← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း ၁၅၇ - ပြာမှုန်သယ်ဆောင်သူ

ဤသို့ဖြင့် ညစာစားချိန်သို့ရောက်ရှိလာခဲ့သည်။သီအိုဒိုးသည် အဝေးမှကြည့်လျှင် သြဇာအာဏာကြီးမားသောမှော်သခင်တစ်ပါးနှင့်တူပြီး ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းပုံရသည်။သို့သော်လည်း ယခုအခါသူသည် ရပ်ကွက်ထဲမှအဘိုးအိုတစ်ယောက်ဟုထင်ရသည့် ညဏ်ရွှင်သည့်လူအ်ိုကြီးနှင့်တူညီနေခဲ့သည်။လူများသည် သီအိုဒိုး၏ယခုလိုပုံစံအား သဘောကျနှစ်သက်ကာ ချီးကျူးခဲ့ကြသည်။

သို့သော်လည်း သီအိုဒိုးသည် သူတို့၏ချီးကျူးစကားများကို ဂရုမစိုက်ခဲ့ပေ။သူသည် ထိုစကားများကိုဘယ်ဘက်နားမှလက်ခံ၍ ညာဘက်နားမှထုတ်ပယ်ပစ်ခဲ့သည်။သီအိုဒိုးသည် သူ၏တစ်သက်တာတွင် မရေမတွက်နိုင်သောချီးကျူးစကားများကိုနားနှင့်မဆန့်အောင်ကြားခဲ့ရပြီး ထိုချီးကျူးစကားများအပေါ် သာယာမနေတော့ပေ။

သီအိုဒိုးအားလေးစားသည့်လူများကဘည်း သူတို့၏စကားလုံးများကို အလွန်ပင်ဂရုတစိုက်ရွေးချယ်ခဲ့ကြသည်။ညစာစားပွဲအပြီးတွင် သီအိုဒိုးသည် လင်းမူရွယ်နှင့်မူဟန်တို့အား သူ၏အမည်ခံအလုပ်သင်များအဖြစ် ရွေးချယ်ခဲ့ကြောင်းကြေငြာခဲ့သည်။သူသည် သူမတို့အားအခါအားလျော်စွာ သင်ခန်းစာပေးကာလမ်းညွန်ပေးမည်ဟု ကတိပေးခဲ့သည်။

ညစာစားပွဲတွင် မရေမတွက်နိုင်သော မှော်ဆရာများသည်သူတို့နှစ်ယောက်လုံးအား အလွန်ပင်မနာလိုဖြစ်ခဲ့သည်။မှော်ဆရာများအတွက် သီအိုဒိုး၏အလုပ်သင်ဖြစ်ရခြင်းသည် အလွန်ဂုဏ်ယူဖွယ်ကောင်းလှပေသည်။သို့သော် သီအိုဒိုးသည် မည်သည့်အခါမှအလုပ်သင်များကိုလက်မခံကြောင်း သူတို့အားလုံးသိထားကြသည်။သို့သော်လည်း သီအိုဒိုးက သူမတို့နှစ်ယောက်အားအလုပ်သင်အဖြစ် လက်ခံခဲ့ခြင်းမှာ ရှောင်ယုနှင့်သူ့အကြားပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှုအပြင် သူ့အားပေးအပ်လာသည့် သိုလှောင်လက်စွပ်များကြောင့်ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းကြေငြာခဲ့သည်။ထိုသို့ကြေငြာပြီးနောက် ရှောင်ယုသည်သိုလှောင်လက်စွပ်၅၀အား သီအိုဒိုးထံပေးအပ်ခဲ့သည်။

...

...

"ဘာ...အဲ့ဒါတွေအားလုံးကို သီအိုဒိုးကိုပေးလိုက်တယ်...ဟုတ်လား"

သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် မှောင်မိုက်နေသောခန်းမတစ်ခုအတွင်း၌ ရပ်နေစဉ် ဒေါသတကြီးအော်ဟစ်မိလိုက်သည်။

"ဟုတ်တယ်...သူကသိုလှောင်လက်စွပ်တွေကို မထိန်းထားနိုင်ဘူးဆိုတာသိတဲ့အတွက်ကြောင့် သီအိုဒိုးကိုလက်စွပ်တွေအကုန်လက်ဆောင်ပေးလိုက်တာပဲ....ခြင်္သေ့နယ်မြေသခင်ကအရှက်ကိုမရှိဘူး"

"သီအိုဒိုး...သူကသီအိုဒိုးကိုပေးလိုက်ပြီ...ငါတို့ကသူ့က်ိုဘယ်လိုပြန်ယူရမှာလဲ...အဲ့ရတနာကိုရဖို့အတွက် ငါတို့ကအသက်ပေါင်းများစွာစတေးခဲ့ရပြီးမှ လက်မတင်လေးရရှိခဲ့တာ..အရိပ်တွေကတန်ဖိုးမရှိတော့ဘူး..."

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရတနာများဆုံးရှံးမှုအတွက် အရိပ်ကိုအပြစ်တင်နေခဲ့ပြီး အခန်းတွင်းရှိပစ္စည်းများကိုဒေါသတကြီးရိုက်ခွဲလိုက်သည်။

...

...

"ငါခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ...သေစမ်း..ငါခြေတစ်လှမ်းနောက်ကျသွားပြီ...သူသာဒီလက်စွပ်တွေကိုသီအိုဒိုးဆီပေးမယ်မှန်း ငါသိနေခဲ့မယ်ဆိုရင် စောစောကတည်းကလှုပ်ရှားမှာပေါ့...ခုတော့အရမ်းနောက်ကျနေခဲ့ပြီ"

ပိန်ပိန်ပါးပါးအဘိုးအိုတစ်ဦးသည် အမှောင်ခန်းတစ်ခုအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေရင်း နောင်တရနေသောလေသံဖြင့်ရေရွတ်နေခဲ့သည်။

သူသည် ရှောင်ယုအားလုပ်ကြံရန် လုပ်ကြံသူအနည်းငယ်ကိုစေလွှတ်ခဲ့သော်လည်း သူတို့အားလုံးသည်ရတနာကိုပြန်လည်ရယူနိုင်စွမ်းမရှိခဲ့ပေ။ထို့ကြောင့် သူတို့သည် စတုတ္ထအဆင့်လုပ်ကြံသူများကို ပို့ဆောင်ပေးရန်အတွက် အရိပ်ဌာချုပ်သို့သတင်းပို့တောင်းဆိုခဲ့သည်။ယခုအခါတွင်မူ အရိပ်ဌာနချုပ်၏ခေါင်းဆောင်ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားလာလျှင်ပင် သိုလှောင်လက်စွပ်များအား သီအိုဒိုးထံမှပြန်လည်ရယူရန် အလွန်နည်းပါးသောအခွင့်အရေးသာရှိ၍ အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။

သီအိုဒိုးအား လုပ်ကြံသတ်ဖြတ်ရန် မည်သူကမှသတ္တိမရှိကြပေ။မူလကလုပ်ကြံသူများသည် မှော်ဆရာများ၏အိပ်မက်ဆိုးများဖြစ်ကြသော်လည်း လုပ်ကြံသတ်ဖြတ်မှုသာမအောင်မြင်ပါက မှော်ဆရာ၏အမျက်ဒေါသကို ရပ်တန့်နိုင်မည်မဟုတ်ပေ။

