အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
အခန်း ၂၁၁ - မုတ်ဆိတ်နီဓားပြများ
ရှောင်ယုတို့၏ ကုန်သည်ယာဉ်တန်းရွေ့လျားမှုအရှိန်သည် နှေးလည်းမနှေးသလို မြန်လည်းမမြန်ပေ။
သူတို့သည် လမ်းတစ်လျှောက်၌ ရှုခင်းများကြည့်ရှုရန် အေးအေးဆေးဆေးလမ်းလျှောက်နေကြသလ်ို ဖြစ်နေခဲ့သည်။သူတို့သည်ငွေရှာရန်အတွက် ဤခရီးစဉ်ကိုသွားလာနေခြင်းမဟုတ်ပေရာ မြန်မြန်ဆန်ဆန်သွားလာရန် အကြောင်းမရှိပေ။ဆန့်ကျင်ဘက်အားဖြင့် ရှောင်ယုသည် လမ်းတလျှောက်ရှိနယ်မြေများအား စောင့်ကြည့်လေ့လာနေခဲ့သည်။သူသည် အနာဂတ်တွင် အနောက်တိမ်တိုက်အင်ပါယာနှင့်ရင်ဆိုင်ရပါက မည်သည့်တိုက်ခိုက်ရေးနည်းဗျူဟာအား အသုံးပြုမည်ကိုကြိုတင်စဉ်းစားနေခဲ့သည်။သို့သော် ရက်အနည်းငယ်ခန့်ခရီးသွားလာပြီးနောက် သူအံ့သြသွားခဲ့ရသည်။
လမ်းခရီးတလျှောက် တောတောင်သစ်ပင်များ မရှိသလောက်ရှားပါးပြီး မြက်ခင်းပြင်လွင်ပြင်များကိုသာတွေ့ခဲ့ရသည်။ထိုနေရာများတွင် မြင်းတပ်အားအသုံးပြုခြင်းသည် အလွန်သင့်လျော်ပေသည်။ အနောက်တိမ်တိုက်အင်ပါယာသည် သူတို့၏နယ်မြေ၌မြင်းများကိုမွေးမြူခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင်ဖြစ်ဟန်ရသည်။ဤနေရာတွင် အနောက်တိမ်တိုက်အင်ပါယာအား အနိုင်ယူနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ရှေးခေတ်တရုတ်ပြည်တွက်ဟွမ်များကို ဆန့်ကျင်ရန်အတွက် ဟော့ချွီဘင်း၏နည်းလမ်းကို ပြန်လည်အသုံးပြုရန်ဖြစ်သည်။သို့သော် ထိုသို့ပြုလုပ်ရန်အတွက် ထူးချွန်သောဗိုလ်ချုပ်များကိုလိုအပ်ပေသည်။အောစ့်စီးနင်းသူများကိုဦးဆောင်မယ့် ဗိုလ်ချုပ်သည်အရည်အချင်းမရှိပါက အကျိုးနည်းမည်ဖြစ်သည်။
စစ်သည်၁၀၀၀အား ရှာဖွေရန်လွယ်ကူသော်လည်း ဗိုလ်ချုပ်ကောင်းတစ်ဦးအား ရှာဖွေရန်ခက်ခဲပေသည်။စစ်ဗိုလ်ချုပ်ကောင်းတစ်ဦးသည် မိုင်ပေါင်းထောင်ချီဖြတ်ကျော်ကာ မရေမတွက်နိုင်သောရန်သူများကို သတ်ဖြတ်ရန်အတွက် လူပေါင်း၁၀၀၀၀ကိုဦးဆောင်နိုင်သည်။မကောင်းသောဗိုလ်ချုပ်များသည်ကား သာယာဝပြောသောနယ်မြေကိုသာပျက်စီးစေသည်။စစ်ဗိုလ်ချုပ်ကောင်းတစ်ဦးသည် အောင်ပွဲတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ပေသည်။
ဟော့ချွီဘင်း နှင့် ဝေချင်တို့ကြောင့်သာမဟုတ်ပါက နိုင်ငံတစ်ခုလုံးဝိုင်းဝန်းဆန့်ကျင်လျင်ပင် ဟွမ်တို့သည် ကျရှံးမှုနှင့်ရင်ဆိုင်ရမည်မဟုတ်ပေ။အချို့က ဟော့ချွီဘင်းသည် ဤသို့ကြီးကျယ်သောရလဒ်များကို ကံကောင်းထောက်မ၍ရရှိခဲ့သည်ဟု ဆိုကြသည်။သူတို့သည် ထိုရလဒ်များကို ကံတရား၏ဖေးမမှုအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ရန်သူပေါင်းထောင်သောင်းချီကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သော ဟော့ချွီဘင်း၏စွမ်းဆောင်မှုကို ကံကောင်းခြင်းဟူသောစကားလုံးဖြင့် တန်ဖိုးဖြတ်ခြင်းခံခဲ့ရသည်။
အကယ်၍ ဟော့ချွီဘင်းသည် ဤစစ်ပွဲအတွင်း မရေမတွက်နိုင်အောင်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကာ သူ၏စိတ်အားထက်သန်သော အပြုအမူနှင့်ဆုံးဖြတ်ချက်များကြောင့်သာမဟုတ်ပါက ထိုသို့သောရလဒ်များရနိုင်မည်မဟုတ်ပေ။စစ်မြေပြင်၌ သူချက်ချင်းချမှတ်လိုက်သည့် ဆုံးဖြတ်ချက်လေးတစ်ခုသည် ထောင်နှင့်ချီသောလူသားများ၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။ထိုကဲ့သို့သောအခိုက်အတန့်မျိုးတွင် ထူးချွန်သောဗိုလ်ချုပ်တစ်ဦး၏ သဘာဝအလျောက်ဖြစ်ပေါ်လာသော အရည်အချင်းကိုတွေ့မြင်ရမည်ဖြစ်သည်။
အချို့ကမူ သူတို့တွင်အရည်အချင်းမရှိသည်ကို မယုံကြည်ကြပေ။သူတို့သာ ဟော့ချွီဘင်းနေရာတွင်ဆိုပါကလည်း တူညီစွာစွမ်းဆောင်နိုင်မည်ဟု ယုံကြည်နေကြသည်။သေချာသည့်အရာမှာ ထိုလူများသည်ဟာသတစ်ခုသာဖြစ်သည်။ရှောင်ယုထံတွင် ယခုအချိန်၌ ဟော့ချွီဘင်းနှင့်ဝေချင်တို့ကဲ့သို့သော ဗိုလ်ချုပ်များမပိုင်ဆိုင်ထားပေရာ အနောက်တိမ်တိုက်အင်ပါယာကို ဆန့်ကျင်နိုင်စွမ်းမရှိသေးပေ။
သူသည် ဤတိုက်ပွဲအတွက် အရည်အသွေးပြည့်ဝသည့် စစ်ဗိုလ်ချုပ်ကောင်းများကို ရှာဖွေရမည့်အပြင် လက်ရွေးစင်မြင်းတပ်တစ်ခုကိုလည်း ၃နှစ်ကြာအောင်လေ့ကျင့်ပေးရမည်ဖြစ်သည်။
ရှောင်ယုသည် ကျယ်ပြောလှသည့် မြက်ခင်းပြင်များကို တစ်ချက်ကြည့်လိုက်မိသည်။ဤနေရာသည် စစ်ပွဲဆင်နွဲရန် အလွန်ခက်ခဲသောနေရာတစ်ခုဖြစ်ကြောင်း သူနားလည်ခဲ့သည်။သူသာ သတိကင်းမဲ့စွာလှုပ်ရှားလိုက်ပါက သူ၏တပ်များအားလုံးသည် ဤကျယ်ပြန့်လှသောမြက်ခင်းပြင်ကို သူတို့၏သချိုင်းမြေအဖြစ် ရရှိသွားကြမည်ဖြစ်သည်။
