← Chapters

အစ်ကိုကြီးအန်နှင့် ရှောင်းချောင်

Vol. 8 Ch. 105

အစ်ကိုကြီးအန်နှင့် ရှောင်းချောင်

Vol. 8 Ch. 105

ထွက်ပြေးရန် ရွေးချယ်လိုက်မည် ဆိုလျှင် သူ့အနေဖြင့် အဆောင်လက်ဖွဲ့ အခု ၅၀ အား အသုံးပြုရန် လိုအပ်မည် မဟုတ်ပေ။

သို့သော်လည်း ရွှေမျက်လုံးမျောက်မင်းအား ကယ်တင်ရန် ရွေးချယ်လိုက်သဖြင့် နေခဲ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရွှေမျက်လုံးမျောက်မင်းသည် အန်လင်းထံသို့ လျှောက်လာကာ ဦးညွှတ်လိုက်သည်။ “ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ...”

အန်လင်းသည် အကျည်းတန်မျောက်မင်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ငါတို့က မင်းရဲ့ အင်မော်တယ်သစ်သီးတွေ အားလုံးကို ယူသွားတာလေ ... ဘာလို့များ ကျေးဇူးတင်ရတာတုန်း ...”

အကျည်းတန်မျောက်မင်း၏ မျက်နှာတွင် အကျည်းတန်လှသည့် အပြုံးတစ်ခု ပေါ်လာသည်။

“အင်မော်တယ်သစ်သီးတွေက ညီအစ်ကိုချင်း သစ္စာဖောက်တဲ့ ကောင်တွေလက်ထဲ ရောက်သွားမဲ့အစား မင်းရဲ့လက်ထဲ ရှိနေတာက ပိုကောင်းပါတယ် ... အဲဒီအပြင် မင်းက ထွက်ပြေးဖို့ ရွေးချယ် နိုင်ပေမဲ့ ကယ်တင်ပေးခဲ့တယ် ...”

“ဒီအချက် တစ်ခုတည်းနဲ့တင် ကျေးဇူးတင်ရမှပါ ...”

အန်လင်းသည် ရှက်ရွံ့ကာ ရယ်မောလိုက်ပြီးနောက် သိုလှောင်လက်စွပ် အတွင်းရှိ အင်မော်တယ်သစ်သီး တစ်လုံးအား ထုတ်ယူလိုက်သည်။ “ဒီလိုဆိုရင်ကော မင်းကို အင်မော်တယ်သစ်သီး တစ်လုံးပေးမယ်လေ ... မင်းက ဒီသစ်သီးတွေကို ကြိုးကြိုးစားစား ပျိုးထောင်ပေးခဲ့တာ ဆိုတော့ အရသာခံခွင်တော့ ရသင့်တယ် မဟုတ်လား ...”

အန်လင်း လက်ကမ်းသည့် အင်မော်တယ်သစ်သီးအား ကြည့်ကာဖြင့် အကျည်းတန်မျောက်မင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာတော့သည်။

သူ၏ညီအစ်ကိုများမှ သစ္စာဖောက်သွားသဖြင့် သူ့နှလုံးသားလေးသည် အလွန်တရာ နာကျင်နေပေသည်။

သို့သော်လည်း အန္တရာယ်များသည့် အချိန်တွင် လူသားတစ်ဦးသည် သူ့အရှေ့တွင် ရဲဝံ့စွာ ရပ်တည်ပေးခဲ့သည်။

ထိုမျှမကသေး ထိုလူသားသည် သူ့အား ကယ်တင်ပေးခဲ့သည့် အပြင် အလွန်အဖိုးတန်သည့် အင်မော်တယ် သစ်သီးအားလည်း ပေးအပ်နေသည်။

ထိုလူသားအနေဖြင့် ထိုသို့ပြုလုပ်ရန် အမှန်တကယ် မလိုအပ်ပေ။ သို့သော်လည်း ပြုလုပ်ခဲ့သည်။

ဘာကြောင့်လဲ ...