သီအိုဒိုးကဲ့သို့မှော်သခင်တစ်ပါး၏ ခန္ဓာကိုယ်ပေါ်၌ အနည်းဆုံးအသက်ကယ်မှော်ပစ္စည်း ၄ခုမှ၅ခုထိ ရှိနေနိုင်ပြီး ဆဌမအဆင့်လုပ်ကြံသူ၏တိုက်ခိုက်မှု ၄ခုမှ၅ခုထိကိုခုခံနိုင်စွမ်းရှိမည်ဖြစ်သည်။ထို့ပြင် ဆဌမအဆင့်လုပ်ကြံသူအား သူတို့မည်သည့်နေရာမှသွားရောက်ရှာဖွေရမည်နည်း။ထို့ပြင် သီအိုဒိုး၏အနား၌ အစောင့်အကြပ်အဖြစ် အနည်းဆုံး ဆဌမအဆင့် သူရဲကောင်းသို့မဟုတ် လုပ်ကြံသူ၁၀ဦး သို့မဟုတ်ထိုထက်ပင်ပိုရှိနိုင်သည်။

ထို့ကြောင့် အရိပ်သည်လုပ်ဆောင်နိုင်စွမ်းကင်းမဲ့နေခဲ့သည်။ထိုအဘိုးအိုသည် ညိုမှိုင်းနေသောတိမ်တိုက်များက သူ၏ဦးခေါင်းပေါ်ရောက်ရှိနေ၍ ဒုက္ခရောက်နေပေရာ ရှောင်ယုကိုပင်အာရုံထဲထည့်မထားတော့ပေ။

...

...

ရှောင်ယုသည် အသေးစိတ်အချက်အလက်များကို မသိရှိသော်လည်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို မှန်းဆတွေးတောနိုင်ပေသည်။အရိပ်သည် သိုလှောင်လက်စွပ်များကိုလွဲပြောင်းပေးရန်အတွက် လျှို့ဝှက်ဆန်းကြယ်အင်အားစု၏တာဝန်ပေးခြင်းကိုခံရသော်လည်း အရိပ်သည်ရတနာကိုဆုံးရှံးခဲ့ရသည်။ထို့ကြောင့် အရိပ်သည်ထိုကိစ္စအတွက် တာဝန်ယူရမှာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်အင်အားစုကသူတို့အား ကြင်နာနေမည်မဟုတ်ပေ။

ရှောင်ယုသည် သိုလှောင်လက်စွပ်အနည်းငယ်ကိုသာ သိမ်းဆည်းထားခဲ့သည်ဟု အရိပ်ကခန့်မှန်းထားသည့်အတွက် သူတို့သည်ရှောင်ယုသိမ်းဆည်းထားသည့် သိုလှောင်လက်စွပ်အနည်းငယ်ကို ပြန်လည်ရယူရန်အလုပ်ရှုပ်မခံတော့ပေ။အမှန်တော့ ရှောင်ယုသည် သီအိုဒိုးအားလှည့်စားကာ သိုလှောင်လက်စွပ် ၄၀၀ခန့်ကိုနုတ်ယူထားမည်ဟု မည်သူကမှမယူဆခဲ့ကြပေ။

သီအိုဒိုး၏စိတ်နေစိတ်ထားသည် ကောင်းမွန်မှုမရှိကြောင်း လူတိုင်းသိရှိထားကြပြီး သူ့အားလှည့်စားခြင်းသည် သေလမ်းရှာသည်နှင့်အတူတူပင်ဖြစ်သည်။သို့သော်နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် သီအိုဒိုး၏စိတ်နေစိတ်ထားသည် အနည်းငယ်ပြောင်းလဲသွားကြောင်း သူတို့မသိခဲ့ကြပေ။ထို့ပြင် သူတို့သည်ရှောင်ယုကိုအလွန်ဂရုစိုက်သောကြောင့် ရူးသွပ်စွာမလုပ်ဆောင်ခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည်ကြီးကြီးမားမားအလျော့အတင်းပြုလုပ်ခဲ့သည်။

ညစာစားပြီးနောက်တွင် သီအိုဒိုးသည် ရှိုင်းယားမြို့၌နောက်ထပ်ရက်အနည်းငယ်ကြာအောင် ဆက်လက်နေထိုင်ခဲ့သည်။သူသည် လင်းမူရွယ်နှင့်မူဟန်တို့အား သင်ပြပေးပြီးနောက်တွင် ရှိုင်းယားမြို့၏မှော်အကယ်ဒမီသို့သွားရောက်ခဲ့သည်။အကယ်ဒမီ၏ဌာနမှူးဖြစ်သူသည် သီအိုဒိုး၏လမ်းညွန်မှုကိုရရှိခဲ့၍ သူတို့နှစ်ယောက်သည်ခင်မင်ရင်းနှီးမှုရှိကြသည်။ထိုသို့ဆောင်ရွက်ပြီးနောက်တွင် သီအိုဒိုးသည်ရှိုင်းယားမြို့မှထွက်ခွာသွားခဲ့သည်။

သီအိုဒိုးသည် မည်သည့်နေရာကိုသွားကြောင်း မည်သူမှမသိကြသော်လည်း မှော်အကယ်ဒမီ၏ဌာနမှူးက သီအ်ိုဒိုးသည် ဤတိုက်ကြီးနှင့်ပတ်သက်သည့် အကြီးစားကိစ္စတစ်ခုခုကိုဆောင်ရွက်နေကြောင်း အရိပ်အမြွက်ပြောခဲ့သည်။တစ်စုံတစ်ယောက်သည် ကြီးမားသောစွမ်းအားကိုပိုင်ဆိုင်လာသည်နှင့်အမျှ တာဝန်ပိုယူလာရသည်။သီအိုဒိုးသည် တိုက်ကြီး၏ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေရာ ဤတိုက်ကြီး၏လုံခြုံရေးအားထိန်းသိမ်းရန် တာဝန်ရှိလာခဲ့သည်။ထိုအရာသည် သတ်မှတ်မထားသည့်စည်းကမ်းတစ်ခုဖြစ်သည်။

အဆင့်မြင့်မှော်ဆရာအနည်းငယ်က လျှို့ဝှက်စွာလုပ်ဆောင်နေကြရာ မကြာမှီအချိန်အတွင်း ပရမ်းပတာဖြစ်ရပ်များဖြစ်ပွားတော့မည်ဟု လူများကခန့်မှန်းနေကြသည်။

...

...

