← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း ၂၀၈ - အောစ့်စီးနင်းသူများ၏အစွမ်း

အနောက်တိမ်တိုက်အင်ပါယာ၏မြင်းများသည် အမှန်တကယ်ပင်လျင်မြန်ကြသည်။

သူတို့ကိုစီးနင်းသည့် မြင်းတပ်သားများကလည်း ထူးချွန်သောအရည်အချင်းကိုပိုင်ဆိုင်ကြသည်။သူတို့သည် မြင်းများကိုသူတို့၏ခြေထောက်များကဲ့သို့ ထိန်းချုပ်ထားနိုင်ကြသည်။သို့သော် ဤတစ်ကြိမ်၌ သူတို့သည်သူတို့ကိုင်တွယ်နိုင်စွမ်းထက် ပိုမိုသာလွန်သော အောစ့်စီးနင်းသူများနှင့် ရင်ဆိုင်ခဲ့ရသည်။ထို့ပြင် နတ်မြင်းပျံများကလည်း သူတို့နောက်သို့တစ်ချိန်လုံးလိုက်ပါနေခဲ့သည်။

သူတို့သည် ထိုတပ်ဖွဲ့နှစ်ခုအား မည်သို့မှမျက်ခြေဖြတ်နိုင်ခြင်းမရှိခဲ့ပေ။မည်သို့ပင်ဆိုစေ ရှောင်ယုသည်လည်း ရန်သူအရေအတွက်များပြားပါက အောစ့်စီးနင်းသူများနှင့်နတ်မြင်းပျံများကို မြင်းတပ်သားများနောက်သို့လိုက်ခိုင်းမည်မဟုတ်ပေ။ရှောင်ယုသည် အသေအပျောက်နှင့်ရင်ဆိုင်ရမည်ကို စိုးရိမ်နေခဲ့သည်။ဆင့်ခေါ်ထားသည့်တပ်သားအများစုသည် သူ၏သားသမီးများကဲ့သို့ဖြစ်ကာ သူတို့၏သေဆုံးမှုအားလုံးဝလက်မခံနိုင်ပေ။

အောစ့်စီးနင်းသူများသည် အသက်ရှုချိန်အနည်းငယ်ခန့်အကြာတွင် ဓားပြများကို လိုက်မှီသွားခဲ့သည်။အောစ့်များသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူတို့၏ဓားရှည်ကြီးများဖြင့် မြင်းများကိုစတင်တိုက်ခိုက်လိုက်ကြသည်။ရန်သူဓားပြများသည်လည်း အလွန်ရဲရင့်ကြပြီး တန်ပြန်တိုက်ခိုက်ရန် သူတို့၏ဓားများကိုဆွဲထုတ်လိုက်ကြသည်။အောစ့်စီးနင်းသူများအသုံးပြုပြီး ဓားရှည်များသည်လေးလံကာ ရှည်မျောသလောက် အနောက်တိမ်တိုက်အင်ပါယာတပ်သားများ၏ဓားသည် အထိအခိုက်မခံနိုင်ပေ။

အောစ့်များ၏ဓားရှည်များကို အထူးပစ္စည်းများဖြင့်ပြုလုပ်ထား၍ အလွန်မာကျောပြီးထက်မြက်ပေသည်။အောစ့်များသည် ဓားရှည်များ၏နဂိုမူရင်းအလေးချိန်ကို သူတို့၏ပြင်းထန်သောခွန်အားဖြင့်ထည့်ပေါင်း၍ တိုက်ခိုက်ချိန်တွင် ထွက်ပေါ်လာသည့်စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။မျက်စိတစ်မှတ်အတွင်းမှာပင် အနောက်တိမ်တိုက်အင်ပါယာမှ တပ်သားအမြောက်အများသေဆုံးသွားခဲ့ရသည်။

နတ်မြင်းပျံကိုစီးနင်းကြသည့် နတ်သူငယ်များသည်လည်း မြှားများကိုတစ်ချိန်တည်းပစ်လွှတ်လိုက်ကြသည်။အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည် သူတို့မြင်းများ၏အလေးချိန်ကိုမလျော့ကျစေလိုသောကြောင့် သားရေချပ်ဝတ်တန်ဆာကိုသာအသုံးပြုကြသည်။ထိုသားရေချပ်ဝတ်တန်ဆာသည် နတ်သူငယ်များ၏မြှားချက်ကိုမကာကွယ်နိုင်ခဲ့ပေ။

နတ်သူငယ်များသည် မြင်းတပ်သားများကိုပစ်ခတ်ရာ၌ အမှားအယွင်းမရှိကြပေ။မြှားချက်တိုင်းသည် မြင်းတပ်သားတစ်ဦးကိုမြေပေါ်ပြုတ်ကျစေခဲ့သည်။မြင်းတပ်သားများသည် နတ်မြင်းပျံများကိုပစ်ချရန် သူတို့၏လေးနှင့်မြှားကိုအသုံးပြုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။အောက်ခြေမှနေ၍ အပေါ်က်ိုပစ်ခတ်ရသည်မှာ အမြဲခက်ခဲပေသည်။ထို့ပြင် နတ်မြင်းပျံများသည် ပစ်မှတ်အသေများမဟုတ်ကြပေ။ဤနေရာတွင် အကြီးစားလှံပစ်စက်များကသာ သူတို့အားခြိမ်းခြောက်နိုင်ပေသည်။သို့သော် အပေါ့စားမြင်းတပ်သားများသည် သူတို့နှင့်အတူအကြီးစားလှံပစ်စက်များကို မယူဆောင်လာခဲ့ကြပေ။

လွန်ခဲ့သောခြောက်လနှင့်နှိုင်းယှဉ်ပါက ရှောင်ယု၏ခွန်အားသည် အလွန်တိုးလာ၍ စုဘာရူကတိတ်တဆိတ်ကျိန်ဆဲမိလိုက်သည်။မူလက တပ်သားအရေအတွက်အားသာချက်ကြောင့် ရှောင်ယုအားကိုင်တွယ်နိုင်မည်ဟု သူယူဆခဲ့သည်။သူသည်ရှောင်ယု၏အင်အားကို ကြိုတင်စုံစမ်းပြီးနောက် ရှောင်ယုထံတွင် အောစ့်စီးနင်းသူအမြောက်အများမရှိနိုင်ဟုယုံကြည်ခဲ့သည်။

သို့သော် အောစ့်စီးနင်းသူများသည် ဤမျှအားကောင်းလိမ့်မည်ဟု စုဘာရူမထင်ထားခဲ့ပေ။ထို့ပြင် ဝေဟင်မှနေ၍ အောစ့်စီးနင်းသူများကိုပံ့ပိုးပေးနေသည့် နတ်မြင်းပျံများကြောင့်လည်း သူ၏တပ်ဖွဲ့သည်ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။

ယခုခေတ်တွင် လေကြောင်းတပ်ဖွဲ့များမရှိခဲ့ပေ။ရံဖန်ရံခါတွင်သာ ပျံသန်းနိုင်သည့်သားရဲအချို့ကို အိမ်မွေးသားရဲများအဖြစ် လေ့ကျင့်ပေးထားသော်လည်း သူတို့၏အရေအတွက်သည် အလွန်နည်းပါး၍ ၎င်းတို့အားတိုက်ခိုက်ရေးအင်အားအဖြစ် မသတ်မှတ်နိုင်ပေ။ထို့ကြောင့် ရှောင်ယု၏အထူးတပ်ဖွဲ့များသည် အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများ၏ အိပ်မက်ဆိုးများဖြစ်လာခဲ့သည်။

အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများ၏အရှိန်နှုန်းသည် နတ်မြင်းပျံများ၏နှောင့်ယှက်မှုကြောင့် အလွန်နှေးကွေးသွားခဲ့ရသည်။တစ်ချိန်တည်းမှာပင် ရှောင်ယု၏အမာခံမြင်းတပ်သားများသည် ဓားရှည်များကိုအသုံးပြု၍ ဓားပြများကိုရက်ရက်စက်စက်သတ်ဖြတ်ရန် ပြေးဝင်လာကြသည်။

အမာခံမြင်းတပ်သားများအား ဆန့်ကျင်ရသည့်ဓားပြများ၏အဖြစ်သည် ခြေလျင်တပ်သားများက တင့်ကားများကိုတိုက်ခိုက်ရသည်နှင့် တူညီပေသည်။ထို့ပြင် ရှောင်ယု၏အမာခံမြင်းတပ်သားများသည် ဓားပြများ၏တိုက်ခိုက်မှုများအား လုံးဝကိုလျစ်လျူရှုစေနိုင်လောက်သော ကျွမ်းကျင်မှုများကိုပိုင်ဆိုင်ထားပေသည်။အနောက်တိမ်တိုက်အင်ပါယာ၏ လက်ရွေးစင်တပ်သားများသည်ပင် ထိုတိုက်ခိုက်မှုများကိုခုခံနိုင်မည်မဟုတ်ပေ။ထို့ကြောင့် တိုက်ပွဲသည်တစ်ဖက်သတ်ဆန်နေခဲ့ပြီး စုဘာရူဘက်မှများစွာကျရှံးနေခဲ့ရသည်။

"ဖြန့်ခွဲပြေးကြ...."

စုဘာရူသည် ဤကဲ့သို့ရူးရူးမိုက်မိုက်ဆက်လက်ထွက်ပြေးနေ၍ မရနိုင်တော့ကြောင်း နားလည်လိုက်သည်။ရှောင်ယု၏အထူးတပ်ဖွဲ့များသည် အချိန်တိုအတွင်း သူ၏တပ်များကိုအမြစ်ဖြုတ်သုတ်သင်ရှင်းလင်းတော့မည်ဖြစ်သည်။ယခုအချိန်၌တစ်ခုတည်းသောရွေးချယ်ခွင့်မှာ လွတ်မြောက်ရန်အတွက် တပ်ဖွဲ့များကိုဖြန့်ခွဲကာ နောက်မှ ပြန်လည်တိုက်ခိုက်ရန်ဖြစ်သည်။

အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည် လူစုခွဲကာဦးတည်ချက်ရာပေါင်းများစွာကို ထွက်ပြေးခဲ့ကြသည်။ရှောင်ယုသည် နတ်မြင်းပျံများကို အုပ်စုဒါဇင်ကျော်ခွဲထုတ်ကာ မြင်းတပ်သားများအား ခြေရာခံရန်အမိန့်ပေးထားခဲ့သည်။သို့သော်လည်း ရှောင်ယုကမူ မြွေခေါင်းကိုဖြတ်တောက်ရန် လုံးဝဆုံးဖြတ်ထားသည်။စုဘာရူသည် ဤဓားပြအဖွဲ့၌ အရေးအကြီးဆုံးသောပုဂ္လိုလ်ဖြစ်သည်။

ရှောင်ယုသည် အနာဂတ်တွင်ဖြစ်ပျက်လာမည့်ပြဿနာအားလုံးကို အမြစ်ဖြုတ်ဖြေရှင်းလို၍ စုဘာရူအား တစ်ခါတည်းအဆုံးသတ်လိုခဲ့သည်။သူသည် စုဘာရူ၏တည်ရှိမှုအား လျစ်လျူရှုကာ အနောက်တိမ်တိုက်အင်ပါယာသို့မဝင်ရောက်နိုင်ပေ။သူ၏ယခုတစ်ကြိမ်ခရီးစဉ်သည် အနောက်တိမ်တိုက်အင်ပါယာမှ ခြင်္သေ့နယ်မြေအားစိတ်ဝင်စားလာရသည့်အခြေအနေကို အတိအကျသိရှိနိုင်စေရန်အတွက် သူတို့၏ရာထူးမြင့်ပုဂ္ဂိုလ်များထံ စိမ့်ဝင်သတင်းရယူရန်ဖြစ်သည်။

အောစ့်စီးနင်းသူများသည် အနောက်တိမ်တိုက်အင်ပါယာ၏မြင်းတပ်သားများကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားအချို့သည် ဆက်လက်ထွက်မပြေးလိုတော့ဘဲ အောစ့်စီးနင်းသူများကိုလှည့်၍တိုက်ခိုက်ကြသည်။သို့သော် သူတို့သည်အနိုင်ရရန်အခွင့်အရေးလုံးဝမရဘဲ သတ်ဖြတ်ခံခဲ့ရသည်။ဝံပုလွေများသည် အရပ်အမြင့်၂မီတာခန့်ရှိကာ သူတို့သာတစ်ချက်ခုန်လိုက်ပါက မြင်းတပ်သားများ၏ဦးခေါင်းကိုလွယ်ကူစွာကိုက်ခဲနိုင်ပေသည်။အောစ့်စီးနင်းသူများ၏တစ်ခုတည်းသောလက်နက်မှာ သူတို့၏ဓားရှည်ကြီးများဖြစ်သည်ဟု ယူဆလိုက်ပါက လုံးဝမှားယွင်းသွားမည်ဖြစ်သည်။ဝံပုလွေများသည်လည်း သူတို့၏လက်နက်များဖြစ်ကြသည်။

တိုင်ရန်ဒီသည် စုဘာရူအားမြှားများဖြင့် အဆက်မပြတ်ပစ်ခတ်၍ နှောင့်ယှက်နေခဲ့သည်။ထို့ပြင် တိုင်ရန်ဒီ၏မြှားပစ်သည့်အမြန်နှုန်းသည် စက်သေနတ်အမြန်နှုန်းဖြင့်ပင် နီးစပ်ပေသည်။ထို့ကြောင့်စုဘာရူသည် မြင်းစီးနေရင်းတန်းလန်း မြှားများကိုပိတ်ဆို့ရန်သူ၏ဓားကိုအသုံးပြုနေရသည့်အတွက် သူ၏အရှိန်သည်တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။ထိုအချိန်တွင် ရှောင်ယုကသူ့နောက်တွင်အမြဲရှိနေခဲ့သည်။

"သူဌေး...ခေါင်းဆောင်...ဘာလို့ပြေးနေတာလဲ...ငါတို့မတွေ့ရတာတောင်ကြာပြီ...ဟိုးရှေးရှေးတုံးကအကြောင်းတွေပြန်ပြောကြရအောင်"

ရှောင်ယုသည် စုဘာရူအား အော်ဟစ်လှောင်ပြောင်လိုက်သည်။

"ရှောင်ယု...မင်းမာနမကြီးနဲ့...မင်းငါ့ကိုဒီလိုနည်းနဲ့အနိုင်ရလိမ့်မယ်လို့ မင်းတွေးနေတာလား..."

