← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း ၁၇၈ - အိပ်ပျော်စေသော နဂါးမှုန့်

စွန့်စားသူများသည် တောင်တန်းများကို ဖြတ်ကျော်ကာအမြန်ဆုံး ထွက်ပြေးလိုသည့်အခြေအနေမျိုးဖြင့် အရှိန်အဟုန်အပြည့် ဦးတည်ရာတစ်ခုဆီသို့ ဆက်လက်ပြေးလွှားနေခဲ့သည်။သို့သော် သူတို့အားသေချာစစ်ဆေးကြည့်မည်ဆိုပါက သူတို့သည်ကြီးမားသောအရာဝတ္ထုတစ်ခုအား ပြင်ဆင်နေပြီဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။

အား...

ထိုအခိုက်အတန့်တွင် မြှားတစ်စင်းသည် စွန့်စားသူတစ်ယောက်၏နှလုံးသားကို ထိုးဖောက်လိုက်သောကြောင့် နာကျင်စွာအော်ဟစ်သံကပဲ့တင်ထပ်လာခဲ့သည်။

ထိုအချိန်တွင် မတ်ကရုတ်တရက်အော်ဟစ်လိုက်သည်။

"ခုလုပ်တော့..."

မတ်ကအမိန့်ပေးလိုက်သည့် အခိုက်အတန့်လေးတွင် စွန့်စားသူများသည် အဝါရောင်နှင့်အညိုရောင်ရောယှက်နေသော အမှုန့်များကိုစတင်ဖျန်းပက်လိုက်ကြသည်။ထိုအမှုန့်များသည် လေထဲရောက်ရှိချိန်တွင် မှော်ဆရာများသည် လေမှော်ကိုအသုံးပြုကာ ပြန့်ကျဲစေလိုက်သည်။ဤနည်းလမ်းမှာ နတ်သူငယ်မျိုးနွယ်အား ဝင်ရောက်စီးနင်းရာတွင် သူတို့အသုံးပြုခဲ့သည့်နည်းလမ်းဖြစ်သည်။နဂါးအမှုန့်အား ရှုရှိုက်မိသူတိုင်းသည် ချက်ချင်းသတိမေ့သွားမှာဖြစ်သည်။လေမှော်ပညာသည် နဂါးအမှုန့်အား မီတာရာပေါင်းများစွာအထိ ပြန့်ကျဲသွားစေခဲ့သည်။

ရန်သူလေးသမားများသည် သူတို့စွန့်စားသူများကို တိုက်ခိုက်လိုပါက သတ်မှတ်ထားသည့် အကွာအဝေးအတွင်း၌ အနီးကပ်ရှိနေရမည်ဖြစ်သည်။ထို့ကြောင့် သူတို့သည်ရန်သူလေးသမားများကို နဂါးအမှုန့်များဖြင့်အိပ်ငွေ့ချရန်စီစဉ်ခဲ့သည်။ဤသည်မှာ မတ်စီစဉ်ခဲ့သောလှည့်ကွက်ဖြစ်သည်။

ဘန်း...

နဂါးအမှုန့်များ ပြန့်ကျဲသွားပြီးနောက်တွင် စွန့်စားသူများသည် တစ်စုံတစ်ယောက်မြေပေါ်လဲကျသွားသည့်အသံကို အဝေးတစ်နေရာမှကြားလိုက်ရသည်။

"ဟားဟား....ငါသာနဂါးအမှုန့်ကိုသုံးလိုက်ရင် အဲ့ဒီနတ်သူငယ်တွေကငါ့ကိုဆန့်ကျင်နိုင်မလား"

မတ်သည် လေးသမားများကိုရှာဖွေရန် သူ၏လူများကိုစေလွှတ်ခဲ့သည်။မကြာမှီ စွန့်စားသူများသည် နတ်သူငယ်လေးသမားများ၏ ခန္ဓာကိုယ်အားရှာဖွေတွေ့ရှိသွားကြသည်။

"ဟမ့်...နတ်သူငယ်တွေက ငါ့ရဲ့အိမ်ထိလာပြီးတံခါးလာခေါက်နေမှတော့ ငါကလည်းအားနာနေစရာမလိုတော့ဘူး"

မတ်သည် နောက်ထပ်နတ်သူငယ်လေးသမားအနည်းငယ်ကို ဖမ်းမိသဖြင့်ပျော်ရွှင်ကျေနပ်နေခဲ့သည်။

ဘန်း...ဘန်း...

မတ်သည် မြေပေါ်သို့လူများလဲကျနေသံကို အဆက်မပြတ်ကြားနေရသည့်အတွက်ကြောင့် စွန့်စားသူများအားဆက်လက်ရှာဖွေရနိအတွက် မတ်ကအမိန့်ပေးခဲ့သည်။

"ဒီဆေးမှုန့်ကို နတ်သူငယ်တွေက တော်တော်ခံနိုင်ရည်ရှိတယ်ထင်တယ်...သူတို့ကတော်တော်ဝေးဝေးထိထွက်ပြေးခဲ့တာပဲ"

မတ်က တိုးတိုးလေးရေရွတ်လိုက်သည်။နတ်သူငယ်များသည် နဂါးမှုန့်ကိုရှုရှိုက်မိချိန်၌ပင် အတော်ဝေးဝေးထိထွက်ပြေးခဲ့၍ သူတို့အားလိုက်ရှာရန် လူအင်အားကိုအသုံးပြုရတော့မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သနားစရာကောင်းသောအော်ဟစ်သံများနှင့် ကျယ်လောင်သောဟိန်းဟောက်သံများသည် တောတွင်းမှချက်ချင်းထွက်ပေါ်လာခဲ့သည်။ထိုခဏအတွင်းမှာပင် စွန့်စားသူများဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခံလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ..."

မတ်သည် အလွန်အံ့သြသွားခဲ့ကာ အသံထွက်ပေါ်လာရာဆီသို့ အလျင်အမြန်သွားရောက်ကာ အခြေအနေကိုစစ်ဆေးခဲ့သည်။ယခုတစ်ကြိမ်တွင် သူသည်တိုက်ခိုက်သူများ၏မျက်နှာကိုတွေ့မြင်လိုက်ရပြီဖြစ်သည်။၎င်းတို့သည် လှံပစ်စက်အားအသုံးပြုသည့် အောစ့်များဖြစ်ကြသည်။

"အောစ့်တွေ...လှံပစ်စက်တွေလား သူတို့ကခြင်္သေ့နယ်မြေပဲ"

မတ်သည် ချက်ချင်းသတိရသွားခဲ့သည်။ထိုအချိန်က လှံပစ်စက်များအကိုအသုံးပြုသော အောစ့်များသည် သူ့အားနက်နက်ရှိုင်းရှိုင်းအထင်ကြီးစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

ဝွီး...

