အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း ၁၇၅ - ပြန်လည်ပေါင်းစည်းခြင်း
"ငါတို့ခြေလှမ်းနည်းနည်းနောက်ကျနေပြီ..."
ရှောင်ယုက သရောလ်အားကြည့်ကာ အလျင်စလိုအမိန့်ပေးလိုက်သည်။
"သွားကြတော့..."
လူတိုင်းသည် ဒေါသထွက်နေကြပြီး ဂရင်း၊ခိုင်ရင်းနှင့်သရောလ်တို့သည် အောစ့်စစ်သည်များကိုဦးဆောင်ကာ ရှေ့သို့အပြေးချီတက်သွားကြသည်။
ဝေါင်း...
အောစ့်များ၏ဟိန်းဟောက်သံ ပဲ့တင်ထပ်လာသောအချိန်တွင် အောစ့်မျိုးနွယ်စုအား ဝိုင်းရံထားသည့်စွန့်စားသူများ ထိတ်လန့်ကုန်ကြသည်။သူတို့၏အင်အားသည် ဒေသခံအောစ့်မျိုးနွယ်စုနှင့်ညီမျှလာနီးပါးဖြစ်နေသည့်အပြင် သူတို့ထံ၌လှံပစ်စက်နှင့် မှော်လက်နက်အနည်းငယ်သာပါရှိလာ၍ စတင်တိုက်ခိုက်ရန်ဝန်လေးနေကြသည်။သူတို့သည် အရာအားလုံးကို အသေးစိတ်ထည့်သွင်းတွက်ချက်ပြီးနောက်မှသာ တိုက်ခိုက်ရန်စီစဉ်နေခြင်းဖြစ်သည်။သို့သော်လည်း ယခုအခါ အောစ့်စစ်သည်၅၀ကျော်အပြင် ရက်စက်ကြမ်းကြုတ်သောကိုဒိုသားရဲများကိုမြင်တွေ့လိုက်ရခြင်းက ခြင်္သေ့နယ်မြေသခင်ရောက်ရှိလာမှုကို ချက်ချင်းသဘောပေါက်နားလည်လိုက်ကြသည်။
ထို့ပြင် ရှောင်ယု၏အဖွဲ့မှ နတ်ဆရာများနှင့်လူသားမှော်ဆရာများက သူတို့အားစိုက်ကြည့်နေသည်ကို သတိထားမိလိုက်၍ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ကြသည်။
"ရပ်ကြ...ပြန်ဆုတ်...နောက်ဆုတ်ကြ"
စွန့်စားသူခေါင်းဆောင်က ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်သည်။ရှောင်ယုသည် သူတို့၏ကိုယ်ပိုင်အစီအစဉ်ကို ကြားဝင်စွက်ဖက်နေပြီဖြစ်ကာ ခြင်္သေ့နယ်မြေသခင်အား သူတို့၏စွမ်းအားဖြင့်တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ကြောင်း သူကနားလည်ခဲ့သည်။ထို့ကြောင့် စွန့်စားသူများသည် အောစ့်မျိုးနွယ်စုအားဝိုင်းရံထားရာမှ ဘေးသ်ို့ရှောင်ဖယ်ပေးလိုက်ရသည်။
စွန့်စားသူတစ်ဦးသည် ရှောင်ယုအား ကျယ်လောင်စွာအော်ဟစ်မေးခွန်းထုတ်လိုက်သည်။
"အရှင်ယု...မင်းဘာလုပ်နေတာလဲ"
ရှောင်ယုသည် ပြာမှုန်သယ်ဆောင်သူကိုဆွဲထုတ်ကာ အောစ့်မျိုးနွယ်၏ရှေ့သို့လျှောက်သွားခဲ့ကာ စွန့်စားသူများဘက်သ်ို့ လှည့်ကြည့်လိုက်သည်။
"ငါ့ရဲ့အောစ့်တွေနဲ့ နတ်သူငယ်တွေကို ထိဝံ့တဲ့သူတွေကို ငါအပြစ်ပေးမယ်လို့ ငါသတိပေးခဲ့တယ်"
"ဒါပေမဲ့ ဒီအောစ့်တွေက တောင်တန်းတွေထဲမှာနေထိုင်တာလေ...သူတို့ကခြင်္သေ့မြို့ပိုင်နက်ထဲမှာမဟုတ်ဘူး..."
စွန့်စားသူတစ်ယောက်က စောဒကတက်လိုက်သည်။
ရှောင်ယုသည် ဂရင်းနှင့်သရောလ်တို့အား လက်ညိုးထိုးပြလိုက်သည်။
"သူတို့ကိုတွေ့လား...အောစ့်တွေအကုန်လုံးက သူတို့နှစ်ယောက်ကိုဦးညွတ်နေတာမင်းမြင်လား...သူတို့ကငါ့ရဲ့လက်အောက်ခံတွေဖြစ်ပြီး ငါကသူတို့ရဲ့သခင်ပဲ...သူတို့နှစ်ဦးလုံးက အန်ကာဂန်တောင်တန်းမှာရှိနေတဲ့အောစ့်တွေရဲ့ အကြီးအကဲဖြစ်တယ်...မင်းအခုငါပြောတာကိုနားလည်ပြီလား....မင်းကခြင်္သေ့နှလုံးသားကိုစားဖူးလို့ ငါ့ရဲ့လက်အောက်ငယ်သားတွေကိုဖမ်းဖို့သတ္တိရှိနေတာလား..."
