အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း ၂၁၄ - ပြဿနာတက်ခြင်း
ရှောင်ယုသည် မှင်စာအိုကြီးကိုစိုက်ကြည့်ရင်း စားပွဲကိုညင်သာစွာပုတ်လိုက်သည်။
"ငါ့လိုလူတစ်ယောက်က မင်းဆီကနေယူရလောက်အောင် ဘယ်အရာတွေကထိုက်တန်နေလို့လဲ"
မှင်စာအိုကြီးသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းယမ်းပြလိုက်သည်။
"ဘာမှမရှိဘူး..."
ရှောင်ယုသည် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ငါပြောချင်တာအဲ့ဒါပဲလေ...ငါကထွေထွေထူးထူးအကြောင်းပြချက်မရှိဘဲ မင်းကိုကယ်တင်ခဲ့တာပဲ...ဒါပေမဲ့ရှေးခေတ်အချိန်တွေမှာ မှင်စာတွေကချမ်းသာကြွယ်ဝစွာနေထိုင်ခဲ့ရတယ်လို့ စာအုပ်တွေထဲမှာငါဖတ်ဖူးတယ်...ခုမင်းတို့ကိုဒီလိုနိမ့်ကျတဲ့အခြေအနေရောက်နေတာတွေ့ရတော့ ငါစိတ်မကောင်းဖြစ်မိတယ်...မင်းသာငါ့နယ်မြေကိုရောက်လာရင် ခုထက်၁၀ဆမက ပိုပြီးကောင်းမွန်စွာဆက်ဆံခံရလိမ့်မယ်...ဒါပေမဲ့မင်းတို့မှင်စာတွေရဲ့ အကျင့်စရိုက်က တောာ်တော်နာမည်ကြီးနေတာမလို့ ငါ့အပေါ်အကောက်ကြံဖို့တော့စိတ်မကူးနဲ့"
"ဘာလို့ငါတို့ကို ဒီမှာထက်၁၀ဆပိုကောင်းအောင် ဆက်ဆံပေးမယ်လို့ ကတိပေးနိုင်ရတာလဲ"
မှင်စာအိုကြီးသည် စိတ်ရှုပ်ထွေးနေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ငါ့တို့ဆီမှာ အဂ္ဂိရိတ်ပညာနဲ့အင်ဂျီနီယာပညာရပ်တွေကို ကောင်းကောင်းတတ်ကျွမ်းတဲ့သူတွေလိုအပ်နေခဲ့တယ်...ငါကထူးထူးခြားခြားအရာလေးတွေဖန်တီးချင်တယ်..မင်းတို့မှင်စာတွေက ရှေးခေတ်ကတည်းကကျော်ကြားခဲ့တာကြောင့် အထူးနည်းစနစ်တွေပိုင်ဆိုင်ထားမှာပဲ...တကယ်လို့မင်းတို့မှာမပိုင်ဆိုင်ထားရင်လည်း ကိစ္စမရှိဘူး...ငါကမင်းတို့လေ့လာနိုင်ဖို့နဲ့ဆန်းပြားတဲ့အရာတွေဖန်တီးပေးနိုင်ဖို့ စာအုပ်တွေဝယ်ယူပေးမယ်"
ရှောင်ယုက မှင်စာအိုကြီးကိုဆွဲဆောင်လိုက်သည်။
ရှောင်ယုသည် မှင်စာများနှင့်ပတ်သက်လာလျှင် သူတို့တတ်ကျွမ်းသည့်အင်ဂျီနီယာပညာနှင့် အဂ္ဂိရိတ်ပညာတို့အား အလွန်မနာလိုဖြစ်မိစေခဲ့သည်။သူသည် ရှေးခေတ်အချိန်မှပစ္စည်းများကို ပြန်လည်ထုတ်လုပ်ရန်မဖြစ်နိုင်ကြောင်း နားလည်ထားပေသည်။သို့သော်လည်း မှင်စာများသည်ထူးခြားသောစွမ်းရည်ဖြင့်မွေးဖွားလာသူများဖြစ်၍ ရှောင်ယုသည်ထိုကဲ့သို့နည်းပညာရှင်များနှင့် အင်ဂျီနီယာများအားလိုအပ်နေခဲ့သည်။ဤတိုက်ကြီးတွင် မှင်စာများသည်ကျွမ်းကျင်လုပ်သားများအဖြစ် သတ်မှတ်ခံထားရသည့် အကောင်းဆုံးမျိုးနွယ်ဝင်များဖြစ်ကြသည်။
အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များသည် အလုပ်ဝင်ခါစ တက္ကသ်ိုလ်ကျောင်းသားတစ်ယောက်နှင့်ယှဉ်လျင် သူတို့၏အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကြောင့် အလွန်တန်ဖိုးရှိပေသည်။
လက်ရှိအချိန်တွင် မှင်စာကျွန်များသည် အလွန်စျေးပေါပေရာ ရှောင်ယုသည် အခက်အခဲမရှိဘဲ အရေအတွက်ထောင်ချီကိုဝယ်ယူနိုင်သည်။
ရှောင်ယု၏အစီအစဉ်မှာ မြို့ရိုးဖြိုစက်များ၊မော်တာများနှင့်အခြားသောစက်ပစ္စည်းများကို တည်ဆောက်ရန်ဖြစ်သည်။သို့သော်လည်း အဓိကပြဿနာတစ်ခုမှာ တောင်ဘီလူးတစ်ကောင်သည် သာမန်တပ်သား၁၀ယောက်၏နေရာကိုရယူထား၍ မြို့ရိုးဖြိုစက်များ ပိုမို၍နေရာယူလာမည်ဖြစ်သည်။ရှောင်ယုသည် ၎င်းတို့အားအစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည်မဟုတ်ပေ။သို့သော်လည်း သူသာမှင်စာများအား ထိုစက်ပစ္စည်းများ၏တည်ဆောက်ပုံကို လေ့လာခိုင်းခဲ့ပါက ကိုယ်ပိုင်အစွမ်းအစဖြင့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။မှင်စာများသည် ထိုကဲ့သ်ို့အရာများကို သုသေသနပြုလုပ်၍ အရည်အသွေးမြင့်ပုံစံတူများကို ပြုလုပ်နိုင်ကြသည်။
မှင်စာအိုကြီး၏အကြည့်များသည် ချက်ချင်းဆိုသလို လှုပ်ခါသွားခဲ့သည်။ရှောင်ယုသည် ထိုအပြုအမူကိုသတိထားမိလိုက်၍ ချက်ချင်းသံသယဝင်သွားခဲ့သည်။
မှင်စာအ်ိုကြီးက ရုတ်တရက်အပြုအမူတွေပြောင်းလဲသွားပါလား...ငါမသိတာများတစ်ခုခုရှိနေမလား...
