အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အခန်း ၁၆၉ - စတုတ္ထအဆင့် နတ်ဆိုးသားရဲ
ရှောင်ယု၏အဓိကရည်ရွယ်ချက်မှာ အနာဂတ်တွင် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် ခြင်္သေ့နယ်မြေ၌လာရောက်အမှုထမ်းခြင်း မရှိခဲ့လျှင်တောင်မှ သူတို့သည်ခြင်္သေ့နယ်မြေအပေါ် အထင်ကြီးနေစေရန်ဖြစ်သည်။အမှန်တော့ သူ၏ကိုယ်ပိုင်ခွန်အားသာ တိုးမြင့်လာခဲ့ပါက အနာဂတ်တွင် ထိုကျောင်းသားများသည် သူတို့စိတ်ဆန္ဒအရ လာရောက်ပူးပေါင်းကြမည်ဖြစ်သည်။လမ်းတလျှောက်တွင် သားရဲများစွာသည် သူတို့အားလာရောက်တိုက်ခိုက်ခဲ့သော်လည်း မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။ထိုအစား ရှောင်ယု၏ သိုလှောင်လက်စွပ်အတွင်း၌ သားရဲအလောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။သူသည် ထိုသားရဲအလောင်းများကို စေ◌ျးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချနိုင်သလို မှော်ပစ္စည်းများ ဖန်တီးရာ၌လည်း အသုံးပြုနိုင်ပေသည်။
မှော်ပစ္စည်းများပြုလုပ်ရာတွင် အဆင့်မြင့်ပစ္စည်းများကိုအသုံးပြုခြင်းက ထိုမှော်ပစ္စည်း၏စွမ်းအားကို တိုးလာနိုင်စေသည်။
မြေပုံ၌ဖော်ပြထားသည့်အတိုင်းဆိုလျှင် သူတို့သည်အမှောင်မြို့တော်နှင့် နီးကပ်နေရမည်ဖြစ်သော်လည်း မြေပုံသည်မတိကျသည့်အပြင် နှစ်ကာလများကြာမြင့်ပြီးနောက် မြေမျက်နှာသွင်ပြင်ကလည်းပြောင်းလဲသွားပုံရသည်။သူတို့သည် တောင်၏အနက်ပိုင်းသို့ရောက်သောအခါတွင် ပိုမိုအဆင့်မြင့်သောသားရဲများနှင့် ရင်ဆိုင်ကြုံတွေ့လာကြရသည်။အချိန်ကြာလာသည်နှင့်အမျှ စွန့်စားသူအမြောက်အများသည် ရှောင်ယုတို့၏အဖွဲ့နှင့် လာရောက်ခိုလှုံပူးပေါင်းလာကြသည်။ရှောင်ယုသည် သူတို့အားဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ အဖွဲ့၏နောက်တန်း၌သာနေခိုင်းခဲ့သည်။သို့သော်လည်း သူတို့အားလာရောက်ပူးပေါင်းသည့် မှော်ဆရာများကိုမူ ရှောင်ယုကအမြဲကြိုဆိုခဲ့သည်။
ရှောင်ယုသည် ပူးပေါင်းလာသောမှော်ဆရာများက်ို နေရာချပေးပြီး နောက်ပိုင်းတွင် ပုံစံတကျဖွဲ့စည်းစေလိုက်သည်။ထိုမှော်ဆရာများသည် အဆင့်မြင့်သားရဲ သို့မဟုတ် နတ်ဆိုးသားရဲတစ်ကောင်နှင့်ရင်ဆိုင်ရပါက ပိုမိုထိရောက်မှုရှိမှာဖြစ်သည်။သာမန်အားဖြင့်ဆိုပါက မှော်ဆရာများသည် အားနည်းကြသော်လည်း အုပ်စုလိုက်တိုက်ခိုက်မည်ဆိုပါက သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် လွန်စွာကြီးမားပေသည်။ထို့ပြင် မှော်ဆရာအများစုသည် အကယ်ဒမီမှကျောင်းသားများသာဖြစ်ကြ၍ ရှောင်ယု၏အမိန့်ကိုမေးခွန်းမထုတ်ဘဲ နားထောင်ခဲ့ကြသည်။ရှောင်ယုသည် သူရဲကောင်းအကယ်ဒမီမှကျောင်းသားများကို လက်ခံခဲ့သော်လည်း သူတို့အားရှေ့တန်းမှရောက်ရှိလာသည့် တိုက်ခိုက်မှုများမှ မှော်ဆရာများကိုကာကွယ်ရန်သာ အမိန့်ပေးခဲ့သည်။သူရဲကောင်းအကယ်ဒမီမှကျောင်းသားများသည် အစောပိုင်းတွင် မကျေမနပ်ဖြစ်ကြသော်လည်း ထိုသို့နေရာချထားခြင်း၏ ကောင်းမွန်သောအကျိုးကျေးဇူးကိုသိမြင်ပြီးနောက် ရှောင်ယုအားမေးခွန်းမထုတ်ကြတော့ချေ။
ထိုကျောင်းသားအများစုသည် သူတို့၏ရဲစွမ်းသတ္တိအားပြသရန်အတွက် အောစ့်များကိုသတ်ဖြတ်ရန် စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ကြသည်။အမှန်တော့ သူတို့ထဲမှတချို့သည် ခြင်္သေ့မြို့မှအန်ကာဂန်တောင်တန်းများဆီ ရောက်ရှိပြီးနောက်တွင် တစ်ကိုယ်တော်လှုပ်ရှားရန်စီစဉ်ခဲ့ကြသည်။သို့သော်လည်း အောစ့်များကသားရဲများကို အလွယ်တကူသတ်ဖြတ်နေသည်ကိုတွေ့မြင်ပြီးနောက်တွင် အောစ့်များကိုမဆန့်ကျင်မိခဲ့သည်မှာ ကံကောင်းကြောင်းခံစားလာရသည်။အောစ့်၁ကောင်သည် သူတို့ထဲမှအများအပြားကို မျက်စိတမှိတ်အတွင်း သတ်ဖြတ်နိုင်သည်ဟု ခံစားလာရသည်။
အဆင့်၁၀ အောစ့်စစ်သည်များသည် အလွန်အစွမ်းထက်နေခြင်းမျိုးမဟုတ်သော်လည်း သူတို့အားလုံးသည် တိုတမ်များ၏ထောက်ပံ့ပေးမှုနှင့် နတ်ဆရာများ၏သွေးဆာလောင်ခြင်း အစွမ်းကိုရရှိထားကြသည်။ထို့နောက်တွင် သူတို့၏ခွန်အားသည် ပုံမှန်ထက်အဆပေါင်းများစွာထိုးတက်သွားခဲ့ကာ လူသားမဆန်သောသတ်ဖြတ်စက်များအဖြစ် ပုံဖော်လာကြသည်။
...
...
