အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း ၁၆၃ - ဒါကငါတို့ရဲ့အိမ်နောက်ဖေးပဲ
ညနေစောင်းချိန်သို့ရောက်သောအခါ သူတို့အဖွဲ့သည်ခြင်္သေ့မြို့နှင့် မိုင်၂ခန့်သာကွာဝေးတော့သည်။ရှောင်ယုသည် လမ်းခရီးတလျှောက်တွင် စွန့်စားသူအများအပြားကိုတွေ့မြင်ခဲ့ရသည်။သို့သော်လည်း ယခုအချိန်တွင် စွန့်စားသူများသည် စစ်ဆေးရေးဂိတ်တစ်ခုတွင် စုရုံးနေကြကာ ကတောက်ကဆဖြစ်နေကြောင်း တွေ့မြင်လိုက်ရသည်။
ကပ္ပတိန်ဟွေ့နှင့်မူလီတို့သည် သူတို့၏တပ်များအား အမိန့်ပေးနေသည်ကို ရှောင်ယုတွေ့မြင်လိုက်ရပြီး သူတို့သည်စွန့်စားသူများနှင့်ထိပ်တိုက်ရင်ဆိုင်နေပုံရသည်။
"သခင်ပြန်လာပြီ..."
ဂိတ်စောင့်စစ်သားများသည် ရှောင်ယုကိုတွေ့မြင်ချိန်တွင် စိတ်သက်သာရာရသွားကြသည်။ရှောင်ယုမရှိသည့်နောက်ပိုင်းတွင် စွန့်စားသူအမြောက်အများသည် ခြင်္သေ့နယ်မြေသို့ရောက်လာခဲ့ကာ သူတို့အားထိန်းချုပ်ရန် အတော်လေးခေါင်းကိုက်နေခဲ့ရသည်။
အခြေအနေကိုသတိထားမိသော ရှောင်ယု၏အကြည့်များသည် အေးစက်တင်းမာသွားပြီး စစ်ဆေးရေးဂိတ်ဆီသို့ အပြေးအလွှားသွားရောက်လိုက်သည်။ထို့နောက်သူသည် ပြာမှုန်သယ်ဆောင်သူအားဆွဲထုတ်လိုက်ကာ စွန့်စားသူများနှင့်ခြင်္သေ့နယ်မြေ၏တပ်သားများအကြား ပိုင်းခြားလိုက်ရန် အန္တိမခုတ်ပိုင်းချက်အား အသုံးပြုခဲ့သည်။
ဘန်း....
ရှောင်ယု၏လက်ချက်ကြောင့် စွန့်စားသူများနှင့်တပ်သားများအကြားတွင် အက်ကြောင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"မင်းတို့ဘာဖြစ်ချင်နေတာလဲ..."
ရှောင်ယုသည် စွန့်စားသူများကိုလှည့်ကြည့်ကာ အေးစက်သောလေသံဖြင့်ခြိမ်းခြောက်လိုက်သည်။စွန့်စားသူများသည် ရှောင်ယု၏လက်ထဲရှိဧရာမဓားကြီးကိုကြည့်ကာ အံ့အားသင့်သွားကြသည်။ဤနေရာတွင် စွမ်းအားကြီးသောစွန့်စားသူအချို့ရှိသော်လည်း ရှောင်ယု၏နောက်တွင် မရေမတွက်နိုင်သောအောစ့်များ၊အောစ့်စီးနင်းသူများနှင့် တပ်သားများရပ်နေသည်ကို တွေ့လိုက်ရ၍နောက်ပြန်ဆုတ်သွားခဲ့သည်။
ထိုအချိန်တွင် စွန့်စားသူများထဲမှ တတိယအဆင့်သူရဲကောင်းတစ်ယောက်က ရှေ့ထွက်လာခဲ့သည်။
"မင်းက ခြင်္သေ့နယ်မြေရဲ့အရှင်သခင်လား"
ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူအား သူ၏ပုခုံးပေါ်သို့ပေါ့ပေါ့ပါးပါးမြှေုာက်တင်လိုက်သည်။
"ငါကဟုတ်တယ်ဆိုရင် မင်းဘာပြောမလဲ"
စွန့်စားသူသည် ရှောင်ယု၏ယုံကြည်မှုရှိသောသွင်ပြင်ကိုကြည့်ကာ ရှောင်ယုနှင့်သွားမရှုပ်သင့်သည်ကို နားလည်ပေသည်။သို့သော်လည်း သူ့နောက်တွင် စွန့်စားသူအမြောက်အများရှိနေသောကြောင့် ထိုလူသည်ယုံကြည်မှုရှိလာပြီး တည်ငြိမ်သောလေသံဖြင့်ကန့်ကွက်လိုက်သည်။
"သခင်ရှောင်...မင်းအခုရောက်လာပြီဆိုတော့ ငါတို့အတွက်တရားမျှတတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ပေးဖို့မျှော်လင့်ပါတယ်...ငါတို့အားလုံးဟာ အန်ကာဂန်တောင်တန်းမှာရှိတဲ့ ရတနာတွေကိုစူးစမ်းရှာဖွေဖို့အတွက် တိုက်ကြီးရဲ့နေရာမျိုးစုံကလာရောက်ခဲ့တယ်...ဒါပေမဲ့ငါတို့က ဒီကိုရောက်တာနဲ့ဖြတ်သန်းခပေးဆောင်ခဲ့ရတယ်...ငါတို့ကဘာကြောင့်ဖြတ်သန်းခပေးရမှာလဲ....ငါတို့ကကုန်သည်တွေမဟုတ်ဘူး...ငါတို့ကဘာလို့နယ်မြေဖြတ်သန်းခဆိုပြီးတော့ စစ်ဆေးရေးဂိတ်တွေ့တိုင်းပေးနေရမှာလဲ..."
"ဟုတ်တယ်....ငါတို့ကဘာကြောင့်ဖြတ်သန်းခပေးရမှာလဲ...သူတို့ကဘာလို့ငါတို့ကိုဝင်ခွင့်မပေးရတာလဲ.."
အခြားစွန့်စားသူများကလည်း ဝိုင်းဝန်းကန့်ကွက်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ရှောင်ယု၏မျက်နှာသည်မည်းမှောင်သွားကာ ထိုစွန့်စားသူကိုစိုက်ကြည့်လိုက်သည်။
"မင်းဘာပြောလိုက်တာလဲ..."
စွန့်စားသူသည် ရှောင်ယု၏နောက်တွင်ရှိသော အောစ့်များ၊လှံပစ်စက်များနှင့်လမင်းပစ်ခတ်သူများကို တစ်ချက်ကြည့်ကာအံကြိတ်မိလိုက်သည်။သူသည် အောစ့်၁ကောင်သို့မဟုတ် ၂ကောင်အားရင်ဆိုင်တိုက်ခိုက်နိုင်သော်လည်း စစ်တပ်တစ်ခုနှင့်ရင်ဆိုင်ရပါက အခြေအနေမကောင်းနိုင်ပေ။
"မြို့စားရှောင်...ငါတို့ကမင်းကိုစော်ကားဖို့အတွက် မရည်ရွယ်ပါဘူး...ငါတို့ကအန်ကာဂန်တောင်တန်းတွေကိုပဲ စွန့်စားရှာဖွေချင်တာပါ"
စွန့်စားသူများက အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းတို့က ငါ့ရဲ့အိမ်နောက်ဖေးကို ဝင်ပြီးစူးစမ်းချင်နေတာလား...တကယ်လို့ဓားကိုင်ထားတဲ့လူတစ်စုက မင်းရဲ့အိမ်နောက်ဖေးကိုဝင်လာခဲ့ရင် မင်းကငြိမ်ငြိမ်လေးထိုင်နေမှာလား..."