"ဘာပဲဖြစ်ဖြစ် ငါကမင်းကိုဝယ်လိုက်ပြီဆိုတော့ မင်းကငါ့အပိုင်ဖြစ်လာပြီဘဲ မင်းရဲ့မျိုးနွယ်စုတစ်ခုလုံးကို ဆင်းရဲဒုက္ခကနေလွတ်မြောက်အောင်လို့ ငါကူညီပေးမယ်...ဒါပေမဲ့ သူတို့ကိုထိန်းချုပ်ဖို့အတွက် မင်းငါ့ကိုကူညီပေးရမယ်...မင်းသာမလုပ်ချင်ဘူးဆိုရင်တော့ မင်းဒီနေရာမှာပဲဆက်ပြီးအလုပ်လုပ်နေနိုင်တယ်...ငါမင်းကိုအတင်းဖိအားပေးမှာမဟုတ်ဘူး"
ရှောင်ယုသည် နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
အကယ်၍ ယခုအချိန်တွင် သူသာမှင်စာအိုကြီးကိုမကယ်တင်မိပါက သေဆုံးသွားမည်ဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။
မှင်စာအိုကြီးသည် ခဏတဖြုတ်တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။
"အရှင်ကသာ ငါ့မျိုးနွယ်ကို ဆင်းရဲဒုက္ခကနေလွတ်မြောက်စေရင် အရှင့်ဆီမှာ စိတ်နှလုံးအကြွင်းမဲ့တာဝန်ထမ်းဆောင်သွားပါမယ်"
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ မှင်စာအိုကြီးနဲ့အတူ ထိုနေရာမှာထွက်လာခဲ့သည်။
သို့သော် ရှောင်ယုသည် တည်းခိုခန်းမှထွက်လာချိန်တွင် လူတစ်ဦး၏အော်ဟစ်လေချွန်သံကိုကြားလိုက်ရသည်။ထိုအချိန်တွင် ဆုရှာသည်သူ၏ဓားကိုကိုင်ထားပြီး ဒေသခံအုပ်စုတစ်ခုနှင့် မျက်နှာချင်းဆိုင်နေသည်ကိုတွေ့လိုက်ရသည်။ဤဒေသခံများသည် သူမကိုနှောင့်ယှက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှောင်ယုသည် အနားသို့ချက်ချင်းရောက်လာပြီး ဒေသခံတစ်ဦးအား တွန်းဖယ်ကာနှင်ထုတ်လိုက်သည်။ထိုလူသည် နံရံကိုဝင်တိုက်မိကာ မူးဝေ၍မြေပေါ်လဲကျသွားခဲ့သည်။ရှောင်ယုသည် ဆိုလိုမွန်း၏နယ်မြေကိုသိမ်းပိုက်ပြီးနောက် အဆင့်၂၀သို့ရောက်ရှိခဲ့ကာ တတိယအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။သူသည် ခွန်အားလမ်းကြောင်းကိုအဓိကမထားသော်လည်း သူ၏စွမ်းအားသည်အလွန်ကြီးမားကာ သာမန်လူသားများက သူ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ဤဒေသခံများသည် သန်မာပုံရသော်လည်း သူသည်တတိယအဆင့်သူရဲကောင်းတစ်ယောက်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
ဒေသခံများသည် ရှောင်ယုအားလူသတ်ချင်စိတ်အပြည့်ဖြင့်စိုက်ကြည့်လိုက်ကြပြီး သူတို့၏ဓားရှည်များကို ချက်ချင်းဆွဲထုတ်လိုက်ကြသည်။
ရှောင်ယုသည် သူတို့်အားလုံးဝဂရုမစိုက်ဘဲ ဆုရှာကိုသာလှည့်ကြည့်လိုက်သည်။
"မင်း အဆင်ပြေတယ်မလား"
အစောပိုင်းတွင် ဆုရှာသည်ဤလူများ၏ နှောင့်ယှက်မှုကြောင့် ဒေါသတကြီးဖြစ်နေသော်လည်း ရှောင်ယုရောက်ရှိလာသည်ကိုမြင်သောအခါ သူမစိတ်သက်သာရာရသွားခဲ့သည်။ယခုလို အရေးကြီးသည့်အခိုက်အတန့်တွင် သူမအားကိုးနိုင်သည့်အမျိုးသားတစ်ယောက်သည် သူမကိုကယ်တင်နိုင်လိမ့်မည်ဟု ဆုရှာခံစားနေရသည်။
"ငါ...ငါ...ဒီလူယုတ်မာတွေက ငါ့ကိုဝယ်မယ်လို့တောင်ပြောနေတယ်...ငါသူတို့ကိုသင်ခန်းစာတစ်ခုပေးရမယ်"
ဆုရှာသည် အနောက်တိမ်တိုက်အင်ပါယာမှ ဒေသခံလူများကိုကြည့်နေချိန်တွင် သူမ၏မျက်လုံးများသည် အေးစက်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။
ရှောင်ယုသည် ဒေသခံများဘက်သို့ချက်ချင်းလှည့်ကြည့်လိုက်သည်။
"မင်းတို့ဘာဖြစ်ချင်နေတာလဲ..."
