← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း ၁၈၇ - ခွေးနက်ကြီး

"အခြားသူတွေလည်း ရောက်နေပြီထင်တယ်..."

"ငါတို့လေလံအိမ်ကို အရင်စစ်ဆေးရအောင်..."

ရှောင်ယုသည် ကျယ်လောင်စွာအမိန့်ပေးလိုက်ကာ လေလံအိမ်ရှိရာသို့ ဦးတည်လိုက်သည်။မြေအောက်မြို့တော်၏လေလံအိမ်အား လေလံဆွဲသူများ အလွယ်တကူလေလံဆွဲနိုင်စေရန်အတွက် စက်ဝိုင်းပုံစံဖြင့်တည်ဆောက်ထားသည်ဟု ဆိုနိုင်ပေသည်။မည်သို့ပင်ဆိုစေကာမူ လေလံအိမ်သည်လည်း ယခုအချိန်၌စစ်တပ်နယ်မြေအတွင်းရှိနေခဲ့သည်။လေလံအိမ်တွင် အထပ်၃ထပ်ရှိပြီး ဘဏ်တိုက်သည်ကား အလယ်၌တည်ဆောက်ထားခဲ့သည်။

ဤသို့ဖြင့် လေလံပွဲပြီးစီးပြီးနောက် လူတိုင်းသည် ဘဏ္ဍာတိုက်အတွင်းသို့ဝင်ရောက်ကာ ပစ္စည်းများကိုလက်ခံနိုင်သည်။အပေါ်ဆုံးအထပ်တွင် ခန်းမတစ်ခုရှိပြီး ထိုအပေါ်ထပ်ခန်းမ၌ ပစ္စည်းများကိုသိုလှောင်သိမ်းဆည်းထားပေသည်။ထိုနေရာတွင် မြေအောက်မြို့တော်၏အထက် ရှေးဟောင်းအေရွန်ဘုရင့်နိင်ငံ၏ အပျက်အစီးများဆီသို့ ဆက်သွယ်ထားသည့် ဓာတ်လှေကားများကိုပင် တွေ့မြင်နိုင်ပေသည်။

ဝုတ်...

ထိုအခိုက်အတန့်တွင် ဧရာမသားရဲတစ်ကောင်သည် ရှောင်ယုတို့လူအုပ်ရှေ့တွင်ပိတ်ရပ်ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ရှောင်ယုက ဤအကောင်ကြီးသည်ခွေးကြီးတစ်ကောင်နှင့်တူကြောင်း တွေ့လိုက်ရ၍များစွာအံ့သြသွားခဲ့သည်။သို့သော်လည်း ထိုခွေးနက်ကြီးသည် အမြင့်၄မီတာနီးပါးရှိကာ အရှည်၇မီတာထိရှိပေသည်။၎င်း၏ပါးစပ်မှနေ၍ အစိမ်းရောင်အရည်များစီးကျနေပြီး ချွန်ထက်သောအစွယ်များကိုလည်း တွေ့မြင်နေရသည်။ခွေးခြေသည်းလေးချောင်းလုံးသည် ဓားသွားကဲ့သို့ထက်မြက်နေခဲ့သည်။

ရှောင်ယုတို့သည် နဂါးတစ်ကောင်လိုကြီးမားသည့် ခွေးနက်ကြီးကိုကြည့်ရင်း အံ့သြမှင်သက်နေခဲ့ကြသည်။ထိုခွေးနက်ကြီးသည် သူတို့သတ်ဖြတ်ခဲ့သောကြံ့ကြီးထက် လုံးဝအားနည်းပုံမရပေ။သူတို့သည် အမှောင်မြို့တော်သို့ဝင်ဝင်ချင်း ဤသို့သားရဲမျိုးနှင့် ရင်ဆိုင်ရမည်ဟုမမျှော်လင့်ထားကြချေ။

"အဲ့ကောင်ကဘာကြီးလဲ..."

ကျောင်းသားများသည် ခွေးနက်ကြီးကိုကြည့်ရင်း အံ့သြတကြီးရေရွတ်လိုက်သည်။လူများသည် သူတို့မသိရှိသည့်အရာများကို ကြောက်ရွံစိတ်ဖြင့် အမြဲကြည့်ရှုတတ်ကြသည်။

ရှောင်ယုသည် ပြုံးလိုက်ပြီး ကျောင်းသားများကိုနှစ်သိမ့်ပေးလိုက်သည်။

"ဒါကခွေးတစ်ကောင်ပဲလေ...မင်းတို့ကဘာက်ိုကြောက်နေကြတာလဲ...မှော်ဆရာတွေက သူ့ရဲ့တိုက်ခိုက်မှုကိုမခံရအောင် နည်းနည်းသတိထားကြ...အဲ့ကောင်ကြီးကို စပြီးတိုက်ခိုက်တဲ့အခါကျရင် အောစ့်စစ်သည်တွေနဲ့ခြေလျင်တပ်သားတွေက ခွေးနက်ကြီးရဲ့အာရုံက်ိုဆွဲဆောင်ဖို့ ကြိုးစားရမယ်...ကိုဒိုသားရဲတွေ၊ရိုင်ဖယ်သမားတွေနဲ့ လေးသမားတွေက နေရာကောင်းတစ်ခုရှာပြီးတိုက်ခိုက်ကြ...ဆရာကြီးအယ်လ်မာ ဒီတစ်ခေါက်လည်း မင်းအပေါ်မှာပဲမူတည်မှာပါ..."

ရှောင်ယုသည် အစီအစဉ်အားချမှတ်ပြီးသည်နှင့် ပြာမှုန်သယ်ဆောင်သူအားဝှေ့ယမ်းကာ ခွေးနက်ကြီးထံပြေးဝင်သွားခဲ့သည်။သူသည် ကျောင်းသားများကို စိတ်တည်ငြိမ်စေရန် ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်းနားလည်ထားပေသည်။ထိုသို့မဟုတ်ပါက သူတို့၏တိုက်ခိုက်လိုစိတ်သည် ပျက်ပြားသွားမည်ဖြစ်သည်။

ဘန်း...

ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကို အသက်သွင်းလိုက်ပြီးနောက်တွင် ပြာမှုန်သယ်ဆောင်သူသည် ခွေးနက်ကြီး၏လည်ပင်းကိုထိမှန်သွားခဲ့သည်။ထိုအခါ ခွေးနက်ကြီး၏လည်ပင်းမှ အနက်ရောင်မီးခိုးများထွက်ပေါ်လာခဲ့သည်။

ဝူး...