စုဘာရူသည် အလွန်ဒေါသထွက်သွားကာ ရှောင်ယုအားချက်ချင်းသတ်ဖြတ်ချင်စိတ်ဖြစ်လာခဲ့သည်။

"သူဌေးမင်းငါ့ကိုအတော်လေးလျော့တွက်ထားတာပဲ...ငါကမင်းရဲ့စခန်းကိုဖြိုခွဲဖို့ လက်တစ်ဖက်ပဲအသုံးပြုခဲ့တယ်ဆိုတာ မင်းခုထိနားမလည်သေးဘူးလား...တကယ်တော့ငါမင်းကိုတော်တော်လေးစားတယ်လို့ ပြောရမယ်...မင်းမှာအရည်အချင်းကောင်းတွေပိုင်ဆိုင်ထားတာပဲ...စကားမစပ် ငါတို့နှစ်ယောက်ကိုဆန့်ကျင်ဘက်ဖြစ်အောင်လို့ ဘယ်သူကအမိန့်ပေးခဲ့တာလဲ...မင်းကတောင်ပေါ်ကျားတစ်ကောင်ဆိုရင် ငါကမိုးနဂါးတစ်ကောင်ဆိုတာမသိတာလား...အနောက်မြောက်ဒေသမှာဘုရင်တစ်ပါးပဲရှိရမယ်...သူဌေးမပြေးနဲ့...ငါမင်းကိုသတ်ပါရစေ"

ရှောင်ယုသည် စကားကိုအဆုံးသတ်လိုက်ပြီးနောက် သူရဲကောင်းဆန်စွာခုန်ကျော်ခြင်းကို အသက်သွင်းလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည်ဆန်းကြယ်ပုဆိန်ကို ပင့်မြောက်လိုက်ကာ စုဘာရူအားတိုက်ခိုက်လိုက်သည်။

ရှောင်ယုသည် သတ္တိရှိရှိတိုက်ခိုက်လာသည်ကို တွေ့မြင်လိုက်ရ၍ စုဘာရူသည် အနည်းငယ်အံ့သြသွားခဲ့သည်။သူသည်ထိုတိုက်ခိုက်မှုအားတားဆီးရန်အတွက် သူ၏မှော်ဓားကိုမြှောက်လိုက်သည်။စုဘာရူအသုံးပြုသည့်မှော်ဓားသည် မြေကြီးနှင့်ဆက်စပ်မှုရှိကာ ခုခံကာကွယ်ရေး၌အလွန်အစွမ်းထက်ပေသည်။

သို့သော်လည်း ထိုဓားသည် ဆန်းကြယ်ပုဆိန်နှင့်ယှည်လျင် သစ်သားတုတ်တစ်ချောင်းထက် မပိုခဲ့ပေ။

ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကိုအသက်သွင်းကာ ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းလိုက်သည်။ထိုတိုက်ခိုက်မှုကြောင့် စုဘာရူ၏မြင်းသည်နှစ်ခြမ်းကွဲသွားသော်လည်း နောက်ဆုံးအခိုက်အတန့်လေးတွင် စုဘာရူသည် သူ့အသက်ကိုကယ်တင်နိုင်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဆန်းကြယ်ပုဆိန်သည် မှော်ကွန်းဝင်အဆင့်လက်နက်တစ်ခုဖြစ်ကာ အလွန်ပင်အစွမ်းထက်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ဘန်း..ဘန်း

ရှောင်ယုသည် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်ကို ဆက်တိုက်အသုံးပြုကာ စုဘာရူအားအနားယူခွင့်လုံးဝမပေးဘဲ တိုက်ခိုက်ခဲ့သည်။စုဘာရူ၏အစွမ်းသည် ရှောင်ယုထက်မြင့်မားသော်လည်း ယခုအခိုက်အတန့်တွင် သူသည်ဖိအားများအောက်ကျရောက်နေခဲ့သည်။

အခန်း ၂၀၉ - အသိုက်ထဲထိ လိုက်လံတိုက်ခိုက်ခြင်း

စုဘာရူသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်အဖြစ် အဆင့်တက်သွားခဲ့သော်လည်း ရှောင်ယုအားထိပ်တိုက်ရင်မဆိုင်နိုင်ခဲ့ပေ

။မူလက ရှောင်ယုသည်သန်မာသောလူတစ်ယောက်မဟုတ်ဟု ဆုံးဖြတ်ထားသည့်စုဘာရူသည် လွန်စွာအံ့သြသွားခဲ့သည်။အကယ်၍ သူသာထွက်ပြေးရန်ကြိုးစားခဲ့လျှင်ပင် ရှောင်ယုကတားဆီးနိုင်မည်မဟုတ်ဟု သူယုံကြည်ထားခဲ့သည်။

သို့သော် အခြေအနေများသည် စုဘာရူယုံကြည်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ရှောင်ယုသည် ယခုအချိန်၌သူ့အား ကြီးကြီးမားမားခြိမ်းခြောက်နေခဲ့သည်။

"ဒီလောက် အချိန်တိုလေးအတွင်းမှာ သူဘယ်လောက်ထိသန်မာလာခဲ့တာလဲ..."

စုဘာရူသည် အလွန်စိတ်ရှုပ်ထွေးသွားကာ အံ့သြမှင်သက်သွားခဲ့သည်။ထိုအချိန်က ရှောင်ယုသည် ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်သာဖြစ်ကြောင်း သူမှတ်မိနေသေးသည်။သို့သော် အချိန်၆လကြာမြင့်ပြီးနောက် ရှောင်ယုသည်စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်အား တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

ဘာတွေဖြစ်ကုန်တာလဲ...

ထိုအချိန်တွင် နောက်ထပ်ခုတ်ချက်တစ်ခုက သူ၏ဘယ်ဘက်သို့ဦးတည်ဝင်ရောက်လာသောကြောင့် စုဘာရူသည်အနည်းငယ်တုံ့ပြန်မှု နောက်ကျသွားခဲ့သည်။ယခုအချိန်တွင် သူ့အားတိုက်ခိုက်နေသည်မှာ ရှောင်ယုတစ်ယောက်တည်းမဟုတ်ဘဲ တိုင်ရန်ဒီလည်းပါဝင်နေခဲ့သည်။စုဘာရူသည် နောက်သို့လှည့်ကြည့်လိုက်ရာ ရှောင်ယုကဆန်းကြယ်ပုဆိန်အားခုတ်လွဲလိုက်သည်ကို တွေ့မြင်လိုက်ရသည်။

စုဘာရူသည် ရှောင်ယု၏ပုဆိန်မှ အပြာရောင်အလင်းတန်းများထွက်ပေါ်နေသည်ကို မြင်လိုက်ရ၍အံ့သြသွားခဲ့သည်။ယခုအချိန်တွင် ရှောင်ယုသည် ထိုလက်နက်၏အစွမ်းကြောင့် သူ၏ကိုယ်ပိုင်ခွန်အားထက်ကျော်လွန်တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း စုဘာရူနားလည်သွားပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် တတိယအဆင့်သူရဲကောင်းဖြစ်ကြောင်း သူသိရှိထားသည်။