ယခုအချိန်တွင် ရှောင်ယု၏ဘေးနားတွင်ရပ်နေသည့်ဂရင်းကြောင့် ဒေသခံများက ရှောင်ယုသည်သူတို့သွားရှုပ်၍ရသူမဟုတ်ကြောင်း နားလည်လိုက်ကြသည်။သို့သော်လည်း တိုက်ခိုက်ခံလိုက်ရသည့်သူတို့အဖော်ကြောင့် သူတို့သည်ရှောင်ယုနှင့်မလွဲမသေရင်ဆိုင်ရတော့မည်ဖြစ်သည်။
"မင်းကဘာကောင်လဲ...ဝူဟယ်မြို့မှာဆိုရင် ငါတို့ကဘာကောင်လဲဆိုတာ မင်းမသိဘူးလား"
ဒေသခံတစ်ဦးက ရှောင်ယုအားခြိမ်းခြောက်ခဲ့သည်။ထိုလူသည် သူတို့ပိုင်နက်နယ်မြေအတွင်း၌ သူစိမ်းတစ်ဦးအား အပေါ်စီးမှနေ၍ပြောဆိုဆက်ဆံခဲ့သည်။
"ဝူဟယ်မြို့ကဘာလဲဆိုတာ ငါသိတာပေါ့...ဒါပေမဲ့ဝူဟယ်မြို့ကို မင်းတို့ဘိုးဘေးတွေတည်ဆောက်ခဲ့တာလား...မင်းတို့ကတမင်သက်သက်ပြဿနာလာရှာတဲ့ကောင်တွေပဲ...ဒီနေရာမှာ ဘယ်သူ့ကိုသွားရှုပ်လို့ရပြီး ဘယ်သူတွေကိုသွားမထိသင့်ဘူးဆိုတာ မင်းသိထားသင့်တယ်...မဟုတ်ရင် ဝူဟယ်မြို့ရဲ့အဝင်ဝမှာ မင်းခေါင်းကိုချိတ်ဆွဲရမယ့်အတွက် ငါ့ကိုအပြစ်မတင်နဲ့"
ရှောင်ယုက တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
ဒေသခံသည် ရှောင်ယုအားဒေါသတကြီးလေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
"မင်းကဘာကောင်လဲ...ငါကဒီမြို့ရဲ့အုပ်စိုးသူပဲ...ငါရှေ့မှာလူတိုင်းနာခံကြရ...အွတ်"
ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား အသက်သွင်းကာ ထိုလူအားပြေးလွှားကန်ကျောက်လိုက်၍ ဒေသခံသည်စကားကိုပြီးဆုံးအောင်ပြောရန် အခွင့်အရေးမရခဲ့ပေ။
"သူ့ကိုသတ်..."
ဒေသခံက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကျန်လူများသည် သူတို့၏ဓားရှည်များကို မြှောက်လိုက်ကြပြီး ရှောင်ယုထံသို့ပြေးဝင်သွားခဲ့သော်လည်း ဂရင်းကထိုလူများကိုတားဆီးခဲ့သည်။ဂရင်းသည် သူ၏ဓားကြီးကိုဝှေ့ယမ်းကာ လေပွေကျွမ်းကျင်မှုအား အသုံးပြုခဲ့သည်။ဂရင်း၏ဓားကြီးနှင့်ထိပ်တိုက်တွေ့ချိန်တွင် ဒေသခံများ၏ဓားရှည်များသည် နောက်သို့ဆုတ်ခွာလိုက်ရသည်။
"သေစမ်း...သူကအရမ်းအစွမ်းထက်လွန်းတယ်"
ဒေသခံများသည် ဒေါသတကြီးကျိန်ဆဲကာ နောက်တစ်ကြိမ်ပြေးဝင်လာကြသည်။သို့သော်လည်း ယခုတစ်ကြိမ်တွင် ဂရင်းသည်မည်သည့်ကျွမ်းကျင်မှုကိုမှ အသုံးမပြုတော့ပဲ သူ၏ဓားကိုဘယ်ရောညာပါဝှေ့ယမ်းလိုက်သည်။ရှောင်ယုသည် ဤတိုက်ပွဲတွင်သူကိုယ်တိုင်ပါဝင်ရန် မလိုအပ်ဟုခံစားမိ၍ ဘေး၌ရပ်ကြည့်နေခဲ့သည်။
အခန်း ၂၁၅ - အနောက်တိမ်တိုက်အင်ပါယာ၏ သူရဲကောင်း
ဂရင်းသည် ထိုဒေသခံလူရမ်းကားများကို တိုက်ခိုက်ရန် လုံလောက်သည်ထက်ပိုမိုအစွမ်းထက်ပိုမိုအစွမ်းထက်ကြောင်း ရှောင်ယုသတိပြုမိပေသည်။
ဂရင်း၏လက်ရှိအစွမ်းဖြင့်ဆိုပါက သာမန်လူပေါင်းရာနှင့်ချီကို တိုက်ခိုက်နိုင်ပေသည်။ဂရင်းသည် စက္ကန့်၃၀ခန့်သာအချိန်ယူကာ ၎င်းတို့အားလုံးကိုမောင်းထုတ်နိုင်ခဲ့သည်။ရှောင်ယုသည် မလိုလားလပ်သည့်ပြဿနာများကို ရှောင်ရှားရန်အတွက် သူတို့အားသတ်ဖြတ်ခြင်းမပြုရန် ဂရင်းကိုအမိန့်ပေးခဲ့သည်။