ခွေးနက်ကြီးသည် ဒေါသပေါက်ကွဲသွားကာ သူ၏ခြေသည်းများဖြင့် ရှောင်ယုအားတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။အကယ်၍ ထိုတိုက်ခိုက်မှုသာထိမှန်ခံလိုက်ရပါက ရှောင်ယုသည်ဒဏ်ရာအပြင်းအထန်ရသွားမှာဖြစ်သည်။ရှောင်ယုသည် ချက်ချင်းဆိုသလိုပင် ခွေးနက်ကြီး၏နောက်သို့ တည်နေရာရွေ့ပြောင်းလိုက်ပြီး ထိုကောင်ကြီး၏တင်ပါးကို ပြာမှုန်သယ်ဆောင်သူဖြင့်ထိုးဖောက်လိုက်သည်။ခွေးနက်ကြီးသည် ရှောင်ယု၏လက်ချက်ကြောင့် နာကျင်စွာအော်မြည်လိုက်ကာ အနက်ရောင်မီးခိုးများ ထပ်မံထွက်ပေါ်လာခဲ့သည်။

ပြာမှုန်သယ်ဆောင်သူသည် မသေမျိုးသတ္တဝါဖြစ်သော ခွေးနက်ကြီးအားကြီးကြီးမားမားထိခိုက်စေ၍ ရှောင်ယုသည်၎င်းကိုအမြန်ဆုံးအဆုံးသတ်ရန် ကြိုးစားခဲ့သည်။တင်ပါးသည် လူသား၊သားရဲသို့မဟုတ် အခြားသောမျိုးနွယ်ဝင်တိုင်း၏ အထိအခိုက်မခံနိုင်ဆုံးနေရာဖြစ်၍ ရှောင်ယုသည် ခွေးနက်ကြီး၏ထိုနေရာကိုသာ အမြဲတိုက်ခိုက်နေခဲ့သည်။

ပြာမှုန်သယ်ဆောင်သူသည် အတားအဆီးမရှိဘဲ နောက်ထပ်တစ်ကြိမ်တိုးဝင်သွားသည့်အတွက်ကြောင့် ခွေးနက်ကြီးသည်နာကျင်စွာအော်ဟစ်ညည်းတွားလိုက်သည်။ခွေးနက်ကြီးသည် အလွန်ဒေါသပေါက်ကွဲသွားကာ သူ့ထံပြေးဝင်လာသည့်ခိုင်ရင်းကို တိုက်ခိုက်မယ့်အစား ရှောင်ယုကိုသာအသည်းအသန် လိုက်လံတိုက်ခိုက်တော့သည်။ဤနည်းဗျူဟာသည် ရန်သူအားအချိန်တိုအတွင်းဒေါသထွက်စေသည့် အထိရောက်ဆုံးနည်းဗျူဟာဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။

မည်သို့ပင်ဆိုစေကာမူ ခွေးနက်ကြီးကသူ့အားတိုက်ခိုက်လာချိန်တွင် ရှောင်ယုသည်လေလမ်းလျှောက်ခြင်းအား အသက်သွင်းကာ ခွေးနက်ကြီး၏ဗိုက်အောက်မှလျှောထွက်လာခဲ့သည်။ထိုသို့လျှောထွက်နေစဉ် ပြာမှုန်သယ်ဆောင်သူဖြင့် ခွေးနက်ကြီး၏ဝမ်းဗိုက်ကိုတိုက်ခိုက်ရန် မမေ့ခဲ့ပေ။ခွေးနက်ကြီးသည် ရူးသွပ်သွားခဲ့ကာ သူ၏ပါးစပ်မှအစိမ်းရောင်အရည်များသည် အနီးအနားရှိနံရံများထိပါ စွန်းထင်းသွားခဲ့သည်။ထိုအစိမ်းရောင်အရည်ဖြင့် ထိတွေ့မိလိုက်သောနံရံအစိတ်အပိုင်းများသည် မြင်သာသောအရှိန်ဖြင့်ပျက်စီးယိုယွင်းသွားခဲ့သည်။

"အကုန်လုံးသတိထားကြ...ဂရင်း၊ခိုင်ရင်း ငါတို့၃ယောက်က သူ့ရဲ့အာရုံကိုဆွဲဆောင်ရမယ်...ဒါပေမဲ့သူ့ကိုသွားပြီး အတင်းကြီးတိုက်ခိုက်မယ့်အစား ရှောင်ပြေးနေကြ"

ရှောင်ယုသည် တစ်ဖက်သို့လှည့်ထွက်လိုက်ကာ အော်ဟစ်လိုက်သည်။

ဂရင်းနှင့်ခိုင်ရင်းတို့သည် ရှောင်ယု၏အမိန့်ကိုချက်ချင်းလိုက်နာခဲ့ကြသည်။သူတို့သည် ခွေးနက်ကြီးအားတိုက်ခိုက်ခဲ့ပြီး ခွေးကြီးကတုံ့ပြန်ရန်ကြိုးစားချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ခွေးနက်ကြီးသည် ဂရင်းနှင့်ခိုင်ရင်းတို့အား လိုက်လံတိုက်ခိုက်နေချိန်တွင် ရှောင်ယုကထိုကောင်ကြီး၏တင်ပါးကိုတိုက်ခိုက်ခဲ့သည်။တစ်ချိန်တည်းမှာပင် ဆရာကြီးအယ်လ်မာနှင့်အခြားသူများက မှော်မန္တန်များကိုစတင်အသုံးပြုခဲ့ကြသည်။ခွေးကြီးသည် ဆရာကြီးအယ်လ်မာတို့အား တိုက်ခိုက်လိုသော်လည်း ခြေလျင်တပ်သားများကတင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားကြသည်။

ရှောင်ယုသည် ခွေးနက်ကြီး၏အာရုံကိုဆွဲဆောင်ရန် ၎င်း၏နောက်ဘက်ကို အမြဲတိုက်ခိုက်နေကြပြီး အောစ့်စစ်သည်များကလည်း လှံပစ်စက်များနှင့်လမင်းပစ်ခတ်သူများကို အသုံးပြုကာတိုက်ခိုက်နေကြသည်။

အကယ်၍သူတို့ထံတွင် ပေါက်ကွဲစေနိုင်သောမြှားများရှိနေပါက ခွေးကြီးသည် စတင်တိုက်ခိုက်ချိန်ကပင် သေဆုံးသွားရလိမ့်မည်ဟု ရှောင်ယုယုံကြည်ပေသည်။သို့သော်လည်း မှော်ဖောက်ခွဲရေးမြှားများသည် အလွန်တန်ဖိုးကြီးပြီး ရှားပါးလေရာ သားရဲတစ်ကောင်အားတိုက်ခိုက်ရန်အတွက်နှင့် မည်သူကမှအသုံးပြုမည်မဟုတ်ပေ။သို့သော်လည်း ရှောင်ယုထံတွင် အောက်လမ်းမှော်ကဝေအနှစ်သာရများစွာရှိနေ၍ ထိုအကြောင်းကိုဂရုမစိုက်ပေ။သူသည် ခြင်္သေ့မြို့သို့ပြန်ရောက်ချိန်တွင် အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ကိုရှာဖွေကာ ဖောက်ခွဲရေးမြှားများက်ိုဖန်တီးမည်ဖြစ်သည်။

ရှောင်ယုသည် ခွေးနက်ကြီးအား မကြောက်မရွံ့တိုက်ခိုက်နေသည်ကိုမြင်သောအခါ ကျောင်းသားများသည်လည်း စတင်တုံ့ပြန်လာကြပြီး ခွေးနက်ကြီးအားတိုက်ခိုက်ရန် မှော်မန္တန်အမျိုးမျိုးအားအသုံးပြုနေကြသည်။သူတို့၏တိုက်ခိုက်ရေးစွမ်းအားသည် ဆရာကြီးအယ်လ်မာ၏ မှော်မန္တန်များလောက် ကောင်းမွန်ခြင်းမရှိသော်လည်း သေးငယ်သောပုရွက်ဆိတ်များ၏စုပေါင်းစွမ်းအားကပင် ဆင်တစ်ကောင်အားသေဆုံးစေနိုင်ပေသည်။

မှော်တိုက်ခိုက်မှုများသည် သာမန်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများထက် များစွာပိုမိုအားကောင်းပေသည်။ခွေးနက်ကြီး၏ခန္ဓာကိုယ် အရေပြားသည်အလွန်ထူထဲလှပြီး ပုဆိန်များဖြင့်ဖြတ်တောက်၍မရန်ိုင်သော်လည်း အသေးစားမှော်တိုက်ခိုက်မှုတစ်ခုကပင် ခွေးနက်ကြီး၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များဖြစ်ပေါ်လာစေသည်။

"ရိုင်ဖယ်သမားတွေ...တိုက်ခိုက်ဖို့အသင့်ပြင်ထား..."