"အဲ့ဒီလမ်းကို မသွားကြနဲ့...ဟိုမှာသားရဲကြီးတစ်ကောင်ရှိတယ်...သူကတောင်ကုန်းလောက်မြင့်ပြီးတော့ လှုပ်ရှားတိုင်းငလျင်လှုပ်သလ်ို ခံစားနေရတယ်"
စွန့်စားသူအမြောက်အများသည် ရှေ့မှပြန်ပြေးလာကြကာ အလန့်တကြားသတိပေးလာကြသည်။
ရှောင်ယုသည် ထိုစွန့်စားသူများထံမှ သားရဲကြီးအကြောင်း အသေးစိတ်အချက်အလက်များကိုရယူရန် အောစ့်စစ်သည်များအား အမိန့်ပေးလာခဲ့သည်။
ထိုစွန့်စားသူများသည် ကင်းထောက်များဖြစ်ကြသည်။သူတို့သည် အခြားသူများရှေ့မတိုးမှီ နယ်မြေအားစူးစမ်းရန်အတွက် ရှေ့မှဦးစွာထွက်သွားကြခြင်းဖြစ်သည်။ရှောင်ယုသည် သူတို့ထံမှ အသေးစိတ်အချက်အလက်များကို သိရှိခဲ့ပြီးနောက် ထိုသားရဲအားကိုယ်တိုင်သွားရောက်စစ်ဆေးလိုခဲ့သည်။အကယ်၍ ထိုသားရဲကသာလွန်စွာသန်မာနေခြင်းမရှိပါက ဤအခွင့်အရေးကိုလက်လွတ်ခံရန် အစီအစဉ်မရှိပေ။
ရှောင်ယုနှင့်ဂရင်းတို့သည် ထွက်ပြေးလွတ်မြောက်လာသည့် စွန့်စားသူများညွန်ပြလိုက်သော ဦးတည်ရာအတိုင်းလျှောက်လှမ်းလာရာ လှိုဏ်ဂူတစ်ခုအားတွေ့ရန် အချိန်မကြာလိုက်ပေ။တစ်ချိန်တည်းမှာပင် လှိုဏ်ဂူအတွင်း၌ ဧရာမသားရဲတစ်ကောင်လဲလျောင်းနေခဲ့သည်။
"ဒီကောင်က ကြံ့ကြီးတစ်ကောင်ပဲ"
ရှောင်ယု၏မျက်လုံးများသည် ကျွတ်ကျမတတ်ပြူးထွက်လာခဲ့သည်။ကြံ့ကြီး၏ကိုယ်ထည်သည် ၁၀မီတာခန့်မြင့်ပြီး သူ၏ကိုယ်ထည်အား သားရေထူထူဖြင့် ဖုံးအုပ်ထားသည်။
ထိုကောင်ကြီးသည် ရှေ့သို့ခြေလှမ်းချရုံဖြင့် အခြားသူများကိုသေစေနိုင်ပေသည်။ကင်းထောက်များသည် ထိုကောင်ကြီးကိုမြင်ရုံဖြင့် ထိတ်လန့်သွားကြသည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။
"ဒီကြံ့က စတုတ္ထအဆင့်သားရဲတစ်ကောင်ပဲဖြစ်ရမယ်...ပဥ္စမအဆင့်သားရဲဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က်ိုဖုံးလွှမ်းထားတဲ့ မှော်ထီးဆောင်းအလွှာတစ်ခုရှိရမယ်...ဒီကောင်ရဲ့ခြေတစ်လှမ်းကတင် လူတွေကိုတက်နင်းပြီးသေစေနိုင်တယ်...ပြီးတော့ ဒီကောင့်ရဲ့အရေပြားကတော်တော်ထူတာကြောင့် သတ်ဖြတ်ဖို့တော်တော်ခဲယဉ်းလိမ့်မယ်"
ရှောင်ယုသည် ထိုကြံ့အားသတ်ဖြတ်ရန် နည်းလမ်းပေါင်းစုံကိုစဉ်းစားခဲ့သည်။အကယ်၍ သူတို့အဖွဲ့တွင်အစွမ်းထက်သော မှော်ဆရာတစ်ယောက်ပါလာပါက အလွယ်တကူသတ်ဖြတ်နိုင်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။အောစ့်စစ်သည်များ၏ခွန်အားသည် ပြင်းထန်သော်လည်း ဤသားရဲကို မယှည်နိုင်ပေ။
ခိုင်ရင်းသာ အဆင့်၃၀သို့ရောက်ရှိပြီး အဆင့်၃ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပါက ၎င်းကိုသတ်ဖြတ်နိုင်ပေသည်။သို့သော်လည်း ခိုင်ရင်း၏အဆင့်သည် ယခုအချိန်ထိအလွန်နိမ့်ကျနေဆဲဖြစ်သည်။လင်းယုန်စခန်းကိုဝင်ရောက်စီးနင်းပြီးနောက်တွင်ပင် သူသည်အဆင့် ၁၆သို့သာရောက်ရှိခဲ့သည်။ထိုအချိန်မှစ၍ ကြီးမားသောစစ်ပွဲမရှိ၍ ခိုင်ရင်းသည်အဆင့်မတက်ခဲ့ပေ။
ရှောင်ယုသည် ကာရီနှင့်သူ၏အဖေတို့အား ဖယ်ရှားရန်အတွက် အန်ကာဂန်တောင်တန်းများသို့မဝင်ရောက်မှီ သူ၏သူရဲကောင်းများနှင့်တပ်သားများကို အဆင့်မြင့်တင်ရန်စီစဉ်ခဲ့သည်။သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုအစီအစဉ်သည်နှောင့်နှေးကြန့်ကြာခဲ့ရသည်။ထို့ကြောင့် ကာရီ၏နယ်မြေကိုနှောင့်ယှက်ရန်အတွက် ရှောင်ယုသည် အားသက်စ်နှင့်ဖုတ်ကောင်များကို အမိန့်ပေးခဲ့ကာ နယ်မြေလူထုအားစိတ်ဓာတ်ကျဆင်းစေရန်အတွက် အောစ့်စီးနင်းသူများအား ရွာများကိုလုယက်ရန် အမိန့်ပေးခဲ့သည်။
ရှောင်ယုနှင့် ကာရီတို့သားအဖနှစ်ဦးကြားမှ ရန်ငြိုးသည် ချေဖျက်၍မရသောအခြေအနေတွင်ရှိပေသည်။သို့ဖြစ်ရာ လက်ရှိအချိန်၌ သူတို့အားမတိုက်ခိုက်နိုင်သေးလျှင်ပင် ငြိမ်ငြိမ်သက်သက်နေထိုင်ခွင့်မပေးနိုင်ပေ။ထို့ပြင် ကာရီ၏ဖခင်သည်လည်း လင်းယုန်ဓားပြများသေဆုံးသည့်အကြောင်းကို ကြားသိထားမည်ဖြစ်သောကြောင့် ခြင်္သေ့မြို့အားတိုက်ခိုက်ဝံ့မည်မဟုတ်ပေ။
စုဘာရူသည် သိန်းချီသောဓားပြများ၏အကူအညီဖြင့်ပင် ခြင်္သေ့မြို့အား မအောင်မြင်ခဲ့ပေရာ သာမန်စစ်သည်သောင်းချီက အောင်မြင်ရန်စိတ်မကူးထားသင့်ချေ။
ရှောင်ယုသည် စုံစမ်းစစ်ဆေးပြီးနောက် အဖွဲ့ဆီသို့ပြန်လာခဲ့သည်။ကြံ့ကိုသတ်ဖြတ်နိုင်ပါက တတိယအဆင့်သားရဲများစွာကိုသတ်ဖြတ်သည်ထက် အကျိုးကျေးဇူးရရှိနိုင်၍ သူသည်ထိုသားရဲကိုသတ်ဖြတ်ချင်နေခဲ့သည်။သူပြန်ရောက်ချိန်တွင် လင်းမူရွယ်တက်ရောက်နေသည့် မှော်အကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများသည် သူတို့အဖွဲ့နှင့်ပူးပေါင်းလာကြောင်း တွေ့ရှိခဲ့သည်။ဆရာကြီးအယ်လ်မာသည် လမ်းတလျှောက်လုံးတွင် ကျောင်းသားများ၏လုံခြုံရေးကိုအထူးဂရုပြုစောင့်ရှောက်ခဲ့သော်လည်း သေဆုံးဒဏ်ရာရသူများရှိခဲ့သည်။အန်ကာဂန်တောင်တန်းများတလျှောက် ပုန်းအောင်းနေသောအန္တာရယ်များသည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်ခဲ့သည်။
လင်းမူရွယ်နှင့်မူဟန်တို့သည် ဝါးကုလားထိုင်များပေါ်၌ အေးအေးဆေးဆေးစားသောက်နေသည်ကို မြင်လိုက်ရသောကျောင်းသား၊ကျောင်းသူများသည် အမှန်ပင်မနာလိုဖြစ်သွားခဲ့သည်။
"ဆရာကြီးအယ်လ်မာ စွန့်စားခန်းအခြေအနေကဘယ်လိုလဲ...သားရဲတွေအများကြီးဖမ်းမိပြီလား..."