နှိုင်းယှဉ်ကြည့်ရလျှင် ရှောင်ယုသည် သက်တောင့်သက်သာဖြင့်ဘဝကိုဖြတ်သန်းနေသူဖြစ်သည်။သူသည် လင်းစံအိမ်သို့ပြောင်းရွေ့တည်းခိုခဲ့ကာ လင်းမိသားစုမှမည်သူတစ်ဦးတစ်ယောက်ကမှ သု့အားနှိမ့်ချသောအကြည့်ဖြင့် မကြည့်ရဲကြပေ။လင်းမူရွယ်အား သီအိုဒိုး၏အမည်ခံတပည့်ဖြစ်ခွင့်ရရန် မည်သူကလုပ်ဆောင်ခဲ့သနည်း။ခြင်္သေ့နယ်မြေသည် ကျဆင်းနေလျှင်ပင် သီအိုဒိုးသည်အင်အားကြီးမားသောစစ်တပ်တစ်ခုနှင့်ညီမျှပေသည်။ထို့ပြင် ရှောင်ယု၏အပြောအဆိုနှင့်အပြုအမူများမှတဆင့် ခြင်္သေ့နယ်မြေသည်ကျဆင်းမှုမရှိသေးကြောင်း တွေ့မြင်နိုင်ပေသည်။နတ်မြင်းဖြူရှစ်ကောင်ဆွဲသော ရထားလုံးနှင့် အောစ့်များ၊နတ်သူငယ်ကိုယ်ရံတော်များသည် ရှေးခေတ်ကပင်မင်းမျိုးမင်းနွယ်မှူးမတ်များသာ အသုံးပြုနိုင်ခဲ့သည်။လက်ရှိအချိန်တွင်မူ ဤတိုက်ကြီး၌ထိုသို့အသုံးပြုနိုင်သူ မရှိသလောက်ရှားပါးနေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည် စတင်၍ပျင်းရိငြီးငွေ့လာခဲ့သည်။သီအိုဒိုးသည် လင်းမူရွယ်နှင့်မူဟန်တို့နှစ်ယောက်လုံးကို လမ်းညွန်ပြသပြီးနောက် သူမတို့နှစ်ယောက်လုံးသည် သူမတို့၏ခွန်အားကိုမြင့်တင်ရန်အတွက် တံခါးပိတ်ကာလေ့ကျင့်နေခဲ့ကြသည်။ထို့ကြောင့် ရှောင်ယုသည်လင်းစံအိမ်၌တစ်ကိုယ်တည်းကျန်ရစ်ခဲ့ရသည်။ထို့နောက် ရှောင်ယုသည်မြို့ထဲသို့လမ်းလျှောက်ထွက်ကာ သူ့အတွက်သင့်လျော်သောဓားတစ်လက်ကိုထုလုပ်နိုင်မယ့် နာမည်ကြီး ပန်းပဲဆရာကိုရှာဖွေခဲ့သည်။

ရှောင်ယုသည် ရှိင်းယားမြို့၏အကျော်ကြားဆုံးသော ပန်းပဲသမားကိုရှာဖွေကာ သူလိုချင်သောလက်နက်အကြောင်းကိုရှင်းပြ၍ ဂရင်း၏ဓားကိုပါထုတ်ပြခဲ့သည်။

"ဒီလက်နက်က ဒဏ္ဍာရီလာဓားဖြစ်တဲ့ ပြာမှုန်သယ်ဆောင်သူနဲ့ တော်တော်တူတာပဲ...မူရင်းဓားကပျောက်ဆုံးနေပေမဲ့ ဒီတိုက်ကြီးမှာအတုပြုလုပ်ထားတဲ့ဓားတွေအမြောက်အများရှိတယ်...မင်းသာကော်ပီကောင်းကောင်းလိုချင်ရင် လေလံရုံတွေကိုသွားကြည့်သင့်တယ်...ယုံကြည်မှုလေလံအိမ်ဟာဆိုရင် သခင်လာဂိုစ့်ထုလုပ်ထားတဲ့ ပြာမှုန်သယ်ဆောင်သူပုံတူကို လေလံတင်ရောင်းချမယ်လို့ သတင်းရထားတယ်"

ပန်းပဲဆရာက ရှောင်ယုအားအသေးစိတ်ရှင်းပြလိုက်သည်။

ရှောင်ယုသည် သတင်းအချက်အလက်မေးမြန်းရန် လေလံရုံသို့သွားရောက်ခဲ့ရာ အမှန်ပင်ပြာမှုန်သယ်ဆောင်သူပုံတူကို ရောင်းချမည်ဖြစ်ကြောင်းသိခဲ့ရသည်။ပြာမှုန်သယ်ဆောင်သူပုံတူသည် အလွန်ရှားပါးသောရွှေဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး မသေမျိုးသတ္တဝါများကိုသတ်ဖြတ်နိုင်စေရန်အတွက် ဓားပေါ်၌လေနှင့်အလင်းမှော်သင်္ကေတများကို ထွင်းထုထားခဲ့သည်။

ထို့ပြင် အစစ်အမှန်ပြာမှုန်သယ်ဆောင်သူနှင့် ပိုမိုတူညီစေရန်အတွက် ဓားကိုခုတ်ထစ်လိုက်ချိန်တွင် ပိုမ်ိုသွေးထွက်သံယိုဖြစ်ပေါ်စေရန် နောက်ထပ်မှော်သင်္ကေတအနည်းငယ်ကို ထပ်မံထည့်သွင်းထားသည်။ထို့ကြောင့် ပြာမှုန်သယ်ဆောင်သူပုံတူကိုဝယ်ယူရန်အတွက် ရှောင်ယုသည်နောက်ထပ်နှစ်ရက်အကြာတွင် ပြုလုပ်မယ့်လေလံပွဲသို့ဝင်ပါရန်ဆုံးဖြတ်ခဲ့သည်။

ရှောင်ယုသည် ဓားကိုဝယ်ယူလိုကြောင်း လင်းအောင်ထျန်းသိသွားသည်နှင့်တပြိုင်နက် ရှောင်ယုနှင့်အတူလေလံပွဲသို့သွားရောက်ခဲ့သည်။လေလံပွဲ၌ လေလံဆွဲသူဖြစ်စေ လေလံတင်သူဖြစ်စေ လင်းမိသားစုအား ရိုသေမှုပြရမည်ဖြစ်သည်။ယခုအချိန်တွင် လင်းအောင်ထျန်း၏အာဏာသည် လန်ကတ်စကာမဟာမြို့စားဖြစ်သူ ပန်ချတ်၏အောက်တွင်သာရှိသည်။

ရှောင်ယုသည် လေလံပွဲသို့ရောက်ရှိချိန်တွင် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ပြာမှုန်သယ်ဆောင်သူသည် ပုံတူဖြစ်ကြောင်းသိထားသော်လည်း သူသည်ဓားကိုစောင့်မျှော်နေခဲ့သည်။

အခန်း ၁၅၈ - လေလံပွဲစတင်ခြင်း

ရှောင်ယုသည် ထိုနေရာသို့ရောက်သည်နှင့် လေလံခန်းမ၏တာဝန်ရှိသူများက အထူးသင်္ကေတစ်ခုအား ပေးအပ်လာခဲ့သည်။ဤနေရာတွင် စွမ်းအားသည် အထူးအဆင့်အတန်းကိုဖော်ဆောင်နေခဲ့သည်။သူတို့၏အခန်းတွင် ဇိမ်ခံဟော်တယ်၏အခန်းတစ်ခုကဲ့သို့ အပန်းဖြေရန်ပရိဘောဂမျိုးစုံနှင့်စားသောက်ရန်အတွက် စားသောက်ဖွယ်ရာအမျိုးမျိုးခင်းကျင်းထားခဲ့သည်။ရှောင်ယုသည် လေလံပွဲကျင်းပရာ စင်မြင့်ကိုတစ်ချက်ကြည့်လိုက်ရင်း ဝိုင်နီကိုမော့သောက်လိုက်သည်။ခန်းမအတွင်း၌ လူများပြည့်ကျပ်နေပြီး အလယ်၌စားပွဲအကြီးကြီးတစ်ခုရှိနေပေသည်။ရှောင်ယုသည် သူ့ထံ၌ ပစ္စည်းကောင်းလေးများ ရှိနေသည်ဟု သတိရလိုက်၍ လေလံတင်ကာ ရွှေပြားအနည်းငယ်လဲလှယ်ထားရန် ဆုံးဖြတ်လိုက်သည်။သူ့ထံတွင် ငွေကြေးပိုင်းအရ စိတ်ပူစရာမရှိသော်လည်း ငွေအလွန်အကျွံအသုံးမပြုလိုပေ။

"မဟာမြို့စားက ဘယ်ပစ္စည်းကိုရောင်းချင်တာလဲမသိဘူး..."