ထိုအချိန်တွင် သရောလ်သည် တိုတမ်အားအသက်သွင်းလိုက်ကာ နတ်ဆရာများနှင့် ကိုဒိုသားရဲများကလည်းပူးပေါင်းဆောင်ရွက်ခဲ့သည်။အောစ့်မျိုးနွယ်စုဝင်များသည် သူတို့အားကယ်တင်ရန် ကြီးမြတ်သောနတ်ဘုရားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်ဟုယုံကြည်သွားကြသည်။
ရှောင်ယုသည် လက်အောက်ခံဟူသည့် စကားလုံးကိုအသုံးပြုကာ စွန့်စားသူများငြင်းဆန်မရအောင် ဖိနှိပ်ထားလိုက်သည်။စွန့်စားသူများသည် ဂရင်းနှင့်သရောလ်တို့ရှေ့တွင် အောစ့်မျိုးနွယ်စုဝင်များ ဒူးထောက်ဦးညွတ်နေသည်ကို တွေ့လိုက်ရသည်။သို့ဖြစ်ရာ ဤအောစ့်မျိုးနွယ်ကိုဖမ်းဆီးခြင်းသည် ရှောင်ယု၏အကျိုးစီးပွားကို ချိုးဖောက်နေခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေ ဤနေရာတွင် ပိုမိုအားပြင်းသောလက်သီးပိုင်ရှင်၏ စကားသည်သာအတည်ဖြစ်ကြောင်း သူတို့နားလည်ပေသည်။သူတို့သည် လက်ရွေးစင်ကြေးစားများဖြစ်ကြသော်လည်း ရှောင်ယုတို့အဖွဲ့နှင့်ယှဉ်ပါက အလွန်အားနည်းပေသည်။ရှောင်ယုထံတွင် အောစ့်များ၊နတ်သူငယ်များနှင့်မှော်ဆရာများပါရှိနေလေရာ သူတို့သည်ရှောင်ယုအား မည်သို့တိုက်ခိုက်ရမည်နည်း။
အဓိကအချက်မှာ ရှောင်ယုသည် သူတို့ထက်များစွာအားကောင်းနေခြင်းဖြစ်သည်။ရှောင်ယုက ပေါ်တင်တိုက်ခိုက်လာလျှင်တောင် သူတို့သည်းခံနေရမည်ဖြစ်သည်။သို့ဖြစ်ရာ စွန့်စားသူများသည် အလွန်ဒေါသထွက်နေသော်လည်း လှုပ်ရှားရန်မဝံ့ရဲကြပေ။သူတို့အဖွဲ့တွင် စတုတ္ထအဆင့်သူရဲကောင်း၂ဦးရှိသော်လည်း ရှောင်ယုဆုပ်ကိုင်ထားသော အင်အားကိုတွန်းလှန်နိုင်စွမ်းမရှိကြပေ။အထူးသဖြင့် ရှောင်ယုနောက်ကွယ်တွင် လက်ရွေးစင်အောစ့်စစ်သည်များနှင့် ဆရာကြီးအယ်လ်မာလို အဆင့်မြင့်မှော်ဆရာများရှိနေချိန်ဖြစ်သည်။
"ငါ့ရဲ့အောစ့်နဲ့နတ်သူငယ်တွေကို ထိဝံ့တဲ့သူတိုင်းက်ို သတ်ဖြတ်ဖို့ငါကမ္ဘာအဆုံးထိ လိုက်လာမယ်"
ရှောင်ယုက ကျယ်လောင်စွာအော်ပြောလိုက်သည်။
သရောလ်နှင့်ဂရင်းတို့အား တွေ့ဆုံပြီးနောက် အောစ့်မျိုးနွယ်စုသည် ငြိမ်သက်သွားခဲ့ကြသည်။သူတို့၏စိတ်နှလုံးထဲတွင် နှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့သည့် ဒေါသများကိုထုတ်ဖော်ရန် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။သရောလ်သည် နှစ်ပေါင်းသောင်းချီအကြာတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။သရောလ်သည် ဒဏ်ရာကုသသည့်တိုတမ်နှင့်အနာကျက်ဆေးများကိုအသုံးပြုကာ အောစ့်များကိုကုသပေးခဲ့သည်။
စွန့်စားသူများသည် အချိန်တစ်ခုကြာအောင် ဆွေးနွေးပြီးနောက်တွင် အပြင်ထွက်ရန်ရွေးချယ်ခဲ့ကြသည်။သူတို့သည် လက်ရှိအချိန်၌ ရှောင်ယုနှင့်မတိုက်ခိုက်သေးသော်လည်း အရှုံးပေးလိုက်သည်ဟုမဆိုလိုပေ။ယခုအခါ သူတို့သည်အင်အားနိမ့်ပါးနေသော်လည်း ရှောင်ယုအားတိုက်ခိုက်ရန် အခြားအဖွဲ့များနှင့်ပူးပေါင်းနိုင်သည်။သူတို့သာ ရှောင်ယု၏အုပ်ချုပ်မှုအောက်ရှိ အောစ့်နှင့်နတ်သူငယ်များကိုရရှိပါက အမြတ်များစွာရရှိမည်ဖြစ်သည်။ထို့ပြင် ရှောင်ယု၏ခန္ဓာကိုယ်ပေါ်၌ သိုလှောင်လက်စွပ်များနှင့် အခြားရတနာများရှိနေကြောင်း သူတို့သတင်းရထားခဲ့သည်။
ထို့နောက် လုပ်ကြံသူအနည်းငယ်သည် ရှောင်ယု၏လူပ်ရှားမှုများကို စောင့်ကြည့်ရန် ကျန်ရစ်ခဲ့သည်။ရှောင်ယုသည် တိုင်ရန်ဒီနှင့်သရောလ်တို့၏ကျွမ်းကျင်မှုကြောင့် လုပ်ကြံသူအနည်းငယ်ကျန်ရှိနေသည်ကို သတိပြုမိပေသည်။သို့သော်လည်း ယခုအချိန်၌ သူတို့အားသတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။သူသည် ဆုံးဖြတ်ချက်မချမှီတွင် အောစ့်မျိုးနွယ်၏အင်အားကို တွေ့မြင်လိုခဲ့သည်။
အောစ့်မျိုးနွယ်သည် ဆုတ်ယုတ်နေသောမျိုးနွယ်တစ်ခုဖြစ်ကာ သူတို့ထံ၌ နတ်ဆရာတစ်ယောက်သာရှိပေသည်။ထို့ပြင် သူတို့ထံ၌ဖျားနာနေသည့် အောစ့်များကိုကုသပေးရန် နည်းလမ်းမရှိပေ။အစားအေသာက်သည် သူတို့၏အကြီးမားဆုံးပြဿနာဖြစ်ကာ အသက်အရွယ်ကြောင့် သူတို့၏ခွန်အားကိုဆုံးရှံးခဲ့ရသော အောစ့်အကြီးအကဲများသည် မျိုးနွယ်စုမှ ထွက်ခွာခဲ့ကြသည်။သူတို့သည် မျိုးနွယ်စုတစ်ခုလုံးအား ဆွဲမချချင်သည့်အတွက်ကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ရင်း နောက်ဆုံးအချိန်များကိုဖြတ်သန်းကြသည်။ဤသည်မှာ အကူအညီမဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရှေးရိုးအစဉ်အလာတစ်ခုပင်ဖြစ်သည်။
သို့သော်လည်း ယနေ့တွင် အောစ့်များသည် ရှောင်ယုနှင့်အတူထွက်ခွာသွားတော့မည်ဖြစ်သည်။သူတို့၏ဝမ်းနည်းပူဆွေးမှုများနှင့် စိတ်ပျက်အားငယ်မှုများသည် ကုန်ခမ်းသွားပြီဖြစ်သည်။ဘန်ဂါဇီမြို့တော်မှကယ်တင်ခဲ့သော အောစ့်များဆိုလျှင် ယခုအခါအလွန်ပျော်ရွှင်နေကြပြီဖြစ်သည်။သူတို့ထံတွင် အစားအသောက်နှင့်အဝတ်အထည်များရှိကာ သက်ကြီးရွယ်အိုများသည် ကိုယ်တိုင်စောင့်ရှောက်နေစရာမလိုပဲ ကလေးငယ်များသည်ကျန်းမာစွာ အရွယ်ရောက်လာနိုင်သည်။