ရှောင်ယုကအော်ဟစ်လိုက်သည်။

ကျည်ဆန်များသည် ခွေးနက်ကြီးအား ထိခိုက်ပျက်စီးမှုများများစားစား မပြုလုပ်နိုင်ပေ။သို့သော်လည်း ရိုင်ဖယ်တပ်သား၅၀သည် တပြိုင်နက်ပစ်ခတ်လိုက်မည်ဆိုပါက အကျိုးသက်ရောက်မှုသည် အလွန်ပြင်းထန်လှပေသည်။

ဘန်း....ဘန်း....ဘန်း

သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်လာချိန်တွင် ခွေးနက်ကြီးသည်မျက်စိလည်သွားခဲ့သည်။ထိုတိုက်ခိုက်မှုများသည် မည်သည့်နေရာမှထွက်လာကြောင်း သူမသိပေ။တစ်ချိန်တည်းမှာပင် လမင်းပစ်ခတ်သူများမှ ပစ်ခတ်လိုက်သည့်ဓားစက်ဝိုင်းများသည် ခွေးနက်ကြီး၏ထူထဲသောအရေပြားက်ို ဖြတ်တောက်သွားခဲ့သည်။

ရှောင်ယုသည် ခွေးနက်ကြီး၏အသက်က်ိုလျော့နည်းစေရန်အတွက် ဓားစက်ဝိုင်းများမှ ဖြတ်တောက်ထားသည့်ဒဏ်ရာများကို ဦးစားပေးကာတိုက်ခိုက်ခဲ့သည်။မသေမျိုးသတ္တဝါများသည် သက်ရှိများကဲ့သို့အတိတ်တစ်ချိန်က သေဆုံးခဲ့ဖူးသည်။သို့သော်လည်း သူတို့၏အသက်အနှစ်သာရသည် သက်ရှိများနှင့်ကွဲပြားပေသည်။

ဘန်း...

ခွေးနက်ကြီးသည် ဘက်ပေါင်းစုံမှတိုက်ခိုက်ခံနေရ၍ မည်သည့်နေရာကိုတိုက်ခိုက်ရမည်မှန်း မသိရှိတော့သည့်အတွက်ကြောင့် ရူးသွပ်သွားခဲ့တော့သည်။သူ၏ကြီးမားသောခြေသည်းများသည် နံရံရိုက်ခတ်မိချိန်တွင် နံရံသည်တစ်ဝက်ပြိုကျသွားခဲ့သည်။

ခွေးနက်ကြီးသည် ရူးသွပ်စွာတိုက်ခိုက်လာချိန်တွင် ခိုင်ရင်းသည်လည်း ခွေးခြေသည်းဖြင့် ကုတ်ခြစ်ခံလိုက်ရသည်။ခိုင်ရင်း၏ခန္ဓာကိုယ်သည် ထိုတိုက်ခိုက်မှုဒဏ်ကြောင့် အနောက်ဘက်နံရံဆီလွှင့်ပျံထိမှန်သွားကာ အမှောင်မြို့တော်တစ်ခုလုံးက်ိုပင် ခဏတာတုန်လှုပ်သွားစေခဲ့သည်။

အခန်း ၁၈၈ - ဘဏ္ဍာတိုက်ဆီဝင်ရောက်ခြင်း

ခွေးနက်ကြီး၏တိုက်ခိုက်မှုသည် အလွန်သန်မာသောကြောင့် ခိုင်ရင်းသည်နံရံဆီသို့ အညာအတာမဲ့စွာလွှင့်ထွက်သွားခဲ့သည်။ခိုင်ရင်းနေရာတွင် အခြားတစ်ယောက်သာဆိုပါက ယခုလိုရိုက်ခတ်ခံရမှုကြောင့် သေဆုံးသွားနိုင်သော်လည်း ခိုင်ရင်းကမူမည်သို့မှမဖြစ်ဟန်ဖြင့် မတ်တပ်ထရပ်လိုက်ကာ ဟိန်းဟောက်လိုက်သည်။သူသည် ခွေးနက်ကြီးအားထပ်မံတိုက်ခိုက်ရန်အတွက် သူ၏ပုဆိန်ကြီးအားဝှေ့ယမ်းလိုက်သည်။လူတိုင်းသည် ခိုင်ရင်း၏ရက်စက်ကြမ်းတမ်းသောပုံပန်းသွင်ပြင်ကိုကြည့်ကာ အံ့အားသင့်သွားကြသည်။

ဝူး...

ခွေးနက်ကြီးသည် နောက်ထပ်တစ်ကြိမ် ထပ်အော်လိုက်ချိန်တွင် ရှောင်ယုသည် ၎င်း၏နောက်ကျောကိုထပ်မံတိုက်ခိုက်ခဲ့သည်။

ဗုံးးး...

ခွေးနက်ကြီးသည် ရှောင်ယုအားတိုက်ခိုက်ရန်အတွက် လှည့်ကြည့်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာသည်ကို ခံစားမိလိုက်သည်။ထို့နောက်မျက်စိတစ်မှိတ်အတွင်း၌ပင် သူ၏ခန္ဓာကိုယ်သည် ဖရဲသီးတစ်လုံးလိုဖောင်းကားလာကာ ပေါက်ကွဲသွားခဲ့သည်။ရှောင်ယုသည် ပေါက်ကွဲရာမှလွှင့်ထွက်လာသည့် အစိမ်းရောင်အရည်စက်များကို အသည်းအသန်ရှောင်တိမ်းလိုက်သည်။

"ဘာဖြစ်တာလဲ...ဘာလို့ပေါက်ကွဲသွားတာလဲ..."

အခြားသူများသည် ရုတ်တရက်အဖြစ်အပျက်ကြောင့် နားမလည်နိုင်ဖြစ်သွားခဲ့သည်။

ရှောင်ယုသည် သူတို့အားလှမ်းကြည့်၍ ရှင်းပြလိုက်သည်။

"ငါကသူ့ဖင်ထဲကို မီးလုံးမှော်စာလိပ်တစ်ခု ပစ်ထည့်လိုက်တာပဲ"

ရှောင်ယု၏စကားကိုကြားချိန်တွင် လင်းမူရွယ်၏မျက်နှာသည်နီရဲသွားခဲ့ပြီး လူတိုင်းသည်မအီမသာဖြစ်ကာ တံတွေးထွေးမိလိုက်ကြသည်။

ရှောင်ယုကမူ ထိုကိစ္စကြောင့်နည်းနည်းလေးမှ ရှက်ရွံ့သွားပုံမရပေ။

"ဆရာကြီးအယ်လ်မာ ဒီကောင်ကအသုံးဝင်လား..."