တတိယအဆင့်သူရဲကောင်းတစ်ယောက်သည် ထိုလက်နက်၏အကူအညီဖြင့် သူ့အားဖိအားပေးနိုင်သည်ကိုကြည့်ခြင်းဖြင့် ထိုလက်နက်သည်မည်မျှထိအစွမ်းထက်ကြောင်း တွေ့မြင်နိုင်သည်။စုဘာရူသည် ချက်ချင်းဆိုသလိုပင် ရှောင်ယုအားသတ်ဖြတ်၍ ထိုပုဆိန်အားလုယူလိုခဲ့သည်။သူသာ ထိုပုဆိန်ကိုရခဲ့ပါက သူ၏စွမ်းအားများသည်ခုန်ပေါက်ကျော်လွှားနိုင်မှာဖြစ်သည်။သို့သော် ယခုအချိန်၌ သူ့အားအောစ့်စီးနင်းသူများစွာက ဝိုင်းရံထားခဲ့သလို ရှောင်ယုနှင့်တိုင်ရန်ဒီကလည်းသူ့အား မရပ်မနားတိုက်ခိုက်နေ၍ သူ့အတွက်အကောင်းဆုံးအခြေအနေမှာ ဤနေရာမှထွက်ပြေးလွတ်မြောက်ရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံအချို့ထွက်ပေါ်လာခဲ့ပြီး ထွားကြိုင်းသန်မာသော ပုံရိပ်နှစ်ခုသည် စုဘာရူထံပြေးဝင်သွားခဲ့သည်။သူတို့သည် ဂရင်းနှင့်ခိုင်ရင်းတို့ဖြစ်သည်။သူတို့ထံတွင် စီးနင်းကောင်များမရှိ၍ ရှောင်ယုနှင့်တိုင်ရန်ဒီတို့ထံရောက်ရန် အချိန်အနည်းငယ်ယူခဲ့ရသည်။ခိုင်ရင်းသည် သူ့လက်ထဲရှိပုဆိန်ကြီးကိုဝှေ့ယမ်းလိုက်ပြီး စုဘာရူအားချက်ချင်းတိုက်ခိုက်လိုက်သည်။

စုဘာရူသည် ခိုင်ရင်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဂရင်း၏လေးလံသောဓားသည် အခြားထောင့်တစ်နေရာမှထွက်ပေါ်လာခဲ့သည်။စုဘာရူသည် သန်မာသောသူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း ပဥ္စမအဆင့်သို့မရောက်ရှိသေးပေ။ထို့ကြောင့်သူသည် တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ရှောင်ယုတို့အဖွဲ့အား တန်ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။

ရှောင်ယု၏ခွန်အားသည် ဤအဆင့်ထိရောက်ရှိလာလိမ့်မည်ဟု စုဘာရူမထင်ထားခဲ့ပေ။သူသာ ယခုထွက်မပြေးပါက သေရလိမ့်မည်ဟု စုဘာရူနားလည်လိုက်သည်။ခိုင်ရင်းသည် အခြားသူများထက်ကြောက်စရာကောင်းသည့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ထုတ်ဖော်၍စုဘာရူအား တိုက်ခိုက်နေခဲ့သည်။စုဘာရူသည် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုနိုင်သော သူရဲကောင်းဖြစ်ရာ ခန္ဓာက်ိုယ်ကြီးမားသည့် ရန်သူများကိုမကြောက်ရွံ့ခဲ့ပေ။သူသည် အစွမ်းထက်သည့်နတ်ဆိုးသားရဲများကိုပင် တစ်ကိုယ်တည်းရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော် ခိုင်ရင်း၏တိုက်ခိုက်ရေးပုံစံသည် သူ၏ကြီးမားသောခန္ဓာက်ိုယ်ဖွဲ့စည်းတည်ဆောက်ပုံနှင့် အံဝင်ခွင်ကျဖြစ်ကာ လိုက်လျောညီထွေဖြစ်နေခဲ့သည်။သူ၏ပုဆိန်အသုံးပြုမူကလည်း အလွန်ပင်အစွမ်းထက်ပေသည်။တစ်ဖက်တွင် ဓားသခင်တစ်ယောက်ဖြစ်သည့် ဂရင်း၏တိုက်ခိုက်မှုပုံစံကလည်း လုံးဝကွဲထွက်နေခဲ့သည်။သူ၏ဓားသိုင်းကျွမ်းကျင်မှုသည် လူသားတို့၏ဓားသိုင်းပညာများနှင့်လုံးဝကွဲထွက်နေသော်လည်း သူထုတ်ဖော်ခဲ့သည့်အထူးကျွမ်းကျင်မှုများသည် အလွန်ထူးကဲလှပေသည်။

စုဘာရူသည် မှော်စာလိပ်တစ်ခုအား ဆွဲထုတ်ကာ ဆုတ်ဖြဲလိုက်သည်။ထိုအခါ အဖြူရောင်အလင်းတန်းတစ်ခုသည် စုဘာရူ၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားခဲ့ပြီး နောက်အခိုက်အတန့်တွင် စုဘာရူသည်ထိုနေရာမှပျောက်ကွယ်သွားခဲ့သည်။

"သေစမ်း...ဒီကောင့်ဆီမှာတည်နေရာရွေ့ပြောင်းမှော်စာလိပ်တစ်ခုရှိနေတာပဲ..."

ရှောင်ယုသည် စုဘာရူလွတ်မြောက်သွားခြင်းကြောင့် ဒေါသထွက်သွားခဲ့သည်။သူ၏ အနောက်တိမ်တိုက်အင်ပါယာခရီးစဉ်အား အဓိကဒုက္ခပေးမည့် စုဘာရူအားသူဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

"မင်းအမေလိုပဲ...သူ့ကိုယ်ပေါ်မှာ မှော်စာလိပ်တစ်ခုကို ဘယ်လိုဖုံးကွယ်ထားခဲ့တာလဲ..."

ရှောင်ယုသည် စုဘာရူပျောက်ကွယ်သွားသည့် နေရာတဝိုက်အားစူစမ်းရှာဖွေခဲ့သည်။

"ခဏနေဦး...ဒါကသာမန်မှော်စာလိပ်တစ်ခုပဲ...ခုလိုမှော်စာလိပ်တွေကလုပ်ဆောင်နိုင်စွမ်းနှစ်ခုပဲရှိတယ်...သူရဲ့တည်နေရာရွေ့ပြောင်းနိုင်စွမ်းက သိပ်မကြီးတာလည်းဖြစ်နိုင်သလို ကြုံရာကျပန်းတည်နေရာရွေ့ပြောင်းတာလည်းဖြစ်နိုင်တယ်...စုဘာရူကခုချိန်မှာ ခြင်္သေ့နယ်မြေအတွင်းမှာရှိနေတာကြောင့် သူ့အတွက်အရမ်းအန္တာရယ်များတဲ့ ကျပန်းတည်နေရာရွေ့ပြောင်းမှော်စာလိပ်ကို အသုံးမပြုနိုင်လောက်ဘူး...အဲ့ဒါဆိုရင် စုဘာရူကဒီနေရာကအရမ်းမဝေးတဲ့သတ်မှတ်ထားတဲ့ တည်နေရာတစ်ခုကိုရွေ့ပြောင်းသွားတာ ဖြစ်နိုင်ခြေအရှိဆုံးပဲ..."

"သရောလ်ကိုအမြန်ခေါ်လိုက်ကြ...ပြီးရင်စုဘာရူကိုရှာဖို့အတွက် အဝေးမြင်ကွင်းကိုအသုံးပြုခိုင်းလိုက်....အခြေစိုက်စခန်းမှာရှိနေတဲ့ နတ်မြင်းပျံတွေအကုန်လုံးကိုလှုပ်ရှားခိုင်းလိုက်တော့ ငါတို့စုဘာရူကိုရအောင်ရှာရမယ်....တိုင်ရန်ဒီ...မင်းရဲ့လင်းယုန်မျက်လုံးကိုအသုံးပြုပြီးတော့ ရှာဖွေရေးအဖွဲ့တွေကိုတတ်နိုင်သလောက် ကူညီပေးလိုက်"