အဆုံးသတ်တွင်သူတို့သည် အနောက်တိမ်တိုက်အင်ပါယာသို့ရောက်ရှိနေကာ သူတို့၏နိုင်ငံသားတစ်ယောက်ကိုသတ်ဖြတ်ခြင်းက သူတို့အားဒုက္ခရောက်စေနိုင်သည်။သို့သော် အနောက်တိမ်တိုက်အင်ပါယာ၏ဥပဒေများသည် နိုင်ငံခြားကုန်သည်များအပေါ် အကာအကွယ်ပေးထားကြောင်း ရှောင်ယုသတိပြုမိပေသည်။သူတို့သည် ရန်ပွဲတစ်ခုအားအစပြုခဲ့သော်လည်း အနောက်တိမ်တိုက်အင်ပါယာ၏တာဝန်ရှိသူများက မျက်လုံးမှိတ်ထားခဲ့သည်။သို့သော်လူသေမှုဖြစ်ပေါ်လာပါက သူတို့သည်နိုင်ငံခြားသားများကိုအလွတ်ပေးမည်မဟုတ်ပေ။
ရှောင်ယုသည် သူ၏အကန့်အသတ်ကိုနားလည်ပေသည်။အကယ်၍ သူသာမြွေ၏အမြီးကိုတက်နင်းမိပါက သူထွက်ပြေးလွတ်မြောက်ခဲ့လျှင်ပင် မြွေသည်သူ့အားလိုက်လံရှာဖွေမည်ဖြစ်သည်။ထို့အစား သူသည်ကျန်ရှိနေသောလူရမ်းကားများနှင့် သူတို့၏ခေါင်းဆောင်ရောက်အလာကို စောင့်ဆိုင်း၍ပဿသနာက်ိုအပြီးသတ်ရန် စီစဉ်ထားခဲ့သည်။
ရှောင်ယုသည် တည်းခိုခန်းရှေ့တွင် ထိုင်ခုံတစ်လုံးကိုချထားလိုက်ပြီး ကျန်လူရမ်းကားများနှင့်သူတို့၏ခေါင်းဆောင်ကိုစောင့်ဆိုင်းနေခဲ့သည်။ဝူဟယ်မြို့တွင် ထိုကဲ့သို့ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်လေ့ရှိရာ မည်သူမှမအံ့သြကြပေ။ထို့အစားသူတို့သည် ဤရန်ပွဲကိုပျော်ပျော်ပါးပါးစောင့်ကြည့်နေကြသည်။
ရှောင်ယု၏တစ်ဖက်တစ်ချက်စီတွင် ခြေလျင်တပ်သား၅၀သည် သပ်သပ်ရပ်ရပ်တန်းစီနေကြသည်။သူတို့်အားလုံးသည် အရပ်အမောင်းတူညီကြပြီး တူညီသောချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကြသည်။စောင့်ကြည့်နေသူများက ထိုလူများသည်ထိပ်တန်းမိသားစုတစ်ခု၏ တပ်ဖွဲ့ဖြစ်ရမည်ဟုခန့်မှန်းကြသည်။ဤနေရာတွင် စစ်မြေပြင်သို့ရောက်ရှိဖူးသူ ဒေသခံအချို့ရှိနေရာ ထိုကဲ့သို့အားကောင်းသည့်တပ်ဖွဲ့တစ်ခုသည် သူတို့ထက်အဆပေါင်းများစွာအရေအတွက်သာလွန်သည့် ရန်သူများကိုတိုက်ခိုက်နိုင်ကြောင်း နားလည်ကြသည်။ယခုတစ်ကြိမ်တွင် လူရမ်းကားများသည်လွယ်လွယ်ကူကူထွက်ခွာသွားနိုင်မည်မဟုတ်ပေ။
ထွက်ပြေးသွားသည့် လူရမ်းကားများသည် ဤနေရာသို့မကြာခင်ပြန်ရောက်လာကြသည်။ဤတစ်ကြိမ်တွင် သူတို့သည်ယခင်ကထက် ပိုမိုများပြားသည့်အုပ်စုဖြင့် ပြန်ရောက်လာကြခြင်းဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည်တည်းခိုခန်းရှေ့၌ထိုင်ကာ သူတို့အားစောင့်ဆိုင်းနေသည်ကိုတွေ့လိုက်ရ၍ လူရမ်းကားများအံ့သြသွားခဲ့ရသည်။ထိုဒေသခံလူရမ်းကားများသည် ယခင်ကလည်းလူများစွာကို အနိုင်ကျင့်ခဲ့ကြသောကြောင့် သူတို့သည်မည်သူ့ကိုစော်ကားရမည်ကို မည်သူ့ကိုရှောင်ရှားရမည်ကို ကောင်းစွာသိရှိထားသည်။ပထမတွင် သူတို့သည် ဂရင်းနှင့်ရင်ဆိုင်ခဲ့ရကာ ယခုအခါသူတို့သည်နောက်ထပ်တပ်သား၅၀ကို ရင်ဆ်ိုင်ရတော့မည်ဖြစ်သည်။