ရှောင်ယုသည် ဆရာကြီးအယ်လ်မာကိုတွေ့သည်နှင့် ဝမ်းသာအားရဖြစ်သွားခဲ့သည်။ဆရာကြီးအယ်လ်မာကဲ့သို့ မီးမှော်ဆရာတစ်ယောက်၏ အကူအညီကိုရပါက ကြံ့ကြီးက်ိုသတ်ဖြတ်ရန် မခက်ခဲသင့်ပေ။ဆရာကြီးအယ်လ်မာပစ်လွှတ်လိုက်သော မီးလုံးများသည် ခေတ်သစ်ကမ္ဘာ၏ဒုံးကျည်များ၏ပြင်းအားထက် မလျော့နည်းသင့်ပေ။
"သားရဲတွေကအရမ်းများလွန်းတယ်...အဲ့ဒါတွေအားလုံးကို ရင်ဆိုင်ဖို့ခက်ခဲလွန်းတယ်"
ဆရာကြီးအယ်လ်မာက ပြန်ဖြေလိုက်သည်။သူသည် ကျောင်းသားများကိုကာကွယ်ရန်အတွက်သာ ဤနေရာသို့ရောက်ရှိနေခြင်းဖြစ်၍ သားရဲများကိုဦးစားပေးမသတ်ဖြတ်ခဲ့ပေ။အကယ်၍ သူနှင့်သူ့အစောင့်များသာ ဤနေရာသို့ရောက်လာပါက အခြေအနေများပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
ရှောင်ယုသည် ဆရာကြီးအယ်လ်မာနှင့်အခြားသူများကို ပြုစုရန်အတွက် အစားအစာများ၊အချိုရည်များ၊စားပွဲများကုလားထိုင်များကို ထုတ်ယူခဲ့သည်။ရှောင်ယုနှင့် အခြားသူများ၏ပုံစံသည် သက်တောင့်သက်သာဖြစ်နေကာ အန်ကာဂန်တောင်တန်းများဆီပျော်ပွဲစားထွက်လာသည့်ပုံစံပေါက်နေ၍ ကျောင်းသားများသည်ဒေါသလည်းထွက်သွားသလို တစ်ချိန်တည်းတွင်အံ့သြတုန်လှုပ်သွားကြသည်။သူတို့သည် ဆင်းရဲဒုက္ခများကို ကြုံတွေ့ဖြတ်သန်းနေရချိန်တွင် ရှောင်ယုတို့ထံ၌ ဇိမ်ခံတဲများ၊ကုတင်များ၊ရေချိူးကန်များပါရှိနေပြီး လင်းမူရွယ်နှင့်မူဟန်တို့သည် နေ့တိုင်းရေချိုးနိုင်ကြသည်။
အန်ကာဂန်တောင်တန်းသို့ဝင်ရောက်လာသူသောင်းချီတွင် သိုလှောင်လက်စွပ်ကိုပိုင်ဆိုင်သူ အနည်းအကျည်းသာရှိပေသည်။ထိုသူများသည် သိုလှောင်လက်စွပ်များကို နေ့စဉ်လိုအပ်သည့်မရှိမဖြစ်ပစ္စည်းများနှင့် သတ်ဖြတ်ထားသည့်သားရဲများ၏အဖိုးတန်အစိတ်အပိုင်းများကို သိမ်းဆည်းရန် အသုံးပြုကြသည်။
ဆရာကြီးအယ်လ်မာသည် ရှောင်ယု၏အခြေအနေကို တွေ့မြင်ပြီးနောက် ခဏအကြာတွင်သူတို့နှင့်ပူးပေါင်းရန် စိတ်ကူးခဲ့သည်။မည်သို့ပင်ဆိုစေ အနိမ့်ဆုံး ခရီးစဉ်တလျှောက်အန္တာရယ်ကင်းမည်ဖြစ်သည်။
ဆရာကြီးအယ်လ်မာသည် သူ၏ကျောင်းသားများအတွေ့အကြုံရရှိရန်အတွက် လမ်းတလျှောက်တွင် သားရဲအချို့ကိုသတ်ခွင့်ပေးခဲ့သည်။သို့သော် အန်ကာဂန်တောင်တန်းသည် သူထင်ထားသည်ထက်ပိုမိုအန္တာရယ်များကာ ကျောင်းသားအချို့သေဆုံးခဲ့ရသည်။အကယ်၍ ယခုထက်ပိုမိုသောကျောင်းသားများနှင့် ဆရာများသေဆုံးခဲ့ပါက ဆရာကြီးအယ်လ်မာသည်ပင် ရှင်းပြရန်ခက်ခဲမှာဖြစ်သည်။
ထို့နောက် ရှောင်ယုသည် ဆရာကြီးအယ်လ်မာနှင့်စတင်ဆွေးနွေးခဲ့သည်။
"ဆရာကြီးအယ်လ်မာ...ရှေ့မှာစတုတ္ထအဆင့်သားရဲတစ်ကောင်ရှိတယ်...ငါတို့ပူးပေါင်းပြီးသတ်ကြမလား...ပြီးရင်ရလာတဲ့အဖိုးတန်အစိတ်အပိုင်းတွေကို သင်ယူနိုင်တယ်"
ဆရာကြီးအယ်လ်မာသည် ရှောင်ယု၏စကားကိုကြားသောအခါ ရှောင်ယုအားစိုက်ကြည့်မိလိုက်သည်။သူသည် စတုတ္ထအဆင့်သားရဲတစ်ကောင်၏ အရေးပါပုံနှင့် သူ၏ခန္ဓာကိုယ်မှရရှိလာသော အစိတ်အပိုင်းများကိုအသုံးပြုကာ သန့်စင်နိုင်သည့် မှော်ပစ္စည်းအမျိုးမျိုးကိုတွေးမိပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
အကယ်၍ သူသည်မှော်အကယ်ဒမီမှ ကျောင်းသားများနှင့်အတူရှိနေခဲ့ပါက ဤစတုတ္ထအဆင့်သားရဲကို တိုက်ခိုက်ရန်လုံးဝစိတ်ကူးယဉ်ဝံ့မှာမဟုတ်ပေ။စတုတ္ထအဆင့်သားရဲတစ်ကောင်သည် သာမန်စတုတ္ထအဆင့်လူသားများထက် များစွာပိုမိုအားကောင်းပေသည်။သို့သော်ယခုအခါ သူသည်ရှောင်ယုနှင့်အတူတူရှိနေသည့်အတွက်ကြောင့် အခြေအနေများကကွာခြားသွားပြီဖြစ်သည်။
ဆရာကြီးအယ်လ်မာက သဘောတူလိုက်ချိန်တွင် ရှောင်ယု၏မျက်လုံးများ၌ တောက်ပသောအလင်းတစ်ချက်ဖြတ်ပြေးသွားခဲ့သည်။
အခန်း ၁၇၀ - ကြံ့ကြီးက်ိုတိုက်ခိုက်ရန်ပြင်ဆင်ခြင်း
ဆရာကြီးအယ်လ်မာသည် ကြံ့ကိုအဝေးမှမြင်လိုက်ချိန်တွင် အံ့အားသင့်သွားခဲ့သည်။ဤကဲ့သို့သောနတ်ဆိုးသားရဲမျိုးသည် ပဥ္စမအဆင့်သားရဲများကဲ့သို့ ရက်စက်ကြမ်းကြုတ်သောအစွမ်းကိုပိုင်ဆိုင်ပေသည်။ရှောင်ယုသည် ထိုကဲ့သို့သောသားရဲမျိုးကို သတ်ဖြတ်ရန်ကြံစည်ဝံ့ပေသည်။အကယ်၍ သူသာဂရုမစိုက်ပါက သူ၏အားနည်းသောခန္ဓာကိုယ်သည် ဤသားရဲ၏တစ်ချက်နင်းစာသာရှိကြောင်း ဆရာကြီးအယ်လ်မာခံစားမိသည်။သို့သော်သူသည် သဘောတူညီထားပြီးဖြစ်၍ နောက်ဆုတ်ရန်မဖြစ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည်ကြံ့ကိုသတ်ဖြတ်ရန်အတွက် ပုံစံအမျိုးမျိုးကိုစီစဉ်နေခဲ့သည်။သူ့ထံတွင် ဆရာကြီးအယ်လ်မာရှိနေ၍ မီးမှော်အစွမ်းမလုံလောက်သည့် ပြဿနာသည်ပြေလည်သွားခဲ့သည်။