နှောင်းပိုင်းအင်ပါယာဝူသည် သဲကန္တာရာအတွင်း၌ တပ်သား၁သောင်းကျော်သေဆုံးပြီးနောက် တပ်ခေါက်ရန်ဆုံးဖြတ်ခဲ့ရသည်။ဟော့ချွီဘင်းသည် အသက်၁၈နှစ်အရွယ်ကပင် ထိုကဲ့သို့အခြေအနေနှင့်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။သို့သော်လည်း သူသည်ရန်သူသောင်းချီကိုသေဆုံးစေခဲ့ကာ အောင်ပွဲကိုအရယူနိုင်ခဲ့သည်။
ထိုအချိန်တွင် ဟော့ချွီဘင်းနေရာ၌သူသာဆိုပါက ထိုသို့စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း ရှောင်ယုနားလည်ထားသည်။ရှောင်ယုသည် သဲကန္တာရကဲ့သို့နယ်မြေမျိုးတွင် ထောင်သောင်းမကသောစစ်သည်များကိုရွေ့ပြောင်းနိုင်ကာ အောင်ပွဲခံနိုင်မည်မဟုတ်ပေ။
လမ်းများကို သဲဖြင့်လွှမ်းခြုံထား၍ လမ်းတလျှောက်ပတ်ဝန်းကျင်အခြေအနေသည် များစွာဆိုးရွားနေခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် သိုလှောင်ကွင်းများအတွင်း၌ အစားအစာနှင့်သောက်စရာများစွာကိုသိုလှောင်လာခဲ့၍ လမ်းခရီးတလျှောက်ပြဿနာမဖြစ်ခဲ့ပေ။
ရှောင်ယုသည် ဤခရီးစဉ်တွင် သူ၏ဇိမ်ခံရထားလုံးက်ိုအသုံးမပြုခဲ့ပေ။အကယ်၍ သူသာထိုဇိမ်ခံရထားလုံးကို အသုံးပြုလိုက်ပါက လူအများစုသည်သူ၏အထောက်အထားကို သိရှိသွားနိုင်သည်။သို့သော် လက်ရှိသူစီးနင်းနေသောရထားလုံးသည် မြင်း၄ကောင်ဆွဲယူပြီး လူတစ်ဒါဇင်ခန့်နေထိုင်လိုက်ပါနိုင်၍ အလွန်မဆိုးလှပေ။
ရှောင်ယု၊လီအာနှင့်ဆုရှာတို့သည် ခရီးတလျှောက်လုံး စစ်တုရင်ကစားလိုက် ၊ ဝိုင်သောက်လိုက်ဖြင့်အချိန်ဖြုန်းခဲ့ကြသည်။လီအာသည် ရှောင်ယု၏အပြုအမူအား ကျင့်သားရနေပြီဖြစ်သည်။ရှောင်ယုသည် ရန်သူကြီးများနှင့်ရင်ဆိုင်ရသည့်အခါတွင် ယခုလိုစိတ်အေးလက်အေးပြုမူတတ်ကြောင်း သူမနားလည်ပေသည်။ရှောင်ယု၏ယခုလိုသဘောထားသည် သူ၏တပ်များကိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။သူတို့၏ခေါင်းဆောင်သည် ယုံကြည်မှုပြည့်ဝနေသရွေ့ ရန်သူမှန်သမျှကို မကြောက်ရွံ့ပေ။
အနောက်တိမ်တိုက်အင်ပါယာသို့ ခရီးစဉ်သည်ကြီးကြီးမားမား အရာတစ်ခုဖြစ်ပျက်လိမ့်မည်ဟု ဆုရှာကထင်မြင်ယူဆထားခဲ့၍ သူမသည်ကောင်းကောင်းအိပ်မရခဲ့ပေ။
အနောက်တိမ်တိုက်အင်ပါယာ၏ နယ်နမိတ်အနီးသို့ရောက်သောအခါ အချို့သောဓားပြအုပ်စုများနှင့် ရင်ဆိုင်ခဲ့ရသည်။သို့သော် သူတို့အားလုံးသည် ရှောင်ယု၏အဖွဲ့အား ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိခဲ့သည့်အတွက်ကြောင့် သူတို့အားလုံးသတ်ဖြတ်ခံခဲ့ရသည်။
ရှောင်ယုသည် အန်ကာဂန်တောင်တန်းနယ်မြေနှင့်ခြင်္သေ့နယ်မြေအတွင်းရှိ ဓားပြအုပ်စုများအားလုံးက်ို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။သို့သော် ဤနေရာသည် ခြင်္သေ့နယ်မြေနှင့်ဝေးကွာလာပြီဖြစ်၍ ဓားပြများဤနေရာသို့ရောက်ရှိလာသည်မှာ မထူးဆန်းတော့ပေ။
အနောက်တိမ်တိုက်အင်ပါယာသည် ကောင်းကင်ခြင်္သေ့မင်းဆက်မှ ကုန်သွယ်ရန်ရောက်ရှိလာသည့် ကုန်သည်များအားအကာအကွယ်ပေးထားလေသည်။အနောက်တိမ်တိုက်အင်ပါယာမှလူများသည် ထိုကုန်သည်များအပေါ် မည်သည့်ထိခိုက်မှုမှမလုပ်ဆောင်ရန် သူ့နိုင်ငံမှလူများကို တင်းတင်းကျပ်ကျပ်သတိပေးထားခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာသည် အချို့သောနိုင်ငံများကိုလုယက်ရန်အတွက် သူ့လူများကိုမကြာခဏစေလွှတ်လေ့ရှိသော်လည်း သူတို့နိုင်ငံဆီကုန်သွယ်ရန်ရောက်လာသူများကို စိတ်အားထက်သန်စွာကာကွယ်ပေးလေသည်။
ထို့ပြင် တိုက်ကြီး၏ဤအစိတ်အပိုင်း၌ နိုင်ငံအနည်းငယ်သာတည်ရှိပေသည်။အနောက်တိမ်တိုက်အင်ပါယာသည် ဤဒေသတွင်တစ်ခုတည်းသော အင်ပါယာမဟုတ်သော်လည်း သူတို့သည်ဤဒေသ၏ စွမ်းအားအကြီးဆုံးသောအကြွင်းမဲ့ အာဏာရှင်တစ်ယောက်ဖြစ်သည်။
ဝေမင်းသည် လမ်းတလျှောက်တွင် ရှောင်ယုအား ထိုအကြောင်းအရာများကိုရှင်းပြပေးခဲ့သည်။
(P.s အရင်အပိုင်းမှာ ဝေမင်းကိုရှောင်ယုရဲ့နာမည်တုလို့မှားသုံးမိပါတယ်...ဝေမင်းက ရှောင်ယုနဲ့အတူလိုက်လာမယ့်ကုန်သည်ပါ)
"ခြင်္သေ့နယ်မြေနဲ့ အနောက်တိမ်တိုက်အင်ပါယာအကြား ပထမဆုံးနယ်စပ်မြို့က ဝူဟယ်မြို့ပဲ...အဲ့မြို့က အနောက်တိမ်တိုက်အင်ပါယာကိုတိုက်ကြီးရဲ့ဒီဘက်အပိုင်းနဲ့ ဆက်သွယ်ပေးထားတဲ့အရေးကြီးဆုံးမြို့ဖြစ်တယ်...ဝူဟယ်မြို့မှာ တိုက်ပွဲအချို့နဲ့ရန်ပွဲတွေဖြစ်တတ်ပေမဲ့ ကုန်သည်တွေက ဝူဟယ်မြို့မှာပဲခရီးတစ်ထောက်နားရတဲ့အတွက် အဲ့နေရာကမဟာဗြူဟာကျတဲ့ အဖိုးတန်နေရာပဲ...ငါတို့က ဟိုမှာရှိနေတဲ့အချိန်သတိထားရမယ်...အဲ့ဒီနောက်မှာ ငါတို့ရဲ့ကုန်ပစ္စည်းတွေကို ဟာဗက်မြို့မှာရှိတဲ့ဝယ်သူတွေဆီပို့ပေးရမယ်....ဟာဗက်မြို့မှာရှိနေတဲ့ ဝယ်သူတွေက ငါတို့ရဲ့ကုန်ပစ္စည်းတွေကို အနောက်တိမ်တိုက်အင်ပါယာရဲ့အခြားအစိတ်အပိုင်းတွေဆီ တင်ပို့သွားပြီးတော့ အမြတ်အစွန်းတွေအများကြီးနဲ့ပြန်လည်ရောင်းချလိမ့်မယ်..."