ရှောင်ယုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
စွန့်စားသူများက ချက်ချင်းပြန်လည်ရှင်းပြလိုက်ကြသည်။
"မြို့စားရှောင်...မင်းငါတို့ကိုအထင်လွဲနေပြီ..ငါတို့ကခြင်္သေ့နယ်မြေကိုစော်ကားလိုစိတ်မရှိဘူး...ငါတို့ကအန်ကာဂန်တောင်တန်းတွေကိုပဲ စူးစမ်းလေ့လာချင်တာပဲ"
ရှောင်ယုသည် သူ၏မေးစေ့ကိုပင့်မြောက်၍ပြောလိုက်သည်။
"ငါ့အဖေရဲ့ အတိတ်ကကြီးမားတဲ့အောင်မြင်မှုတွေကြောင့် ကောင်းကင်ခြင်္သေ့မင်းဆက်က အဖေ့ကိုအနောက်မြေရိုင်းဒေသတစ်ခုလုံးကို အပိုင်စားပေးအပ်ခဲ့တယ်...အန်ကာဂန်တောင်တန်းဆိုတာကလည်း ငါ့နယ်မြေရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်...မင်းတို့ကရတနာရှာဖို့အကြောင်းပြချက်နဲ့ ငါ့နယ်မြေကိုခိုးဝင်လာကြတာလား...မင်းတို့ကငါ့ရဲ့ပိုင်ဆိုင်မှုတွေကိုခိုးယူနေတာက ဘယ်လိုပြစ်မှုအမျိုးအစားကို ကျူးလွန်နေတယ်လို့ မင်းတိုထင်လဲ...မင်းတို့ကဖြောင့်မတ်သလိုဟန်ဆောင်ပြီး ခိုးမှုလုယက်မှုတွေကို လုပ်ဆောင်ချင်နေတာလား"
ကောင်းကင်ခြင်္သေ့မင်းဆက်သည် အနောက်မြေရိုင်းဒေသရှိ နယ်မြေအားလုံးက်ို ရှောင်ကျန်းထျန်အားပေးအပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။အန်ကာဂန်တောင်တန်းများသည်လည်း ၎င်း၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် မှန်ကန်သောအကြောင်းပြချက်ကိုပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။အမှန်တော့ ထိုခေတ်ကတော်ဝင်မိသားစုမှအာဏာရှိသူများသည် အန်ကာဂန်တောင်တန်းနယ်မြေအား တိရစ္ဆာန်များ၊သားရဲများနှင့်မှင်စာများနှင့်ပြည့်နှက်နေသည့် မြုံနေသောမြေတစ်ခုဟုယူဆ၍ ရှောင်ကျန်းထျန်အားထ်ိုနယ်မြေကိုအပ်နှင်းကာဖိနှိပ်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ရှောင်ယုသည်ထိုရတနာနယ်မြေတစ်ခုလုံးအား ပိုင်ဆိုင်ထားပေရာ ရှောင်ယုအနေဖြင့် အပြင်လူများကို အန်ကာဂန်တောင်တန်းထံမသွားရန် တားမြစ်ခွင့်ရှိပေသည်။
သို့သော်လည်း သူတို့အားလုံးသည် ရတနာများကိုရှာဖွေရန်အတွက် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်ရာ လက်ဗလာဖြင့်မပြန်လ်ိုကြပေ။
တစ်ဖက်တွင် ရှောင်ယု၏စကားများသည် မှန်ကန်နေခဲ့ပြီး ကောင်းကင်ခြင်္သေ့မင်းဆက်အတွင်း၌ သူတို့နေထိုင်နေသရွေ့ ချမှတ်ထားသည့်ဥပဒေများကို အတိအကျလိုက်နာရမည်ဖြစ်၍ စွန့်စားသူများတိတ်ဆိတ်နေခဲ့သည်။ကောင်းကင်ခြင်္သေ့မင်းဆက်သည် ကျဆင်းနေပြီး စစ်မှန်သောအာဏာကိုပိုင်ဆိုင်ထားခြင်းမရှိတော့သော်လည်း ရှောင်ယုသည် သူ၏ကိုယ်ပိုင်နယ်မြေအားကာကွယ်ရန်အတွက် သူတို့အားအန်ကာဂန်တောင်တန်းများဆီ ဝင်ရောက်ခွင့်မရအောင်ဟန့်တားနိုင်ပေသည်။ယခုအခါ ရှောင်ယုထံတွင်အရည်အချင်းပြည့်ဝသော စစ်သားထောင်ချီရှိနေလေရာ မည်သူကမှခြင်္သေ့နယ်မြေအား အလဟဿမနှောင့်ယှက်လိုကြပေ။
ခိုင်ရင်းသည် စွန့်စားသူများရှေ့မှောက်၌ ရပ်နေခဲ့ပြီး သူ၏၃မီတာအမြင့်ရှိသောခန္ဓာကိုယ်သည် လူတိုင်းကိုခြိမ်းခြောက်နေခဲ့သည်။ထို့ပြင် သူ့ထံတွင်စွန့်စားသူများအား နှိမ်နင်းရန်အတွက် လေးမီတာခန့်ရှည်သောပုဆိန်နှစ်လက်အားကိုင်ဆောင်ထားပေသည်။စွန့်စားသူများသည် ယခုအချိန်၌တိတ်ဆိတ်နေသော်လည်း သူတို့၏အတွင်းစိတ်ထဲတွင် ညအချိန်၌ တိတ်ဆိတ်စွာဖြတ်ကျော်ရန်တွေးတောနေခဲ့သည်။
ရှောင်ယုသည် စစ်ဆေးရေးဂိတ်များနှင့်ကင်းစခန်းများစွာကို တည်ဆောက်ထားခဲ့သော်လည်း စွန့်စားသူများက တိတ်တဆိတ်ဖြတ်ကျော်နိုင်စွမ်းရှိသည်။
ရှောင်ယုကအေးစက်သောလေသံဖြင့်ဆက်ပြောလိုက်သည်။
"မင်းတို့အခုဘာတွေးနေတာလဲဆိုတာ ငါသိတယ်...မင်းတို့သာသူခိုးဓားပြတွေလို တိတ်တဆိတ်ခိုးဝင်နေမယ်ဆိုရင် မင်းတို့အားလုံးကိုသတ်ပစ်မယ်လို့ ခြင်္သေ့နယ်မြေရဲ့အရှင်သခင်တစ်ယောက်အနေနဲ့ ငါကတိပေးတယ်...ငါ့ရဲ့အောစ့်စစ်သည်တွေက မင်းတို့ရဲ့ခန္ဓာကိုယ်ကိုနှစ်ခြမ်းခြမ်းပစ်လိမ့်မယ်...မယုံကြည်တဲ့သူရှိရင် အစွမ်းကုန်ကြိုးစားနိုင်တယ်...ငါ့ရဲ့စစ်တပ်က နယ်မြေတစ်ခုလုံးကို တစ်လလုံးကင်းလှည့်နေလိမ့်မယ်...မင်းတို့ဓားပြတွေသာတွေ့မိရင် သေဖို့သာပြင်ထားကြ"
ရှောင်ယုသည် ထိုသို့ခြိမ်းခြောက်လိုက်ပြီးမှ ပြန်လည်အလျော့ပေးလိုက်သည်။
"ဒါပေမဲ့...မင်းတို့အားလုံးကဒီက်ိုစွန့်စားဖို့ရောက်လာတယ်ဆိုတော ငါသိတယ်..မင်းတို့ရဲ့သွေးတွေပွက်ပွက်ဆူနေပြီဆိုတာ ငါနားလည်တယ်..ဒါကြောင့်မင်းတိုတွေကို အန်ကာဂန်တောင်တန်းတွေဆီ အခမဲ့ဝင်ခွင့်ပေးမယ်...မင်းတို့တွေလိုအပ်မယ့်အထောက်အပံ့တွေကိုလည်း ငါခွင့်ပြုပေးလိုက်မယ်"
ထိုအချိန်တွင် စွန့်စားသူတစ်ယောက်က ရုတ်တရက်ထမေးလိုက်သည်။
"ဘယ်လိုအခြေအနေတွေ ရှိသေးလဲ"
ရှောင်ယုသည် ဤမျှထိလိုက်လျောပေးနေရာ အခြေအနေအချို့ရှိလာနိုင်ကြောင်း သူတို့သိထားပေသည်။
ရှောင်ယု၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး စတင်ရှင်းပြလိုက်သည်။
"ငါကမင်းတို့အကုန်လုံးကို အခွင့်အရေးပေးမှာပါ...ဒါပေမဲ့ကန့်သတ်ချက်လေးတွေတော့ ထားရမှာပေါ့...ငါကမင်းတို့အားလုံးကိုနေရာတိုင်းမှာလိုက်ပြီးတားမြစ်နေမှာမဟုတ်ဘူး...ဒါပေမဲ့မင်းတို့သာအန်ကာဂန်တောင်တန်းတွေကို လွတ်လွတ်လပ်လပ်ဝင်ရောက်စူးစမ်းချင်တယ်ဆိုရင် အခြေအနေ၃ခုကိုလိုက်နာဖို့ လိုအပ်လိမ့်မယ်..."
"ဘယ်လိုအခြေအနေတွေလဲ..."
စွန့်စားသူများက ချက်ချင်းမေးမြန်းလိုက်ကြသည်။
ရှောင်ယုက ခဏလောက်စဉ်းစားလိုက်ကာ ပြန်ဖြေလိုက်သည်။
"ပထမဆုံးအနေနဲ့ မင်းတို့အားလုံးက ငါ့ရဲ့နယ်မြေအတွင်းမှာ အရောင်းအဝယ်တွေကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတယ်...ဒါပေမဲ့ မင်းတို့အကုန်လုံးက ခြင်္သေ့နယ်မြေရဲ့ဥပဒေတွေကို တိတိကျကျလိုက်နာရမယ်...အဲလိုမှမဟုတ်ရင် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်..."
"ဒါက ကိစ္စမရှိပါဘူး...."
"ဒါကို ငါတို့လိုက်နာနိုင်ပါတယ်..."