"ညီအစ်ကိုအောစ့်တို့...ခုချိန်ကစပြီး မင်းတို့ဟာဗိုက်ဆာတာတွေ ဒါမှမဟုတ် အနိုင်ကျင့်ခံရတာတွေရှိလာမှာမဟုတ်ဘူးလို့...ငါကတိပေးတယ်...ခုချိန်ဟာငါတို့မျိုးနွယ်တွေ ဘုန်းကျက်သရေထွန်းတောက်ရမယ့်ကာလပဲ...ငါတို့ပိုင်တဲ့အရာမှန်သမျှကို ငါတို့ပြန်ယူရလိမ့်မယ်"
သရောလ်သည် အောစ့်များရှေ့၌ရပ်နေရင်း ကျယ်လောင်စွာအော်ပြောလိုက်သည်။တစ်ချိန်တည်းမှာပင် အောစ့်မျိုးနွယ်ဝင်များသည် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။
ရှောင်ယုသည် သူ့အားရှေးခေတ်အချိန်ကာလမှ ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟု သရောလ်ကပြောပြခဲ့သည်။ရှောင်ယုသည် ရိုးသားမှု၊ရဲစွမ်းသတ္တိ၊ကျိုးနွံမှု၊ကြင်နာသနားမှု၊ညဏ်ပညာစသည်တို့နှင့် ပြည့်စုံသူဟုချီးကျူးဂုဏ်ပြုခဲ့သည်။ရှောင်ယုသည် သူတို့အားဦးဆောင်ကာ အောင်ပွဲများကို တစ်ခုပြီးတစ်ခုယူဆောင်ပေးခဲ့ကြောင်း ရှင်းပြခဲ့သည်။သရောလ်သည် အောစ့်မျိုးနွယ်၏နတ်ဘုရားနှင့်တူပေရာ ယခုအခါရှောင်ယုသည်လည်း အောစ့်မျိုးနွယ်နှင့်တသားတည်းဖြစ်သွားခဲ့သည်။သာမန်အားဖြင့် အောစ့်များသည် လူသားများကြောင့် တောင်တန်းအနက်ပိုင်းဆီသို့ ဆုတ်ခွာခဲ့ရသော်လည်း သူတို့၏အမြင်တွင် ရှောင်ယုကမူ ထိုရွံရှာစက်ဆုပ်ဖွယ်လူသားများထဲမှ တစ်ဦးဖြစ်ပုံမရတော့ဟန်ရှိသည်။
ရှောင်ယုသည် သူတို့အားအစာကျွေးကာ ဆေးကုသပေး၍ ညီအစ်ကိုများလိုဆက်ဆံခဲ့သည်။
မျိုးနွယ်စုတစ်ခုလုံးတွင် အောစ့်၃၀၀ခန့်ရှိသည်။သူတို့ထံတွင် ခေတ်မှီလက်နက်များမရှိကြသလို အာဟာရအားနည်းမှုကြောင့် အားနည်းနေကြသည်။သို့သော်လည်း သူတို့ဖြတ်သန်းခဲ့ရသည့် အခက်အခဲများကြောင့် သူတို့အားအချိန်တစ်ခုပေး၍ လေ့ကျင့်ပေးလိုက်ပါက လက်ရွေးစင်စစ်သည်တော်များအဖြစ် မွေးဖွားလာမည်ဖြစ်သည်။
ရှောင်ယု၏အောစ့်စစ်သည်များသည် လမင်းပစ်ခတ်သူများနှင့်လှံပစ်စက်များအား အသုံးပြုနေစဉ်တွင် သူတို့၏ပုဆိန်များကို အောစ့်များအားပေးအပ်ခဲ့သည်။အဆိုးဆုံးအခြေအနေတွင် အောစ့်များသည် သူတို့၏လက်သီးများကို တိုက်ခိုက်ရာ၌အသုံးပြုကြမည်ဖြစ်သည်။ရှောင်ယုသည် အောစ့်များကိုသစ်ပင်ခုတ်စေကာ သစ်လုံးများပြုလုပ်ခိုင်းခဲ့သည်။နောက်ဆုံးအကြိမ် ဘန်ဂါဇီမြို့၌တိုက်ခိုက်စဉ်က သစ်လုံးများကိုလက်နက်အဖြစ်အသုံးပြုနိုင်ခဲ့ရာ ယခုထပ်မံအသုံးပြုရန် ပြဿနာမရှိသင့်ပေ။
ရှောင်ယုသည် ဤနေရာ၌အကြာကြီးဆက်မနေခဲ့ဘဲ အသစ်ရောက်ရှိလာသော အောစ့်မျိုးနွယ်စုနှင့် စကားပြောပြီးနောက်တွင် အခြားအောစ့်မျိုးနွယ်စုများထံ အမြန်ပြေးသွားခဲ့သည်။သူတို့၏အဆိုအရ အန်ကာဂန်တောင်တန်းများတွင် အောစ့်မျိုးနွယ်စုများစွာ မှီတင်းနေထိုင်နေကြသည်။
အောစ့်များသည် သူတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြောင့် မျိုးနွယ်စုကြီးတစ်ခုအဖြစ် နေထိုင်ရမည့်အစား သေ့းငယ်သောမျိုးနွယ်စုများအဖြစ်နေထိုင်ရသည်ကို သဘောကျနှစ်သက်ကြသည်။ရှောင်ယုသည် စွန့်စားသူများ၏တိုက်ခိုက်မှုမှ အခြားအောစ့်မျိုးနွယ်စုများကိုကယ်တင်ရန် အလျင်စလိုလုပ်ဆောင်ခဲ့ရသည်။
အောစ့်များ၏အဆိုအရ အောစ့်များအပြင် အန်ကာဂန်တောင်တန်းများ၌ နတ်သူငယ်များနှင့်လူပုများလည်း နေထိုင်ကြသည်ဟု ရှောင်ယုသိလိုက်ရသည်။တိုင်ရန်ဒီသည် ထိုသတင်းကိုကြားသိပြီးနောက်တွင် အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။
အခန်း ၁၇၆ - နတ်သူငယ်မျိုးနွယ်
ဤသို့ဖြင့် ရှောင်ယုသည် အခြားမျိုးနွယ်စုများစွာကို ကယ်တင်ရန်စတင်ခဲ့ကာ နှစ်ရက်ကြာပြီးနောက်တွင် မတူညီသောအောစ့်မျိုးနွယ်စုအသီးသီးကို ကယ်တင်နိုင်ခဲ့သည်။ယခုအခါ ရှောင်ယု၏နံဘေးတွင် အောစ့်၃၀၀၀ကျော်ခန့်ရှိနေပြီဖြစ်သည်။အောစ့်အသစ်များ၏ ၃ပုံ၁ပုံသည် အမျိုးသမီးများဖြစ်ကြကာ ၃ပုံ၁ပုံမှာ အရွယ်ရောက်ပြီးသောအောစ့်များဖြစ်ကြပြီး ကျန်အောစ့်များမှာ ကလေးများဖြစ်ကြသည်။ပယောဂဆရာများနှင့်နတ်ဆရာအချို့မှလွဲ၍ ကျန်အသက်အရွယ်ကြီးမြင့်သောအောစ့်များကို ပြည်နှင်ဒဏ်ပေးထားခဲ့သည်။ရှောင်ယု၏နံဘေးတွင် အော့စ်များစွာ ရောက်ရှိလာသည်နှင့်အမျှ သူ၏စွမ်းအားသည် ပိုမိုအားကောင်းလာခဲ့သည်။ယခုအခါ စွန့်စားသူများသည် ရှောင်ယုအား မချိမ်းခြောက် နိုင်တော့ပေ။အကယ်၍ စွန့်စားသူများ အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လျှင်တောင်မှ ရှောင်ယုက တန်ပြန် တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့ပြီဖြစ်သည်။
ရှောင်ယုသည် အသစ်ရောက်ရှိလာသောအောစ့်များကို လက်နက်တပ်ဆင်ပေးရန် ကြိုးစားခဲ့သည်။သူ့ထံတွင် လက်နက်အလုံအလောက်မရှိသဖြင့် သစ်လုံးများကိုခုတ်ထွင်အသုံးပြုခဲ့ရသည်။
