အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အခန်း ၁၉၀ - လျှိ့ဝှက်ဆန်းကြယ်သောအနက်ရောင်ဝတ်ရုံဝတ်များ
ရှောင်ယုသည် ထိုလက်နက်ကိုအလွန်ရင်းနှီးနေခဲ့သည်။
၎င်းသည် စစ်ကမ္ဘာဂိမ်းတွင် ထိုစဉ်အခါကကျော်ကြားခဲ့သည့် လက်နက်တစ်ခုဖြစ်သည်။ဂိမ်းအတွင်း၌ ဤပုဆိန်ထက်ပိုမိုကောင်းမွန်သော လက်နက်များစွာလည်း ထွက်ပေါ်ခဲ့သည်။ထိုအကြောင်းကိုပြောရလျှင် ဆန်းကြယ်ပုဆိန်နှင့်ပတ်သက်သည့် ဟာသအဖြစ်အပျက်တစ်ခုအား ရှောင်ယုသတိရနေသေးသည်။
မှော်ဆရာတစ်ယောက်နှင့်သူရဲကောင်းတစ်ယောက်သည် စစ်သည်တော်တစ်ယောက်အားသတ်ဖြတ်ရန်အတွက် သူတို့၏မြင်းများပေါ်မှဆင်းလာကြသည်။သို့သော် ထိုစစ်သည်တော်သည် ဆန်းကြယ်ပုဆိန်အားထုတ်ယူလိုက်ချိန်တွင် သူတို့သည်မြင်းပေါ်သို့ချက်ချင်းတက်ပြေးသွားကြသည်ဟု ဆိုသည်။ထိုသို့ကျော်ကြားသောလက်နက်တစ်ခုဖြစ်ခဲ့သည့် ဆန်းကြယ်ပုဆိန်တွင် ရက်စက်ကြမ်းကြုတ်သောဒဏ္ဍာရီတစ်ခုလည်းရှိခဲ့သည်။
ရှောင်ယုသည် ဤမျှကောင်းမွန်သောလက်နက်တစ်ခုအား မည်သည့်မသေမျိုးညီအစ်ကို မေ့လျောချန်ရစ်ခဲ့ကြောင်း မသိသေးပေ။ရှောင်ယုကိုယ်တိုင်ကမူ ဓားကိုအသုံးပြုရသည်ကိုစိတ်အားထက်သန်၍ ဤဆန်းကြယ်ပုဆိန်အား အိုနေးလ်ကိုကိုင်ဆောင်ခွင့်ပေးရန် စီစဉ်နေခဲ့သည်။အကယ်၍ အိုနေးလ်သာဤပုဆိန်ကို တပ်ဆင်လိုက်ပါက သူ၏ခွန်အားသည် အဆပေါင်းများစွာတိုးတက်လာမည်ဟု ရှောင်ယုယုံကြည်ပေသည်။
ခိုင်ရင်းနှင့်ဂရင်းတို့သည်ကား သူတို့အားဆင့်ခေါ်စဉ်ကပါလာသည့် လက်နက်များကိုသာ အသုံးပြုနိုင်ပေသည်။သ်ို့သော်သူတို့၏လက်နက်များသည် အနာဂတ်တွင် ဆန်းကြယ်ပုဆိန်ထက် အများကြီးပိုကောင်းသော အချက်အလက်များကိုပိုင်ဆိုင်လာမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ လက်ရှိအချိန်၌မူ ဆန်းကြယ်ပုဆိန်သည် သူတို့အသုံးပြုနေသည့်လက်နက်များထက် များစွာသာလွန်ကောင်းမွန်ပေသည်။
"ကောင်းတယ်...ငါတော့ထောပြီဘဲ"
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အား သိုလှောင်လက်စွပ်ထဲ၌ ထည့်သိမ်းထားလိုက်ပြီး စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။ထို့နောက်သူသည် အခြားအဖိုးတန်ပစ္စည်းများအား ဆက်လက်ရှာဖွေခဲ့သည်။သို့သော်သူသည် နောက်ထပ်မည်သည့်မှော်ကွန်းဝင်အဆင့် လက်နက်များကိုရှာမတွေ့ခဲ့ပေ။သို့သော် သေချာတွေးကြည့်ပြီးနောက် ဆန်းကြယ်ပုဆိန်ကဲ့သို့ အဆင့်မြင့်ရှားပါးလက်နက်တစ်ခုကို ရရှိရန်မှာလွယ်ကူမည်မဟုတ်ပေ။ယခုအချိန်တွင် တိုက်ကြီးတစ်ခုလုံး၌ မှော်ကွန်းဝင်အဆင့်လက်နက် အရေအတွက်၁၀၀ခန့်သာရှိပေသည်။
သူတို့သည် လက်နက်များကိုရှာမတွေ့သော်လည်း အဖိုးတန်ပစ္စည်းအမြောက်အများ၊ရှားပါးသတ္တုရိုင်းများနှင့် မှော်စာလိပ်များ အစရှိသည့်အရာကိုတွေ့ရှိခဲ့သည်။ရှောင်ယုသည် တွေ့ရှိသမျှအရာအားလုံးက်ို သိုလှောင်လက်စွပ်အတွင်း သေချာထည့်သိမ်းထားခဲ့သည်။သူသည်ခြင်္သေ့နယ်မြေသို့ပြန်ရောက်ပါက ဤပစ္စည်းများအားလုံးက်ို စနစ်တကျခွဲခြားရမည်ဖြစ်သည်။
"အာ...သံဗုံးတစ်ခုလား.."
အချိန်အတော်ကြာရှာဖွေပြီးနောက် ရှောင်ယုသည်သံဗုံးသေတ္တာတစ်ခုအား ရှာတွေ့ခဲ့သည်။ရှောင်ယုသည် ဂိမ်းကစားသူဘဝကပင် ဤလက်နက်များကိုကြိုက်နှစ်သက်ခဲ့သည်။၎င်းတို့သည် ကြီးမားသည့်ကွင်းပြင်ကျယ်ကြီးတစ်ခုကိုတောင် ဖောက်ခွဲနိုင်စွမ်းရှိသည်။ဤဗုံးများတွင် မှော်စွမ်းအင်မပါရှိသော်လည်း လုံလုံလောက်လောက်ပြုလုပ်နိုင်ပါက လင်းနို့စီးနင်းသူများအသုံးပြုသည့် မီးတောက်အဆီများထက် များစွာသာလွန်မည်ဖြစ်သည်။
သံဗုံးများသည် မှင်စာများ၏လက်ရာများဖြစ်ကြသည်။ယခုအခါတွင် မှင်စာများသည် မျိုးသုဉ်းလုနီးပါးဖြစ်နေရာ ဤသံဗုံးများအား ထုတ်လုပ်သည့်နည်းလမ်းများသည် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။မည်သို့ပင်ဆ်ိုစေကာမူ ရှောင်ယုသည် အသက်ရှင်ကျန်ရစ်နေသောမှင်စာအချို့ထံတွင် ထိုသံဗုံးအားထုတ်လုပ်ရန် နည်းစနစ်များ၊အသိပညာများရှိနေနိုင်သည်ဟု ယုံကြည်ခဲ့သည်။
"ဒါက အံ့သြစရာကောင်းတဲ့ လက်နက်တစ်ခုပဲ.."