သူတို့ထဲမှတစ်ယောက်သည် အားတင်း၍ရှောင်ယု၏ရှေ့သို့ရောက်လာခဲ့သည်။
"ကောင်လေး...မင်းကဒီနေရာကိုပထမဆုံးအကြိမ်ရောက်လာတာဖြစ်ရမယ်...မင်းသာငါ့ညီတွေကိုလျော်ကြေးအဖြစ် ရွှေပြား၁၀၀၀ပေးရင် ငါတို့မင်းကိုအလွတ်ပေးလိုက်မယ်"
"အိုး...ငါကမပေးရင်ကော"
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
"မင်းဝူဟယ်မြို့ကနေ ခြေတစ်လှမ်းမှ မထွက်ခွာစေရဘူးလို့ ငါအာမခံတယ်"
ထိုလူက ဒေါသတကြီးတုံ့ပြန်လိုက်သည်။
ရှောင်ယုက ဂရုမစိုက်သောလေသံဖြင့်ပြန်ပြောလိုက်သည်။
"ကောင်းပြီ...မင်းရဲ့လေသံကတော့မဆိုးဘူး...ငါမင်းကိုစောင့်နေတာကြာပြီ...မင်းဘာလုပ်နိုင်လဲဆိုတာ ငါ့ကိုပြစမ်းပါ"
ရှောင်ယုသည် မီးတောက်ပိုပြင်းလာအောင် ဆီဖြင့်လောင်းချလိုက်သည်။ထိုလူ၏မျက်နှာပေါ်တွင် ဒေါသဖြစ်နေသောအမူအရာများ ဖြစ်ပေါ်လာသော်လည်း သူတို့သည်ရှောင်ယုအား မတိုက်ခိုက်ဝံ့ပေ။သူတို့၏ခြိမ်းခြောက်မှုကိုပင် ဂရုမစိုက်သည့်အတွက်ကြောင့် ရှောင်ယု၏နောက်ခံသည် မနိမ့်ကျကြောင်းသူတို့နားလည်လိုက်သည်။သူတို့သည် သာမန်ကုန်သည်များကိုသာ အနိုင်ကျင့်စော်ကားခဲ့သော်လည်း ယခုလိုနောက်ခံနှင့်လူမျိုးကိုမူ ဝေးဝေးမှနေ၍ရှောင်တိမ်းကြသည်၊
"အနောက်တိမ်တိုက်အင်ပါယာမှာ မင်းကမောက်မောက်မာမာပြုမူဝံ့တယ်ဆိုတော့ တော်တော်သတ္တိကောင်းတာပဲ...မင်းကငါတို့ပြည်သူတွေကိုအနိုင်ကျင့်ဖို့ကြိုးစားနေတာလား..."
ထိုလူသည် ရှောင်ယုအားမနှောင့်ယှက်နိုင်တော့ကြောင်း တွေ့မြင်လိုက်၍ စကားလုံးများဖြင့်အနိုင်ယူရန် စတင်ကြိုးပမ်းလာခဲ့သည်။
ရှောင်ယုက ပျင်းတိပျင်းရိပုံစံဖြင့် ပြန်ဖြေလိုက်သည်။
"ငါလုပ်တော့ဘာဖြစ်လဲ...တကယ်လို့ငါ့ရှေ့မှာမတ်တပ်ရပ်နိုင်တဲ့ အကောင်ကြီးကြီးတစ်ကောင်ရှိရင် ငါကအဲလူကိုဝမ်းမြောက်ဝမ်းသာကြိုဆိုမှာပါ"
"ကောင်းတယ်...ကောင်းတယ်...ဒီမှာမာနကြီးတဲ့လူတစ်ယောက်ရှိနေတာပဲ"
ထိုအချိန်တွင် အဝေးတစ်နေရာမှ အသံတစ်ခုပျံ့နှံ့လာခဲ့သည်။
လူတိုင်းသည် အသံလာရာဘက်လှည့်ကြည့်လိုက်ရာ သားရေအဝတ်အစားကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် အနောက်မှနေ၍ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။ထိုလူငယ်သည် အရပ်ရှည်ပြီး ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့်ဓားအိမ်ကိုနောက်ကျော၌လွယ်ထားခဲ့သည်။ထိုလူငယ်သည် ရှားရှားပါးပါးချောမောလှပသူဖြစ်ပြီး ရှောင်ယုသည်ပင် ထိုလူငယ်နှင့်နှိုင်းယှဉ်လိုက်ပါက ရုပ်ဆိုးသောဘဲတစ်ကောင်လိုဖြစ်သွားခဲ့သည်။ထို့ပြင် လူငယ်ထံမှထူးဆန်းသောအော်ရာများထွက်ပေါ်လာပြီး လူတိုင်းသည်ထိုလူငယ်အား ခေါင်းငုံ့၍အလိုလ်ိုဦးညွတ်မိလိုက်ကြသည်။ထိုလူငယ်သည် ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ဟန်ပန်ရှိကာ မျိုးရိုးမြင့်တစ်ဦးဖြစ်ပုံရသည်။
"အိုး..."