ထိုခဏတွင် လှံပစ်စက်များမှ ပစ်လွှတ်လိုက်သည့် မရေမတွက်နိင်သော လှံတံများသည် သူ့ဆီသို့ဦးတည်ပျံသန်းလာခဲ့သည်။ဤအရာသည် အောစ့်များ၏ခြုံခိုတိုက်ခိုက်မှုပင်ဖြစ်သည်။လက်ရှိအခြေအနေမျိုးတွင် ဒါဇင်နှင့်ချီသောအောစ့်များနှင့်လှံပစ်စက်များ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ရန် အလွန်ခက်ခဲလှပေသည်။လှံပစ်စက်များမှပစ်လွှတ်လိုက်သောလှံ၏အရှိန်သည် အလွန်လျင်မြန်၍ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ပုန်းအောင်းရန် သို့မဟုတ် ရှောင်တိမ်းရန်အလွန်ခက်ခဲပေသည်။

သို့သော်လည်း မတ်သည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်သည်။သူသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သစ်ပင်တစ်ပင်၏နောက်သို့ အလျင်အမြန်ပြေးသွားကာ အကာအကွယ်ရယူခဲ့သည်။

ဘန်း...ဘန်း....ဘန်း

လှံပစ်စက်များမှ ပစ်လွှတ်လိုက်သောလှံတံများသည် သစ်ပင်အားထိုးစိုက်သွားခဲ့သည်။

"ယုတ်မာလ်ိုက်တဲ့နယ်မြေသခင်...သူကငါ့ကိုတိုက်ခိုက်ပြီးတော့ နတ်သူငယ်တွေကိုလိုချင်တာလား...ငါသာဒီနေရာကထွက်လာနိုင်ရင် သူ့ကိုပညာပေးဖို့ အဖွဲ့အစည်းကိုတင်ပြရမယ်"

မတ်သည် အလွန်ဒေါသထွက်နေခဲ့ကာ ရှောင်ယုအားပြန်လည်တုံ့ပြန်ရန် နည်းလမ်းများကိုစဉ်းစားနေခဲ့သည်။

မတ်သည် လူများစွာကိုခေါ်ဆောင်လာခဲ့ကာ နတ်သူငယ်၄၀၀ကျော်ကိုဖမ်းဆီးနိုင်ခဲ့သည်။ယခုသူချမ်းသာတော့မည့်အချိန်တွင် ဤသခင်က သူ့ဆီမှအရာအားလုံးအား လုယူရန်ကြိုးစားနေခဲ့သည်။

မတ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူ၏မှော်ဓားကိုဆွဲထုတ်ပြီး အောစ့်များကိုတိုက်ခိုက်ရန် ပြေးထွက်လာခဲ့သည်။သူသည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်ရာ အောစ့်များကိုကြောက်ရွှံခြင်းမရှိပေ။အမှန်တော့သူသည် ဂုဏ်ကျက်သရေအတွက် သူတို့အားသတ်ဖြတ်ရန် စိတ်အားထက်သန်နေခဲ့သည်။

သို့သော်လည်း သူပြေးထွက်လာသည့်အချိန်တွင် အောစ့်များ၏ရှေ့၌ရပ်နေသော နွားလားက်ိုတွေ့လိုက်ရသည်။ထိုနွားလားသူရဲကောင်းသည် ကြီးမားသည့်ပုဆိန်နှစ်လက်ကို ကိုင်ဆောင်ထားပေသည်။

"သေချင်နေတဲ့ သားရဲကောင်"

မတ်သည် ရပ်တန့်ခြင်းမရှိပေ။သူသည် နွားလားသူရဲကောင်းနှင့်တစ်ခါမှ မတိုက်ခိုက်ဖူးသော်လည်း ခိုင်ရင်းနှင့်သွားရှုပ်ရန် မလွယ်ကူကြောင်းနားလည်ပေသည်။မည်သို့ပင်ဆိုစေကာမူ မတ်သည် ကြောက်ရွံ့မှုမရှိပေ။သူသည် သူ၏မှော်ဓားကိုဝှေ့ယမ်းလိုက်ကာ ကျွမ်းကျင်မှုတစ်ခုအားအသုံးပြု၍ ခိုင်ရင်းဆီသို့ တိုက်ပွဲစွမ်းအင်များကို တွန်းထုတ်ပစ်လိုက်သည်။

ဝူး...

ခိုင်ရင်းသည် ပြန်လည်ဟိန်းဟောက်လိုက်ကာ မတ်၏ကျွမ်းကျင်မှုကိုတန်ပြန်တိုက်ခိုက်ရန် တုန်ခါမှုလှိုင်းအား ထုတ်ဖော်လိုက်သည်။ခဏအကြာတွင် စွမ်းအင်လှိုင်းနှစ်ခုသည် ထိပ်တိုက်တိုးမိသွားကြသည်။

ဘန်း..

ထိုသို့ထိပ်တိုက်တွေ့မှုကြောင့် စွမ်းအင်လှိုင်းများပေါက်ကွဲထွက်ပေါ်လာကာ အနီးအနားရှိသစ်ကိုင်းများ လွှင့်ထွက်သွားခဲ့သည်။

ဝူး..

ခိုင်ရင်း၏ခန္ဓာကိုယ်သည် ကြီးမားသော်လည်း မတ်သည်သူ့ထက်ပိုမိုသန်မာသောကြောင့် အားနည်းချက်ရှိပေသည်။သို့သော်လည်း သူသည်ရိုင်းစိုင်းသောခွန်အားကို အားကိုးသည့်သူရဲကောင်းတစ်ဦးဖြစ်သည်။ခိုင်ရင်းသည် ဒဏ်ရာပိုမိုရရှိလေလေ သွေးပိုထွက်လေလေ ပိုမိုတိုက်ခိုက်နိုင်လေဖြစ်သည်။

ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးကိုပင့်မြှောက်ကာ မတ်အားပြင်းထန်စွာခုတ်ပိုင်းလိုက်သည်။

ဘန်း...

မတ်သည် ထိုတိုက်ခိုက်မှုအား ပိတ်ဆို့ရန်သူ၏ဓားကိုအသုံးပြုခဲ့သည်။သူသည် ပိုမိုသန်မာသော်လည်း ခိုင်ရင်း၏တိုက်ခိုက်မှုကြောင့် မတ်၏လက်မောင်းများပင်ထုံကျင်သွားခဲ့ရသည်။ခိုင်ရင်းသည် အလွန်အဆင့်မြင့်မားနေခြင်းမရှိသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ဂရင်းထက်ပင်ပိုမိုသန်မာလေသည်။ခိုင်ရင်းသည် ယခုလိုထိပ်တိုက်ရင်ဆိုင်ရာတွင် ကျွမ်းကျင်သောတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။သူအသုံးပြုသောပုဆိန်ကြီးများသည် ရန်သူအားအသာစီးမှနေ၍ တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသည်။

အား...အား

ထိုအချိန်တွင် အဝေးမှအော်ဟစ်သံများကို ဆက်တိုက်ကြားနေရ၍ မတ်သည် အလွန်ဒေါသထွက်သွားခဲ့သည်။

"သေစမ်း...ရှောင်ယု..ငါမင်းကိုအစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ပြီး ငရဲကျခံစေချင်တယ်"

မတ်သည် ခိုင်ရင်းနှင့်ဆက်လက်တိုက်ခိုက်ရန် စိတ်မဝင်စားတော့ဘဲ သူ့လူများကိုစစ်ဆေးရန် အရှိန်အဟုန်ဖြင့်ပြန်ပြေးလာခဲ့သည်။သို့သော် သူပြန်ရောက်လာချိန်၌ အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။မတ်၏စွန့်စားသူများအားလုံးသည် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ဤအချိန်တိုလေးအတွင်းတွင် သူတို့အားလုံးက်ို ရှောင်ယု၏တပ်ဖွဲ့များကသတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

ရှောင်ယုသည် အသားတစ်ပိုင်းကိုကိုက်စားကာ အေးအေးလူလူရှိနေသည်ကိုမြင်ပြီး မတ်၏မျက်လုံးများသည် သွေးကဲ့သို့နီရဲလာခဲ့သည်။