ဘာကြောင့်များ သူ့အပေါ် အလွန်ကောင်းမွန် ရသနည်း။

အကျည်းတန်မျောက်မင်းသည် တုန်ယင်စွာဖြင့် အင်မော်တယ် သစ်သီးအား လက်ခံလိုက်သည်။

သူ၏ပါးပြင်တွင် မျက်ရည်များ စီးကျနေလေသည်။ ထိုမြင်ကွင်းသည် အလွန် စိတ်ထိခိုက်စရာ ကောင်းသည်။

ရွှယ်ကျိုးမင်၊ လောင်ကျိပင်နှင့် အခြားသူများသည် အံ့ဩ ဆွံ့အလျက် ရှိနေကြသည်။ သူတို့အရှေ့တွင် ဖြစ်ပွားနေသည်များအား ကြောင်အစွာဖြင့် ကြည့်နေမိကြလေသည်။

ဘာတွေများ ဖြစ်နေတာလဲဟင် ...

သူတို့က သူခိုးတွေ မဟုတ်တော့ဘူးလား ...

အန်လင်းသည် ခိုးရာပါ အင်မော်တယ် သစ်သီးအား ကိုးရိုးကားယား နိုင်လှသည့် အပြုအမူဖြင့် ပေးအပ်နေခြင်း ဖြစ်သည်။

သို့သော်လည်း အကျည်းတန်မျောက်မင်းသည် ထိုအင်မော်တယ်သစ်သီးအား မျက်ရည်ချောင်းစီးလျက် လက်ခံနေသည့် မြင်ကွင်းမှာ လွန်စွာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။

ရွှယ်ကျိုးမင်သည် သူ၏ဆံပင်များအား ဆောင့်ဆွဲနေမိသည်။ “ဘာတွေ ဖြစ်နေတာလဲ ဆိုတာ တစ်ယောက်ယောက်ကများ ပြောပြပေးနိုင်မလား ...”

မုန့်ထျန်း၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလျက်ရှိသည်။ “ဘာဖြစ်တယ်ဆိုတာကို မသိပေမဲ့ အရမ်းကို စိတ်ထိခိုက်စရာ ကောင်းလွန်းတယ် ...”

ကျုံးရုံရန်သည် ယပ်တောင်အား ဝှေ့ယမ်းလျက် “အစ်ကိုကြီးအန်ရဲ့ အပြုအမူတိုင်းက တကယ်ကို အကျိုးအကြောင်း သင့်လွန်းတယ် ... ဒါက ငါတို့တွေ ဉာဏ်မီတဲ့အရာ မဟုတ်ဘူး ...”

အကျည်းတန်မျောက်မင်း၏ အမူအရာအား မြင်ရသည့်အခါတွင် အန်လင်းသည် ပိုလို့ပင် ရှက်ရွံ့ လာတော့သည်။ “တစ်လုံးတည်းက လုံလောက်ရဲ့လား ... ငါ့ရဲ့အဖွဲ့က အင်မော်တယ်သစ်သီး ခြောက်လုံးရတာ ... တစ်လုံးတည်းနဲ့ မလုံလောက်ရင် ငါ့ရဲ့ ‌ဝေစုကိုပါ ပေးမယ်လေ ...”

အန်လင်း၏ စကားများကို ကြားသည့်အခါတွင် အကျည်းတန်မျောက်မင်းသည် သူ့၏ခေါင်းကို ခါယမ်းကာ “မဟုတ်ဘူး. အဆင်ပြေတယ် ... လုံလောက်တယ် ... ကျန်တာတွေကို မင်းတို့အတွက်ပဲ ယူထားလိုက်ပါ ...”

မျောက်မင်းသည် မျက်ရည်များအား သုတ်လိုက်ပြီးနောက် အန်လင်းကို ကြည့်လိုက်သည်။ “မင်းရဲ့ တာအိုနာမည်ကို အခုထိ မမေးရသေးဘူး ...”

အန်လင်းသည် သူ၏လက်များကို ယှက်သန်းကာဖြင့် “တာအိုနာမည် မရှိသေးပါဘူး ... အန်လင်းလို့ပဲ ခေါ်ပါ ...”

မျောက်မင်းသည် ခေါင်းညိတ်လိုက်သည်။ “အစ်ကိုအန်လင်း ... ငါ့ရဲ့ သွင်ပြင်က အကျည်းတန်တာကြောင့် အကျည်းတန်မျောက်မင်းလို့ ခေါ်နိုင်ပါတယ် ...”

“အကျည်းတန်မျောက်မင်း ဆိုတာက ကြောက်ဖို့ကောင်းတယ် ... အဲဒါကြောင့် ရှောင်းချောင် လို့ ခေါ်မယ်လေ ...”

“ပြောရလည်း လွယ်တယ် ... နာမည်ကလည်း ကောင်းတယ် ...”