ရှောင်ယုသည် ထိုလူငယ်အားလှမ်းကြည့်ကာ တိတ်တဆိတ်ရေရွတ်မိလိုက်သည်။
"သူရဲကောင်းတစ်ယောက်လား...ခုလိုကျယ်ပြောတဲ့မြက်ခင်းလွင်ပြင်မှာ ဒီလိုလူတစ်ယောက်နဲ့တွေ့ရဖို့မမျှော်လင့်ထားဘူး"
ရှောင်ယုသည် ထိုလူငယ်ကိုကြည့်ရန် မတ်တပ်ရပ်လိုက်သည်။
"ငါကမာနကြီးတယ်လို့ပြောချင်တာလား...ငါကဘယ်လိုမာနကြီးတာလဲ...ဒီအဆင့်နိမ့်လူရမ်းကားတွေက ငါ့ကိုမုန်းတီးနေတဲ့ကလေကချေတွေပဲ...မင်းကမျက်နှာသာလိုချင်လို့ ခုလိုရှေ့ထွက်ဖို့ဆုံးဖြတ်လိုက်တာလား"
လူငယ်သည် လူရမ်းကားများကို တစ်ချက်လှည့်ကြည့်လို်က်သည်။
"ငါကအဲ့ကောင်တွေကို မျက်စိထဲတောင်မထည့်ထားဘူး...ဒါပေမဲ့မင်းကကြီးကြီးကျယ်ကျယ်စကားတွေပြောပြီး ငါတို့ကိုစော်ကားလိုက်တာပဲ...အနောက်တိမ်တိုက်အင်ပါယာရဲ့စစ်သည်တွေအားလုံးက်ိုယ်စား...ငါမင်းကိုစိန်ခေါ်တယ်"
ရှောင်ယုသည် ဂရုမစိုက်ဘဲရယ်မောလိုက်သည်။
"အိုး...ငါ့ရဲ့စကားတွေက မင်းရဲ့ခံယူချက်နဲ့ကိုယ့်ကိုကိုယ်လေးစားမှုကို ထိခိုက်စေခဲ့တာလား...သန်မာတဲ့သူတွေကအခြားသူတွေရဲ့ ကဲ့ရဲ့မှုကိုကြောက်ရွံ့နေစရာမလိုဘူး...သူတို့ရဲ့ခွန်အားကအခြားသူတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကိုအလွယ်တကူလျစ်လျူရှုစေနိုင်တယ်....မင်းရဲ့စိန်ခေါ်မှုက အနောက်တိမ်တိုက်အင်ပါယာရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့မကူညီပေးနိုင်ဘူး...ဒါပေမဲ့ငါ့ရဲ့တိုက်ခိုက်လိုစိတ်ကိုတော့ နှိုးဆွပေးနိုင်ခဲ့တယ်"
လူငယ်သည် ရှောင်ယု၏စကားကိုစဉ်းစားရင်း ခေတ္တရပ်နေခဲ့သည်။
"မင်းက စကားလုံးကောင်းကောင်းတွေသုံးတတ်တာပဲ...သန်မာတဲ့သူက အခြားသူတွေရဲ့ရှုတ်ချစကားတွေကို ဂရုမစိုက်ဘူး...ငါရဲ့အမြင်ကအရမ်းကိုအကဲဆတ်ပြီးတော့ မင်းရဲ့လေသံကြောင့် မင်းကိုစိန်ခေါ်ဖို့ဆုံးဖြတ်ခဲ့တာပဲ...မင်းကခုလိုမာနကြီးတဲ့စကားတွေကိုပြောဖို့ အရည်အချင်းရှိလားမရှိဘူးလားဆိုတာ ငါ့ကိုစမ်းကြည့်ခွင့်ပေးပါ"
လူငယ်သည် ရှောင်ယုဆီသို့ တစ်လှမ်းချင်းရှေ့တက်လာခဲ့သည်။
ရှောင်ယုသည်လည်း ရှေ့သို့စလျှောက်လာခဲ့သည်။
"အဲလိုသာဖြစ်ခဲ့မယ်ဆိုရင် မင်းက်ိုသင်ခန်းစာတစ်ခုပေးလိုက်မယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့ စစ်သည်တော်တွေက ငါကြားဖူးထားသလိုမျိုး တကယ်ပဲအစွမ်းထက်သလားဆိုတာ ငါကြည့်ချင်သေးတယ်"
"မင်းရဲ့အသွင်အပြင်ကိုကြည့်ရတာ ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ပုံစံပဲ...ကောင်းကင်ခြင်္သေ့မင်းဆက်က စစ်သည်တော်တစ်ယောက်ရဲ့ခွန်အားကို ငါမြည်းစမ်းကြည့်ရတာပေါ့"
လူငယ်သည် သူ၏လက်ကိုရွေ့လျားလိုက်ကာ ဓားရှည်ကိုဆွဲထုတ်လိုက်သည်။
လူငယ်၏ဓားရှည်သည် ရှောင်ယုအသုံးပြုခဲ့သည့်တန်ဓားနှင့်ဆင်တူပေသည်။သို့သော်လည်း ဓား၏ခုတ်ဖြတ်မှုကိုပိုမိုမြန်ဆန်စေရန်အတွက် လေမှော်သင်္ကေတများကို ရေးထိုးထားခဲ့သည်။
ရှောင်ယုသည် သူ့လက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲတွင်ပုဆိန်ကြီးတစ်လက်ထွက်ပေါ်လာခဲ့သည်။ရှောင်ယု၏ခွန်အားသည် ယခင်ကထက်ပိုမိုတိုးတက်လာ၍ ဆန်းကြယ်ပုဆိန်အားအသုံးပြုရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။သူသည်ဆန်းကြယ်ပုဆိန်အား သာမန်ဓားတစ်လက်ကဲ့သို့ အသုံးပြုနိုင်ပြီဖြစ်သည်။
ဆန်းကြယ်ပုဆိန်မှထုတ်လွှတ်လိုက်သော စွမ်းအားများသည် သာမန်ဓားများထက်များစွာ ပိုမိုအားကောင်းနေသည့်အတွက် ရှောင်ယု၏အဓိကလက်နက်ဖြစ်လာခဲ့သည်။
"အဲ့ဒီပုဆိန်က မှော်ကွန်းဝင်အဆင့်လက်နက်တစ်ခုမဟုတ်ဘူးလား..."