"ဒီအသားရဲ့အရသာက တကယ်ကောင်းတယ်...နောက်ဆိုဒါမျိုးများများလုပ်ထားရမယ်...ဒီကအစ်ကိုရဲ့နာမည်က မတ်လို့ခေါ်တာလား"

ရှောင်ယုသည် မတ်ကိုကြည့်ရင်းပြုံးပြလိုက်သည်။

"မင်း...မင်း"

မတ်သည် ရှောင်ယု၏အပြုအမူကြောင့် ရူးသွပ်သွားခဲ့သည်။ယခုအခါ သူသည်စတုတ္ထအဆင့်သူရဲကောင်းဖြစ်သော်လည်း လုံခြုံမှုမရှိဟုခံစားနေရသည်။သူသည် ရှောင်ယုနှင့်ဂရင်းတို့၏ခန္ဓာကိုယ်မှ အန္တာရယ်အငွေ့အသက်များကို ခံစားနေရသည်။ဂရင်းသည် တတိယအဆင့်သူရဲကောင်းတစ်ဦးဖြစ်ပြီး ရှောင်ယုသည်၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်သာဖြစ်သော်လည်း မတ်သည်မလုံခြုံမှုကိုခံစားနေရဆဲဖြစ်သည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ...နဂါးအမှုန့်ကဘာလို့အလုပ်မဖြစ်ရတာလဲ..."

မတ်က ချက်ချင်းမေးမြန်းလိုက်သည်။သူ၏ရန်သူများအားလုံးသည် မူးမေ့လဲကျသွားပြီဟု သူထင်ထားခဲ့သော်လည်း ရှောင်ယုနှင့်ကျန်လူများသည် အဆင်ပြေနေခဲ့သည်။သူတို့ကြားခဲ့ရသည့် နတ်သူငယ်လေးသမားများ သတိလစ်လဲကျသံသည် သူတို့စွန့်စားသူများကိုသတ်ဖြတ်ရန်အတွက် လှည့်စားခဲ့သည့်နည်းလမ်းဖြစ်ကြောင်း သိသာထင်ရှားလာခဲ့သည်။

အခန်း ၁၇၉ - မတ်အားသတ်ဖြတ်ခြင်း

ရှောင်ယုသည် သူ့အားအံကြိတ်၍စိုက်ကြည့်နေသော မတ်အားရှင်းပြလိုက်သည်။

"ဒီအမှုန့်တွေက လေထဲမှာပျံ့နှံ့နေပြီး ရှုသွင်းမိလိုက်တဲ့အခါကျ သတိလစ်မေ့မျောစေတဲ့ အာနိသင်ပါနေတာကြောင့်မလို့ ငါကသူတို့ရဲ့နှာခေါင်းနဲ့ပါးစပ်တွေကို ရေစိုနေတဲ့အဝတ်စတွေနဲ့ ဖုံးအုပ်ဖို့အမိန့်ပေးထားခဲ့တယ်...ဒါကသဘာဝကျတဲ့ အလွယ်ကူဆုံးစစ်ထုတ်နည်းပဲ....မင်းက ဇီဝဓာတုအမှုန့်လေးတစ်ခုလောက်နဲ့ ငါ့ကိုလှည့်စားဖို့ကြိုးစားနေတာလား"

ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်တပ်များသည် အဆိပ်ငွေ့များကိုကိုင်တွယ်ဖြေရှင်းရန်အတွက် ဤနည်းလမ်းကိုမကြာခဏအသုံးပြုခဲ့သည်။ခေတ်သစ်ကမ္ဘာမှလူတိုင်းသည် ဤနည်းလမ်းကိုသိရှိထားကြသည်။အမှန်တော့ ရှောင်ယုသည် ဤအကြောင်းကြောင့် စွန့်စားသူများအားတွေ့တွေ့ချင်း ပြောင်ပြောင်တင်းတင်းမတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ရှောင်ယုသည် စွန့်စားသူများက နတ်သူငယ်အခြေစိုက်စခန်းမှ နတ်သူငယ်များအားဖမ်းဆီရန် မူးယစ်ဆေးတစ်မျိုးမျိုးကို အသုံးပြုခဲ့သည်ဟုသံသယရှိခဲ့သည်။သို့သော်ရှောင်ယုသည် ဆေး၏အစွမ်းနှင့်ထိရောက်မှုအကွာအဝေးကိုမသိ၍ အလျင်စလိုမလုပ်ဆောင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ နဂါးအမှုန့်၏ထိရောက်မှုအကွာအဝေးနှင့် ဆေးစွမ်းသည် အလွန်ပြင်းထန်မည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။ထိုဆေး၏ထိရောက်မှုသည် အတိုင်းအတာတစ်ခုထိသာရှိ၍မဟုတ်ပါက ၎င်းကိုစစ်မြေပြင်၌ပင်ဖော်ထုတ်အသုံးချကြမှာဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည်ဆေး၏ထိရောက်မှုအား အရိုးရှင်းဆုံးနည်းလမ်းဖြင့် ကာကွယ်ရန်အတွက် အဝတ်စိုကိုအသုံးပြုခဲ့သည်။၎င်းသည် နဂါးအမှုန်အားလုံးဝမကာကွယ်နိုင်သော်လည်း ဆေး၏အာနိသင်ကိုမှုများစွာ လျော့ကျစေမည်ဖြစ်သည်။အောစ့်များသည် ရုပ်ပိုင်းဆိုင်ရာအရသန်မာလှသောကြောင့် ဆေးအနည်းငယ်ကိုရှုရှိုက်မိရုံဖြင့် မထိခိုက်နိုင်ဟု ရှောင်ယုယုံကြည်ခဲ့သည်။

ထို့ပြင် ရှောင်ယုသည် ဆေး၏အာနိသင်ကိုစမ်းသပ်ရန်အတွက် စွန့်စားသူများကိုတိုက်ခိုက်ရန် လေးသမားအနည်းငယ်ကိုစေလွှတ်ခဲ့သည်။ဤသို့ဖြင့် ရှောင်ယုသည်စွန့်စားသူများအား နဂါးအမှုန့်ကိုအတင်းအကျပ်သုံးစွဲစေခဲ့သည်။စွန့်စားသူများသည် သူတို့အားတိုက်ခိုက်နေသည့်နတ်သူငယ်များအား မမြင်တွေ့နိုင်သည့်အခါတွင် နဂါးအမှုန့်များကိုအသုံးပြုခြင်းဖြင့် ပြန်လည်တုံ့ပြန်ကာကြိုးပမ်းမိမှာဖြစ်သည်။

အမှန်မှာ နတ်သူငယ်များသည် ရှောင်ယုတီထွင်ခဲ့သော တိုက်ခိုက်ရေးနည်းလမ်းကို မထီမဲ့မြင်ပြုကာ ကန့်ကွက်ခဲ့ကြသည်။ဤလှည့်ဖျားတ်ိုက်ခိုက်သည့်နည်းလမ်းသည် သူတို့၏မြင့်မြတ်သောစိတ်နေစိတ်ထားကို အရှက်ရစေသည်ဟုဆိုလာကြသည်။ရှောင်ယုသည် နတ်သူငယ်များ၏တင်းမာသည့် သဘောထားကြောင့်စိတ်ရှုပ်ခဲ့ရသည်။အကယ်၍ တိုက်ပွဲတွင်အနိုင်ရကာ အသက်မသေခဲ့ပါက ထိုနတ်သူငယ်များ၏ သောက်တလွဲဓလေ့ထုံးတမ်းများကို ထည့်စဉ်းစားနေစရာမလိုပေ။

