အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အခန်း ၁၅၄ - နဂါးနှလုံးသားသွေး
ရှောင်ယုသည် သီအိုဒိုး၏အသံကိုကြားလိုက်ရချိန်တွင် ရင်ထဲ၌ပျော်ရွှင်မှုများ ဆောင့်တက်လာခဲ့သည်။အဆုံးသတ်တွင် သူ၏နှလုံးသားထဲရှိ ကျောက်တုံးကြီးကို လွှင့်ပစ်န်ိုင်တော့မည်ဖြစ်သည်။
"ဟားဟား...နောက်ဆုံးတော့ အဘိုးကြီးက ငါ့ဆီရောက်လာပြီဘဲ"
ရှောင်ယုသည် သူ၏ဝိုင်နီစုဆောင်းများထဲမှ ယူငင်သောက်သုံးနေသော သီအိုဒိုးကိုကြည့်ရင်း သူသိမ်းဆည်းထားသည့်ဝိုင်နီပုလင်းများကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။
"ဒီလိုဝိုင်ကောင်းကောင်းတွေရထားတာ မင်းတော်တော်လေးကံကောင်းတယ်လို့ ငါတွေးမိသေးတယ်...သူတို့ကငါ့ရဲ့အချစ်တော်လေးတွေပဲ...မင်းသူတို့ကိုဘယ်လိုစုဆောင်းခဲ့တာလဲ"
သီအိုဒိုးသည် ရှောင်ယု၏ဝိုင်နီစုဆောင်းမှုကို မနာလိုဖြစ်နေပုံရသည်။
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"ငါကငွေကို ကောင်းကောင်းအသုံးချခဲ့တယ်"
သီအိုဒိုးကခေါင်းညိတ်ပြလိုက်သည်။
"မင်းကတော်တော်ချမ်းသာနေတာပဲ...မင်းဆီမှာသိုလှောင်လက်စွပ်တွေ အများကြီးရှိနေတယ်လို့ ငါကြားတယ်...ငါ့ဆီမှာတောင် အဲလောက်အများကြီးမရှိဘူး"
ရှောင်ယုသည် သီအိုဒိုး၏ရှေ့တွင် ရပ်နေရင်း တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"သူတို့ကိုပိုင်ဆိုင်ထားရတာက ဘာအကျိုးရှိမှာလဲ...ကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရရှိဖို့အတွက်ဆိုရင် မင်းရဲ့စည်းစိမ်ဥစ္စာတွေကို မျှဝေပေးရမယ်"
သီအိုဒိုးသည် မြေခွေးအိုတစ်ကောင်လိုပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
"မင်းကညဏ်ကောင်းတဲ့ကလေးတစ်ယောက်ပဲ...ဒီလူအိုကြီးကိုဂုဏ်ပြုဖို့ အဲ့ဒါတွေအားလုံးငါ့ဆီပေးမှာလား"
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်လိုက်သည်။
"အဘိုးကြီးက ဖြစ်နိုင်မယ်လို့ထင်နေတာလား"
သီအိုဒိုးက သူ့ကိုစိုက်ကြည့်ကာ နှုန်းထားတစ်ခုကိုပြောလိုက်သည်။
"အဲလိုဆိုမှတော့ မင်းက၃၀ရာခိုင်နှုန်း ငါကရ၀ရာခိုင်နှုန်းယူမယ် ဘယ်လိုလဲ"
"အဘိုးကြီးပြောတာပြောင်းပြန်ဖြစ်နေပြီ...ငါက၇၀ရာခိုင်နှုန်း အဘိုးကြီးက၃၀ရာခိုင်နှုန်း ယူလိုက်လေ"
ဤသို့ဖြင့် ရှောင်ယုနှင့်သီအိုဒိုးတို့သည် အပြန်အလှန်စတင်စျေးဆစ်ကြတော့သည်။
"မင်းကဉာဏ်ကောင်းတဲ့ကောင်လေးဆိုတော့ ငါမင်းကိုကူညီမယ်ဆိုရင် မင်းကိုဘယ်သူကမှဒုက္ခမပေးတော့ဘူးဆိုတာ မင်းနားလည်ထားသင့်တယ်...ငါစုံစမ်းမှုနည်းနည်းလဲပြုလုပ်ပြီးပြီ...မင်းကအာဏာရှိတဲ့လူတစ်ယောက်ဆီက ခိုးလာတာပဲ...မင်းက၄၀၊ငါက၆၀ယူမယ်"
သီအိုဒိုးက ဝိုင်သောက်ရင်းပြောလိုက်သည်။
"ဒီလိုကိစ္စအတွက် မင်းရဲ့ဝန်ဆောင်မှုကိုရယူတာက ပုံမှန်ပါဘဲ...ကောင်းပြီ...ကောင်းပြီ...ငါကတရားမျှတပြီး ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပါ...ငါးဆယ်/ငါးဆယ်စီခွဲမယ်...မင်းဘာပြောချင်လဲ"
ရှောင်ယုက အဆုံးစွန်ထိညှိနှိုင်းလိုက်သည်။
သီအိုဒေါသည် ဝိုင်ကိုအရသာခံရင်း စားပွဲကိုလက်ချောင်းများဖြင့် ပုတ်ခတ်လိုက်သည်။
"နည်းနည်းလျော့ဦး"
ရှောင်ယုသည် လေဟာနယ်အတွင်းမှ သေတ္တာတစ်ခုကိုထုတ်ယူလိုက်ကာ သီအိုဒိုးရှေ့သို့ပစ်ချလိုက်သည်။
"တစ်ဝက်ကိုယူလိုက်...ကျန်တာအကုန်ငါ့ဟာပဲ"
သီအိုဒိုးသည် သေတ္တာကိုဖွင့်လိုက်သော်လည်း သေတ္တာအတွင်းပိုင်းရှိ သိုလှောင်လက်စွပ်များကို တွေ့မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများ၌အလင်းတစ်ချက်လက်သွားခဲ့သည်။
"မင်းကတော်တော်ချမ်းသာတာပဲ...ဒီထဲမှာ သိုလှောင်လက်စွပ်၁၀၀ကျော်ရှိတယ်မဟုတ်လား..."
သီအိုဒိုးက ခန့်မှန်းချေနံပါတ်တစ်ခုကို ပြောလိုက်သည်။
ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ဒီထဲမှာရာကျော်ရှိတယ်...ငါကလက်ဆောင်နည်းနည်းပေးထားပေမဲ့ ၁၀၀ကျော်ရှိသေးတယ်...မင်းကအဘိုးကြီးတစ်ယောက်ဆိုတော့ အများကြီးသုံးစရာမလိုလောက်ဘူး...ဒီတော့အခု၅၀လောက်ပဲယူပြီး ကျန်တာကိုဂျူနီယာလေးတွေအတွက် ချန်ထားခဲ့လိုက်"
ရှောင်ယုသည် သိုလှောင်လက်စွပ်၄၀၀ကျော်ကို ဖယ်ထုတ်ထားခဲ့ကာ အခြား၁၀၀ကိုဤသေတ္တာထဲထည့်ထားခဲ့ခြင်းဖြစ်သည်။သို့သော် သီအိုဒိုးကဲ့သို့ ဆဌမအဆင့်မှော်သခင်တစ်ယောက်သည်ပင် သိုလှောင်လက်စွပ်၁၀၀ကို တစ်စုတည်းတစ်ခါမှ မမြင်တွေ့ဖူးပေ။
လီအာသည် သီအိုဒိုးအား အရေအတွက်အမှန်ကိုမပြောပြသည့်အတွက်ကြောင့် ရှောင်ယု၏အမြင်တွင် လီအာ၏အနေအထားသည် တိုးတက်လာခဲ့သည်။
"ကောင်းပြီ...ကောင်လေး...ကစားတာကိုရပ်လိုက်တော့...မင်းကငါမသိတာတွေကို ဖုံးကွယ်ထားသေးတာလား...အခု၅၀ပဲယူပြီးတော့ ကျန်တာတွေငါ့ကိုပေးလိုက်"
သီအိုဒိုးကပြန်ဖြေလိုက်သည်။သူသည် တုံးအနေခြင်းမဟုတ်ပေရာ ရှောင်ယုလိုလိမ္မာပါးနပ်သောလူတစ်ယောက်က သူ့အားသေတ္တာမပေးမှီတွင် သိုလှောင်လက်စွပ်အချို့ကို တိတ်တဆိတ်ထုတ်ယူထားနိုင်ကြောင်း နားလည်ထားသည်။သို့သော်လည်း ရှောင်ယုသည်ဤမျှများပြားလှသော သိုလှောင်လက်စွပ်များကို ဖုံးကွယ်ထားလိမ့်မည်ဟုမမျှော်လင့်ထားပေ။
"အဘိုးကြီးကအသက်ဖြင့်ကြီးနေပြီ...ဘာလို့ သိုလှောင်လက်စွပ်တွေအများကြီးလိုချင်ရတာလဲ..ငါကငယ်သေးတယ်... သိုလှောင်လက်စွပ်တွေသုံးစရာနေရာအများကြီးရှိသေးတယ်"
ရှောင်ယုက လှောင်ရယ်သံဖြင့်ပြောလိုက်သည်။
"ငါက ဆဌမအဆင့်မှော်ဆရာတစ်ယောက်ပါ...မှော်ဆရာတစ်ယောက်က အတော်ငွေကြေးအကုန်အကျများတယ်...အခြားသူတွေနဲ့အရောင်းအဝယ်ပြုလုပ်တဲ့အခါကျရင် ဒါတွေကိုငါအသုံးပြုနိုင်တယ်"
သီအိုဒိုးက မျက်နှာတစ်ချက်မပျက်ဘဲ ပြန်ပြောခဲ့သည်။
ရှောင်ယုသည် သီအိုဒိုး၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"မင်းကဆဌမအဆင့်မှော်ဆရာတစ်ယောက်ဆိုပေနဲ့...တော်တော်လောဘကြီးလွန်းတယ်...ခုလ်ိုလက်စွပ်တွေအများကြီးယူလို့ဘာထူးမှာလဲ..."
သီအိုဒိုးသည် သူ၏မေးစေ့ကိုပင့်မြောက်လိုက်သည်။
"ငွေနဲ့ကြွယ်ဝချမ်းသာမှုကိုမလိုချင်တဲ့သူ ဘယ်သူရှိမှာလဲ...မင်းသာအသက်ဆက်ရှင်ချင်တယ်ဆိုရင်တော့ ငွေသုံးမှရမယ်...အထူးသဖြင့်ငါ့လိုမှော်ဆရာတွေအတွက်ပေါ့ ငါ့ရဲ့စမ်းသပ်မှုတွေကိုဆက်လက်လုပ်ဆောင်ဖို့အတွက် ငွေကြေးဘယ်လောက်ကုန်ကျလဲမင်းသိလား...မဟုတ်ရင်ငါပိုက်ဆံရှာနေမှာမဟုတ်ဘူး"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ...ငါကသူတို့ထဲကအခုငါးဆယ်ကိုယူလိုက်မယ်...ကျန်တာကမင်းအပိုင်ဘဲ...ဒါ့အပြင်မင်းအတွက် ရှေးဟောင်းချပ်ဝတ်တန်ဆာ၁ထည်ငါပေးမယ်...မင်းအတွက်မလိုအပ်ရင်တောင်မှ မင်းစုဆောင်းမှုရဲ့တစိတ်တပိုင်းအဖြစ် သိမ်းထားလို့ရတယ်"
ရှောင်ယုထံတွင် အဆင့်၁ချပ်ဝတ်တန်ဆာများစွာရှိနေ၍ ထိုအရာများကိုများစွာဂရုမစိုက်တော့ပေ။ရှောင်ယုသည် သူတို့ထဲမှအများစုကို သူနှင့်နီးစပ်သူများဆီ လက်ဆောင်ပေးအပ်လိုက်လေ့ရှိသည်။သီအိုဒိုးသည် ဆဌမအဆင့်မှော်သခင်တစ်ဦးဖြစ်ရာ အဆင့်၁ချပ်ဝတ်တန်ဆာသည် သူ့အတွက်အသုံးမဝင်သော်လည်း သူ့ထံတွင်ထိုကဲ့သို့ချပ်ဝတ်တန်ဆာတစ်ခုကို စုဆောင်းထားနိုင်ပါက သူသည်မျက်နှာကောင်းရရှိမှာဖြစ်သည်။
သီအိုဒိုးသည် ချပ်ဝတ်တန်ဆာကိုစစ်ဆေးပြီးနောက် ရှောင်ယုကိုစိုက်ကြည့်လိုက်သည်။
"မင်း နဂါးတစ်ကောင်ကိုဓားပြတိုက်ခဲ့တာလား"
သီအိုဒိုး၏အမေးကြောင့် ရှောင်ယုစိတ်ရှုပ်သွားခဲ့သည်။
"ငါကမင်းလောက်သန်မာတယ်လို့ထင်နေတာလား...ငါကဘယ်လိုလုပ်ပြီး နဂါးတစ်ကောင်ကိုလုယက်နိုင်မှာလဲ...ဒီရတနာတွေအကုန်လုံးကို ငါမတော်တဆရလာခဲ့တာ"
ရှောင်ယုသည် အခြားသူများကိုလိမ်လည်ရန်အတွက် စွန့်စားခန့်အချို့ကို အကြောင်းပြချက်အဖြစ်သုံးခဲ့ရသည်။အခြားသူများသည်ကား သူ၏ကံကိုမနာလိုဖြစ်ရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။
သီအိုဒိုးကခေါင်းညိတ်ပြလိုက်သည်။
"မင်းမှာခွန်အားရှိရင် ဘယ်သူ့ကိုမဆိုတိုက်ခိုက်နိုင်သည်"
"မင်းက နဂါးတစ်ကောင်နဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြောချင်တာလား"
ရှောင်ယုက အလန့်တကြားမေးမြန်းလိုက်သည်။
သီအိုဒိုးကခေါင်းညိတ်ပြလိုက်သည်။
"နည်းနည်းပေါ့...နဂါးတွေကလူသားတွေထက်စာရင် ပိုမိုလျှို့ဝှက်ဆန်းကြယ်ပြီးတော့ သန်မာပုံရပေမဲ့ အားကောင်းတဲ့လူသားတွေဟာ တကယ့်နဂါးတွေထက် လုံးဝအားမနည်းဘူး...သူတို့က မွေးကတည်းကသန်မာတဲ့ခွန်အားနဲ့မွေးဖွားလာသူတွေဖြစ်တဲ့အတွက် လူသားအများစုဟာနဂါးတွေနဲ့ ဘယ်တော့မှခွန်အားချင်းမယှဉ်နိုင်ကြဘူး...ဒါကြောင့်နဂါးတွေကိုကြောက်ရွံ့ကြတာသဘာဝပါဘဲ"
သီအိုဒိုး၏စကားများသည် ရှောင်ယု၏စိတ်ဝင်စားမှုကိုရရှိခဲ့သည်။
"မင်းက တကယ့်နဂါးတစ်ကောင်ကိုသတ်ဖြတ်ခဲ့ဖူးလား"
သီအိုဒိုးသည် မျက်လုံးမှိတ်ထားပြီး ခဏလောက်စဉ်းစားဟန်ပြုလိုက်ကာ ပြောလိုက်သည်။
"ငါငယ်ငယ်တုံးကပေါ့....သူငယ်ချင်းတွေနဲ့အတူတူအပြင်ထွက်စွန့်စားတုံးက တတိယအဆင့်နဂါးတစ်ကောင်ကိုတိုက်ခိုက်ခဲ့ဖူးတယ်...အဲ့အချိန်ကတော့ငါတို့အနိုင်မရဘဲ ဆုတ်ခွာခဲ့ရတယ်...အဲ့နောက်ငါဆဌမအဆင့်မှော်ဆရာဖြစ်လာပြီးတဲ့အချိန်မှာ စတုတ္ထအဆင့် နှင်းပြာရောင်နဂါးတစ်ကောင်ကိုတိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်နိုင်ခဲ့တယ်...တတိယအကြိမ်မှာတော့ ပဥ္စမအဆင့်နဂါးတစ်ကောင်နဲ့ကြုံခဲ့ရပေမဲ့ ငါတို့မတိုက်ခိုက်ခဲ့ကြဘူး...အဲ့အစားအချင်းချင်းညှိနှိုင်းဆွေးနွေးခဲ့တယ်....အမြဲလိုလိုတိုက်ခိုက်နေရတာက အဆင်မပြေဘူးလေ...ဒါ့အပြင်သူ့ကိုသတ်ဖြတ်ချင်ရင် ငါလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလိမ့်မယ်"
ရှောင်ယုသည် နဂါးများ၏ဒဏ္ဍာရီအကြောင်းကို ကြားဖူးသော်လည်း သူတို့အားတိုက်ခိုက်ခဲ့သူတစ်ဦးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သီအိုဒိုးသည် နဂါးများကို ကြောင်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်အားသတ်ဖြတ်သကဲ့သို့ ပြောဆိုဆက်ဆံနေလေရာ ဆဌမအဆင့်မှော်သခင်များ၏အစွမ်းကို တွေ့မြင်နိုင်ပေသည်။
"အဆင့်တူနဂါးတွေဆိုရင်ကော မင်းအနိုင်ယူနိုင်မလား"
ရှောင်ယုကမေးမြန်းလိုက်သည်။
"ပြောရခက်တယ်...ငါဘယ်လိုနဂါးမျိုးနဲ့ရင်ဆိုင်တိုက်ခိုက်ရတာလဲဆိုတဲ့အပေါ်မှာ မူတည်တယ်...တချို့ကျတော့ နဂါးတွေထက်ပိုသန်မာကြတယ်...ဒါပေမဲ့တစ်စုံတစ်ယောက်က ဆဌမအဆင့်ကိုတက်လှမ်းသွားနိုင်တဲ့အခါကျရင် နဂါးတွေကလူသားတွေကိုလျော့တွက်တော့မှာမဟုတ်ဘူး...ဒါကြောင့်ဖြစ်နိုင်ရင် နှစ်ဖက်လုံးကတိုက်ပွဲကိုရှောင်ကြတယ်...တိုက်ခိုက်ကြပြီဆိုရင်လည်း နှစ်ဖက်လုံးကဆုံးရှံးမှုတွေကြုံရနိုင်တယ်...ဆဌမအဆင့်မှော်ဆရာတစ်ယောက်ဟာ နဂါးတွေရဲ့အမြင်မှာတောင် သေးငယ်တဲ့သတ္တဝါတွေမဟုတ်တော့ဘူး...သူတို့နဲ့တူညီတဲ့အဆင့်ကိုရောက်လာတဲ့သူတွေပဲ..."
ထိုအခါမှ ဤတိုက်ကြီးပေါ်တွင် ခွန်အားသည်သာအရာရာဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့ကာ ခေါင်းညိတ်မိလိုက်သည်။အထွတ်အထိပ်သို့ရောက်ရှိသွားသည့် လူသားတစ်ယောက်သည် နဂါးတစ်ကောင်ကိုပင်ယှည်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်ခဲ့သည်။
"ယာလုံကကော နဂါးအဖြစ်ပြောင်းလဲနိုင်လား..."
ရှောင်ယုသည် နဂါးလေးအကြောင်းတွေးမိလိုက်၍ သီအိုဒိုးအားမေးမြန်းမိလိုက်သည်။နဂါးလေးသည် ယခုအခါတွင်လီအာ၏ရင်ခွင်ထဲ၌ အိပ်စက်အနားယူနေခဲ့သည်။ထိုကောင်လေးသည် ကြီးထွားရန်အတွက် အိပ်စက်ချိန်များစွာလိုအပ်ပေသည်။ရှောင်ယုသည် ထိုကောင်လေးအားပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့သည့်အတွက်ကြောင့် နဂါးလေးသည်အရှိန်အဟုန်ဖြင့်တိုးတက်နေသော်လည်း အိပ်စက်ချိန်များစွာလိုအပ်ပေသည်။
သီအိုဒိုးသည် နဂါးလေးကိုကြည့်ကာ ပြုံးလိုက်မိသည်။
"ဒီကောင်လေးရဲ့သွေးမျိုးဆက်ကမဆိုးပေမဲ့ ကံမကောင်းတာကသူကယာလုံဖြစ်နေတာပဲ...ဒီကောင်လေးဟာအနီရောင်နဂါးကြီး၏ သွေးမျိုးဆက်ကိုဆက်ခံထားခဲ့တယ်...တကယ့်နဂါးအစစ်ရဲ့နှလုံးသွေးကိုသုံးနိုင်တယ်ဆိုရင်တော့ သူရဲ့သွေးကနိုးထလာပြီး တကယ့်နဂါးအစစ်အဖြစ်ပြောင်းလဲသွားမှာပဲ..."
ရှောင်ယု၏မျက်လုံးများသည် တောက်ပလာခဲ့သည်။
"ဒါဆိုရင်အကောင်းဆုံးပဲ...ဒါပေမဲ့နဂါးအစစ်ရဲ့နှလုံးသွေးကို ငါဘယ်နားကသွားရှာရမှာလဲ...ဒါ့အပြင်ငါရှာတွေ့ရင်တောင်မှ အနိုင်ယူဖို့မဖြစ်နိုင်ဘူး..."
သီအိုဒိုးက ရှောင်ယုအားတစ်ချက်ပြန်ကြည့်လိုက်သည်။
"နဂါးတစ်ကောင်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ သူရဲ့နှလုံးသားကိုထိန်းသိမ်းထားလေ့ရှိကြတယ်..."
သီအိုဒိုး၏စကားကြောင့် ရှောင်ယုအံ့အားသင့်သွားခဲ့သည်။
"မင်းကဘာကိုပြောချင်တာလဲ...မင်းမှာနဂါးနှလုံးသားရှိနေတာလား"
နဂါးအစစ်၏နှလုံးသွေးသည် သူ၏နဂါးလေးကို အစစ်အမှန်နဂါးအဖြစ်ပြောင်းလဲပစ်နိုင်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။ထိုအချိန်တွင် သူ့ထံ၌ အိမ်မွေးတိရစ္ဆာန်အဖြစ် အစစ်အမှန်နဂါးတစ်ကောင်ရှိလာမှာဖြစ်သည်။
သီအိုဒိုးသည် စကားပြန်မပြောဘဲ ဝိုင်နီကိုသာပေါ့ပေါ့ပါးပါးမော့သောက်လိုက်သည်။
"ဘာလ်ိုချင်နေတာလဲ...အဘိုးကြီး...အဓိပ္ပါယ်မရှိတဲ့စကားတွေကိုကျော်လိုက်ရအောင်..."
ရှောင်ယုသည် ထိုအဘိုးကြီးကတမင်သက်သက်စျေးကိုင်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
သီအိုဒိုးကပြုံးလိုက်မိသည်။
"ပညာရှိတဲ့သူတွေနဲ့ဆက်ဆံရတာ အရမ်းကောင်းတာပဲ...နောက်ထပ်သိုလှောင်လက်စွပ် အခု၄၀လိုချင်တယ်"
"ကောင်းပြီ..."
ရှောင်ယုက မဆိုင်းမတွသဘောတူလိုက်သည်။
"မင်းကတော်တော်ညဏ်ကောင်းတဲ့ကောင်လေးပဲ..."
သီအိုဒိုးသည် အဆင့်မြင့်မှော်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားသည့်နေရာတွင် သိုလှောင်လက်စွပ်များကိုအသုံးပြုနိင်သည့်အတွက်ကြောင့် သိုလှောင်လက်စွပ်များသည် သူ့အတွက်ငွေကြေးတစ်မျိုးဖြစ်သည်။သူသည် သိုလှောင်လက်စွပ်အတွက် အခြားအဖိုးတန်အရာများနှင့်လဲလှယ်နိုင်ပေသည်။
"မင်းငါ့ကို သွေးဆင့်ကဲဖြစ်စဉ်အတွက် ကူညီပေးမှာမလား"
ရှောင်ယုသည် ဤကိစ္စအားမည်သို့ပြုလုပ်ရမည်ကို မသိရှိသည့်အတွက် သီအိုဒိုးကသူ့အနားတွင်ရှိနေစဉ် အခွင့်ကောင်းယူရန်ပြင်ဆင်ခဲ့သည်။
"ငါကအသက်ကြီးပြီဆိုတော့ ပင်ပန်းစပြုလာပြီ..ငါခဏလောက်အနားယူဖို့်လိုအပ်တယ်...မနက်ဖြန်ကျငါအကုန်ဖြေရှင်းပေးမယ်"
သီအိုဒိုးက ပျင်းရိသောလေသံဖြင့်ပြောလိုက်သည်။
ထို့နောက် သီအိုဒိုးသည် သေတ္တာတစ်ခုလုံးကို ကောက်မကာထွက်ခွာသွားခဲ့သည်။
"ဟေး...အထဲမှာလက်စွပ်၁၀ကွင်းအပိုပါသွားတယ်..."
ရှောင်ယုသည် မေ့လျောနေဟန်ဖြင့် သေတ္တာတစ်ခုလုံးကိုယူဆောင်သွားသည့် သီအိုဒိုးအားလှမ်း၍အော်ဟစ်လိုက်သည်။
"ဒီလက်စွပ်ဆယ်ကွင်းအစား ငါမှော်စာလိပ်အချို့ပေးခဲ့မယ်...ငါမရှိရင်မင်းကိုလုပ်ကြံဖို့ရောက်လာမယ့်သူတွေ အများကြီးရှိတယ်...မင်းဒါတွေကိုအလိုရှိသလိုသုံးစွဲပြီးတော့ နောက်ပိုင်းမှာအဆင်ပြေပါစေလို့ ငါဆုတောင်းပေးတယ်"
သီအိုဒိုးကနောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး...ဒါကသိုလှောင်လက်စွပ်၁၀ကွင်းလေ...မင်းကတရားမျှတတဲ့လဲလှယ်မှုအကြောင်းကို နားမလည်ဘူးလား..."
ရှောင်ယုက လှမ်း၍အော်ဟစ်နေသော်လည်း သီအိုဒိုးကမရှိတော့ပေ။
သီအိုဒိုးထွက်သွားပြီးနောက်တွင် ရှောင်ယုကဂုဏ်ယူစွာပြုံးလိုက်မိသည်။
"ငါသိုလှောင်လက်စွပ်အကွင်း၄၀၀လောက်ကို ဖယ်ထုတ်ထားလိုက်တာ တော်တော်ကံကောင်းတာပဲ...တကယ့်ကိန်းဂဏန်းအစစ်အမှန်ကိုသာသိရင် အဲ့အဘိုးကြီးတော့ငါ့ကိုလာသတ်လောက်တယ်"
အခန်း ၁၅၅ - နဂါးလေးကိုအဆင့်မြင့်ပေးခြင်း
.
"နဂါးလေး...မင်းကြောက်စရာမလိုဘူး...ဒါကနည်းနည်းနာတယ်ဆိုပေမဲ့ မင်းကတကယ့်နဂါးဖြစ်လာလိမ့်မယ်"
လီအာသည် ကြောက်ရွှံတုန်လှုပ်နေသောနဂါးလေးကိုကြည့်၍ နှစ်သိမ့်အားပေးလိုက်သည်။နဂါးလေးသည် ကြီးမားလှသောမှော်အခင်းအကျင်းကိုကြည့်ရင်း သူ၏မျက်လုံးများ၌ ကြောက်လန့်တုန်လှုပ်သောအရိပ်အယောင်များပြည့်နှက်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သီအိုဒိုးသည် ဤနေရာ၌ရှိနေခဲ့သည်။ထိုသို့မဟုတ်ပါက ရှောင်ယုသည်နဂါး၏နှလုံးသွေးကို နဂါးလေး၏ကိုယ်နှင့်ပေါင်းစပ်ပေးနိုင်မှာမဟုတ်ပေ။ထိုနဂါးသွေးကို တိုက်ရိုက်သောက်သုံးပါကလည်း အကျိုးကျေးဇူးများစွာလျော့ကျသွားမည်ဖြစ်သည်။မှော်အခင်းအကျင်းကိုဖန်တီးပြီးနောက် သီအိုဒိုးသည် နဂါးလေးကိုအခင်းအကျင်း၏ အလယ်ဗဟို၌ထားကာ သံကြိုးများဖြင့်ချည်နှောင်ထားရန် လီအာကိုခိုင်းစေခဲ့သည်။ထိုမှသာ နဂါးလေးသည်ကြောက်ရွှံထိတ်လန့်မှုကြောင့် အဝေးသို့ထွက်မပြေးနိုင်မှာဖြစ်သည်။
ထိုသို့ချည်နှောင်ခံရပြီးနောက် နဂါးလေးသည် ရှောင်ယုနှင့်လီအာတို့အား သနားစဖွယ်အကြည့်များဖြင့်စိုက်ကြည့်လိုက်သည်။လီအာသည် နဂါးလေးကိုအားပေးနှစ်သိမ့်ကာ စိတ်လျော့ခိုင်းလိုက်သည်။
."မင်းတို့နှစ်ယောက်လုံး ဘာလို့အဲလောက်ထိစိုးရိမ်နေကြတာလဲ...ငါကသူ့ကိုသတ်မှာမဟုတ်ဘူး..."
သီအိုဒိုးသည် ရှောင်ယုနှင့်လီအာတို့နှစ်ယောက်လုံးအား မှော်အခင်းအကျင်းမှအဝေးသို့ ဖယ်ပေးရန်တောင်းဆိုလိုက်သည်။ထို့နောက် မှော်မန္တန်အားဆက်လက်ရွတ်ဆိုလိုက်ရာ မှော်အခင်းအကျင်းမှ အလင်းလှိုင်းများသွန်းလောင်းလာပြီး နေရာတစ်ခုလုံးကိုစတင်လွှမ်းခြုံလာခဲ့သည်။ထို့နောက် မှော်အခင်းအကျင်းမှပဲ့တင်ထပ်လာသည့် ဆန်းကြယ်သောအသံများကြောင့် နဂါးလေး၏ခန္ဓာကိုယ်သည် ဖိအားများကိုစတင်ခံစားလာကြရသည်။
သီအိုဒိုးသည် သိုလှောင်လက်စွပ်မှ သေတ္တာတစ်ခုကိုထုတ်ယူကာ မှော်အခင်းအကျင်းပေါ်သို့ ပစ်ချလိုက်သည်နှင့်သေတ္တာသည် ချက်ချင်းပွင့်သွားခဲ့သည်။ထို့နောက် သေတ္တာအတွင်းမှနေ၍ စည်းချက်ညီညီခုန်ပေါက်နေသော လူတစ်ယောက်၏ဦးခေါင်းကဲ့သို့ ကြီးမားသောနှလုံးသားတစ်ခုထွက်ပေါ်လာခဲ့သည်။
"အင်း...ဒါကတကယ့်နဂါးတစ်ကောင်ရဲ့ နှလုံးသားပဲ...နဂါးတွေကသေသွားရင်တောင်မှ သူတို့ရဲ့နှလုံးသားကရှင်သန်နေဆဲပါလား"
ရှောင်ယုသည် အနည်းငယ်အံ့သြသွားခဲ့သည်။သို့သော်လည်း သီအိုဒိုးသည် နဂါးနှလုံးသားကိုနှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေစေမယ့် အထူးမှော်သင်္ကေတကိုအသုံးပြုရန် ပစ္စည်းများစွာကိုဖြုန်းတီးခဲ့ကြောင်း ရှောင်ယုမသိသေးပေ။ထိုသို့မဟုတ်လျှင် နဂါးနှလုံးသားသည်ပင် ပုပ်ပွနေမှာဖြစ်သည်။
နဂါးနှလုံးသားသည် နဂါးလေး၏အပေါ်တွင် အချိန်အတော်ကြာအောင်ရပ်တန့်နေရာမှာ ပိုမိုပြင်းထန်စွာခုန်ပေါက်လာခဲ့ပြီး သွေးများစိမ့်ထွက်လာခဲ့သည်။ထို့နောက် မှော်အလင်းသည်စီးကျလာသောသွေးများကို နဂါးလေး၏အရေပြားအပေါ်သို့ ညီညီညာညာပြန့်ကျဲသွားစေခဲ့သည်။ထိုသွေးစက်များသည် နဂါးလေး၏အရေပြားကိုကျဆင်းပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ထိုးဖောက်ဝင်ရောက်လာခဲ့သည်။နဂါးလေးသည် အစောပိုင်းတွင်ထူးဆန်းပုံမရသော်လည်း နဂါးသွေးသည်သူ၏ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်လာသော်လည်း အော်ဟစ်သံများကတဖြည်းဖြည်းပိုမိုကျယ်လောင်လာခဲ့သည်။ထို့ပြင် အချိန်အတော်ကြာနောက်တွင် နဂါးလေး၏အော်ဟစ်သံသည် သားရဲဟိန်းဟောက်သံအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။သေးငယ်သောခန္ဓာကိုယ်ရှိသော နဂါးလေး၏ခန္ဓာကိုယ်မှ ဤမျှပြင်းထန်သောဟိန်းဟောက်သံကိုထုတ်ဖော်နိုင်ရန်မှာ စိတ်ကူးယဉ်ကြည့်ရန်ပင်အလွန်ခက်ခဲပေသည်။
မှော်အခင်းအကျင်းက တားဆီးထားခြင်းမဟုတ်ပါက ဟိန်းဟောက်သံလှိုင်းလုံးများသည် အစိုင်အခဲဖြစ်သည့်သစ်သားစားပွဲတစ်ခုကိုပင် အက်ကွဲသွားစေနိုင်သည်။
ဒါက နဂါးတစ်ကောင်ရဲ့စွမ်းအားလား...
နဂါးလေး၏အရေပြားမှတဆင့် နဂါးသွေးများကထိုးဖောက်စိမ့်ဝင်လာလေလေ နဂါးလေး၏ရူးသွပ်ဖွယ်ဟိန်းဟောက်သံများက ပိုမိုကျယ်လောင်လာလေလေဖြစ်သည်။ထိုဖြစ်စဉ်သည် ၁၀မိနစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးနဂါးသွေးတစ်စက်သည် နဂါးလေး၏ခန္ဓာကိုယ်သည် ထိုးဖောက်စိမ့်ဝင်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် နဂါးလေး၏နှလုံးသားသည် သွေးမျှင်များဖြင့်ရှုပ်ထွေးသွားခဲ့ကာ သားရဲများ၏အမွှေးများကဲ့သို့ရှုပ်ထွေးနေခဲ့သည်။
နဂါးလေး၏ခန္ဓာကိုယ်သည်လည်း ပိုမိုကြီးထွားလာခဲ့ကာ ချည်နှောင်ထားသောသံကြိုးများပင် ပြတ်တောက်သွားခဲ့သည်။ရှောင်ယုသည် ဧရာမနဂါးကြီးကိုကြည့်ရင်း သူ၏မျက်လုံးများနီရဲသွားခဲ့သည်။
ဝေါင်း....
နဂါးလေးသည် ထိုခဏတွင်အသိညဏ်နှင့်ညဏ်ရည်ညဏ်သွေး ပျောက်ဆုံးသွားပုံရကာ ရှောင်ယုထံသို့ဟိန်းဟောက်၍ ပြေးဝင်သွားခဲ့သည်။
ရှောင်ယုသည် အံ့သြတုန်လှုပ်သွားခဲ့သည်။နဂါးသည် သူ့အားလာရောက်တိုက်ခိုက်ပါက သူပင်သေသွားနိုင်သည်။သို့သော်လည်း လမ်းတစ်ဝက်တွင် အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး နဂါးကိုတားဆီးလိုက်ရာ နဂါးဦးခေါင်းသည်မြေပြင်နှင့်ရိုက်ခတ်မိကာ သတိလစ်သွားခဲ့သည်။ရှောင်ယုသည် သီအိုဒိုးကိုတစ်ချက်ကြည့်ရင်း အသက်ပြင်းပြင်း ရှိုက်လိုက်သည်။သီအိုဒိုးကဲ့သို့ အစွမ်းထက်မှော်သခင်များကသာ ဤကဲ့သို့ပြဿနာအားအလွယ်တကူဖြေရှင်းနိုင်ပေသည်။
နဂါးလေးသည် မူးလဲကျသွားခဲ့ပြီးနောက် အချိန်အနည်းငယ်ကြာမြင့်သောအခါ သူ၏ခန္ဓာကိုယ်သည် ယခင်အရွယ်အစားသို့ပြောင်းလဲသွားကာ တဖြည်းဖြည်းသေးငယ်လာခဲ့သည်။
"မြင်လား...မင်းကိုတကယ့်နဂါးအစစ်တစ်ကောင် ပိုင်ဆိုင်ခွင့်ရအောင် ငါကူညီပေးခဲ့ပြီ...မင်းကသိုလှောင်လက်စွပ်၁၀ကွင်းလောက်က်ိုတွန့်တိုနေသေးတယ်"
သီအိုဒိုးက ဂုဏ်ယူနေသောလေသံဖြင့်ပြောလိုက်သည်။
"ကောင်းပြီ..ငါ့ကိုတားမြစ်မှော်စာလိပ်အခု၈၀၀လောက်ပေးလိုက်...ငါအဲ့သိုလှောင်လက်စွပ်တွေကို မေ့လိုက်မယ်"
ရှောင်ယုသည် နဂါးလေးကိုကောက်ယူပွေ့ချီကာ ပြောလိုက်သည်။
"သူတို့ကဘာတွေလဲဆိုတာ မင်းသိလို့လား...မင်းကအဲ့ထဲကတစ်ခုကိုသုံးလိုက်ရင်တောင် ကမ္ဘာပေါ်ကမှော်ဆရာတွေအားလုံးက ငါ့ကိုဝိုင်းပြီးတိုက်ခိုက်ကြလိမ့်မယ်...မင်းသာမိုက်မဲရူးသွပ်ပြီး တားမြစ်မှော်ပညာကိုမကြာခဏအသုံးပြုနေမယ်ဆိုရင်တော့ မင်းရဲ့ခြင်္သေ့နယ်မြေဟာ အချိန်တိုလေးအတွင်းပျက်စီးသွားလိမ့်မယ်"
သီအိုဒိုးသည် ရှောင်ယုကိုချက်ချင်းကြိမ်းမောင်းလိုက်သည်။
"ဟုတ်ပြီ...ဟုတ်ပြီ...ပုံမှန်မှော်စာလိပ်၅၀၀ပဲပေး.."
ရှောင်ယုသည် မှော်ပညာအကြောင်းကို များစွာမသိသောကြောင့် အရေအတွက်တစ်ခုအထိ လျော့ချပေးလိုက်သည်။
"ငါ့မှာမှော်စာလိပ် ၅၀၀မရှိဘူး..."
သီအိုဒိုးသည် သူ၏လက်စွပ်အတွင်းမှနေ၍ အိတ်သေးသေးလေးတစ်ခုကိုထုတ်ယူလိုက်ကာ ရှောင်ယုအားပစ်ပေးလိုက်သည်။
"ဒီမှာ မှော်စာလိပ်အခု၈၀ကျော်ရှိတယ်...သူတို့ကအလယ်အလတ်အဆင့်မှော်စာလိပ်တွေဖြစ်လို့ အလွယ်တကူအသုံးမပြုနဲ့...မင်းသာအဲ့ဒါတွေကိုသုံးပြီးသွားရင် ငါဘာကိုဆိုလိုချင်တာလဲဆိုတာ မင်းသိလာလိမ့်မယ်"
"၈၀ပဲလား..."
ရှောင်ယုက မကျေနပ်သောလေသံဖြင့် ပြောလိုက်သည်။
"မလိုချင်ရင် ပြန်ပေး..."
သီအိုဒိုးသည် သူ့အိတ်ကိုလှမ်းယူရန် ဟန်ပြင်လိုက်သည်။
ရှောင်ယုသည် အိတ်အား သိုလှောင်လက်စွပ်အတွင်းသို့ အလျင်အမြန်ထည့်သွင်းလိုက်သည်။
"မင်းက ဆဌမအဆင့်မှော်သခင်တစ်ပါးဘဲ...မင်းအလိုရှိရင် မှော်စာလိပ်ထောင်ပေါင်းများစွာကို ပြုလုပ်နိုင်တယ်...ငါ့ကိုမှော်စာလိပ်လေး ၈၀ပေးရုံနဲ့ ဆဌမအဆင့်မှော်သခင်တစ်ပါးလို့ ယူဆချင်နေတာလား"
သီအိုဒေါသည် ရှောင်ယု၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ငါကမှော်စာလိပ်တွေကို နေ့ရာညပါလုပ်နေတယ်လို့ မင်းထင်နေတာလား...ငါ့အတွက်တွေးတောဆင်ခြင်ချိန် ဒါမှမဟုတ်ခွန်အားတိုးမြင့်တင်ဖို့ ဘယ်လိုအချိန်တွေကိုအသုံးပြုရမယ်လို့ ထင်နေတာလဲ"
ရှောင်ယုသည် ထိုအကြောင်းကိုဆက်ပြီး မပြောလိုတော့ပေ။
"ကောင်းပြီ...အဘိုးကြီး...ငါ့ကိုမျက်နှာသာနည်းနည်းပေးဦး...ငါနဲ့စေ့စပ်ထားတဲ့အိမ်က မင်းကိုဧည့်သည်အဖြစ်ဖိတ်ချင်နေတယ်"
သီအိုဒိုးသည် သူ၏လက်နှစ်ဖက်လုံးက်ိုမြှောက်လိုက်ကာ သူ၏လက်ချောင်းများကို ပြလိုက်သည်။
"သိုလှောင်လက်စွပ်၁၀ကွင်း..."
"ဘာ...ဘာလို့အဲလောက်ကြီးထိ ပိုက်ဆံကိုအရမ်းအာရုံစိုက်နေရတာလဲ..."
ရှောင်ယုသည် ထခုန်လုမတတ်ဖြစ်သွားခဲ့သည်။
သီအိုဒိုးသည် ရိုးသားသောလေသံဖြင့် ပြောလိုက်သည်။
"မင်းထင်လို့ပါ...အခြားသူတွေကသာ ငါ့ကိုသူတို့ဆီအလည်ဖိတ်ခေါ်ဖို့ သိုလှောင်လက်စွပ်တစ်ခုကမ်းလှမ်းခဲ့တာတောင်မှ ငါသွားလည်ခဲ့တာမဟုတ်ဘူး..."
ရှောင်ယုသည် အံကိုတင်းတင်းကြိတ်ထားလိုက်သည်။
"အဘိုးကြီးမင်းသတိထားသင့်တယ်နော် အဲလိုမှမဟုတ်ရင်..."
သီအိုဒိုးက စကားကိုဖြတ်ပြောလိုက်သည်။
"ဒါမှမဟုတ်ရင်...ခြင်္သေ့နယ်မြေကိုမီးရှို့ပစ်မယ်"
"အဘိုးကြီး...မင်းကတော်တော်ရက်စက်တာပဲ...သိုလှောင်လက်စွပ်၅ကွင်း...နောက်ပြီးတော့ ငါစေ့စပ်ထားတဲ့သူနဲ့ငါ့ညီမလေးကို အလုပ်သင်အဖြစ် လက်ခံရမယ်"
သီအိုဒိုးက ချက်ချင်းခေါင်းခါပြလိုက်သည်။
"အလုပ်သင်တွေကို ငါလက်မခံနိုင်ဘူး...အကောင်းဆုံးကတော့ ငါသူတို့ကိုလမ်းပြပေးနိုင်တာပဲ..."
ရှောင်ယုက လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။
"သူတို့ကိုအလုပ်သင်အဖြစ်နဲ့ မခေါ်စေချင်ဘူး...ဒါပေမဲ့တခြားသူတွေအနိုင်ကျင့်လာရင်တော့ မင်းနာမည်ကိုအဟန့်အတားဖြစ်အောင် အသုံးပြုခွင့်ပေးရမယ်..."
သီအိုဒိုးက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါကိုငါလုပ်နိုင်တယ်...သိုလှောင်လက်စွပ်၈ကွင်း..."
"မင်းရဲ့အဆင့်အတန်းကိုအသုံးပြုပြီးတော့ အခြားသူတွေကိုဓားပြတိုက်ဖို့ ဆဌမအဆင့်မှော်ဆရာတစ်ယောက်ဖြစ်တဲ့ သခင်သီအိုဒိုးစဉ်းစားဖူးလား"
ရှောင်ယုသည် သီအိုဒိုးအားသရော်လှောင်ပြောင်လိုက်သည်။
"ငါသာအဲလိုမလုပ်ခဲ့ဘူးဆိုရင် မှော်ပညာကိုခုအဆင့်ထိရောက်အောင် လေ့ကျင့်လာနိုင်မယ်လို့ မင်းထင်လား"
သီအိုဒိုးက ချက်ချင်းပြန်ဖြေလိုက်သည်။
အခန်း ၁၅၆ - ခမ်းနားကြီးကျယ်သောဧည့်သည်တော်
နောက်တစ်နေ့တွင် လင်းမိသားစု၌ပြုလုပ်သော အခမ်းအနားသို့လင်းမိသားစုဝင်တိုင်း တက်ရောက်ခဲ့သည်။သီအိုဒိုး၏လာရောက်လည်ပတ်မှုကြောင့် လန်ကတ်စတာ၏မဟာမြို့စားပင်ရောက်ရှိလာခဲ့သည်။မှော်အကယ်ဒမီနှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည်ပင် သီအိုဒိုးကိုချောင်းကြည့်ရန်အတွက် လင်းမိသားစု၏အိမ်အပြင်ဘက်၌ စည်ကားနေခဲ့ကြသည်။ဆဌမအဆင့်မှော်သခင်တစ်ဦးသည် ဤတိုက်ကြီး၏ပိရမစ်ထိပ်တွင် ရပ်တည်နေသော ဇာတ်ကောင်တစ်ဦးဖြစ်ပေသည်။တိုက်ကြီးထဲရှိ မရေမတွက်နိုင်သောလူများက သီအိုဒိုးကို ကိုးကွယ်ကြသည်။အထူးသဖြင့် လူငယ်စွန့စားသူများသည် သူ့အား တွေ့မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားကြသည်။သီအိုဒိုးအား ပိုမိုရှင်းလင်းသောနေရာမှ တွေ့ခွင့်ရရန်အတွက် ရန်ပွဲများ ဒါဇင်နဲ့ချီ ဖြစ်ပွားကုန်သည်။
ကျော်ကြားသောမှော်သခင် သီအိုဒိုးသည် သူ့အိမ်သို့အလည်အပတ်ရောက်လာသည်ကို လင်းအောင်ထျန်းကယခုထိတိုင် မယုံကြည်နိုင်သေးပေ။အတိအကျပြောရလျှင် လန်ကတ်စကာ၏မဟာမြို့စားသည်ပန်ချတ်ပင် ထိုသို့မလုပ်ဆောင်နိုင်ပေ။ပန်ချတ်သည် ရှိုင်းယားမြို့သို့ မှော်သခင်သီအိုဒိုးရောက်နေကြောင်း သိလိုက်ရချိန်တွင် တွေ့ဆုံဂါဝရပြုရန်သွားရောက်ခဲ့သည်။သို့သော်လည်း သီအိုဒိုးသည် သူ့အားတွေ့ဆုံရန်ငြင်းဆန်ခဲ့သည်။မည်သို့ပင်ဆိုစေ ပန်ချတ်သည်ဒေါသမထွက်ခဲ့ပေ။သူသည် လင်းမိသားစုအိမ်တော်၌ သခင်သီအိုဒိုးနှင့်တွေ့ဆုံရန်စောင့်ဆိုင်းနေခဲ့သည်။
ယခုလိုအချိန်သမယတွင် မဟာမှော်သခင်တစ်ပါးရောက်ရှိလာခြင်းကို ဂုဏ်ပြုရန်အတွက် မည်သူကမှအိမ်၌မနေရဲကြပေ။
ရှောင်ယု၏ဇိမ်ခံရထားလုံးသည် ညနေခင်းတွင် လင်းအိမ်တော်၏ရှေ့သို့ရောက်ရှိလာခဲ့သည်။ရထားတစ်ဖက်တစ်ချက်စီတွင် အစောင့်အကြပ်အဖြစ် အောစ့်၅၀နှင့်မုဆိုး၅၀တို့က လိုက်ပါလာကြသည်။နောက်တန်းတွင်မူ မြင်းစီးသူရဲ အယောက်၁၀၀က ဂုဏ်ပြုအစောင့်အကြပ်အဖြစ် စောင့်ကြပ်နေခဲ့သည်။ထိုအရာသည် သခင်သီအိုဒိုး၏အဆင့်အတန်းကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
ရှောင်ယု၏ယာဉ်တန်းရောက်ရှိလာချိန်တွင် လူတိုင်းသည် ဘေးတစ်ဖက်တစ်ချက်သို့ ဆုတ်ခွာပေးလိုက်ရသည်။
ရှောင်ယုသည် ရထားပေါ်မှနေ၍ ပထမဆုံးဆင်းလာခဲ့သည်။လီအာသည် နဂါးလေးကိုပွေ့ချီကာ ဒုတိယမြောက်ဆင်းသက်လာခဲ့ပြီး အန်တိုနီဒက်စ်က သူတို့နောက်မှလိုက်သွားခဲ့သည်။သီအိုဒိုးသည် ရထားပေါ်မှနောက်ဆုံးဆင်းသက်ခဲ့သည်။လူအုပ်ကြီးသည် အန်တိုနီဒက်စ်အားတွေ့ချိန်တွင် ရုတ်တရက်အော်ဟစ်လိုက်ကြသည်။
"သခင်...သီအိုဒိုး...သခင်ကြီးသီအိုဒိုး"
ရှောင်ယုနှင့်အခြားသူများသည် ထိုအော်သံကြောင့် အံ့သြသွားခဲ့ကြသည်။အမှန်တော့ အန်တိုနီဒက်စ်သည် ဖြူဖွေးသောဆံပင်နှင့် မုတ်ဆိတ်မွှေးရှိသူဖြစ်သည်။သူသည် ပုံမှန်မှော်ဆရာဝတ်စုံအောက်တွင် ရှေးဟောင်းချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားခဲ့သည်။ထို့ကြောင့် သူ၏ခမ်းနားသောအသွင်အပြင်သည် လူများကိုအထင်လွဲစေခဲ့သည်။နှိုင်းယှည်ကြည့်ရလျှင် သီအိုဒိုးသည် သာမန်ဝတ်ရုံက်ိုသာဝတ်ဆင်ထားခဲ့ကာ လူအများကသူ့အား ရှောင်ယု၏ဘဏ္ဍာစိုးသို့မဟုတ် ကျွန်အဖြစ်ယူဆခဲ့ကြသည်။ထို့ပြင် သီအိုဒိုး၏မျက်နှာသည် မည်းမှောင်နေပြီး သူ၏ဆံပင်များသည်လည်း ရှုပ်ပွနေခဲ့ကာ သူ၏အပြုံးသည်လည်း အနည်းငယ်ညိုမှိုင်းနေခဲ့သည်။သူသည် မှော်သခင်တစ်ယောက်နှင့်လုံးဝမတူညီပေ။သခင်ကြီးသီအိုဒိုးသည် ဆဌမအဆင့်၏အထွတ်ပထိပ်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် သူ၏ရုပ်ရည်သွင်ပြင်ကို အလွယ်တကူပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပြီဖြစ်သည်။
ဤအရာသည် ကောင်းမွန်သောကြိုဆိုပွဲတစ်ခုဖြစ်သော်လည်း အများစုသည် သီအိုဒိုး၏မျက်နှာကို မမြင်ဖူးသည့်အတွက်ကြောင့် ရောထွေးမှုများ အများကြီးဖြစ်ပေါ်ခဲ့သည်။
"သခင်ကြီးသီအိုဒိုးကိုကြည့်စမ်း...သူ့ရဲ့စိတ်နေစိတ်ထားနဲ့ကိုယ်ဟန်အသွင်အပြင်ကိုကြည့်စမ်း...သူကတကယ့်ဆရာကြီးအတိုင်းပဲ"
"သခင်ကြီးသီအိုဒိုးကို ခုလိုမျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ရတာက ငါ့ဘဝအတွက်အဖိုးအတန်ဆုံးပဲ...ငါသခင်ကြီးသီအိုဒိုးကို ဘယ်လိုတွေ့ခွင့်ရခဲ့တယ်ဆိုတာ ငါ့မြေးတွေကိုပြောပြရမယ်"
"သခင်ကြီး သီအိုဒိုးရဲ့အကြည့်တစ်ချက်နဲ့တင် သူဘယ်လောက်တောင်ကြီးကျယ်ခမ်းနားသလဲဆိုတာ မင်းသိနိုင်တယ်"
"သူ့နောက်ကလူကိုကြည့်စမ်း...သူကသခင့်ရဲ့ကျွန်ပဲဖြစ်ရမယ်"
"သူကသခင့်ရဲ့ကျွန်မဟုတ်ရင်တောင်မှ သေချာတာတစ်ခုကခြင်္သေ့နယ်မြေရဲ့ကျွန်ဖြစ်ရမယ်...ခြင်္သေ့နယ်မြေရဲ့သခင်ဟာ မှော်အကယ်ဒမီရဲ့အလှဆုံးမိန်းကလေးနဲ့ စေ့စပ်ထားတဲ့သူတစ်ယောက်ပဲ"
"အားလုံးရပ်ကြ..."
ရှောင်ယုသည် ဆိုးရွားလာမယ့်အခြေအနေကို ကြိုမြင်မိ၍ လူအုပ်ကိုကြည့်ကာအော်ဟစ်လိုက်သည်။
ရှောင်ယုကလှမ်းအော်လိုက်ချိန်တွင် ဆူညံနေသောလူထုသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။ရှောင်ယုသည် သီအိုဒိုးနှင့်အတူလိုက်ပါလာသောကြောင့် သူသည်သီအိုဒိုးနှင့်ပတ်သက်သည်ဟု ယုံကြည်ထားကြသည်။သို့သော်လည်း သူတို့သည်အန်တိုနီဒက်စ်အားကြည့်လိုက်ချိန်တွင် ပိုမို၍စိတ်အားထက်သန်လာကြသည်။
ရှောင်ယုက ချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီးနောက် သီအိုဒိုးကိုလက်ညိုးထိုးကာညွန်ပြလိုက်သည်။
"သူကမှ သခင်ကြီးသီအိုဒိုးအစစ်..."
ရှောင်ယု၏စကားကိုကြားချိန်တွင် သူတိုင်းသည်ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ဆူညံ့နေသောလူထုသည် ချက်ချင်းငြိမ်သက်သွားခဲ့ကာ မည်သူမှစကားမပြောနိုင်တော့ပေ။အမှန်တော့သူတို့သည် ပြောစရာစကားရှာမတွေ့ခြင်းဖြစ်သည်။
သီအိုဒိုးအားနှုတ်ဆက်ရန် ရောက်ရှိလာသည့်ပန်ချတ်သည်တောင်မှ အံ့သြမှင်သက်သွားခဲ့သည်။ထို့နောက်သူသည် အလျင်စလိုနှုတ်မဆက်ခဲ့၍ ဝမ်းသာသွားခဲ့ရသည်။ထိုသို့မဟုတ်ပါက သူသည်ရှက်စရာကောင်းသောအခြေအနေနှင့်ရင်ဆိုင်ရမည်သာဖြစ်သည်။အန်တိုနီဒက်စ်သည် ရှောင်ယုနှင့်အတူ အိမ်သို့အလည်လာဖူးသောကြောင့် အန်တိုနီဒက်စ်သည် သီအိုဒိုးမဟုတ်ကြောင်း လင်းအောင်ထျန်းသည်သာ သိရှိပေသည်။
"အားလုံးပဲ...ခုလိုပုံစံမျိုးနဲ့နှုတ်ဆက်ကြတဲ့အတွက် ကျေးဇူးပါဘဲ...ခုလိုတကူးတကလာရောက်တွေ့ဆုံတဲ့အတွက် ငါဂုဏ်ယူမိတယ်....ဒါပေမဲ့ ငါလည်းလုပ်စရာရှိတာလုပ်ဖို့အချိန်ရောက်ပြီ"
သီအိုဒိုးသည် ရယ်ရယ်မောမောဖြင့်လူအုပ်ကိုလက်ဝှေ့ယမ်းပြကာ တံခါးဆီသို့ဖြေးညင်းစွာလျှောက်သွားခဲ့သည်။ထိုအခါမှ လူအုပ်သည်တဖြည်းဖြည်းပြန်လည်တုံ့ပြန်လာကြသည်။
ပန်ချတ်နှင့်လင်းအောင်ထျန်းတို့သည် သီအိုဒိုးကိုနှုတ်ဆက်ရန်အတွက် ရှေ့တိုးလာခဲ့ကြသည်။လူအုပ်ကြီးသည်လည်း တဖန်ပြန်လည်၍ဆူညံစပြုလာခဲ့သည်။
"သခင်ကြီး သီအိုဒိုး...ကျေးဇူးပြုပြီးမသွားပါနဲ့ မင်းကိုတစ်ချက်လောက်ကြည့်ဖို့အခွင့်အရေးလေးပေးပါ"
"သူကမှ သခင်သီအိုဒိုးအစစ်ဆိုတာ ငါသိတာပေါ့"
"သခင်သီအိုဒိုး ဟန်ဆောင်ထားတဲ့ အဲ့ဒီလူယုတ်မာကိုကြည့်လိုက်စမ်း.."
အန်တိုနီဒက်စ်သည် အပြစ်မရှိသော်လည်း လူတိုင်းကသူ့အားမုန်းတီးစပြုလာခဲ့သည်။ထိုလူများသည် ထိုက်တောင်တန်းကိုမမြင်ဖူးသည့် သူတို့ကိုယ်သူတို့အပြစ်မတင်ကြဘဲ အန်တိုနီဒက်စ်ကိုသာ အပြစ်တင်ခဲ့ကြသည်။ရှောင်ယုသည် ပြောစရာစကားပျောက်ဆုံးသွားခဲ့ကာ အန်တိုနီဒက်စ်ထံသွား၍ အပြေးအလွှားသွားရောက်နှစ်သိမ့်လိုက်သည်။
"အဘိုးကြီး...သူတို့ကိုစိတ်ထဲမထားနဲ့...သူတို့ကသာမင်းရဲ့အထောက်အထားအမှန်ကိုသိရင် မင်းကိုကိုးကွယ်ကြလိမ့်မယ်"
အမှန်တော့ ရှောင်ယုပြောခဲ့သည့်အတိုင်း နှစ်ပေါင်းတစ်သောင်းကျော်ကြာမြင့်ပြီးနောက် အန်တိုနီဒက်စ်သာ ပြန်လည်ရှင်သန်ထမြောက်လာကြောင်း ဤလူများသိရှိသွားခဲ့ပါက အန်တိုနီဒက်စ်ကိုယုံကြည်ကိုးကွယ်ကုန်ကြမှာဖြစ်သည်။ထိုလူများ၏အမြင်တွင် သီအိုဒိုးသည် မဟာမှော်သခင်တစ်ပါးဖြစ်ပါက အန်တိုနီဒက်စ်သည် နတ်ဘုရားတစ်ပါးဖြစ်သည်။
အန်တိုနီဒက်စ်သည် သူ၏မုတ်ဆိတ်ဖြူအားပွတ်သပ်လိုက်သည်။
"ငါစိတ်မဆိုးပါဘူး...ဒါကနာမည်တစ်ခုပါဘဲ"
ထိုအချိန်တွင် အန်တိုနီဒက်စ်ထံသို့ ကြက်ဥတစ်လုံးက ပျံဝဲလာခဲ့သည်။ရှောင်ယုသည် ထိုကြက်ဥအားအလျင်အမြန်ဆုပ်ကိုင်ကာ ပြန်လည်ပစ်ချလိုက်သည်။သို့သော်လည်း အန်တိုနီဒက်စ်၏မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ကြည့်ရသည်မှာ သူ၏စွမ်းအားကိုအမြန်ဆုံးမြင့်တင်၍ သူ၏အထောက်အထားအမှန်ကို အမြန်ဆုံးချပြရတော့မည်ဖြစ်သည်။သီအိုဒိုးသည် ပန်ချတ်နှင့် လင်းအောင်ထျန်းတို့နှင့်စကားစမြည်ပြောဆိုနေသော်လည်း သူသည်အန်တိုနီဒက်စ်အား မကြာခဏလှမ်းကြည့်နေခဲ့သည်။
ရှောင်ယုသည် အန်တိုနီဒက်စ်အမည်ခံမှော်ဆရာတစ်ဦးကို သူ့ထံလာရောက်မိတ်ဆက်ပေးစဉ်ကပင် သီအိုဒိုးသည် ဤကိစ္စနှင့်ပတ်သက်၍ သံသယရှိခဲ့သည်။သူသည် ပရောဖက်ဗေဒင်တစ်ခုအား တွက်ချက်ခဲ့ပြီးနောက်တွင် ဒဏ္ဍာရီဆန်ဆန်ဇာတ်ကောင်များ ပြန်လာမည်ဟုပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ရောက်ရှိလာမည်ကို မသိခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုမိတ်ဆက်ပေးခဲ့သော မှော်ဆရာသည် ဒုတိယအဆင့်အမြင့်ဆုံးသို့သာရောက်ရှိသေးရာ ထိုမှော်ဆရာသည်အန်တိုနီဒက်စ်ဖြစ်ကြောင်း သီအိုဒိုးမယုံကြည်ခဲ့ခြင်းဖြစ်သည်။စစ်မှန်သောအန်တိုနီဒက်စ်သည် ဒုတိယအဆင့်၌ရှိနေရန်မသေချာပေ။
အန်တိုနီဒက်စ်၏ခွန်အားသည် အနှစ်၁၀၀၀၀ကျော်ကြာမြင့်ပြီးနောက် ကျဆင်းသွားသည်ဟု ဆိုလိုသလား....
သီအိုဒိုးသည် ဂရင်းနှင့်တိုင်ရန်ဒီတို့ကိုလည်း အထူးတလည်စောင့်ကြည့်ခဲ့သည်။သမိုင်းကြောင်းတွင် ဂရင်းနှင့်တိုင်ရန်ဒီဟုခေါ်သည့် ခမ်းနားကြီးကျယ်သော ခေါင်းဆောင်များရှိခဲ့သော်လည်း သူတို့သည် ရှောင်ယု၏နယ်မြေအတွင်းသို့သာ ရောက်ရှိလာကာ အစမှနေ၍ပြန်လည်လေ့ကျင့်ရမည်ဟု ဆိုလိုသည်လား...
သီအိုဒိုးသည် ထိုအကြောင်းနှင့်ပတ်သက်၍ လီအာကိုမေးမြန်းခဲ့သည်။သို့သော်လည်း ရှောင်ယုသည် ဂရင်းနှင့်တိုင်ရန်ဒီတို့၏အမည်ကိုအသုံးပြုကာ သူ၏နယ်မြေအတွင်းရှိ အောစ့်နှင့်နတ်သူငယ်များကို ထိန်းချုပ်နေခြင်းသာဖြစ်ကြောင်း လီအာကရှင်းပြခဲ့သည်။
အရာရာတိုင်းသည် ကျိုးကြောင်းဆီလျော်နေပုံရပြီး ယုတ္တိမတန်ဟုထင်ရသော်လည်း တစ်ချိန်တည်းတွင်ပင် ဖုံးကွယ်ထားသည့်အမှန်တရားကို သူရှာမတွေ့ခဲ့ပေ။အကယ်၍သူသာ ဤကိစ္စများကိုထုတ်ဖော်လိုက်ပါက ရှောင်ယုကိုဘေးဥပဒ်ဖြစ်စေမယ်ဟု သိရှိထားသောကြောင့် သူသည်လည်းလက်လွတ်စပယ် မလှုပ်ရှားရဲပေ။
ထို့ကြောင့်သူသည် လီအာအား ရှောင်ယုနောက်သို့တမင်တကာလိုက်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။အကယ်၍ သူသာ လီအာဆိုလျှင် နောက်လာမယ့်ဖြစ်ရပ်များ၌ ကျိန်းသေပါဝင်မည်ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်...ငါကတော်တော်အသက်ကြီးနေပါပြီ...ဒီလိုကိစ္စမျိုးကို ငါကဘာကြောင့်ဂရုစိုက်နေရမှာလဲ...ကံတရားကြောင့်စိတ်ပူရမယ့်သူတွေပဲ စိတ်ပူပန်ကြပါစေ.."
သီအိုဒိုးသည် ပြုံးလိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ထို့နောက်သူသည် ပန်ချတ်နှင့်လင်းအောင်ထျန်းတို့နှင့်အတူ လင်းစံအိမ်သို့ဝင်ရောက်လာခဲ့သည်။