ဝေမင်းသည် သူတို့၏ကုန်သွယ်ရေးအကြောင်းကို အသေးစိတ်ရှင်းပြနေခဲ့သည်။
အတိတ်ကဆိုလျှင် ဆိုးသွမ်းဓားပြများ၏ရန်ကြောင့် အနောက်တိမ်တိုက်အင်ပါယာသို့ ကုန်သွယ်ရသည်မှာ အလွန်ခက်ခဲလှကြောင်း ဝေမင်းကပြောနေခဲ့သည်။ထိုသို့ကုန်သွယ်ရသည်မှာ အမြတ်အစွန်းများပြားသော်လည်း သူတို့၏အသက်ကပိုတန်ဖိုးရှိပေသည်။
သက်တော်စောင့် အများအပြားရှိသူများကသာ ဤနေရာသို့ဖြတ်ကျော်ကုန်သွယ်ဝံ့ခဲ့သည်။
ရှောင်ယုတို့အုပ်စု၏အင်အားသည် အားကောင်းသည်ဟုဆိုနိုင်ကာ မြင်းတပ်သား၄၀၀နှင့်ခြေလျင်တပ်သား၅၀ပါဝင်ပေသည်။
"အနောက်တိမ်တိုက်အင်ပါယာရဲ့ ဒီဘက်အပိုင်းမှာ မုတ်ဆိတ်နီလို့ခေါ်တဲ့ အရမ်းကိုနာမည်ကြီးတဲ့ဓားပြတစ်ယောက်ရှိခဲ့တယ်...သူဟာဒီနယ်မြေတစ်ခုလုံးကို နှစ်ပေါင်းများစွာကြာအောင် လုယက်ဖျက်ဆီးနေခဲ့တယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့စစ်တပ်ကတောင်မှ သူ့ကိုမဆန့်ကျင်နိုင်ခဲ့ဘူး...သူတို့အဖွဲ့ဟာအလံမှာ မုတ်ဆိတ်နီကြီးတစ်ခုကိုရေးထိုးထားတဲ့ အလံကိုကိုင်ဆောင်ကြတယ်...သူတို့ဟာတွေ့သမျှကုန်သည်တွေ ဖျက်ဆီးသတ်ဖြတ်ကြတယ်...ဒါမှမဟုတ်ပြန်ရွေးငွေတွေအများကြီးတောင်းတတ်ကြတယ်"
ဝေမင်းသည် ရှောင်ယုအားရှင်းပြနေသည့်အချိန်တွင် အဝေးတစ်နေရာမှ မြင်းခွာသံများပဲ့တင်ထပ်လာခဲ့သည်။သူတို့သည် အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ဧရာမမုတ်ဆိတ်နီကြီးတစ်ခုကိုရေးဆွဲထားသည့် အလံတစ်ခုအားတွေ့လိုက်ရသည်။
အခန်း ၂၁၂ - တန်ပြန်တိုက်ခိုက်ခြင်း
ရှောင်ယုသည် ဓားပြများကိုကြည့်ရင်း ပြုံးလိုက်မိသည်။
"ငါတို့တော့ ကံကောင်းတာပဲ"
ဝေမင်း၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားခဲ့ကာ ရှောင်ယုအားတိုက်တွန်းလိုက်သည်။
"သခင်လေး...ငါတို့သာသူတို့ကိုပိုက်ဆံနည်းနည်းပေးလိုက်မယ်ဆိုရင် ငါတို့ဆက်ပြီးတော့ခရီးဆက်နိုင်လိမ့်မယ်...ငါတို့ကဒီခရီးကနေပိုက်ဆံအများကြီး ရှာနိုင်မှာဆိုတော့ ပိုက်ဆံနည်းနည်းလေးအကုန်ကျခံတာကပြဿနာမရှိပါဘူး...ပြီးတော့ဓားပြတွေက အရေအတွက်၁၀၀၀ကျော်ရှိတယ်....ငါတို့ကဘယ်လိုဖြစ်ပြီး အနိုင်ယူနိုင်မှာလဲ"
ရှောင်ယုသည် ထိတ်လန့်နေသည့်ဝေမင်းအား လှည့်ကြည့်မိလိုက်သည်။
"လူတွေကငါ့ကို ငွေကြေးနဲ့ရတနာတွေပေးကမ်းကြတယ်...ဒါပေမဲ့ငါကတော့ ပြန်မပေးနိုင်ဘူး"
ဝေမင်းသည် ကုန်သည်တစ်ဦးဖြစ်ပေရာ ဓားပြများအားကြောက်ရွံ့ခြင်းသည် ပုံမှန်သာဖြစ်သည်။သူသည် သဟဇာတဖြစ်သူမှုနှင့်ငြိမ်းချမ်းရေးကို အမြဲထောက်ခံအားပေးသူဖြစ်ကာ မည်သူ့ကိုမှမတိုက်ခိုက်လိုပေ။
သို့သော် ရှောင်ယုသည် ဝေမင်းနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ထိုဓားပြများသည် သူ့ဘက်မှစတင်၍ မတိုက်ခိုက်သည်ကိုပင် ကံကောင်းသည်ဟုယူဆရကြရမည်ဖြစ်သည်။ယခုအခါ ထိုဓားပြများက စတင်တိုက်ခိုက်လာ၍ ရှောင်ယုလည်းသက်ညာမနေတော့ပေ။
ရှောင်ယုသည် ရထားလုံးပေါ်တွင် အေးအေးဆေးဆေးဝိုင်သောက်နေဆဲဖြစ်ကာ တိုက်ပွဲဝင်ရန်အတွက် မြင်းတပ်သားများကိုအမိန့်ပေးလိုက်သည်။အကယ်၍ ထိုမြင်းတပ်သားများသာ ဤပြဿနာအားမဖြေရှင်းနိုင်လျှင် စနစ်၏အားနည်းချက်ဟုဆိုရပေမည်။သူ၏မြင်းတပ်သား ၄၀၀သည် ဓားပြ၁၀၀၀ကိုအောင်အောင်မြင်မြင်ကိုင်တွယ်ဖြေရှင်းန်ိုင်သင့်သည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။