အန်တိုနီဒက်စ်၊လင်းမူရွယ်၊မူဟန်တို့အပြင် မှော်ဆရာများအားလုံးကို အုပ်စုနှစ်ခုဖြန့်ကျက်လိုက်ကာ သူတို့အားလုံးက်ိုမတ်စောက်သောကျောက်ဆောင်နှစ်ခုထိပ်၌ နေရာချထားလိုက်သည်။ထိုသို့နေရာချခြင်းဖြင့် ကြံ့ကြီး၏တိုက်ခိုက်မှုကိုအထိုက်အလျောက်ကာကွယ်နိုင်ကာ တစ်ချိန်တည်း၌ပင် ကြံ့ကြီးအားအသာစီးရယူတိုက်ခိုက်နိုင်ပေသည်။ထို့ပြင် သူတို့အားကာကွယ်ရန် သူရဲကောင်းများကိုစီစဉ်ထားပေသည်။
သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် ကြံ့ကြီးကိုတွေ့မြင်ချိန်၌ ခြေထောက်များပျော့ခွေကျသွားသလို ခံစားလိုက်ရသည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် သူတို့အားမှော်ဆရာများကိုကာကွယ်ရန်သာ အမိန့်ပေးခဲ့သည်။သို့သော် ရှောင်ယုသည် ဤဧရာမကြံ့ကြီးအား မည်သို့သတ်ဖြတ်မည်ကို သူတို့အားလုံးသိချင်စိတ်ဖြစ်နေကြသည်။
ထိုအချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ကာ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို မှော်ဆရာတိုင်းအားဝေငှလိုက်သည်။
"ဒါတွေကိုသောက်ပြီးရင် မင်းတို့ရဲ့မှော်စွမ်းအင်တွေပြန်ပြီးဖြည့်တင်းသွားလိမ့်မယ်"
သူတို့သာကြံ့ကြီးကိုအနီးကပ်တိုက်ခိုက်ပါက ဆုံးရှံးမှုများစွာကိုကြုံတွေ့ရမည်ဖြစ်သည့်အတွက်ကြောင့် ရှောင်ယုသည် မှော်တိုက်ခိုက်မှုများကိုသာ အဓိကအားထားရန်စီစဉ်ခဲ့သည်။ထို့ကြောင့် သူသည် ဆရာကြီးအယ်လ်မာကို မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး၁၀ပုလင်းတိတိ ပေးအပ်ခဲ့သည်။
ကျောင်းသားများသည် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကို တွေ့မြင်ချိန်တွင် သူတို့၏မျက်လုံးများသည်ကျွတ်ကျမတတ် ပြူးကျယ်လာခဲ့သည်။သူတို့သည် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများအကြောင်းကိုကြားဖူးသော်လည်း တစ်ခါမှမမြင်ဖူးပေ။ခြင်္သေ့နယ်မြေသခင်သည် ဤဆေးများကိုမည်သည့်နေရာမှရခဲ့သနည်။
ရှောင်ယု၏အကြံကိုကြားကြားချင်းတွင် ဆရာကြီးအယ်လ်မာသည် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။မှော်ဆရာများတွင် အဓိကအားနည်းချက်နှစ်ခုရှိသည်။ပထမအချက်မှာ အားနည်းသောခန္ဓာက်ိုယ်များဖြစ်ကြပြီး ကျန်တစ်ခုမှာအကန့်အသတ်ဖြင့်ရှိသော မှော်စွမ်းအင်ပင်ဖြစ်သည်။မှော်ဆရာများသည် သူတို့၏မှော်စွမ်းအင်ကိုဆုံးရှုံးသွားပါက သာမန်လူများနှင့်မခြားတော့ပေ။ပုံမှန်အားဖြင့် မှော်ဆရာများသည် လုံးဝအန္တာရယ်ရှိနိုင်သော အခြေအနေမျိုးအတွက် အသုံးပြုနိုင်ရန်အတွက် အရေးပေါ်မှော်စွမ်းအင်က်ိုသိုလှောင်ရန် မှော်မန္တန်များကို ချိန်ဆအသုံးပြုကြရသည်။
သို့ရာတွင် ယခုအခါ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများကြောင့် ဆရာကြီးအယ်လ်မာသည် ထိုပြသနာအားလုံးဝစိတ်ပူစရာမလိုတော့၍ သက်တောင့်သက်သာခံစားလိုက်ရသည်။အစောပိုင်းတွင်သူသည် မှော်မန္တန်များကိုအသုံးပြုပြီးပါက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် မှော်စွမ်းအင်အနည်းငယ်ကိုချန်ရစ်ဖို့ စိတ်ကူးထားခဲ့သည်။သို့သော်လည်း ယခုအခါသူသည်အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကိုသာ ထုတ်ဖော်တော့မည်ဖြစ်သည်။
ဆရာကြီးအယ်လ်မာသည် စတုတ္ထအဆင့်မှော်ဆရာတစ်ယောက်၏ အစွမ်းကိုသူ၏ကျောင်းသားများအား ပြသတော့မည်ဖြစ်သည်။
လူတိုင်းအဆင်သင့်ဖြစ်ချိန်တွင် ကြံ့ကြီးအားမည်သို့စတင်တိုက်ခိုက်မည်ကို သိရှိရန်အတွက် ရှောင်ယုအားလှမ်းကြည့်လိုက်ကြသည်။သူတို့သည် မည်သည့်နည်းဗျူဟာကိုအသုံးပြုရမည်ဖြစ်ကြောင်း သိချင်နေကြသည်။
ရှောင်ယုသည် နည်းဗျူဟာတစ်ခုလုံးအား သူတို့နားလည်အောင်ရှင်းပြရန်အချိန်တစ်ခုယူခဲ့သည်။ရှောင်ယုသည် ဤတိုက်ပွဲတွင် အောစ့်များနှင့်ကိုဒိုသားရဲများကို တိုက်ခိုက်ရန်အသုံးပြုမည်မဟုတ်ပေ။