အန်လင်းသည် သူ၏ နာမည်ပေးသည့် အရည်အချင်းမှာ မည်မျှလောက် ကြောက်မက်ဖွယ် ကောင်းမှန်း မသိသေးချေ။ သူ၏ အိတ်ကပ်အတွင်းရှိ ရှောင်းဟုန်သည် ကြောက်ရွံ့ကာ တုန်ယင်နေလေသည်။

မည်သူမျှ မသိသည်မှာ ရွှေမျက်လုံးမျောက်မင်းသည် နေရာတွင် ရပ်လျက်ရှိပြီး နွေးထွေးသည့် ခံစားချက်သည့် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းလာခြင်း ဖြစ်သည်။

ရှောင်းချောင် ...

ဘယ်လိုတောင် ကြင်နာမှု ပြည့်ဝတဲ့ နာမည်လေးလဲ ...

အရင်ကဆိုရင် မြေခွေးဖြူကပဲ ငါ့ကို အဲလိုခေါ်ဖူးတာ ...

ထိုကြောင့် အကျည်းတန်မျောက်မင်းသည် နောက်တစ်ဖန် ငိုကြွေးပြန်လေသည်။

“အစ်ကိုကြီးအန် ... သွားကြစို့ ... ကျွန်တော့်ရဲ့ ဂူမှာ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ ရှိတယ် ... လိုက်သောက်ချင်လား ...”

ရွှေမျက်လုံးမျောက်မင်းသည် အန်လင်းအား အလွန် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

အန်လင်းသည် မေးစေ့အား ပွတ်ကာဖြင့် အချိန် ကြည့်လိုက်သည်။ “ကောင်းသားပဲ ... တစ်နေ့လုံး ဘာမှ မစားရသေးဘူး ...”

“ဟဟဟ ... အစ်ကိုကြီးအန်လင်း ... စားချင်တာ တစ်ခုခု ရှိရင် ပြောပါဗျ ... ပန်းမန်သီးသီးတောင်မှာ အရင်းအမြစ်တွေ ပေါများပါတယ် ... အစ်ကိုကြီးဘာလိုလို ပေးနိုင်စွမ်းရှိပါတယ် ...”

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ပခုံးများဖက်လျက် ဂူအတွင်း ဝင်ရောက်သွားတော့သည်။

ရွှယ်ကျိုးမင်းနှင့် အခြားသူများသည် ဖြစ်ပျက်ခဲ့သည်များအား နားမလည်နိုင်အောင် ရှိနေလေသည်။

သူတို့အရှေ့ရှိ မြင်ကွင်းအား ကြည့်ကာဖြင့် သူတို့သည် အံ့ဩလွန်း၍ ကြက်သေသေ နေကြတော့သည်။

ရှောင်းချောင် ... အစ်ကိုကြီးအန် ... ဟုတ်လား ...

ဘာတွေ ဖြစ်နေတာတုန်း ...

အစ်ကိုကြီးရေ ... မင်းက ပစ္စည်းခိုးဖို့ ရောက်လာတာလေ ...

ဒီတော့ ပစ္စည်းခိုးယူပြီးနောက် ထွက်ပြေးခြင်း မရှိလျှင် ဤကဲ့သို့ ဖြစ်တတ်ခြင်းလား။

သို့သော်လည်း ပိုင်ရှင်သည် ခိုးယူသူအား နွေးထွေးစွာ ဆက်ဆံသလို အစ်ကိုကြီးအနေနှင့် အသိအမှတ်ပြုခြင်းက ဘာကြောင့်များပါလဲ။

ရွှယ်ကျိုးမင်သည် ခါးသီးစွာဖြင့် ဆွံ့အလျက် ရှိနေလေသည်။ သူသည် ထိုဖြစ်ရပ်အား နားမလည်နိုင်တော့ချေ။

လောင်ကျိပင်သည် မျက်လုံးများကို ပွတ်လိုက်ပြီးနောက် သူ့မျက်နှာတွင် အလွန်အံ့အားသင့်လျက် “သူတို့က ရူးသွားတာလား ... ကမ္ဘာကြီးက ရူးနေတာလား ...”