ဆုရှာသည် အငြိမ်မနေခဲ့ဘဲ သူမ၏ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ကာ သူမ၏ဓားကိုဆွဲထုတ်လိုက်သည်။ထို့နောက်သူမသည် ရထားပေါ်မှဆင်းကာ မြင်းစီး၍ဓားပြများကိုတိုက်ခိုက်ရန် ထွက်ခွာသွားခဲ့သည်။
ရှောင်ယုသည် ဆုရှာကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ဆုရှာသည် အမျိူးသမီးတစ်ယောက်ဖြစ်သော်လည်း သူရဲကောင်းစိတ်ဓာတ်ရှိသူပီပီ မတရားမှုမှန်သမျှကို မျက်ကွယ်မပြုနိုင်ကြောင်း ရှောင်ယုသိရှိထားသည်။မည်သို့ပင်ဆိုစေကာမူ သူမသည်တိုက်ပွဲ၌ပါဝင်ခြင်းရှိမရှိက အရေးမကြီးလှပေ။
ဓားပြများသည် ယာဉ်တန်းအနီးသို့ချည်းကပ်လာချိန်တွင် အော်ဟစ်လေချွန်ကြကာ ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ယုတို့အုပ်စုအားဝိုင်းရံလာကြသည်။ဤအရာသည် ဓားပြများ၏နည်းဗျူဟာပင်ဖြစ်သည်။ပထမဦးစွာသူတို့သည် ကုန်သည်လှည်းတန်းကိုခြိမ်းခြောက်ရန် ကြိုးစားခဲ့ကာ ကုန်သည်များအားကြောက်ရွံ့စေမည်ဖြစ်သည်။ထို့နောက် သူတို့သည်ပြန်ရွေးငွေတောင်းခံမည်ဖြစ်ကာ သူတို့၏တောင်းဆိုချက်အားမလိုက်လျောပါက သတ်ဖြတ်ကြမည်ဖြစ်သည်။
ရှောင်ယုသည် ဓားပြများ၏လုပ်ရပ်ကိုဂရုမစိုက်တော့ဘဲ လက်ဝှေ့ယမ်းလိုက်ကာ မြင်းတပ်သားများကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။
ရှောင်ယု၏အမိန့်ကို ရရှိလိုက်သည့်အခိုက်အတန့်တွင် မြင်းတပ်သားများသည် တုံ့ဆိုင်းခြင်းမရှိစတင်လှုပ်ရှားလိုက်ကြသည်။သူတို့သည် သူတို့၏ဓားရှည်များက်ို ဓားပြများကိုဦးတည်လျက် တဟုန်ထိုးပြေးဝင်သွားခဲ့ကြသည်။မြင်းတပ်သားများ၏တိုက်ခိုက်မှုသည် သာမန်တပ်သားများ၏တိုက်ခိုက်မှုလောက် ရိုးရှင်းမှုမရှိပေ။သူတို့သည် မြင်းများ၏အရှိန်နှုန်းကြောင့် တိုတောင်းသောအကွာအဝေး၌ ပြင်းထန်သောစွမ်းအားကိုထုတ်ဖော်နိုင်ကြသည်။
ထိုသို့တိုက်ခိုက်မှုအောက်တွင် ဓားပြများသည်အချိန်မှီမတုံ့ပြန်နိုင်ခဲ့ဘဲ မြင်းတပ်သားများ၏တိုက်ခိုက်မှုကြောင့် ဓားပြအချို့နှစ်ခြမ်းခွဲသွားခဲ့သည်။
မြင်းတပ်သားများနှင့် သူတို့ကိုင်ဆောင်သည့်ဓားရှည်ကြီးများသည် အလွန်လိုက်ဖက်ပေသည်။ဓားပြများသည် ဓားရှည်များကိုအသုံးပြုကြသော်လည်း ထိုလက်နက်များသည် မြင်းတပ်သားများကိုင်ဆောင်သည့် လေးလံသောဓားရှည်ကြီးများနှင့် တန်းတူမဟုတ်ခဲ့ပေ။
ဓားပြများသည် ဖရိုဖရဲဖြစ်သွားကာ မြင်းတပ်သားများကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။သူတို့၏သားကောင်များက သူတို့အားအစပျိုး၍တိုက်ခိုက်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။သူတို့ဓားပြလုပ်လာသည့်သက်တမ်းတလျှောက် မည်သည့်ကုန်သည်အဖွဲ့ကမှ သူတို့်အားစတင်တိုက်ခိုက်သည်ကို မကြုံတွေ့ဖူးပေ။
ထို့ကြောင့် ဓားပြများသည် ရှောင်ယုတို့ယာဉ်တန်းအနားသို့ချည်းကပ်လာချိန်တွင် မည်သည့်ဖွဲ့စည်းပုံမှမပြင်ရသေးဘဲ လျော့တိလျော့ရဲဖြစ်နေခြင်းဖြစ်သည်။သို့သော်လည်း လက်ရှိအခြေအနေသည် သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။
ဝှစ်...ဝှစ်...ဝှစ်
မြင်းတပ်သားများသည် ဆန်းကြယ်သောတိုက်ခိုက်မှုပုံစံများကို အသုံးမပြုခဲ့ကြပေ။သူတို့သည် ခုတ်ထစ်ခြင်း၊ဝှေ့ယမ်းခြင်း၊ထိုးသွင်းခြင်း အစရှိသည့်ရိုးရှင်းသောတိုက်ခိုက်မှုမျိုးကိုသာ အသုံးပြုခဲ့ကြသည်။သို့သော်လည်း ထိုရိုးရှင်းသောတိုက်ခိုက်မှုပုံစံများသည် အလွန်ထိရောက်ပေသည်။
အချို့သောဓားပြများသည် ရထားလုံးများကိုတိုက်ခိုက်ရန် ကြိုးစားလာခဲ့သော်လည်း ရထားလုံးများကို ခြေလျင်တပ်သား၅၀က ကာကွယ်ထားခဲ့သည်။
ဘန်း...