အလွန်ဝေးကွာသောနေရာတစ်ခုဆီသို့ အတိအကျတည်နေရာရွေ့ပြောင်းနိုင်သည့် မှော်စာလိပ်များသည် အလွန်အဖိုးတန်သောကြောင့် စုဘာရူသည်ထိုသို့သောမှော်စာလိပ်တစ်ခုအား မတတ်နိုင်သည်ကို ရှောင်ယုနားလည်ပေသည်။ထို့ပြင် ယခုလိုအခြေအနေမျိူး၌ စုဘာရူအားထွက်ပြေးခွင့်ပြုလိုက်ပါက ရှောင်ယုသည်အလွန်ပင်အရှက်ရဖွယ်ကောင်းသွားမှာဖြစ်သည်။

ထိုအချိန် သရောလ်သည် အောစ့်များနှင့်အတူရောက်ရှိလာခဲ့သည်။နတ်မြင်းပျံများသည်လည်း အခြေစိုက်စခန်းမှထွက်ခွာလာခဲ့ကာ စုဘာရူအား စတင်ရှာဖွေခဲ့ကြသည်။

ရှောင်ယုသည် လက်ရှိအခြေအနေအတွက် အောစ့်များ၏အကူအညီကိုမလိုအပ်သော်လည်း ခြွင်းချက်အနေဖြင့် သရောလ်အားလိုအပ်နေခဲ့သည်။သရောလ်၏အဝေးမြင်ကွင်းသည် ယခုလိုအချိန်၌ အလွန်ပင်အသုံးဝင်လှပေသည်။သရောလ်၏ကျွမ်းကျင်မှုသည် သတ်မှတ်ထားသည့်အကွာအဝေးတစ်ခုအတွင်းရှိ အရာအားလုံးက်ိုရှာဖွေနိုင်သောကြောင့် ရှာဖွေမှုတွင်အလွန်ထိရောက်ပေသည်။သရောလ်သည် ရှောင်ယု၏အခြေအနေကိုသိရှိသည်နှင့် စုဘာရူ၏တည်နေရာကိုရှာဖွေရန် သူ၏ကျွမ်းကျင်မှုကို အဆုံးစွန်ထိတွန်းအားပေးခဲ့သည်။သို့သော်လည်း သရောလ်၏လုပ်ဆောင်ချက် အမြန်နှုန်းသည် ကျယ်ပြောလှသောဧရိယာတစ်ခုလုံးကိုရှာဖွေနေရ၍ နှေးကွေးနေခဲ့သည်။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများကိုရှာဖွေရန် နတ်မြင်းပျံအချို့အားအမိန့်ပေးခဲ့သည်။သူတို့အများစုသည် စုဝေးရာနေရာတစ်ခုအဖြစ် ကြိုတင်သတ်မှတ်ထားသည့် နေရာတစ်ခုသို့သွားရောက်နိုင်သည်။စုဘာရူသည် သူ့လူများကိုချန်ထားရစ်ကာ သူ့အားထောက်ပံ့ပေးနေသူထံသို့ တစ်ကိုယ်တည်းပြန်မသွားလောက်ဟု ရှောင်ယုကအခိုင်အမာယုံကြည်ထားခဲ့သည်။

မိုးလင်းခါနီးအချိန်တွင် အသက်ရှင်ကျန်ရစ်နေသည့် မြင်းတပ်သားများသည် အနောက်မြောက်ဘက်သို့ဦးတည်နေကြောင်း နတ်မြင်းပျံများကသတင်းပို့လာခဲ့သည်။သူတို့၏အရေးပေါ်စုဝေးရာနေရာသည် ထိုနေရာ၌ရှိနေပုံရသည်။ရှောင်ယုသည် သူ၏တပ်ဖွဲ့နှင့်အတူ မြင်းတပ်သားများ၏လမ်းကြောင်းအတိုင်း ရွေ့လျားသွားခဲ့သည်။

နာရီအနည်းငယ်ခန့်ကြာပြီးနောက်တွင် သရောလ်သည် သူ၏အဝေးမြင်ကွင်းကျွမ်းကျင်မှုဖြင့် လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခုအား ရှာဖွေနိုင်ခဲ့သည်။ထိုချိုင့်ဝှမ်းအား သဘာဝအလျှောက်ဖြစ်ပေါ်နေသည့် ကျောက်ဆောင်များ၊သစ်ပင်များက ကာကွယ်ဖုံးအုပ်ထားလေသည်။သာမန်လူတစ်ယောက်သာ ဤနေရာမှဖြတ်သွားပါက ယခုလိုလျှို့ဝှက်နေရာတစ်ခုအား ရှာတွေ့မှာမဟုတ်ပေ။

ခဏအကြာတွင် စုဘာရူသည် ချိုင့်ဝှမ်းထဲ၌ရှိနေကြောင်း သရောလ်ကသတင်းပို့လာခဲ့သည်။

"ဒီတစ်ခေါက်တော့ မင်းလွတ်မြောက်နိုင်မလား...ငါသိချင်လိုက်တာ"

ရှောင်ယုသည် အောစ့်စီးနင်းသူများနှင့် အခြားသူများကိုကိုယ်တိုင်ဦးဆောင်ကာ ချိုင့်ဝှမ်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။

ဤနေရာသည် ပုန်းကွယ်ရန်အတွက် အလွန်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သော်လည်း ကြီးမားသည့်အားနည်းချက်တစ်ခုရှိသည်။အကယ်၍ ရန်သူများကသာဝင်ပေါက်ကိုပိတ်ဆို့လိုက်ပါက အထဲရှိလူများသည်လွတ်မြောက်ရန်လမ်းစမရှိပေ။

နတ်မြင်းပျံများသည် ချိုင့်ဝှမ်းထဲသို့ဝင်ရောက်နိုင်မည့် တိကျသောလမ်းကြောင်းကိုခြေရာခံနိုင်ခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည် ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်နိုင်ရန် တောင်ခြေလမ်းတစ်ခုအား အသုံးပြုခဲ့သည်။

...

...

"စုဘာရူ....မင်းထွက်ပြေးဖို့ကြံစည်နေတာလား..."

ရှောင်ယုသည် စုဘာရူအားစိုက်ကြည့်ရင်း ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းလိုက်သည်။

ရှောင်ယုသည် ဤလျှို့ဝှက်နေရာအား ရှာတွေ့သွားလိမ့်မည်ဟု စုဘာရူမမျှော်လင့်ထားခဲ့ပေ။သူသည် လင်းယုန်စခန်း၏ခေါင်းဆောင်ဖြစ်စဉ်ကတည်းက ဤလျှို့ဝှက်နေရာအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ထိုအချိန်မှစ၍ ဤချိုင့်ဝှမ်းသည် ယခင်လင်းယုန်စခန်းခေါင်းဆောင်များအတွက် လျှို့ဝှက်နေရာတစ်ခုဖြစ်လာခဲ့သည်။

ရှောင်ယုက ဘယ်လိုရှာတွေ့သွားတာလဲ...နတ်မြင်းပျံတွေကိုအသုံးပြုခဲ့တာလား...ဒါပေမဲ့ကောင်းကင်မှာမှောင်ရိပ်လွှမ်းနေတုံးပဲလေ...ပြီးတော့မြင်းတပ်သားတွေက အကာအကွယ်ယူပြီးမှ တောင်ခြေလှမ်းကိုဖြတ်ကျော်ခဲ့တာမဟုတ်လား...

ဤနေရာ၏ရှုပ်ထွေးသောမြေပြင်အနေအထားအရ ရှောင်ယုမှသူတို့အားရှာတွေ့သွားနိုင်ခြေသည် သုညသာရှိသည်။

ရှောင်ယုက ဘယ်လိုနတ်ဆိုးမျိုးလဲ...