လူငယ်ကမေးမြန်းလိုက်သည်။
ရှောင်ယုက လူငယ်အား ပြုံးပြလိုက်သည်။
"ဟုတ်တယ်...သူ့ကိုဆန်းကြယ်ပုဆိန်လို့ခေါ်တယ်....ဒါကြောင့်မင်းကြောက်မသွားဖို့မျှော်လင့်ပါတယ်"
"ဟမ့်...မှော်ကွန်းဝင်အဆင့်လက်နက်တစ်ခုနဲ့ ငါ့က်ိုကြောက်လန့်စေမယ်လို့ မထင်နဲ့...အဲ့လက်နက်ကိုကိုင်ဆောင်ထားတဲ့သခင်က အသုံးမကျရင် လက်နက်ရဲ့စွမ်းအားကဘာမှမဟုတ်တော့ဘူး..."
လူငယ်သည် သူ၏ဓားကိုမြှောက်လိုက်ပြီး ရှောင်ယုအားယခင်ကထက် ပိုမိုအားရုံစ်ိုက်လာခဲ့သည်။
"သေစမ်း...ဒီကောင်လေးက လေ့ကျင့်ထားတဲ့သူရဲကောင်းတစ်ယောက်ပဲ..သူနဲ့သာထိပ်တိုက်ရင်ဆိုင်ရရင် ငါကသူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ဆန်းကြယ်ပုဆိန်၊အန္တိမခုတ်ပိုင်းချက်၊ထပ်ဆင့်ခုတ်ပိုင်းချက် တို့လို တဟုန်ထိုးစွမ်းအားတွေပေါက်ကွဲထွက်လာနိုင်တဲ့အရာတွေကို အားကိုးရတော့မယ်...မဟုတ်ရင်ငါဒုက္ခရောက်သွားလိမ့်မယ်"
ရှောင်ယုသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းကာ လူငယ်အားတိုက်ခိုက်လိုက်သည်။လူငယ်သည်လည်း တုံ့ဆိုင်းမနေဘဲ တန်ပြန်တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ရှောင်ယုသည်သတ်မှတ်ထားသည့် အကွာအဝေးတစ်ခုသို့ရောက်ချိန်တွင် တာတိုရွေ့ပြောင်းမှုကိုအသက်သွင်းခဲ့သည်။ထိုအခိုက်အတန့်တွင် ရှောင်ယု၏အရှိန်သည်အလွန်မြန်ဆန်သွားခဲ့သည်။သို့သော် လူငယ်သည်ရှောင်ယု၏လျင်မြန်သောတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ထူးဆန်းသောလှုပ်ရှားမှုအနည်းငယ်ကိုထုတ်ဖော်ခဲ့၍ ရှောင်ယုအံ့သြသွားခဲ့ရသည်။
"ဒီကောင်ကမဆိုးဘူး...သူကငါ့ရဲ့တိုက်ခိုက်မှုကနေ ပထဆုံးကင်းကင်းလွတ်လွတ်ရှောင်တိမ်းနိုင်တဲ့သူပဲ"
ရှောင်ယုသည် တိတ်တဆိတ်ညည်းညူလိုက်သော်လည်း သူသည်လေလမ်းလျှောက်ခြင်းကိုအသက်သွင်း၍ အန္တိခုတ်ပိုင်းချက်ကိုထုတ်ဖော်လိုက်သည်။
ဘန်း...ဘန်း...ဘန်း
လူငယ်သည် ရှောင်ယု၏ပေါက်ကွဲအားပြင်းထန်သောတိုက်ခိုက်မှုများကို ခုခံတားဆီးရန်အတွက် သူ၏ဓားရှည်ကိုလျင်မြန်စွာဝှေ့ယမ်းလိုက်ည်။သို့သော်ဆန်းကြယ်ပုဆိန်၏စွမ်းအားသည် သူကိုင်တွယ်နိုင်သည်ထက်ပိုနေသောကြောင့် လူငယ်၏လက်များသည်ထုံကျင်သွားခဲ့ကာ လူငယ်သည်သူ၏ဓားက်ိုလွတ်ချလုနီးပါးဖြစ်သွားခဲ့သည်။
အခန်း ၂၁၆ - ဘယ်သူကအရင်ဆုံး အရှုံးကိုဝန်ခံမှာလဲ
ပြာမှုန်သယ်ဆောင်သူပုံတူသည်ပင် ဆန်းကြယ်ပုဆိန်နှင့်နှိုင်းယှည်၍မရပေ။
ပြာမှုန်သယ်ဆောင်သူပုံတူသည် ထက်ရှသော်လည်း ၎င်းသည် ဆန်းကြယ်ပုဆိန်ကဲ့သို့တူညီသောစွမ်းအားကို ထုတ်ဖော်နိုင်စွမ်းမရှိပေ။ဆန်းကြယ်ပုဆိန်၏စွမ်းအားဖြင့် ရှောင်ယုသည်သူနှင့်တူညီသောစွမ်းအားရှိသူများကို ချက်ချင်းနှစ်ခြမ်းခွဲထုတ်နိုင်သည်။ရှောင်ယုထက်အဆင့်မြင့်သော စွမ်းအားရှိသူများသာ ရှောင်ယု၏တိုက်ခိုက်မှုအားတောင့်ခံနိုင်မည်ဖြစ်သည်။
ထိုလူငယ်သည်ပင် တတိယအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်ပေသည်။သို့သော် ထိုလူငယ်သည် ဆန်းကြယ်ပုဆိန်နှင့်အန္တိမခုတ်ပိုင်းချက်တို့အား အံ့သြဖွယ်တားဆီးနိုင်ခဲ့သည်။ဤဖြစ်ရပ်မှတဆင့် လူငယ်၏ကိုယ်ခံပညာကျွမ်းကျင်မှုသည် အလွန်မြင့်မားသည့်အဆင့်ထိရောက်ရှိနေပြီဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
"အဆင့်မြင့်ကိုယ်ခံပညာ...သူကအဆင့်မြင့်ကျွမ်းကျင်မှုတွေကိုအသုံးမပြုတာတောင်မှ သူရဲ့ကိုယ်ခံပညာကြောင့်အရမ်းအားကောင်းနေတာပဲ..."