ရှောင်ယုသည် သံဗုံးများကိုသိမ်းဆည်းလိုက်ပြီးနောက် အခြားအရာများကိုဆက်လက်ရှာဖွေခဲ့သည်။ဤနေရာတွင် သံဗုံးများသိမ်းဆည်းထားသည့် သေတ္တာဒါဇင်ကျော်ကိုရှောင်ယုရှာတွေ့ခဲ့သည်။ယခုအချိန်၌ ရှောင်ယုထံတွင် သံဗုံးအမြောက်အများကိုပိုင်ဆိုင်ထားပြီဖြစ်ရာ ဤဗုံးများကိုအသုံးပြု၍ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုများပြုလုပ်ရန်နှင့် ဧရာမသားရဲများကိုသတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။
ရှောင်ယုသည် အချိန်အတော်ကြာအောင် လှည့်ပတ်ရှာဖွေပြီးနောက် အဖိုးတန်ပစ္စည်းအမြောက်အများကို နေရာအနှံ့၌ရှာတွေခဲ့ကာ သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းထားခဲ့သည်။ပစ္စည်းအများစုမှာ ဤတိုက်ကြီးပေါ်တွင်နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သောအရာများဖြစ်ပြီး ၎င်းတို့၏တန်ဖိုးသည် အလွန်မြင့်မားပေသည်။
ထိုအခိုက်အတန့်တွင် ရှောင်ယုသည် မသေမျိုးသတ္တဝါများ၏အော်ဟစ်သံနှင့် ပေါက်ကွဲသံများကိုကြားလိုက်ရသောကြောင့် ရတနာများရှာဖွေရန် အချိန်ကုန်ဆုံးတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ရှောင်ယုသည် မသေမျိုးများနှင့်တိုက်ခိုက်နေသူများကို စောင့်ကြည့်ရန်ဘဏ်အပြင်သို့ထွက်လာခဲ့သည်။ထိုလူများအသုံးပြုနေသည့်မှော်ပညာအစွမ်းအရ ထိုလူများ၏အဖွဲ့တွင် အနည်းဆုံးပဥ္စမအဆင့်မှော်ဆရာတစ်ယောက်ရှိနေနိုင်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ပဥ္စမအဆင့်မှော်ဆရာများသည် ဤတိုက်ကြီး၌ပင်အလွန်ရှားပါးလှကာ ဤစွန့်စားခရီး၌တွေ့မြင်ရလိမ့်မည်ဟု ရှောင်ယုမမျှော်လင့်ထားပေ။
ထိုအဖွဲ့သည် မသေမျိုးများကို အလွယ်တကူဖြတ်ကျော်လာနိုင်သည့်အတွက်ကြောင့် ၎င်းတို့အဖွဲ့၏ခွန်အားသည် အလွန်အားကောင်းကြောင်းတွေ့မြင်နိုင်သည်။ပဥ္စမအဆင့်မှော်ဆရာမှ ထုတ်လွှတ်လိုက်သည့်မှော်မန္တန်သည် အလွန်စွမ်းအားကြီးကာ မရေမတွက်နိုင်သောမသေမျိုးများကို ပြာအဖြစ်ပြောင်းလဲပစ်ခဲ့သည်။ထိုမှော်မန္တန်၏အစွမ်းသည် ဆရာကြီးအယ်လ်မာ၏ အစွမ်းထက်ဆုံးမှော်မန္တန်ထက် များစွာပိုမိုအားကောင်းပေသည်။စတုတ္ထအဆင့်နှင့်ပဥ္စမအဆင့်မှော်ဆရာများအကြားကွာဟချက်သည် ဆယ်ဆမကပိုမိုများပြားလေသည်။ထို့အတူ ပဥ္စမအဆင့်နှင့် ဆဌမအဆင့်ကြားကွာဟချက်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။
ထိုစွန့်စားသူအဖွဲ့၌ ပဥ္စမအဆင့်မှော်ဆရာအပြင် အခြားအားကောင်းသည့်မှော်ဆရာများလည်း ပါဝင်ပေသည်။အချို့သူရဲကောင်းများသည် ရှောင်ယုတစ်ချက်ကြည့်ရုံဖြင့် စတုတ္ထအဆင့်သူရဲကောင်းများအဖြစ် သိသာနေပေသည်။သာမန်အားဖြင့် စတုတ္ထအဆင့်သူရဲကောင်းများကို ဤတိုက်ကြီး၌ရှာဖွေရန် ခက်ခဲသော်လည်း ထိုအုပ်စုအတွင်းတွင်သူတို့သည် သာမန်တိုက်ခိုက်ရေးသမားများသာဖြစ်သည်။ကျန်အဖွဲ့ဝင်များသည်လည်း အနိမ့်ဆုံးတတိယအဆင့်နှင့်အထက်လက်ရွေးစင်များဖြစ်ကြသည်။သို့သော်လည်း သူတို့၏အဝတ်အစားများသည် အလွန်ထူးခြားလှပြီး အနက်ရောင်ဝတ်ရုံကြီးတစ်ခုကို အသုံးပြုကာသူတို့၏ခန္ဓာကိုယ်အား လွှမ်းခြုံထားကြပြီး သူတို့၏မျက်နှာကိုထူးဆန်းသောမျက်နှာဖုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့သည်။
"သူတို့က ဒီလောက်အစွမ်းထက်တာကို ဘာလို့ထူးထူးဆန်းဆန်းဝတ်ရုံတွေကို ဝတ်ထားရတာလဲ..."
ထိုလူများသည် ရှောင်ယုတို့ရှိရာ ဘဏ်တိုက်ဆီသို့ဦးတည်လာ၍ ထိုဘဏ်တိုက်အတွင်းရှိအရာအားလုံးကို ရယူလိုကြောင်းထင်ရှားနေခဲ့သည်။
...
...