စုဘာရူသည် သူ၏ခွန်အားကိုအားကိုး၍ ကျောက်ဆောင်များကိုကျော်ဖြတ်ကာ ထွက်ပြေးနိုင်သည်။သို့သော်အခြားမည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။ထို့ပြင် သူထိုသို့ထွက်ပြေးရန်ကြိုးစားနေစဉ်အတွင်း ရှောင်ယုကငြိမ်ငြိမ်လေးကြည့်နေမည်ဟု သူလုံးဝမထင်ထားပေ။

စုဘာရူ၏မျက်လုံးများသည် သွေးကဲ့သို့ရဲရဲနီသွားခဲ့သည်။

"ရှောင်ယု...မင်းကငါ့ကိုဒီလိုလုပ်ဖို့တွန်းအားပေးလိုက်တာပဲ...ငါတို့ဒီနေ့ သေတဲ့အထိတိုက်မယ်"

စုဘာရူသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏မှော်ဓားကိုဝှေ့ယမ်းလိုက်ကာ ရှောင်ယုထံပြေးဝင်သွားသည်။သူသည်ယနေ့သေဆုံးရတော့မည်ကို နားလည်သွားသည့်အတွက် စုဘာရူသည်သူမသေဆုံးမှီ ရှောင်ယုအားသူနှင့်အတူခေါ်ဆောင်သွားလိုခဲ့သည်။

အခန်း ၂၁၀ - အနောက်တိမ်တိုက်အင်ပါယာသို့ ဦးတည်ခြင်း

ရှောင်ယုသည် စုဘာရူပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည့်အခိုက်အတန့်တွင် ခိုင်ရင်း၏နောက်သို့ချက်ချင်းရွေ့ပြောင်းလိုက်သည်။

ရှောင်ယုသည် အရူးတစ်ယောက်မဟုတ်ပေ။စုဘာရူသည် ယခုအချိန်တွင် ရူးသွပ်နေပြီဖြစ်ကာ ထိုသို့ရူးသွပ်နေသောစတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်အား အလွယ်တကူရင်ဆိုင်နိုင်စွမ်းမရှိကြောင်း သူနားလည်ထားသည်။သို့သော် ခိုင်ရင်းသည်အဆင့်၂ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့သည့်အတွက် စုဘာရူသည်ခိုင်ရင်းထက် အဆင့်ပိုမြင့်သော်လည်း စုဘာရူအားခုခံနိင်မည်ဖြစ်သည်။

ခိုင်ရင်းသည် စုဘာရူအားတားဆီးပိတ်ဆို့ရန်အတွက် သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းလိုက်သည်။ထိုအခိုက်အတန့်တွင် စုဘာရူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲစွမ်းအင်များကိုအပြီးသတ်လှုံဆော်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် အလင်းရောင်တောက်ပလာခဲ့သည်။သို့သော်လည်း တစ်ချိန်တည်းမှာပင် ဂရင်းသည်စုဘာရူအား ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ဂရင်းသည် စုဘာရူအားအနှောင့်အယှက်ပေးရန် ကျွမ်းကျင်မှုများစွာကိုထုတ်ဖော်ခဲ့သည်။

အလားတူပင် အောစ့်စီးနင်းသူများနှင့်မြင်းတပ်သားများသည် အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများကိုသုတ်သင်ရန် အပြေးအလွှားချီတက်လာကြသည်။လူသားအခြေစိုက်စခန်းမှ မြင်းတပ်သားများသည် အချိန်တိုအတွင်း ရန်သူများရှိရာသို့ တဟုန်ထိုးချီတက်သွားခဲ့ကြပြီး သူတို့၏ဓားရှည်များကိုဝှေ့ယမ်း၍ ရန်သူများကိုခုတ်ထစ်လိုက်ကြသည်။

အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည် မြင်းများကိုထိန်းချုပ်မှုအပိုင်းတွင် အထွတ်အထိပ်သို့ရောက်နေပြီဟု ယူဆခဲ့ကြသော်လည်း လူသားအခြေစိုက်စခန်းမှ မြင်းတပ်သားများ၏ မြင်းများအပေါ်ထိန်းချုပ်ပုံကို တွေ့မြင်လိုက်ရချိန်တွင် ရှက်ရွံ့သွားခဲ့ကြသည်။အခြေစိုက်စခန်းမှ ဆင့်ခေါ်ထားသည့်မြင်းတပ်သားများသည် သူတို့၏မြင်းများကို သူတို့၏ခြေထောက်များသဖွယ်ထိန်းချုပ်နိုင်ကြသည်။အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည် ရှောင်ယု၏မြင်းတပ်သားများက မြင်းများပေါ်၌မွေးဖွားလာသည်ကို မသိခဲ့ကြပေ။

ထို့ပြင် ရှောင်ယု၏မြင်းတပ်သားများသည် အမာခံချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည့်အတွက် ရန်သူများ၏တိုက်ခိုက်မှုသည် သူတို့၏ချပ်ဝတ်တန်ဆာများကို မဖျက်ဆီးနိုင်ခဲ့ကြပေ။ထို့နောက် ဤတိုက်ပွဲသည် တစ်ဖက်သတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖော်ပြသွားခဲ့သည်။

သူသည် အရပ်မျိုးစုံမှဝိုင်းရံခံထားရသည့်အတွက် ထွက်ပြေးလွတ်မြောက်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း စုဘာရူနားလည်လိုက်၍ လှောင်ပြောင်ရယ်မောလိုက်သည်။

"ရှောင်ယု...မင်းကအနောက်မြေရိုင်းဒေသရဲ့ ဘုရင်ဖြစ်မယ်လို့ထင်နေတာလား...မင်းကတကယ့်ငတုံးပဲ...အနောက်တိမ်တိုက်အင်ပါယာက မင်းကိုဘယ်တော့မှအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူး...မင်းကအနောက်မြေရိုင်းဒေသကိုပေါင်းစည်းမယ်ဆိုရင် အနောက်တိမ်တိုက်အင်ပါယာရဲ့ရန်သူဖြစ်လာလိမ့်မယ်...မင်းဘေးမှာအစွမ်းထက်တဲ့သူရဲကောင်းတွေရှိပေမဲ့ မြင်းတပ်သား၁၀၀၀၀၀ကိုအောင်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား...မင်းအနှေးနဲ့အမြန်ပျက်စီးရလိမ့်မယ်"

စုဘာရူသည် အရူးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

ထိုအချိန်တွင် ရှောင်ယုက အရေးမစိုက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါကပန်းခင်းလမ်းကိုလျှောက်ရလိမ့်မယ်လို့ တစ်ခါကမှမတွေးခဲ့ဘူး...လမ်းခရီးတလျှောက်မှာ အတားအဆီးတွေအားလုံးကို ငါဖြတ်ကျော်ဖို့ဆုံးဖြတ်ထားတယ်...ဒါပေမဲ့မင်းလိုကောင်မျိုးက ငါ့ကိုသတ်ဖြတ်နိုင်မယ်လို့ထင်ထားတာ တော်တော်ရယ်စရာကောင်းတာပဲ"

ရှောင်ယု၏အဖြေစကားကိုကြားချိန်တွင် စုဘာရူသည်အံ့သြသွားခဲ့သည်။ထိုအချိန်တွင် တိုင်ရန်ဒီ၏မြှားတစ်စင်းသည် စုဘာရူ၏ပုခုံးအားထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