ထို့ကြောင့်ရှောင်ယုသည် နတ်သူငယ်များအား သူ၏အစီအစဉ်အတိုင်းလိုက်နာစေရန် အထူးညွန်ကြားခဲ့ရသည်။သူတို့သည် တိုက်ခိုက်ပြီးနောက်တွင် ချက်ချင်းထွက်ပြေးပုန်းအောင်းခဲ့သည်ဖြစ်ရာ စွန့်စားသူအဖွဲ့ထဲတွင် အလွန်အဆင့်မြင့်သောကျွမ်းကျင်သူမပါရှိပါက သူတို့အားစွန့်စားရှာဖွေရန် အလွန်ခက်ခဲမည်ဖြစ်သည်။

ထို့ပြင် ရှောင်ယုသည် လူတိုင်းကိုအုပ်စုများစွာဖြန့်ခွဲထားခဲ့သည်။အချို့သည် စွန့်စားသူအဖွဲ့နှင့်မီတာ၅၀၀အကွာတွင် နေရာယူထားကြသည်။အဆုံးသတ်တွင် ရှောင်ယု၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပြီး အဝတ်စိုသည် နဂါးအမှုန့်အားစစ်ထုတ်ကာ ဆေးအာနိသင်ကိုအနိမ့်ဆုံးဖြစ်အောင် လျော့ချပေးနိုင်ခဲ့သည်။ထို့ပြင် အနာကျက်ဆေးကို သောက်သုံးပြီးနောက် နဂါးအမှုန့်၏အာနိသင်အနည်းငယ်သည် သူတို့၏ခန္ဓာကိုယ်မှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ဤအနာကျက်ဆေးများသည် အလွန်မှော်ဆန်လှပြီး ဒဏ်ရာများကိုကုသရာ၌အသုံးဝင်ရုံသာမက အဆိပ်သင့်မှုများအားလုံးကိုလည်း ဖယ်ရှားနိုင်ပေသည်။

ထို့ကြောင့် ရှောင်ယုသည် နောက်ထပ်အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။နတ်သူငယ်လေးသမားများသည် သတိမေ့ဟန်ဆောင်ကာ စွန့်စားသူများ၏ဖမ်းဆီးမှုကိုခံရကြောင်း ဟန်ဆောင်စေခဲ့သည်။ဤနည်းဖြင့်သူတို့သည် စွန့်စားသူများကို နေရာအနှံ့ပြန့်ကွဲသွားအောင် ဆွဲဆောင်နိုင်ပြီး အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။အဆုံးသတ်တွင် ရှောင်ယုနှင့်ပင်မတပ်ဖွဲ့သည် စွန့်စားသူများ၏အဓိကအုပ်စုအားဝင်ရောက်တိုက်ခိုက်ကာ လမင်းပစ်ခတ်သူများနှင့်သီအိုဒိုးပေးအပ်ခဲ့သည့် မှော်စာလိပ်တို့ကိုအသုံးပြု၍ ရှင်းလင်းသုတ်သင်ခဲ့သည်။

ရှောင်ယုသည် သီအိုဒိုးပေးခဲ့သောမှော်စာလိပ်များ၏ အစွမ်းသတ္တိကိုမသိသော်လည်း တစ်ခုကိုအသုံးပြုပြီးနောက် သူအလွန်အံ့သြသွားခဲ့ရသည်။ထိုမှော်စာလိပ်အားအသုံးပြုချိန်တွင် စွန့်စားသူများအားလုံးသည် တုံ့ပြန်ချိန်မရဘဲနှစ်ခြမ်းခွဲသွားခဲ့ကာ မမေ့နိုင်စရာမြင်ကွင်းတစ်ခုအား ဖန်တီးပြသွားခဲ့သည်။မှော်စာလိပ်၏အမြန်နှုန်းသည် လမင်းပစ်ခတ်သူများထက်ပင် များစွာပိုမိုမြန်ဆန်နေခဲ့သည်။

...

...

မတ်သည် ရှောင်ယုကိုဒေါသတကြီးစိုက်ကြည့်နေပြီး ထိုနေရာတဝိုက်တွင်ရှိနေသော အလောင်းများကိုတစ်ချက်ကြည့်လိုက်မိသည်။သူနှင့်အတူ မရေမတွက်နိုင်သောတိုက်ပွဲများကို ဖြတ်ကျော်ခဲ့သည့်သူ၏ညီအစ်ကိုများအားလုံး သေဆုံးသွားခဲ့သည်။မတ်သည် ယခုအချိန်၌ ရူးသွပ်လုမတတ်ဒေါသပေါက်ကွဲနေသော်လည်း ယခုအချိန်၌ရှောင်ယုအားတိုက်ခိုက်ခြင်းသည် သေလမ်းဖြစ်ကြောင်းနားလည်ပေသည်။သူသည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်သော်လည်း အောစ့်များ၏လက်ထဲတွင်ရှိသည့် လမင်းပစ်ခတ်သူများသည် အလွန်ကြောက်စရာကောင်းလှပေသည်။သူသည် လမင်းပုံစံဓားစက်ဝိုင်းများကို ပိတ်ဆို့နိုင်လျှင်တောင် သူ၏ကိုယ်သည်လည်းနှစ်ခြမ်းဖြတ်ထုတ်ခံရမည်ဖြစ်သည်။

သူ၏ပတ်ဝန်းကျင်ရှိ နှစ်ပိုင်းပြတ်နေသောအလောင်းများကို သတိထားမိပြီးနောက်တွင် လမင်းပစ်ခတ်သူများ၏ ကြောက်မက်ဖွယ်ရာအစွမ်းသတ္တိကို သူခံစားမိပေသည်။ထိုလက်နက်သည် နံရံများကိုပင်ဖြတ်တောက်နိုင်စွမ်းရှိသော နတ်သူငယ်များ၏ဒဏ္ဍာရီလာလက်နက်တစ်မျိုးပင်ဖြစ်သည်။သို့သော်စွန့်စားသူအများစုသည် သီအိုဒိုး၏မှော်စာလိပ်ကြောင့်သေဆုံးခဲ့ရသည်ကို သူမသိခဲ့ပေ။

"ကောင်းတယ်...အရမ်းကောင်းတယ် ရှောင်ယု...မင်းငါပြန်လာမှာကိုစောင့်နေလိုက်..."

မတ်သည် နဂါးအမှုန့်များကိုချက်ချင်းဖြန်းပက်ကာ ထွက်ပြေးသွားခဲ့သည်။သို့သော်သူ၏ခန္ဓာကိုယ်၌ အမှတ်အသားပြုလုပ်ခံလိုက်ရသည်ကို သတိမထားမိသေးပေ။

သေခြင်းတရားသည် သူ့ထံသို့လျင်မြန်စွာရောက်ရှိလာတော့မည်ဖြစ်သည်။

တိုင်ရန်ဒီ၏ သေခြင်းအမှတ်အသားသည် ရန်သူအားပိုမိုပြင်းထန်သောထိခိုက်မှုကို ပေးစွမ်းနိုင်ရုံသာမက ရန်သူအားခြေရာကောက်နိုင်ပြီး လုပ်ကြံသူများ၏ကိုယ်ယောင်ဖျောက်မှုကိုပင် ထိုးဖောက်တွေ့မြင်နိုင်သည်။ထို့ပြင် သားရဲခြေရာကောက်သူ၏အစွမ်းကြောင့် ဆယ်မိုင်ပတ်လည်အတွင်း မည်သူ့ကိုမဆိုခြေရာခံနိုင်မည်ဖြစ်သည်။

ထို့နောက် ရှောင်ယုတို့သည်ခေတ္တအနားယူရန် ပြင်ဆင်ကြသည်။သူတို့၏ပါးစပ်နှင့်နှာခေါင်းပေါက်တ်ို့အား အဝတ်စိုဖြင့်ဖုံးအုပ်ထားကာ အနာကျက်ဆေးများကို သောက်သုံးလိုက်ကြသည်။

ထို့နောက် ရှောင်ယုသည် ဂရင်းနှင့်တိုင်ရန်ဒီတို့အား လှည့်ကြည့်လိုက်သည်။

"ခိုင်ရင်းက အခြားသူတွေကိုစောင့်ရှောက်နေချိန်မှာ ငါတို့ကသူ့နောက်ကိုလိုက်ဖမ်းရမယ်..."