စွန့်စားသူများက ချက်ချင်းတုံ့ပြန်ပြောဆိုလိုက်သည်။
ရှောင်ယုက ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။
"ဒုတိယအချက်အနေနဲ့ ငါ့ဆီမှာ အောစ့်တွေ၊နတ်သူငယ်တွေနဲ့လူပုမျိုးနွယ်တွေစတဲ့ အခြားမျိုးနွယ်စုတွေရှိနေတယ်ဆိုတာ မင်းတို့အကုန်လုံးသိထားကြမှာပဲ....မင်းတို့သာသူတို့က်ိုနှိပ်စက်ဖို့ သတ္တိရှိတယ်ဆိုရင် ဒါမှမဟုတ် ကျွန်အဖြစ်စေခိုင်းဖို့ ကြိုးစားမယ်ဆိုရင် မင်းတို့ရဲ့ခေါင်းကိုမထိန်းသိမ်းနိုင်လို့ ငါ့ကိုအပြစ်မတင်ကြနဲ့"
အများစုသည် ထိုအချက်ကိုသဘောမတူလိုကြသော်လည်း ခေါင်းညိတ်လိုက်ကြသည်။ရှောင်ယုသည် သူတို့၏မျက်နှာပေါ်ရှိ အလိုမကျသောအမူအရာကို သတိထားမိလိုက်၍ ထိုလူများသည်အခြားနည်းလမ်းဖြင့် လုပ်ဆောင်မည်ကိုနားလည်လိုက်သည်။သို့သော် ယခုအခါ သူသည်အခြားပြဿနာများကို ဖြေရှင်းရမည်ဖြစ်သည်။
"တတိယအချက်အနေနဲ့ အခြားစွန့်စားသူတွေကို ရန်သူ၊မိတ်ဆွေခွဲခြားနိုင်ဖို့အတွက် ကတ်ပြားအချို့ကိုထုတ်ပေးထားမယ်...မင်းမှာသာအဲကတ်ပြားမရှိရင် ဒါမှမဟုတ်ငါ့တပ်သားတွေရဲ့စစ်ဆေးမှုကိုခုခံရင် မင်းတို့အဖမ်းခံရမယ်"
ရှောင်ယုသည် နယ်မြေသခင်ဖြစ်၍ သူ့နယ်မြေ၏လုံခြုံမှုအားထိန်းသိမ်းရမည်ကို သူတို့သိထား၍ ခေါင်းညိတ်ပြလိုက်ကြသည်။
ရှောင်ယုက ဆက်လက်ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ကတ်ပြားကိုအလွယ်တကူအတုမယူနိုင်အောင်လို့ အတုနဲ့အစစ်ခွဲခြားနိုင်အောင် မှော်အမှတ်အသားလေးတွေမှတ်ထားရမယ်...မှော်အကယ်ဒမီက ဆရာနဲ့ကျောင်းသားတွေငါတို့ဆီကို လာလည်တာမင်းတို့လည်းတွေ့ကြမှာပါ...ငါကဒီကတ်ပြားတွေကိုပြုလုပ်ဖို့ သူတို့ကိုအကူအညီတောင်းရမှာဖြစ်ပြီးတော့ ထုတ်လုပ်မှုကကုန်ကျစရိတ်အချို့ရှိနေနိုင်တယ်...အဲ့ဒီအတွက်ကုန်ကျစရိတ်ကို မင်းတို့ဘက်ကပေးဆောင်ရမယ်..."
ထိုအခါမှ ရှောင်ယုသည် လှည့်ကွက်အချို့သုံးကာ သူတို့အားဝင်ကြေးတောင်းခံနေပြီဖြစ်ကြောင်း စွန့်စားသူများနားလည်လိုက်သည်။သူတို့သာ ကတ်ပြားကိုမဝယ်ယူခဲ့ပါက ဖမ်းဆီးခံရခြင်း၊သတ်ဖြတ်ခံရခြင်းတို့ ကြုံတွေ့လာနိုင်သည်။အချို့စွန့်စားသူများက မကျေမနပ်ဖြစ်နေကြသော်လည်း အများစုကမူ ထိုစည်းကမ်းများကိုလက်ခံကြသည်။သူတို့သည် စွန့်စားသူများဖြစ်ကြပြီး ကုန်ကျစရိတ်အချို့ရှိခြင်းသည် သူတို့အတွက်ပုံမှန်ကိစ္စတစ်ခုသာဖြစ်ပေသည်။
စွန့်စားသူများအားလုံးသည် သူ၏စည်းကမ်းချက်ကို သဘောတူသည်ကိုမြင်လိုက်ရသောအခါတွင် ရှောင်ယု၏မျက်လုံးများတောက်ပလာခဲ့သည်။သူသည် ကပ္ပတိန်ဟွေ့အားလှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။
"သူတို့ကိုဝင်ခွင့်ပေးလိုက်...မနက်ဖြန်ကျရင်ကတ်တွေထုတ်ပေးလိမ့်မယ်....မဝယ်ယူတဲ့သူတွေကိုဖမ်းဆီးပြီ...ဆန့်ကျင်ကန့်ကွက်သူတွေကို သတ်ဖြတ်ပစ်"
အခန်း ၁၆၄ - ငါ့နယ်မြေမှာ ငါချမှတ်ထားတဲ့စည်းကမ်းကို လိုက်နာရမယ်
ကတ်ပြားများကို နောက်တစ်နေ့တွင် စတင်ထုတ်ဝေပေးခဲ့သည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည်စွန့်စားသူများအတွက် နေရာထိုင်ခင်းနှင့် အရက်ဆိုင်များတည်ဆောက်ပေးရန်အတွက် ခြင်္သေ့မြို့မှလက်သမားဆရာများနှင့် ပန်းပဲဆရာများကို အမိန့်ပေးခဲ့သည်။ရတနာများကိုရှာဖွေရန် တစ်လခန့်အချိန်လိုသေးသောကြောင့် စွန့်စားသူအများစုသည် အန်ကာဂန်တောင်တန်းဆီသို့မသွားဘဲ ဤနေရာ၌သာဆက်လက်နေထိုင်ခဲ့ကြသည်။ရှောင်ယုသည် သူတို့နေထိုင်ရာနေရာမှ ကြီးမားသောအမြတ်အစွန်းရရှိရန် စီစဉ်နေခဲ့သည်။
သူသည် လင်းယုန်စခန်းမှရရှိလာသော အစားအသောက်များနှင့် အခြားပစ္စည်းများကိုစုဆောင်းထားသောကြောင့် မြို့တွင်းရှိလူများကို ထောက်ပံ့ထားရန် စိုးရိမ်မှုမရှိခဲ့ပေ။ထို့ပြင် ရှောင်ယုသည် ကတ်ပြားတစ်ခုစီအတွက် ရွှေပြား၅၀၀တောင်းခံနေသောကြောင့် စွန့်စားသူအများစုမှာ အံ့အားသင့်သွားကြသည်။စွန့်စားသူတစ်ယောက်အနေဖြင့် သူတို့၏ခရီးစဉ်တွင် ငွေကြေးအမြောက်အများသုံးစွဲထားကြသောကြောင့် ယခုလိုသေးငယ်သောကတ်ပြားလေးအတွက် ငွေကြေးအမြောက်အများသုံးစွဲရမည်ဟု မမျှော်လင့်ထားကြပေ။စွန့်စားသူအချို့က စောဒကတက်ရန်ကြိုးပမ်းကြသော်လည်း ဂရင်း၊သရောလ်နှင့်ခိုင်ရင်းတို့က လက်ရှိအခြေအနေကို ငြိမ်သက်အောင်ကူညီပေးခဲ့ကြသည်။
စွန့်စားသူများသည် မကျေမနပ်ငြီးတွားကြပြီး အောစ့်များကိုဆန့်ကျင်ရန်ကြိုးပမ်းကြသော်လည်း အောစ့်များကခုခံလိုသူများကို တားဆီးရန်လက်ပစ်ပုဆိန်များကို အသုံးပြုလာသည်ကိုမြင်သောအခါ ချက်ချင်းငြိမ်သက်သွားရသည်။သူတို့နေရာတွင် စတုတ္ထအဆင့်သူရဲကောင်းသည်ပင် ဤနည်းဗျူဟာကိုဆန့်ကျင်၍ ဘာမှမလုပ်နိုင်ပေ။လက်ပစ်ပုဆိန်များ၏ပစ်ခတ်မှုကို တားဆီးနိုင်ရန်အတွက် သူတို့သည်တိုက်ပွဲစွမ်းအင်ကိုအသုံးပြုကာ ကာကွယ်နိုင်သော်လည်း အောစ့်စစ်သည်အများစုမှာ အဆင့်၉/၁၀သို့ရောက်ရှိနေလေရော လက်ပစ်ပုဆိန်များ၏စွမ်းအားသည် ပိုမိုကြီးမားလာခဲ့သည်။ထို့ပြင် အောစ့်များသည် လှံပစ်စက်များ ၊ လမင်းပစ်ခတ်သူများကိုပင် အသုံးပြုခဲ့ရာ စွန့်စားသူများကသူတို့၏ဦးနှောက်များ ထုံကျင်သွားသလိုခံစားလိုက်ရသည်။အဆုံးသတ်တွင် စွန့်စားသူများက ကတ်ပြားများကိုနာခံမှုရှိစွာမဝယ်ယူမှီ အောစ့်များကစွန့်စားသူအချို့ကို သတ်ဖြတ်ခဲ့ရသည်။ထိုမှသာ ခြင်္သေ့နယ်မြေသို့ရောက်ရှိလာသော စွန့်စားသူတိုင်းသည် အန်ကာဂန်တောင်တန်းသို့မဝင်ရောက်မှီ သက်ဆိုင်ရာဆုံမှတ်များ၌ ကတ်ပြားများကိုဝယ်ယူခဲ့ရသည်။
စစ်ဆေးရေးဂိတ်များတွင် မရေမတွက်နိုင်သော လှံပစ်စက်များကိုတပ်ဆင်ထားရာ စွန့်စားသူများသည် စစ်ဆေးရေးဂိတ်များကိုတိုက်ခိုက်ကာ သူတို့၏အသက်များကိုမစွန့်စားလိုကြပေ။စွန့်စားသူများသည် ရဲရင့်ကြသော်လည်း သူတို့သည်တုံးအနေသည်မဟုတ်ပေ။ကတ်များသည် ရိုးရိုးကတ်များဖြစ်သော်လည်း သူတို့ထက်အဆပေါင်းများစွာသာလွန်သော စစ်တပ်တစ်ခုက်ိုမဆန့်ကျင်လိုကြပေ။သို့သော်လည်း ရှောင်ယုသည် ရှိုင်းယားမှော်အကယ်ဒမီမှကျောင်းသားများအား ကတ်ပြားများပေါ်၌ မှော်အမှတ်အသားရေးထွင်းပေးရန် တောင်းဆိုခဲ့သည်။မှော်ဆရာအယ်လ်မာသည် အလွန်အဆင့်မြင့်သောမှော်သခင်မဟုတ်သော်လည်း အတုယူရန်ခက်ခဲလှသော မှော်အမှတ်အသားကိုဖန်တီးခဲ့သည်။သူ့လိုမှော်ဆရာတစ်ယောက်အတွက် ရွှေပြား၅၀၀သည် သေးငယ်သောပမာဏသာဖြစ်သည်။
ရှောင်ယုသည် သူ့အားကူညီပေးခဲ့သည့် ကျောင်းသားများကို သေးငယ်သောအကျိုးအမြတ်အချို့ပေးအပ်ခဲ့သည်။ရှောင်ယုသည် ခြင်္သေ့မြို့တွင် ရှိုင်းယားမှော်အကယ်ဒမီနှင့် သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများအားနေထိုင်ရန်နေရာစီစဉ်ပေးခဲ့သည်။မှော်ဆရာများသည် မောက်မာသူများဖြစ်သော်လည်း ရှောင်ယုသည်ကြင်နာသောသဘောထားကိုပြသခဲ့ကာ အနာဂတ်တွင်ထိုမှော်ဆရာများက ခြင်္သေ့မြို့အတွက်အလုပ်လုပ်ပေးရန် ရွေးချယ်စေလိုခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် နှစ်အနည်းငယ်ကြာမြင့်ပြီးနောက်တွင် ရှောင်ယုသည် သူရဲကောင်းများနှင့်မှော်ဆရာများအတွက် ကုန်ကျစရိတ်ကိုသက်သာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။
မှော်ဆရာများနှင့်သူရဲကောင်းများသည် စစ်တပ်များ၏ဗဟိုမဏ္ဍိုင်များဖြစ်ကြသည်။ရှောင်ယု၏စစ်တပ်တွင် အလယ်အဆင့်နှင့်အကြီးတန်းအဆင့်အရာရှိများချို့တဲ့နေခဲ့သည်။သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် သူလိုအပ်နေသောမျိုးစေ့များဖြစ်ကြသည်။ကျောင်းသားများသည် အရူးမဟုတ်ကြပေရာ သူတို့သာခြင်္သေ့နယ်မြေ၏ အစွမ်းအစကိုသိရှိလာခဲ့ပါက သူတို့၏အနာဂတ်များပိုမိုကောင်းမွန်လာစေရန် ခြင်္သေ့နယ်မြေအားဝင်ရောက်ဖို့ စဉ်းစားလာကြမှာဖြစ်သည်။
လင်းမူရွယ်သည် ရှောင်ယု၏မရီး၅ယောက်နှင့်အတူ ခြင်္သေ့မြို့၌အချိန်များစွာကို ကုန်ဆုံးခဲ့သည်။သူမတို့သည် အဖိုးထိုက်တန်သော လက်ဝတ်ရတနာများစွာကို လက်ဆောင်ပေးလာခဲ့ကြသည်။လင်းမူရွယ်၏နောက်ခံကြောင့် ထိုကဲ့သို့သောအရာများကို မည်သည့်အခါကမှ မချို့တဲ့ခဲ့သော်လည်း ရှောင်ယု၏မရီးများက ခြင်္သေ့နယ်မြေသည်ကျဆင်းနေခြင်းမရှိကြောင်း သိသာစေရန်ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် လင်းမူရွယ်အား သိုလှောင်လက်စွပ်အချို့ လက်ဆောင်ပေးထားသည့်အတွက်ကြောင့် မရီးများကလက်ဆောင်ပေးလာသော လက်ဝတ်ရတနာများ၊အဝတ်အထည်များနှင့် အဖိုးတန်ပစ္စည်းများကိုလက်ခံခြင်းသည် ပြဿနာမဟုတ်ခဲ့ပေ။
ခြင်္သေ့နယ်မြေသည် ငွေကြေးမလုံလောက်သည့်အတွက်ကြောင့် ဓားပြများထံမှလုယက်လာသော အဖိုးတန်ပစ္စည်းများကို ရောင်းချရန်ရှောင်ယုက မည်သည့်အခါကမှ မကြံစည်ခဲ့ဖူးပေ။သူသည် ငွေကြေးပြတ်လတ်နေလျှင်တောင်မှ ဤအဖိုးတန်ပစ္စည်းများကို ရောင်းချရန်စိတ်ကူးမရှိပေ။သူ၏မရီး၅ယောက်သည် ရှောင်မိသားစုနိမ့်ကျချိန်တွင် ညည်းညူမှုမရှိ ရှိနေပေးခဲ့သောကြောင့် သူမတို့အားလျော်ကြေးပေးရသည်ဟု ရှောင်ယုမှတ်ယူထားပေသည်။ယောကျ်ားတစ်ယောက်သည် အလုပ်များကာ ပင်ပန်းနွမ်းနယ်နေလျှင်တောင်မှ သူ၏မိသားစုအတွက်ကောင်းမွန်သော ဘဝကိုဖြည့်ဆည်းပေးရမည်ဖြစ်သည်။ဤသို့ဖြင့် လင်းမူရွယ်သည် အချိန်တိုအတွင်း ခြင်္သေ့မြို့၏နေထိုင်မှုပုံစံဖြင့် ရင်းနှီးလာခဲ့သည်။
မကြာသေးမှီအချိန်များအတွင်း ခြင်္သေ့နယ်မြေထဲသို့ စွန့်စားသူများ အမြောက်အများဝင်ရောက်လာခဲ့သည်။ရှောင်ယုသည် ၎င်းတို့၏ပြဿနာကိုဖြေရှင်းပေးရင်း အလုပ်များနေသည့်အတွက်ကြောင့် လင်းမူရွယ်အတွက် အချိန်မပေးနိုင်ခဲ့ပေ။ရှောင်ယုသည် ခြင်္သေ့နယ်မြေ၏အရှင်သခင်ဖြစ်ရာ စွန့်စားသူများအတွက်နေရာထိုင်ခင်းစီစဉ်ပေးခြင်း အစရှိသည့်ပြဿနာများကို တာဝန်ယူဖြေရှင်းပေးနေရသည်ကို လင်းမူရွယ်က နားလည်ပေသည်။အိမ်တော်ထိန်းဟောင်သည် နားလည်မှုရှိသောလင်းမူရွယ်ကိုကြည့်ရင်း စိတ်ကျေနပ်စွာပြုံးနေမိသည်။
အခြားသော မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် အမှောင်မြို့တော်အားစူးစမ်းရန်အတွက် ခြင်္သေ့မြို့သို့ရောက်လာခဲ့ကြသည်။အဆိုပါသင်တန်းကျောင်းသားများသည် သူတို့၏ကိုယ်ပိုင်ခွန်အားကို အားကိုးကာ ကတ်ပြားများ၏တန်ကြေးကိုပေးဆောင်ရန် ငြင်းဆန်ခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည် သူတို့အားသင်ခန်းစာတစ်ခုပေးရန်အတွက် အောစ့်များ၊နတ်သူငယ်များ၊အောစ့်စီးနင်းသူများကို စေလွှတ်ကာ သနားညာတာမှုကင်းမဲ့ခြင်း၏ အဓိပ္ပါယ်ကိုနားလည်သွားစေခဲ့သည်။
မှော်ဆရာများသည် ခွန်အားကြီးမားသော်လည်း စစ်တပ်တစ်ခုနှင့်ရင်ဆိုင်ရချိန်တွင် သူတို့၏စွမ်းအားကိုပြသရန်မတတ်နိုင်ဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။ထို့ပြင် လေးသမားများ၊လုပ်ကြံသူများသည် မှော်ဆရာများ၏ အိပ်မက်ဆိုးများဖြစ်ကြသည်။အထူးသဖြင့် နတ်သူငယ်လေးသမားများသည် မှော်ဆရာများကမှော်မန္တန်အားရွတ်ဖတ်၍မပြီးဆုံးမှီ တားဆီးပစ်ခတ်နိုင်စွမ်းရှိသည်။ထို့ပြင် ရှောင်ယုသည်စစ်ပွဲတူကုမ္ပဏီမှ လှံပစ်စက်များစွာကို ထပ်မံဝယ်ယူထားခဲ့သည်။
ရှောင်ယုသည် သူ၏နယ်မြေအတွင်းသို့ မှော်ဆရာများကိုဆွဲဆောင်လိုသော်လည်း အရာအားလုံးကိုမျက်စိစုံမှိတ်မထားနိုင်ပေ။သူသည် ရှိုင်းယားမြို့မှ မှော်နှင့်သူရဲကောင်းအကယ်ဒမီ၏ ဆရာများနှင့်ကျောင်းသားများကို ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံခဲ့ကာ လင်းမူရွယ်ကြောင့် သူတို့အားမျက်နှာသာပေးခဲ့သည်။ထို့ပြင် သူတို့သည်အတူတူခရီးထွက်ခဲ့ကြ၍ အများစုသည်ရှောင်ယုနှင့်ရင်းနှီးနေခဲ့သည်။ရှောင်ယုသည် သူတို့အားမျက်နှာသာပေးနေသည်ကို ကျောင်းသားအများစုကသိထားကြသည်။သ်ို့သော်လည်း ရှောင်ယုသည်အခြားသောမှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများကို ဤကဲ့သို့ဆက်ဆံပါက အခြေအနေသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားမည်ကိုစိုးရိမ်နေခဲ့သည်။
ထို့ကြောင့် ရှောင်ယုသည် သူတို့အားဆွဲဆောင်ရန် နည်းလမ်းရှာမတွေ့မှီတွင် သူ၏ခွန်အားကိုအရင်ဆုံးထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ကျောင်းသားများနှင့်ဆရာများသည် သူ့အားနှိမ့်ချစွာရှုမြင်လာကြမှာဖြစ်သည်။
အချို့သောမှော်အကယ်ဒမီမှ ဆရာများသည်ဒေါသထွက်လာကြပြီး ရှောင်ယုအား ခြိမ်းခြောက်ရန်စလာကြသည်။သို့သော်လည်း ဆရာကြီးအယ်လ်မာသည် ဖြန်ဖြေရန်ရှေ့ထွက်လာခဲ့ကာ ရှောင်ယုနှင့်သီအိုဒိုးတို့အကြားဆက်ဆံရေးကို ရှင်းပြခဲ့ပြီး သူတို့၏လုပ်ရပ်များကိုသတိထားရန်ပြောလာခဲ့သည်။အဆုံးသတ်တွင် ထိုဆရာများသည်ကတ်ပြားများအတွက် အခကြေးငွေကို နာခံစွာပေးဆောင်ခဲ့ကြသည်။ဆရာကြီးအယ်လ်မာသည် ထိုမှော်ဆရာများကို သူနှင့်မိတ်ဆက်ပေးချိန်မှသာ ရှောင်ယုသည် အခြားကျောင်းမှမှော်ဆရာများနှင့်တွေ့ဆုံခဲ့သည်။ရှောင်ယုသည် ထိုမှော်ဆရာများနှင့်တွေ့ဆုံရာ၌ တုတ်နှင့်မုန်လာဥနီနည်းလမ်းကိုအသုံးပြုခဲ့ပေသည်။
အစောပိုင်းတွင် ရှောင်ယုကသာ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ပါက ထိုမှော်ဆရာများသည် သူ့အားလေးစားမှုရှိမည်မဟုတ်ဘဲ နယ်မြေသခင်တစ်ယောက်လိုဆက်ဆံမည်မဟုတ်ပေ။သို့သော် ယခုအခါ သူတို့သာမာနထောင်လွှားနေပါက ရှောင်ယုသည်သူတို့အားကြင်ကြင်နာနာဆက်ဆံမည်မဟုတ်ကြောင်း သူတို့နားလည်လိုက်သည်။
ခြင်္သေ့နယ်မြေသည် သူ၏မြက်ခင်းပြင်ဖြစ်သည်ဟူသော အယူအဆကိုရှောင်ယုက ချမှတ်ထားခဲ့သည်။အခြားသူများကသာ သူ့ကိုလေးစားပါက သူကကြင်နာမှုကိုပြန်လည်ပြသမည်ဆိုသော်လည်း ရက်စက်ကြမ်းကြုတ်စွာပြုမူလာပါက အပြစ်ပေးမည်ဖြစ်သည်။
ထိုအတွက်ကြောင့် လူတိုင်းသည် ခြင်္သေ့နယ်မြေကိုကြောက်ရွံ့စပြုလာကြပြီး ခြင်္သေ့နယ်မြေကိုနိမ့်ချစွာကြည့်ဝံ့သူ တစ်ယောက်မှမရှိတော့ပေ။ခြင်္သေ့နယ်မြေသည် တဖြည်းဖြည်းကျဆင်းလာသည်ဟူသော ငြင်းခုံမှုသည် အတိတ်၌ကျန်ရစ်ခဲ့ပြီဖြစ်သည်။
ရှောင်ယုသည် နေ့စဉ်နေ့တိုင်း ကတောက်ကဆဖြစ်မှုများကို အကြမ်းနည်းဖြင့်ဖြေရှင်းပြနေသောကြောင့် ကောလဟာလများကအလွယ်တကူပျံ့နှံ့သွားခဲ့သည်။
ထို့ပြင်ရှောင်ယုသည် အောစ့်များ၊နတ်သူငယ်များနှင့် အခြားသောမျိုးနွယ်ဝင်များကို ထိတွေ့၍မရနိုင်ကြောင်း အခြားသူများကိုသတိပေးခဲ့သည်။သို့သော်လည်း အချို့သည်လောဘဇောတက်ကာ သူ၏စကားကိုနားမထောင်ခဲ့ပေ။ရှောင်ယုသည် ထိုကဲ့သ်ို့သူများကိုရင်ဆိုင်ရပါက သည်းခံနေစရာမလိုပဲ သတ်ဖြတ်ပစ်ရန်သူ၏တပ်များကို အမိန့်ပေးထားခဲ့သည်။သူသည် ခြင်္သေ့မြို့၏တံတိုင်းပေါ်တွင် လူတစ်ထောင်ကျော်၏ဦးခေါင်းများကို ချိတ်ဆွဲထားခဲ့သည်။သူသည် မဟာမြို့စားတစ်ယောက်၏ မြေးကိုပင်သတ်ဖြတ်ပြခဲ့သည်။
နယ်မြေငယ်တစ်ခု၏သခင်သည် လက်စားချေမှုကိုမကြောက်ဘဲ မဟာမြို့စားတစ်ယောက်၏မြေးကိုသတ်ဖြတ်ဝံ့ပေသည်။
အမှန်တော့ ခြင်္သေ့နယ်မြေသည် ဝေးလံခေါင်သီသောအနောက်မြေရိုင်းဒေသ၌ တည်ရှိသောကြောင့် အခြားတပ်ဖွဲ့များသာလက်စားချေလိုလျှင် မရေမတွက်နိုင်သောနယ်မြေများကို ဖြတ်သန်းလာရမည်ဖြစ်ဖြစ်၍ ရှောင်ယုကြောက်ရွံ့မှုမရှိခြင်းဖြစ်သည်။ရန်သူများသည် ဤမျှဝေးကွာသောအကွာအဝေးတစ်ခုအထိ တပ်များကိုမစေလွှတ်နိုင်ပေ။အကယ်၍ ရန်သူများရောက်လာပါကလည်း ရှောင်ယုကတိုက်ပွဲဝင်မည်သာဖြစ်သည်။တိုက်ပွဲများသည် သူ့အတွက် ရမှတ်များပင်ဖြစ်ကြပြီး သူ၏ခိုင်ခံ့လှသော မြို့တော်ကာကွယ်ရေးကြောင့် ရှောင်ယုသည်အကြောက်အလန့်ကင်းမဲ့နေခဲ့သည်။
ထိုဖြစ်ရပ်များပြီးနောက် မည်သူကမှ အောစ့်များနှင့်နတ်သူငယ်များကို မထိဝံ့ကြတော့ပေ။ပထမဆုံးအချက်မှာ သူတို့၏ခွန်အားမလုံလောက်ကြောင်း သိထားကြ၍ဖြစ်သည်။ခြင်္သေ့မြို့သို့ရောက်လာကြသော လူများအနက် ထင်ရှားသည့်စတုတ္ထအဆင့်သူရဲကောင်းများရှိကြသည်။သူတို့၏တစ်ဦးချင်းခွန်အားသည် အလွန်အားကောင်းကာ နတ်သူငယ်အချို့ကိုလျှို့ဝှက်စွာဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်။သို့သော်လည်း ရှေးခေတ်ကာကွယ်သူများက သူတို့အားပြင်းထန်စွာတိုက်ခိုက်ခဲ့ကာ ရိုင်ဖယ်သမားများက သူတို့၏အသက်ကိုနှုတ်ယူခဲ့ကြသည်။ဒုတိယအချက်အနေဖြင့် ရှောင်ယုသည် မဟာမြို့စား၏မြေးကိုပင် သတ်ဖြတ်ဝံ့သူဖြစ်သည်။ထိုကဲ့သို့သောလူတစ်ယောက်သည် သူတို့လိုအရေးမပါသောလူများကို သတ်ဖြတ်ရမည်ကိုစိတ်ထဲထည့်ထားမည်မဟုတ်ပေ။
အခန်း ၁၆၅ - မူလင်းထျန်ကို သင်ခန်းစာပေးခြင်း
မူလင်းထျန်ပြန်လာပြီ....
ရှောင်ယုသည် ရန်ပွဲများကိုဖြေရှင်းနေသည့်အချိန်တွင် မူဟန်၏အစ်ကိုဖြစ်သူ ၊ မူလီ၏သားပြန်လာကြောင်း သတင်းကြားလိုက်ရသည်။ယခင်ရှောင်ယုသည် အမျိုးသမီးများအား နှောင့်ယှက်ခဲ့သောကြောင့် မူလင်းထျန်၏ရိုက်နှက်ဆုံးမမှုကိုခံခဲ့ရသည်။သို့သော်လည်း မူလင်းထျန်သည် သူရဲကောင်းအကယ်ဒမီသို့ပညာသင်ယူရန်အတွက် အခြားပြည်နယ်တစ်ခုသို့ထွက်ခွာသွားချိန်မှစ၍ ရှောင်ယုသည်သူ့ကိုမတွေ့ရတော့ပေ။ယခုအခါ ထိုသူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများသည် ရတနာများကိုရှာဖွေရန် အန်ကာဂန်တောင်တန်းများဆီရောက်ရှိလာခဲ့ပုံရသည်။
ခြင်္သေ့နယ်မြေစစ်တပ်တွင် အကြီးတန်းနှင့် အလယ်တန်းအဆင့်အရာရှိများ ပြတ်လတ်နေသည့်အတွက်ကြောင့် ရှောင်ယုသည်မူဟန်နှင့် မူလင်းထျန်တို့အား ခြင်္သေ့နယ်မြေ၏တပ်တွင် နေရာချထားရန်စီစဉ်နေခဲ့သည်။ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ယခင်ရှောင်ယု၏ရိုက်နှက်ခံရမှုအပေါ် သူမည်သို့မှအငြိုးမထားခဲ့ပေ။ထိုအတွက်ကြောင့် ရှောင်ယုသည် မူလီကိုလေးစားသည့်အတွက် မူလင်းထျန်အားကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုအားတွေ့မြင်ချိန်တွင် မူလင်းထျန်၏မျက်နှာပေါ်၌ အေးစက်သောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ရှောင်ယုအပေါ်ထားရှိသော မူလင်းထျန်၏ခံယူချက်သည် ဤနှစ်များတလျှောက်ပြောင်းလဲသွားပုံမရပေ။အမှန်တော့ မူလီနှင့်မူဟန်တို့သည် ရှောင်ယု၏စွမ်းဆောင်ချက်များနှင့်ပတ်သက်၍ မူလင်းထျန်အားများစွာပြောပြခဲ့ပြီး ရှာင်ယုကြောင့်သာမဟုတ်ပါက သူတို့မိသားစုပြိုကွဲသွားလိမ့်မည်ဟုပင် ပြောခဲ့လေသည်။
ထိုသို့ဆိုလျှင်ပင် မူလင်းထျန်သည် ရှောင်ယုအားအထင်အမြင်သေးနေဆဲပင်ဖြစ်သည်။သူသည် မှားယွင်းသောသခင်ကိုရွေးချယ်ခဲ့သည့်အတွက်လည်း သူ၏အဖေဖြစ်သူအား အပြစ်တင်ခဲ့သည်။မူလင်းထျန်သည် သူသာဘွဲ့ရပြီးပါက မြို့စားကြီးတစ်ယောက်၏လက်အောက်တွင် ဝင်ရောက်အမှုထမ်းကာ သူ၏မိသားစုကိုစောင့်ရှောက်မည်ဟု အဖေဖြစ်သူကို ပြောခဲ့သည်။
ယခုလည်း ရှောင်ယုသည် သူ့အားလာရောက်နှုတ်ဆက်သောအခါတွင် မူလင်းထျန်သာမက သူ၏အကယ်ဒမီမှကျောင်းသားများနှင့် ဆရာများကပါ ရှောင်ယုအားအေးစက်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် မူလင်းထျန်သည် ငယ်ရွယ်ကာမာနကြီးသူဖြစ်ကြောင်း ရှောင်ယုချက်ချင်းရိပ်မိလိုက်သည်။မွေးကင်းစနွားလေးများသည် ကျားများကိုမကြောက်ကြပေ။မူလင်းထျန်သည် လက်တွေ့ကမ္ဘာ၏အခက်အခဲများကို မဖြတ်သန်းရသေးဘဲ ဝတ္ထုစာအုပ်များမှ သူရဲကောင်းများ၏ဂုဏ်ပုဒ်ကိုသာ အာရုံစိုက်နေခဲ့သည်။
ရှောင်ယုသည် မူလင်းထျန်အားတွေ့မြင်သည်နှင့် ချက်ချင်းပင်ဖော်ရွှေစွာနှုတ်ဆက်လိုက်သည်။
"အစ်ကိုလင်းထျန်...မင်းကိုငါမတွေ့ရတာတောင် နှစ်အတော်ကြာလာပြီဘဲ...မင်းကိုကြည့်ရတာတော်တော်အစွမ်းထက်လာပုံရတယ်"
မူလင်းထျန်က အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။
"သိပ်အများကြီးလည်းမဟုတ်ပါဘူး...ငါ့ရဲ့အစွမ်းကလူပေါ်ကျော့တွေကို အန်ိုင်ယူဖို့တော့လုံလောက်ပါတယ်"
ခြင်္သေ့နယ်မြေသို့ရောက်စဉ်တွင် မူလင်းထျန်၏အတန်းဖော်များ ၊ သူ၏ဆရာ၊ဆရာမများသည် ကတ်ပြားများကိုအတင်းဝယ်ယူခဲ့ရသည့်အတွက် သူသည်ရှောင်ယုအားပိုမိုဒေါသထွက်နေခဲ့သည်။သူ၏အဖေသည် ခြင်္သေ့နယ်မြေ၏ဗိုလ်ချုပ်တစ်ယောက်ဖြစ်ရာ သူ၏အတန်းဖော်များနှင့်ဆရာ၊ဆရာမများသည် ငွေကြေးပေးဆောင်ရခြင်းမှကင်းလွတ်ခွင့်ရမည်ဟု ယုံကြည်ထားခဲ့သည်။သို့သော်လည်း မူလင်းထျန်သည် သူတို့ရောက်လာမည့်အကြောင်း ကြိုတင်သတိမပေးခဲ့၍ ရှောင်ယုကဤအကြောင်းကိုမသိခဲ့ပေ။ထို့ကြောင့် ခိုင်ရင်းကိုယ်တိုင်ထိုနေရာသို့ရောက်သွားခဲ့ကာ ထိုဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူတိုင်းက်ို ဝင်ခွင့်ကတ်ပြားများအားဖိအားပေးဝယ်ယူစေခဲ့သည်။
ရှောင်ယုသည် မူလင်းထျန်၏တုံ့ပြန်မှုကြောင့် အပြုံးမပျက်ခဲ့ပေ။
"အဲ့ဒီအချိန် ဟွေ့မြို့မှာဖြစ်ခဲ့တဲ့ကိစ္စက ငါတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲခဲ့တာပဲ...ဒါပေမဲ့အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ...အစ်ကိုလင်းရဲ့ ကိုယ်ခံပညာဟာ အံ့သြစရာကောင်းပြီးတော့ အနာဂတ်မှာကြီးမားတဲ့အောင်မြင်မှုကိုရနိုင်လိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်....မင်းအဖေကငါ့နယ်မြေရဲ့ဗိုလ်ချုပ်တစ်ယောက်မလို့ ငါတို့ကခုဆိုရင်မိသားစုလိုပဲ...ငါတို့ရဲ့အရင်ကမုန်းတီးမှုတွေကိုမေ့ထားလိုက်ရအောင်...ဒါပေမဲ့ မကြာသေးခင်နှစ်တွေတုံးက ငါလည်းစတင်လေ့ကျင့်ခဲ့ပြီးတော့ ကျွမ်းကျင်မှုနည်းနည်းကိုသင်ယူတတ်မြောက်ခဲ့တယ်...ဒီနေ့အစ်ကိုလင်းနဲ့လက်ရည်စမ်းခွင့်ရရင် အကောင်းဆုံးပဲပေါ့"
သူသည် မူလင်းထျန်ကိုအနိုင်ယူကာ သင်ခန်းစာအချို့ပေးရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ထိုသို့မဟုတ်ပါက ဤကောင်လေးသည် ခြင်္သေ့နယ်မြေ သို့မဟုတ် သူ၏လက်အောက်၌မည်သည့်အခါမှ ဝင်ရောက်အမှုထမ်းမည်မဟုတ်ပေ။သင်၏ရန်သူသည် သင့်လက်အောက်သို့လိုလိုလားလားခိုလှုံလာစေရန် ပြုလုပ်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ သင်၏အင်အားကိုပြသရန်ဖြစ်သည်။
မူလင်းထျန်သည် သူ၏နှလုံးသားထဲတွင် တိုးတ်ိုးလေးရေရွတ်လိုက်မိသည်။
"မင်းကတကယ်ကြီး ငါ့ရဲ့တံခါးကိုကိုယ်တိုင်လာခေါက်နေတာပဲ...မင်းကသခင်ဖြစ်ပြီး ငါ့အဖေကဗိုလ်ချုပ်မလို့ မင်းကိုမရိုက်နိုင်ခဲ့ဘူး...ဒါပေမဲ့မင်းက ဒီကိစ္စကိုအစဖော်လာမှာတော့ မင်းကိုငါ့လက်နဲ့သေချာကစားပေးရတာပေါ့"