မြှားသည် ပုခုံးတစ်ဖက်မှဖောက်ဝင်ကာ အခြားတစ်ဖက်မှပြန်ထွက်သွားပြီး စုဘာရူ၏ပုခုံးပေါ်၌ အပေါက်တစ်ခုအားချန်ထားရစ်ခဲ့ပြီး သွေးများဒလဟော စီးကျလာခဲ့သည်။တိုင်ရန်ဒီ၏မြှားတွင် ပါဝင်သည့်စွမ်းအားသည် လူပုရိုင်ဖယ်တပ်သားများမှပစ်လွှတ်လိုက်သော ကျည်ဆန်များထက် မလျော့နည်းပေ။ထို့ပြင်စုဘာရူသည် ချပ်ဝတ်တန်ဆာများကို မဝတ်ဆင်ထားသည့်အတွက်ကြောင့် တိုင်ရန်ဒီ၏ပစ်ခတ်မှုအားခုခံရန် အလွန်ခက်ခဲလှပေသည်။

စုဘာရူသည် အချိန်အတော်ကြာအောင် တိုက်ပွဲဝင်နေခဲ့သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲစွမ်းအင်သည် အကန့်အသတ်မရှိသည်မဟုတ်ပေရာ တိုင်ရန်ဒီ၏မြှားချက်ကို ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ပေ။

မြှားသည် သူ၏ပုခုံးအားထိုးဖောက်လိုက်ချိန်တွင် စုဘာရူသည်နာကျင်စွာအော်ငြီးလိုက်သည်။သို့သော် တိုက်ပွဲသည်အဆုံးမသတ်သေးပေ။ထိုအခိုက်အတန့်တွင် ဂရင်း၏ဓားချက်သည် သူ၏ကျောရိုးပေါ်သို့ကျဆင်းလာခဲ့သည်။

စုဘာရူသည် ဂရင်း၏ဓားချက်ကိုရှောင်တိမ်းရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သော်လည်း အောင်မြင်စွာမရှောင်တိမ်းနိုင်ခဲ့ပေ။တစ်ချိန်တည်းတွင် ခိုင်ရင်းသည်ကျယ်လောင်စွာဟိန်းဟောက်၍ သူ၏ဧရာမပုဆိန်ဖြင့်ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။စုဘာရူသည် ထိုပုဆိန်အားခုခံရန် သူ၏ဓားကိုကြိုးစားဝှေ့ယမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန်ရရှိထား၍ နောက်သို့ဆုတ်ခွာပေးလိုက်ရသည်။

စုဘာရူသည် သူ၏အထွတ်အထိပ်အခြေအနေ၌ဆိုပါက ခိုင်ရင်း၏တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သော်လည်း ယခုအခါသူသည်အားနည်းနေပြီဖြစ်သည်။

စုဘာရူသည် သူ၏ခန္ဓာက်ိုယ်တစ်ခုလုံး သွေးများဖြင့်ဖုံးလွှမ်းသွားချိန်တွင် မြေပေါ်သို့လဲကျသွားခဲ့သည်။သို့သော်လည်း သူသည် တောရိုင်းဝံပုလွေတစ်ကောင်က သူ၏သားကောင်ကိုစ်ိုက်ကြည့်နေသည့်ပုံစံဖြင့် ရှောင်ယုအားစိုက်ကြည့်လိုက်သည်။

ရှောင်ယုသည် စုဘာရူ၏ရှေ့တွင်ရပ်လိုက်ရင်း ခေါင်းကိုခါယမ်းလိုက်သည်။

"စုဘာရူ...မင်းကတကယ့်သူရဲကောင်းတစ်ယောက်ဆိုတာ ငါဝန်ခံတယ်...ဒါပေမဲ့ ငါဘုရင်ဖြစ်လာမယ့်လမ်းကြောင်းမှာ မင်းလိုသူရဲကောင်းတွေရဲ့အလောင်းကို ငါဖြတ်ကျော်သွားရလိမ့်မယ်"

စုဘာရူသည် ရှောင်ယုကိုစိုက်ကြည့်ရင်း နောက်ဆုံးအနေဖြင့်ပြုံးပြလိုက်သည်။

"အနိုင်ရသူကဘုရင်ဖြစ်ပြီး ရှုံးတဲ့သူကသေရလိမ့်မယ်...ခုချိန်မှာမင်းကအနိုင်ရသွားတာဆိုတော့ ငါပြောစရာစကားမရှိတော့ဘူး"

ထိုသို့ပြောပြီးနောက် စုဘာရူသည်သူ၏ဓားကိုမြှောက်လိုက်ပြီး သူ့ကိုယ်သူသတ်သေလိုက်သည်။ရှောင်ယုသည် စုဘာရူသေဆုံးသွားသည်ကိုမြင်သောအခါ သက်ပြင်းချမိလိုက်သည်။အကယ်၍ သူသည်အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် တပ်သားများ၏အကူအညီမရရှိပါက စုဘာရူအားအနိုင်ယူရန် လုံးဝမဖြစ်နိုင်ပေ။ထိုအခိုက်အတန့်တွင် ရှောင်ယု၏နှလုံးသားထဲ၌ စုဘာရူအားသူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်သည်။

အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများသည်လည်း အချိန်တစ်ခုအကြာတွင် သုတ်သင်ခံလိုက်ရသည်။ရှောင်ယုသည် အနာဂတ်တွင်ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက်ကြောင့် သူတို့၏မြင်းများကိုပြန်လည်သိမ်းယူခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာအား ဆန့်ကျင်ရမည့်စစ်မြေပြင်တွင် မြင်းများသည်အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။

စုဘာရူဆိုသည့် ပြသနာအားဖြေရှင်းပြီးပြီဖြစ်ရာ ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာသို့ ခရီးတစ်ခေါက်ထွက်ရန် အချိန်ရောက်လာပြီဖြစ်သည်။

...

...

သူသည် ယခုရရှိထားသည့် သတင်းအချက်အလက်များကို မယုံကြည်သည့်အတွက်ကြောင့် အခြေအနေအရပ်ရပ်ကို သူကိုယ်တိုင်စစ်ဆေးကြည့်ရှုရန်အတွက် အနောက်တိမ်တိုက်အင်ပါယာသို့သွားရောက်ခဲ့သည်။ရှောင်ယုသည် သူ၏အစီအစဉ်ကိုပိုမိုအသက်ဝင်လာစေရန်အတွက် ကုန်သည်တစ်ဦးအဖြစ်ဟန်ဆောင်ရန် ဝေပြည်နယ်တွင်အခြေချနေသော မူလီ၏သူငယ်ချင်းတစ်ဦးကိုပင် ရှာဖွေ၍အကူအညီတောင်းခဲ့သည်။ထိုလူသည် အနောက်တိမ်တိုက်အင်ပါယာသို့တစ်ကြိမ်ရောက်ဖူးသော်လည်း နယ်စပ်ဒေသ၌သာကုန်သွယ်ဖူးကာ အင်ပါယာ၏အနက်ပိုင်းထိမဝင်ရောက်ခဲ့ပေ။ရှောင်ယုသည် ဝေမင်းဟုသူ့ကိုယ်သူအမည်တုပေးကာ ကုန်သည်များအဖြစ်ဟန်ဆောင်ရန်ဆုံးဖြတ်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင်သူသည် မြေခွေးအားခေါ်ဆောင်သွားရန် စီစဉ်နေခဲ့သည်။မြေခွေးသည် ကောင်းမွန်သည့်အကျင့်ရှိသူမဟုတ်သော်လည်း အခြားနယ်ပယ်များစွာ၌ထူးချွန်သူဖြစ်သာ်။ထို့ပြင် ရှောင်ယုသည်သူ့အားကောင်းမွန်စွာဆက်ဆံပေး၍ မြေခွေးသည့်ရှောင်ယုအား အလွန်နာခံသူဖြစ်သည်။မြေခွေးသည် ခြင်္သေ့မြို့၏အုပ်ချုပ်ရေးခန်းမ၌ အလုပ်ရခဲ့ကာ ခြင်္သေ့မြို့၌မိန်းကလေးတစ်ဦးနှင့်လက်ထပ်ခဲ့သည်။ထို့ကြောင့် သူ၏ဘဝသည်အလွန်တည်ငြိမ်လာကာ ရှောင်ယုအားသစ္စာဖောက်ရန် အစီအစဉ်မရှိခဲ့ပေ။