ဆရာကြီးအယ်လ်မာသည် ခွေးနက်ကြီး၏အလောင်းကိုစစ်ဆေးရန်အတွက် ရှေ့သို့ရောက်လာခဲ့သည်။

"မဆိုးဘူး...အဂ္ဂိရိတ်ပညာရှင်ကောင်းတစ်ယောက်က သန့်စင်လိုက်မယ်ဆိုရင် သူ့ရဲ့အစွယ်တွေက အစွမ်းထက်တဲ့မှော်ဓားမြောင်တစ်ချောင်းအဖြစ်ပြောင်းလဲသွားနိုင်တယ်...အဲ့ဓားမြောင်မှာအဆိပ်ပါနေမှာမလို့ လုပ်ကြံသူတွေအတွက်ကောင်းမွန်တဲ့လက်နက်တစ်ခု ဖြစ်လာမှာသေချာတယ်...ခြေသည်းတွေအတွက်လည်း ကောင်းမွန်တဲ့မှော်လက်နက်တွေဖန်တီးပေးနိုင်တယ်..."

ရှောင်ယုသည် ခွေးနက်ကြီး၏အလောင်းကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းထားလိုက်သည်။

"ဆရာကြီးအယ်လ်မာ အမှောင်မြို့တော်မှာ မှော်ဆရာတွေအတွက်အထူးနေရာတစ်ခုရှိတယ်...အဲ့ဒီနေရာမှာမှော်စာအုပ်တွေနဲ့မှော်ပစ္စည်းတွေအများကြီးရှိတယ်...ငါတို့အဲ့ဒီကိုရောက်ခဲ့ရင် မင်းကြိုက်တဲ့ဟာတွေကိုလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတယ်..."

"တကယ်လား..."

ဆရာကြီးအယ်လ်မာ၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုတောက်ပလာခဲ့သည်။မှော်ဆရာများအတွက် မှော်မန္တန်နှင့်မှော်စာအုပ်များအပေါ် နှစ်သက်တန်ဖိုးထားမှုသည် အရက်သမားများကအရက်အပေါ်ထားရှိသည့် စိတ်ဆန္ဒထက်မနည်းလှပေ။

"သေချာတာပေါ့...ဒါပေမဲ့ခုလောလောဆယ် လေလံအိမ်နဲ့ဘဏ္ဍာတိုက်ကိုအရင်ဆုံးသွားရမယ်...စွန့်စားသူတွေက ဘဏ္ဍာတိုက်နဲ့လေလံအိမ်မှာ သူတို့ရဲ့ပစ္စည်းတွေကိုအများကြီးသိမ်းဆည်းထားတယ်ဆိုတာ ကြားဖူးတယ်မလား"

ရှောင်ယုက ပြောလိုက်သည်။

ရှောင်ယုသည် ဂိမ်းထဲရှိ လေလံအိမ်နှင့်ဘဏ္ဍာတိုက်များအကြောင်းကို စိတ်ကူးယဉ်လိုက်မိသည်။ထိုနေရာများတွင် မော်ကွန်းဝင်အဆင့် လက်နက်ပစ္စည်းများစွာရရှိနိုင်သည်။ထိုနေရာတွင် ဒဏ္ဍာရီအဆင့်လက်နက်ဖြစ်သည့် အစစ်အမှန်ပြာမှုန်သယ်ဆောင်သူဓားနှင့်အလားတူဒဏ္ဍာရီလာဓားဖြစ်သူ ကြီးမြတ်သည့်ညီအစ်ကိုဓားကိုပင် ရှာဖွေတွေ့ရှိကောင်းတွေ့ရှိနိုင်သည်။မည်သို့ပင်ဆိုစေ ထိုနေရာနှစ်ခုလုံးတွင် မှော်ကွန်းဝင်အဆင့်ပစ္စည်းအချို့ရှိနေနိုင်ခြေ အလွန်များပြားနေသည်။အကယ်၍သူသာ ထိုအဆင့်ပစ္စည်းအချို့ကိုမရရှိပါက ဤခရီးစဉ်သည်ထိုက်တန်မှုရှိတော့မှာ မဟုတ်ပေ။

မှော်နှင့်သူရဲကောင်းအကယ်ဒမီမှကျောင်းသားများသည် ခွေးနက်ကြီးအားသတ်ဖြတ်ရန်မဖြစ်နိုင်ဟု အစောပိုင်းတွင်ထင်မြင်ယူဆခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည်ခွေးနက်ကြီးအား လွယ်ကူစွာသတ်ဖြတ်ပြခဲ့ရာ သူတို့၏အထင်ကြီးမှုကို အရယူနိုင်ခဲ့သည်။

ဤတိုက်ခိုက်မှုတွင် ခြေလျင်တပ်သားအနည်းငယ်သည် ဒဏ်ရာရသွားခဲ့သော်လည်း သန့်ရှင်းသောအလင်းနှင့်အနာကျက်ဆေးများကို အသုံးပြုကာ ရှောင်ယုကကုသပေးခဲ့သည်။အချို့မှာ အပြင်းအထန်ဒဏ်ရာရထား၍ တိုက်ပွဲဝင်နိုင်စွမ်းခေတ္တဆုံးရှံးခဲ့ရသည်။အောစ့်စစ်သည်များသည် ခြေလျင်တပ်သားများထက်ပိုမိုသန်မာသော်လည်း ဤကဲ့သို့သောတိုက်ပွဲမျိုးတွင် ခြေလျင်တပ်သားများ၏နေရာကိုအစားမထိုးနိုင်ပေ။ခြေလျင်တပ်သားများ၏ အကာအကွယ်သာမရှိပါက သူတို့သည်ခွေးနက်ကြီးအား စိတ်ရှိလက်ရှိတိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ခိုင်ရင်းသည် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း ဒုတိယအဆင့်အနာကျက်ဆေးကို သောက်သုံးပြီးနောက်တွင် အထွတ်အထိပ်ခွန်အားကို ချက်ချင်းပြန်လည်ရရှိခဲ့သည်။ရှောင်ယုသည် သူတို့်အားလုံးကိုခွန်အားနှင့်အရှိန်နှုန်းမြင့်တင်ဆေးများပေးအပ်ခဲ့ကာ သူတို့၏စွမ်းအားနှင့်ရှောင်တိမ်းနိုင်စွမ်း အရှိန်နှုန်းကိုမြင့်တင်ပေးခဲ့သည်။ထိုသို့အလုံးစုံပြင်ဆင်ပြီးနောက်တွင် သူတို့သည်လေလံအိမ်သို့ ခရီးဆက်လာကြသည်။

"သာမန်ပစ္စည်းတွေပဲလား...မှော်ကွန်းဝင်အဆင့်တွေတစ်ခုမှမရှိဘူး..."