အနက်ရောင်ဝတ်ရုံဝတ်လူများသည် ဘဏ်တိုက်ရှိရာအထပ်သို့ရောက်ရှိလာချိန်တွင် သူတို့ထဲမှတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဒီကိုငါတို့ထက် တစ်စုံတစ်ယောက်က အရင်ရောက်နှင့်နေပြီ"
သူတို့သည် ဤနေရာသို့ရောက်ရှိရန် မရေမတွက်နိုင်သော မသေမျိုးများကိုသတ်ဖြတ်ခဲ့ကြသော်လည်း ရှောင်ယုသည် ဘဏ်တိုက်တစ်ခုလုံးအားရှင်းလင်းထားခဲ့ပြီးဖြစ်သည်။ထိုလူများသည် ဘဏ်တိုက်အတွင်းသို့ဝင်ရောက်လာသည်ကို မြင်သောအခါ ရှောင်ယုသည်ဂရင်း၊လီအာတိုနှင့်အတူ ဘဏ်တိုက်ထဲမှထွက်ခွာလာခဲ့သည်။သ်ို့သော်လည်း ထိုသို့မထွက်ခွာမှီ မသေမျိုးများ၏အာရုံကိုစွဲဆောင်ရန်အတွက် သံဗုံးများစွာကို ဘဏ်တိုက်ထဲပစ်ချထားခဲ့သည်။ထို့နောက် သူတို့၃ယောက်သည် ကိုယ်ယောင်ဖျောက်ကာ အမြန်ထွက်ပြေးသွားခဲ့သည်။ပေါက်ကွဲမှုဒဏ်ကြောင့် ဒေါသအမျက်ထွက်နေသော မသေမျိုးအုပ်လိုက်ကြီးသည် ဘဏ်တိုက်အတွင်းပြေးဝင်လာကြပြီး တစ်ချိန်တည်းမှာပင်ဘဏ်တိုက်အတွင်း ဝင်ရောက်လာသောအနက်ရောင်ဝတ်ရုံဝတ်များနှင့် ထိပ်တိုက်တွေ့မိကြသည်။
ထိုဖြစ်ရပ်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်များသည် ဒေါသအမျက်ထွက်သွားခဲ့သည်။သူတို့သည် ဤနေရာသို့ရောက်လာရန်အတွက် မသေမျိုးများစွာကို တိုက်ထုတ်ခဲ့ရသော်လည်း ယခုအချိန်ထိအနားယူရမည့်ပုံမပေါ်သေးပေ။ထိုခဏတွင် ကျယ်လောင်သောပေါက်ကွဲသံကြောင့် အိပ်မောကျနေသော မသေမျိုးအချို့သည် ဘဏ်တ်ိုက်ထဲသို့ အပြေးအလွှားဝင်ရောက်လာကြသည်။
ရှောင်ယုသည် သူ၏အဖွဲ့ကိုခေါ်ကာ တတ်နိုင်သမျှအမြန်ဆုံး ဆုတ်ခွာလာခဲ့သည်။ထိုအနက်ရောင်ဝတ်ရုံဝတ်များသည် ဘဏ်၏တည်နေရာသို့အပြေးအလွှားရောက်လာကတည်းက ထိုလူများထံတွင် မြေအောက်မြို့တော်၏တည်နေရာအသေးစိတ်ကို ဖော်ပြထားမည့်မြေပုံရှိနေနိုင်ကြောင်း ရှောင်ယုခန့်မှန်းမိလိုက်သည်။ထို့ပြင် ၎င်းတို့အဖွဲ့၏စွမ်းအားသည် ရှောင်ယုတို့အဖွဲ့ထက် ပိုမိုအားကောင်းပေသည်။
ရှောင်ယု၏စနက်ကြောင့် ထိုအနက်ရောင်ဝတ်ရုံဝတ်များသည် မသေမျိုးများနှင့်အချိန်အတော်ကြာတိုက်ခိုက်နေလျှင် အကောင်းဆုံးဖြစ်သည်။ရှောင်ယုသည် မြေအောက်မြို့တော်နှင့်အလွန်ရင်းနှီးသဖြင့် အဆောက်အဦးတည်နေရာများသည် အလွန်ရှုပ်ထွေးကြောင်းနားလည်ထားပေသည်။ထိုအနက်ရောင်ဝတ်ရုံဝတ်များတွင် မြေပုံရှိလျှင်ပင် တည်နေရာအတိအကျကို ရှာဖွေရန်ခက်ခဲမည်ဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် မြေအောက်မြို့တော်၌ သဘာဝကျစွာပင်အားသာချက်ရှိပေသည်။
ယခုသူ၏အစီအစဉ်မှာ စစ်တပ်နယ်မြေ၏ ထောင့်စွန်း၌ရှိနေသော အဂ္ဂိရိတ်ခန်းမထံ သွားရန်ဖြစ်သည်။ထိုအဂ္ဂိရိတ်ခန်းမသည် အလွန်လျှို့ဝှက်သောနေရာတွင် ရှိနေပေသည်။ထိုအနက်ရောင်ဝတ်ရုံဝတ်များသည် မြေပုံဖြင့်ပင်လျှင် အဂ္ဂိရိတ်ခန်းမအားရှာဖွေရခက်ခဲမည်ဖြစ်သည်။သူတို့သည် အဂ္ဂရိတ်ခန်းမသို့ရောက်ပါက ထိုနေရာမှတဆင့် ဆီးဗက်နက်စ်(လေလိုက်ဖမ်းသူ)၏ဧည့်ခန်းသို့ ဝင်ရောက်နိုင်သည်။
လမ်းတလျှောက်တွင် ရှောင်ယုသည် တွေ့မြင်သမျှအဖိုးတန်ပစ္စည်းများကို မစစ်ဆေးတော့ဘဲ သိုလှောင်လက်စွပ်အတွင်းသို့သာ ပစ်ထည့်လိုက်သည်။
ဤအရာသည် သူ၏အားသာချက်ဖြစ်သည်။သူ့နေရာတွင် အခြားသူများဆိုပါက ဤအဖိုးတန်ပစ္စည်းများကို ရွေ့ပြောင်းရန်အခက်အခဲရှိနိုင်သော်လည်း ရှောင်ယုကမူဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ဖမ်းယူသိမ်းဆည်းနိုင်သည်။
"ဒီရက်ပိုင်း..ငါတော်တော်ကံကောင်းနေတာပဲ.."
ရှောင်ယုသည် လေလံအိမ်ရှိ ဘဏ္ဍာတိုက်တွင်ပစ္စည်းကောင်းအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့၍ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"ဟာရီကိန်းနဲ့တိုမာဟောခ့်တွေ....နတ်ဘုရားတွေကငါ့ကိုကောင်းချီးပေးနေတာပဲ...ငါကတိုမာဟောခ့်၆ခုနဲ့ဟာရီကိန်း၂ခုကို ရှာတွေ့ခဲ့တယ်"
ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် သတိလစ်မေ့လဲမတတ်ဖြစ်သွားခဲ့သည်။
အခန်း ၁၉၁ - မှော်နက်စုန်းများ
"ဒီခေတ်ကလူတွေတောင် တိုမာဟောခ့်တွေနဲ့ ဟာရီကိန်းတွေကိုတော်တော်ရင်းနှီးကြတယ်...ဒီပစ္စည်းနှစ်ခုကလေလံအိမ်တွေမှာ မကြာခဏဆိုသလိုပေါ်လာတတ်တယ်..."
အေဇာရောဂ့်တိုက်မှ သူရဲကောင်းများသည် သူတို့၏ပထမဆုံးရွေးချယ်မှုအဖြစ် တိုမာဟောခ့်ကိုလက်နက်အဖြစ် ရွေးချယ်ခဲ့ကြသည်။၎င်း၏စျေးနှုန်းသည် မမြင့်မားဘဲလေလံအိမ်များ၌ ဝယ်ယူနိုင်ပေသည်။ဤတိုမာဟောခ့်ပုဆိန်များကို အကြိုမှော်ကွန်းဝင်လက်နက်များအဖြစ် သတ်မှတ်နိုင်ပေသည်။
ဟာရီကိန်းများသည် လေးသမားများအတွက် မရှိမဖြစ်လိုအပ်သောလက်နက်ဖြစ်သည့်အပြင် တိုမာဟောခ့်များထက် စျေးကြီးပေသည်။ထို့ပြင် ၎င်းတို့၌မြှား၏အရှိန်နှုန်းကို မြင့်တင်ပေးနိုင်သည့်လေမှော်သင်္ကေတများ ရေးထွင်းထားပေသည်။ထို့ပြင် ရန်သူ၏လှုပ်ရှားမှုအရှိန်ကိုနှေးကွေးသွားစေမယ့် နှင်းခဲသင်္ကေတကို ရေးထွင်းထားသည်။ရာအူးလ်ကိုသာ ဤလက်နက်ကိုတပ်ဆင်ပေးလိုက်ပါက သူ၏စွမ်းအားကိုကြီးကြီးမားမားတိုးတက်စေမည်ဖြစ်သည်။
"ဟားဟား..ဘဝကသာယာလိုက်တာကွာ.."