လွန်ခဲ့သော၂ရက်အတွင်း ရှောင်ယုသည်စွန့်စားသူများနှင့်အလွန်ပဋိပက္ခဖြစ်ခဲ့ရသည်။သို့သော်လည်း အဆုံးသတ်တွင် စွန့်စားသူများသည် ရှောင်ယုအားတိုက်ခိုက်ရန်သတ္တိမရှိကြဘဲ မချင့်မရဲဖြစ်ကာ ဆုတ်ခွာသွားခဲ့ရသည်။သူတို့သာရှောင်ယုအား စတင်တိုက်ခိုက်ဝံ့ပါက သူတို့ကျိန်းသေပေါက်သေကြရမည်ကို ခံစားမိကြသည်။
ရှောင်ယုသည် အောစ့်မျိုးနွယ်များကိုကယ်တင်ပြီးနောက် နတ်သူငယ်မျိုးနွယ်များကို လိုက်လံရှာဖွေခဲ့သည်။အဆုံးသတ်တွင် ကောင်းကင်လျှောက်လမ်းသူမှ ဖော်ပြခဲ့သောမြေပုံ၏ အခြားတစ်ဝက်တွင် ဤအချက်အလက်များပါရှိနိုင်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။ထိုအခြားတစ်ဖက်တွင် အောစ့်နှင့်နတ်သူငယ်များ၏ တည်နေရာကိုဖော်ပြထားနိုင်ပေသည်။ထို့ပြင် သူတို့ယခင်ကသိရှိထားခဲ့သော အမှောင်မြို့တော်၏တည်နေရာသည် မှားယွင်းနေကြောင်း ပြသနေခဲ့သည်။မည်သို့ပင်ဆိုစေ နတ်သူငယ်နှင့်အောစ့်များကိုရှာတွေ့ခြင်းသည် အမှောင်မြို့တော်၌ရတနာများကို ရှာတွေ့ခြင်းထက်ပိုမိုစိတ်လှုပ်ရှားစရာကောင်းပေသည်။
တိုင်ရန်ဒီသည် ကျားဖြူကိုစီးနင်းနေရင်း နတ်သူငယ်များကိုရှာဖွေရန် အခြားသူများထက်ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။သို့သော်လည်း သူမသည်မအောင်မြင်သေးပေ။အောစ့်များသည် နတ်သူငယ်များအကြောင်းကိုကြားဖူးသော်လည်း သူတို့နှင့်တစ်ခါမှထိတွေ့ဆက်ဆံခဲ့ဖူးခြင်းမရှိပေ။ထို့ကြောင့် သူတို့သည်နတ်သူငယ်မျိုးနွယ်၏တည်နေရာကို မသိခဲ့ကြပေ။
...
...
သရောလ်သည် ရှောင်ယုအားလှည့်ကြည့်ကာ သတင်းပို့လိုက်သည်။
"ရှေ့မှာနတ်သူငယ်တွေ အခြေချနေထိုင်ထားတဲ့ အရိပ်အယောင်ကိုတွေ့ရတယ်...ဒါပေမဲ့သူတို့ရဲ့အခြေစိုက်နေရာက ပြိုလဲနေတယ်...ကြည့်ရတာတော့စွန့်စားသူတွေက ငါတို့ထက်ခြေတစ်လှမ်းဦးသွားပုံဘဲ"
သရောလ်သည် အဝေးမြင်ကွင်းကိုအသုံးပြုကာ ဤဒေသတဝိုက်ကို စူးစမ်းလေ့လာခဲ့သည်။သရောလ်၏စကားကိုကြားလိုက်ချိန်တွင် တိုင်ရန်ဒီသည် ရှေ့သို့ပြေးထွက်လာခဲ့သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် သူမနောက်သို့လိုက်ပါသွားစဉ်တွင် အခြားသူများက ဖြေးညင်းစွာလိုက်ပါလာကြသည်။
သရောလ်ပြောသည့်နေရာသို့ ရောက်ရှိချိန်တွင် ပျက်စီးနေသည့် နတ်သူငယ်အခြေစိုက်စခန်းကို တွေ့လိုက်ရသည်။တိုင်ရန်ဒီသည် လှည့်ပတ်ရှာဖွေခဲ့သော်လည်း နတ်သူငယ်များကိုလုံးဝမတွေ့ခဲ့ရသောကြောင့် မျက်ရည်များစီးကျလာခဲ့သည်။ရှောင်ယုသည် တိုင်ရန်ဒီအား ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။
"မငိုနဲ့တိုင်ရန်ဒီ...သူတို့ကအဖမ်းခံလိုက်ရတယ်ဆိုပေမဲ့ ခုချိန်ထိအန္တာရယ်မဖြစ်နိုင်သေးဘူး...ဒီနေရာရဲ့ပတ်ပတ်လည်မှာ သွေးတစ်စက်တောင်မတွေ့ရဘူး...အသက်ရှင်နေတဲ့နတ်သူငယ်တစ်ယောက်ရဲ့တန်ဖိုးဟာ သေဆုံးနေတဲ့နတ်သူငယ်ထက် အဆပေါင်းများစွာအဖိုးတန်တယ်ဆိုတာ မမေ့နဲ့"
တိုင်ရန်ဒီသည် ရှောင်ယု၏စကားကိုအတည်ပြုရန် နေရာတစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုခဲ့သည်။
"သူတို့က နတ်သူငယ်တွေကိုဖမ်းဖို့ ဆေးတစ်ခုခုကိုအသုံးပြုထားခဲ့ပုံရတယ်...ငါတို့သူ့ကိုအရင်ဆုံးရှာရမယ်"
ရှောင်ယုသည် အဖမ်းခံရသည့်နတ်သူငယ်များအား ရှာဖွေရန်အတွက်နည်းလမ်းများကို စဉ်းစားရင်းတည်ငြိမ်စွာပြောလိုက်သည်။
"ဒီမှာလုံလောက်တဲ့သဲလွန်စတွေ အများကြီးတွေ့ရတယ်...ငါသူတို့ကိုခြေရာခံနိုင်မှာပါ"
တိုင်ရန်ဒီသည် ငြိမ်သက်သွားခဲ့ပီး စွန့်စားသူများက နတ်သူငယ်များကိုခေါ်ဆောင်သွားသည့် လမ်းကြောင်းကိုရှာဖွေရန်အတွက် စတင်စုံစမ်းဖော်ထုတ်ခဲ့သည်။
စွန့်စားသူများသည် နတ်သူငယ်များအား မဖမ်းဆီးမှီသတိထားခဲ့သော်လည်း နတ်သူငယ်များသည် သူတို့အတွက်အန္တာရယ်မရှိနိုင်ဟု ယုံကြည်ထားသည့်အတွက်ကြောင့် အခြေစိုက်စခန်းအားဖျက်ဆီးပြီးနောက်တွင် ခြေရာလက်ရာများကိုမဖျက်ဆီးခဲ့ပေ။
"ဂရင်း ၊ ခိုင်ရင်း ၊ တိုင်ရန်ဒီ ၊ လီအာ ၊ အောစ့်စစ်သည် ၅၀၊ ခြေလျင်တပ်သား ၁၀ ၊ ကိုဒိုသားရဲ ၅ကောင် ၊ နတ်ဆရာ ၅ယောက်နဲ့ နတ်သူငယ်လေးသမား၅၀ ငါနဲ့အတူလိုက်ခဲ့...အခြားကျန်တဲ့လူတွေက ဒီမှာစောင့်နေပြီး သရောလ်ရဲ့အမိန့်ကိုနားထောင်ရမယ်...နတ်သူငယ်တွေကိုကယ်တင်ပြီးတော့မင်းတို့နဲ့လာပူးပေါင်းမယ်"
ရှောင်ယုက အမိန့်ထုတ်လိုက်သည်။
ဤကိစ္စသည် အလျင်အမြန်လုပ်ဆောင်ပြီး နတ်သူငယ်များအားလိုက်လံကယ်တင်ရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။အကယ်၍ ထောင်နှင့်ချီသောတပ်ဖွဲ့ကသာ စွန့်စားသူများနောက်လိုက်သွားပါက ခရီးနှောင့်နှေးကုန်မှာဖြစ်သည်။ထို့အစား သူသည်နတ်သူငယ်များကိုပြန်လည်ကယ်တင်ရန်အတွက် သူ၏ကိုယ်ပိုင်တပ်ဖွဲ့အများစုကိုသာ အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။