ကျုံးရုံရန်သည် ယပ်တောင် တဖျပ်ဖျပ ်ခတ်ကာဖြင့် မည်သည့်စကားမျှ မဆိုနိုင်ချေ။

သို့သော်ငြား မုန့်ထျန်းသည် စွန်းရှန့်လျန်၏ လက်အား ဆွဲယူကာဖြင့် အန်လင်းအနောက်သို့ လိုက်သွားသည်။ “မမစွန်းရေ ... မြန်မြန်လေ ... ဗိုက်ဆာနေပြီရှင့် ...”

***

မျောက်တပ်သားများသည် စားသောက်ဖွယ်ရာများအား တစ်မျိုးပြီးတစ်မျိုး ယူဆောင် လာခဲ့ကြသည်။ ပန်းမန်သစ်သီးတောင်မှ စားသောက်ဖွယ်ရာများနှင့် သစ်သီးများသည် လွန်စွာကောင်းမွန်လှသည်။

အန်လင်းနှင့် ရွှေမျက်လုံးမျောက်မင်းတို့သည် အတူတကွ သောက်ကာ စကားပြောကြလေသည်။ သူ့တို့၏ဘေးတွင် အန်လင်း၏ အဖွဲ့သားများသည် တိတ်ဆိတ်စွာဖြင့် စားသောက်လျက်ရှိသည်။

အစားအသောက်များတွင် မည်သည့် ပြဿနာမျှ ရှိမနေကြောင်း သိရသည့်အခါတွင် အမဲလိုက်အဖွဲ့များသည် စတင်စားသောက်ကြတော့သည်။

အန်လင်းတို့အဖွဲ့ နောက်မှ လိုက်ပါလာကြသည့် တပ်သားများသာလျှင် ဂူ အပြင်ဘက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။

သူတို့ စားသောက်နေစဉ်တွင် လှပသည့် မျောက်မလေးများသည် ကပြဖျော်ဖြေ ကြလေသည်။

လူသားများ၏ မျက်လုံးထဲတွင် သူတို့သည် သာမန် မဟုတ်ကြချေ။

“ရှောင်းချောင်ရေ ... မင်းနဲ့ စွန်းဝူခုံးက ဘာတော်ကြသလဲ ... ကောင်းကင်ဘုံနဲ့ ညီမျှတဲ့  မဟာသူတော်စင် ကြီးလေ ...” (ဤသည်မှာ စွန်းဝူခုံး သူ့ဘာသာ မှည့်ခေါ်သည့် နာမည်ဖြစ်သည်။)

အနည်းငယ် သောက်ပြီးသည့်နောက်တွင် အန်လင်းသည် သူသိချင်နေသည့် အရာအား မေးမြန်းလိုက်သည်။

ရွှေမျက်လုံးမျောက်မင်း၏ အကျည်းတန်လှသည့် ရုပ်ရည်ကြောင့်သာ မဟုတ်လျှင် လူများသည် သူ့အား ဒဏ္ဍာရီလာ စွန်းဝူခုံးဟူ ယူဆကြပေလိမ့်မည်။

စွန်းဝူခုံးဟု ကြားလိုက်သည့် အခါတွင် မျောက်မင်း၏ မျက်လုံးများသည် လက်လာသည်။ “သူက ကျွန်တော့်ရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်ပဲ ... စဉ်းစားကြည့်ပါ ... တောင်ပိုင်းကောင်းကင်ကို တုန်ခါစေပြီး ကောင်းကင်ဘုံကို ဗြောင်းဆန်စေခဲ့တာ ... ကျွန်တော်တို့ မျောက်မျိုးနွယ်စုက ဘယ်လောက်တော့ စွမ်းအားကြီးခဲ့သလဲ ...”

“တစ်နေ့ကျရင် ကျွန်တော်လည်းပဲ ငွေသံတုတ်ကို ကိုင်ပြီး ကောင်းကင်ဘုံပိုင်နက်ကို တင်စီးဖို့ ဆန္ဒရှိတယ် ...”

“ဖူး ...” မုန့်ယောင်မှာ သေရည်သောက်နေရင်းနှင့် သီးသွားတော့သည်။

လောင်ကျိပင်နှင့် အခြားသူမျာသည်လည်း ထူးခြားသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဝသဖ ... သူတို့သည် ကောင်းကင်ဘုံပိုင်နက်မှ လူများ ဖြစ်ကြသည်။

အခုတိုက်ခိုက်မည် ဆိုလျှင်ကော ...။

“သနားဖို့ကောင်းတာက စွန်းဝူခုံးက အနောက်ဘက်မှာရှိတဲ့ ဗုဒ္ဓနိုင်ငံတော်ကို ဝင်ရောက်သွားခဲ့ပြီး ဗုဒ္ဓက သူ့ကို အောင်နိုင်ခဲ့တယ် ... မဟုတ်ရင် သူ့နဲ့ သေချာပေါက်ကို တွေ့ဆုံနိုင်ဖို့ ကြိုးစားမိမှာ ...”