ခြေလျင်တပ်သားတစ်ယောက်သည် ဓားပြတစ်ယောက်၏မြင်းကို သူ၏ဒိုင်းလွှားဖြင့်ရိုက်ချလိုက်သည်။ထိုသို့ရိုက်ချမှုဒဏ်ကြောင့် မြင်းသည်ဟန်ချက်ပျက်သွားကာ ဓားပြသည်လည်းမြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။ထိုအခါ ခြေလျင်တပ်သားသည် သူ၏ဓားကိုအသုံးပြကာ ထိုဓားပြအားသတ်ဖြတ်လိုက်သည်။
ဓားပြများသည် ခြေလျင်တပ်သားများကို တိုက်ခိုက်ရန်ကြိုးစားခဲ့ကြသော်လည်း သူတို့၏ဒိုင်းများကို ကျော်ဖြတ်နိုင်ခြင်းမရှိကြပေ။ဓားပြများသည် ကြိမ်ဖန်များစွာဆက်တိုက်တိုက်ခိုက်နေသော်လည်း ခြေလျင်တပ်သားများ၏ဒိုင်းများသည် မထိုးဖောက်နိုင်သည့်ခံစစ်တံတိုင်းသဖွယ်ဖြစ်နေခဲ့သည်။
"မင်းတို့ဘာလို့ အဲလောက်ထိတုံးနေရတာလဲ...ဘာလို့ဓားပြတွေကိုပဲတိုက်ဖို့ကြိုးစားနေကြတာလဲ...မြင်းတွေရဲ့ခြေထောက်ကိုတိုက်ကြလေ...အဲ့ဒါဆိုရင် မြင်းမရှိတော့တဲ့ဓားပြတွေက မင်းတို့နဲ့အတူတူဖြစ်သွားလိမ့်မယ်"
ရှောင်ယုသည် ခြေလျင်တပ်သားများကို အော်ဟစ်အမိန့်ပေးလိုက်သည်။
ခြေလျင်တပ်သားများသည် ရှောင်ယု၏နည်းဗျူဟာကို ချက်ချင်းအကောင်အထည်ဖော်လိုက်ကြသည်။သူတို့သည်ဓားပြများ၏ တိုက်ခိုက်မှုကိုဒိုင်းများဖြင့်ခုခံလိုက်ကြပြီး မြင်းများ၏ခြေထောက်ကို သူတို့၏ဓားများဖြင့်တိုက်ခိုက်လိုက်ကြသည်။
ခြေလျင်တပ်သားများသည် အဆင့်၁၀ထိရောက်ရှိနေပြီဖြစ်ရာ သူတို့ပိုင်ဆိုင်သည့်ခွန်အားဖြင့်ဆိုပါက ဓားတစ်ချက်တည်းဖြင့် မြင်းများ၏ခြေထောက်ကိုခုတ်ဖြတ်ရန် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။မြင်းမရှိတော့သည့်ဓားပြများသည် ခြေလျင်တပ်သားများ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။
တိုက်ပွဲစတင်ပြီး ၁၀မိနစ်ကြာပြီးနောက် ဓားပြထက်ဝက်ကျော်သေဆုံးသွားခဲ့ရသည်။ဓားပြများသည် အချင်းချင်းအော်ဟစ်ဆဲဆိုကြကာ ဆက်လက်မတိုက်ခိုက်တော့ဘဲ ဖရိုဖရဲထွက်ပြေးကုန်ကြသည်။ရှောင်ယုသည် အလျင်မလိုသောကြောင့် သူ့တပ်များကိုဓားပြများနောက်သို့လိုက်ရန် အမိန့်မပေးခဲ့ပေ။
တစ်ချိန်တည်းမှာပင် ဆုရှာသည်ရထားလုံးအတွင်းသို့ ပြန်ဝင်လာခဲ့သည်။သူမ၏ခန္ဓာက်ိုယ်သည် သွေးများဖြင့်ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရ၍ ရှောင်ယုအနည်းငယ်စိုးရိမ်သွားခဲ့သည်။သို့သော်သူမသည် ယခုလိုတိုက်ပွဲမျိုး၌ ဒဏ်ရာကြီးကြီးမားမားမရရှိစေရန် လုံလုံလောက်လောက် အစွမ်းထက်နေဆဲဖြစ်သည်။သို့သော်လည်း သူမ၏ခန္ဓာကိုယ်၌ ဒဏ်ရာအနည်းငယ်ရရှိလာခဲ့သည်။
"အိုး...၄ယောက်မြောက်မရီး...မင်းဘာတွေဖြစ်လာတာလဲ"
ရှောင်ယုသည် ဆုရှာထံသို့ပြေးဝင်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်၌ပေကျံနေသော သွေးများကိုသုတ်ပေးရန် ရေစိုပဝါတစ်ထည်အား ထုတ်ယူလိုက်သည်။သို့သော်ရံဖန်ရံခါ၌ ရှောင်ယု၏လက်သည် သူမ၏အထိမခံနိုင်သောအစိတ်အပိုင်းများကို ထိတွေ့လျက်ရှိသည်။
ထိုအခိုက်အတန့်တွင် ရှောင်ယု၏လက်သည် သူမ၏ရင်ဘတ်ကိုထိလာသည်ကိုမြင်လိုက်၍ ဆုရှာသည်ဒေါသတကြီးဖြစ်သွားခဲ့သည်။
"ငါ့ကိုစျေးပေါတဲ့မိန်းမတစ်ယောက်လို သဘောထားပြီး ဆက်ထိနေရင် မင်းလက်ကိုဖြတ်ပစ်မယ်"
ရှောင်ယုကမူ အပြုံးမပျက်ဘဲ စိုးရိမ်နေသောလေသံဖြင့်ပြောလိုက်သည်။
"မရီးကခုထိမသိသေးဘူးထင်တယ်...ဒီကဓားပြတွေကအရမ်းကိုရက်စက်တယ်...သူတို့ရဲ့ဓားတွေကိုအဆိပ်ရည်တွေ သုတ်လိမ်းထားတတ်ပြီး သူတို့ဓားနဲ့ခုတ်မိသူတိုင်းကိုကူးစက်အောင် လုပ်ဆောင်ထားတယ်...ငါကမင်းရဲ့ခန္ဓာကိုယ်က်ိုသန့်စင်စေပြီး ကုသမှုပေးဖို့သန့်ရှင်းသောအလင်းရောင်ကို အသုံးပြုဖို့စီစဉ်ထားတယ်...အဲလိုမှမဟုတ်ရင် အဆိပ်တွေခန္ဓာကိုယ်ထဲဝင်လာတဲ့အခါကျ မင်းကိုအသက်အန္တာရယ်မပေးနိုင်ရင်တောင် မင်းရဲ့အသားတွေကိုမည်းနက်သွားစေလိမ့်မယ်"
ဆုရှာသည် ရှောင်ယုပြောဆိုသည့်စကားများကို သံသယဖြစ်နေမိသည်။သို့သော်လည်း တစ်ဖက်တွင်သူမ၏အလှအား ထိခိုက်သွားမည်ကိုစိုးရိမ်နေခဲ့သည်။
"တကယ်ပြောတာလား"
သူမကစိုးရိမ်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
ရှောင်ယုကလေးနက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်...ဒါပေမဲ့ကြောက်စရာမလိုဘူး...ငါကပါလာဒင်တစ်ယောက်ဆိုတာ မေ့နေတာလား...ငါကအလင်းနတ်ဘုရားရဲ့သစ္စာအရှိဆုံးနဲ့ အယုံကြည်ရဆုံးသောအဖွဲ့ဝင်တစ်ယောက်ဆိုလည်းမမှားဘူး...မင်းရဲ့အဆိပ်ကိုပျောက်ကင်းအောင် ငါကုသနိုင်ပေမဲ့ မင်းရဲ့ချပ်ဝတ်တန်ဆာကိုတော့ချွတ်ရလိမ့်မယ်"
ဆုရှာသည် သူမ၏အဝတ်များကို ဖြေးဖြေးချင်းချွတ်ချလိုက်သည်။သူမစိတ်ထဲတွင် သံသယစိတ်အချို့ရှိနေသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ အလောင်းအစားမလုပ်ဝံ့ပေ။ပုံမှန်အားဖြင့်သူမသည် ရထားပေါ်၌ရှိနေလျှင် ချပ်ဝတ်တန်ဆာမဝတ်ဆင်ထားပေ။သို့သော်လည်း သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖုံးကွယ်ရန်အဝတ်အစားများ အမြဲဝတ်ဆင်ထားခဲ့သည်။သို့သော်လည်း ယခုအခါသူမ၏အဝတ်အစားများသည် သွေးများဖြင့်စိုစွတ်နေကာ ထိုအဝတ်အစားများက သူမ၏ခန္ဓာကိုယ်၌ကပ်ညှိနေခဲ့လေသည်။
ရှောင်ယုသည် ဆုရှာ၏ဒဏ်ရာများကို သုတ်ပေးရန်ရေစိုပဝါကို ဆက်လက်အသုံးပြုခဲ့သည်။အေးစက်နေသောပဝါသည် သူမ၏ဖြူဖွေးသောအသားအရည်ကိုပွတ်တိုက်မိတိုင်း ဆုရှာ၏ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။