ရှောင်ယုသည် အမိန့်ပေးပြီးနောက် လေလမ်းလျှောက်ခြင်းကိုအသုံးပြုကာ မတ်၏နောက်သို့လိုက်သွားခဲ့သည်။သူတို့၃ယောက်သည် မတ်အားသတ်ဖြတ်ရန် လုံလောက်ပေသည်။ဂရင်းနှင့်တိုင်ရန်ဒီတို့သည် အဆင့်၂၀သို့ရောက်ရှိနေခဲ့ကြပြီး တတိယအဆင့်သူရဲကောင်းများနှင့်တန်းတူပင်ဖြစ်သည်။မတ်သည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်သော်လည်း သူတို့၃ယောက်သာပူးပေါင်းတိုက်ခိုက်ပါက သတ်ဖြတ်နိုင်မည်ဖြစ်သည်။

...

...

မတ်သည် အချိန်အတော်ကြာအောင် ပြေးလွှားပြီးနောက် သူ့နောက်တွင်မည်သူမှ လိုက်ပါမလာကြောင်းတွေ့လိုက်မိသည်။ထိုအခါမှ သူသည်ဒေါသကြောင့် လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။

ဘန်း...

သူသည်ဒေါသကိုဖောက်ခွဲထုတ်ရန်အတွက် အနီးအနားရှိသစ်ပင်ကိုထိုးနှက်လိုက်သည်။

"ရှောင်ယု...မင်းတစ်နေ့ကျရင် အရာအားလုံးအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်"

မတ်က ခါးသီးသောလေသံဖြင့်ရေရွတ်လိုက်သည်။

"ကံမကောင်းစွာနဲ့ မင်းမှာအခွင့်အရေးရှိလာမှာမဟုတ်ဘူး..."

လှောင်ရယ်သံစွက်ဖက်နေသည့် အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

မတ်သည် ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် ထိတ်လန့်သွားခဲ့သည်။သူသည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ပြင်းထန်သောတိုက်ပွဲစွမ်းအင်များကို ခံစားမိလိုက်၍ သူ၏မှော်ဓားကိုဆွဲထုတ်ကာ အလျင်စလိုခုခံလိုက်ရသည်။

အဆင့်မြင့် အန္တိမခုတ်ပိုင်းချက်...

အဆင့်မြင့် အန္တိမခုတ်ပိုင်းချက်တွင် ရှောင်ယု၏ကျွမ်းကျင်မှုသည် အဆင့်၃သို့ရောက်ရှိနေ၍ ခုတ်ချက်၆ခုအားထုတ်ဖော်နိုင်ခဲ့သည်။စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးသည်ပင် သူ၏တိုက်ခိုက်မှုကို တားဆီးရန်အဆင်သင့်မဖြစ်နိုင်ပေ။

ထို့ပြင် မတ်ကြုံတွေ့ရသည့်ပြသနာသည် တစ်ခုတည်းမဟုတ်ခဲ့ပေ။အဓိကပြသနာမှာ သူသည်ရှောင်ယုတစ်ယောက်တည်းဆီမှမဟုတ်ဘဲ အခြားတစ်ဖက်မှလည်း တိုက်ပွဲစွမ်းအင်များကိုခံစားမိလိုက်ခြင်းဖြစ်သည်။ဂရင်းသည် တစ်ချိန်တည်းမှာပင် အဆင့်မြင့် အန္တိမခုတ်ပိုင်းချက်ကိုထုတ်ဖော်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

မတ်သည် ရှောင်ယု၏တိုက်ခိုက်မှုအား ခုခံကာကွယ်နိုင်ခဲ့ပါက ဂရင်း၏တိုက်ခိုက်မှုကို ဆက်လက်တားဆီးနိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။ထို့ကြောင့်သူသည် ချက်ချင်းရွေ့လျားခြင်းဟုခေါ်သည့် အသက်ကယ်ကျွမ်းကျင်မှုကို အသုံးပြုခဲ့ရသည်။ဤကျွမ်းကျင်မှုသည် ရှောင်ယု၏တည်နေရာရွေ့ပြောင်းခြင်းနှင့် မတူညီပေ။ထို့အစား သူ၏ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲစွမ်းအင်များကို ဖောက်ခွဲကာ ပြင်းထန်သောတိုက်ခိုက်မှုများမှ လွတ်မြောက်စေခြင်းဖြစ်သည်။မတ်သည် ဤကျွမ်းကျင်မှုကို အချိန်အတော်ကြာအောင်လေ့ကျင့်ထားခဲ့သည်။သို့ဖြစ်ရာ ယခုလိုအရေးကြီးသည့်အချိန်တွင် အဆင်သင့်အသုံးပြုနိုင်ခြင်းဖြစ်သည်။

သူသည် ရှောင်ယုနှင့်ဂရင်းတို့၏တိုက်ခိုက်မှု အကွာအဝေးမှလွတ်မြောက်လာသည့် အခိုက်အတန့်တွင် မြှားတစ်စင်းက သူ့ထံတိုးဝင်လာခဲ့သည်။သူသည် မသိစိတ်၏စေခိုင်းမှုကြောင့် ထိုမြှားကိုပိတ်ဆို့ရန် သူ၏မှော်ဓားကိုအသုံးပြုခဲ့သော်လည်း မြှား၏စွမ်းအင်ကြောင့် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ရှောင်ယုနှင့်ဂရင်းတို့သည် အဆင့်မြင့် အန္တိမခုတ်ပိုင်းချက်ကို နောက်ထပ်တစ်ကြိမ်ထုတ်ဖော်ကာ အမြန်ဆုံးတိုက်ခိုက်လိုက်ကြသည်။

"ဒီအရှင်က ဘယ်သူလဲ...ဘယ်လိုဖြစ်ပြီး ဒီလောက်စွမ်းအားကြီးတဲ့ကျွမ်းကျင်မှုကို အသုံးချနိုင်ရတာလဲ...သူ့ရဲ့နတ်သူငယ်နဲ့အောစ့်ကဘာလို့ အဲလောက်ထိအစွမ်းထက်နေရတာလဲ...သူတို့ကဘယ်သူတွေလဲ...ဘယ်လိုဖြစ်ပြီး ငါကိုယ်တိုင်တောင်သတိမထားမိဘဲ ငါ့နောက်ကိုနောက်ယောင်ခံလိုက်လာနိုင်ရတာလဲ..."

မတ်သည် မည်သည့်အရာကိုမှနားမလည်နိုင်ခဲ့ပေ။ရှောင်ယုသည် ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်သာဖြစ်သော်လည်း ထိုကောင်လေးသည် သူ့ထက်သာလွန်သည့် ပေါက်ကွဲနိုင်သောစွမ်းအားကိုပိုင်ဆိုင်ထားသည်မှာ ထင်ရှားပေသည်။သာမန်အားဖြင့် မတ်သည် တတိယအဆင့်သူရဲကောင်း ၄/၅ယောက်နှင့်တိုက်ခိုက်နေရပါက စိုးရိမ်နေမည်မဟုတ်ပေ။သို့သော်လည်း ယနေ့တွင်သူသည် တစ်ဖက်သတ်ဖိနှိပ်ခံနေရသည်။

ဘန်း...ဘန်း...