ဆရာကြီးအယ်လ်မာက ရှောင်ယုအားကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့....ငါလည်းဒီမှာရှိနေမှာပါ"
ဆရာကြီးအယ်လ်မာသည် ရှောင်ယုထံမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည့်အတွက်ကြောင့် ယခုလိုအခြေအနေမျိုးတွင် ရှောင်ယုအားကူညီရန်ဆုံးဖြတ်ခဲ့သည်။
ဤနေရာတွင် အောစ့်ပေါင်း၃၀၀၀ကျော်ရှိနေကာ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများရှိနေခဲ့သည်။သူတို့အားလုံးကို သရောလ်မှဦးဆောင်ကွပ်ကဲထားသောကြောင့် မည်သည့်စွန့်စားသူအဖွဲ့ကမှ လာရောက်တိုက်ခိုက်နိုင်မည်မဟုတ်ဟု ရှောင်ယုယုံကြည်ပေသည်။
သူတို့ထွက်ခွာရန် ပြင်ဆင်နေသည့်အခိုက်အတန့်တွင် လင်းမူရွယ်သည် ရှောင်ယု၏အနားသို့တိုးလာ၍ ဂရုစိုက်ရန် တိုးတိုးလေးပြောလာသောကြောင့် သူ၏နှလုံးသားသည် နွေးထွေးသွားခဲ့ရသည်။
...
...
မတ်သည် ယခုအခါအလွန်ပျော်ရွှင်နေခဲ့သည်။သူပျော်ရွှင်ရသည့် အဓိကအကြောင်းရင်းမှာ သူဦးဆောင်နေသည့်စွန့်စားသူအဖွဲ့သည် နတ်သူငယ်အမြောက်အများကို ဖမ်းမိခဲ့၍ဖြစ်သည်။သူသည် နဂါးအမှုန့်ကိုအသုံးပြုကာ နတ်သူငယ်များကိုအိပ်မောကျစေခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာမရဘဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
နဂါးအမှုန့်ကိုအသုံးပြုလိုက်ပါက နဂါးတစ်ကောင်ကိုပင် အိပ်စက်သွားစေနိုင်သည်။သူသည် နတ်သူငယ်အခြေစိုက်စခန်းအတွင်း၌ နဂါးအမှုန့်အားပျံ့နှံ့စေရန်အတွက် လေမှော်ပညာကိုအသုံးပြုခဲ့သည်။ထို့နောက် သူ၏အဖွဲ့သည်နတ်သူငယ်များအားလုံးက်ို အောင်မြင်စွာဖမ်းဆီး၍ ချက်ချင်းထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ထိုအခြေစိုက်စခန်းတွင် နတ်သူငယ်၄၀၀ကျော်နေထိုင်ခဲ့သည်။မတ်တို့အဖွဲ့သည် အရေအတွက်၂၀၀ကျော်သာရှိသော်လည်း နတ်သူငယ်အားလုံးကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့သည်။သူတို့အား လေလံတင်ရောင်းချလိုက်ပါက ရွှေပြားသိန်းသန်းချီရရှိနိုင်ပြီး အချို့သောနတ်သူငယ်အမျိုးသား၊အမျိုးသမီးများသည် ပိုမိုစျေးရနိုင်ကြောင်း သူတို့နားလည်ထားကြသည်။ချမ်းသာသောမင်းမျိုးမင်းနွယ်ဝင်များသည် ဤနတ်သူငယ်အိမ်မွှေးတိရစ္ဆာန်များအတွက် ဒေဝါလီခံရလောက်သည်ထိ လေလံဆွဲကြမှာဖြစ်သည်။
နတ်သူငယ်၄၀၀ကျော်ဟူသည့် အရေအတွက်သည် မတ်အားရွှေပြားများဖြင့်ပြုလုပ်ထားသည့် အိပ်ရာပေါ်၌အိပ်စက်နိုင်စေရန် အိပ်မက်မက်စေနိုင်ခဲ့သည်။
သို့သော်လည်း သူတို့သည်နတ်သူငယ်၄၀၀ကျော်ကို သူတို့နှင့်အတူယူဆောင်လာခဲ့၍ ခရီးထွက်လာချိန်နှောင့်နှေးခဲ့ရသည်။သူတို့သည် သစ်သားထမ်းစင်များနှင့်အချုပ်ထောင်များပြုလုပ်ကာ ဝံပုလွေများကိုဆွဲခိုင်းခြင်းဖြင့် လူအင်အားသက်သာအောင် ပြုလုပ်ခဲ့ကြသည်။
စွန့်စားသူများသည် သူတို့ရရှိလာမည့်ငွေပမာဏကို တွေးဆကြည့်ပြီးနောက်တွင် ပင်ပန်းမှုကိုမခံစားရတော့ပေ။
"ဒီနတ်သူငယ်မလေးတွေက အရမ်းလှတယ်...ငါတွေ့ဖူးသမျှမိန်းမတွေက သူတို့ရဲ့ခြေဖျားကိုတောင်မမှီဘူး...သူတို့ရဲ့ခါးလေးတွေကိုကြည့်လိုက်စမ်း...အိပ်ယာထဲမှာ သူတို့ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာ စိတ်ကူးကြည့်နိုင်တယ်...အဲ့ဒီမှူးမတ်တွေက နတ်သူငယ်တစ်ယောက်ကိုဝယ်ဖို့ငွေကြေးအများကြီး အကုန်ကျခံနေကြတာ အံ့သြစရာမဟုတ်တော့ဘူး"
စွန့်စားသူတစ်ဦးသည် ဝံပုလွေများကိုထိန်းကျောင်းနေရင်း ပြောကြားလိုက်သည်။သူသည်ထိုသို့ပြောနေရင်း နတ်သူငယ်အမျိုးသမီး၏ ရင်ဘတ်ကိုပင် ဆုပ်ကိုင်လိုက်သည်။
"ဟားဟား....လီဗန်အလျင်စလိုမလုပ်နဲ့...အများစုကိုရောင်းပြီးသွားရင် ငါတို့ပျော်ပါးနိုင်ဖို့အတွက် မိန်းမနည်းနည်းလောက်ချန်ထားလိုက်မယ်...မင်းကောယောကျ်ားလိုချင်လား...မိန်းမလိုချင်လား"
အခြားစွန့်စားသူတစ်ဦးက ရယ်ရယ်မောမောဖြင့်ပြောဆိုလိုက်သည်။
"ဟားဟား...ငါကလုပ်ရိုးထုံးစံကိုမသိဘူးထင်နေလား...ငါတကယ်မလိမ်ဘူး...ဒီအမျိုးသမီးကိုငါလိုချင်တယ်...သူမကိုကြည့်လိုက်စမ်း...ဘယ်လောက်ထိနူးညံ့ပြီးတော့ချစ်စရာကောင်းလိုက်သလဲ...သူမရဲ့မျက်နှာပေါ်ကကြောက်လန့်နေတဲ့အကြည့်က ငါ့ကိုပိုပြီးတော့ပူလောင်လာစေတယ်...သူမကိုမြည်းစမ်းကြည့်ဖို့မစောင့်နိုင်တော့ဘူး"
လီဗန်သည် သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်၍ ပြောလိုက်သည်။
"ငါတို့သာ အဲဒါတွေကိုရောင်းပြီးသွားရင် ရွှေပြားသန်းနဲ့ချီပြီတော့ရလာလိမ့်မယ်...အဲဒါဘာက်ိုဆိုလိုတာလဲသိလား...လီဗန်...ဒီနတ်သူငယ်တော်တော်များများဟာ ဘယ်သူကမှမထိရသေးတဲ့အပျိုစင်လေးတွေပဲ...ငါတို့ကအပျိုလေးတွေနဲ့ ဆော့ရတာပိုအဆင်ပြေပေမဲ့ အပျိုလေးတွေရဲ့စျေးနှုန်းက အပျိုမဟုတ်တဲ့သူတွေထက်၂ဆလောက်ပိုမြင့်တယ်ကွ..."