ထို့ပြင် မြေခွေးသည် လူလိမ်လူကောက်သမားများနှင့်အခွင့်အရေးသမားများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံးကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ဝေမင်းနှင့်မြေခွေးတို့အတွက် ရှောင်ယုသည်ဂရင်းနှင့်တိုင်ရန်ဒီတို့အား အစောင့်အဖြစ်ခေါ်ယူရန်စီစဉ်ခဲ့သည်။သို့သော်လည်း သူတို့နှစ်ယောက်လုံးသည် သူတို့၏ကိုယ်ပိုင်အထောက်အထားများကို ဖုံးကွယ်ရန်အတွက် အနက်ရောင်ဝတ်စုံအားဝတ်ဆင်ကြမည်ဖြစ်သည်။ထို့ပြင် ပြဿနာတစ်စုံတစ်ရာမတွေ့ပါက သူတို့သည်လှည်းအတွင်း၌သာရှိနေမည်ဖြစ်သည်။အန်တိုနီဒက်စ်သည် အဆင့်၂၀သို့ရောက်ရှိနေပြီး သူသည်လည်းစွမ်းအားကြီးမားပေရာ ဤခရီးစဉ်၌လိုက်ပါမည်ဖြစ်သည်။

လီအာသည်လည်း အစွမ်းထက်သည့်လုပ်ကြံသူဖြစ်နေပြီဖြစ်သောကြောင့် ရှောင်ယုကသူမကိုလည်း ဤခရီးစဉ်၌ခေါ်ဆောင်သွားမည်ဖြစ်သည်။ထို့ပြင် သူမသည်တတိယအဆင့်သို့ရောက်ရှိနေခဲ့ပြီး ရှောင်ယုကသူမကို အရိပ်ခြေလှမ်းကျွမ်းကျင်မှုအား ပေးအပ်ထားခဲ့၍ သူမ၏ခွန်အားသည် များစွာတိုးတက်လာခဲ့သည်။ရှောင်ယုသည် မြေအောက်မြို့တော်၌ရှိစဉ်က လုပ်ကြံသူများအတွက် လုပ်ကြံမှုနှင့် သက်ဆိုင်သည့်စာအုပ်များစွာကို လုယူလာခဲ့သည်။ထိုစာအုပ်များသည် လီအာ၏ခွန်အားကိုမြင့်တင်ရန် များစွာအကူအညီပေးခဲ့သည်။ရှောင်ယုသည် သူမကိုစူပါလုပ်ကြံသူတစ်ယောက်ဖြစ်လာစေရန် အဆင့်၂ချပ်ဝတ်တန်ဆာကိုလည်း ပေးအပ်ခဲ့သည်။

ယခုအခါ လီအာသည်ရှောင်ယုအပေါ်၌ ယခင်ကထက်သစ္စာပိုရှိနေပြီဖြစ်သည်။ယခုအချိန်တွင် ရှောင်ယုကသူမအားထွက်သွားခိုင်းလျင်တောင်မှ သူမထွက်သွားတော့မည်မဟုတ်ပေ။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာသို့ခရီးစဉ်တွင် အောစ့်များကိုခေါ်ဆောင်သွားနိုင်ခဲ့ခြင်းမရှိပေ။ထိုသို့မဟုတ်ပါက သူ၏အထောက်အထားသည့် ချက်ချင်းပေါ်လွင်သွားမှာဖြစ်သည်။သြဇာအာဏာရှိသောလူတိုင်းသည် ခြင်္သေ့နယ်မြေသခင်ထံ၌ နတ်သူငယ်များနှင့်အောစ့်အစောင့်များရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် သူ့အားကာကွယ်ရန်အတွက် မြင်းတပ်သား၄၀၀နှင့်ခြေလျင်တပ်သား၅၀ကိုရွေးချယ်ခဲ့သည်။သူသည် အနောက်တိမ်တိုက်အင်ပါယာသို့ စစ်တိုက်ရန်သွားရောက်ခြင်းမဟုတ်ပေရာ စစ်သည်များစွာခေါ်ယူရန်မလိုအပ်ပေ။

ခြေလျင်တပ်သားများသည် အဆင့်၁၀သို့ရောက်ရှိပြီးနောက် သူတို့၏ညဏ်ရည်သည် အလွန်မြင့်မားလာခဲ့သည်။သူတို့သည် မြင်းစီးခြင်းကိုတောင်သင်ယူနိုင်ပြီဖြစ်သော်လည်း ရှောင်ယုကမူသူတို့၏တိုက်ခိုက်နိုင်စွမ်း ပိုမိုတိုးမြင့်လာစေရန်သာ စီစဉ်ပေးခဲ့သည်။

ထို့ပြင် ရှောင်ယု၏လေးယောက်မြောက်မရီးဖြစ်သူ ဆုရှာကလည်း သူနှင့်အတူလ်ိုက်ပါခွင့်ပြုရန်တောင်းဆိုခဲ့သည်။လွန်ခဲ့သောတိုက်ပွဲအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက်တွင် သူမ၏ခွန်အားများသည်တိုးတက်လာခဲ့ကာ ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ရှောင်ယုသည် သူမ၏ကိုယ်လုံးအလှကိုပိုမိုပေါ်လွင်စေမယ့် ပထမအဆင့်ချပ်ဝတ်တန်ဆာတစ်ခုကို ပေးအပ်ခဲ့သည်။

ဆုရှာသည် လင်းမူရွယ်လောက်မလှပသော်လည်း ရှောင်ယု၏အမြင်တွင် သူမသည် သူ၏အတိတ်ဘဝမှ နာမည်ကြီးမင်းသမီးများကဲ့သို့ချောမောလှပနေခဲ့သည်။အထူးသဖြင့် ရှောင်ယုသည် ဆုရှာ၏အေးစက်သောစိတ်နေစိတ်ထားကို သဘောကျပေသည်။

ရှောင်ယုသည် သူမ၏တောင်းဆိုချက်ကို ကြားကြားချင်းခေတ္တတုံ့ဆိုင်းသွားသော်လည်း သူမကိုခေါ်ဆောင်သွားရန် ကတိပေးခဲ့သည်။သူမ၏ခွန်အားသည် မဆိုးလှသည့်အတွက်ကြောင့် အရေးကြီးသည့်အခိုက်အတန့်များ၌ အသုံးဝင်နိုင်ပေသည်။အရေးအကြီးဆုံးသောအချက်မှာ သူ၏နံဘေးတွင် ဆုရှာကဲ့သို့အလှလေးများလိုက်ပါလာပါက ခရီးစဉ်တစ်ခုလုံး ပျင်းစရာကောင်းမည်မဟုတ်ပေ။

ထို့နောက်ရှောင်ယုသည် ဝေပြည်နယ်မှ ကြွေထည်များ၊အဝတ်အထည်များနှင့်အခြားကုန်ပစ္စည်းများ ဝယ်ယူခဲ့ပြီး အနောက်တိမ်တိုက်အင်ပါယာသို့ ဦးတည်ကာခရီးထွက်လာခဲ့သည်။

Thank For Reading.

All Chapters