များသောအားဖြင့် ကိုဒိုသားရဲများသည် အော်ဟစ်မြည်ကြွေးခြင်းဖြင့် အောစ့်များ၏စိတ်ဓာတ်ကို မြင့်တင်ရန်အသုံးပြုကြသည်။သူတို့၏ခွန်အားသည် မြင့်မားခြင်းမရှိပေ။ကိုဒိုသားရဲများသည် အဆင့်၃သို့ရောက်ရှိချိန်တွင် တက်နင်းခြင်း အဆင့်၆သို့ရောက်ရှိချိန်တွင် ပြေးဝင်ခြင်း အဆင့်၁၀သို့ရောက်ရှိချိန်တွင် ဝါးမြိုခြင်းအစွမ်းတို့ကို အသုံးပြုနိုင်ပေသည်။ဝါးမြိုခြင်းအစွမ်းသည် အလွန်ကောင်းမွန်သော်လည်း ကန့်သတ်ချက်အချို့ရှိပေသည်။
ယခုအခါ သူယူဆောင်လာသော ကိုဒိုသားရဲ၁၀ကောင်လုံးသည် တက်နင်းခြင်းအစွမ်းကိုသာ အသုံးပြုနိုင်ပေသည်။၎င်းအစွမ်းသည် လူသားစစ်သည်များနှင့်ဆက်ဆံရာတွင် အလွန်လွယ်ကူသော်လည်း နတ်ဆိုးသားရဲများ သို့မဟုတ် ဧရာမသားရဲများနှင့်ရင်ဆိုင်ရပါက လုံးဝအသုံးဝင်မည်မဟုတ်ပေ။
သူတို့၏တိုက်ခိုက်နိုင်စွမ်းသည် အားနည်းသော်လည်း သူတို့၏အရေပြားသည် အလွန်ထူထဲပေသည်။သာမန်ဓားခုတ်ချက်တစ်ခုသည် သူတို့၏အရေပြား၌ အမှတ်အသားလေးပင်ကျန်ခဲ့မည်မဟုတ်ပေ။ထို့ပြင် သူတို့သည်မြင့်မားသောအရပ်ရှိကာ ကြံ့ကြီးလောက်အရပ်မမြင့်သော်လည်း သူတို့၁၀ကောင်ကိုပူးတွဲထားလိုက်မည်ဆိုပါက ဧရာမတံတိုင်းတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ကာ ကြံ့ကြီးသည်ပင် သူတို့အားဖြတ်သန်းသတ်ဖြတ်ရန် ခက်ခဲမှုရှိပေသည်။
ကိုဒိုသားရဲများသည် ကြံ့ကြီးက်ိုအချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့ထားနိုင်မည်ဆိုပါက မှော်ဆရာများသည် ကြံ့ကြီးအားပြင်းထန်သောဒဏ်ရာများရရှိစေရန် ပြုလုပ်နိုင်မည်ဟု ရှောင်ယုယုံကြည်ပေသည်။
"ခိုင်ရင်း...တိုက်ပွဲဟိန်းသံကိုအသက်သွင်းလိုက်"
ရှောင်ယုသည် ခိုင်ရင်းကိုကြည့်ကာ အမိန့်ပေးလိုက်သည်။
ခိုင်ရင်းသည် ဂူရှေ့သို့ထွက်ရပ်လိုက်ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ဟိန်းဟောက်သံသည် ဂူအတွင်းနှင့် ၎င်းအနီးတဝိုက်ရှိချောက်ကမ်းပါးများကြား၌ တဟုန်ထိုးပျံ့နှံ့သွားခဲ့သည်။
ရှောင်ယုသည် သူ့နားများကိုကြိုတင်ဖုံးအုပ်ထားသော်လည်း ကျန်လူများသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသောကြောင့် စူးစူးဝါးဝါးအော်ဟစ်သံသည် လူတိုင်း၏နားထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။ယခုအခါ ပတ်ဝန်းကျင်တစ်ခုလုံး၌ ခိုင်ရင်း၏ဟိန်းဟောက်သံကိုသာ ကြားနေရသည်။
ဝေါင်း...
ခိုင်ရင်း၏ဟိန်းဟောက်သံရပ်တန့်သွားချိန်တွင် နောက်ထပ်ဟိန်းသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။
ကြံ့ကြီးသည် သူ၏ဂူအတွင်းသို့ဝင်ရောက်လာသော စွန့်စားသူအနည်းငယ်ကို ဂရုမစိုက်ခဲ့ပေ။ထိုစွန့်စားသူများသည် သေဆုံးသူကသေဆုံး ပြင်းထန်စွာဒဏ်ရာရရှိသူကရရှိနှင့် ထွက်ပြေးသွားကြပြီးနောက် သူလည်းအိပ်ပျော်သွားခဲ့သည်။သို့သော်လည်း သူသည်ခိုင်ရင်း၏ဟိန်းသံမှ ခြိမ်းခြောက်မှုကိုခံစားခဲ့ရသည်။ယခုအခါ ခိုင်ရင်း၏အဆင့်သည်အနည်းငယ်နိမ့်နေကာ ကြံ့ကြီးအားမယှဉ်နိုင်သော်လည်း သူသည်ရှေးခေတ်သူရဲကောင်းတစ်ယောက်ဖြစ်ကာ နွားလားမျိုးနွယ်၏အကြီးအကဲဖြစ်၍ ကြံ့ကြီးသည် ခိုင်ရင်းအပေါ်များစွာအကဲဆတ်ပေသည်။
ဝူး...
ကြံ့ကြီး၏ဦးခေါင်းသည် လှိုဏ်ဂူပေါက်သို့ပြူထွက်လာခဲ့သည်။ကြံ့ကြီးသည် မျက်လုံးဖွင့်လိုက်ချိန်တွင် မြေကြီးသည်တုန်ခါသွားခဲ့ပြီး ၎င်း၏မျက်လုံးများ၍ အနီရောင်အလင်းတချို့ ထွက်ပေါ်လာခဲ့သည်။
စတုတ္ထအဆင့်သားရဲများသည် သူတို့၏မျက်လုံးများ၌ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည့် အရိပ်အယောင်အချို့ကိုဖော်ပြတတ်ကြသည်။သာမန်အားဖြင့်ဆိုလျှင် မည်သည့်သားရဲကမှ သူ၏နယ်မြေထဲသို့ ယခုလိုလက်လွတ်စပယ်မဝင်ရောက်တတ်ကြပေ။သို့သော်လည်း ယခုအခါသူ၏ရှေ့မှောက်တွင် လူသားများနှင့် ထူးဆန်းသောသားရဲများစွာရှိနေကြသည်။ကြံ့ကြီးသည် အလျင်စလိုတိုက်ခိုက်မှုမပြုလုပ်ဘဲ အရပ်ရှည်သောကိုဒိုသားရဲများအား စစ်ဆေးရန်ရပ်တန့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လူတစ်ယောက်သည် သူ၏ရှေ့သို့ပြေးထွက်လာခဲ့ကာ သူ့အားရန်စလှုံဆော်ရန်အတွက် လက်ထဲတွင်ကိုင်ဆောင်လာသည့် ဧရာမဓားကြီးကိုဝှေ့ယမ်းလိုက်သည်။
လူသား...ငါ့ကိုလူသားတစ်ယောက်ကလာပြီး ရန်စနေတာလား...
ဝူး...