မတ်ကဝင်ရောက်ဟန့်တားလိုက်သည်။သူ၏ဝမ်းဗ်ိုက်အောက်ပိုင်းသည် ပူလောင်နေသော်လည်း စွန့်စားသူများ၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည်စည်းစားဉာဏ်ရှိရှိတွေးတောလုပ်ဆောင်ရန် အတတ်နိုင်ဆုံးကြိုးပမ်းခဲ့သည်။
စွန့်စားသူများသည် သူတို့ခေါင်းဆောင်ဖြစ်သူ၏စကားကိုကြားချိန်တွင် ရယ်မောမိလိုက်ကြသည်။သူတို့သည် မြို့သို့ပြန်ရောက်ပါက အေးအေးဆေးဆေးအနားယူရန် အပျိုစင်မဟုတ်သောနတ်သူငယ်အနည်းငယ်ကို ရွေးထုတ်ရန်စဉ်းစားထားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် မီးတောက်လောင်နေသောမြှားတစ်စင်းသည် စွန့်စားသူတစ်ယောက်၏ခန္ဓာကိုယ်အားထိုးဖောက်ကာ အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။
"ရန်သူ..."
မတ်သည် ချက်ချင်းပင်ကျယ်လောင်စွာ အော်ဟစ်သတိပေးလ်ိုက်သည်။
အခန်း ၁၇၇ - မည်သူ့ကိုမှရှာမတွေ့ပေ...
မရေမတွက်နိုင်သောမြှားများသည် နေရာမျိုးစုံမှထိုးဆင်းလာခဲ့ပြီး စွန့်စားသူအမြောက်အများကို သတ်ဖြတ်လိုက်ကြသည်။အချို့စွန့်စားသူများသည် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဒဏ်ရာအမြောက်အများကိုရရှိခဲ့သည်။မြှားတံများ၏စွမ်းအားသည် ကြီးမားသည့်အပြင် လူသားလေးသမားတစ်ဦးပစ်လွှတ်သည်ထက် နှစ်ဆပိုပြင်းပေသည်။ထိုမြှားတံများသည် တိုဟူးတစ်တုံးကိုထိုးဖောက်သကဲ့သို့ စွန့်စားသူများ၏သားရေချပ်ဝတ်များကို ထိုးဖောက်သွားခဲ့သည်။
သို့သော်ဤအရာသည် စွန့်စားသူများရင်ဆိုင်ရသည့် အရေးအကြီးဆုံးသောပြဿနာမဟုတ်ပေ။အရေးအကြီးဆုံးသောမေးခွန်းမှာ စွန့်စားသူများသည် ရန်သူများ၏အရိပ်အယောင်ကိုပင် မတွေ့မြင်ရခြင်းဖြစ်သည်။
လုပ်ကြံသူလား...မဖြစ်နိုင်ပေ။
ဤမျှအစွမ်းထက်သည့် လေးသည်တော်တစ်ယောက်သည် လုပ်ကြံသူတစ်ယောက် မည်သို့ဖြစ်လာနိုင်မည်နည်း...
အကယ်၍ ရန်သူများသည်လုပ်ကြံသူများဖြစ်ပါက တိုက်ခိုက်ပြီးနောက်တွင် မည်သည့်သဲလွန်စကိုမှမချန်ရစ်ဘဲ ပျောက်ကွယ်သွားမည်ဖြစ်သည်။
စွန့်စားသူများသည် သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးသူများဖြစ်ကြသော်လည်း ယခုလိုအခြေအနေတွင် သူတို့၏စွမ်းရည်သည် အကန့်အသတ်ရှိပေသည်။ယခုအခါ သူတို့၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်များ မွေးဖွားလာခဲ့သည်။
"လေးသည်တော်တွေ...နတ်သူငယ်လေးသည်တော်တွေ..သူတို့ကအရိပ်ထဲမှာပုန်းနေတာကြောင့် ငါတို့မမြင်ရဘူး"
မတ်သည် ချက်ချင်းအော်ဟစ်သတိပေးလိုက်သည်။သူသည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်ပေရာ သူ၏အမြင်အာရုံသည် သာမန်လူများထက်များစွာသာလွန်ပေသည်။ထို့ကြောင့်ပင် မြင်ကွင်းသည်အလွန်မသဲမကွဲဖြစ်နေသော်လည်း မတ်သည် နတ်သူငယ်လေးသမားများ၏ အရိပ်အယောင်ကိုတွေ့မြင်ခဲ့ခြင်းဖြစ်သည်။
မတ်သည် မည်သူ့ကိုမှကြောက်ရွံ့ခြင်းမရှိပေ။စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်အနေဖြင့် သူသည်လေးသည်တော်ဒါဇင်ကျော်အားသတ်ဖြတ်ရန် သူ၏ခွန်အားကိုအားကိုးနိုင်သည်။သို့သော်လည်း ထိုလူများသည် ပထမတိုက်ခိုက်မှုအပြီးတွင် မမြင်နိုင်သည့်နေရာ၌ပုန်းအောင်းနေရန် ရွေးချယ်ခဲ့ကြသည်။မည်သူမဆို မမြင်နိုင်သောရန်သူများအား တိုက်ခိုက်ရာတွင်ခေါင်းကိုက်ကြရသည်။ထို့ပြင် သူတို့အားတိုက်ခိုက်နေသော နတ်သူငယ်လေးသမားများသည် အရေအတွက်ဒါဇင်ကျော် သို့မဟုတ် ရာနှင့်ချီရှိနိုင်သည်။
"ငါတို့အခုဘာဆက်လုပ်ကြမလဲ..."
