုပ် ဒီကောင်လေးကို စိတ်ဝင်စားသွားပြီ။ ဒါကြောင့် ကျုပ် သူ့ကို ခေါ်သွားမယ်” ပထမမူလကြယ်သည် အာရန်၏ ပခုံးပေါ်သို့ သူ၏ လက်ကို တင်ထားလိုက်သည်။

အာရန်သည် ထိုအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

သူ၏ လောင်းကြေးသည် အလုပ်ဖြစ်သွားခဲ့ပြီမဟုတ်ပါလား...။

သူသည် ဒုတိယ မူလကြယ်ကို အမှန်တကယ် စော်ကားမိလိုဖြစ်သွားခဲ့သော်လည်း ယခုတွင် အရေးမကြီးတော့ပေ။

သူသည် သူငယ်ချင်းဖွဲ့ရန် ဤနေရာသို့ ရောက်လာခြင်းမဟုတ်ပါ။

သူ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိကကိစ္စရပ်များသည် ပြီးပြတ်သွားခဲ့ပြီဟု ပြော၍ ရလေသည်။

သူ၏ အစ်ကိုဆိုသူ ဇက်ဖာသည် သေဆုံးသွားခဲ့ပြီး မျှော်စင်သခင်သည်လည်း အလားတူ သေဆုံးသွားခဲ့ပြီဖြစ်၏။

ဒုတိယချိတ်စည်းကို ဖယ်ရှားရန် လိုအပ်သော သွေးကိုလည်း ရယူနိုင်ခဲ့ပြီးဖြစ်သည်။

ယခု ကျန်ရှိနေသည်မှာ သူ၏ မူလကမ္ဘာမြေမှ သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်သွားကြည့်ရန်နှင့် အခြားချိတ်စည်း နှစ်ခုကို ဖယ်ရှားရန်အတွက် သူ၏ ဒုတိယ ကမ္ဘာသစ်သို့ ပြန်သွားရန် နည်းလမ်းရှာဖွေရန်သာ ကျန်တော့လေသည်။

“မင်း.... သူက ငါ့ညီမကို အနိုင်ကျင့်ခဲ့တယ်လို့ ကိုယ်တိုင် ဝန်ခံနေတာ မင်း မကြားလိုက်ဘူးလား။ သူ့ကြောင့် ငရဲခွေးတစ်မြို့လုံးလဲ ပျက်စီးခဲ့ရပြီ။ မူလကြယ်တွေကြားက ကာလရှည် ငြိမ်းချမ်းရေးလည်း ပျက်ပြားသွားခဲ့ရတယ်”

ဒုတိယ မူလကြယ်သည် ပထမမူလကြယ်၏ စကားကြောင့် ဒေါသတကြီးဖြင့် အော်ပြောလိုက်မိသည်။

အာရန်သာ ပထမမူလကြယ် လိုက်ဆန်ဒါ၏ ဘေးတွင် ရပ်နေခြင်းမျိုး မဟုတ်ခဲ့ပါ သူသည် ၎င်းအား ယခုအချိန်တွင် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သူသည် အာရန်အား ကိုယ်တိုင် သင်ခန်းစာအချို့ ပေးလိုနေပြီး ပို၍အရေးကြီးသည်မှာ သူ၏ သွေးမျိုးဆက်နှင့်ပင် နှိုင်းယှဉ်နိုင်သော နဂါးမျိုးနွယ်ဝင်များကို မမြင်ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သောကြောင့် သူ့ဆီမှ သတင်းအချက်အလက်များလည်း အလိုရှိနေခဲ့၏။

နဂါးမျိုးနွယ်ဝင်များ အသက်ရှင်နေထိုင်ရာ ကမ္ဘာတစ်ခု ရှိ မရှိကို သူ့အနေနှင့် သိရှိလိုနေပြီး အထူးသဖြင့် သူ့ကဲ့သို့ပင် အားကောင်းသူများဖြစ်သော နဂါးများကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။

သူ့အနေနှင့်သာ ထိုကမ္ဘာနှင့် ချိတ်ဆက်နိုင်ပြီး ထိုနဂါးများကို ဤနေရာသို့ ခေါ်ဆောင်လာနိုင်ခဲ့ပါက ဤကမ္ဘာရှိ နဂါးများ ကြုံတွေ့နေရသည့် မျိုးတုံးတော့မည့် ကပ်ဘေးမှ ရပ်တန့်နိုင်ပေလိမ့်မည်။

သူသည်လည်း သူ၏ ကိုယ်ပိုင် နဂါးစစ်တပ်တစ်တပ်ကို ဖန်တီးပြီး ဤကမ္ဘာ၏ ဟန်ချက်ညီမှု ချိန်ခွင်လျားကို သူ့ဘက်မှ အသာစီးရလာအောင် ပြုလုပ်နိုင်သွားပေလိမ့်မည်။

သို့သော် သူ၏ ထိုအစီအစဉ်များ အောင်မြင်မည်၊မအောင်မြင်မည် ဆိုခြင်းသည် သူ၏ ရှေ့ရှိ ဤကောင်လေးအပေါ်တွင် လုံးလုံးလျားလျား မူတည်နေလေ၏။

ထို့ကြောင့် သူသည် မည်သည့်အဖိုးအခဖြင့်မဆို အာရန်အား သူ့ဘက်ပါအောင် ပြန်လည် ခေါ်ဆောင်ရပေလိမ့်မည်။

All Chapters