ရှောင်ယုနှင့်ဂရင်းတို့သည် အဆင့်မြင့် အန္တိမခုတ်ပိုင်းချက်ကို ပြန်လည်အသုံးနိုင်သည်နှင့် ချက်ချင်းထုတ်ဖော်ကာ အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။

တိုင်ရန်ဒီသည်ပင် သာမန်မြှားများကိုအသုံးမပြုတော့ဘဲ လောင်မြှိက်မြှားတံနှင့် လင်းယုန်ဝိညာဉ်တို့ကိုသာအသုံးပြု၍ မတ်၏ခန္ဓာကိုယ်အား မြှားပေါင်းများစွာ ပစ်ခတ်ခဲ့သည်။

မတ်က သူသည်လမ်းဆုံးသို့ ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်၍ သူ၏ခန္ဓာကိုယ်အတွင်းရှိတိုက်ပွဲစွမ်းအင်အားလုံးကို သူ၏မှော်ဓားထံသို့ပို့ဆောင်လိုက်ရာ အပြာရောင်အလင်းတန်းက ဓားကိုဖုံးလွှမ်းသွားခဲ့သည်။သူသည် မသေဆုံးမှီနောက်ဆုံးအသေခံတိုက်ခိုက်မှုကို ပြုလုပ်လိုသောကြောင့် ရှေ့တိုးကာရှောင်ယုအားတိုက်ခိုက်လိုက်သည်။သို့သော်လည်း မျက်စိတစ်မှိတ်အတွင်း၌ ရှောင်ယု၏ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွားပြီး သူ၏ဓားသည်လည်း သစ်ပင်ထဲထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"ဘာ...ဘာဖြစ်သွားတာလဲ"

မတ်သည် ထိုကိစ္စကြောင့် လွန်စွာအံ့သြသွားခဲ့သည်။ထို့နောက် သူ၏လည်ပင်းသည် အေးစက်သွားသလိုခံစားလိုက်ရကာ သူ၏အမြင်အာရုံသည် အမှောင်ထုထဲကျရောက်သွားခဲ့သည်။

အခန်း ၁၈၀ - သဝန်တိုနေသည့် လင်းမူရွယ်

ရှောင်ယုသည် နတ်သူငယ်မျိုးနွယ်စုအား ပြန်ခေါ်လာခဲ့သည်။လင်းမူရွယ်သည် ရှောင်ယုပြန်အလာကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေခဲ့သည်။ယခုအခါ သူမ၏မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေကာ ရှောင်ယုအားအပြေးသွားရောက်ဆီးကြိုလိုက်သည်။

ရှောင်ယုသည် ဤပြဿနာကိုဖြေရှင်းရန် ချောင်းမြောင်းတိုက်ခိုက်ကာ လှည့်စားမှုများပြုလုပ်ခဲ့၍ ပုံမှန်ထက်အချိန်ပိုကြာခဲ့သည်။သို့သော်လည်း သူ၏ဘေးကင်းလုံခြုံမှုကို စိတ်ပူနေသူများရှိနေကြောင်း တွေ့မြင်လိုက်ချိန်တွင် သူ၏နှလုံးသားသည်နွေးထွေးစွာခံစားလိုက်ရသည်။

ရှောင်ယုသည် လုံခြုံစွာဖြင့်ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်လိုက်ရသောအခါတွင် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် ပျော်ရွှင်သွားခဲ့ကြသည်။သူတို့သည် အချိန်အတော်ကြာသည်အထိ ရှောင်ယုနောက်သို့လိုက်ခဲ့ကြကာ သူတို့ရရှိခဲ့သောအောင်ပွဲများကို နှစ်သက်ခဲ့ကြသည်။ယခင်ရှုံးနိမ့်မှုများသည် စိတ်ပျက်စရာအတွေ့အကြုံများဖြစ်သော်လည်း အောင်ပွဲများက သူတို့၏စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့သည်။ထို့ကြောင့် စစ်သည်များသည် ချို့ယွင်းချက်အမျိုးမျိုးကိုသည်းခံနိုင်သော်လည်း ရှုံးနိမ့်မှုကိုမလိုလားကြပေ။

စစ်သူကြီးသည် စစ်သားတိုင်းကိုချစ်မြတ်နိုး၍ သားသမီးများကဲ့သို့ ဆက်ဆံမည်ဖြစ်သော်လည်း တိုက်ပွဲတွင်မအောင်မြင်ခဲ့ပါက စစ်သားများသည် စစ်သူကြီးနောက်သို့လိုက်ပါမည်မဟုတ်ပေ။ဟော်ချွီပင်းသည် မည်သည့်အခါမှ ရှံးနိမ့်ဖူးခြင်းမရှိသည့် ဗိုလ်ချုပ်တစ်ဦးဖြစ်ကာ စစ်ပွဲတိုင်းကိုအနိုင်ရရှိခဲ့သည်။သို့သော်လည်း သူငယ်ရွယ်စဉ်အခါက ဖျော်ဖြေရေးအပိုင်းနှင့်အခြားကိစ္စတို့ကို နှစ်သက်သောကြောင့် စစ်သည်အများစုသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့ခဲ့ရသည်။မည်သို့ပင်ဆိုစေ သူသည်အနောက်ဟန်မင်းဆက်၏ ဗိုလ်ချုပ်တစ်ဦးအဖြစ် အောင်ပွဲများကိုအမြဲယူဆောင်ပေးနေသောကြောင့် မည်သူကမှသူ့အားမကျေမနပ်မဖြစ်ခဲ့ကြပေ။စစ်တပ်တစ်ခု၏ စိတ်ဓာတ်သည်အောင်ပွဲများအပေါ်၌ အမြဲမှီခိုနေရသည်။

ရှောင်ယုသည် နတ်သူငယ်များစွာကို ပြန်လည်ခေါ်ဆောင်လာကြောင်း တွေ့မြင်လိုက်ရသောအခါ သူရဲကောင်းအကယ်ဒမီမှကျောင်းသားများသည် အလွန်အံ့သြသွားခဲ့ကြသည်။သူတို့သည် လျှို့ဝှက်ဆန်းကြယ်သောနတ်သူငယ်များအကြောင်း ကြားဖူးကြသော်လည်း တစ်ခါမှမမြင်ဖူးပေ။ရှောင်ယု၏တစ်ဦးတည်းသော နတ်သူငယ်အမျိုးသမီးမှာတိုင်ရန်ဒီဖြစ်ပြီး ကျန်နတ်သူငယ်များမှာ အမျိုးသားများဖြစ်ကြသည်။ထို့ပြင် တိုင်ရန်ဒီသည် သူမ၏မျက်နှာကိုအချိန်ပြည့်ဖုံးအုပ်ထားသည့်အတွက် မည်သူကမှသူမ၏မျက်နှာကိုမမြင်ဖူးကြပေ။ယခုအခါ ချောမောလှပသည့် နတ်သူငယ်မလေးများကို တွေ့မြင်လိုက်ချိန်တွင် အကယ်ဒမီနှစ်ခုမှ ယောင်္ကျားလေးကျောင်းသားအားလုံးသည် မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိကြသည်။

"အလို...ဒီနတ်သူငယ်ကအရမ်းလှတယ်...မဟုတ်ဘူးအခြားတစ်ယောက်က ပိုလှနေတာပဲ"

"မဟုတ်ဘူး...သူ့နောက်ကတစ်ယောက်ကိုကြည့်...."