စွန့်စားသူများသည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်ကြသည်။မြှားတစ်စင်းစီသည် သူတို့၏အသက်ကိုအချိန်မရွေးနုတ်ယူနိုင်စွမ်းရှိသည်။ထို့ပြင် ရန်သူတည်နေရာကိုမသိရှိရခြင်းက သူတို့အားကြောက်ရွံ့စေသည်။သူတို့သည် မျက်နှာချင်းဆိုင်တိုက်ပွဲများကို မည်သည်အခါမှမကြောက်ခဲ့ပေ။
ဤသည်မှာ လုပ်ကြံသူများကို ဤကမ္ဘာကြီး၌ ကြောက်ရွံ့စေရမည့် ဖြစ်တည်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြသည့် အကြောင်းရင်းဖြစ်သည်။
"နတ်သူငယ်တွေရဲ့ လေးပစ်စွမ်းရည်က အားကောင်းပေမဲ့ သူတို့ရဲ့အနီးကပ်တိုက်ခိုက်ရေးအစွမ်းက တော်တော်လေးအားနည်းတယ်...ဒုတိယအဆင့်မှော်ဆရာတွေတောင် သူတို့ကိုမကြောက်ကြဘူး...ငါတို့သာသူတို့ကိုရှာတွေ့နိုင်ရင် အလွယ်တကူဖယ်ရှားနိုင်မှာပါ"
မတ်ကအေးစက်သောလေသံဖြင့်ပြောလိုက်သည်။သူသည် လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေရှိစွာ ပြောင်းလဲနိုင်သည့်စစ်မှန်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
မတ်၏စကားအပြီးတွင် စွန့်စားသူများ၏စိတ်သည်တည်ငြိမ်သွားခဲ့သည်။သူတို့သည် တောတောင်တဝိုက်တွင် ရှာဖွေရန်အဖွဲ့များစွာခွဲထားခဲ့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးသည့်နောက်တွင်ပင် နတ်သူငယ်များ၏ခြေရာလက်ရာကို ရှာမတွေ့ခဲ့ပေ။ဤနေရာတဝိုက်တွင် သစ်ပင်များ၊ချုံပုတ်များနှင့် ပေါင်းပင်များပြည့်နှက်နေသည့်အတွက် တစ်ဦးချင်းပုန်းခိုနိုင်သည့်နေရာများစွာရှိနေခဲ့သည်။ထို့ကြောင့် အမှောင်ကျွမ်းကျင်သူများဖြစ်သည့် နတ်သူငယ်များသာပုန်းအောင်းနေပါက သူတို့အားရှာဖွေရန်ခက်ခဲမှာဖြစ်သည်။
အား...
ထိုအခိုက်အတန့်တွင် တောတွင်းမှအော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာခဲ့ပြီးနောက် ပဲ့တင်သံများစွာတို့သည် တောအုပ်တစ်ခုလုံးအနှံ့လွှင့်ပျံလာခဲ့သည်။စွန့်စားသူများအားလုံးသည် ခေါင်းမွှေးထောင်ကုန်ကြပြီး အသံကြားရဆီ အပြေးအလွှားသွားရောက်စစ်ဆေးလိုက်ကြသည်။ထို့နေရာတွင် အသတ်ခံထားရသည့် စွန့်စားသူအဖွဲ့တစ်ခုရှိကာ သူတို့၏နှလုံးသားကိုမြှားတစ်စင်းစီက ထိုးဖောက်ဝင်ရောက်နေခဲ့သည်။
"တစ်ယောက်ယောက်ကို တွေ့လိုက်သေးလား"
အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကိုမေးခွန်းမေးလိုက်သည်။
"အရိပ်တစ်ခုက်ို ငါဖျတ်ခနဲ့တွေ့လိုက်ပေမဲ့ နောက်ခဏမှာတော့ငါသူတို့ကိုမမြင်တွေ့နိင်တော့ဘူး....သူတို့ကအရမ်းမြန်တယ်"
အသက်ရှင်ကျန်ရစ်သူများက ပြန်ဖြေကြသည်၊
စွန့်စားသူများသည် သူတို့၏ရဲဘော်ရဲဘက်များ သူတို့မျက်စိရှေ့မှောက်တွင် သေဆုံးနေသည်ကိုတွေ့မြင်နိုင်ရသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
အား...
ထိုအခိုက်အတန့်တွင် သနားစရာကောင်းသော အော်ဟစ်သံသည် အခြားတစ်နေရာမှာ ပဲ့တင်ထပ်လာခဲ့သည်။စွန့်စားသူများသည် အသံထွက်ပေါ်လာရာဆီ အပြေးအလွှားသွားရောက်ခဲ့သော်လည်း အခြားအဖွဲ့ငယ်တစ်ခုသည် သတ်ဖြတ်ခံထားရပြီဖြစ်သည်။ထို့နေရာတွင် သူတို့သည် အရိပ်အနည်းငယ်၏အသွင်အပြင်ကိုတွေ့မြင်လိုက်ရသော်လည်း မည်သူ့ကိုမှရှာဖွေနိုင်ခဲ့ခြင်းမရှိပေ။
အား....အား....အား
ကြေကွဲဖွယ်ရာအော်ဟစ်သံများသည် နေရာများစွာမှပဲ့တင်ထပ်လာခဲ့သည်။အချို့သောစွန့်စားသူများသည် မြှားဖြင့်ပစ်သတ်ခံထားရကာ အချို့မှာမူ ဓားဖြင့်ခုတ်ပိုင်းခံထားရကြောင်းတွေ့ရှိလာကြသည်။ဓားဖြင့်ခုတ်ပိုင်းခံရသူသည် နှစ်ပိုင်းပြတ်ကာ သွေးများတရဟောစီးကျနေ၍ မြေပြင်ကိုပင်သွေးရောင်လွှမ်းစေခဲ့သည်။
"တတိယအဆင့်သူရဲကောင်းတွေက ဘယ်လိုဖြစ်ပြီးအသတ်ခံခဲ့ရတာလဲ..."
လေးသမားများသည် သူတို့အားသတ်ဖြတ်နိုင်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဓားဖြင့်ခုတ်ပိုင်းရုံဖြင့် တတိယအဆင့်သူရဲကောင်း၅ယောက်၏ခန္ဓာကိုယ်အား နှစ်ခြမ်းခွဲကာ ချက်ချင်းသတ်ဖြတ်ခဲ့သည်မှာ အလွန်ပင်ထူးဆန်းနေခဲ့သည်။
အား...