မည်သို့ပင်ဆိုစေ ရှောင်ယုသည်ဤလူအုပ်နှင့်အတူ နေရာတိုင်းအားစူးစမ်းလေ့လာရန် မဖြစ်နိုင်ကြောင်းနားလည်ထားပေသည်။ဘဏ်တိုက်အနီးတွင် သူနှင့်တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သောအနက်ရောင်ဝတ်ရုံဝတ်များနှင့်သာတိုက်ခိုက်ရပါက သူတို့လုံးဝရှုံးနိမ့်မည်ဖြစ်သည်။
ရှောင်ယုသည် ဂရင်းနှင့်လီအာတို့နှင့်အတူ ရတနာများအား ရှာဖွေနေစဉ်အတောအတွင်း သူ၏အဖွဲ့အားမှော်ဆေးအဂ္ဂိရိတ်ခန်းမ၌ ပုန်းအောင်းနေရန် ညွန်ကြားခဲ့သည်။ရှောင်ယုသည် အခြားသူများထက်ပိုမိုကောင်းမွန်သော ရတနာပစ္စည်းများကိုရရှိရန်အတွက် သူနှင့်ရင်းနှီးနေသည့်မြေပြင်အနေအထားအားသာချက်ကို အသုံးချသွားမည်ဖြစ်သည်။အကယ်၍ သူသည်သူ၏အဖွဲ့နှင့်အတူတူသွားရောက်နေပါက ထိုသို့လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်သည်။
မှော်ဆေးအဂ္ဂိရိတ်ခန်းမသည် စစ်တပ်နယ်မြေ၏ထောင့်စွန်းတွင်ရှိ၍ သူတို့၏လက်ရှိနေရာနှင့် မဝေးလှပေ။မှော်ဆေးအဂ္ဂိရိတ်ခန်းမ၏ အဝင်ဝတွင် မသေမျိုးအနည်းငယ်သာရှိခဲ့သည်။သူတို့သည် ထိုမသေမျိုးများကိုသတ်ဖြတ်ကာ အလွန်ကျည်းမြောင်းသောအဝင်လမ်းမှတဆင့် အတွင်းထဲဝင်ရောက်လာကြသည်။မှော်ဆေးအဂ္ဂိရိတ်ခန်းမအတွင်း၌ မသေမျိုးသတ္တဝါတစ်ကောင်ကိုမှ မတွေ့မြင်ခဲ့ရသောကြောင့် ရှောင်ယုတို့သည်အနည်းငယ်ထူးဆန်းနေခဲ့သည်။သို့သော်လည်း ရှောင်ယုသည် ထိုအကြောင်းကိုများစွာစဉ်းစားမနေဘဲ သူ၏အဖွဲ့က်ိုအထဲ၌နေရန် စီစဉ်ထားခဲ့ကာ သူသည်ကားဂရင်းနှင့်လီအာတို့နှင့်အတူ အဖိုးတန်ပစ္စည်းများကို ရှာဖွေနေခဲ့သည်။
ဤနေရာတွင် ရတနာများကိုရှာဖွေနေသည့် အခြားအဖွဲ့တစ်ခုရှိနေကြောင်း ရှောင်ယုသိထားပေသည်။ထို့ကြောင့် သူတို့သည်တတ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ရမည်ဖြစ်သည်။ရှောင်ယုထံတွင် သိုလှောင်လက်စွပ်များရှိနေ၍ ရတနာပစ္စည်းများသိမ်းဆည်းရန်ကိစ္စကို စိတ်မပူခဲ့ပေ။ရှောင်ယုသည် သံဗုံးအနည်းငယ်ကို မှော်ဆေးအဂ္ဂိရိတ်ခန်းမ၏အဝင်ဝ၌ပစ်ချကာ မသေမျိုးများကိုဆွဲဆောင်လိုက်သည်။သူတွေ့ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောအနက်ရောင်ဝတ်ရုံဝတ်များသည် ဤမသေမျိုးများစုဝေးရာနေရာအား ရှာဖွေရန်စိတ်ဝင်စားလိမ့်မည်ဟု ရှောင်ယုမယုံကြည်ပေ။
ထို့နောက် ရှောင်ယု၊ဂရင်းနှင့်လီအာတို့သည် နောက်ထပ်လေလံအိမ်ဆီသို့ အမြန်ဆုံးဦးတည်ရွေ့လျားခဲ့သည်။ရှောင်ယုတို့သည် ဒုတိယမြောက်လေလံအိမ်၌ တိုမာဟောခ့်များနှင့်ဟာရီကိန်းများကို တွေ့ရှိခဲ့၍ နောက်ထပ်သွားရောက်မည့်လေလံအိမ်တွင် ပစ္စည်းကောင်းများရနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။သို့သော်လည်း သူတို့ထိုနေရာသို့ရောက်သောအခါ အခြားအဖွဲ့တစ်ခုက ထိုနေရာသို့ကြိုရောက်ကာ လေလံအိမ်အားရှာဖွေနေကြောင်း တွေ့လိုက်ရသည်။
"သေစမ်း...နောက်ထပ်အဖွဲ့တစ်ခုရှိနေသေးတာလား...သူတို့ကဝတ်ရုံနက်တွေလောက် မသန်မာပေမဲ့ ပဥ္စမအဆင့်သူရဲကောင်းတွေပါနေတယ်...ဒီမှာဘာတွေဖြစ်နေတာလဲ..."
မြေအောက်မြို့တော်အတွင်းသို့ လူပေါင်းများစွာဝင်ရောက်လာမည်ဟု ရှောင်ယုမမျှော်လင့်ထားသည့်အတွက်ကြောင့် တိတ်တဆိတ်ညည်းညူမိလိုက်သည်။
ရှောင်ယုသည် အခြားလေလံအိမ်တစ်ခုဆီ လမ်းကြောင်းပြောင်းလိုက်သော်လည်း ထိုနေရာ၌ဝတ်ရုံနက်များရှိနေကြောင်း တွေ့မြင်လိုက်ရသည်။
"ဝံပုလွေတွေ အရေအတွက်များလာတာနဲ့အမျှ အသားကနည်းနည်းပဲကျန်တော့တယ်...ကံကောင်းပေလို့ ငါကဘဏ်တိုက်ကိုအရင်ဆုံးရှာတွေ့ခဲ့တာပဲ...အဲ့ကရခဲ့တဲ့ ဆန်းကြယ်ပုဆိန်တစ်ခုတည်းတောင်မှ အဖိုးတန်ရတနာတွေအများကြီးနဲ့ နှိုင်းယှဉ်နိုင်တယ်"
ရှောင်ယုသည် ထိုလူများနှင့်အဆက်အဆံမလုပ်ချင်ခဲ့ပေ။ထိုလူများ၏အစွမ်းအရ သူတို့၃ယောက်ကိုယ်ယောင်ဖျောက်နေလျှင်ပင် သူတို့အားရှာတွေ့သွားလိမ့်မည်ဟု ရှောင်ယုခံစားမိနေသည်။
"သူတို့ရဲ့တကယ့်ရည်ရွယ်ချက်က လေလံအိမ်တွေသာဆိုရင် ဒီအဖွဲ့နှစ်ခုလုံးက အေရွန်နိုင်ငံရဲ့အပျက်အစီးတွေကနေ ရောက်လာကြတဲ့ပုံဘဲ...ဒါပေမဲ့အဝင်တံခါးတွေကိုပိတ်ဆို့ထားတာကြောင့် သူတို့ကလမ်းကြောင်းတစ်ခုခုကနေဝင်လာတာဖြစ်ရမယ်...လောလောဆယ်ဝတ်ရုံနက်တွေက ဘဏ်ကိုအရင်ဆုံးရောက်လာတာဆိုတော့ ငါကမှော်နယ်မြေကိုအရင်ဆုံးသွားရလိမ့်မယ်...အဲ့ဒီမှာပစ္စည်းကောင်းလေးတွေအများကြီးရှိတယ်..."