အန်လင်းသည် ခေါင်းညိတ်လိုက်သည်။ သစ်သီးဝိုင် နောက်တစ်ခွက်အား သောက်လိုက်ပြီးနောက် “ရှောင်းချောင်ရ ... ဒီကမ္ဘာကြီးက အရမ်းကြီးလွန်းတယ် ... မင်းအနေနဲ့ စွန်းစားလိုစိတ် မရှိဘူးလား ... ခရီးကြမ်းတွေသွားရင် ပိုပြီးသန်မာ လာနိုင်တယ်လေ ... အဲလိုသာဆိုရင် အနောက်ဘက်မှာရှိတဲ့ ဗုဒ္ဓနိုင်ငံတော်ဆိုတာ မဝေးတော့ပါဘူး ...”

ရွှေမျက်လုံးမျောက်မင်းသည် သက်ပြင်း ချလိုက်ပြီးနောက် “အဲဒီအကြောင်းကို အရင်ကတည်းက စဉ်းစားကြည့်ပြီးပြီ ... လူသားတွေက ရက်စက်ပြီး လှည့်ဖြားတတ်တယ် ... သူတို့ရဲ့ လှည့်ကွက်တွေက ပိုမိုနက်နဲလာနေပြီး ပင်လယ်ထက်တောင် နက်ရှိုင်းသေးတယ် ... ပန်းမန်သစ်သီးတောင်မှာပဲ ကြိုးကြိုးစားစား ကျင့်ကြံတာက ပိုကောင်းမှာပါလေ ... ရန်သူနဲ့လည်း တွေ့စရာမလိုဘူး ... ကျင့်ကြံနှုန်းကတော့ နှေးနေနိုင်ပေမဲ့လည်း လုံခြုံ စိတ်ချရတယ်လေ ...”

“ငါသာ ဒီနေ့ ရှိမနေခဲ့ရင် မင်းအနေနဲ့ ဘယ်လို ကံကြမ္မာမျိုးနဲ့ ကြုံရမယ်လို့ ထင်သလဲ ...”

ရွှေမျက်လုံးဘုရင်သည် ခေတ္တမျှ တွေဝေသွားပြီးနောက် “အင်း ... သေသွားနိုင်တယ် ...”

“အမှန်ပဲ ... လူသားတွေရဲ့ လှည့်ကွက်တွေက နက်ရှိုင်းနေနိုင်တယ် ... ဒါပေမဲ့လည်း နက်စောက်တဲ့ တောင်တန်းတွေက ပိုပြီး ဆိုးဝါးတယ် ...”

“ဒီနေရာမှာ နေပြီး အားကောင်းတဲ့ သားရဲတစ်ကောင် အဖြစ်နဲ့ နေမလား ... ဒါမှမဟုတ် ... လျင်လျင်မြန်မြန် သန်စွမ်းလာချင်ရင်တော့ ဒီနေရာကနေ ထွက်ခွာဖို့ လိုအပ်တယ် ...”

“အစ်ကိုကြီး အန်ဆိုလိုတာက ...”

“ငါပြောတာက မင်းက ငါနဲ့အတူ လိုက်ပါပြီး ကမ္ဘာကြီးကို လေ့လာနိုင်တယ် ... အဆင်မပြေရင် ဒီကို ပြန်လာလို့ရတယ် ...” အန်လင်းသည် ရိုးသားစွာဖြင့် ရှင်းပြလိုက်သည်။

ရွှယ်ကျိုးမင်တို့ အဖွဲ့သည် နောက်တစ်ဖန် ဆွံ့အ သွားကြပြန်သည်။

အန်လင်းအား အလွန်အံ့အားသင့်စွာ ကြည့်လျက် လောင်ကျိပင်နှင့် အခြားသူများသည် ဝိုင်များသီးခြင်း စားသောက်နေသည်များ နင်ခြင်း စသည်တို့ ဖြစ်ကြလေတော့သည်။

(ရှောင်းချောင်ဟူသည် ရုပ်ဆိုးလေးဟု ဆိုလိုသည် ...)

***

All Chapters