မူလင်းထျန်သည် ထိုသို့သောအတွေးမျိုးဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ...ငါတို့ပြိုင်ကြရအောင်...အောင်နိုင်သူ၊ရှံးနိမ့်သူ ဘယ်သူပဲဖြစ်ဖြစ် အရင်ကမကျေနပ်ချက်တွေကို ချက်ချင်းမေ့ပစ်ကြရမယ်"
မူလီသည် ထိုမြင်ကွင်းကိုကြည့်ကာ ဟန့်တားလိုသော်လည်း သူ၏နုံချာသောသားကို သင်ခန်းစာတစ်ခုပေးလိုသောကြောင့် သက်ပြင်းသာချမိလိုက်သည်။မူလီသည် ရှောင်ယု၏ခွန်အားကိုအခြားသူများထက် ရှင်းရှင်းလင်းလင်းနားလည်ပေသည်။မူလင်းထျန်သည် ရှောင်ယု၏ပြိုင်ဘက်လုံးဝမဖြစ်နိုင်ပေ။
ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက် ၊ တည်နေရာရွေ့ပြောင်းခြင်း ၊ သူရဲကောင်းဆန်စွာခုန်လွှားခြင်းစသည့်ကျွမ်းကျင်မှုများအပြင် စစ်မြေပြင်၏သတ်ဖြတ်ကွက်ဖြစ်သော လေပွေကျွမ်းကျင်မှုကိုပါ တတ်မြောက်ထားသည်။ရှောင်ယု၏တိုက်ခိုက်မှုများသည် မူလီ၏နှလုံးသားထဲ၌ နက်နက်ရှိင်းရှိင်း အမြစ်တွယ်နေသည့်အတွက်ကြောင့် ရှောင်ယုသည် မူလင်းထျန်အား သင်ခန်းစာကောင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်နေမိသည်။ရှောင်ယုသည် သူ့သားကိုမထိခိုက်စေလိုသည့်အတွက် မူလင်းထျန်သည် ဤတိုက်ခိုက်မှုအပြီး ရင့်ကျက်လာမည်ဟု မူလီမျှော်လင့်မိလိုက်သည်။
ရှောင်ယုနှင့်မူလင်းထျန်တို့သည် တိုက်ခိုက်ရန်အတွက် နေအိမ်အပြင်ဘက်ရှိ ကျယ်ပြန့်သောကွင်းပြင်ကျယ်ဆီသို့ရောက်လာကြသည်။သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာ၊ဆရာမများသည် ထိုလက်ရည်စမ်းပွဲအား ကြည့်ရှုရန်ရောက်ရှိလာခဲ့ကြပြီး သူတို့ပေးဆောင်ခဲ့ရသည့်ရွှေပြားများအတွက် မူလင်းထျန်မှ ရှောင်ယုကိုရိုက်နှိက်သည်ကို မြင်တွေ့လိုကြသည်။အကယ်၍ သူတို့သာအပြေးအလွှားတိုက်ခိုက်လိုက်ပါက ခြင်္သေ့နယ်မြေ၏တပ်ဖွဲ့များက သူတို့အားဝိုင်းရံတိုက်ခိုက်လာကြမည်ကို ကြောက်ရွံ့နေကြသည်။သူတို့သည် ကတ်ပြားများအတွက် ရွှေပြားများပေးဆောင်ခဲ့ရ၍ ရှောင်ယုကိုမုန်းတီးနေကြသည်။
သူတို့သည် ရှောင်ယုအားညအမှောင်တွင် တိတ်တဆိတ်တိုက်ခိုက်လိုသော်လည်း ရှောင်ယုအားကာကွယ်ပေးနေမည့် သက်တော်စောင့်များရှိနေမည်ကို စိုးရိမ်နေကြသည်။
ရှောင်ယုသည် လက်ကိုမြှောက်လိုက်ကာ ပြာမှုန်သယ်ဆောင်သူပုံတူအား သူ၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။
"အစ်ကိုလင်းထျန်...ဒီဓားကပြာမှုန်သယ်ဆောင်သူရဲ့ ပုံတူဓားတစ်လက်ပဲ...ဒါကဒဏ္ဍာရီလာအစစ်အမှန်ဓားမဟုတ်ပေမဲ့ အရမ်းအစွမ်းထက်တဲ့မှော်လက်နက်တစ်ခုဖြစ်နေဆဲပဲ...သတိထားပါ"
"ငါ့ရဲ့လက်ဗလာကိုသုံးပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့မိတ်ဆက်သွားအောင် လုပ်နိုင်တယ်"
မူလင်းထျန်က အေးစက်သောလေသံဖြင့်ရေရွတ်လိုက်သည်။
သို့သော်လည်း မူလင်းထျန်သည် သူ၏ဓားကိုဆွဲထုတ်လိုက်ကာ ရှောင်ယုကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရှောင်ယုသည်သာမန်လူတစ်ယောက်သာဖြစ်သည်။ထိုကောင်သည် အရက်သေစာ၊လောင်းကစားနှင့်လိင်မှုကိစ္စကိုသာ အချိန်အတော်ကြာသည်ထိစွဲလမ်းနေတတ်ပြီး သာမန်လူများထက်ပင် ရုပ်ပိုင်းဆိုင်ရာခွန်အား နိမ့်ပါးသူတစ်ဦးဖြစ်သည်။ရှောင်ယုသည် နှစ်အနည်းငယ်ကြာသည်ထိ လေ့ကျင့်ခဲ့လျှင်တောင် သူ၏ကြံ့ခိုင်မှုသည်မည်မျှထိ တိုးလာနိုင်မည်နည်း။
တစ်ဖက်တွင် မူလင်းထျန်သည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာကိုလေ့ကျင့်ခဲ့ပြီး လွန်ခဲ့သော၁၀နှစ်ခန့်ကပင် သူရဲကောင်းအကယ်ဒမီ၌တက်ရောက်ပညာသင်ယူနေခဲ့သူဖြစ်သည်။သ်ု့ိဖြစ်ရာ ရှောင်ယုကဲ့သို့လူပျော့လူညံ့တစ်ဦးအား သူမရှံးနိမ့်နိုင်ပေ။
ထို့ကြောင့် မူလင်းထျန်က ရှောင်ယုကိုင်ဆောင်ထားသည့်ဓားသည် ငွေကြေးများစွာအကုန်ကျခံထားသည့် ပစ္စည်းတစ်ခုမှလွဲ၍ အခြားမဖြစ်နိုင်ဟု ယုံကြည်ထားခဲ့သည်။
"ငါအရင်မတိုက်ခိုက်ချင်ဘူး...အစ်ကိုလင်းထျန်ဘက်ကစပါ..."
ရှောင်ယုကရယ်မောလိုက်ပြီး လင်းထျန်အားမည်သို့သင်ခန်းစာပေးရမည်ကို စဉ်းစားနေခဲ့သည်။သူသည် မူလင်းထျန်အားအနည်းအကျဉ်းထိခိုက်မိလျင်တောင်မှ မူလီကအထွန့်မတက်ဝံ့ဟု ရှောင်ယုယုံကြည်ထားခဲ့သည်။
"မင်းက ငါ့အဖေကို မင်းဘေးနားရောက်အောင် ဘယ်လ်ိုအစွမ်းတွေအသုံးပြုခဲ့လဲ ငါကြည့်ပါရစေ"
မူလင်းထျန်သည် ရှေ့သို့တိုးဝင်ကာ ရှောင်ယုအားဓားဖြင့်ခုတ်ချလိုက်သည်။
မူလင်းထျန်၏ဓားသည် မှော်လက်နက်တစ်ခုဖြစ်သည်။ထိုလက်နက်သည် အမြင့်ဆုံးလက်နက်တစ်ခုမဟုတ်သော်လည်း ဓား၏အရှိန်နှုန်းကိုမြင့်တင်ရန်အတွက် ဓား၏ကိုယ်ထည်တွင် လေမှော်သင်္ကေတများရေးထိုးထားခဲ့သည်။အဆုံးသတ်တွင် အဆင့်မြင့်မှော်လက်နက်တစ်ခုသည် ရွှေပြားသိန်းချီ သန်းချီကုန်ကျပေရာ လူအများစုသည်ထိုသို့သောလက်နက်များကို ဝယ်ယူရန်မတတ်နိုင်ကြပေ။
မူလင်းထျန်သည် အရှိန်ကုန်ရွေ့လျားလိုက်ပြီး လျင်မြန်စွာတိုက်ခိုက်ကာ တိုက်ပွဲကိုအဆုံးသတ်ရန်ကြံစည်လိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည်ရှောင်ယု၏ရှေ့သို့ရောက်လာကာ ဓားဖြင့်ခုတ်ချလိုက်သည်။
မူလင်းထျန်၏ခုတ်ချက်သည် ရက်စက်ပုံပေါ်သော်လည်း သူသည် ထိုတိုက်ခိုက်မှုတွင် သူ၏ခွန်အား၃၀ရာခိုင်နှုန်းကိုသာအသုံးပြုထားခဲ့သည်။သူသည် ရှောင်ယုအားထိခိုက်နာကျင်စေခဲ့ပါက ဆိုးကျိုးများကိုကြုံတွေ့ရမည်ဖြစ်ကြောင်း နားလည်ထားခဲ့သည်။
သူရဲကောင်းအကယ်ဒမီမှ ဆရာများသည်လည်း မူလင်းထျန်၏လှုပ်ရှားမှုကိုကြည့်ကာ ခေါင်းညိတ်မိလိုက်ကြသည်။အမှန်တော့ မူလင်းထျန်သည် သူတို့အကယ်ဒမီ၏အတော်ဆုံးကျောင်းသားဖြစ်သည်။သူ့ထံတွင် အလွန်ကောင်းမွန်သောကိုယ်ခံပညာနှင့် လျင်မြန်စွာလှုပ်ရှားနိုင်သော ခန္ဓာကိုယ်တည်ဆောက်ပုံပိုင်ဆိုင်ပြီး တတိယအဆင့်သို့မကြာမှီရောက်ရှိတော့မည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာကာ တုံ့ပြန်မှုမရှိဘဲ ငြိမ်နေလိုက်သည်။