ရှောင်ယုသည် လက်ရှိအခြေအနေ၏ ကောင်းကျိုးဆိုးကျိုးများကို တွေးကြည့်ပြီးနောက် လေလံအိမ်များသို့မသွားရောက်တော့ဘဲ မှော်နယ်မြေကိုသာ ရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။
ထိုအဖွဲ့များတွင် မြေအောက်မြို့တော်၏မြေပုံ ရှိကောင်းရှိနေနိုင်သော်လည်း မြေအောက်မြိုတော်နှင့်ရင်းနှီးနေသည့် ရှောင်ယုကဲ့သို့လွယ်လွယ်ကူကူသွားလာနိုင်မည်မဟုတ်ပေ။ထို့ပြင် နေရာတိုင်း၌ မသေမျိုးသတ္တဝါများနှင့်သရဲတစ္ဆေအများအပြားရှိနေပေသည်။ထိုအဖွဲ့များသည် တစ်နေရာသို့ရောက်ရှိရန် အချိန်များစွာယူနေရချိန်တွင် ရှောင်ယုကတိတ်တဆိတ်ခိုးဝင်နိုင်သည်။
လမ်းတလျှောက်လုံးတွင် အဆင့်မြင့်မသေမျိူးသားရဲများကိုတွေ့ကြုံခဲ့သော်လည်း သူတို့၃ယောက်သည် ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ ဖြတ်ကျော်သွားကြသည်။အချို့နေရာများတွင် မသေမျိူးသတ္တဝါများအလွန်များပြားနေ၍ ရှောင်ယုသည်လမ်းကြောင်းဖောက်ရန် သံဗုံးများကိုအသုံးပြုခဲ့ရသည်။ဤသံဗုံးများသည် ယခုလိုနေရာမျိုးတွင် အလွန်အသုံးဝင်ပြီး သံဗုံး၏ပေါက်ကွဲနိုင်စွမ်းသည် စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်သူရဲကောင်းကိုတောင် သတ်ဖြတ်နိုင်ပေသည်။အကယ်၍ တစ်ဖက်ရန်သူသည်သူတို့အားဖိအားပေးလာလျှင် မှော်ဆရာများကိုဒုက္ခပေးရန် ဤသံဗုံးများကိုအသုံးပြုနိုင်သည်။
ရှောင်ယုတို့သည် အန္တာရယ်များသောနေရာများကို ဖြတ်ကျော်ပြီးနောက်တွင် မှော်နယ်မြေသို့ရောက်ရှိသွားကြသည်။ရှောင်ယုသည် မှော်ပစ္စည်းအရောင်းဆိုင်များသို့ ခိုးဝင်ကာမှော်စာအုပ်များနှင့်ပစ္စည်းများကို ရှာဖွေခဲ့သည်။ထိုဆိုင်များတွင် လေလံအိမ်နှင့်ဘဏ်တိုက်ကဲ့သို့ ပစ္စည်းကောင်းများရှိနေမည်မဟုတ်သော်လည်း သာမန်ပစ္စည်းအမြောက်အများသည်ပင်လျှင် ရောင်းချလိုက်ပါကငွေကြေးများစွာ ရရှိမည်ဖြစ်သည်။
စျေးဆိုင်အချို့တွင် သရဲတစ္ဆေအချို့ရှိနေသော်လည်း ၎င်းတို့သည်အလုပ်သင်မှော်ဆရာများမှပြောင်းလဲသွားသည့် သရဲများဖြစ်ကြပေရာ သူရဲကောင်းသရဲတစ္ဆေများထက် ပိုမိုသတ်ဖြတ်ရလွယ်ကူပေသည်။ပြာမှုန်သယ်ဆောင်သူသည် ထိုသရဲတစ္ဆေများကိုသတ်ဖြတ်ရာ၌ ကောင်းစွာအစွမ်းပြနိုင်ခဲ့ကာ ရှောင်ယု၏လက်ချက်ကြောင့် အများအပြားသေဆုံးခဲ့ရသည်။
ရှောင်ယုသည် ပစ္စည်းများ၏အချက်အလက်နှင့် အသုံးဝင်ပုံတို့အားသေချာမစစ်ဆေးတော့ဘဲ တွေ့သမျှအရာအားလုံးကို သ်ိုလှောင်လက်စွပ်ထဲပစ်ထည့်လိုက်သည်။ရှောင်ယုသည် မှော်ပစ္စည်းများအကြောင်းကို သေချာနားမလည်သောကြောင့် ၎င်းတို့အားအမျိုးအစားခွဲခြားရန်အတွက် ဆရာကြီးအယ်လ်မာအား နောက်ပိုင်း၌ပြသရန်စီစဉ်ခဲ့သည်။ထို့နောက် သူယူဆောင်လာခဲ့သည့် ပစ္စည်းတစ်ချို့တစ်ဝက်ကို ဆရာကြီးအယ်လ်မာနှင့်ခွဲဝေယူမှာဖြစ်သည်။
ရှောင်ယုသည် မှော်စျေးဆိုင်အားလုံးက်ို လုယက်ပြီးနောက် ခန်းမထဲသို့ဦးတည်သွားခဲ့သည်။ထိုခန်းမအတွင်း၌ မှော်ပညာနှင့်သက်ဆိုင်သော စာအုပ်များစွာရှိနေနိုင်သည်။ဤရှေးဟောင်းစာအုပ်များကိုသာ အပြင်လောက၌ရောင်းချပါက စျေးကောင်းရနိုင်ပေသည်။ရှောင်ယုသည် ခန်းမအတွင်းသို့မဝင်ရောက်မှီ ခန်းမတံခါးဝမှတဆင့် တိတ်တဆိတ်စစ်ဆေးကြည့်ခဲ့ရာ သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။
"သေစမ်း...ငါအလျင်စလိုမဝင်ခဲ့တာ တော်တော်ကံကောင်းတာပဲ..."