ရှောင်ယုသည် လေလံအိမ်၌ သူတို့၏ရှာဖွေတွေ့ရှိမှုများအတွက် အလွန်ပင်စိတ်ပျက်သွားခဲ့ရသည်။ဤနေရာတွင် မှော်ပစ္စည်းအနည်းငယ်ရှိသော်လည်း ၎င်းတို့အားလုံးနီးပါးသည် အဆင့်နိမ့်မှော်ပစ္စည်းများဖြစ်ကြသည်။အကောင်းဆုံးအနေဖြင့် သူတို့အားရောင်းချကာငွေကြေးများရရှိနိုင်သည်။ထိုသို့မဟုတ်ပါက သူ၏စစ်တပ်အတွင်းရှိ အဆင့်နိမ့်အရာရှိများအား ဆုအဖြစ်ချီးမြင့်နိုင်သည်။

"ဟိုးအရင်တုံးက ဖြစ်ပျက်ခဲ့တဲ့ မငြိမ်မသက်မှုတွေအောက်မှာ မသေမျိုးတပ်ဖွဲ့တွေက ကြိုတင်ပြင်ဆင်ထားခဲ့ပုံရတယ်...သူတို့ထွက်သွားတဲ့အချိန်မှာ သူတို့နဲ့အတူတူအရာအားလုံးက်ိုယူဆောင်သွားခဲ့တာပဲ...မဟုတ်ရင်ဒီနေရာမှာ မှော်ကွန်းဝင်အဆင့်ပစ္စည်းမဟုတ်ရင်တောင် အဆင့်မြင့်မှော်ပစ္စည်းတွေ ထောင်နဲ့ချီပြီးရှိနေလိမ့်မယ်"

လက်ရှိအခြေအနေအရ ရှောင်ယုသည်လေလံအိမ်၌ မှော်ကွန်းဝင်အဆင့်ပစ္စည်း ၁ခုသို့မဟုတ်၂ခုခန့်ရှာတွေ့လျှင်ပင် အံ့သြဖွယ်ကောင်းနေမှာဖြစ်သည်။

အား...

ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာမှာ မသေမျိုးသတ္တဝါများနှင့် နတ်ဆိုးများ၏ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာခဲ့သည်။အမှောင်မြို့တော်သို့ဝင်ရောက်လာသည့် အခြားအင်အားစုများသည် မသေမျိုးသတ္တဝါများနှင့် ရင်ဆိုင်တိုက်ခိုက်နေပုံရသည်။

"မြန်မြန်ငါတို့တခြားသူတွေထက်အရင် ဘဏ်တိုက်ထဲဝင်ရလိမ့်မယ်...နောက်ကျရင်ဘဏ်တစ်ခုလုံး ပြောင်သလင်းခါသွားလိမ့်မယ်"

ဘဏ္ဍာတိုက်သည် အမှောင်မြို့တော်၏အရေးကြီးဆုံးသော နေရာဖြစ်သည်ဟု ရှောင်ယုယုံကြည်မှုရှိပေသည်။

ရှောင်ယုတို့အဖွဲ့သည် လမ်းတလျှောက်လုံးတွင် အမျိုးမျိုးသောမသေမျိုးသတ္တဝါများကို တွေ့မြင်ခဲ့ရသည်။ထိုထဲတွင် အရိုးစုများ၊လင်းနို့များ၊ရွံ့ရှာဖွယ်အကျိအချွဲကောင်များနှင့် ထူးဆန်းသောဘီလူးအချို့ပင်ပါဝင်ပေသည်။

ထိုမသေမျိုးသတ္တဝါများအနက် လင်းနို့များသည်အနှောင့်အယှက်အပေးနိုင်ဆုံးသော သားရဲများဖြစ်သည်။ရိုင်ဖယ်သမားများနှင့် နတ်သူငယ်လေးသမားများရှိနေ၍မဟုတ်ပါက ထိုလင်းနို့များသည် သူတို့အားကြီးကြီးမားမားထိခိုက်စေမည်ဖြစ်သည်။ရိုင်ဖယ်သမားများသည် အဝေးမှနေ၍ပင် လင်းနို့များအားပစ်ခတ်ချေမှုန်းနိုင်ကြသည်။ရိုင်ဖယ်ကျည်ဆန်များသည် ၎င်းတို့အပေါ်များစွာထိရောက်မှုရှိပြီး လင်းနို့များသည် မိုးရေစက်များကဲ့သို့ ကောင်းကင်ပေါ်မှကျဆင်းလာကြသည်။လင်းနို့များ၏အဓိကအားသာချက်မှာ ပျံသန်းနိုင်ခြင်းနှင့်ကောင်းမွန်သော တိုက်ခိုက်မှုစွမ်းအားဖြစ်သည်။၎င်းတို့၏အဓိကအားနည်းချက်မှာ သူတို့၏ခုခံကာကွယ်မှုဖြစ်ပြီး ကျည်ဆန်များနှင့်သာမန်မြှားများသည်ပင် သူတို့အားအန္တာရယ်ကြီးကြီးမားမားဖြစ်ပေါ်စေသည်။

ရှောင်ယုတို့အဖွဲ့သည် တဖြေးဖြေးရှေ့တိုးလာပြီးနောက် ဘဏ္ဍာတိုက်ဆီရောက်ရှိလာကြသည်။သို့သော်လည်း ဘဏ်၏ခန်းမဆောင်အတွင်း၌ မရေမတွက်နိုင်သော မသေမျိုးသတ္တဝါများရှိနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်းလိုလိုပင်လေအေးများ ရှုရှိက်မိလိုက်ကြသည်။

"သူတို့ဘာလို့ဒီမှာစုဝေးနေကြတာလဲ...ဘဏ်ထဲမှာရတနာတွေရှိတယ်ဆိုတာ ဒီကောင်တွေသိနေကြတာလား...ဒေါသထွက်လိုက်တာ"

ရှောင်ယုသည် ခန်းမကိုစစ်ဆေးရင်းပြောလိုက်သည်။

"ကောင်းပြီ ငါတို့ တံခါးကိုခံစစ်ပြုပြီးတော့ အဲ့ကောင်တွေကိုရှင်းလင်းပစ်မယ်"

ရှောင်ယုသည် သန်မာသောခံစစ်လိုင်းတစ်ခုအားဖွဲ့စည်းကာ ထိုမသေမျိုးသတ္တဝါများအားလုံးကို ဖျက်ဆီးပစ်လိုခဲ့သည်။အောစ့်စစ်သည်များနှင့် ခြေလျင်တပ်သားများက ခံစစ်လိုင်းအားခုခံထားချိန်တွင် မှော်ဆရာများက ထိုမသေမျိုးသတ္တဝါများအားသတ်ဖြတ်ရမည်ဖြစ်သည်။