တာဝန်ရှိသူတစ်ယောက်က ရှောင်ယုအားလာရောက်မေးမြန်းခဲ့သည်။

ရှောင်ယုသည် ခဏလောက်စဉ်းစားလိုက်ကာ ပြန်ဖြေလိုက်သည်။

"သူရဲကောင်းတွေအတွက် တိုက်ပွဲဝင်ချပ်ဝတ်...မှော်ဆရာတွေအတွက်ရှေးဟောင်းချပ်ဝတ်နဲ့ လုပ်ကြံသူတွေအတွက် ညသတ်ဖြတ်သူချပ်ဝတ်တွေတော့ရှိတယ်...အဲ့ဒါတွေကို မင်းတို့ဆီမှာလေလံတင်လို့ရလား"

တာဝန်ရှိသူက ရှောင်ယု၏စကားကိုနားထောင်ပြီး အဖြေပေးလိုက်သည်။

"ရပါတယ်...မြို့စားပြောခဲ့တာတွေက ငါတို့ဆီမှာအကျော်ကြားဆုံးသံချပ်ကာတွေပဲ...သူတို့ရဲ့စျေးနှုန်းက တော်တော်မြင့်တယ်"

"ဟုတ်ပြီကွ..."

ရှောင်ယုသည် သူ့စိတ်ထဲတွင်တိုးတိုးလေးရေရွတ်မိလိုက်သည်။

"ငါဒီနေ့ရောင်းလို့ရလား..."

ရှောင်ယုသည် ယခုအချိန်တွင် အဆင့်၁ချပ်ဝတ်တန်ဆာများသည် မည်မျှထိတန်ဖိုးရှိကြောင်းသိချင်နေမိသည်။သူ၏သူရဲကောင်းများအဆင့်တက်သွားပါက သူသည်အဆင့်၂နှင့်အဆင့်၃ချပ်ဝတ်တန်ဆာများကို ရရှိလာမည်ဖြစ်သည်အတွက်ကြောင့် သူသည်၎င်းတို့အားဂရုမစိုက်တော့ပေ။

"ငါက မြို့စားရဲ့ပစ္စည်းတွေကို အကဲဖြတ်စစ်ဆေးဖို့အတွက် အကဲဖြတ်တစ်ယောက်ကိုချက်ချင်းခေါ်ပေးပါမယ်..."

တာဝန်ခံကအမြန်ဆုံးပြန်ဖြေလိုက်သည်။ရှေးဟောင်းချပ်ဝတ်များသည် အလွန်ပင်အဖိုးတန်သည့်အတွက်ကြောင့် ၎င်းတို့အားစုဆောင်းခြင်းသို့မဟုတ် နေ့စဉ်နေ့တိုင်းလေ့ကျင့်ရာ၌အသုံးပြုနိုင်သည်။ထိုသို့သောသံချပ်ကာများသည် လေလံပွဲများ၏အဖိုးအတန်ဆုံးသော ပစ္စည်းများဖြစ်ကြသည်။

ခဏအကြာတွင် မုတ်ဆိတ်ဖြူနေသောအဘိုးကြီးတစ်ယောက်က ရှောင်ယုအားတွေ့ဆုံရန် ရောက်ရှိလာခဲ့သည်။

"မြို့စားရဲ့ချပ်ဝတ်တန်ဆာကို စစ်ဆေးကြည့်လို့ရမလား"

ရှောင်ယုက ခေါင်းညိတ်ကာချက်ချင်းခွင့်ပြုပေးလိုက်သည်။

"မြို့စားရဲ့ချပ်ဝတ်တန်ဆာတွေက ဘယ်လိုအမျိုးအစားတွေလဲ...."

"ငါ့ကိုပိုက်ဆံအများဆုံးရနိုင်မယ့် အမျိုးအစားကိုပြော...ငါ့ဆီမှာအမျိုးအစားအကုန်ရတယ်..."

ရှောင်ယုက အထက်စီးဆန်သောလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယု၏စကားကိုကြားချိန်တွင် အဘိုးအိုသည် ပြုံးမိသွားကာ မျက်ခုံးပင့်လိုက်မိသည်။

"မြို့စားက နဂါးတစ်ကောင်ကိုလုယက်ခဲ့တာလား"

"ဒီမှာစျေးအကြီးဆုံးကတော့ မှော်ဆရာတွေအတွက် ချပ်ဝတ်တန်ဆာတွေပဲ...ရှေးဟောင်းချပ်ဝတ်တန်ဆာက မှော်ဆရာတွေရဲ့စွမ်းအားကို ကောင်းကောင်းတိုးပေးနိုင်တယ်....သူတို့က ငါတို့ရဲ့ဖောက်သည်တွေထဲက အချမ်းသာဆုံးတွေပဲဝယ်နိုင်တဲ့အမျိုးအစားပဲ"

ရှောင်ယုသည် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။သို့သော်လည်း သူသည် ဤမတိုင်မှီက လင်းမူရွယ်၊သီအိုဒိုးနှင့်မူဟန်တို့အား ရှေးဟောင်းချပ်ဝတ်တစ်ခုစီပေးအပ်ခဲ့ရာ သူ့ထံတွင်အမြောက်အများမကျန်တော့ပေ။

"ငါ့ဆီမှာ ရှေးဟောင်းချပ်ဝတ်တစ်ခုပဲကျန်တော့တယ်...ဒါ့အပြင်စစ်သည်တော်တွေအတွက် တိုက်ပွဲဝင်ချပ်ဝတ်နဲ့ လုပ်ကြံသူတွေအတွက် ညသတ်ဖြတ်သူချပ်ဝတ်ကိုပါထည့်ပေါင်းပေးမယ်...ဘယ်လောက်တန်ဖိုးပေးနိုင်လဲ..."

ရှောင်ယုသည် သူ၏သိုလှောင်လက်စွပ်ကိုတစ်ချက်ပွတ်သပ်လိုက်ရာ ချပ်ဝတ်အစုံ၃ခုသည် လေထုထဲ၌ထွက်ပေါ်လာခဲ့သည်။

ဤကဲ့သို့သောနေရာများတွင် သိုလှောင်လက်စွပ်အားအသုံးပြုရသည်မှာ လွန်စွာအဆင်ပြေပေသည်။

အဘိုးအိုသည် ချပ်ဝတ်များကိုမျက်တောင်မခတ် စိုက်ကြည့်ရင်း တိုးတိုးလေးရေရွတ်မိလိုက်သည်။

"သူကသာမန်ဝတ်စုံတွေအကြောင်း ပြောနေသလိုပါဘဲလား..သူ့ဆီမှာဘာလို့ရှေးဟောင်းချပ်ဝတ်တွေ အဲလောက်များနေရတာလဲ..."