နောက်ထပ်အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီးနောက်တွင် စွန့်စားသူများသည် မြေပေါ်လဲကျနေသောလူတစ်ယောက်ကို သတိထားမိလိုက်ကြသည်။မြှားတစ်စင်းသည် ထိုလူ၏နှလုံးသားကိုထိုးဖောက်သွားခဲ့သည့်အပြင် ထိုလူသည်သူတို့ဘက်တွင်ရှိနေသော တစ်ဦးတည်းသောလုပ်ကြံသူဖြစ်ပေသည်။
"ငါတို့လုပ်ကြံသူက ဘယ်လ်ိုသေသွားတာလဲ...ဒါကဘယ်လ်ိုဖြစ်နိုင်မှာလဲ...ငါတို့ရဲ့လုပ်ကြံသူကိုတောင် ချက်ချင်းသတ်ဖြတ်နိုင်တဲ့ထိ သူတို့ကအစွမ်းထက်နေတာလား"
အကြောက်တရားသည် စွန့်စားသူများ၏နှလုံးသား၌ စတင်နေရာယူလာခဲ့သည်။
"လူတိုင်း...နောက်ပြန်ဆုတ်ပြီး အတူတူပူးပေါင်းကြ"
မတ်သည် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။မိနစ်အနည်းငယ်အတွင်းမှာပင် လူပေါင်း၂၀ကျော်သေဆုံးခဲ့ရသည့်အတွက်ကြောင့် သူ၏နည်းဗျူဟာသည် ယခုတစ်ကြိမ်တွင်မအောင်မြင်ခဲ့ပေ။
နတ်သူငယ်လေးသမားများသည် စွန့်စားသူများရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသည့် တောအုပ်ထဲတွင် ပုန်းအောင်းရန်ကောင်းမွန်သည့် နေရာများကိုရှာဖွေထားနိုင်ခဲ့သည်။တောထဲတွင် နတ်သူငယ်များအားတိုက်ခိုက်ရခြင်းသည် ရေထဲရှိငါးမန်းများကို တိုက်ခိုက်ခြင်းဟုဆိုလိုပေသည်။
အကယ်၍ နတ်သူငယ်များသည် ပြောက်ကျားတိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်လိုပါက သူတို့သည်လုံးဝတန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။စွန့်စားသူများသည် တစုတစည်းတည်းနောက်ပြန်ဆုတ်သွားချိန်တွင် အနီးအနားမှ အော်ဟစ်သံနှစ်ခုကိုချက်ချင်းကြားလိုက်ရသည်။မူလက အဖွဲ့ထဲတွင် တတိယအဆင့်မှော်ဆရာ၂ယောက်ပါရှိပြီး ယခုအခါနှစ်ယောက်လုံးခေါင်းဖြတ်ခံလိုက်ရပြီဖြစ်သည်။
စွန့်စားသူများအားလုံးသည် နောက်အခိုက်အတန့်တွင် ကိုယ်ယောင်ဖျောက်သွားသည့် အရိပ်၂ခုအားတွေ့လိုက်ရသည်။
"လုပ်ကြံသူလား...သူတို့ကဘယ်သူတွေလဲ...မှော်ဆရာနှစ်ယောက်က်ိုသတ်ဖြတ်ပြီးနောက်မှာ ငါတို့ရှေ့မှာတင်ဘယ်လိုကိုယ်ဖျောက်သွားတာလဲ..."
မတ်သည် ထိုမြင်ကွင်းကိုကြည့်ရင်း သူ၏မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။လုပ်ကြံသူများက ပစ်မှတ်အားလုပ်ကြံအပြီးတွင် ထပ်မံကိုယ်ဖျောက်လိုပါက သင့်တော်သောနေရာတစ်ခုအားရှာဖွေရမည်ဖြစ်သည်။သို့ရာတွင် သူတို့မှော်ဆရာနှစ်ယောက်အားသတ်ဖြတ်ခဲ့သည့် လုပ်ကြံသူနှစ်ဦးသည် အလွန်မြန်ဆန်လွန်းလှသည့်အပြင် ထိုလုပ်ကြံသူများသည် ဓားမြောင်များအစား ဧရာမဓားနှစ်ချောင်းအားအသုံးပြုနေပုံရပေသည်။ထိုဓားများသည် တတိယအဆင့်မှော်ဆရာများ၏ ခန္ဓာကိုယ်အားကာကွယ်ထားသည့် မှော်မန္တန်များအားအလွယ်တကူဖျက်ဆီးနိုင်စွမ်းရှိသည်။တတိယအဆင့် သူရဲကောင်းများသည်ပင် ထိုတိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိမည်မဟုတ်ပေ။အရာအားလုံးသည် ၃စက္ကန့်အတွင်းဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ရာ သူတို့သည်မှော်ဆရာများအား မကူညီနိုင်ခဲ့ပေ။ရန်သူများ၏တိုက်ခိုက်မှုနှင့်ထွက်ပြေးသည့် အရှိန်နှုန်းသည် အလွန်ပင်မြန်ဆန်လွန်းလှပေသည်။
"သူတို့ကလေးသမားတွေလား...နတ်သူငယ်တွေက အရင်ကထက်ပိုပြီးသန်မာလာတာလား...ဒါပေမဲ့သူတို့ကိုကြည့်ရတာ နတ်သူငယ်တွေမဟုတ်သလိုပဲ...တစ်ယောက်ကနည်းနည်းပိန်ပြီး နတ်သူငယ်တွေထက် နည်းနည်းအရပ်ပုတယ်...နောက်တစ်ယောက်ကကျတော့ အရပ်ရှည်ပြီးပိန်ပိန်ပါးပါးရှိပေမဲ့ သာမန်အောစ့်တွေထက်ခေါင်းတစ်လုံးပ်ိုမြင့်နေတယ်...ဒါပေမဲ့အနက်ရောင်ဝတ်ရုံကြောင့် သူတို့ရဲ့မျက်နှာကိုမမြင်ရဘူး..."
မတ်သည် အံ့သြသွားသလို တချိန်တည်းမှာလည်း ဒေါသထွက်သွားခဲ့သည်။လုပ်ကြံသူများသည် သူ၏လူများကိုလွယ်ကူစွာသတ်ဖြတ်နေသလို သူ၏မျက်စိရှေ့မှောက်တွင်ပင် လွတ်လွတ်လပ်လပ်ရှောင်တိမ်းနေသောကြောင့် မတ်သည်လွန်စွာအရှက်ရသွားခဲ့ရသည်။သူသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ဦး ဖြစ်လာကတည်းက ယခုလိုအခြေအနေမျိုးမကြုံတွေ့ရသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။
မတ်သည်အံတင်းတင်းကြိတ်လိုက်သော်လည်း သူ၏ဒေါသကိုမဖောက်ခွဲနိုင်သေးပေ။
"ခေါင်းဆောင် ငါတို့ဘာဆက်လုပ်ရမှာလဲ..."
အခြားစွန့်စားသူများသည် မတ်အားလှည့်၍ကြည့်လိုက်သည်။
"ငါတို့မြန်မြန်ထွက်သွားရအောင်...ဒိုင်းတွေကိုအသုံးပြုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ကြ...ပတ်ဝန်းကျင်ကိုဂရုစိုက် ငါတို့ခဏလောက်အနားယူရမယ်....ငါတို့သာအတူတူစုနေရင် ငါတို့အကုန်လုံးက်ိုသတ်နိုင်မယ်လို့ ငါမယုံဘူး"
မတ်က အမိန့်ထုတ်လိုက်သည်။
မတ်သည် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများကိုတွက်ချက်နေရင်း သူတစ်ယောက်တည်းကြားလောက်သည့်လေသံဖြင့် တီးတိုးရေရွတ်နေခဲ့သည်။ထို့နောက် သူ၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့ပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။