အခန်း ၁၈၉ - သူရဲကောင်းအဖြစ်အဆင့်တက်ခြင်း

ရှောင်ယုသည် အောက်လမ်းမှော်ကဝေ၏ အနှစ်သာရအားစုဆောင်းရသည်ကို စွဲလမ်းလုနီးပါးဖြစ်နေခဲ့သည်။တစ်ချိန်တည်းမှာပင် ဆရာကြီးအယ်လ်မာသည် မသေမျိုးဆေးရည်ကြည်ဟုခေါ်သည့် အဖိုးတန်ပစ္စည်းတစ်ခုအားတွေ့ရှိခဲ့သည်။ထိုပစ္စည်းသည် ပင့်ကူမကောင်းဆိုးရွားများကို သတ်ဖြတ်ရာမှကျဆင်းလာခြင်းဖြစ်ကာ မှော်ပစ္စည်းများပြုလုပ်ရာ၌ အသုံးပြုနိုင်ပေသည်။

"ဘဏ်တိုက်မှာ ဘာကောင်းတာမှရှာမတွေ့ဘူးဆိုရင်တောင်မှ ဒီစွန့်စားခန်းခရီးကိုထွက်ရတာ တန်တယ်"

ရှောင်ယုသည် တိတ်တဆိတ်ညည်းညူလိုက်သည်။တိုင်ရန်ဒီသည် မသေမျိုးများ၏ အာရုံစ်ိုက်မှုကိုဆွဲဆောင်ရန်အတွက် အစုလ်ိုက်အပြုံလိုက်စုဝေးနေကြသော မသေမျိုးများအားတိုက်ခိုက်ရန်အတွက် မြှားများကိုအသုံးပြုခဲ့သည်။ထို့နောက် မသေမျိုးသတ္တဝါများသည် အောစ့်များထံသို့ပြေးဝင်လာကြသည်။အောစ့်စစ်သည်များသည် နတ်ဆရာများထံမှ သွေးဆာခြင်းအစွမ်းကိုလက်ခံရရှိခဲ့ကာ ကိုဒိုသားရဲများ၏စစ်ဗုံသံများကလည်း အဆက်မပြတ်ပဲ့တင်ထပ်နေခဲ့သည်။အောစ့်စစ်သည်များသည် သူတို့၏ပုဆိန်ကြီးများကိုဝှေ့ယမ်းကာ မသေမျိုးများကိုအဆက်မပြတ်သတ်ဖြတ်နေခဲ့သည်။သူတို့၏နောက်တွင် မှော်ဆရာများ၊ရိုင်ဖယ်သမားများနှင့်လေးသမားများက ပစ်ကူပေးနေခဲ့ကာ အောစ့်များ၏ခံစစ်လိုင်းကို ထောက်ပံ့ပေးနေကြသည်။

အောစ့်စစ်သည်များသည် ဤသို့သောတိုက်ပွဲမျိူး၌ အကောင်းဆုံးသောသတ်ဖြတ်စက်များဖြစ်ကြသည်။အောစ့်စစ်သည်တစ်ဦးသည် ပုဆိန်ကြီးကိုခုတ်ထစ်ဝှေ့ယမ်းလိုက်ရုံဖြင့် မသေမျိုးများစွာကိုသတ်ဖြတ်နိုင်ပေသည်။ထို့ပြင် အဆက်မပြတ်တိုက်ပွဲများစွာကို အချိန်ကြာမြင့်စွာဖြတ်သန်းလာခဲ့ပြီးနောက် အောစ့်များ၏ညဏ်ရည်သည် မြင့်တက်လာခဲ့သည်။သူတို့၏တိုက်ပွဲစွမ်းရည်များသည် ပထမဆုံးအကြိမ်ဆင့်ခေါ်ခြင်းခံရစဉ်ကနှင့်နှိုင်းယှဉ်ပါက အလွန်ပြင်းထန်လာခဲ့သည်။

အား...

ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သောအလင်းတန်းတစ်ခုက အောစ့်တစ်ကောင်၏ခန္ဓာမှထွက်ပေါ်လာခဲ့သည်။ကောင်းကင်မှအလင်းတန်းတစ်ခုသည် ထိုအောစ့်၏ခန္ဓာကိုယ်အားကောင်းချီးပေးရန် ရောက်ရှိလာသကဲ့သို့ဖြစ်နေခဲ့သည်။ထိုမြင်ကွင်းသည် ဂရင်းအားမုန်တိုင်းယဇ်ပလ္လင်၌ပထမဆုံးအကြိမ် ဆင့်ခေါ်စဉ်ကမြင်ခဲ့ရသည့် မြင်ကွင်းနှင့်တူသည်ဟု ရှောင်ယုတွေးလိုက်မိသည်။

ရှောင်ယုသည် ထိုမြင်ကွင်းကြောင့်အံ့သြသွားခဲ့ကာ ကျောင်းသားများနှင့်အခြားသူများကို လှည့်ကြည့်လိုက်မိသည်။သို့သော်သူမှလွဲ၍ ထိုမြင်ကွင်းကို မည်သူမှမြင်တွေ့ကြပုံမရပေ။

"ဘာဖြစ်သွားတာလဲ...ခဏလေးဒါက..."

ရှောင်ယုသည် ထိုအောစ့်စစ်သည်၏အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ အဆင့်၁၁သို့ရောက်ရှိသွားသည်ကိုတွေ့လိုက်ရသည်။အဆင့်၁၀မှ အဆင့်၁၁ထိရောက်ရှိသွားခြင်းသည် ထိုအောစ့်စစ်သည်ကသာမန်စစ်သည်မဟုတ်တော့ဘဲ သူရဲကောင်းဖြစ်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ထိုသို့ဖြစ်နိုင်ခြေသည် အလွန်နိမ့်ပါးသော်လည်း ယခုမူဖြစ်ပျက်သွားခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် ထိုသူရဲကောင်းအသစ်စက်စက်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သားရဲ၁ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။သားရဲ၁သည် ရှောင်ယုနှင့်အတူ ပထမဆုံးအကြိမ်မှင်စာများကိုတိုက်ခိုက်စဉ်ကပင် ပါဝင်ခဲ့သူဖြစ်သည်။အဆုံးသတ်တွင် သားရဲ၁သည် အတားအဆီးများကိုချိုးဖြတ်ကာ သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။သားရဲ၁ထံတွင် ဂရင်းနှင့်ခိုင်ရင်းတို့ကဲ့သို့ ကျွမ်းကျင်မှုနှင့်အရည်အသွေးများမရှိသော်လည်း ယခုလိုအဆင့်တက်သွားပြီးနောက်တွင် သူ၏ခွန်အားသည်ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နောင်အနာဂတ်၌ရှောင်ယုအတွက် အကူအညီပိုဖြစ်လာမည်ဖြစ်သည်။

အခြားအောစ့်စစ်သည်များသည် ဤဖြစ်ရပ်ကြောင့် စိတ်ဓာတ်တက်ကြွသွားကြသည်။သူတို့သည် တိုက်ခိုက်နေ၍မဟုတ်ပါက သားရဲ၁အား ပြေးလွှားပွေ့ဖက်ကြမည်ဖြစ်သည်။သို့သော် သားရဲ၁ အဆင့်တက်ပြီး မရှေးမနှောင်းတွင်ပင် နတ်သူငယ်လေးသမားတစ်ဦးထံမှ အလင်းတန်းတစ်ခုထပ်မံထွက်ပေါ်လာခဲ့သည်။