အကယ်၍ရှောင်ယုကသာ ချပ်ဝတ်တစ်ခုကိုသာထုတ်ယူခဲ့ပါက ၎င်းတို့သည်အစစ်အမှန်ဖြစ်သည်ဟု သူယူဆမိမှာဖြစ်သည်။သို့သော်လည်း ရှောင်ယုသည်ချပ်ဝတ်၃ခုကို တပြိုင်တည်းထုတ်ယူလိုက်ချိန်တွင် ထိုချပ်ဝတ်များသည် အတုဖြစ်နိုင်သည်ဟု သူယုံကြည်သွားခဲ့သည်။ရှေးဟောင်းချပ်ဝတ်တန်ဆာများသည် အလွန်ရှားပါးလေရာ ဤတိုက်ကြီးတစ်ခုလုံး၌ပင် အများအပြားမရှိခဲ့ပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် အဘိုးအို၏မျက်လုံးများသည် ကျွတ်ထွက်မတတ်ပြူးကျယ်သွားခဲ့သည်။

"ဒါက တကယ့်ရှေးဟောင်းချပ်ဝတ်တန်ဆာပဲ..."

အဘိုးအိုသည် မှော်ဆရာတစ်ယောက်မဟုတ်သော်လည်း အကြည့်တစ်ချက်ဖြင့်ပင် အတုနှင့်အစစ်ကိုခွဲခြားသိမြင်နိုင်သည်။

"အတုဖြစ်ရင် ငါကဘာလို့အချိန်ကုန်ခံပြီး ထုတ်ပေးနေဦးမှာလဲ...ဒါတွေကဘယ်လောက်ထိရနိုင်မလဲ..."

ရှောင်ယုကမေးမြန်းလိုက်သည်။

"ဒါ...မှော်ဆရာအတွက်ရှေးဟောင်းချပ်ဝတ်တန်ဆာက အနည်းဆုံးရွှေပြား၁သန်းကျော်ရနိုင်တယ်....အဲ့ဒါကစျေးအကြီးဆုံးဖြစ်လိမ့်မယ်..."

အဘိုးအိုကပြန်ဖြေလိုက်သည်။ရှေးဟောင်းချပ်ဝတ်တန်ဆာသည် ရှားပါးလေရာ လက်ရှိခေတ်တွင် ၎င်းကိုပုံတူပွားထားသော ချပ်ဝတ်ကိရိယာများစွာရှိနေခဲ့သည်။

အဘိုးအိုသည် ရှေးဟောင်းချပ်ဝတ်တန်ဆာ အစစ်ကိုစစ်ဆေးရင်း သူ၏လက်များတုန်ရီလာခဲ့သည်။ဤမြို့စားလေးသည် မည်သည့်အခါမှ ရှေးဟောင်းချပ်ဝတ်တန်ဆာများကို ရရှိခဲ့သနည်း။သူသည်အမှန်တကယ်ပင် နဂါးတစ်ကောင်ကိုလုယက်ခဲ့သည်လား...

"ဒီ၃ခုလုံးအတွက်ဆိုရင်ကော ဘယ်လောက်ရနိုင်လဲ"

ရှောင်ယုသည် သူ၏လက်ချောင်းများကို စားပွဲပေါ်၌တဒေါက်ဒေါက်ခေါက်ရင်း မေးမြန်းလိုက်သည်။

"ကျန်တဲ့နှစ်စုံက ရှေးဟောင်းချပ်ဝတ်တန်ဆာလောက်မကောင်းပေမဲ့ နှစ်ခုလုံးအတွက်ရွှေပြား၂သန်းလောက်တော့ ရနိုင်သေးတယ်"

အဘိုးအိုက ချက်ချင်းပြန်ဖြေလိုက်သည်။

ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဒီနေ့လေလံပွဲမှာ သူတို့ကိုရောင်းလို့ရအောင် ကူညီပေးနိုင်မလား"

အဘိုးအိုကချပ်ဝတ်တန်ဆာ၃ခုလုံးကို ကောက်ကိုင်ထားရင်းခေါင်းညိတ်ပြလိုက်သည်။

"ချပ်ဝတ်တန်ဆာတွေကိုဝယ်ယူဖို့ ကမ္မကုသလိုလ်မှတ်တွေသုံးရတာ တော်တော်ကံမကောင်းတာပဲ...အဲလိုမှမဟုတ်ရင် ငါကဒီကမ္ဘာမှာအချမ်းသာဆုံးဖြစ်လာလိမ့်မယ်...စနစ်ရေချပ်ဝတ်တန်ဆာတွေကို ဝယ်ယူတဲ့နေရာမှာကန့်သတ်ချက်တွေကော ရှိသေးလား"

ရှောင်ယုက စနစ်အားမေးမြန်းကြည့်လိုက်သည်။

လက်ရှိအချိန်တွင် ရှောင်ယုသည်အခြေစိုက်စခန်းတစ်ခုစီအတွက် အဆင့်၁အစုံတန်ဆာ ၅၀စီကိုအများဆုံးဝယ်ယူနိုင်ခဲ့သည်။

"အမြဲလိုလိုကန့်သတ်ချက်ဆိုတာရှိတယ်..."

ထိုစနစ်သည် သူ့အားမည်သည့်အခါမှ အလျော့ပေးမည်မဟုတ်ကြောင်း ရှောင်ယုကျင့်သားရနေပြီဖြစ်သည်။အဘယ်ကြောင့်ဆိုသော် မဝေးလှသည့်အနာဂတ်ကာလ၌ ပရမ်းတာစစ်ပွဲများက အနှေးနှင့်အမြန်ဖြစ်ပေါ်လာမည်ဖြစ်သည်။ရွှေပြားများသည် ယခုအချိန်၌အရေးပါနေသော်လည်း စစ်ပွဲဟူသည် ပြန်လမ်းမရှိသောအရာဖြစ်ပေသည်။သို့ဖြစ်ရာ ရှောင်ယုသည် အဆင့်၁ချပ်ဝတ်တန်ဆာများကို ရောင်းချခြင်းကိုရှောင်ကြဉ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ရှောင်ယုထံတွင် ငွေရှာရန်အတွက် အခြားနည်းလမ်းများစွာပိုင်ဆိုင်ထားပေသည်။

ထို့ပြင် မှော်ဆရာများသည် ပြုစုပျိုးထောင်ရန်အတွက် အကုန်အကျအများဆုံးသော လူများဖြစ်ကြောင်းရှောင်ယုနားလည်ပေသည်။သူတို့၏ခွန်အားသည်လည်း အခြားသူများထက် များစွာပိုအားကောင်းပေသည်။ရှောင်ယုသည် သီအိုဒိုးတစ်ယောက် ဆဌမအဆင့်မှော်ဆရာအဖြစ်သို့ရောက်ရှိရန် အသုံးပြုခဲ့ရသော ငွေကြေးပမာဏက်ိုမေးမြန်းခဲ့သည်။အဖြေမှာ သူအသုံးပြုခဲ့သောရွှေပြားပမာဏသည် တိုက်ကြီးတစ်ခါလုံးရှိ သာမန်လူမျာအားလုံးးပေးဆောင်ရသော အခွန်ပမာဏ၏ နှစ်နှစ်စာဖြစ်သည်။ထိုအရာသည် ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့်ပမာဏပင်ဖြစ်သည်။