ရှောင်ယုသည် ခန်းမအတွင်း၌ အစွမ်းထက်သောမသေမျိုးများစွာရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ထိုမသေမျိုးများအနက် သူမ၏ခန္ဓာကိုယ်မှပြင်းထန်သောမှော်စွမ်းအင်များ ထုတ်လွှတ်နေသည့်မှော်နက်စုန်းတစ်ကောင်လည်းရှိနေပေသည်။ထိုစုန်းမသည် အနိမ့်ဆုံးစတုတ္ထအဆင့်မှော်ဆရာတစ်ယောက်ဖြစ်ကြောင်း ရှောင်ယုယုံကြည်ခဲ့သည်။
"အဲ့စုန်းမက ဆရာကြီးအယ်လ်မာနဲ့ညီမျှတဲ့ခွန်အားရှိနေရင်တောင် ငါမကြောက်သေးဘူး...မှော်ဆရာတွေကအားနည်းတဲ့ခန္ဓာကိုယ်ရှိတာကြောင့် ရင်ဆိုင်ရတာမခက်ခဲဘူး...ဒါပေမဲ့စုန်းမတွေမှာ အထူးအရည်အချင်းတွေရှိတာကြောင့် သတ်ရတာလွယ်မှာမဟုတ်ဘူး"
ရှောင်ယုသည် စုန်းမအားဖယ်ရှားရန်နည်းလမ်းများကို စတင်ရှာဖွေခဲ့သည်။သူသည် ထိုစုန်းမအားမသတ်ဖြတ်ဘဲ ဤနေရာအားရှာဖွေရန်မဖြစ်နိုင်ပေ။
ရှောင်ယုသည် စုန်းမ၏လက်ထဲတွင် မှော်တုတ်တံတစ်ခု ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ထိုမှော်တုတ်တံသည် သာမန်လက်နက်မဟုတ်ချေ။၎င်းသည် မှော်ဆရာများ၏စွမ်းအားကိုတိုးတက်စေကာ လင်းမူရွယ်အားလက်ဆောင်ပေးနိုင်ပေသည်။
သို့သော် စုန်းမ၏အဝတ်အစားများသည် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သည်။ထိုသို့မဟုတ်ပါက ထိုအဝတ်အစားများသည်များစွာအဖိုးတန်ပေသည်။ထို့ပြင် စုန်းမ၏ခန္ဓာကိုယ်ပေါ်၌ မှော်ဆွဲကြိုးများ၊လက်ကောက်များရှိနေနိုင်သည်။
ထိုအခိုက်အတန့်၌ ခန်းမ၏နောက်ဘက်တွင် နောက်ထပ်စုန်းမနှစ်ကောင်ကိုတွေ့လိုက်ရ၍ ရှောင်ယုအကျပ်ရိုက်သွားခဲ့သည်။ယခုအခါ သူသည်စုန်းမ၃ကောင်အား ရင်ဆိုင်ရတော့မည်ဖြစ်သည်။
"ဒါတွေက အလုပ်သင်မှော်ဆရာတွေကို သင်ကြားပေးတဲ့ပါမောက္ခတွေပဲဖြစ်ရမယ်...သူတို့ကစုန်းမတွေအဖြစ် ပြောင်းလဲသွားခဲ့တာပဲ...စုန်းမတွေအဖြစ်ပြောင်းလဲသွားတဲ့ ပါမောက္ခမှော်ဆရာတွေက တော်တော်ကိုအန္တာယ်များလွန်းတယ်...ငါဘာဆက်လုပ်ရမလဲ...သူတို့ကိုသတ်ရမှာလား....ငါသာအောင်မြင်ရင်ချမ်းသာပြီ...ဒါပေမဲ့တစ်ခုခုသာလွဲသွားရင် ငါတို့အကုန်သေရလိမ့်မယ်"
အခန်း ၁၉၂ - စုန်းမများကိုသတ်ဖြတ်ရန် နည်းဗျူဟာချမှတ်ခြင်း
မှော်နယ်မြေ...
ရှောင်ယုသည် စုန်းမ၃ယောက်ကိုကြည့်ရင်း အကျပ်ရိုက်သွားခဲ့သည်။မှော်နယ်မြေသည် ကြီးမားသောနေရာတစ်ခုဖြစ်သော်လည်း သူတို့၃ယောက်တည်းဖြင့် စုန်းမ၃ကောင်အားရင်ဆိုင်တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။အမှန်တော့ ရှောင်ယုသည်ဤနေရာသို့ ဆရာကြီးအယ်လ်မာအပြင် သူ၏တပ်ဖွဲ့များ၊မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများအားလုံးက်ို ခေါ်ဆောင်လာလျှင်ပင် စုန်းမများကိုဘာမှလုပ်နိုင်မည်မဟုတ်ပေ။
"စုန်းမတွေက အရမ်းသန်မာလွန်းတယ်...သူတို့ရဲ့ခွန်အားကိုငါမမြင်ဖူးပေမဲ့ ဝတ်ရုံနက်တွေဦးဆောင်တဲ့အဖွဲ့ကပဲ သူတို့ကိုသတ်ဖြတ်နိုင်လောက်တယ်...ငါတို့၃ယောက်ပဲဆိုရင်တော့ ဒီစုန်းမ၃ယောက်ကိုသတ်ဖြတ်ဖို့ နည်းနည်းတော့ပေးဆပ်ရလိမ့်မယ်"
ရှောင်ယုသည် ဖြစ်နိုင်ခြေများကို တွက်ချက်ရင်းစဉ်းစားနေခဲ့သည်။
သူသည် မှော်နယ်မြေနှင့်ခန်းမတစ်ခုလုံးအား စစ်ဆေးခဲ့ကာ စုန်းမများ၏တိုက်ခိုက်မှုမှ လွတ်မြောက်ရန်အတွက် နေရာကောင်းများကိုရှာဖွေနေခဲ့သည်။
"သူတို့ကိုသတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သီအိုဒိုးပေးခဲ့တဲ့ မှော်စာလိပ်တွေကိုအသုံးပြုတာပဲ...ဒါပေမဲ့မှော်စာလိပ်တွေက တစ်ခါသုံးတွေပဲမလို့ အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပိုပိုနည်းလာလိမ့်မယ်"
ရှောင်ယုသည် မှော်စာလိပ်များအသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးကို တွေးတောရင်း စိတ်ပူနေခဲ့သည်။သူ့ထံတွင်မှော်စာလိပ်များ ရှိနေလျှင်တောင်မှ စုန်းမများကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်မည်ဟု ရှောင်ယုမထင်ခဲ့ပေ။
ရှောင်ယုသည် ခန်းမအတွင်းရှိ တံတားများကိုအသုံးပြုကာ စုန်းမများအားပြောက်ကျားတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ခန်းမအတွင်း၌ မှော်စာအုပ်များရှိနေနိုင်၍ သူသည်ခန်းမအတွင်း၌မှော်စာလိပ်များကို ပေါ့ပေါ့တန်တန်မသုံးရဲပေ။ထို့ပြင် ရှောင်ယုသည် စုန်းမများ၏တိုက်ခိုက်ခြင်းမှကာကွယ်ရန်အတွက် ထိုတံတားကိုအသုံးပြုနိုင်ပေသည်။တံတားအောက်ရှိရေများသည် ညစ်ပတ်ကာအုံ့မှိုင်းနေသော်လည်း အဆိပ်မရှိပေရာ ဘေးကင်းစေရန်အသုံးပြုနိုင်သည်။
ရှောင်ယုသည် သူသာအချိန်ဆွဲနေပါက အခြားအဖွဲ့များသည် မှော်နယ်မြေအတွင်းသို့ အနှေးနှင့်အမြန်ရောက်လာမည်ကို သိရှိနေပေသည်။အခြားသူများကသာ ဤနေရာသို့ရောက်လာပါက သူသည်မှော်စာအုပ်များကိုရရှိရန်မလွယ်ကူတော့ပေ။
"ဂရင်း...ငါကသူတို့ကိုတိုက်ခိုက်ဖို့အတွက် မှော်စာလိပ်တွေကိုသုံးရလိမ့်မယ်...ဒါပေမဲ့ သူတို့ကိုပွင့်ပွင့်လင်းလင်းရင်ဆိုင်တိုက်ခိုက်ဖို့ ဘယ်တော့မှမစဉ်းစားနဲ့...ခန်းမထဲမှာရှိတဲ့တိုင်လုံးတွေနဲ့ တံတားတွေကိုအကာအကွယ်ယူပြီး သူတို့တိုက်ခိုက်မှုတွေကို ရှောင်ရှားခဲ့...လီအာမင်းက ကိုယ်ယောင်ဖျောက်ပြီးတော့ စုန်းမတွေကိုသတ်ဖြတ်ဖို့အခွင့်အရေးရှာကြည့် မရရင်စာအုပ်တွေကိုပဲယူလာခဲ့"
လီအာနှင့်ဂရင်းတို့သည် ရှောင်ယု၏အမိန့်ကိုရရှိပြီးနောက် မတူညီသောလမ်းကြောင်းအသီးသီးသို့ ထွက်ခွာသွားကြသည်။ရှောင်ယုသည် လီအာကိုတစ်ချက်ကြည့်လိုက်ရာ သူမအဆင်သင့်ဖြစ်နေသည်ကိုတွေ့လိုက်ရ၍ လျှပ်စီးကြောင်းမှော်စာလိပ်ကို ထုတ်ယူကာ စုန်းမများထံပစ်လွှတ်လိုက်သည်။
ဂျိမ်း...ခြိမ်း...