သူတို့သည် နတ်သူငယ်အမျိုးသမီးတစ်ဦးကို တွေ့တွေ့ချင်းသူမသည် အလှဆုံးဟုထင်မြင်ကြသည်။သို့သော်လည်း သူမ၏နောက်မှအခြားတစ်ယောက်ကိုတွေ့ချိန်တွင် သူတို့သည်စိတ်ပြောင်းသွားကြပြီး ဤသို့ဤသို့ဆက်တိုက်ပြောင်းလဲသွားကြသည်။

တိုင်ရန်ဒီသည် နတ်သူငယ်များ၏အရှေ့တွင်ရပ်ကာ သူမ၏မျက်နှာကာကိုဖယ်ရှားလိုက်သည်။သူမသည် သူမ၏အထောက်အထားကို နတ်သူငယ်များအား သက်သေပြလိုခဲ့သည်။

တိုင်ရန်ဒီ၏မျက်နှာကိုမြင်သောအခါ အကယ်ဒမီနှစ်ခုလုံးမှ ကျောင်းသား၊ကျောင်းသူများအားလုံး အံ့သြမှင်သက်သွားခဲ့ကြသည်။သူမသည် မည်သည့်မျိုးနွယ်ကိုမဆို ဘေးဥပဒ်ဖြစ်စေနိုင်သည့် အလှတရားတစ်ခုဖြစ်သည်။သူမကိုရရှိရန်အတွက် လူတိုင်းသည်စစ်ပွဲများကိုဆင်နွဲကြလိမ့်မည်။တိုင်ရန်ဒီသည် သူမ၏မျက်နှာကိုမျက်နှာကာဖြင့် အချိန်ပြည့်ဖုံးအုပ်ထားသည်မှာ အံ့သြစရာမဟုတ်တော့ပေ။တိုင်ရန်ဒီသာ သူမ၏မျက်နှာကိုမဖုံးကွယ်ထားပါက မည်သည့်နေရာသို့သွားသွား ကြီးမားသောအဓိကရုဏ်းတစ်ခုကို ဖြစ်ပေါ်စေမည်ကို သူတို့အားလုံးနားလည်ကြသည်။

တိုင်ရန်ဒီသည် သူမ၏မျက်နှာကို ထုတ်ဖော်ပြသပြီးနောက်တွင် နတ်သူငယ်ဘာသာစကားဖြင့် ကျယ်လောင်စွာပြောဆိုလိုက်သည်။

"ငါကဟိုးရှေးခေတ်ကနေ ပြန်လည်ဆင့်ခေါ်ခံထားရတဲ့ တိုင်ရန်ဒီဖြစ်တယ်...သင်တို့အားလုံးဟာ ခုချိန်ကစပြီးတော့ဘယ်လိုခြိမ်းခြောက်မှုကိုမှမခံရဘဲ သာယာဝပြောစွာနေထိုင်ရှင်သန်နိုင်တော့မှာဖြစ်တယ်...ရှေးခေတ်နတ်သူငယ်မျိုးနွယ်တွေရဲ့ အထွတ်အထိပ်ကာလကိုပြန်လည်ပုံဖော်ပြီးတော့ ငါတို့ပိုင်ဆိုင်တဲ့ရာဇပလ္လင်ကို ပြန်လည်သိမ်းပိုက်မယ်လို့ငါအာမခံတယ်"

တိုင်ရန်ဒီ၏စကားများကိုကြားသောအခါ နတ်သူငယ်များသည် ရွှင်လန်းတက်ကြွသွားကြသည်။သူတို့သည် လွန်ခဲ့သောနှစ်ပေါင်း၁၀၀၀၀အတွင်း အခက်အခဲများစွာကိုရင်ဆိုင်ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါသူတို့၏နတ်ဘုရားမသည် သူတို့ထံပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လီအာသည် ရှောင်ယုအားတိုးတိုးလေးပြောလိုက်သည်။

"သူမရဲ့နာမည်ဖြစ်တဲ့ တိုင်ရန်ဒီက ရှေးခေတ်ကနတ်သူငယ်သူရဲကောင်းတစ်ယောက်ကို ပြန်အမှတ်ရစေတယ်...သူမကရှေးခေတ်နတ်သူငယ်တစ်ယောက်လား.."

ရှောင်ယုက တိုးတိုးလေးပြန်ဖြေလိုက်သည်။

"ဒီနတ်သူငယ်တွေက မင်းထင်ထားတာထက်ပိုပြီးတုံးအကြတယ်...သူမရဲ့နာမည်ကိုကြားရုံနဲ့တင် တိုင်ရန်ဒီကသူတို့ရဲ့နတ်ဘုရားမလို့ ယုံကြည်က်ိုးကွယ်နေကြတယ်..."

လီအာက ဆက်မေးလိုက်သည်။

"အောစ့်တွေထက်တော့ ပိုပြီးတုံးအနိုင်ပါမလား..."

ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...လီအာ ဒီနေရာမှာရှိတဲ့လူတိုင်း မင်းလောက်ညဏ်မကောင်းကြဘူး"

ရှောင်ယုဆင့်ခေါ်ထားသည့် သူရဲကောင်းများကို သူမ ရင်းနှီးနေကြောင်းခံစားမိ၍ လီအာသည်အံကိုတင်းတင်းကြိတ်မိလိုက်သည်။

"မင်းသူတို့ကိုဘယ်လိုဆင့်ခေါ်လိုက်တာလဲ..."

လီအာသည် သရောလ်၊အန်တိုနီဒက်စ်နှင့် အခြားသူများကိုတစ်ချက်ကြည့်လိုက်သည်။

ဤလူများသည် များစွာအစွမ်းထက်နေသည်မှာ မထူးဆန်းတော့ပေ။သူတို့သည် ဒဏ္ဍာရီများထဲမှ နာမည်ကျော်သူရဲကောင်းများဖြစ်ကြသည်။လီအာသည် မရေမတွက်နိုင်သောစာအုပ်များကို ဖတ်ရှုဖူးကာ ထိုအချိန်ကာလမှကြီးမြတ်သည့် သူရဲကောင်းများအကြောင်းကို အိပ်မက်မြင်မက်ဖူးသည်။

ရှောင်ယုက သူမအားစိုက်ကြည့်လိုက်သည်။

"မင်းဘာကိုပြောချင်တာလဲ...သူတို့ကငါနဲ့ပူးပေါင်းဖို့ရောက်လာတာကို မင်းမမြင်ဘူးလား...ငါကဒီခေတ်ရဲ့အကြီးမြတ်ဆုံးအရှင်သခင်ဆိုတာ မင်းမသိတာလည်းမဟုတ်ဘူး....သူတို့ကသဘာဝကျကျငါနဲ့ပူးပေါင်းဖို့ ရွေးချယ်ကြမှာပေါ့"