ကြံ့ကြီးသည် ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ဒေါသတကြီးမြည်ကြွေးလိုက်ကာ ထိုလူသားထံတဟုန်ထိုးပြေးဝင်သွားသည်။သို့သော်လည်း ထိုလူသားသည် ကြံ့ကြီး၏မြင်ကွင်းမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ပြေးထွက်သွားသူမှာ ရှောင်ယုမှလွဲ၍ အခြားသူမဟုတ်ပေ။သူသည် ကြံ့ကြီးကိုရန်စရန်နှင့် လှုံဆော်ရန်အတွက် ရှေ့သို့ပြေးထွက်သွားပြီး မှော်ဆရာများအတွက် တိုက်ခိုက်ရေးလမ်းကြောင်းကို ဖွင့်ပေးခဲ့သည်။သူ့ထံတွင် တည်နေရာရွေ့ပြောင်းခြင်း၊တာတိုရွေ့ပြောင်းခြင်း၊သူရဲကောင်းဆန်စွာခုန်ကျော်ခြင်းနှင့် အခြားအစွမ်းထက်ကျွမ်းကျင်မှုများစွာရှိကာ ကြံ့ကြီး၏ခြိမ်းခြောက်မှုကို ဂရုမစိုက်ခဲ့ပေ။
ကြံ့ကြီးသည် အလွန်သန်မာသောသားရဲဖြစ်သည်။ထိုကောင်ကြီးသည် မည်သည့်ပြဿနာမှမရှိဘဲ စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးကိုပင် နင်းခြေသတ်ဖြတ်နိုင်သည်။သို့သော်လည်း ရှောင်ယု၏တည်နေရာရွေ့ပြောင်းခြင်းက သူ့ကိုနင်းခြေခံရမယ့်အန္တာရယ်မှ ရှောင်ရှားရန်ကူညီပေးခဲ့သည်။
ရှောင်ယုသည် အဝေးသို့လှည့်ထွက်ရှောင်ရှားကာ ကြံ့ကြီးကိုနောက်ထပ်တစ်ကြိမ် ရန်စတိုက်ခိုက်ရန် ဓားကိုဝှေ့ယမ်းလိုက်သည်။ကြံ့ကြီးသည်လည်း ဒေါသတကြီးဖြစ်ကာ သူ့ထံပြေးဝင်လာခဲ့သည်။
ကြံ့ကြီးသည် ချောက်ကမ်းပါးအနီးသို့ရောက်သောအခါ ကြီးမားသောမီးလုံးကြီးတစ်ခုသည် ကြံ့ကြီးဆီပျံသန်းလာပြီး ၎င်း၏ဦးခေါင်းကို လာရောက်ထိမှန်ခဲ့သည်။
အခန်း ၁၇၁ - မှော်ဆရာများ၏စွမ်းအား
ဗုံးးး...
ကြီးမားသောမီးလုံးကြီးသည် ကြံ့ခေါင်းကိုထိမှန်ခဲ့သည်။ထိုမီးလုံး၏ရိုက်ခတ်မှုဒဏ်ကြောင့် ကြံ့ကြီးသည်တုံ့ပြန်မှုမရှိဘဲ အချိန်အတော်ကြာအောင် မူးဝေနေခဲ့သည်။
ဆရာကြီးအယ်လ်မာကဲ့သို့ စတုတ္ထအဆင့်မှော်ဆရာတစ်ယောက်မှ ပစ်လွှတ်လိုက်သော မီးလုံး၏အစွမ်းသည် စစ်မြေပြင်ရှိ အမာခံခြေလျင်တပ်ရင်းတစ်ခုကိုပင် ဖျက်ဆီးန်ိုင်သည်။အဆိုးဆုံးအနေဖြင့် ထိုတပ်ရင်းမှတပ်သားတစ်ဝက်ကျော်၏အသက်ကို ချက်ချင်းနှုတ်ယူနိုင်သည်။အကယ်၍ မှော်ဆရာထံ၌မှော်စွမ်းအင်အကန့်အသတ်မရှိပါက စစ်သားထောင်ပေါင်းများစွာကို တစ်ကိုယ်တော်သတ်ဖြတ်န်ိုင်သည်။ဤသည်မှာ အဆင့်မြင့်မှော်ဆရာတစ်ယောက်၏ အစွမ်းပင်ဖြစ်သည်။
ဆရာကြီးအယ်လ်မာ၏မီးလုံးသည် ကြံ့ကြီး၏ခန္ဓာကိုယ်အား ထိခိုက်ပျက်စီးစေသည့် တိုက်ခိုက်မှုပင်ဖြစ်သည်။အခြားသောကျောင်းသားအနည်းငယ်သာ စုပေါင်းတိုက်ခိုက်ပါက ဤတိုက်ခိုက်မှုလောက် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်မည်မဟုတ်ပေ။သို့သော်လည်း တိုက်ခိုက်မှုအရေအတွက်များပြားလာသည်နှင့်အမျှ တိုက်ခိုက်မှုအရည်အသွေးကလည်း တစတစပြောင်းလဲလာခဲ့သည်။ရှောင်ယုသည် လျှပ်စီးမှမီးမှော်အဖြစ်ပြောင်းလဲခြင်း ၊ မိုးကြိုးနှင့်မြေကြီးမှော်အထိ မှော်ဆန်သည့်တိုက်ခိုက်မှုအမျိုးမျိုးကို မြင်တွေ့လိုက်ရသည်။ကြံ့ကြီးသည် သူ၏ခေါင်းကိုမြှောက်ရန်ပင်မတတ်နိုင်ခဲ့ပေ။ရှောင်ယု၏အမိန့်ကြောင့် မှော်ဆရာများသည် အဖွဲ့ခွဲကာရပ်တန့်ခြင်းမရှိ အလှည့်ကျအဆက်မပြတ်တိုက်ခိုက်နေခဲ့ကြသည်။
ထိုသို့အဆက်မပြတ် မှော်တိုက်ခ်ိုက်မှုများက်ို ခံစားနေရသည့် လူသားဖြစ်စေ သားရဲဖြစ်စေ မည်သည့်ရန်သူပင်မဆ်ို စိတ်ပိုင်းဆိုင်ရာဖိအားကို ခံစားရမည်ဖြစ်သည်။ကြံ့ကြီးသည် သူ့အားမည်သူကမည်သည့်နေရာမှ တိုက်ခိုက်နေသည်က်ိုယခုထိတိုင်မသိရှိသေးပေ။ကျောင်းသားများသည်ပင်လျှင် သူတို့၏မှော်တိုက်ခိုက်မှုများအား ယခုလိုပေါင်းစပ်လိုက်ပါက ဤမျှထိတ်လန့်ဖွယ်ကောင်းသည့်စွမ်းအားကို ရရှိနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုမြင်ကွင်းအား သာမန်လူတစ်ဦးသာမြင်တွေ့လိုက်ပါက ကမ္ဘာပျက်နေသည်ဟုပင် ထင်မြင်ယူဆသွားနိုင်ခြေရှိသည်။
ထို့ပြင် ရှောင်ယုသည် ဤသို့တိုက်ခိုက်မှုပြုလုပ်ရန် ယခင်ကမ္ဘာမှ အနှောင့်အယှက်ကင်းမဲ့သော လေကြောင်းဗုံးကြဲခြင်းသဘောတရားကို အသုံးပြုခဲ့သည်။ဤသို့တိုက်ခိုက်ခြင်းက ရန်သူ၏စိတ်ဆန္ဒက်ိုဖျက်ဆီးနိုင်ပေသည်။
မှော်ဆရာများအပြင် ရိုင်ဖယ်တပ်သားများကလည်း အလိုအလျောက်စတင်ပစ်ခတ်လာကြသည်။သူတို့၏ကျည်ဆန်များသည် ကြံ့ကြီးကိုများများစားစားမထိခိုက်စေသော်လည်း ၎င်းကိုဒုက္ခရောက်စေပေသည်။
အောစ့်စစ်သည်များသည် ကြံ့ကြီး၏ခန္ဓာက်ိုယ်အား တိုက်ခိုက်ရန်အတွက် လမင်းပစ်ခတ်သူများနှင့် လှံပစ်စက်များကိုအသုံးပြုခဲ့ကြသည်လှံပစ်စက်မှပစ်လွှတ်လိုက်သည့် လှံတံများ၏စွမ်းအားသည် ကြံ့ကြီး၏အရေပြားက်ိုထိုးဖောက်ရန် မလုံလောက်ခဲ့ပေ။သ်ို့သော်လည်း လမင်းပစ်ခတ်သူများကမူ ကြီးမားသောဖြတ်တောက်မှုများကို ပြုလုပ်နိုင်ခဲ့ကာ သွေးများက်ိုရပ်တန့်ခြင်းမရှိ စီးကျစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြံ့ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးချင်းရဲရဲနီသွားခဲ့သည်။သူသည် မွေးကတည်းကပင် ယခုလိုအခြေအနေမျိုးတစ်ခါမှ မကြုံတွေ့ဖူးပေ။ကြံ့ကြီးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ၎င်း၏ကြီးမားသောခန္ဓာက်ိုယ်သည် ကျောက်ဆောင်နှင့်ဝင်တိုက်မိသွားခဲ့သည်။ဝင်တိုက်မိသောအရှိန်ကြောင့် မြေပြင်နှင့်တောင်ကုန်းများပင် လှုပ်ခါသွားခဲ့ရပြီး မတ်စောက်သောကျောက်ဆောင်များ၌ရပ်နေသော မှော်ဆရာများသည်ပင် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။
"မရပ်ကြနဲ့...ဆက်တိုက်"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။
ဗုံးးး..