သူ၏ဓားထိပ်ဖျားသည် ရှောင်ယု၏နဖူးနှင့်၅မီလီမီတာအကွာသို့ ရောက်ရှိလာသောအချိန်တွင် မူလင်းထျန်သည်မျက်မှောင်ကြုတ်မိလိုက်သည်။သူသည် ဤအကွက်ကိုအကြိမ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သည့်အတွက်ကြောင့် ရှောင်ယုကိုခြောက်လန့်ရန် လုံလောက်သည်ထက်ပိုမိုနေပြီဖြစ်သည်။မူလင်းထျန်သည် သူ၏ဓားကိုချက်ချင်းရပ်လိုက်ကာ သူ၏မျက်နှာပေါ်၌မာနကြီးသောအမူအရာတစ်ခုဖြစ်ပေါ်လာပြီး ရှောင်ယုအားအရှက်ခွဲရန်ပြင်ဆင်လိုက်သည်။သို့သော်ထိုအချိန်၌ ရှောင်ယုသည်ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
သူဓားဖြင့်ထိုးချိန်ထားသောနေရာ၌ ရှောင်ယု၏အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ဘဲ နေရာလွတ်တစ်ခုသာကျန်ရစ်ခဲ့တော့သည်။
မူလင်းထျန်သည် ရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့သည်။ဤအရာသည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုမဟုတ်ပေ။ထိုသို့မဟုတ်ပါက ဤအရာသည်အလွန်ပင်အန္တာရယ်များသည့် အချက်ဖြစ်သည်။
မူလင်းထျန်သည် သူ၏တင်ပါးကိုတစ်စုံတစ်ခုက ထိမှန်သွားသည်ဟု ခံစားမိလိုက်သောအချိန်ထိ တုံ့ပြန်နိုင်ခြင်းမရှိသေးပေ။သူ၏ခန္ဓာကိုယ်သည် ရှေ့သို့မြောက်တက်သွားသည့်အချိန်တွင် သူသည်သတိပြန်ဝင်လာခဲ့သည်။ကံကောင်းထောက်မစွာဖြင့် သူ၏ခန္ဓာကိုယ်ကိုအချိန်အတော်ကြာလေ့ကျင့်ထားခဲ့သည့်အကျိုးကြောင့် သူ၏ခန္ဓာကိုယ်သည်ပျော့ပျောင်းနေခဲ့ကာ လေထဲတွင်ဟန်ချက်ထိန်း၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။ထိုအချိန်တွင် ရှောင်ယုသည်သူ့နောက်တွင်ရပ်နေသည်ကို သူတွေ့မြင်လိုက်ရသည်။ထိုကောင်သည် သူ့တင်ပါးကိုဆောင့်ကန်ပစ်ခြင်းဖြစ်သည်။
သို့သော် မယုံကြည်နိုင်မှုက သူခံစားနေရသော အရှက်တရားက်ိုဖုံးကွယ်ထားခဲ့သည်။ရှောင်ယုသည် မည်သည့်အဆင့်နည်း...သူသည်အဘယ်ကြောင့်ဤမျှမြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်ရသနည်း...ရှောင်ယုပြသသွားသည့်အရှိန်သည် လူမဆန်သောအရှိန်ပင်ဖြစ်ကာ ဆဌမအဆင့်သူရဲကောင်းများသည်ပင် ဤမျှမြန်မြန်မရွေ့လျားနိုင်ပေ။
ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူအား ညင်သာစွာပွတ်သပ်လိုက်သည်။
"အိုး..ငါမင်းကိုတစ်ခုပြောဖို့မေ့သွားတယ်...ငါကနှစ်ထပ်လေ့ကျင့်သူပဲ....ငါအခုသုံးသွားတဲ့ကျွမ်းကျင်မှုကို တည်နေရာရွေ့ပြောင်းခြင်းလို့ခေါ်တယ်..."
မူလင်းထျန်အပါအဝင် သူ၏ ဆရာများနှင့်သူရဲကောင်းအကယ်ဒမီမှကျောင်းသားများသည် ရှောင်ယု၏စကားကိုကြားချိန်တွင် ထိတ်လန့်သွားခဲ့ကြသည်။ရှောင်ယုသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး မူလင်းထျန်၏နောက်ကွယ်၌ပေါ်လာစဉ်ကတည်းကပင် အကယ်ဒမီမှဆရာများကသံသယဖြစ်နေကြပြီဖြစ်သည်။
ဤမျှငယ်ရွယ်လှသော နယ်မြေသခင်လေးသည် တည်နေရာရွေ့ပြောင်းခြင်းကို မည်သို့သင်ယူနိုင်ပါမည်နည်း...အာကာသမှော်ပညာသည် မှော်ပညာများအနက် သင်ယူရန်အခက်ခဲဆုံးသော မှော်ပညာဖြစ်သည်။ထို့ပြင် ရှောင်ယုသည်သူရဲကောင်းတစ်ယောက်သာ ကိုင်ဆောင်နိုင်သောဓားတစ်လက်ကိုထုတ်ပြခဲ့သည်။သူရဲကောင်းတစ်ယောက်သည် တည်နေရာရွေ့ပြောင်းခြင်းမှော်ကို မည်သို့အသုံးပြုနိုင်မည်နည်း...
နှစ်ထပ်လေ့ကျင့်သူ....
ရှောင်ယု၏စကားကိုကြားပြီးနောက် သူတို့၏သံသယစိတ်များကို ရှင်းလင်းသွားစေခဲ့သည်။
မူလင်းထျန်သည် ရှောင်ယုကိုကြည့်ရင်း မယုံကြည်နိုင်ဟန်ဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
"နှစ်ထပ်လေ့ကျင့်သူ...တည်နေရာရွေ့ပြောင်း...ရှောင်ယုကသာ ခြေထောက်ကိုမသုံးဘဲ ဓားကိုသုံးလိုက်ရင်..."
တစ်ချိန်တည်းမှာပင် အကယ်ဒမီမှဆရာမတစ်ဦးက အော်ဟစ်သတိပေးလိုက်သည်။
"တည်နေရာရွေ့ပြောင်းခြင်းမှော်ကို တစ်ကြိမ်သုံးပြီးရင် နောက်တစ်ကြိမ်ထပ်သုံးဖို့အတွက် အချိန်ကန့်သတ်ချက်ရှိတယ်...လင်းထျန်"
အကယ်ဒမီမှဆရာများသည် တစ်ချက်ကြည့်ရုံဖြင့် တည်နေရာရွေ့ပြောင်းခြင်းမှော်၏ ချို့ယွင်းချက်ကိုတွေ့မြင်နိုင်ကြသည်။တည်နေရာရွေ့ပြောင်းခြင်းသည် အဆင့်မြင့်မှော်ပညာဖြစ်သော်လည်း လင်းထျန်သည် ရှောင်ယုအားသူ၏အဆင့်မြင့်ကိုယ်ခံပညာဖြင့် တွန်းလှန်လိုပါကမဖြစ်နိုင်သည်တော့မဟုတ်ပေ။
မူလင်းထျန်သည် ဆရာဖြစ်သူများ၏ သတိပေးမှုကိုရသည်နှင့် ချက်ချင်းပြေးထွက်သွားခဲ့သည်။လွန်ခဲ့သောအခိုက်အတန့်က သူခံစားလိုက်ရသောအရှက်တရားအတွက် သူပြန်လည်ပေးဆပ်လို၍ ရှောင်ယုအားနောက်ထပ်တစ်ကြိမ် ဓားဖြင့်ခုတ်ထစ်လိုက်သည်။
တည်နေရာရွေ့ပြောင်းခြင်းကို နောက်တစ်ကြိမ်ထုတ်ဖော်ရန် အချိန်၁၀စက္ကန့်လိုအပ်သည့်အတွက် ရှောင်ယုသည်၎င်းကိုအသုံးမပြုတော့ပေ။ထို့အစား လေလမ်းလျှောက်ခြင်းကိုအသက်သွင်းလိုက်သည်။မူလင်းထျန်သည် ဓားက်ိုလွဲခုတ်လိုက်သော်လည်း ရှောင်ယု၏ခန္ဓာက်ိုယ်သည် မှုန်ဝါးသွားကာ တဖန်ပျောက်ကွယ်သွားခဲ့သည်။
မူလင်းထျန်သည် ရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး အခြေအနေကိုနားမလည်နိုင်သော်လည်း မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့သည်။မူလင်းထျန်သည် နောက်ထပ်တစ်ကြိမ် ခုတ်ထစ်လိုက်သော်လည်း လေကိုသာထပ်မံခုတ်ပိုင်းမိခဲ့သည်။
ရှောင်ယုသည် လင်းထျန်၏နောက်ကျော၌ တဖန်ပြန်ပေါ်လာကာ သူ၏တင်ပါးကိုပိတ်ကန်ထည့်လိုက်သည်။
Thank For Reading.