ချက်ချင်းဆိုသလိုပင် ခန်းမအတွင်း၍ လျှပ်စီးနှင့်မိုးခြိမ်းသံများထွက်ပေါ်လာကာ စုန်းမများကိုစတင်တိုက်ခိုက်တော့သည်။
"သီအိုဒိုးရဲ့မှော်စာလိပ်တွေက တော်တော်ကောင်းတာပဲ..."
မှော်စာလိပ်တစ်ခု၏အစွမ်းသည် စုန်းမများကိုကြီးစွာထိခိုက်စေကြောင်း ရှောင်ယုတွေ့မြင်လိုက်သည်။ဤသို့ဆိုလျှင် ရှောင်ယုသည်မှော်စာလိပ်များကိုအသုံးပြုခြင်းဖြင့် စုန်းမများအားသတ်ဖြတ်နိုင်ပေသည်။စုန်းမများသည် ရှောင်ယုကိုတွေ့မြင်သည်နှင့် သူ့ထံချက်ချင်းပြေးဝင်သွားခဲ့ကာ ရှောင်ယုကိုတိုက်ခိုက်ရန် မှော်ပညာကိုအသုံးပြုလိုက်သည်။ရှောင်ယုသည် တိုင်လုံးများနောက်သို့ချက်ချင်းပြေးဝင်သွားကာ အကာအကွယ်ရယူလိုက်သည်။ရှောင်ယုအကာအကွယ်ယူပြီးပြီးချင်း မှော်တိုက်ခိုက်မှုများသည် တိုင်လုံးပေါ်ကျရောက်လာခဲ့သည်။
"သေစမ်း...အဲ့ဒီတိုက်ခိုက်မှုတွေသာ ငါ့ပေါ်ကျရင် ငါအရှင်လတ်လတ်အကင်ခံရလိမ့်မယ်"
မြေအောက်မြို့တော်အတွင်းရှိ နံရံများနှင့်တိုင်လုံးများအား မှော်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် ပြုလုပ်ထားသည်။သို့ုဖြစ်ရာ စုန်းမများ၏တိုက်ခိုက်မှုသည် တိုင်များနောက်တွင်ပုန်းနေသော ရှောင်ယုအားမထိမှန်ခဲ့ပေ။ထိုအခိုက်အတန့်တွင် ရှောင်ယုသည်အေးစိမ့်မှုဒဏ်ကို အဖျားခတ်ခံစားလိုက်ရပြီး စုန်းမများသည်အန္တာရယ်အငွေ့အသက်ကိုခံစားမိလိုက်၍ မြန်မြန်ဆန်ဆန်တုံ့ပြန်လိုက်ကြသည်။သို့သော်သူတို့သည် နှင်းခဲအလွှာတစ်ခုဖြင့်ဖုံးလွှမ်းခံလိုက်ရကာ သူတို့၏အရှိန်များ သိသိသာသာလျော့ကျသွားခဲ့သည်။ထိုတိုက်ခိုက်မှုသည် အခြားတစ်ဖက်ရှိဂရင်းမှ မှော်စာလိပ်အားအသုံးပြုလိုက်ခြင်းဖြစ်သည်။
ဝူး...
စုန်းမများသည် ကြက်သီးထဖွယ်ကောင်းသောအသံဖြင့် ညည်းညူလိုက်ကြပြီး စုန်းမ၂ယောက်သည် ဂရင်းနောက်သို့လိုက်သွားခဲ့ကာ ကျန်၁ယောက်ကရှောင်ယုအားတိုက်ခိုက်နေခဲ့သည်။ထိုစုန်းမများအပြင် ဂရင်းနှင့်ရှောင်ယုတို့အားလိုက်နေသော အခြားမသေမျိုးများလည်းရှိနေသေးသည်။ရှောင်ယုသည် လေလမ်းလျှောက်ခြင်းကိုအသက်သွင်းကာ တံတားဆီသို့ပြေးဝင်သွားခဲ့ပြီး မီးမှော်စာလိပ်တစ်ခုအား ပစ်ချလိုက်သည်။
ဗုံး..