ဆရာကြီးအယ်လ်မာမှ ပစ်လွှတ်လိုက်သောမီးလုံးသည် ကြံ့ကြီး၏ခေါင်းကိုနောက်တစ်ကြိမ်ထိမှန်ခဲ့ကာ ၎င်း၏ခန္ဓာက်ိုယ်က်ိုမတည်မငြိမ်ဖြစ်စေခဲ့သည်။ကြံ့ကြီးသည် အစွမ်းထက်သော်လည်း သူသည်ယခုလို ဆိုးရွားသောအခြေအနေနှင့်ကြုံတွေ့ရမည်ဟု မည်သည့်အခါကမှမမျှော်လင့်ထားခဲ့ပေ။ဤသည်မှာ ရှောင်ယုသည် အချိန်တိုအတွင်း အပြင်းထန်ဆုံးသောတိုက်ခိုက်မှုစွမ်းအားကို ဖော်ထုတ်ခိုင်းခဲ့သည့် အဓိကအကြောင်းအရင်းပင်ဖြစ်သည်။သူသည် ကြံ့ကြီး၏တိုက်ပွဲဝင်လိုစိတ်ကို ဦးစွာချိုးနှိမ်ရန်စီစဉ်ခဲ့သည်။
ယခင်စွန့်စားသူများသည် ယခုလိုအဖွဲ့လိုက်တိုက်ခိုက်မယ့်အစား သားရဲကိုတစ်ဦးချင်းခွန်အားဖြင့် တိုက်ခိုက်ရန်အာရုံစိုက်ထား၍ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ကြံ့ကြီးသည် စွန့်စားသူများကိုတစ်ယောက်ပြီးတစ်ယောက် အာရုံစိုက်တိုက်ခိုက်ကာ ထိခိုက်မှုမခံစားရဘဲ အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် မှော်ဆရာများသည် အချိန်တိုလေးအတွင်းမှာပင် ကြံ့ကြီးအားအကြီးအကျယ်ထိုးနှက်တိုက်ခိုက်နိုင်ခဲ့သည်။အဆုံးသတ်တွင် ကြံ့ကြီးသည်မှော်ဆရာများ၏ တိုက်ခိုက်မှုစက်ကွင်းမှ အဝေးသို့အောင်မြင်စွာဆုတ်ခွာထွက်ပြေးနိုင်ခဲ့သည်။ထိုအချိန်တွင် သူ၏ခန္ဓာက်ိုယ်ပေါ်၌ နဂိုအရေပြား၏တစ်လက်မခန့်သာကျန်ရှိတော့သည်။
ကျောင်းသားများသည် စတုတ္ထအဆင့်သားရဲတစ်ကောင်ကို ပြန်၍ထွက်ပြေးနိုင်သည့်အနေအထားရောက်သည်ထိ တိုက်ခိုက်နိုင်ခဲ့၍ စိတ်လှုပ်ရှားနေခဲ့သည်။ရှောင်ယုသည် စုပေါင်းတိုက်ခိုက်မှု၏အကျိုးသက်ရောက်မှုကို တွေ့မြင်လိုက်၍ခေါင်းညိတ်မိလိုက်သည်။ကြံ့ကြီးသည် ပြင်းထန်စွာဒဏ်ရာရရှိပြီးနောက် ဂူထဲသို့ပြေးဝင်သွားခဲ့သည်။
ရှောင်ယုသည် ဂူထဲသို့တဖန်ပြန်ဝင်သွားကာ ကြံ့ကြီးကိုရန်စရန်အတွက် ပြာမှုန်သယ်ဆောင်သူအား ထပ်မံအသုံးပြုခဲ့သည်။
ရှောင်ယုသည် ဂူထဲပြန်ဝင်လာသည်ကိုမြင်သောအခါ ကြံ့ကြီးသည်အော်ဟစ်လိုက်ပြီး ရှောင်ယုအားဒေါသတကြီးစိုက်ကြည့်လိုက်သည်။သူသည် ရှောင်ယုကြောင့်အလွန်ဒေါသထွက်နေသော်လည်း မတိုက်ခိုက်သေးပေ။ဉာဏ်ရည်အသင့်အတင့်ရှိသော အဆင့်မြင့်သားရဲတစ်ကောင်အနေဖြင့် ရှောင်ယုသည် သူ့အားနောက်ထပ်တစ်ကြိမ် ခြုံခိုတိုက်ခိုက်ရန်အတွက်ကြံရွယ်နေကြောင်း နားလည်ထားသည်။ယခုအချိန်၌ သူသာဂူအပြင်ထွက်လိုက်ပါက သေဆုံးသွားရမည်ဖြစ်သည်။
ဝေါင်း....
ကြံ့သည်ဟိန်းဟောက်နေသော်လည်း မတိုက်ခိုက်သေးပေ။ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူအား သားရဲထံသို့ညွန်ပြဝှေ့ယမ်းကာ ရန်စနေခဲ့သော်လည်း ကြံ့ကြီးသည်ထိုရန်စမှုကို မမြင်ဟန်ဆောင်ကာ တိတ်တဆိတ်ငြိမ်သက်နေခဲ့သည်။
"ဒီကောင်က ဉာဏ်ကောင်းတဲ့သားရဲတစ်ကောင်ပဲ..."