"အိုး...ဘုရားရေ...ငါစိတ်မထိန်းနိုင်တော့ဘူး...ငါ့ကိုချီးမြှောက်ပေးတဲ့အတွက် နတ်ဘုရားတွေကိုကျေးဇူးတင်ပါတယ်"

ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် သတိမလစ်အောင်သူ့ကိုယ်သူထိန်းထားရသည်။

တိုက်ပွဲသည် နာရီဝက်ခန့်အတွင်းပြီးဆုံးသွားခဲ့ကာ မသေမျိုးသတ္တဝါများအားလုံး သတ်ဖြတ်ခံခဲ့ရသည်။အောစ့်စစ်သည်အချို့သည် ဒဏ်ရာရရှိခဲ့သော်လည်း သူတို့၏နှလုံးသားထဲရှိစိတ်လှုပ်ရှားမှုများကြောင့် သူတို့ရရှိထားသည့်ဒဏ်ရာများကို မေ့ပျောက်သွားစေခဲ့သည်။

အခြားနတ်သူငယ်လေးသမားများသည်လည်း အဆင့်တက်သွားသည့် လေး၃အားဝိုင်းဝန်းဂုဏ်ပြုကြသည်။တိုင်ရန်ဒီကလည်း ထိုနတ်သူငယ်အားကောင်းချီးပေးခဲ့သည်။နတ်သူငယ်များထံ၌ သူရဲကောင်းတစ်ဦးတိုးလာခြင်းသည် နတ်သူငယ်မျိုးနွယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် များစွာအထောက်အကူပြုပေသည်။

သို့သော်လည်း သူတို့အားလုံးထဲတွင် စိတ်အလှုပ်ရှားဆုံးမှာ ရှောင်ယုသာဖြစ်သည်။သူတို့အားလုံးသည် သူ့လူများဖြစ်ကြကာ သူတို့ခွန်အားတိုးလာခြင်းသည် သူ၏စွမ်းအားများတိုးတက်လာသည်ဟု ဆိူလိုခြင်းဖြစ်သည်။

"သခင်..."

အဆင့်တက်သွားသည့်၂ယောက်လုံးသည် ရှောင်ယုရှေ့တွင်ဦးညွတ်လာကြသည်။

ရှောင်ယုသည် သူတို့၂ယောက်ကိုကြည့်ရင်း ကျေနပ်အားရစွာခေါင်းညိတ်မိလိုက်သည်။

"မင်းတို့၂ယောက်လုံး အဆင့်တက်သွားပြီဆိုတော့ မင်းတို့ကိုငါနာမည်ပေးတော့မယ်"

သားရဲ၁နှင့် လေး၃တို့သည် ရှောင်ယုမှသူတို့်အားအမည်ပေးမည်ဟု သိလိုက်ရသောအခါတွင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။သူတို့၏ညဏ်ရည်သည် မြင့်မားခြင်းမရှိသော်လည်း သူတို့အားခေါ်ဆိုသောကုတ်နံပါတ်အမည်ကို မှတ်မိနားလည်သည်အထိ လုံလောက်ပေသည်။သို့သော်လည်း ရှောင်ယုသည်ထိုသို့ပြောပြီးပြီးချင်း သူ၏ဆုံးဖြတ်ချက်ကိုနောင်တရခဲ့သည်။ယခုလောလောဆယ်တွင် သူသည်ဂုဏ်ကျက်သရေရှိသည့် အမည်များအားမည်သို့စဉ်းစားရမည်နည်း။

ရှောင်ယုသည် သင့်လျော်သောအမည်များကို မစဉ်းစားနိုင်သည့်အတွက်ကြောင့် သူ၏မျက်နှာသည်စတင်နီရဲလာခဲ့သည်။သူသည် သားရဲ၁အားတစ်ချက်ကြည့်မိလိုက်သည်။သားရဲ၁သည် ဘတ်စကတ်ဘောသမားတစ်ယောက်နှင့် အလွန်ဆင်တူပြီး အရပ်ရှည်ပေသည်။

ထို့ကြောင့်ရှောင်ယုသည် ရုတ်တရက်အကြံရလာကာ သားရဲ၁အား အနည်ပေးလိုက်သည်။

"မင်းကိုငါ အိုနေးလ်လို့ခေါ်မယ်..."

"အိုနေးလ်.."

သားရဲ၁သည် ထိုအမည်၏အဓိပ္ပါယ်ကိုသိရှိခြင်းမရှိသော်လည်း သူသည်ကိုယ်ပိုင်အမည်ကို ရရှိခဲ့သည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။

ရှောင်ယုသည် လေး၃အားတစ်ချက်ကြည့်လိုက်ကာ ထိုနတ်သူငယ်သည် ဘောလုံးသမားတစ်ယောက်နှင့် အလွန်တူကြောင်းသတိရလိုက်သည်။

"မင်းက အရမ်းတော်တဲ့ လေးသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မင်းကိုရာအူးလ်လို့ခေါ်မယ်..."

ရှောင်ယုသည် လေး၃အားကြည့်ရင်း ပြုံးလိုက်မိသည်။

လေး၃က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်"

"မဆိုးဘူး...ငါကညဏ်ကြီးရှင်တစ်ယောက်ပဲ..."

ရှောင်ယုသည် သူ၏အမည်ပေးစွမ်းရည်အတွက် သူ့ကိုယ်သူဂုဏ်ယူနေခဲ့သည်။

ထိုအချိန်တွင် ဆရာကြီးအယ်လ်မာသည် အဖြစ်အပျက်များကိုမေးမြန်းရန် ရှောင်ယုနားရောက်လာခဲ့သည်။ရှောင်ယုက အိုနေးလ်နှင့်ရာအူးလ်တို့ အဆင့်တက်သွားသည့်အတွက် သူတို့အားဆုချနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ဤနေရာတွင် ရှောင်ယုအသုံးပြုသော အဆင့်တက်သည်ဟူသောစကားလုံးသည် စစ်မြေပြင်၌တစ်စုံတစ်ဦးအား ရာထူးတိုးမြင့်ပေးခြင်းကိုဆိုလိုသည်ဟု ဆရာကြီးအယ်လ်မာကတွေးထင်သွားခဲ့သည်။

ဤဖြစ်ရပ်မှတဆင့် ကျန်တပ်သားများသည်လည်း အနာဂတ်တွင် သူရဲကောင်းများဖြစ်လာနိုင်သည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။

ထို့နောက်ရှောင်ယုသည် ဘဏ်အတွင်းရှိခန်းမကျယ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ဤနေရာတွင် မသေမျိုးသတ္တဝါများ များစွာမကျန်ရှိတော့ဘဲ နေရာလွတ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ထို့ကြောင့် ရှောင်ယု၊ဂရင်းနှင့်လီအာတို့သည် အထဲသို့ခိုးဝင်လာခဲ့သည်။သူတို့သုံးယောက်သည် ကျန်ရှိနေသေးသည့်မသေမျိုးသတ္တဝါများကို ဖြေရှင်းရန်လုံလောက်ပေသည်။