အချိန်အတော်ကြာအောင် ထိုသို့ပွတ်တိုက်ပြီးမှ ရှောင်ယုသည်သန့်ရှင်းသောအလင်းအား အသုံးပြုခဲ့သည်။ထိုအခါအဖြူရောင်အလင်းတန်းတစ်ခုသည် ဆုရှာ၏ဒဏ်ရာများကိုဖုံးလွှမ်းသွားခဲ့ပြီး သာမန်မျက်စိဖြင့်မြင်တွေ့နိုင်သည့်အမြန်နှုန်းဖြင့် ကုသပေးခဲ့သည်။
အခန်း ၂၁၃ - မှင်စာများ
ရှောင်ယု၏နံဘေးတွင် အလှတရားများရှိနေပေရာ ရှောင်ယုသည်ခရီးစဉ်တလျှောက်လုံး မည်သည့်အရာကိုမှဂရုမစိုက်ခဲ့ပေ။သူတို့သည် ဝေမင်းပြောသည့် ဝူဟယ်မြို့သို့ရောက်ရှိသည်ထိတိုင်အောင် မည်သည့်ဓားပြအုပ်စုနှင့်မှ မကြုံတွေ့ရတော့ပေ။
ဝူဟယ်မြို့၏အရွယ်အစားသည် ခြင်္သေ့မြို့ထက်များစွာသေးငယ်ခြင်း မရှိပေ။တောင်ဘက်အရပ်မှရောက်လာသူတိုင်းသည် အနောက်တိမ်တိုက်အင်ပါယာသို့ မဖြတ်သန်းမှီ ရိက္ခာဖြည့်တင်းရန် ဤမြို့၌အနားယူရသည်။ရှောင်ယုသည် ထူးခြားဆန်းပြားသည့်မြို့ပုံစံကြောင့် စပ်စုချင်စိတ်ဖြစ်လာခဲ့သည်။သူသည် ရထားအတွင်း၌ရှိနေသော်လည်း ပြတင်းပေါက်မှနေ၍ အပြင်သို့လှမ်းကြည့်လိုက်သည်။သူတို့နည်းတူ မြို့ဂိတ်တံခါးဝကိုဖြတ်သန်းဝင်ရောက်ရန် တန်းစီနေသည့်ကုန်သည်အဖွဲ့များစွာရှိပေသည်။ထိုအဖွဲ့များတွင် လူမျိုးပေါင်းစုံ၊အရောင်အသွေးမျိုးစုံပါဝင်လေသည်။
သို့သော်လည်း ရှောင်ယုသည် လူသားများအပေါ်စိတ်ဝင်စားခြင်းမရှိဘဲ အခြားထူးဆန်းသည့်သတ္တဝါတစ်မျိုးအပေါ်၌သာ အာရုံရောက်နေခဲ့သည်။ထိုသတ္တဝါများသည် အရပ်အမြင့်တစ်မီတာနီးပါးရှိကြကာ သူတို့၏အရေပြားများသည် စိမ်းစိုနေပြီး ပါးစပ်မှနေ၍အစွယ်နှစ်ချောင်း ငေါ့ထွက်လျက်ရှိသည်။ရှောင်ယုသည် ထိုသတ္တဝါများနှင့်အလွန်ရင်းနှီးနေကာ ၎င်းတို့အားမှင်စာဟုခေါ်ကြောင်း သိလိုက်ရသည်။
"အဲ့ဒါမှင်စာတွေလား..."
ရှောင်ယုအံ့သြသွားခဲ့သည်။
ဝေမင်းသည် ချက်ချင်းခေါင်းညိတ်မိလိုက်သည်။
"ဟုတ်တယ်...မှင်စာအများစုက တောထဲတောင်ထဲမှာ မျိုးနွယ်စုတွေဖွဲ့ပြီးနေထိုင်လေ့ရှိကြတယ်...ဒါပေမဲ့ အနောက်တိမ်တိုက်အင်ပါယာကလူတွေက သူတို့ကိုဖမ်းပြီးတော့ ကျွမ်းကျင်အလုပ်သမားတွေအဖြစ်စေခိုင်းကြတယ်...ဒီကောင်တွေကအရပ် လည်းမရှည် သန်မာမှုလည်းမရှိပေမဲ့ အလုပ်လုပ်ရာမှာအရည်အချင်းရှိကြတယ်...သူတို့ကအလုပ်မှန်သမျှကိုလွယ်လွယ်ကူကူသင်ယူနိုင်ကြပြီး သာမန်လူတွေထက်အလုပ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်တတ်ကြတယ်"
ရှောင်ယုသည် ယခုလိုအခြေအနေမျိုး၌ မှင်စာများနှင့်တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။ထို့ပြင် လက်ရှိမှင်စာများ၏အနေအထားသည် အောစ့်များနှင့်နတ်သူငယ်များထက် များစွာဆိုးရွားနေပုံရသည်။
"ချစ်ခင်ရပါသောဧည့်သည်တော်များ...သင့်ရဲ့ရထားဘီးမှာ သံချောင်းနှစ်ချောင်းပျောက်နေပါတယ်...အဲ့ဒါကိုပြင်စေချင်ပါသလား...အဖိုးအခအဖြစ်ရွှေပြား၃ပြားပဲကုန်ကျမှာဖြစ်ပါတယ်...ဒီသံချောင်း၂ချောင်းသာမရှိဘူးဆိုရင် ရှေ့ဆက်ရမယ့်ခရီးမှာ ကြီးမားတဲ့အခက်အခဲနဲ့ရင်ဆိုင်ရမယ်ဆိုတာ ဧည့်သည်တော်သိထားသင့်တယ်"
ရှောင်ယုသည် ဝေမင်းနှင့်စကားပြောနေစဉ် မှင်စာတစ်ကောင်ပြေးလာကာ ရှောင်ယုတို့အားပြုံးပြလိုက်သည်။
ဝေမင်းသည် ထိုမှင်စာအား နှင်ထုတ်ပစ်လိုသော်လည်း ရှောင်ယုကသူ့ကိုဟန့်တားလိုက်သည်။
"ကျေးဇူးပြုပြီး ငါတို့ကိုကူညီပေးပါ"
မှင်စာသည် ရှောင်ယု၏စကားကိုကြားသည်နှင့် သူ၏ကိရိယာပုံးကိုထုတ်ယူလိုက်ကာ သံချောင်းနှစ်ခုအားဆွဲထုတ်လိုက်သည်။ထို့နောက် ရထားဘီးအားပြုပြင်ရန်အတွက် တူလေးတစ်ချောင်းကို ကျင်လည်စွာအသုံးပြုခဲ့သည်။အလုပ်ပြီးသည်နှင့်ရှောင်ယုသည် ထိုမှင်စာကိုရွှေပြား၃ပြားပေးလိုက်သည်။
မှင်စာသည် ရွှေပြားများကိုလက်ခံယူလိုက်ကာ ဦးညွတ်လိုက်သည်။
"ရက်ရောတဲ့ဧည့်သည်တော်ကိုကျေးဇူးတင်ပါတယ်...ရှေ့ဆက်မယ့်လမ်းခရီးမှာ ဘေးကင်းကြပါစေ"
"ဒါလေးပြင်တာ ပိုက်ဆံအများကြီးမကုန်ပါဘူး...ငါတို့ကဒီကဒေသခံတွေမဟုတ်ဘူးဆိုတာ ဒီမှင်စာကသိနေပုံရတယ်....ဒါကြောင့်ငါတို့ဆီကပိုက်ဆံတတ်နိုင်သလောက်ရှာဖို့ စိတ်အားထက်သန်နေတာပဲ"
ဝေမင်းက မကျေမနပ်ရေရွတ်လိုက်သည်။
ရှောင်ယုကမူ တိတ်တဆိတ်သက်ပြင်းချရင်း ခေါင်းခါမိလိုက်သည်။
"ပျံသန်းနိုင်တဲ့နည်းပညာကိုဖန်တီးနိင်ခဲ့တဲ့ မှင်စာတွေက ဒီလိုအခြေအနေထိနိမ့်ကျသွားခဲ့ပြီလား"
မှင်စာများ၊လူပုများနှင့်ဂျီနုန်းများသည် ဤတိုက်ကြီးပေါ်၌ ဖန်တီးမှုအားအကောင်းဆုံးနှင့်အသိဉာဏ်အရှိဆုံး မျိုးနွယ်များဖြစ်ကြလေသည်။ယခုအခါသူတို့သည် ရထားဘီးများပြုပြင်ရသည့်အဆင့်ထိ နိမ့်ကျသွားခဲ့လေပြီ။
ရှောင်ယုသည် ဂိမ်းအတွင်း၌ သူတို့၏ကြီးမြတ်မှုကို တွေ့မြင်ခဲ့ရသည့်အတွက်ကြောင့် မှင်စာလေးကိုမြင်တွေ့မိချိန်တွင် သနားမိသွားခဲ့သည်။
"သူတို့ရဲ့နေရေးထိုင်ရေးအခြေအနေက ဘယ်လိုရှိလဲ"
ရှောင်ယုက မေးမြန်းလိုက်သည်။
ဝေမင်းသည် ခဏလောက်စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။
"အဲ့ဒါကိုငါမသိတော့ဘူး...ဒါပေမဲ့မှင်စာတွေက တောထဲမှာသိပ်မရှားဘူး...အချို့ကအဆင့်နိမ့်သူခိုးတွေနဲ့ ဓားပြတွေဖြစ်လာကြတယ်...သူတို့ကညစ်ပတ်နံစော်နေတတ်ပြီးတော့ တောခွေးတွေနဲ့ယှဉ်ရင်တောင် အတူတူပဲလို့ပြောရမယ်"
"တောခွေးတွေ...တောခွေးတွေက ကောင်းကင်မှာပျံသန်းနိုင်တဲ့အရာတွေကို တီထွင်နိုင်လား"
ရှောင်ယုကစိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
"အဲ့ဒီမှင်စာကျွန်တွေကိုဝယ်ဖို့ ငါတို့ဘယ်လောက်ထိအကုန်ခံရမှာလဲ..."
ရှောင်ယုက မေးမြန်းလိုက်သည်။
"သခင်လေးက အဲ့ဒီညစ်ပတ်တဲ့တိရစ္ဆာန်တွေကို ဝယ်ယူဖို့ကြံစည်နေတာလား...အဲ့ကောင်တွေကတိုက်ခိုက်ခြင်းနဲ့အလုပ်ကြမ်းလုပ်ခြင်းတို့မှာ အသုံးမဝင်ကြဘူး...ဒါ့အပြင် သူတို့ကမင်းရဲ့နယ်မြေရောက်ရင်တောင် ကျွန်တွေအဖြစ်ကလွဲပြီးဘာမှသုံးစားလို့ရမှာမဟုတ်ဘူး"
ဝေမင်းသည် ထိုအသုံးမဝင်သည့်မှင်စာများအား ရှောင်ယုစိတ်ဝင်စားရသည့်အကြောင်းရင်းကို နားမလည်ခဲ့ပေ။
ရှောင်ယုက တိုးတိုးလေးရေရွတ်လိုက်သည်။
"သူတို့ကိုဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာကို လူတွေသိသွားရင်သူတို့ကိုရဖို့ အချင်းချင်းတိုက်ခိုက်ကြရလိမ့်မယ်...ဒီတစ်ခေါက်တော့ ငါမှင်စာတွေကို ဝယ်ဖို့စီစဉ်ထားတယ်...သူတို့ရဲ့စျေးနှုန်းတွေကိုတစ်ချက်စုံစမ်းပေးထား"
ရှောင်ယုသည် မှင်စာကျွန်များကိုဝယ်ယူရန်ဆုံးဖြတ်ထားကြောင်း ဝေမင်းနားလည်လိုက်၍ အလိုက်တသိခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယု၏ကုန်သည်ယာဉ်တန်းသည် ဂိတ်ကိုဖြတ်ကျော်ချိန်တွင် ဂိတ်စောင့်များက တိုကင်တစ်ခုထုတ်ပေးခဲ့သည်။ထိုအရာသည် ဝင်ကြေးပေးဆောင်ပြီးဖြစ်ကြောင်း သက်သေပြသည့်တိုကင်ဖြစ်သည်။သူတို့သည်ဝူဟယ်မြို့မှထွက်ခွာ၍ နောက်တစ်ကြိမ်ပြန်လာချိန်၌ ဤတိုကင်ကိုထုတ်ပြလိုက်ရုံဖြင့် အခကြေးငွေပေးစရာမလိုတော့ပေ။
ရှောင်ယု၏ယာဉ်တန်းသည် အခြားကုန်သည်ယာဉ်တန်းများကဲ့သို့ ဝူဟယ်မြို့တွင်းသို့ဝင်ရောက်လာသောကြောင့် သူတို့နှင့်ပတ်သက်၍ မည်သူကမှထူးထူးခြားခြားမခံစားခဲ့ရပေ။ထို့နောက်ရှောင်ယုသည် တည်းခိုရန်အတွက် ကောင်းမွန်သောတည်းခိုခန်းတစ်ခုအားရှာဖွေခဲ့သည်။
ဂရင်းသည် ရှောင်ယုနှင့်အတူ ထိုနေရာသို့ဝင်လာခဲ့သည်။ဂရင်းသည် အရပ်၂မီတာကျော်မြင့်ပြီး အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်အတွက်ကြောင့် လူအများစုကသူ့အားရှောင်တိမ်းသွားကြသည်။ထိုဝတ်ရုံနက်များအောက်၌ ကြောက်မက်ဖွယ်ကောင်းသည့်အောစ့်တစ်ကောင် ပုန်းအောင်းနေကြောင်း သူတို့မသိထားကြသော်လည်း ထိုဝတ်ရုံအောက်ရှိလူသည် သူတို့သွားရှုပ်သင့်သည့်လူမဟုတ်ကြောင်း နားလည်ထားကြသည်။
တည်းခိုခန်း၏အရက်ဆိုင်တွင် ဝန်ဆောင်မှုပေးနေသည့် အပျော်မယ်များရှိနေကြသည်။သူမတို့ဝတ်ဆင်ထားသည့် ဝတ်စုံများသည် သူမတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပြည့်မဝမဖုံးကွယ်နိုင်ကြပေ။ရံဖန်ရံခါတွင် ဧည့်သည်များသည်သူမတို့၏တင်ပါးသို့မဟုတ် ခါးနေရာများကိုထိတွေ့လိုက်ကြသော်လည်း သူမတို့ကမျက်စောင်းထိုးကြည့်ရုံမှလွဲ၍ဘာမှမလုပ်ခဲ့ပေ။
ရှောင်ယုသည် ထိုအပျော်မယ်များကြောင့် ဤတည်းခိုခန်းအားရွေးချယ်ခဲ့ခြင်းမဟုတ်ပေ။သို့သော်ဤနေရာ၌ အလုပ်လုပ်နေသောမှင်စာကျွန်များရှိကြောင်း ရှောင်ယုသတင်းရထားပေသည်။
...
မှင်စာအိုကြီးတစ်ယောက်သည် အရက်ဆိုင်ထဲတွင် ဝိုင်ပုလင်းအားရွေ့ပြောင်းနေလေသည်။သို့သော်သူသည် အသက်ကြီးပြီး ရုပ်ပိုင်းဆိုင်ရာအလွန်အားနည်းနေ၍ မြေပေါ်လဲကျကာဝိုင်ပုလင်းကို ကွဲသွားစေခဲ့သည်။
"အသုံးမကျလိုက်တဲ့ကောင်...မင်းကဝိုင်တစ်ပုလင်းကို ဖျက်ဆီးလိုက်တာလား...ဒါကဘယ်လောက်တန်လဲဆိုတာမင်းသိလား...ဒီဝိုင်ပုလင်းရဲ့တန်ဖိုးဟာ မင်းလိုမျိုးမိုက်မဲတဲ့မှင်စာကျွန်၅ကောင်က်ိုဝယ်နိုင်တယ်ကွ...အသုံးမကျလိုက်တဲ့ကောင် မင်းကိုငါသတ်မယ်"
လူတစ်ယောက်သည် ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းလိုက်ကာ လဲကျနေသောမှင်စာအိုကြီးဆီသို့ သူ၏ကြာပွတ်အားဝှေ့ယမ်းလိုက်သည်။
မှင်စာအိုကြီးသည် ထိုလူ၏ကြာပွတ်ဒဏ်အားမခံနိုင်ခဲ့ပေ။မှင်စာအိုကြီးသည် မြေပြင်ပေါ်လဲလျောင်းနေသော်လည်း အသက်ကိုခက်ခက်ခဲခဲရှုရှိုက်နေရကြောင်း တွေ့မြင်နိုင်သည်။
သူဌေးဖြစ်သူသည် မှင်စာအိုကြီးအား ဒုတိယအကြိမ်ရိုက်နှက်တော့မည့်အချိန်တွင် လက်တစ်ချောင်းထွက်ပေါ်လာပြီး ကြာပွတ်ကိုဖမ်းဆွဲလိုက်သည်။
သူဌေးဖြစ်သူသည် သူ့ခေါင်းကိုနောက်လှည့်ကြည့်လိုက်ချိန်တွင် သူ့ထက်အနည်းဆုံးခေါင်း၂လုံးလောက်မြင့်မယ့် ဧရာမလူတစ်ယောက်သည် ကြာပွတ်အားဖမ်းဆွဲထားသည်ကို တွေ့လိုက်ရသည်။
"ဧည့်သည်...ဒီမှင်စာကမင်းရဲ့အားလပ်ချိန်ကို အနှောင့်အယှက်ပေးခဲ့လို့လား...မင်းလိုချင်ရင် အဲ့မှင်စာကိုမင်းကိုယ်တိုင်သတ်ဖြတ်လိုက်လို့ရတယ်..."
ထိုဧရာမလူကြီးသည် မှင်စာအိုကြီးအားအပြစ်ပေးလိုသည့်အတွက် ဤနေရာသို့ကိုယ်တိုင်ရောက်နေသည်ဟု သူဌေးဖြစ်သူကယူဆခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည်ဂရင်း၏နောက်ကျောမှထွက်လာကာ ပြုံးပြလိုက်သည်။
"အဲ့ဒီဝိုင်ပုလင်းကဘယ်လောက်လဲ...ငါကဝိုင်တန်ဖိုးကိုပေးချေပြီးတော့ ဒီမှင်စာကိုခေါ်သွားလိုက်မယ်"
တစ်စုံတစ်ယောက်သည် ကျကွဲသွားသည့်ဝိုင်ပုလင်းအတွက် အခကြေးငွေပေးဆောင်ကာ မှင်စာကိုရယူလိုသည့်အတွက်ကြောင့် သူဌေးဖြစ်သူကဝမ်းသာသွားခဲ့သည်။မည်သို့ပင်ဆိုစေ သူသည်မှင်စာအိုကြီးအားသတ်ဖြတ်လိုနေခဲ့သည်။
"ဒါကပြဿနာမဟုတ်ပါဘူး....ဒါပေမဲ့မှင်စာအိုကြီးက တော်တော်အသက်ကြီးနေပြီ...ငါမင်းကိုမှင်စာမိန်းကလေးတစ်ယောက်ပေးမယ်လေ...ဧည်သည့်ကအဲမှင်စာမလေးကို စိတ်ကြိုက်ကစားပြီးမှသတ်ဖြတ်နိုင်တယ်"
"အဲလိုလုပ်ဖို့မလိုအပ်ပါဘူး..."
ရှောင်ယုက သူဌေးအားချက်ချင်းဟန့်တားလိုက်သည်။
ရှောင်ယုသည် ဝိုင်ပုလင်းအတွက် လျော်ကြေးအဖြစ်ရွှေပြား၂၀အား ပေးဆောင်ခဲ့ရသည်။ထိုကဲ့သို့ဝိုင်ပုလင်းသည် ခြင်္သေ့မြို့တွင်ဆိုပါက အမြင့်ဆုံးရွှေ၁ပြားသာတန်ဖိုးရှိသော်လည်း ဝူဟယ်မြို့၌မူအဆ၂၀ခုန်တက်သွားကာ ရွှေပြား၂၀ပေးချေခဲ့ရသည်။
မှင်စာအိုကြီးသည် မကြာမှီသေဆုံးရတော့မည့် သူ၏မလွဲရှောင်သာသောကံကြမ္မာကို လက်ခံလိုက်ပုံရသည်။သို့သော်လည်း ရှောင်ယုသည်ဂရင်းအား မှင်စာအိုကြီးကို ထိုင်ခုံတစ်ခုဆီသယ်ဆောင်ခိုင်းခဲ့သည်။ထို့နောက် ရှောင်ယုသည်သူ့အားကုသရေးဆေးရည်တစ်ပုလင်း ပေးလိုက်သည်။
"သောက်လိုက်..."
ရှောင်ယုကပြောလိုက်သည်။
မှင်စာအိုကြီးသည် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးထားခဲ့ပြီဖြစ်ရာ မည်သည့်အရာကိုမှဂရုမစိုက်တော့ပေ။သူသည် ပုလင်းအဖုံးက်ိုဖွင့်ကာ ဆေးရည်များကို အကုန်သောက်ချလိုက်သည်။သို့သော် ခဏအကြာ၌ သူ့ခန္ဓာကိုယ်ထဲတွင်ပြောင်းလဲနေသော အံ့ဖွယ်အဖြစ်အပျက်ကိုခံစားမိလိုက်သည်။သူရရှိထားသည့်ဒဏ်ရာအားလုံးသည် သက်သာပျောက်ကင်းသွားသလို သူ၏ကြံ့ခိုင်မှုသည်လည်း ယခင်ကထက်ပိုမိုကောင်းမွန်လာခဲ့ကာ အသက်၁၀နှစ်ခန့်ငယ်ရွယ်သွားပုံရသည်။
"အနာကျက်ဆေးရဲ့အရသာက ဘယ်လိုနေလဲ"
"အနာကျက်ဆေး...ဒါကဒဏ္ဍာရီလာအနာကျက်ဆေးလို့ပြောချင်တာလား..."
မှင်စာအိုကြီးသည် အလွန်အံ့သြသွားခဲ့၍ မှင်သက်သွားခဲ့သည်။သို့သော်လည်း ထိုကဲ့သို့ရတနာတစ်ခု၏အကြောင်းကို အခြားသူများသိရှိသွားပါက မလိုလားအပ်သည့်ဘေးဒုက္ခများအား ဆွဲဆောင်မိမည်ကိုစိုးရိမ်၍ အလွန်နိမ့်ကျသောလေသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်...အဲ့ဒါကဒဏ္ဍာရီလာအနာကျက်ဆေးပဲ"
ရှောင်ယုသည် အပြုံးမပျက်ဘဲ တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
မှင်စာအိုကြီးသည် ခဏလောက်စဉ်းစားပြီးနောက် မေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့အဓိကရည်ရွယ်ချက်ကဘာလဲ...ခုလိုအဖိုးထိုက်တန်တဲ့ရတနာကို ဘာလို့ငါ့လိုနိမ့်ကျတဲ့မှင်စာတစ်ကောင်ဆီ ပေးရတာလဲ...မင်းငါ့ဆီကဘာတွေပြန်လ်ိုချင်လို့လဲ"