ခြင်္သေ့နယ်မြေသည် အပေါ်ယံတွင်အလွန်ချမ်းသာကြွယ်ဝနေဟန်ရှိသော်လည်း မဟာမြို့စားပြည်နယ်များနှင့် အလွန်ကွာခြားလှပေသည်။လန်ကန်စတာပြည်နယ်၏ နှစ်စဉ်အခွန်ဝင်ငွေမှာ ရွှေပြား၁၀သန်းကျော်ရှိပေသည်။ထိုအရာသည် ရှောင်ယု၏ပိုင်ဆိုင်မှုအားလုံးထက် ပိုများပေသည်။လန်ကန်စတာပြည်နယ်သည် သူတို့၏အထွေထွေအသုံးစရိတ်အတွက် ခြင်္သေ့နယ်မြေကအသုံးပြုသည်ထက်ပိုမိုသော ရွှေပြားပမာဏကို မှော်အကယ်ဒမီ၌နှစ်စဉ်ရင်းနှီးမြုပ်နှံနေရသည်။

ယခုအခါ ကာရီအားဖြေရှင်းခြင်းသည် ပြဿနာတစ်ခုမဟုတ်ကြောင်း ရှောင်ယုသိရှိပေသည်။သို့သော်လည်း ဝေပြည်နယ်အားအချိန်တိုအတွင်း သိမ်းပိုက်နိုင်ရန်အလွန်ခဲယဉ်းပေလိမ့်မည်။ဝေပြည်နယ်တွင် ကာရီ၏အဖေဖြစ်သူအမိန့်ပေးနိုင်စွမ်းမရှိသော အဆင့်မြင့်မှော်ဆရာများစွာရှိသည်။မှော်ဆရာများကိုလေ့ကျင့်ပေးရခြင်းသည် အလွန်အကုန်အကျများပြီး ဝေပြည်နယ်၌ပင် တတိယအဆင့်မှော်ဆရာအနည်းငယ်သာရှိသည်ဟု ဆိုကြသည်။သူတို့သည် တိုက်ပွဲကြီးများတွင် ခေတ်မီစစ်လက်နက်များနှင့် အတူတူပင်ဖြစ်သည်။ရှောင်ယုထံတွင်ဘအန်တိုနီဒက်စ်ကိုပိုင်ဆိုင်ထားသော်လည်း သာမန်အားဖြင့်သူ၏စွမ်းအားသည် အားနည်းလွန်းလှပေသည်။

သို့သော် သူ့၌ငွေကြေးအလုံအလောက်ရှိပါက မှော်ဆရာအုပ်စုကိုပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင်မှော်ဆရာတစ်ယောက်ဖြစ်သော ဇနီးလောင်းတစ်ယောက်ရှိကာ လိုလီတာလေးမူဟန်ကလည်း မှော်ဆရာများဖြစ်သည်။သူမတို့နှစ်ယောက်သည် ဒုတိယအဆင့်မှော်ဆရာများဖြစ်ကာ သီအိုဒိုး၏လမ်းညွန်မှုကိုရရှိပြီးနောက် ဆယ်စုနှစ်အတွင်း တတိယအဆင့်သို့ဖြတ်ကျော်နိုင်မှာဖြစ်သည်။တတိယအဆင့်မှော်ဆရာသည် စစ်မြေပြင်၌ကြောက်မက်ဖွယ်ရာတည်ရှိမှုဖြစ်သည်။

ရှောင်ယုသည် လေလံပွဲစတင်ချိန်အထိ ထိုပြဿနာကိုစဉ်းစားနေခဲ့သည်။

လှပသောအမျိုးသမီးတစ်ဦးသည် ကြီးမားသောစားပွဲဘေးတွင် မတ်တပ်ရပ်ကာ သံတူဖြင့်စားပွဲကိုခေါက်လိုက်ပြီး လူတိုင်းရဲ့အာရုံကိုဆွဲဆောင်လိုက်သည်။

"ဧည့်သည်တော်တို့ ငါတို့ရဲ့လေလံအိမ်ကို လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်...ယနေ့လေလံပွဲမှာတော့ မထင်မှတ်ထားတဲ့ လေလံပစ္စည်းအနည်းငယ်ပါဝင်ပါမယ်...ငါမင်းရဲ့အချိန်တွေကိုအလဟဿ မဖြုန်းတီးတော့ပါဘူး...ပထမဆုံးလေလံတင်ရောင်းချမယ့်ပစ္စည်းကတော့ လေမှော်သင်္ကေတတွေနဲ့ ရေးထွင်းထားတဲ့ မှော်ဓားတစ်လက်ဖြစ်တယ်...ကြမ်းခင်းစျေးကတော့ရွှေပြား၅၀၀၀၀"

အခန်း ၁၅၉ - ပြာမှုန်သယ်ဆောင်သူအားလေလံဆွဲခြင်း

မှော်ဓားတစ်ချောင်းသည် ရွှေပြား၅၀၀၀၀ အနည်းဆုံးတန်ဖိုးရှိပေသည်။ထိုပမာဏသည် မှော်ဆရာတစ်ယောက်အတွက် မထိုက်တန်သော်လည်း သူရဲကောင်းတစ်ယောက်အတွက် စစ်မြေပြင်၌သူ၏ခွန်အားကိုတိုးလာစေသည်။ရှောင်ယုသည် ဓားကိုတစ်ချက်ကြည့်လိုက်မိသည်။အမှန်တော့သူသည် လင်းယုန်စခန်းမှအလားတူမှော်ဓားမျိုးနှင့် ရတနာအမြောက်အများကိုသိမ်းဆည်းရရှိခဲ့သည်။ထို့ပြင် သူသည် ထိုဓားထက်ပင် အဖိုးတန်သောအရာအချို့ကိုလုယက်ခဲ့ရသည်။မည်သို့ပင်ဆိုစေကာမူ ခြင်္သေ့နယ်မြေ၏အခြေအနေသည်၎င်းတို့၏ နှစ်ရှည်များစွာ စုဆောင်းမှု့တို့ကြောင့် ကြွယ်ဝချမ်းသာနေသော ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုနိမ့်ကျပေသည်။လမ်းကြောင်းသည် တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာကာ တိုးတက်နေသ၍ ခြင်္သေ့နယ်မြေသည် ကြီးထွားလာမည် ဖြစ်သည်။

ရှောင်ယုသည် သီးသန့်အခန်းထဲတွင်ထိုင်နေရင်း လေလံပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေခဲ့သည်။သူသည် မိန်းကလေးများကြိုက်နှစ်သက်မယ့် လက်ဝတ်ရတနာများနှင့်အခြားပစ္စည်းများကို ကြုံတွေ့ခဲ့ရပြီး လင်းမူရွယ်အားလက်ဆောင်ပေးရန်ပင် စဉ်းစားမိခဲ့သည်။ယခုအခါသူ့ထံတွင် စေ့စပ်ထားသူရှိနေသောကြောင့် သူမအတွက်ပါထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

တစ်နာရီခန့်အကြာတွင် လေလံတင်သူသည် စိတ်လှုပ်ရှားစွာဖြင့်ကြေငြာလိုက်သည်၊

"ဒီနေ့တော့ အရမ်းရှားပါးတဲ့ပစ္စည်းတွေကို လေလံတင်ပါမယ်...ရှေးဟောင်းချပ်ဝတ်တွေက အရမ်းကိုရှားပါးတယ်ဆိုတာ လူတိုင်းသိလောက်ပါတယ်...ရှေးခေတ်တုန်းကမရေမတွက်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေမွေးဖွားလာပြီး မရေမတွက်နိုင်တဲ့ရတနာများကို ချန်ထားခဲ့ပြီး...ယနေ့ခေတ်မှာတော့ အဲ့ခေတ်ကလက်နက်ချပ်ဝတ်တွေကို အတုပြုလုပ်ဖို့ ငါတို့အတွက်အရမ်းကိုခက်ခဲလွန်းတယ်...သူရဲကောင်းတစ်ယောက်အတွက် အရေးအကြီးဆုံးအရာကဘာလဲ...လက်နက်တွေနဲ့ချပ်ဝတ်တွေပဲ...ဒီနေ့မှာတော့ ငါတို့ဟာရှေးဟောင်းခေတ်ရဲ့ ရှားပါးတဲ့ ချပ်ဝတ်သုံးစုံကိုလေလံတင်ရောင်းချခွင့်ရလို့ ဂုဏ်ယူမိပါတယ်...ငါပြောတာမမှားပါဘူး..ဒီနေ့ငါတို့ကရှေးခေတ်ဟောင်းရဲ့ ချပ်ဝတ်၃စုံက်ိုလေလံတင်မှာပါ"