သူတို့၃ယောက်သည် ကိုယ်ယောင်ဖျောက်ပြီးသည်နှင့် ဘဏ်အတွင်းသို့ခိုးဝင်လိုက်ရာ အရာအားလုံးချောမွေ့နေခဲ့သည်။လမ်းတလျှောက်တွင် မသေမျိုးအနည်းငယ်ကိုတွေ့ခဲ့သော်လည်း ရှောင်ယု၊ဂရင်းနှင့်လီအာတို့က အလွယ်တကူသတ်ဖြတ်ခဲ့သည်။

အဆက်မပြတ်တိုက်ပွဲများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးနောက်တွင် လူတိုင်း၏ခွန်အားသည် တိုးမြင့်လာခဲ့သည်။အထူးသဖြင့် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှကျောင်းသားများသည် သူတို့၏ခွန်အားများကို ကြီးမားစွာမြင့်တင်နိုင်ခဲ့သည်။တိုက်ပွဲများသည် လူတစ်ဦးချင်းစီ၏ခွန်အားကိုမြင့်တင်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။သူတို့သည် နေ့စဉ်နှင့်အမျှ အန္တာရယ်များကိုရင်ဆိုင်နေရသောကြောင့် ရန်သူများကိုသတ်ဖြတ်ရန် အစွမ်းကုန်ကြိုးစားကြရသည်။ကျောင်းသားတိုင်းသည် သူတို့၏သက်လုံနှင့်မှော်စွမ်းအင်များ အောက်ခြေသို့ကျဆင်းသွားသည်ထိ ခြောက်ကပ်သွားအောင် တိုက်ပွဲဝင်ခဲ့ကြသည်၊ဤအရာသည် လူတစ်ဦးချင်းစီ၏အလားအလာက်ို ဖော်ထုတ်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ထို့ပြင် သူတို့အသက်အန္တာရယ်ကျရောက်နေသည့် အဆိုးရွားဆုံးအခြေအနေများတွင် ရှောင်ယုသည် သူတို့၏အသက်ကိုအကြိမ်တိုင်းကယ်တင်ခဲ့သည်။ထို့ပြင်ရှောင်ယုသည် သူတို့၏ခွန်အား၊အမြန်နှုန်းနှင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ ပေးအပ်ထားခဲ့ရာ သူတို့လုပ်ဆောင်နိုင်စွမ်း၏ ၂ဆကိုထုတ်ဖော်နိုင်ခဲ့သည်။ဤကျောင်းသားများသည် အကယ်ဒမီသို့ပြန်ရောက်လာပါက စစ်မှန်သောတိုက်ပွဲဝင်သူများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ရှောင်ယုသည် ဤစွန့်စားခန်းခရီးတွင်ရရှိလာသည့်အရာများကို သူတို့အားခွဲဝေပေးခြင်းမရှိလျှင်တောင်မှ သူတို့သည်စိတ်မကျေမနပ်ဖြစ်မည်မဟုတ်ပေ။

တိုက်ပွဲအတွင်း၌ ဒဏ်ရာရသူအချို့ရှိခဲ့သော်လည်း ထိုအရာသည်သူတို့အတွက် အတွေ့အကြုံကောင်းတစ်ခုဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤအဖြစ်အပျက်ပြီးနောက် သူတို့၏အသက်ကိုပိုမိုတန်ဖိုးထားတတ်လာမည်ဖြစ်သည်။သူတို့သည် ယခင်ကထက် ပိုမိုရင့်ကျက်လာကာ ရန်လိုခြင်းနှင့်စိတ်မရှည်ခြင်းတို့လျော့နည်းလာခဲ့သည်။ဤအရာသည် အသက်နှင့်သေခြင်းတိုက်ပွဲများမှ ရရှိလာသည့်သင်ခန်းစာများဖြစ်ပေသည်။

ယခုအခါ ကျောင်းသားများသည် အရည်အချင်းပြည့်ဝသော သူရဲကောင်းနှင့် မှော်ဆရာများဖြစ်လာကြပြီဖြစ်သည်။သူတို့ထဲမှ အများစုသည် ယခင်ကတည်းကရှောင်ယုနှင့်မပူးပေါင်းမိခဲ့ကြသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။တစ်ချိန်တည်းမှာပင် သူတို့သည် အတွေ့အကြုံများစွာရရှိခဲ့ကြကာ သူတို့၏ခွန်အားကိုမြင့်တင်နိုင်ခဲ့ကြသည်။

အစောပိုင်း အန်ကာဂန်တောင်တန်းသို့ဝင်ရောက်စဉ်တွင် မတူညီသောအကယ်ဒမီများမှ ကျောင်းသားများသည် အဖွဲ့များစွာခွဲ၍ စူးစမ်းခဲ့ကြသည်။သူတို့ထဲမှအများစုသည် အန္တာရယ်များမှ သူတို့ကိုယ်သူတို့မပုန်းအောင်းနိုင်ခြင်း သို့မဟုတ် ရန်သူများ၏သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးသွားခဲ့ရသည်။

ယခုအချိန်တွင် ဆရာကြီးအယ်လ်မာသည် ရှောင်ယုနှင့်ဆွေးနွေးရန်စဉ်းစားနေပြီး အနာဂတ်တွင် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည် အတွေ့အကြုံရရှိရန်အတွက် အန်ကာဂန်တောင်တန်းများဆီ စူးစမ်းလေ့လာချိန်တွင် ရှောင်ယုဘက်မှအကူအညီများပေးနိုင်ရန် ကြံရွယ်ထားပေသည်။

...

...

ရှောင်ယု၊ဂရင်းနှင့်လီအာတို့သည် ဘဏ်တိုက်အားစတင်မွေနှောက်ရှာဖွေခဲ့ကြသည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက ပရမ်းပတာဖြစ်ရပ်များအတွင်း မသေမျိုးတပ်ဖွဲ့များသည် ဤနေရာရှိအဖိုးတန်ရတနာများကို သိမ်းယူသွားခဲ့ပုံရပြီး ရတနာများမကျန်ရစ်ခဲ့တော့ပေ။သို့သော်လည်း ရွှေချောင်းများ၊အဖိုးတန်ပစ္စည်းများစသည်ဖြင့် ပစ္စည်းကောင်းလေးများကျန်ရစ်ခဲ့သည်။

စစ်ကမ္ဘာဂိမ်းတွင် ကစားသမားများသည် ဤကဲ့သို့သောပစ္စည်းများကို ဘဏ်၌သာသိမ်းဆည်းထားလေ့ရှိသောကြောင့် ရှောင်ယုသည်ဘဏ်တိုက်အား ရှာဖွေရန်စိတ်အားထက်သန်နေကြခြင်းဖြစ်သည်။ဤနေရာ၌ ပြန့်ကျဲနေသောအဖိုးတန်သတ္တရိုင်းများနှင့် ပစ္စည်းများသည် သူ့အတွက်အဖိုးမဖြတ်နိုင်ပေ။

တစ်ချိန်တည်းမှာပင်ရှောင်ယုသည် ဂိမ်းထဲတွင် သူအမြဲသတိရနေခဲ့သည့် လက်နက်တစ်ခုကိုတွေ့မြင်လိုက်ရပြီး မျက်တောင်မခတ်စိုက်ကြည့်မိလိုက်သည်။

"ဆန်းကြယ်ပုဆိန်..."

All Chapters