ရှောင်ယုကတိုးတိုးလေးရေရွတ်လိုက်သည်။
ကြံ့ကြီးသည် အန်ကာဂန်တောင်တန်းများအတွင်းရှိ အထက်တန်းစားသားရဲတစ်ကောင်ဖြစ်ကာ ပိရမစ်၏အပေါ်ပိုင်း၌ရှိနေသော သားရဲဖြစ်သည်။သူသည် သူကိုယ်တိုင်ထက်အစွမ်းထက်သော သားရဲများနှင့်ကြုံတွေ့ခဲ့လျှင်တောင်မှ မကြောက်မရွံ့ပြုမူခဲ့သည်။ကြံ့ကြီးသည် သူ၏ရုပ်ပိုင်းဆိုင်ရာအားသာချက်များကို အားကိုး၍ ပုံမှန်အတိုင်းတိုက်ခိုက်ခဲ့သည်။သို့သော်လည်း ကျယ်ပြန့်သောမှော်တိုက်ခိုက်မှုများသည် သူတောင့်ခံနိုင်သည့်အရာမဟုတ်ပေ။ထိုသို့အကြာကြီးတိုက်ခိုက်ခံရပါက သူသည်ပင်အသတ်ခံရမည်ဖြစ်သည်။
ကြံ့ကြီး၏လှိုဏ်ဂူသည် ကြီးမားခြင်းမရှိကြောင်း ရှောင်ယုတွေ့မြင်လေသည်။အကယ်၍ ကြံ့ကြီးကသာ အရူးအမူးတိုက်ခိုက်လာပါက ဒဏ်ရာရရှိမှုများဖြစ်လာနိုင်၍ မှော်ဆရာများကို ဤနေရာသို့မခေါ်ဆောင်နိုင်ပေ။
"ဘာပဲဖြစ်ဖြစ် ဒဏ်ရာရမှာကတော့ရှောင်လွဲလို့မရဘူး...ငါတို့ကဘာလို့ကြောက်နေရမှာလဲ"
ရှောင်ယုသည် ကြံ့ကြီးကိုသတ်ဖြတ်ရန်အတွက် နောက်ထပ်ဖွဲ့စည်းပုံတစ်ခုကို စတင်စီစဉ်ခဲ့သည်။ဤနေရာတွင် အောစ့်စစ်သည်များသည် သူအားကိုးရမယ့် အဓိကအင်အားစုတစ်ခုဖြစ်လာခဲ့သည်။သူတို့၏ခန္ဓာကိုယ်များသည်သန်မာကာ ကောင်းမွန်သောအမာခံချပ်ဝတ်များကိုဝတ်ဆင်ထား၍ ကြံ့ကြီး၏တိုက်ခိုက်မှုကပင် သူတို့အားသတ်ဖြတ်နိုင်မည်မဟုတ်ပေ။
အောစ့်စစ်သည်များသည် လှံပစ်စက်များနှင့်လမင်းပစ်ခတ်သူများက်ို ယူဆောင်လာခဲ့ကြသည်။ကိုဒိုသားရဲများက ရှေ့ဆုံးတွင်ရှိနေကြသည်။ယခုအချိန်တွင် ကိုဒိုသားရဲများသည် သူတို့၏ခေါင်းများဖြင့် ကြံ့ကြီးကိုဝင်တိုက်မည်ဆိုလျှင်တောင် သူတို့အားထိခိုက်စေမည်မဟုတ်ပေ။ထို့ကြောင့် ရှောင်ယုက၎င်းတို့အား ဒိုင်းအဖြစ်သာအသုံးပြုရန် စီစဉ်ခဲ့သည်။
မှော်ဆရာများသည် အဖွဲ့များစွာခွဲထားဆဲဖြစ်သော်လည်း သူရဲကောင်းများ၏အကာအကွယ်ပေးမှုအောက်တွင် အဝေး၌အသင့်ပြင်ထားကာ ရှောင်ယု၏အမိန့်ကိုစောင့်ဆိုင်းနေကြသည်။
ရန်သူသည် သူ၏အသိုက်ထဲထိ ဝင်လာသည်ကိုမြင်သောအခါ ကြံ့ကြီးသည် ဒေါသထွက်နေဆဲဖြစ်သည်။သို့သော်လည်း သူ၏မျက်လုံးများ၌ကြောက်ရွံ့နေသည့် အရိပ်အယောင်များရှိနေဆဲဖြစ်သည်။တောတွင်းသဘာဝသည် အလွန်ရိုးရှင်းကာ သန်မာသူများက အန်ကာဂန်တောင်တန်းများကိုစိုးမိုးခြယ်လှယ်နိုင်ကြသည်။သို့သော်လည်း ယခုအခါတွင် အားနည်းသူများက အသာစီးရရှိနေခဲ့သည်။
ကြံ့သည်ကျယ်လောင်စွာအော်ဟစ်နေသော်လည်း စတင်တိုက်ခိုက်ဝံ့ခြင်းမရှိပေ။
"ကိုဒိုသားရဲတွေစပြီးလှုပ်ရှားကြတော့..."
ရှောင်ယုသည် ကိုဒိုသားရဲ၁၀ကောင်အား ကြံ့ကြီးကိုဝိုင်းထားရန် အမိန့်ပေးလိုက်သည်။အခြားသူများက နေရာလွတ်များမှတဆင့် ကြံ့အားတိုက်ခိုက်ကြမည်ဖြစ်သည်။
"တိုက်..."
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ကိုဒိုသားရဲများသည် စစ်ဗုံများကိုစတင်တီးခတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီကကြံ့၏မျက်လုံးကို တိုက်ခိုက်ခဲ့သည်။
သားရဲသို့မဟုတ် နတ်ဆိုးသားရဲများ၏မျက်လုံးများသည် အားနည်းချက်များဖြစ်ကြသည်။မြှားတံများသည် ၎င်းတို့၏ထူထဲသောအရေပြားက်ိုထိုးဖောက်န်ိုင်စွမ်းမရှိသောကြောင့် နတ်သူငယ်လေးသမားများသည် ဤတိုက်ပွဲအတွင်း၌ ကြီးမားသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ခြင်းမရှိပေ။သို့သော်လည်း သူတို့အားလုံးဝပစ်ပယ်ထား၍မရပေ။သူတို့သည်သားရဲ၏အမြင်အာရုံက်ို နှောင့်ယှက်ရန်အတွက် သူတို့၏မျက်လုံးများအားပစ်ခတ်နိုင်သည်။
ကြံ့ကြီးသည် ချက်ချင်းမျက်လုံးမှိတ်ထားလိုက်သည်။မြှားသည် သူ၏မျက်လုံးကိုထိမှန်သွားသော်လည်း သူ၏ထူထဲသောမျက်ခွံကို ထိုးဖောက်နိုင်ခြင်းမရှိပေ။သို့သော်ကြံ့ကြီးသည် မျက်လုံးဖွင့်လိုက်သည်နှင့် အခြားနတ်သူငယ်များက စတင်ပစ်ခတ်ခဲ့ကြသည်။
ကြံ့ကြီးသည် ရွေးချယ်စရာမရှိဘဲ သူ၏မျက်လုံးများကိုသာ ဆက်မှိတ်ထားရသည်။
ဝေါင်း...
ကြံ့ကြီးသည် ရန်သူကိုသတ်ဖြတ်ရန်အတွက် ဘယ်နှင့်ညာဆီဦးတည်မှန်းဆ၍ သူ၏ကိုယ်လုံးဖြင့်ဆောင့်တိုက်ခဲ့သည်။သို့သော်လည်း ကိုဒိုသားရဲများက ၎င်း၏တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိနေခဲ့သည်။
ကြံ့ကြီးသည် မြေကြီးနှင့်ဆက်နွယ်နေသည့်အတွက်ကြောင့် သူသည်မြေကြီးကိုလှုပ်ခါစေခြင်း မြေပြင်မှငြောင့်ဆူးများအား ဖြစ်ပေါ်စေခြင်းတို့ပြုလုပ်နိုင်သော်လည်း မှော်ပညာကိုအသုံးမချနိုင်ပေ။
ဗုံးးး...
ဆရာကြီးအယ်လ်မာ၏မီးလုံးသည် နောက်ထပ်တစ်ကြိမ် ကြံ့ကြီး၏ခေါင်းကိုထိမှန်လေသည်။တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သောအခြားတိုက်ခိုက်မှုများက ကြံ့ကြီးပေါ်သို့ ကျရောက်လာခဲ့သည်။ကြံ့ကြီးသည် တန်ပြန်တိုက်ခိုက်မှုတစ်ခုကိုပင် မပြုလုပ်နိုင်ခဲ့ဘဲ ထောင့်တစ်နေရာ၌ပိတ်မိနေခဲ့သည်။