မီးတောက်များသည် မသေမျိုးများအုပ်စုထဲ ကျရောက်သွားပြီးနောက်တွင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ မရေမတွက်နိုင်သည့်မသေမျိုးများသည် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ရှောင်ယုသည်ပင် မီးတောက်ပေါက်ကွဲမှုဒဏ်ကို အဖျားခတ်ခံလိုက်ရသည့်အတွက် လေထဲလွှင့်ထွက်သွားကာ ပြန်လည်ဆင်းသက်ချိန်၌ အရှိန်မထိန်းနိုင်ဖြစ်သွားခဲ့သည်။
"သေစမ်း...ဒီမီးတောက်တွေရဲ့အစွမ်းက ဆရာကြီးအယ်လ်မာသုံးခဲ့တဲ့ မီးတောက်မန္တန်ထက်တောင် အားကြီးသေးတယ်"
ရှောင်ယုသည် နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် စုန်းမသည်ထိုမီးတောက်ကြောင့် ထိခိုက်သွားပုံမရဘဲ ရှောင်ယုနောက်သို့လိုက်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။တစ်ချိန်တည်းမှာပင် စုန်းမသည်ရေခဲမြှားကိုအသုံးပြုကာ ရှောင်ယုအားတိုက်ခိုက်လိုက်သည်။
"ဒီမီးတောက်ကိုကာကွယ်ဖို့အတွက် စုန်းမရဲ့ခန္ဓာကိုယ်ထဲမှာ မှော်မန္တန်တစ်ခုရှိရမယ်...မဟုတ်ရင် စတုတ္ထအဆင့်သားရဲတစ်ကောင်ကိုတောင် သတ်ဖြတ်နိုင်တဲ့သီအိုဒိုးရဲ့မှော်စာလိပ်ကြောင့် အဲ့စုန်းမကချက်ချင်းပြာဖြစ်သွားလိမ့်မယ်"
ရှောင်ယုသည် တံတားအစွန်းသို့ တည်နေရာရွေ့ပြောင်းပြီး ပုန်းအောင်းနေလိုက်ရာ သူ့အားတိုက်ခိုက်လိုက်သည့် ရေခဲမြှားထံမှလွတ်မြောက်သွားခဲ့သည်။ရေခဲမြှားသည် တံတားကိုထိမှန်ပြီးနောက် ကျောက်တုံးကိုပင်ဖောက်ဝင်သွားခဲ့သည်။
"ဒါသာငါ့ကိုထိသွားရင် တစ်ခါတည်းသေသွားလိမ့်မယ်"
ရှောင်ယုသည် တံတားအောက်တွင်ပုန်းနေရင်း ရေရွတ်လိုက်သည်။သို့သော် ဤနေရာ၌အကြာကြီးပုန်းအောင်းမနေနိုင်ကြောင်း သူနားလည်ပေသည်။သူသည်တံတားတစ်ဖက်ကမ်းသို့ ရောက်မှသာလုံခြုံမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက စုန်းမ၏လက်ချက်ကြောင့်အသက်ပျောက်သွားမည်ဖြစ်သည်။ရှောင်ယုသည် တုံ့ဆိုင်းမနေတော့ဘဲ သူရဲကောင်းဆန်စွာခုန်လွှားခြင်းအား အသက်သွင်းကာ မြစ်တစ်ဖက်ကမ်းသို့ခုန်ကူးလိုက်သည်။ထိုအချိန်တွင် တစ်ဖက်ကမ်းရှိ ဂရင်းသည် အခြားစုန်းမနှစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်းမှ အသည်းအသန်ရှောင်တိမ်းနေရသည်။
"ဂရင်း...ကိုယ်ယောင်ဖျောက်လိုက်"
ရှောင်ယုသည် ဟာရီကိန်းစာလိပ်ကိုထုတ်ယူကာ ထိုစုန်းမနှစ်ကောင်ထံပစ်လွှတ်လိုက်ပြီး အော်ဟစ်သတိပေးလိုက်သည်။
ဝူး...
ရုတ်တရက်ထွက်ပေါ်လာသည့် ဟာရီကိန်းသည် မိုးကြိုးပစ်သလိုအရှိန်နှုန်းဖြင့် စုန်းမနှစ်ကောင်အားမြေပြင်ပေါ်မှ ဆွဲယူသွားခဲ့သည်။
စုန်းမနှစ်ကောင်သည် သူတို့၏ခန္ဓာကိုယ်များ လေထဲပတ်ချာလည်ရမ်းနေသဖြင့် အော်ဟစ်မြည်တမ်းလိုက်ကြသည်။သူတို့၏ခန္ဓာကိုယ်အား အရေပြားသို့မဟုတ် အသားများဖြင့်သာဖွဲ့စည်းထားပါက ယခုအချိန်တွင်ထိုစုန်းမများသည် အသက်ပျောက်နေပြီဖြစ်သည်။
"လာစမ်းပါ..."
ရှောင်ယုသည် ကျန်ရှိနေသောစုန်းမတစ်ကောင်အား လှမ်းအော်လိုက်သည်။သူသည် ထိုစုန်းမအားတတ်နိုင်သလောက် ဒေါသထွက်စေချင်ခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည်မမြင်နိုင်သောထောင့်တစ်နေရာဆီသို့ ပုန်းအောင်းနေလိုက်သည်။ထိုအခိုက်အတန့်တွင် ဟာရီကိန်းသည်အရှိန်လျော့သွားခဲ့ပြီး လေပေါ်ဝဲပျံနေသောစုန်းမများသည် မြေပေါ်ပြန်လည်ပြုတ်ကျလာကြသည်။သို့သော် သူတို့သည်မြေပေါ်ကျကျချင်း မတ်တပ်ရပ်လိုက်ကြကာ ရှောင်ယုအားရှာဖွေလိုက်ကြသည်။သို့သော် သူတို့သည်ရှောင်ယုအားရှာမတွေ့၍ ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။ထိုအချိန်တွင် ဂရင်းသည်ပြန်လည်ထွက်ပေါ်လာခဲ့ကာ မီးတောက်ပေါက်ကွဲခြင်းစာလိပ်အား ပစ်ချလိုက်သည်။
ဗုံး...
မီးတောက်လှိုင်းများသည် ထိုစုန်းမနှစ်ကောင်အားလွှမ်းခြုံသွားခဲ့ပြီးနောက် မီးခိုးငွေ့များသည်၎င်းတို့၏ခန္ဓာကိုယ်မှ ပျံ့လွှင့်လာခဲ့သည်။
"အဲ့ကောင်တွေ သေလုနီးပါးဖြစ်နေပြီ"
ရှောင်ယုသည် စုန်းမများဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချက်ချင်းနားလည်လိုက်သည်။
ထိုအခါ တတိယစုန်းမသည် ထိုစုန်းမနှစ်ကောင်နှင့်ပူးပေါင်းကာ ဂရင်းအားလာရောက်တိုက်ခိုက်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည် ရန်သူများရွေ့လျားပါက ပြင်းထန်စွာထိခိုက်စေမယ့် မီးတောက်ပန်းခွေစာလိပ်အား အသုံးပြုလိုက်သည်။စုန်းမများသည် မှော်စာလိပ်၏ချုပ်နှောင်မှုကို လက်ခံရန်ဆန္ဒမရှိပေ။သူတို့သည် ထိုချုပ်နှောင်မှုမှ အစွမ်းကုန်ရုန်းထွက်ခဲ့ကြသော်လည်း မီးတောက်ပန်းခွေစာလိပ်၏ ထပ်ဆင့်အကျိုးသက်ရောက်မှုကဖြစ်ပေါ်လာကာ စုန်းမများ၏ခန္ဓာကိုယ်အား မီးတောက်များကလောင်ကျွမ်းလာခဲ့သည်။
လောင်ကျွမ်းမှုဒဏ်ကြောင့် စုန်းမများသည် နာကျင်စွာအော်ဟစ်ငိုကြွေးလိုက်ကြသည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည်ပြာမှုန်သယ်ဆောင်သူအားဝှေ့ယမ်းကာ သူတို့ထံလျှောက်လာခဲ့သည်။ထို့နောက် စုန်းမ၃ယောက်အနားသို့တိုးကပ်သွားကာ လေပွေအားအသက်သွင်းခဲ့သည်။စုန်းမများသည် ပြင်းထန်စွာဒဏ်ရာရထားပြီဖြစ်ကာ ရှောင်ယုကပြာမှုန်သယ်ဆောင်သူဖြင့် လေပွေကျွမ်းကျင်မှုအား အသက်သွင်းလိုက်ချိန်တွင် သူတို့၏ဒဏ်ရာများပိုမိုပြင်းထန်လာခဲ့သည်။
ခဏအကြာတွင် စုန်းမများသည် နာကျင်စွာဖြင့်အော်ဟစ်ငြီးတွားလိုက်ကြပြီး သူတို့၏ခန္ဓာက်ိုယ်သည်ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသေဆုံးသွားခဲ့သည်။