← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း ၁၉၉ - နတ်သူငယ်အခြေစိုက်စခန်းအား ဒုတိယအဆင့်သို့မြင့်တင်ခြင်း

ရှောင်ယုကသူသည် တပ်ကြပ်ကြီးအဆင့်သို့ရောက်ရှိပြီးနောက်တွင် သူ့လက်အောက်ရှိတပ်ဖွဲ့ဝင်အရေအတွက်သည် ၈၀၀၀အထိ ရောက်ရှိသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

သူထိုသို့ယုံကြည်ရသည့်အကြောင်းရင်းမှာ သူသည်တပ်သားအဆင့်တွင် စစ်သည်၂၀၀ကိုထိန်းချုပ်နိုင်ရာမှ အရာရှိအဆင့်၌ တပ်သား၅၀၀ ၊ လက်ထောက်တပ်ကြပ်အဆင့်၍ တပ်သား၁၀၀၀ ၊ တပ်ကြပ်အဆင့်၌ တပ်သား၂၀၀၀ ၊ တပ်ကြပ်ကြီးအဆင့်၌ တပ်သား၄၀၀၀ထိန်းချုပ်နိုင်ခဲ့၍ ရာထူးနောက်တစ်ဆင့်၌ တပ်သား၈၀၀၀ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ယခုအခါ တပ်သားအရေအတွက်သည်ရှောင်ယု၏အဓိကအားနည်းချက်ဖြစ်သည်။

ရှောင်ယုသည် သူရွေးချယ်နိုင်သည့် အမျိုးအစားများကိုမစစ်ဆေးမှီ အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့သည်။သူဆင့်ခေါ်နိုင်သည့်တပ်သားအသစ်များနှင့်လက်နက်များသည် လွန်စွာမှအစွမ်းထက်လှသည့်အတိုင်း သူသာဤနှုန်းအတိုင်းဆက်သွားနေပါက သူ့ထံတွင်တပ်သား၁၀၀၀၀ရှိလာသည့်အခါ မည်သူမှသူ့အားခုခံနိုင်မည်မဟုတ်ပေ။စနစ်သည် တပ်သားအရေအတွက်သည် အသစ်ရရှိလာမယ့်လက်နက်ကိရိယာများနှင့်တပ်သားများ၏အင်အားဖြင့် ဟန်ချက်ညီအောင်ထိန်းချုပ်ထားပုံရသည်။

ရှောင်ယုသည် ဒုတိယအဆင့်သို့မြင့်တင်ရမယ့် နောက်ထပ်အခြေစိုက်စခန်းတစ်ခုအကြောင်းကို စတင်စဉ်းစားလာခဲ့သည်။သူသည် ဆိုလိုမွန်း၏နယ်မြေကို တိုက်ခိုက်ရန်စီစဉ်နေသည့်အတွက်ကြောင့် ၎င်းတို့အားဝိုင်းရံရန် လက်နက်ကြီးများလိုအပ်နေခဲ့သည်။ယခုအခါ ထိုသို့ဝိုင်းရံထိုးစစ်ဆင်ရာ၌ အသင့်တော်ဆုံးစစ်သည်များမှာ ဧရာမတောင်စစ်သည်များဖြစ်သည်။

သူတို့သည် ကျောက်တုံးများဖြင့်ပြုလုပ်ထားသည့် ဧရာမခန္ဓာကိုယ်ကြီးအားပိုင်ဆိုင်ထားကာ မည်သည့်မြို့၏မြို့တံခါးများကို မဆိုချိုးဖောက်နိုင်ပေသည်။ထို့ပြင် သူတို့သည်သစ်ပင်ကြီးများကို ဆွဲနှုတ်ကာ ရန်သူများကိုတိုက်ခိုက်ရန် လက်နက်အဖြစ်အသုံးပြုနိုင်ပေသည်။

ရှောင်ယုသည် လူသားအခြေစိုက်စခန်းနှင့် နတ်သူငယ်အခြေစိုက်စခန်းတို့အနက် မည်သည့်စခန်းအားဦးစွာအဆင့်မြင့်ရမည်ကို များစွာအချိန်ယူစဉ်းစားခဲ့သည်။လက်ရှိအချိန်၌ မသေမျိုးအခြေစိုက်စခန်းအား အဆင့်မြင့်တင်ရန် သူလုံးဝမစဉ်းစားဝံ့သေးပေ။အဆုံးသတ်တွင် သူသည် နတ်သူငယ်အခြေစိုက်စခန်းကို အဆင့်မြင့်တင်ရန်ဆုံးဖြတ်ခဲ့သည်။ထိုသို့အဆင့်မြင့်တင်ခြင်းဖြင့်သူသည် ဧရာမတောင်စစ်သည်များကိုထုတ်လုပ်နိုင်ရုံတင်မက လမင်းပစ်ခတ်သူများကိုလည်း အရေအတွက်၅၀ထိ တိုးမြင့်ထုတ်လုပ်န်ိုင်မည်ဖြစ်သည်။

ထို့ပြင် သူသည် ကျီးကန်းများ၊ဖယ်ရီနဂါးများနှင့်မှော်စုန်းဆရာများကို ခေါ်ယူနိုင်ပေသည်။သူသာ ထိုတပ်သားများကို ဉာဏ်ရှိစွာအသုံးချနိုင်ပါက ၎င်းတို့သည်ရန်သူ၁၀၀၀၀၀အားခုခံနိုင်သည့် အစွမ်းထက်တပ်သားများဖြစ်သည်။၎င်းမှာ အခြေခံတပ်များ၏ အဓိကအားသာချက်ဖြစ်သည့် အရည်အသွေးမြင့်မားမှုဖြစ်သည်၊အမှန်တော့ တပ်သားအင်အားနည်းပါးလေလေ သူတို့အားစီမံကွပ်ကဲရသည်မှာ ပိုမိုလွယ်ကူလေလေဖြစ်သည်။အခြားအားသာချက်တစ်ခုမှာ လျင်မြန်သောရွေ့လျားနိုင်စွမ်းနှင့် ထိရောက်သောတိုက်ခိုက်မှုများဖြစ်သည်။ရှောင်ယုသည် ထိုသို့သောအတွေးများဖြင့် သူ့ကိုယ်သူနှစ်သိမ့်ရန် ကြိုးပမ်းနေရသည်။

အဆုံးသတ်တွင် နတ်သူငယ်အခြေစိုက်စခန်းအား အဆင့်မြင့်နိုင်ခြင်းသည် သတင်းကောင်းဖြစ်ပေသည်။

ထို့ပြင်သူသည် အဆင့်မြင့်တင်ပြီးနောက်တွင် နတ်သူငယ်အခြေစိုက်စခန်းမှ သူရဲကောင်းအသစ်တစ်ဦးအား ဆင့်ခေါ်နိုင်မည်ဖြစ်သည်။သို့သော်လည်း သူသည်မည်သည့်သူရဲကောင်းအား ဆင့်ခေါ်ရမည်ကိုမသိရှိ၍ စိတ်ရှုပ်ထွေးနေခဲ့သည်။မှော်စုန်းဆရာဖြစ်သည့် မဲလ်ဖြူရီယန်(ဒေါသမုန်တိုင်း)သည် ရှေ့တန်းတိုက်ပွဲ၌ မသင့်တော်၍နောက်ဆုံးခေါ်ယူရမယ့်သူရဲကောင်းဖြစ်သည်။ရှောင်ယုသည် အီလီဒမ်(ဒေါသမုန်တိုင်း)နှင့် မိုင်ယဗ်(အရိပ်တေးသံ)တို့အကြား မည်သူ့ကိုဆင့်ခေါ်ရမည်အား မဆုံးဖြတ်နိုင်ဖြစ်နေသည်။သူတို့၂ဦးလုံးသည် ပြင်းထန်သောတိုက်ပွဲဝင်သူရဲကောင်းများဖြစ်ကြသည်။

အချိန်ခဏကြာအောင်စဉ်းစားပြီးနောက်တွင် ရှောင်ယုသည် မိုင်ယဗ်အားဆင့်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။သူသည် မျက်မမြင်တစ်ယောက်ထက် လှပသောအမျိုးသမီးကိုသာ ကြည့်ရှုရသည်ကိုနှစ်သက်ပေသည်။ရှောင်ယုသည် အီလီဒမ်အသုံးပြုသောဓားသွားနှစ်ချောင်းကို နှစ်သက်သော်လည်း သူသည်နတ်ဆိုးတစ်ကောင်အဖြစ်သတ်မှတ်ခံထားရကာ လူအများ၏ဝေဖန်မှုကိုခံရနိုင်သည်။နတ်ဆိုးများ၏ဂုဏ်သတင်းသည် မသေမျိုးထက်အနည်းငယ်သာ ပိုမိုကောင်းမွန်ပေသည်။

သို့သော်သူ၏စခန်း၌ ထိုကဲ့သို့နတ်ဆိုးတစ်ကောင်ကိုထားရှိခြင်းအား လူအများကသဘောကျနှစ်သက်မည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။မိုင်ယဗ်ကမူ ထိုသို့စိတ်ပူနေစရာမလိုအပ်ပေ။သူမသည် လှပချောမောက တိုင်ရန်ဒီအား နတ်သူငယ်မျိုးနွယ်ကိုပေါင်းစည်းပေးရန် ကူညီပေးနိုင်သည်။

ထို့ပြင် အီလီဒမ်နှင့်တိုင်ရန်ဒီတို့အကြားတွင် မရှင်းလင်းသောဆက်ဆံရေးအချို့ရှိကြောင်း ရှောင်ယုသိရှိထားပေသည်။တိုင်ရန်ဒီနှင့်အီလီဒမ်တို့သာ သူ၏မျက်စိရှေ့တွင်ချစ်ခင်စုံမက်ပြနေပါက သူသည်အလွန်ပင်စိတ်ဓာတ်ကျသွားရမည်ဖြစ်သည်။အမှန်တော့ နတ်သူငယ်မျိုးနွယ်စု၏သူရဲကောင်းလေးယောက်အကြား ဆက်ဆံရေးသည်အမှန်ပင်ရှုပ်ထွေးလှပေသည်။တိုင်ရန်ဒီနှင့် မဲလ်ဖြူရီယန်တို့သည်အပေါ်ယံ၌ စုံတွဲတစ်တွဲဖြစ်နေသော်လည်း အီလီဒမ်သည် တိုင်ရန်ဒီအားတိတ်တခိုးနှစ်သက်နေခဲ့သည်။ထို့ပြင် မိုင်ယဗ်သည်လည်း အီလီဒမ်အပေါ် မရှင်းလင်းသောခံစားချက်များရှိနေခဲ့သည်။သို့သော် ထိုအကြောင်းကိုမည်သူကမှ အတိအကျသိရှိထားခြင်းမရှိကြပေ။

အမှန်တော့ ရှေးခေတ်သူရဲကောင်းများအကြား ဆက်ဆံရေးသည် အလွန်ရှုပ်ထွေးပေသည်။အထူးသဖြင့် လူသားအခြေစိုက်စခန်းမှသူရဲကောင်းများနှင့် မသေမျိုးအခြေစိုက်စခန်းမှ သူရဲကောင်းများအကြား အလွန်ရှုပ်ထွေးသောဆက်ဆံရေးရှိသည်။အန်တိုနီဒက်စ်သည် ကဲလ်သဇောဂ့်၏ ဆရာဖြစ်ပြီး အူသာသည်ကား အားသက်စ်၏ဆရာဖြစ်သည်။တစ်ဖက်တွင် ကဲလ်သဇောဂ့်သည် အန်တိုနီဒက်စ်အားသတ်ရန် ကြိုးပမ်းခဲ့ပြီး အားသက်စ်သည် အူသာအားသတ်ဖြတ်ရန်ကြိုးပမ်းခဲ့သည်။သူတို့သည် ဆရာကိုသတ်ဖြတ်ခဲ့သော အလုပ်သင်များဖြစ်ကြသည်။ထို့ကြောင့်ရှောင်ယုသည် အားသက်စ်နှင့်အန်တိုနီဒက်စ်တို့အား အချင်းချင်းတွေ့ဆုံပေးခြင်းမရှိသေးပေ။သူတို့နှစ်ယောက်ဆုံတွေ့ပါက မည်သို့ဖြစ်လာမည်ကို ရှောင်ယုကိုယ်တိုင်မခန့်မှန်းတတ်ပေ။မိုင်ယဗ်သည်ပင် အနာဂတ်၌အီလီဒမ်အားသတ်ဖြတ်ရန် ဆက်လက်ကြိုးပမ်းမည်လားဆိုသည်ကိုလည်း သူအဖြေမရှာတတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည်ထိုသူတို့၏အရှင်သခင်ဖြစ်ပြီး ပုံမှန်အခြေအနေအောက်တွင် သူတို့သည်ရှောင်ယု၏အမိန့်ကိုဖောက်ဖျက်ကြမည်မဟုတ်ပေ။ထို့ကြောင့် သူရဲကောင်းများသည် သူ၏လက်အောက်၌ငြိမ်းချမ်းစွာနေနိုင်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။ရှောင်ယုသည် အကြောင်းအရာများစွာကိုစဉ်းစားနေစဉ် ခြင်္သေ့မြို့သို့ရောက်လာခဲ့သည်။အန်ကာဂန်တောင်တန်းများရှိ စွန့်စားသူများကလည်းခြင်္သေ့မြို့သို့ပြန်ရောက်လာကာ တည်းခိုခန်းများ၌ အသီးသီးတည်းခိုနေထိုင်ကြသည်။

ရှောင်ယုသည် အောစ့်များနှင့်နတ်သူငယ်ထောင်ချီကို ဦးဆောင်၍ပြန်လာသည်ကိုမြင်သောအခါ ထိုစွန့်စားသူများသည် လောဘတက်လာကြသည်။ရှောင်ယုသည် အောစ့်နှင့်နတ်သူငယ်များကို မြို့ထဲ၌နေခွင့်မပေးဘဲ အခြေစိုက်စခန်းများသို့ခေါ်ဆောင်သွားခဲ့သည်။ထို့ပြင် စခန်းနှင့်မီတာ၅၀၀အကွာသို့ချည်းကပ်လာသူတိုင်းကို သတ်ဖြတ်ရန်အတွက်လှည့်ကင်းများကို အမိန့်ပေးထားခဲ့သည်။

အောစ့်များနှင့်နတ်သူငယ်များသည် အခြေစိုက်စခန်းရှိ မြေတွင်းများ၊တန်းလျားများ၊လရောင်ရေတွင်းများ၊ရှေးဟောင်းကာကွယ်သူများ၊ရှေးခေတ်သစ်ပင်အိမ်များ၊မုန်တိုင်းပလ္လင်၊အသက်သစ်ပင် အစရှိသည်တို့ကိုတွေ့မြင်ပြီးနောက် ပျော်ရွှင်မြူးထူးသွားကြသည်။သူတို့သည် ရှေးခေတ်အဆောက်အဦးများအကြောင်းကို ကြားသိထားခဲ့သော်လည်း ရှောင်ယုသည်ထိုအရာများနှင့်ဆင်တူသည့် နေရာများ၌သာသူတို့အားနေထိုင်ခွင့်ပေးမည်ဟုယူဆခဲ့ကြသည်။သူတို့သည် စာချုပ်၌ရေးထိုးထားခဲ့သည့် အချက်အလက်များကို အစစ်အမှန်ရရှိလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

အစောပိုင်းတွင် နတ်သူငယ်များသည် သူတို့နှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့သော အန်ကာဂန်တောင်တန်းများဆီမှ ထွက်ခွာရန်တွန့်ဆုတ်နေခဲ့ကြသည်။သို့သော် သူတို့သည် မှော်ပညာများ၊အသက်သစ်ပင်များနှင့် သက်ဝင်လှုပ်ရှားနေသည့်လရောင်ရေတွင်းတို့အား တွေ့မြင်လိုက်ရချိန်တွင် တိုင်ရန်ဒီအားဒူးထောက်ကိုးကွယ်လိုက်ကြသည်။

အန်ကာဂန်တောင်တန်းများတွင် နှစ်ပေါင်းများစွာနေထိုင်လာကြရသည့် နတ်သူငယ်များသည် အဟာရမပြည့်ဝမှုဒဏ်ကိုခံစားခဲ့ရသည်။သို့သော် အသက်သစ်ပင်နှင့်လရောင်ရေတွင်းကဲ့သို့ ရှေးခေတ်အဆောက်အဦးများကို တွေ့မြင်လိုက်ရချိန်၌ သူတို့အားလုံးအိပ်မက်မက်နေသလိုခံစားလိုက်ရသည်၊အသက်သစ်ပင်မရှိသောနတ်သူငယ်သည် အစစ်အမှန်နတ်သူငယ်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီသည်သူတို့အားလုံးထံသို့ စည်းစိမ်ဥစ္စာနှင့်ဂုဏ်သိက္ခာများပြည့်ဝနေသည့် ခေတ်ကာလကိုပြန်လည်ယူဆောင်ပေးလာမည်ဟု ယုံကြည်သွားကြသည်။နတ်သူငယ်များနှင့်နှိုင်းယှဉ်ပါက အောစ့်များသည်ပိုမိုရိုးရှင်းကြပြီး သူတို့သည်အခမ်းအနားတစ်ခုကိုကျင်းပခဲ့ကြသည်။

ရှောင်ယုသည် သူရဲကောင်းနှင့်တပ်သားအသစ်များကို ချက်ချင်းမဆင့်ခေါ်သေးဘဲ ခြင်္သေ့မြို့သို့အရင်ပြန်သွားခဲ့သည်။သူသည် မကြာသေးမှီက အခြေအနေများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ဦးစွာသိရှိလိုခဲ့သည်။

သူသည် ဆိုလိုမွန်းနှင့်ကာရီတို့အားတိုက်ခိုက်မယ့်ကိစ္စကို စိတ်မပူပေ။သူသည် အချိန်အတော်ကြာအောင်စောင့်ဆိုင်းခဲ့ပြီးဖြစ်ရာ နောက်လာမည့်တိုက်ပွဲအတွက် အချိန်အနည်းငယ်ပိုမိုစောင့်ဆိုင်းရခြင်းက ပြသနာမဟုတ်ခဲ့ပေ။သူသည် မကြာမှီအချိန်အတွင်း ဆိုလိုမွန်း၏နယ်မြေကိုတိုက်ခိုက်သိမ်းပိုက်ကာ သူတို့သားအဖနှစ်ယောက်ကို သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်သည်။

မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် ခြင်္သေ့မြို့အဝင်တံခါး၌ စောင့်ဆိုင်းနေခဲ့ကြသည်။သူတို့သည် ထိုနေရာအားကင်းလှည့်နေသည့် မုဆိုးများကိုရှောင်ယုပြန်လာသည်နှင့် သူတို့်အားအသိပေးရန် အမိန့်ပေးထားပြီးဖြစ်သည်။

"မူလင်း ပြန်ရောက်လာပြီလား"

ရှောင်ယုသည် ရောက်ရောက်ချင်းမေးခွန်းမေးလိုက်သည်။

ရှောင်ယုသည် အန်ကာဂန်တောင်တန်းများသို့ ဝင်ရောက်ပြီးနောက်တွင် မူလင်းအားထပ်မတွေ့ခဲ့ရပေ။မူဟန်နှင့်လင်းမူရွယ်တို့သည်ကား သူ့အနားတွင်အမြဲရှိနေသည့်အတွက်ကြောင့် သူမတိုအားကာကွယ်ပေးနိုင်ကာ သူမတို့၏လုံခြုံမှုကိုအာမခံချက်ပေးနိုင်ပေသည်။

"သူပြန်ရောက်လာပါပြီ...အရှင်...စိုးရိမ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်"

မူလီက ချက်ချင်းဖြေလိုက်သည်။

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်။

"စွန့်စားသူတွေရဲ့ထက်ဝက်လောက်က အန်ကာဂန်တောင်တန်းတွေထဲသေဆုံးသွားခဲ့ရတယ်...ဆိုလိုမွန်းရဲ့နယ်မြေအခြေအနေကဘယ်လိုလဲ...လှုပ်ရှားမှုအသစ်တွေကောရှိလား"

"အောစ့်စီးနင်းသူတွေက ဆိုလိုမွန်းရဲ့နယ်စပ်ရွာလေးတွေကို တိုက်ခိုက်စီးနင်းပြီး ပြဿနာတွေဖန်တီးပေးခဲ့တယ်...ဒါ့အပြင်ဖုတ်ကောင်တွေနဲ့တစ္ဆေတွေကလည်း သူတို့ရွာတွေကိုမကြာမကြာတိုက်ခိုက်နေတာဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေအများကြီးကသူတို့နယ်မြေကို စွန့်လွှတ်ဖို့ရွေးချယ်လိုက်ကြတယ်...ဒါကြောင့်ဆိုလိုမွန်းရဲ့ခွန်အားက တစ်နေ့ထက်တစ်နေ့ လျော့နည်းလာခဲ့တယ်"

ရှောင်ယုသည် သူ၏ခန့်မှန်းချက်အတိုင်း အရာအားလုံးဖြစ်ပေါ်လာ၍ ကျေနပ်စွာခေါင်းညိတ်မိလိုက်သည်။

ထို့နောက်ရှောင်ယုသည် သာမန်တပ်သားများ၏ လေ့ကျင့်မှုအကြောင်းကိုမေးမြန်းခဲ့သည်။ခြင်္သေ့မြို့သည်သေးငယ်သောကြောင့် ပြဿနာများစွာမရှိခဲ့ပေ။ထို့ပြင် သူချမှတ်ထားသည့် မူဝါဒအသစ်များကြောင့် ပြည်သူများသည်စွမ်းအင်ပြည့်ဝနေကြပြီး ပိုမိုကောင်းမွန်သောဘဝများကိုရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။

ရှောင်ယုသည် ဆရာကြီးအယ်လ်မာအတွက် နေရာတစ်ခုစီစဉ်ပေးကာ ကပ္ပတိန်ဟွေ့နှင့်အတူ အသေးစိတ်အချက်အလက်များကို စစ်ဆေးရန်အတွက် အုပ်ချုပ်ရေးခန်းမသို့သွားရောက်ခဲ့သည်။

စွန့်စားသူများသည် ရက်အနည်းငယ်ကြာပြီးနောက် ခြင်္သေ့မြို့မှစတင်ထွက်ခွာလာကြသည်။အချို့စွန့်စားသူများသည် အရှုံးမပေးဘဲနတ်သူငယ်များအား ဖမ်းဆီးရန်ကြိုးစားခဲ့ကြသည်။သို့သော်လည်း သူတို့အားလုံးသည် ခါးသီးသောအဆုံးသတ်နှင့်ရင်ဆိုင်ခဲ့ရသည်။ရှောင်ယုသည် နတ်သူငယ်အမျိုးသမီးများအား စခန်းမှထွက်ခွာခွင့်ပိတ်ပင်ခဲ့သည်။မုဆိုးများသည်လည်း အဖွဲ့လိုက်ကင်းထောက်လှမ်းရသည့်အတွက် မည်သူ့ကိုမှတစ်ယောက်တည်း အပြင်ထွက်ခွင့်မပြုပေ။

ထို့ပြင်ရှောင်ယုသည် မြို့တံခါးဝ၌ သတ်ဖြတ်ခံရသူများ၏ဦးခေါင်းများကို ချိတ်ဆွဲထားခဲ့သည်။ထိုသို့သတ်ဖြတ်ခံရသူများတွင် သြဇာအာဏာကြီးသောမိသားစုများနှင့် ပတ်သက်သူများပင်ရှိနေခဲ့သည်။ရှောင်ယုသည် လူများစွာကိုစော်ကားမိထားပြီးဖြစ်ရာ နောက်ဆက်တွဲရလဒ်များကို ဂရုမစိုက်တော့ပေ။သူသည်သာ လုံလောက်သောခွန်အားကိုပိုင်ဆိုင်ပါက မည်သူ့ကိုမဆိုရင်ဆိုင်နိုင်မည်ဖြစ်သည်။

စွန့်စားသူများသည် သူ၏နယ်မြေမှထွက်ခွာပြီးနောက်တွင် ရှောင်ယုသည် နတ်သူငယ်အခြေစိုက်စခန်းအား အဆင့်မြင့်တင်ခဲ့သည်။ထို့နောက်သူသည် မိုင်ယဗ်နှင့်တောင်ဘီလူးကြီးများကို ဆင့်ခေါ်ခဲ့သည်။ထိုဧရာမတောင်ဘီလူးကြီးများသာ သူ့တပ်ဖွဲ့သို့ရောက်လာပါက ဝိုင်းရံစစ်ဆင်ရေးသည် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

အခန်း ၂၀၀ - နတ်သူငယ်တပ်သားအသစ်များ

"(ဓားတေးသံ)မိုင်ယဗ်က သခင့်ကိုနှုတ်ဆက်ပါတယ်"

သားရေအဝတ်အစားနှင့်ဝတ်ရုံအား ဝတ်ဆင်ထားသည့် လှပသည့်နတ်သူငယ်တစ်ယောက်သည် ယဇ်ပလ္လင်ပေါ်မှခုန်ဆင်းလာကာ ရှောင်ယုအား ဦးညွတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရှောင်ယု၏စိတ်ခံစားချက်များသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဆွဲဆောင်မှုရှိသောမိုင်ယဗ်၏ ခန္ဓာကိုယ်အား ခဏလောက်စိုက်ကြည့်မိသွားခဲ့သည်။နတ်သူငယ်များအကြား ရုပ်ဆိုးသောနတ်သူငယ်ဟူသည် မရှိနိုင်ပေ။မိုင်ယဗ်ထံတွင် တိုင်ရန်ဒီကဲ့သို့သန့်စင်မွန်မြတ်သည့်အော်ရာကို မပိုင်ဆိုင်ထားသော်လည်း သူမသည်မတူညီသောအလှတရားတစ်ခုဖြစ်ပေသည်။

သူမသည်ရိုင်းစိုင်းကြမ်းတမ်းသော်လည်း သူမ၏မျက်နှာပေါ်ရှိ လျစ်လျူရှုသောအကြည့်က သူမအားတောရိုင်းပန်းပွင့်ကလေးလို လှပနေစေခဲ့သည်။သို့သော် ထိုခဏ၌ရှောင်ယုသည် သူ့ကိုယ်သူထိန်းချုပ်လိုက်သည်။သူသည် တိုင်ရန်ဒီအားဆင့်ခေါ်စဉ်က ထိုသို့မသင့်လျော်သော အပြုအမူကိုပြုလုပ်မိ၍ တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုအား ၁၀မှတ်လျော့ကျစေခဲ့သည်။ထို့ကြောင့်သူသည် မိုင်ယဗ်၏ဖောင်းကားနေသည့် ရင်ဘတ်နေရာအားလုံးဝမစစ်ဆေးခဲ့ပေ။

သူသည် ချောင်းတစ်ချက်ဆိုးလိုက်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

"ကြိုဆိုပါတယ် မိုင်ယဗ်...ခုချိန်မှာနတ်သူငယ်မျိုးနွယ်က ပြန်လည်တည်ဆောက်ဆဲကာလမှာရှိနေတာကြောင့် နတ်သူငယ်မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကိုပြန်လည်ရရှိအောင် ကူညီပေးတဲ့နေရာမှာ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်"

မိုင်ယဗ်သည် ရှောင်ယု၏မျက်လုံးများ၌ တခဏတာဖြစ်ပေါ်လာခဲ့သည့် တပ်မက်မှုအားသတိမထားမိလိုက်ပေ။သူမသည် ရှောင်ယုအားထပ်မံဦးညွတ်လိုက်သည်။

"မိုင်ယဗ်က သခင့်အတွက်ဆို အသက်ကိုတောင်ပေးဆပ်ပါမယ်"

ရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး မိုင်ယဗ်သင်ယူနိုင်သည့် ကျွမ်းကျင်မှု၄ခုအကြောင်းကို စစ်ဆေးလိုက်သည်။

ခိုးယူခြင်း - (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် ရန်သူများမမြင်တွေ့နိုင်အောင် ကိုယ်ယောင်ဖျောက်နိုင်ပြီး ဤကျွမ်းကျင်မှုသည် နတ်သူငယ်မျိုးနွယ်၏ အရိပ်လွတ်မြောက်ခြင်းထက် ပိုမိုအားကောင်းပေသည်။သူရဲကောင်းသည် နေ့အလင်းရောင်အောက်တွင်ပင် ကိုယ်ယောင်ဖျောက်ကာလွတ်လပ်စွာလှုပ်ရှားနိုင်သည်။သို့သော် ဒဏ်ရာသို့မဟုတ် ထိခိုက်မှုလေးတစ်ခုက သူရဲကောင်းအားထွက်ပေါ်လာစေနိုင်သည်။

အရိပ်ခုန်အုပ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် ရန်သူ၏နောက်သို့လျင်မြန်စွာရွေ့လျားကာ ပြင်းထန်သောတိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည်။

အရိပ်ပစ်လွှတ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် ရန်သူအား အချိန်အတိုင်းအတာတစ်ခုအထိ မျက်စိကန်းစေကာ ရွေ့လျားနိုင်စွမ်းကိုနှေးကွေးသွားစေမယ့် အဆိပ်ပြင်းသောလှံတံတစ်ခုအား ပစ်လွှတ်လိုက်မည်ဖြစ်သည်။

ရုတ်တရက်ရွေ့ပြောင်းမှု (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် အကွာအဝေးတစ်ခုဆီသို့ လျင်မြန်စွာရွေ့ပြောင်းနိုင်သည်။သူရဲကောင်းသည် ဤကျွမ်းကျင်မှုအားအသုံးပြုကာ တိုက်ခိုက်မှုမှရှောင်တိမ်းနိုင်သလို ရန်သူအားအလစ်ဖမ်းတိုက်ခိုက်နိုင်သည်။

မိုင်ယဗ်၏ကျွမ်းကျင်မှုများအားလုံးသည် လုပ်ကြံသူတစ်ယောက်နှင့်သာသက်ဆိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။ယခုအခါ လီအာသည်သူ့နဲဘေး၌ ရှိနေသော်လည်း လီအာထံတွင်ပြင်းထန်သောတိုက်ခိုက်နိုင်စွမ်းအား မပိုင်ဆိုင်ထားပေ။သို့သော် မိုင်ယဗ်ကသာအဆင့်တက်သွားခဲ့ပါက ထိုအရာသည်ခြားနားသောကိစ္စတစ်ခုဖြစ်လာမှာဖြစ်သည်။မိုင်ယဗ်၏ရွေ့လျားမှုနှင့်တိုက်ခိုက်မှုများသည် လီအာ၏ဘောင်အပြင်ဘက်၌ရှိပေသည်။

ရှောင်ယုသည် မိုင်ယဗ်အား ခိုးယူခြင်းကျွမ်းကျင်မှုအား သင်ယူရန်အမိန့်ပေးခဲ့ကာ အခြေစိုက်စခန်း၌သာနေထိုင်စေခဲ့သည်။အနာဂတ်သူသည် မိုင်ယဗ်အား တစ်ကိုယ်တော်အဆင့်မြင့်တင်နိုင်ရန် တစ်နေရာသို့ခေါ်သွားပေးမည်ဖြစ်သည်။ယခုအချိန်၌ မိုင်ယဗ်သည်အဆင့်နိမ့်နေသေးပြီး အခြေစိုက်စခန်း၄ခုပတ်လည်တွင် အချောင်သမားအရူးများရှိနေ၍ ရှောင်ယုသည်သူမအားအပြင်သို့ပေးမထွက်ပေ။ထို့နောက် ရှောင်ယုသည် တောင်ဘီလူးများကို စတင်ထုတ်လုပ်ခဲ့သည်။ရှောင်ယုသည် ဆိုလိုမွန်း၏နယ်မြေအား တိုက်ခိုက်ရန်နည်းဗျူဟာများကို အချိန်ပြည့်တွေးတောနေခဲ့ပြီး ထိုသို့တိုက်ခိုက်ခြင်းမပြုမှီတွင် တောင်ဘီလူးများကို ထုတ်လုပ်ရမည်ဖြစ်သည်။

ဘန်း...

ပထမဆုံးတောင်ဘီလူးကြီး ထွက်ပေါ်လာသောအခါ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။၎င်းသည် အမြင့်၆မီတာခန့်ရှိပြီး တစ်ကိုယ်လုံးကိုအရေပြားများအစား ကျောက်တုံးများဖြင့်ဖုံးအုပ်ထားခဲ့သည်။ထိုအရာသည် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

သာမန်လူများအတွက် ဤဧရာမတောင်ဘီလူးများသည် ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။

ဂူး...အား

ဧရာမတောင်ဘီလူးကြီးသည် အချိန်အတော်ကြာအောင် ဟိန်းဟောက်နေခဲ့ပြီး ထိုသို့ကျယ်လောင်သောဟိန်းဟောက်သံကြောင့် တောနက်အတွင်းရှိ ငှက်များပင်ပျံပြေးသွားခဲ့သည်။

ရှောင်ယုသည် ဧရာမဘီလူးကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားသွားခဲ့သည်။ဤတောင်ဘီလူးကြီး၏ လက်သီးတစ်ချက်သည်ပင် အလွန်အစွမ်းထက်နေမှာဖြစ်သည်။ထို့ပြင် ဤတောင်ဘီလူးသည် အဆင့်၁၌သာရှိနေသေး၍ အဆင့်တက်လာသည်နှင့်အမျှ ၎င်း၏ခွန်အားနှင့်ခုခံမှုသည် ပိုမိုအားကောင်းလာမှာဖြစ်သည်။ရှောင်ယုသည် စိတ်လှုပ်ရှားစွာဖြင့် တောင်ဘီလူးအကောင်၁၀၀၀အားထုတ်လုပ်ရန် စနစ်အားအမိန့်ပေးလိုက်သည်။သို့သော် စနစ်၏တုံ့ပြန်မှုက သူ့အားရူးသွပ်သွားစေခဲ့သည်။

"ခွဲတမ်းမလုံလောက်ပါ..."

"မင်းအမေပဲပေါ့...ဘာလို့ခွဲတမ်းမလုံလောက်ရမှာလဲ...ငါ့မှာခွဲတမ်း၂၀၀၀တောင်ရှိနေတာလေ..."

ရှောင်ယုသည် ထိုကိစ္စနှင့်ပတ်သက်၍အမှန်ပင် နားမလည်နိုင်ခဲ့ပေ။

"တောင်ဘီလူးသည် ဧရာမယူနစ်တစ်ခုဖြစ်သောကြောင့် သာမန်ယူနစ်၁၀ခုစာအတွက် နေရာယူသွားမည်ဖြစ်သည်"

စနစ်ကအေးစက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"မင်းအမေပဲ..."

စနစ်၏အဖြေကြောင့် ရှောင်ယုသည်ဒေါသတကြီး ထခုန်မိလိုက်သည်။သူသည် တောင်ဘီလူးအကောင်၁၀၀၀ကို နယ်မြေတစ်ခုမှတစ်ခုသို့ပို့ဆောင်ကာ ကမ္ဘာကြီးအားလွှမ်းမ်ိုးရန်ပင် ကြံစည်ထားခဲ့သည်။

သို့သော်ယခုအချိန်၌ သူသည်အများဆုံး တောင်ဘီလူးအကောင်ရေ၂၀၀ကိုသာ ဆင့်ခေါ်နိုင်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ရှောင်ယုသည် စိတ်ပျက်နေသော်လည်း စနစ်သည်ခွန်အားကိုလိုက်၍ ချိန်ညှိနေခြင်းဖြစ်ကြောင်း နားလည်ပေသည်။အကယ်၍သူသာ တစ်ချိန်တည်း၌ တောင်ဘီလူးအကောင်၂၀၀၀ကို ဆင့်ခေါ်နိုင်သွားပါက သူသည်အလွန်အစွမ်းထက်သွားမည်ဖြစ်သည်။

အောစ့်များ၏ အစွမ်းအထက်ဆုံးသောတပ်ဖွဲ့မှာ နွားလားစစ်သည်တော်များဖြစ်ပြီး မသေမျိုးများ၏အစွမ်းအထက်ဆုံးယူနစ်မှာ ရေခဲနဂါးများဖြစ်ကာ နတ်သူငယ်များ၏ အစွမ်းအထက်ဆုံးတပ်သားများမှာ ဦးခေါင်းနှစ်လုံးပါသော နဂါးများဖြစ်ကြသည်။လူသားများအတွက် အဆုံးစွန်ဆုံးသောယူနစ်မှာ မြို့သိမ်းစက်များဖြစ်သည်။ထိုသို့သောယူနစ်များအတွက် သာမန်ယူနစ်ဒါဇင်ခန့်၏ခွဲတမ်းအား ရယူသည်မှာထူးဆန်းသည်တော့မဟုတ်ပေ။အဆုံးသတ်တွင် ရှောင်ယုသည် ခွဲတမ်း၁၀၀၀စာအတွက်လုံလောက်သော တောင်ဘီလူး ၁၀၀ကိုထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။

အမှန်တော့ ယခုလ်ိုအချိန်မျိုး၌ တောင်ဘီလူး၁၀၀ရှိခြင်းသည် လုံလောက်နေပြီဖြစ်သည်။တောင်ဘီလူးများသည် သူတို့၏ကြီးမားသောခန္ဓာကိုယ်ဖြင့် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နိုင်သည်မှာ မှန်ကန်သော်လည်း တစ်ခါတစ်ရံတွင် အောစ့်စစ်သည်များနှင့်နတ်သူငယ်လေးသမားများ၏ အခန်းကဏ္ဍကိုအစားထိုး၍မရပေ။ယူနစ်အားလုံးကို မှန်ကန်စွာဖြင့် ပြီးပြည့်စုံအောင်အသုံးပြုနိုင်မှသာ ကြီးမားသည့်အောင်ပွဲက်ိုရရှိမည်ဖြစ်သည်။ရှောင်ယုသည် အစွမ်းထက်သောတပ်သားအမျိုးအစားတစ်ခုကိုသာ အားကိုးခဲ့လျှင် အချိန်ကြာလာသည်နှင့်အမျှ သူသည်အခက်အခဲဖြင့် ရင်ဆိုင်လာရမည်ဖြစ်သည်။သူသာ ဤကမ္ဘာ၏အထွတ်အထိပ်တွင် ရပ်တည်လိုပါက သူဆင့်ခေါ်ထားသည့် တပ်ဖွဲ့အမျိုးမျိုးအား ပြီးပြည့်စုံအောင် မှန်မှန်ကန်ကန်အသုံးပြုရမည်ဖြစ်သည်။

ရှောင်ယုသည် ကျီးကန်းအကောင် ၃၀၀ကိုလည်းထုတ်လုပ်ခဲ့ပြီး နတ်သူငယ်လေးသမားများအား စီးနင်းစေခဲ့သည်။ဤသို့ဖြင့်သူတို့သည် လေထဲ၌ပင် ကောင်းစွာတိုက်ခိုက်နိုင်ပြီဖြစ်သည်။ထို့ပြင် သူတို့အားစစ်မြေပြင်၌ ကင်းထောက်လှမ်းရန်အတွက်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။ထို့ပြင် သူတို့အားရန်သူများအားအလစ်ဖမ်းတိုက်ခိုက်ရာ၌ အပေါ့စားလေကြောင်းတပ်ဖွဲ့များအဖြစ်မှတ်ယူနိုင်သည်။ထိုသို့စီစဉ်ပြီးနောက် သူ့ထံတွင်နေရာလွတ်၇၀၀ကျန်ရှိနေသေးသည်။

ရှောင်ယုသည် မှော်စုန်းဆရာများကို ထုတ်လုပ်နိုင်ရန်အတွက် ကမ္မကုသိုလ်မှတ်များကို သုံးစွဲခဲ့ကာ မှော်စုန်းဆရာ ၃၀၀အားထုတ်လုပ်ခဲ့သည်။မှော်စုန်းဆရာများသည် ကျီးကန်းများအဖြစ်ပြောင်းလဲကာ ရန်သူများအားကင်းထောက်လှမ်းနိုင်ပေသည်။သူတို့၏မှော်တိုက်ခိုက်မှုများသည် အားနည်းသော်လည်း မှော်စုန်းဆရာများသာအုပ်စုဖွဲ့တိုက်ခိုက်မည်ဆိုပါက အခြားသူများအားလှည့်စားရန် လုံလောက်မှာဖြစ်သည်။ထို့ပြင် မှော်စုန်းဆရာများသည် ကိုယ်ယောင်ဖျောက်နေသောရန်သူများကို ပေါ်ထွက်လာစေရန်အတွက် စုန်းမီးတောက်များကိုအသုံးပြုနိုင်ပေရာ သူတို့သည်လုပ်ကြံသူများကို အတိုင်းအတာတစ်ခုထိ တန်ပြန်နိုင်မည်ဖြစ်သည်။

ထို့ပြင် မှော်စုန်းဆရာများ၌ ဆိုင်ကလုန်းဟုခေါ်သည့် မှော်ပညာကျွမ်းကျင်မှုတစ်ခုရှိပေသည်။ဆိုင်ကလုန်းမုန်တိုင်းသည် စစ်မြေပြင်၌ထွက်ပေါ်လာသောအခါတွင် ရန်သူများသည် သူတို့၏ဖွဲ့စည်းပုံများကိုပယ်ဖျက်ရမည်ဖြစ်သည်။ထို့နောက်တွင်ရှောင်ယုသည် အောစ့်စီးနင်းသူများကို ဖရိုဖရဲဖြစ်နေသောရန်သူများ၏အလယ်သို့တိုးဝင်စေကာ သတ်ဖြတ်မှုပြုလုပ်နိုင်မည်ဖြစ်သည်။ယခုအခါ သူ့ထံတွင်ကမ္မကုသိုလ်မှတ် ၂၀၀၀၀သာကျန်ရှိတော့၍ နောက်ထပ်တပ်သားတစ်မျိုးကိုသာ ထုတ်ယူနိုင်တော့မည်ဖြစ်သည်။သူသည် ဖယ်ရီနဂါးနှင့် ဝက်ဝံများအနက် မည်သည်ကိုဦးစွာထုတ်လုပ်ရမည်ကို မသိရှိသေးပေ။

ဝက်ဝံများသည် သူတို့၏အမည်အတိုင်း စစ်မြေပြင်၌ဝက်ဝံများအဖြစ်ပြောင်းလဲကာ ရန်သူများအားတိုက်ခိုက်နိုင်သည်။သို့သော် သူတို့သည် စစ်မြေပြင်၌ အောစ့်စစ်သည်များထက်ပိုမို၍ ထိရောက်လိမ့်မည်ဟုမထင်ထားပေ။မည်သို့ပင်ဆိုစေကာမူ သူတို့၏ဟိန်းဟောက်သံသည် ရှောင်ယု၏တပ်သားများအားလုံးက်ို တိုက်ခိုက်နိုင်စွမ်းသိသိသာသာတိုးလာစေမည်ဖြစ်သည်။ဝက်ဝံများသည် ကိုဒိုသားရဲများနှင့်အတူတူပင်ဖြစ်၍ အရေအတွက်၁၀၀ခန့်ရှိရုံဖြင့်လုံလောက်ပေသည်။ဖယ်ရီနဂါးများသည်ကား ရန်သူမှော်ဆရာများကို ရင်ဆိုင်ရာတွင် အလွန်အရေးပါလှပေသည်။ရှောင်ယုသာ ရန်သူမှော်ဆရာများအားနှိမ်နင်းနိုင်ခဲ့ပါက စစ်ပွဲတွင်အနိုင်ရရှိရန် အခွင့်အရေးပိုများပေသည်။

သို့သော်ရှောင်ယုသည် ဖယ်ရီနဂါးများ၏ခုခံကာကွယ်မှုကို စိုးရိမ်နေခဲ့သည်။

ဤအရာသည် ဂိမ်းမဟုတ်သောအစစ်အမှန်ကမ္ဘာဖြစ်သည်။ထို့ကြောင့် စစ်မြေပြင်၌ ဖယ်ရီနဂါးများထွက်ပေါ်လာပါက ရန်သူများကစုပေါင်းသတ်ဖြတ်ကြမည်ဖြစ်သည်။ဖယ်ရီနဂါးများသည် ရန်သူ့မှော်ဆရာများထံ ရောက်ရှိရန်အခွင့်အရေးပင်ရလိမ့်မည်မဟုတ်ပေ။ဖယ်ရီနဂါးများသည် သူတို့ကိုယ်သူတို့ပုန်းအောင်းရန် အရောင်ပြောင်းလဲနိုင်သော်လည်း ထိုအရာသည်တည်နေရာရွေ့ပြောင်းခြင်းနှင့်မတူညီပေ။ရန်သူသည် သူတို့၏လေးသမားများနှင့်စစ်သည်တော်များကို အသုံးပြုကာ ဖယ်ရီနဂါးများကိုသတ်ဖြတ်ပစ်မှာဖြစ်သည်။

ထို့ကြောင့် ဖယ်ရီနဂါးများသည် ရန်သူမှော်ဆရာများအားသတ်ဖြတ်ရန် အခွင့်အရေးမရှိသလောက်နည်းပါးပေသည်။ထို့ကြောင့်ရှောင်ယုသည် ဖယ်ရီနဂါးများကို အနည်းငယ်သာထုတ်လုပ်၍ လိုအပ်မှအသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။သို့သော်လည်း အချိန်အတော်ကြာပြီးနောက်တွင် သူသည် ဖယ်ရီနဂါးများကိုသာထုတ်လုပ်ဖြစ်ခဲ့သည်။ရှောင်ယုသည် မှော်ဆရာသတ်ဖြတ်သူဟု နာမည်ပြောင်ရထားသောဤတပ်ဖွဲ့၏ လှုပ်ရှားမှုကို အမှန်ပင်စောင့်ကြည့်ချင်နေခဲ့သည်။

အခန်း ၂၀၁ - ဝတ်ရုံနက်များ တဖန်ထွက်ပေါ်လာခြင်း

ရှောင်ယုသည် စမ်းသပ်ရန်အတွက် ဖယ်ရီနဂါးအကောင်၅၀ကိုသာ ထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။ထို့နောက် ကျန်ရှိနေသည့်နေရာလွတ် ၃၅၀အတွက် မည်သည့်တပ်သားများအားထုတ်လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။

ဖယ်ရီနဂါး၏ အစွမ်းများမှာ...

အဆင့် ၁ - အကွာအဝေးမှော်တိုက်ခိုက်မှုများအား အသုံးပြုနိုင်ခြင်း

အဆင့် ၃ - မှော်တိုက်ခိုက်မှုအားလုံးက်ို ခုခံနိုင်သည့်အစွမ်းထက်အကာအရံ

အဆင့် ၆ - ဖယ်ရီနဂါးသည် ပျက်စီးမှုနှင့်ထိခိုက်မှုဒဏ်အား အတိုင်းအတာတစ်ခုထိရှောင်တိမ်းရန် ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်တည်ခြင်း...ထိုအခြေအနေ၌ တိုက်ခိုက်ခြင်းနှင့်လှုပ်ရှားဖြင်းမပြုနိုင်ပေ။

အဆင့် ၁၀ - မှော်မီးတောက်

- ဖယ်ရီနဂါးသည် ရန်သူများအားကြီးမားသောထိခိုက်မှုကိုဖြစ်ပေါ်စေပြီး ရန်သူများ၏မှော်စွမ်းအင်ကိုလောင်ကျွမ်းစေနိုင်သော မီးတောက်ကိုထုတ်ဖော်နိုင်သည်။

"ငါတကယ်ကံမကောင်းတာပဲ...ငါဒီကောင်တွေအများကြီးမထုတ်နိုင်ဘူး...ပြီးတော့မှော်မီးတောက်ကအဆင့်၁၀မှ ရတာဆိုတော့ အဲ့ဒါတွေကိုသုံးဖို့ အချိန်အကြာကြီးစောင့်ရမှာပဲ..."

ရှောင်ယုသည် ဖယ်ရီနဂါးကိုထုတ်လုပ်မိခဲ့ခြင်းကြောင့် စတင်၍နောင်တရလာခဲ့သည်။

ထို့နောက်ရှောင်ယုသည် မှော်စုန်းဆရာနှင့်တောင်ဘီလူးတို့၏ကျွမ်းကျင်မှုများကို စစ်ဆေးခဲ့သည်။

မှော်စုန်းဆရာ၏ကျွမ်းကျင်မှုများ...

အဆင့် ၁ - အကွာအဝေးမှော်တိုက်ခိုက်မှု

အဆင့် ၃ - ကိုယ်ယောင်ဖျောက်နိုင်သောရန်သူများကို ထိခိုက်မှုပေးကာ ပြန်လည်ထွက်ပေါ်လာစေမယ့် စုန်းမီးတောက်

အဆင့် ၆ - မှော်စုန်းဆရာသည် မုန်တိုင်းကျီးကန်းအဖြစ်အသွင်ပြောင်းကာ ပျံသန်းနိုင်သည်။

အဆင့် ၁၀ - ဆိုင်ကလုန်း

- မှော်စုန်းဆရာသည် ရန်သူတပ်ဖွဲ့များကို လွှင့်ပါသွားစေမယ့် ဟာရီကိန်းမုန်တိုင်းတစ်ခုအား ထုတ်လွှတ်ရန်မှော်မန္တန်အား ရွတ်ဆိုသွားမည်ဖြစ်သည်။ထိုအခိုက်အတန့်တွင် ရန်သူများသည် ရွေ့လျားနိုင်စွမ်းနှင့်တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှံးသွားမည်ဖြစ်သည်။

တောင်ဘီလူးများ၏ကျွမ်းကျင်မှုများ...

အဆင့် ၁ - အခြေခံတိုက်ခိုက်မှု

အဆင့် ၃ - အနီးအနားရှိရန်သူများအားလုံးကို တောင်ဘီလူးထံစုပြုံတိုက်ခိုက်လာစေရန် ကျွမ်းကျင်မှုတစ်ခုအား အသုံးပြုမည်ဖြစ်သည်။

အဆင့် ၆ - အရေပြားတင်းမာခြင်း

- တောင်ဘီလူး၏အရေပြားသည် ပိုမ်ိုမာကျောလာမည်ဖြစ်ကာ မှော်ခုခံနိုင်စွမ်းကိုတိုးမြင့်ပေးမည်ဖြစ်သည်။

အဆင့် ၁၀ - တောင်ဘီလူးသည် သစ်ပင်အားဆွဲထုတ်ကာ ရန်သူအားတိုက်ခိုက်နိုင်ရန် လက်နက်အဖြစ်အသုံးပြုမည်ဖြစ်သည်။

ရှောင်ယုသည် မှော်စုန်းဆရာနှင့်တောင်ဘီလူးတို့၏ကျွမ်းကျင်မှုများကိုမြင်သောအခါ အလွန်ကျေနပ်အားရသွားခဲ့သည်။အနာဂတ်တိုက်ပွဲများတွင် ၎င်းတို့သည်အလွန်အသုံးဝင်လာမည်ဖြစ်ကာ အင်အားကြီးမားသောတောင်ဘီလူးများသည် စစ်မြေပြင်၏သခင်ဖြစ်လာမှာဖြစ်သည်။ဤတပ်ဖွဲ့နှစ်ခုသည် သူ၏စွမ်းအားကိုခုန်ပေါက်တိုးတက်စေခဲ့သည်။

ရှောင်ယုသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်အတွင်း ဆိုလိုမွန်း၏နယ်မြေကိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အချိန်တွင် ဆရာကြီးအယ်လ်မာအပါအဝင် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများသည်ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ရှောင်ယုသည် ဆရာကြီးအယ်လ်မာအား အဖိုးတန်ရတနာပစ္စည်းအမြောက်အများနှင့် အဆင့်၂ချပ်ဝတ်တန်ဆာတစ်ခုအား လက်ဆောင်ပေးခဲ့၍ ဆရာကြီးအယ်လ်မာသည်ပင် စိတ်လှုပ်ရှားခဲ့ရသည်။ရှောင်ယုသည် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှကျောင်းသားများအပေါ်၌လည်း အလွန်ရက်ရောခဲ့ကာ အကန့်အသတ်မရှိသောရွှေပြားများနှင့် လက်ဆောင်များပေးအပ်ခဲ့သည်။

ထိုကျောင်းသားများအားလုံးသည် ရှောင်ယု၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့အားလုံးအန်ကာဂန်တောင်တန်းများ၌ နစ်မြုပ်ခံရမည်ဖြစ်ကြောင်း သတိပြုမိကြပေသည်။ရှောင်ယုသည် သူတို့၏ခွန်အားကိုမြင့်တင်ပေးနိုင်သည့် အဖိုးမဖြတ်နိုင်သောအတွေ့အကြုံကို ပေးအပ်ခဲ့ပြီးဖြစ်ရာ သူတို့သည်ရှောင်ယုထံမှ မည်သည့်လက်ဆောင်မှမလိုခဲ့ပေ။

ရှောင်ယုသည် ဤခရီးစဉ်အတွင်း ကျောင်းသားများ၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။သူသည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် လက်အောက်ငယ်သားများကိုအလွန်ဂရုစိုက်ကြောင်း ပြသခဲ့သည်။ရှောင်ယုသည် အရှင်သခင်တစ်ယောက်အနေဖြင့် သူတို့၏ယုံကြည်မှုကိုရရှိရန်ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်။သူတို့အနက်အများစုသည် ဘွဲ့ရရှိပြီးပါက ရှောင်ယုလက်အောက်၌အမှုထမ်းရန် စဉ်းစားနေကြသည်။ရှောင်ယု၏အလုံးစုံစွမ်းအားသည် ကောင်းမွန်ခြင်းမရှိသော်လည်း သူ၏အနာဂတ်အလားအလာသည် အကန့်အသတ်မရှိပေရာ အခြေအနေများအားတစ်ချက်စောင့်ကြည့်ရမည်ဖြစ်သည်။

လင်းမူရွယ်နှင့်မူဟန်တို့သည်လည်း မှော်အကယ်ဒမီသို့ပြန်သွားခဲ့ရသည်။ရှောင်ယုသည် သူမတို့မပြန်မှီ ရတနာများနှင့်အဖိုးတန်ပစ္စည်းများစွာပေးအပ်ခဲ့သည်။သူ၏မရီးများကလည်း လက်ဝတ်ရတနာများသေတ္တာနှင့်ချီ၍ လက်ဆောင် ပေးအပ်လိုက်သည်။ရှောင်ယုသည် မြင်းတပ်သား၁၀၀နှင့်လီအာတို့ကို သူမတို့အားကာကွယ်၍ အကယ်ဒမီသို့အရောက်ပို့ဆောင်ခိုင်းလိုက်သည်။ထို့ပြင် လမ်းခရီး၌သက်တောင့်သက်သာရှိစေရန်အတွက် သူ၏ဇိမ်ခံရထားလုံးက်ိုပါငှါးရမ်းလိုက်သည်။

ရှောင်ယုနှင့်လင်းမူရွယ်တို့သည် အချိန်အတော်ကြသည်ထိ တပူးပူးတွဲတွဲရှိနေခဲ့ရာ တစ်ယောက်အကြောင်းတစ်ယောက်သိနေခဲ့ပြီဖြစ်၍ ခွဲခွာရန်ဝန်လေးနေခဲ့ကြသည်။သို့သော်လည်း လင်းမူရွယ်သည်ဘွဲ့ယူရန်လိုအပ်နေသေးရာ ပြန်သွားရုံမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း သူတို့နှစ်ယောက်လုံးသိရှိခဲ့ကြသည်။သို့သော် တစ်နှစ်အကြာ၌ သူတို့နှစ်ယောက်လုံးလက်ထပ်နိုင်ပေသည်။

လင်းမူရွယ်သည် သူမ၏ငယ်ဘဝအကြောင်းက်ို အဆက်မပြတ်ပြောနေရင်း ရှောင်ယု၏လက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားခဲ့သည်။ရှောင်ယုသည် အပြင်ပန်းတွင်လင်းမူရွယ်၏စကားကို သေချာအာရုံစိုက်နားထောင်နေပုံရသော်လည်း လင်းမူရွယ်၏စကားများသည် ညာဘက်နားမှဝင်၍ ဘယ်ဘက်နားမှပြန်ထွက်သွားခဲ့သည်။အဆုံးသတ်တွင် လင်းမူရွယ်သည်ရထားပေါ်တက်ကာ ထွက်ခွာသွားခဲ့သည်။

မူလင်းနှင့်သူ့ဆရာတို့အဖွဲ့သည်လည်း ထွက်ခွာသွားခဲ့ကြသည်။သူတို့အဖွဲ့သည် အန်ကာဂန်တောင်တန်းမှပြန်ရောက်ချိန်တွင် သူတို့သည် ကြီးမားသောအကျိုးခံစားခွင့်များကိုရရှိခဲ့ကြ၍ ရှောင်ယုအားကျေးဇူးတင်ခဲ့ကြသည်။

မတူညီသောအကယ်ဒမီများမှ ကျောင်းသားတိုင်းသည် ဤစွန့်စားခန်းခရီးစဉ်၌ သူတို့၏အတွေ့အကြုံများကိုရှင်းပြကြရာ လူတိုင်းသည်ရှိင်းယားမြို့ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှကျောင်းသားများကို မနာလိုဖြစ်ခဲ့ရသည်။သူတို့သည် မရေမတွက်နိုင်သောအဆင့်မြင့်သားရဲများ၊မသေမျိုးများကိုသတ်ဖြတ်နိုင်ခဲ့သလို အမှောင်မြို့တော်ထဲသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ သူတို့၏အတွေ့အကြုံများကိုပြောပြခဲ့သည်။

သို့သော် မူလင်းတို့အဖွဲ့နှင့် အခြားကျောင်းသားအဖွဲ့များသည်ကား အန်ကာဂန်တောင်တန်းများသို့ ဝင်ရောက်ပြီးနောက်တွင် အသေအပျောက်များစွာနှင့်ရင်ဆိုင်ခဲ့ရသည်။ထိုသို့ကြုံတွေ့ပြီးနောက်တွင် ထိုအဖွဲ့များသည် အန်ကာဂန်တောင်တန်း၏အနက်ပိုင်းသို့ စူးစမ်းလေ့လာခဲ့ခြင်းမရှိတော့ဘဲ အဆင့်နိမ့်သားရဲများကိုသာ လှည့်ပတ်သတ်ဖြတ်ရင်းအချိန်ကုန်ခဲ့ကြသည်။

အမှန်တော့ ရှောင်ယုနှင့်သာမဆုံတွေ့ခဲ့ပါက ဆရာကြီးအယ်လ်မာသည်လည်း ထိုသို့လုပ်ဆောင်ရန်ရွေးချယ်ခဲ့မှာဖြစ်သည်။သို့သော် ရှောင်ယု၏ဦးဆောင်မှုအောက်တွင် သူတို့သည်အန်ကာဂန်တောင်တန်းအနက်ပိုင်းသို့ စွန့်စားဝင်ရောက်ကာ ယခုလိုစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားသောမှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများနှင့်ဆရာများသည်ကား ကြီးကြီးမားမားရိတ်သိမ်းနိုင်ခြင်းမရှိဘဲ လက်ဗလာနီးပါးဖြင့်ပြန်လာခဲ့ရသည်။

ထို့ကြောင့် သူတို့အားမနာလိုစိတ်မဖြစ်ပေါ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေ ဤအဖိုးတန်ရတနာပစ္စည်းများသည် ရှိင်းယားမြို့၏ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများရရှိခဲ့သည့်အတွေ့အကြုံများဖြင့် နှိုင်းယှဉ်မည်ဆိုပါက အသေးအဖွဲ့အရာများသာဖြစ်ကြပေသည်။ထို့ပြင်သူတို့သည် ဒဏ္ဍာရီလာမျိုးနွယ်များဖြစ်သော အောစ့်နှင့်နတ်သူငယ်များနှင့်အတူ အမှောင်မြို့တော်အား စူးစမ်းလေ့လာနိုင်ခဲ့ကြသည်။ဤအရာများသည် စွန့်စားသူများအဖို့ပင် တစ်သက်တာလုံးအဖိုးမဖြတ်နိုင်သည့် အဖိုးတန်ဆုံးသောအမှတ်တရများဖြစ်ကြသည်။ထို့ပြင် သူတို့ပြန်လည်ရောက်ရှိချိန်၌ သူတို့၏တိုက်ပွဲဝင်စွမ်းအားသည် နှစ်ဆတိုးလာမည်ဖြစ်သည်။

ထိုအချိန်မှစ၍ မူလင်းသည်ရှောင်ယုအပေါ်၌ ပိုမိုလေးစားလာခဲ့သည်။ရှိင်းယားမြို့၏ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများက ရှောင်ယုအားကြီးမြတ်သောစစ်သူကြီးအဖြစ်ဖော်ပြခဲ့သည်။ရှောင်ယုသည် သူ၏လက်အောက်ငယ်သားများကို ကာကွယ်ပေးရန်အတွက် အင်အားကြီးကနေဒီမိသားစုကိုပင် စော်ကားခဲ့ကြောင်း မူလင်းနှင့်အခြားသူများကိုပြောပြခဲ့သည်။

အစောပိုင်းတွင် အခြားသူများသည် ရှိင်းယားမြို့၏ မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများ ပြောပြသည်ကိုမယုံကြည်ကြပေ။သို့သော် သူတို့မမြင်ဖူးသည့် ပစ္စည်းများ၊ရတနာများနှင့်ဆေးဝါးများကို တစ်ခုပြီးတစ်ခုထုတ်ယူပြချိန်တွင် အခြားကျောင်းသားများသည် တွေဝေမှိန်းမျောသွားခဲ့သည်။သူတို့၏ဆရာများသည်တောင်မှ ယခုလိုကောင်းမွန်သောပစ္စည်းများမရှိကြောင်း နားလည်ထားပေသည်။

ရှောင်ယုသည် မူလင်းအားနှိမ့်ချစွာမဆက်ဆံခဲ့ပေ။သူသည် မူလင်းအားအကယ်ဒမီ၌ ကောင်းမွန်စွာနေထိုင်နိုင်ရန် ရွှေပြားများစွာထောက်ပံ့ပေးခဲ့သည်။ရှောင်ယုသည် မူလင်း၏ဆရာများနှင့်ကျောင်းသားများကိုလည်း လက်ဆောင်အချို့ပေးအပ်ခဲ့သည်။

တစ်လခွဲကြာမြင့်ပြီးနောက် စွန့်စားသူများအားလုံးသည် ခြင်္သေ့မြို့မှထွက်ခွာလာခဲ့ကြသည်။သို့သော်လည်း ကနဦးတွင်ရောက်ရှိလာသည့် ကျွမ်းကျင်သူများ၏ထက်ဝက်ခန့်သာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကာ ကျန်တစ်ဝက်မှာ အန်ကာဂန်တောင်တန်းများ၌ ထာဝရကျန်ရစ်ခဲ့တော့သည်။

ကိစ္စအားလုံးပြီးစီးပြီးနောက် ရှောင်ယုသည်ဆိုလိုမွန်း၏နယ်မြေကို တိုက်ခိုက်ရန်အတွက် ကပ္ပတိန်ဟွေ့နှင့်မူလီတို့နှင့်အတူ သက်ဆိုင်ရာကိစ္စအသီးသီးကို အသေးစိတ်ဆွေးနွေးခဲ့သည်။သူသည် တောင်ဘီလူးများကိုအသုံးပြုကာ အသေးစိတ်ဝိုင်းရံခြင်းနည်းဗျူဟာတစ်ခုအား အသုံးပြုရန်စီစဉ်ခဲ့သည်။ရှောင်ယုသည် သန့်ရှင်းသပ်ရပ်သောတိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဆိုလိုမွန်း၏နယ်မြေအားသိမ်းပိုက်နိုင်ရန် အစစအရာရာပြီးပြည့်စုံအောင် ကြိုတင်ပြင်ဆင်ခဲ့သည်။

...

...

လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်များသည် ဆိုလိုမွန်း၏နယ်မြေအတွင်းသို့ ခိုးကြောင်ခိုးဝှက်စတင်ဝင်ရောက်လာခဲ့ကြသည်။သူတို့၏မျက်နှာကို အဝတ်စအမည်းများဖြင့်ဖုံးအုပ်ထားကာ တစ်ကိုယ်လုံးကိုအနက်ရောင်ဝတ်ရုံဖြင့်လွှမ်းခြုံထားပြီး မျက်လုံးများကိုသာဖွင့်ထားခဲ့သည်။

ကာရီ၏ဖခင်ဖြစ်သူ ဆိုလိုမွန်းသည် စာဖတ်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်သွားလာနေရင်း နယ်မြေ၏ပြဿနာများကို ဖြေရှင်းရန်စဉ်းစားနေခဲ့သည်။ထိုအခိုက်အတန့်တွင် ဝတ်ရုံနက်တစ်ဦးသည် သူရှေ့မှောက်တွင်ရုတ်တရက်ထွက်ပေါ်လာခဲ့သည့်အတွက်ကြောင့် ဆိုလိုမွန်းသည် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ကာ ထိတ်လန့်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။

"မင်း ဘယ်သူလဲ"

ထိုဝတ်ရုံနက်က အေးစက်သောလေသံဖြင့်ပြန်ပြောလိုက်သည်။

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး...အရေးကြီးတာက မင်းရဲ့နယ်မြေဟာ ပြဿနာအကြီးကြီးကိုရင်ဆိုင်နေရပြီးတော့ ငါ့နောက်ကွယ်ကအင်အားစုက မင်းကိုကူညီပေးနိုင်တယ်ဆိုတာပဲ...ခုအခြေအနေမှာမင်းကိုကူညီဖို့ တစ်ခုတည်းသောလိုအပ်ချက်က မင်းရဲ့သစ္စာစောင့်သိမှုပဲ"

သူ၏ရှေ့မှောက်တွင် အလွယ်တကူထွက်ပေါ်လာသူသည် သူ့အားအလွယ်တကူသတ်ဖြတ်နိုင်ကြောင်း ဆိုလိုမွန်းနားလည်ပေသည်။ထို့ကြောင့်သူသည် ခုခံရန်မကြိုးစားတော့ဘဲ ခဏလောက်စဉ်းစားခဲ့သည်။

"ငါဒုက္ခရောက်နေတယ်ဆိုပေမဲ့ ဘယ်သူ့ရဲ့အကူအညီကိုမှမလိုအပ်ဘူး...တကယ်လို့မင်းသာပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်"

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်သည် ဆိုလိုမွန်း၏စကားကြောင့် စိတ်ဆိုးသွားပုံမရပေ။

"မင်းရဲ့လက်ရှိအခြေအနေက မင်းဘက်ကနေပြီးစတင်တောင်းဆိုနိုင်တဲ့အဆင့်ရှိသေးတယ်လို့ ထင်နေတာလား...အဲ့ဒါကမင်းနဲ့မထိုက်တန်ဘူး..မင်းမှာရွေးစရာနှစ်ခုရှိတယ်...ငါတို့ကိုသစ္စာခံမလား...ဒါမှမဟုတ်ခြင်္သေ့နယ်မြေရဲ့ အမျက်ဒေါသကိုရင်ဆိုင်မှာလား...သေချာတာတစ်ခုကတော့ မင်းရဲ့လက်ရှိအစွမ်းနဲ့ ခြင်္သေ့နယ်မြေကိုလုံးဝတွန်းလှန်နိုင်မှာမဟုတ်ဘူးဆိုတာကို ငါအာမခံတယ်"

"ခြင်္သေ့နယ်မြေရဲ့သခင်က အရမ်းသန်မာတယ်ဆိုတာ ငါသိပါတယ်...ဒါပေမဲ့သူကတလျှောက်လုံး သူ့ရဲ့အားကောင်းတဲ့အောစ့်စစ်သည်တွေကိုအားကိုးပြီး ခုခံကာကွယ်နေခဲ့တာလေ....ဒါပေမဲ့သူပိုင်ဆိုင်တဲ့ အောစ့်စစ်သည်အရေအတွက်က အကန့်အသတ်ရှိတယ်..."

ဆိုလိုမွန်းက ဆက်ပြောလိုက်သည်။

"အဲ့ဒါက ရှောင်ယုရဲ့အကြီးမားဆုံးအားနည်းချက်ပဲ...သူသာငါ့ကိုအောစ့်တွေအများကြီးနဲ့လာတိုက်ခိုက်ရင် ငါသေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်...သူ့ရဲ့အောစ့်ရာချီလောက်နဲ့တော့ ငါ့ရဲ့သောင်းချီတဲ့တပ်ဖွဲ့တွေကိုအောင်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး"

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်သည် ဆိုလိုမွန်းအားကြည့်ကာ လှောင်ရယ်လိုက်သည်။

"ငတုံး...သူကစစ်သား၁၀၀လောက်နဲ့ စုဘာရူရဲ့ဓားပြ၁၀၀၀၀၀ကျော်ကိုအနိုင်ယူခဲ့တယ်လို့ မင်းထင်နေတာလား...သူကကိုယ့်အခြေအနေကိုယ်နားမလည်ဘူးဆိုရင် မင်းကိုလာတိုက်မယ်လို့မင်းထင်လား...လောလောဆယ်မင်းကိုငါတို့ပေးမယ့်အကျိုးကျေးဇူးတွေအကြောင်း အရင်ပြောပြမယ်...ဒါတွေနားထောင်ပြီးမှငြင်းရင်လည်း နောက်မကျသေးပါဘူး"

ထို့နောက် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်သည် လက်ရှိအခြေအနေနှင့် ဆိုလိုမွန်းရရှိမည့်အကျိုးကျေးဇူးများကို ဆက်တိုက်ပြောကြားခဲ့သည်။

ဆိုလိုမွန်းသည် ဝတ်ရုံနက်၏စကားကိုနားထောင်ပြီးနောက် စကားမပြောဘဲ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

"မင်းဘာပြောချင်လဲ...မင်းကလက်စားချေပြီး ခြင်္သေ့နယ်မြေသခင်ကိုသတ်ဖြတ်နိုင်ရုံတင်မကဘူး...အနောက်မြေရိုင်းဒေသရဲ့ဘုရင်ဖြစ်လာလိမ့်မယ်...ငါတို့လိုချင်တဲ့တစ်ခုတည်းသောအချက်က ငါတို့အပေါ်သစ္စာစောင့်သိဖို့ဘဲ"

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်သည် ဆိုလိုမွန်းအား ထပ်မံ၍စည်းရုံးဆွဲဆောင်လိုက်သည်။

"ကောင်းပြီလေ...မင်းတို့အပေါ်သစ္စာခံပြီးနောက် ငါဘာတွေဆက်လုပ်ရမှာလဲ"

ဆိုလိုမွန်းသည် ငတုံးမဟုတ်ပေ။သူသည် များစွာသောအကျိုးကျေးဇူးများကို လက်ခံရရှိထားပြီးဖြစ်ရာ ဝတ်ရုံနက်များသည်စေတနာရှင်များ မဖြစ်နိုင်ပေ။သူသည် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ရာ တစ်ဖက်လူအားပေးအပ်ရမယ့်အရာများလည်း ရှိနေနိုင်ပေသည်။အထူးသဖြင့် ဝတ်ရုံနက်များသည် အကြွင်းမဲ့သစ္စာခံမှုအားတောင်းဆိုကာ သူ့ဘက်မှအနည်းငယ်မျှသောလွဲချော်မှုကိုပင် လက်မခံပေ။ထိုသို့မဟုတ်ပါက ဝတ်ရုံနက်များသည် သူ့နေရာ၌အစားထိုးရန် အခြားတစ်ယောက်အားရှာဖွေမည်ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် အခြေအနေတစ်ခုလုံးကို ခြယ်လှယ်ကြိုးကိုင်နိုင်စွမ်းရှိရာ သူတို့သည် သူ့အားသတ်ဖြတ်လိုပါက အလွန်လွယ်ကူသည်ဟုဆိုလိုနေခြင်းဖြစ်သည်။ဤအခြေအနေသည် အစကတည်းကသူ့အား အခြားရွေးချယ်ပိုင်ခွင့်မပေးခဲ့ပေ။

All Chapters