လေလံတင်သူမိန်းကလေးသည် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ရင်ဘတ်ပင်ပြည့်ကျပ်နေသလို ခံစားလာရသည်။

"ဒီနေ့ လေလံတင်မယ့်ချပ်ဝတ်တွေကတော့ သူရဲကောင်းတွေအတွက် တိုက်ပွဲဝင်ချပ်ဝတ်...လုပ်ကြံသူတွေအတွက် ညသတ်ဖြတ်သူချပ်ဝတ်နဲ့ မှော်ဆရာတွေအတွက် ရှေးဟောင်းချပ်ဝတ်တွေပဲ...."

မိန်းကလေးသည် ရှေးဟောင်းချပ်ဝတ်၃ခု၏အမည်ကို ကြေငြာလိုက်သောအခါ လေလံအိမ်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ထိုချပ်ဝတ်တန်ဆာများသည် မည်မျှအရေးပါကြောင်း လူတိုင်းသိရှိကြသည်။

မိသားစု၏စုဆောင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရှေးဟောင်းချပ်ဝတ်တန်ဆာအစိတ်အပိုင်းများကို စုဆောင်းထားသူ အများအပြားရှိပေသည်။သို့သော် ချပ်ဝတ်တန်ဆာအစုံအလင်သည် အလွန်ရှားပါးလွန်းလှပေသည်။ယနေ့တွင်မူ လေလံအိမ်၌ချပ်ဝတ်အစုံ၃ခုတိတိပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။လူတိုင်းသည် စိတ်လှုပ်ရှားသွားကြပြီး ထိုချပ်ဝတ်များကိုကြည့်ရှုရန်အတွက် လေလံပွဲစင်မြင့်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။

ချပ်ဝတ်၃စုံလုံးအား တစ်ခုပြီးတစ်ခုယူဆောင်ထုတ်ပြလာရန် အချိန်သိပ်မကြာလိုက်ပေ။ရှောင်ယုသည် သီးသန့်အခန်းထဲတွင်ထိုင်နေကာ လေလံပွဲတာဝန်ရှိသူများက ချပ်ဝတ်များအားထုတ်ပြနေပုံကို စောင့်ကြည့်နေခဲ့သည်၊

သူရဲကောင်းများအတွက် တိုက်ပွဲချပ်ဝတ်ကို ပထမဆုံးအနေဖြင့်လေလံတင်ခဲ့သည်။တိုက်ပွဲချပ်ဝတ်၏ ကြမ်းခင်းစျေးကို ရွှေပြား၅၀၀၀၀၀သတ်မှတ်ခဲ့သည်။ရွှေပြား၅၀၀၀၀၀ဟူသော ပမာဏသည်အလွန်များပြားလှသည့်အတွက်ကြောင့် ဤကဲ့သို့စျေးကြီးသောချပ်ဝတ်တန်ဆာအား ဝတ်ဆင်ရန်တတ်နိုင်သူအနည်းငယ်သာရှိပေသည်။

"၅၅၀၀၀၀"

တစ်စုံတစ်ယောက်က စတင်စျေးပေးလိုက်သည်။

"၆၀၀၀၀၀"

"၆၅၀၀၀၀"

...

...

လေလံကြေးသည် တဖြည်းဖြည်းမြင့်တက်လာပြီးနောက် ရွှေပြား၈၀၀၀၀၀ထိရောက်ရှိလာချိန်တွင် စတင်နှေးကွေးလာခဲ့သည်။

ထို့နောက်လူတစ်ယောက်က ရွှေပြား၉၀၀၀၀၀အထိ စျေးပေးလာခဲ့သည်။

ထိုအခိုက်အတန့်တွင် လေလံဆွဲသူ၏မျက်နှာကို လူအများကလှည့်ကြည့်လိုက်ကြသည်။

"၉၀၀၀၀၀ တစ်ခါ..."

မိန်းကလေးက ပြုံးလိုက်ပြီး စတင်အော်ဟစ်လိုက်သည်။

"ရွှေပြား၁သန်း..."

နောက်ထပ်တစ်ယောက်က ဝင်ရောက်စျေးပေးလိုက်သည်။

လူတိုင်းသည် စျေးပေးသူကိုလှည့်ကြည့်လိုက်ကြရာ ထွားကျိုင်းသန်မာသောအဘိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုအဘိုးကြီး၏လက္ခဏာကို သိရှိသူများက "ဗိုလ်ချုပ်ထန်ဟူ"ဟုတိုးတိုးလေးရေရွတ်လိုက်ကြသည်။

"အဲ့ဒီချပ်ဝတ်တန်ဆာကို သူပဲထိုက်ထိုက်တန်တန်ပိုင်ဆိုင်နိုင်လိမ့်မယ်..."

လူတိုင်းက ခပ်တိုးတိုးပြောဆိုနေကြသော်လည်း မည်သူကမှနောက်ထပ်စျေးတိုးပေးမှု မလုပ်ခဲ့ကြပေ။ဤသို့ဖြင့် စစ်သူကြီးသည်တိုက်ပွဲဝင်ချပ်ဝတ်ကို ဝယ်ယူနိုင်ခဲ့သည်။လေလံပွဲကိုဆက်လက်ကျင်းပခဲ့ပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားတစ်ဦးက ညသတ်ဖြတ်သူချပ်ဝတ်ကို ရွှေပြား၁သန်းဖြင့်ဝယ်ယူခဲ့သည်။ရှေးဟောင်းချပ်ဝတ်ကိုမူ ချမ်းသာသောမိသားစုမှ ဖြစ်ပုံရသောလူငယ်တစ်ဦးက ရွှေပြား၁သန်းခွဲဖြင့်လေလံအောင်သွားခဲ့သည်။

အဆုံးသတ်တွင် ချပ်ဝတ်တန်ဆာ၃စုံအားလုံးအား ရွှေပြား၃သန်းခွဲဖြင့်ရောင်းထွက်သွားခဲ့သည်။ရှောင်ယုသည် ရွှေပြားပမာဏကို စိတ်ပူစရာမလိုတော့သောကြောင့် သက်တောင့်သက်သာဖြစ်နေခဲ့သည်။လေလံပွဲကိုဆက်လက်ကျင်းပနေခဲ့သော်လည်း ရှောင်ယုကလေလံဝင်မဆွဲခဲ့ပေ။လေလံတင်နေသောပစ္စည်းများကို သူစိတ်ဝင်စားခြင်းမရှိတော့ချေ။

ပြာမှုန်သယ်ဆောင်သူသည် လေလံတင်ရမယ့်နောက်ဆုံးပစ္စည်းဖြစ်သည်။ဓားကိုပုံတူကူးထားခြင်းဖြစ်သော်လည်း အစောင့်အကြပ်အထူဆုံးချထားသော ပစ္စည်းဖြစ်သည်။မာစလာလာဂိုစ့်သည် နာမည်ကျော်ပန်းပဲဆရာတစ်ယောက်ဖြစ်၍ ဒဏ္ဍာရီလာဓားအစစ်မဟုတ်လျှင်တောင်မှ ၎င်းသည်အလွန်အစွမ်းထက်သောလက်နက်တစ်ခုဖြစ်နေဆဲဖြစ်သည်။ပြာမှုန်သယ်ဆောင်သူအား စင်ပေါ်သို့တင်လာချိန်တွင် ရှောင်ယုက မျက်တောင်မခတ်စိုက်ကြည့်လိုက်သည်။၎င်းသည် ဂိမ်းထဲတွင်သူတွေ့ခဲ့ဖူးသည့်အတိုင်း ကြီးစိုးချယ်လှယ်နိုင်ကာ ခမ်းနားသည့်ဓားတစ်လက်ဖြစ်သည်။၎င်းသည် အန္တိမခုတ်ပိုင်းချက်အားထုတ်ဖော်ရန်အတွက် အသင့်တော်ဆုံးသောလက်နက်လည်းဖြစ်သည်။ပြာမှုန်သယ်ဆောင်သူအား ကိုင်ဆောင်ကာတိုက်ခိုက်လိုက်ပါက အန္တိမခုတ်ပိုင်းချက်၏ အဖျက်စွမ်းအားကို နှစ်ဆတိုးစေနိုင်သည်။

"ဒါက ဆရာကြီးလာဂိုစ့်ကိုယ်တိုင်ထုလုပ်ထားတဲ့ ဒဏ္ဍာရီလာပြာမှုန်သယ်ဆောင်သူဓားရဲ့ ပုံတူပဲ...ဒါကိုအတုထုလုပ်ထားပေမဲ့ စွမ်းအားနဲ့အရည်အသွေးက အစစ်နဲ့တောင်သိပ်မခြားဘူး..ဒါ့အပြင်အခြားအပိုဆောင်း အကျိုးသက်ရောက်မှုတွေလည်းရှိတယ်...အလားအလာရှိတဲ့သူရဲကောင်းတွေက ဒီရွှေအခွင့်အရေးကိုလက်လွတ်မခံသင့်ဘူး..ကြမ်းခင်းစျေးကတော့ ရွှေပြား၂သန်းဖြစ်တယ်.."

လေလံတင်သူက ကြေငြာလိုက်သည်။

ဒဏ္ဍာရီလာလက်နက်တစ်ခု၏ ပုံတူဖြစ်သောကြောင့် စိတ်အားထက်သန်စွာ လေလံဆွဲမှုများဆက်တ်ိုက်ပျံ့နှံ့လာခဲ့သည်။

"၂.၁သန်း..."

"၂.၂သန်း..."

ဤသို့သောအစွမ်းထက်သည့် လက်နက်မျိုးကို လူအများကစိတ်ဝင်စားကြသည့်အတွက်ကြောင့် လေလံကြေးကဆက်တိုက်မြင့်တက်လာခဲ့သည်။ဤကမ္ဘာကြီးပေါ်၌ အမြောက်တပ်များမရှိကြပေ။သို့သော်လည်း ဤကဲ့သို့အစွမ်းထက်သော မှော်လက်နက်များသည် ဘဇူကာလောင်ချာများနှင့် ဒုံးပျံများနှင့်တူညီပေသည်။ပြာမှုန်သယ်ဆောင်သူသည် မည်သည့်ချပ်ဝတ်တန်ဆာကိုမဆို အလွယ်တကူဖြတ်နိုင်စွမ်းရှိသည်။သို့မဟုတ် မြို့တံခါးပေါက်များကိုပင်ထိုးဖောက်နိုင်စွမ်းရှိသည်။ထို့ကြောင့် ဤသို့သောလက်နက်မျိုးအား ရွှေပြားသန်းပေါင်းများစွာပေးချေရသည်မှာ ပေးရကျိုးနပ်ပေသည်။

ရှောင်ယုသည် အစောပိုင်းအဆင့်၌ လေလံဆွဲသူများ လျော့ကျသွားစေရန်အတွက် စောင့်ဆိုင်းနေခဲ့သည်။

ပြာမှုန်သယ်ဆောင်သူ၏စျေးနှုန်းသည် ခဏအကြာတွင်ရွှေပြား၄သန်းအထိရောက်ရှိလာခဲ့ပြီး လေလံဆွဲသူအများစုသည်လည်း စတင်တွန့်ဆုတ်လာကြသည်။ရွှေပြား၄သန်းဟူသောပမာဏသည် ပြာမှုန်သယ်ဆောင်သူကဲ့သို့အစွမ်းထက်လက်နက်တစ်ခုအတွက် အလွန်မြင့်မားသောစျေးနှုန်းဖြစ်သည်။ထိုရွှေပြားပမာဏဖြင့် အမာခံခြေလျင်တပ်သားထောင်ချီကို လေ့ကျင့်ပျိုးထောင်ပေးရာတွင် အသုံးပြနိုင်ပေသည်။ထို့ကြောင့် လေလံဆွဲမယ့်သူများသည် အားနည်းချက် အားသာချက်များကို စတင်၍စဉ်းစားလာကြသည်။

ထိုအချိန်တွင် ရှောင်ယုကအော်ဟစ်လေလံပေးလိုက်သည်။

"ရွှေပြား ၅သန်း..."

ထိုလူသည် နောက်ဆုံးလေလံစျေးနှင့်ရွှေပြား၁သန်းထိ တိုးမြင့်ပေးလိုက်လေရာ လူတိုင်းအံ့သြသွားခဲ့ကြသည်။လက်နက်တစ်ခုအတွက် ဤမျှထိသုံးစွဲသူသည် မည်မျှထိတုံးအရသနည်း။သို့သော် လေလံဆွဲသူသည် အထူးအခန်းထဲ၌ရှိနေသောကြောင့် ထိုလူအားကျိန်ဆဲနေသူတိုင်းသည် ချက်ချင်းပင်သူတို့၏အတွေးများကိုဖျောက်ဖျက်လိုက်ကြရသည်။

ယခုအခါ ရှောင်ယုအားမည်သူကမှမနှောင့်ယှက်ရဲတော့ပေ။ပထမဆုံးအနေဖြင့် ရွှေပြား၅သန်းသည် စျေးကြီးသောမှော်အသုံးအဆောင်ပစ္စည်းနှင့်နှိုင်းယှဉ်နိုင်သည့် လက်နက်တစ်ခု၏ ကန့်သတ်ချက်စျေးနှုန်းပင်ဖြစ်သည်။ဒုတိယအချက်မှာ ထိုလူသည်လင်းမိသားစုမှဖြစ်ကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်ကိုအထူးအခန်းတွင် ချိတ်ဆွဲထားကြောင်းလူတိုင်းတွေ့လိုက်ရသည်။ယခုအခါ ရှိုင်းယားမြို့၌လူတိုင်းသည် လင်းမိသားစုအားလေးစားခြင်းပြုရသည်။

ရှောင်ယုသည် ဤကဲ့သ်ို့သောပုံစံဖြင့် သူ၏အိပ်မက်ဖြစ်သော လက်နက်ကိုရရှိခဲ့သည်။

All Chapters