ဆရာကြီးအယ်လ်မာနှင့်အခြားသူများသည် နတ်သူငယ်ဘာသာစကားကိုနားမလည်သည့်အတွက်ကြောင့် တိုင်ရန်ဒီသည် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သာဖြစ်ကြောင်း ယူဆခဲ့ကြသည်။ထို့ကြောင့်သာ အခြားနတ်သူငယ်များသည် သူမနောက်သို့လိုက်ခဲ့ကြခြင်းဖြစ်သည်။အမှန်တရားကိုမူ ရှောင်ယုနှင့်အချိန်အတော်ကြာလက်တွဲခဲ့ပြီး တိုင်ရန်ဒီ၏မိတ်ဆွေဖြစ်သောလီအာကသာ သိရှိပေသည်။ထို့ပြင် သူမသာရှောင်ယုနောက်သို့လိုက်ခဲ့မည်ဆိုပါက ဒဏ္ဍာရီထဲမှသူရဲကောင်းများကို ကြုံတွေ့ရမည်ဟုသီအိုဒိုးက ပြောခဲ့သည်။

ယခုအခြေအနေအရ သီအိုဒိုး၏တွက်ချက်မှုနှင့် နမိတ်ဖတ်ချက်တို့သည် မှန်ကန်နေပုံရ၍ လီအာအံ့သြသွားရသည်။အထူးသဖြင့် ရှောင်ယုကဲ့သို့လူယုတ်မာတစ်ယောက်သည် ထိုကဲ့သို့ ဒဏ္ဍာရီလာသူရဲကောင်းများကို မည်သို့ဆင့်ခေါ်နိုင်ခဲ့သည်ကို သူမနားမလည်ခဲ့ပေ။ရှောင်ယုထံတွင် လျှို့ဝှက်ချက်တစ်ခုရှိပြီး ရှေးခေတ်မှော်ပညာအခင်းအကျင်း သို့မဟုတ် သူတို့အားဆင့်ခေါ်ရန်အလားတူအရာမျိုးပိုင်ဆိုင်ထားနိုင်သည်ဟု သူမယုံကြည်ထားခဲ့သည်။ရှေးခေတ်မှော်အစီအရင်အချို့သည် ၎င်းတို့အားဆင့်ခေါ်ရန်အတွက် အချိန်နှင့်တည်နေရာကိုဖြတ်ကျော်နိုင်သည့် ဖြတ်သန်းနိုင်စွမ်းရှိသည်ဟု ဆိုစမှတ်ပြုကြသည်။ထိုမှော်အစီအရင်၏အစွမ်းကြောင့် ကံကောင်းသူရှောင်ယုသည် ရှေးခေတ်သူရဲကောင်းမျာအားလုံးကို ခြင်္သေ့နယ်မြေဆီသို့ဆင့်ခေါ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု လီအာယူဆမိပေသည်။

"တစ်နေ့မှာ အန်တိုနီဒက်စ်...တိုင်ရန်ဒီနဲ့အခြားဒဏ္ဍာရီလာသူရဲကောင်းတွေနဲ့ အတူတူတိုက်ခိုက်ခွင့်ရလိမ့်မယ်လို့ ငါဘယ်တုံးကမှမမျှော်လင့်ထားခဲ့မိဘူး..."

လီအာကစိတ်လှုပ်ရှားစွာ ရေရွတ်မိလိုက်သည်။

သို့သော်တစ်စုံတစ်ယောက်၏ စိတ်အခြေအနေသည် ကောင်းမွန်နေခြင်းမရှိပေ။

လင်းမူရွယ်သည် ရှောင်ယုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းအနားမှာ ခုလိုလှပတဲ့နတ်သူငယ်တစ်ယောက် ရှိနေမယ်လို့ငါမမျှော်လင့်ထားဘူး"

လင်းမူရွယ်သည် ယခင်ကပင်တိုင်ရန်ဒီအား တွေ့မြင်ဖူးသော်လည်း သူမသည်မျက်နှာကို အချိန်ပြည့်ဖုံးကွယ်ထားသည့်အတွက်ကြောင့် လင်းမူရွယ်သည်သူမ၏အသွင်အပြင်ကိုသာ တွေးတောရင်းစိတ်လှုပ်ရှားနေခဲ့သည်၊၊သူမသည် နတ်သူငယ်တစ်ယောက်ဖြစ်သည်နှင့်အညီ လှပချောမောနေလိမ့်မည်ဟု သူမယုံကြည်ထားသော်လည်း သူမ၏ပုံစံအမှန်ကိုတွေ့မြင်ရချိန်တွင် လင်းမူရွယ်သည် သူမ၏ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်သူမနိမ့်ကျသည်ဟုခံစားလာရသည်။လင်းမူရွယ်သည် အလွန်လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း တိုင်ရန်ဒီသည် အလွန်မွန်မြတ်သောစိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားပြီး သာမန်လူများ၏အမြင်တွင် နတ်ဘုရားမတစ်ပါးကဲ့သို့ စိတ်သဘောထားရှိသူဖြစ်သည်။

ယခုလိုစိတ်နေစိတ်ထားမျိုးသည် လင်းမူရွယ်လိုအလှတရားတစ်ခုကိုပင် သိမ်ငယ်သွားစေနိုင်သည်။လင်းမူရွယ်၏နှလုံးသားနှင့်စိတ်ဝိညာဉ်သည် သန့်စင်သော်လည်း တိုင်ရန်ဒီနှင့်တူညီသောအတိုင်းအတာ၌မရှိခဲ့ပေ။

"သူမ...သူမကငါ့ရဲ့သက်တော်စောင့်ပဲ..သူမရဲ့မျက်နှာပေါ်က မာနကြီးတဲ့အပြုအမူကို မင်းမမြင်ဘူးလား...သူမကငါ့ကိုဂရုစိုက်မယ်လို့ မင်းထင်နေတာလား..."

"အိုး...သူမကသာမင်းကိုဂရုစိုက်ရင် ငါ့ကိုလာတွေ့မှာမဟုတ်ဘူးလို့ ဆိုလိုချင်တာလား"

လင်းမူရွယ်ကမေးမြန်းလိုက်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...ငါအဲလိုပြောချင်တာမဟုတ်ဘူး...သူမကနတ်သူငယ်တွေရဲ့ဘိုးဘေးတစ်ယောက်ပဲ...ငါတို့ကအလုပ်သဘောအရပူးပေါင်းထားတာကလွဲပြီး အခြားဘာဆက်နွယ်မှုမှမရှိဘူး"

ရှောင်ယုက အလန့်တကြားရှင်းပြနေခဲ့သည်။

"အိုး...ဘယ်လိုဆက်ဆံရေးမျိုးလဲ"

လင်းမူရွယ်က မကျေနပ်သေးဘဲ ဆက်လက်မေးမြန်းလိုက်သည်။

"အိုး...အဲ့ဒါကမင်းထင်ထားသလိုမဟုတ်ဘူး..."

ရှောင်ယုသည် ပြောစရာစကားပျောက်ဆုံးသွားကာ မည်သို့ဖြေရမည်မှန်းမသိတော့ပေ။

"မင်းက အရမ်းလှပတဲ့ ကျွန်တစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားတာဆိုတော့ တော်တော်ပျော်နေမှာပဲ"

လင်းမူရွယ်သည် လီအာကိုမျက်စောင်းထိုးကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

"မဟုတ်ဘူး...အဲ့ဒါကမတော်တဆမှုတစ်ခုပဲ...သူမကငါ့အနားကိုတောင်ကပ်တာမဟုတ်ဘူး..."

ရှောင်ယုက ချက်ချင်းဆင်ခြေပေးလိုက်သည်။

"မတော်တဆဟုတ်လား...ဟွန့်..."

လင်းမူရွယ်သည် နှုတ်ခမ်းစူလိုက်ကာ အဝေးသို့ထွက်သွားခဲ့သည်။

"ဟူး..ဘာတွေလဲကွာ"

ရှောင်ယုသည် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချမိလိုက်သည်။

Thank For Reading.

All Chapters