ရှောင်ယုသည် တိုက်ပွဲတွင်အသာစီးရနေသော်လည်း လူငယ်သည်ရှောင်ယု၏တိုက်ခိုက်မှုများကို ထူးကဲသောကိုယ်ခံပညာလှုပ်ရှားမှုဖြင့် ပိတ်ဆို့တားဆီးထားခဲ့သည်။သို့သော်ရှောင်ယုသည် လေလမ်းလျှောက်ခြင်းကိုအသက်သွင်းထားကာ အန္တိမခုတ်ပိုင်းချက်ကိုဆက်တိုက်ထုတ်ဖော်နေသောကြောင့် လူငယ်သည်တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးလုံးဝမရခဲ့ပေ။
ဗုံး...
ရှောင်ယု၏နောက်ဆုံးတိုက်ခိုက်မှုအား လူငယ်ကရှောင်တိမ်းလိုက်နိုင်သော်လည်း သူရပ်နေခဲ့သောကျောက်တုံးသည် ရှောင်ယု၏ဆန်းကြယ်ပုဆိန်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့သည်။
တိုက်ပွဲကိုစောင့်ကြည့်နေသူများသည် ထိုမြင်ကွင်းကြောင့် အံ့သြသွားကာအော်ဟစ်မိလိုက်ကြသည်။ကျောက်တုံးကိုပင်နှစ်ခြမ်းခွဲနိုင်သောကြောင့် ထိုပုဆိန်သည်မည်မျှထိအစွမ်းထက်ကြောင်း သူတို့မခန့်မှန်းနိုင်ကြပေ။သူတို့သည် အမာခံချပ်ဝတ်ကိုဝတ်ဆင်ထားလျှင်တောင်မှ သူတို့၏ခန္ဓာကိုယ်သည်အန္တာရယ်မကင်းနိုင်ပေ။
လူတိုင်းသည် အပြာရောင်တောက်နေသော ဆန်းကြယ်ပုဆိန်အားကြောက်ရွံ့စွာ စိုက်ကြည့်လိုက်ကြသည်။တစ်ချိန်တည်းမှာပင် အခွင့်အရေးသမားအနည်းငယ်တို့သည် ထိုပုဆိန်ကိုရယူလို၍ မျက်လုံးများအရောင်တောက်လာကြသည်။သူတို့၏အမြင်တွင် ထိုပုဆိန်သည်လုံးဝအဖိုးမဖြတ်နိုင်ပေ။
ဘန်း...ဘန်း...ဘန်း
လူငယ်သည် ရှောင်ယု၏တိုက်ခိုက်မှုများကို အကြိမ်အနည်းငယ်ဆက်လက်ပိတ်ဆို့ထားခဲ့သည်။သို့သော်လည်း ခဏအကြာတွင်သူသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် လူငယ်သည်သူ၏ဓားကို နားမလည်နိုင်သောပုံစံဖြင့်ဝှေ့ယမ်းလိုက်သည်။ထို့နောက် မရေမတွက်နိုင်သောဓားပုံရိပ်များသည် ရှောင်ယုဆီသို့ဦးတည်သွားခဲ့သည်။
ရှောင်ယုသည် ထိုဓားပုံရိပ်များကို တားဆီးနိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သည့်အတွက်ကြောင့် လေပွေကျွမ်းကျင်မှုကို ဆက်ချင်းအသုံးပြုခဲ့သည်။
ခလွမ်း...
ချက်ချင်းပင် ဆန်းကြယ်ပုဆိန်၏အသွားသည် ဓားထိပ်ဖျားနှင့်ထိခိုက်မိသံက ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် လူငယ်၏တိုက်ခိုက်မှုအဟုန်ကို ရပ်တန့်နိုင်ခဲ့သည်။
"သူကဘယ်လ်ို ကျွမ်းကျင်မှုကိုထုတ်သုံးလိုက်တာလဲ..."
လူငယ်သည် အလွန်ပင်ထိတ်လန့်သွားခဲ့သည်။
လူငယ်သည် လေပွေကျွမ်းကျင်မှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။ရှောင်ယုသည် ဆန်းကြယ်သောလှုပ်ရှားမှုများကို မသိသော်လည်း ရိုင်းစိုင်းပြင်းထန်သော စွမ်းအားကိုအားကိုးကာ တဟုန်ထိုးတိုက်ခိုက်တတ်ကြောင်း လူငယ်ဖြစ်သူက နားလည်လိုက်သည်။အကယ်၍ သူသာရှောင်ယု၏တိုက်ခိုက်မှုအဟုန်ကို မတားဆီးနိုင်ပါက သူအနိုင်မရနိုင်ကြောင်း လူငယ်ခံစားမိသွားသည်။
ထို့နောက် လူငယ်လေး၏ခြေထောက်များသည် ထူးဆန်းသောပုံစံဖြင့် လျင်မြန်စွာစတင်ရွေ့လျားလာခဲ့သည်။လူငယ်သည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရာ လှိုင်းလုံးသံများထွက်ပေါ်လာခဲ့သည်။ထိုအခိုက်အတန့်တွင် ရှောင်ယုကသူသည် ဗွက်အိုင်တစ်ခုအတွင်းသို့ ရောက်ရှိနေသလိုခံစားလိုက်ရသည်။ထိုသို့လှိုင်းလုံးသံများ အဆက်မပြတ်ထွက်ပေါ်လာမှုကြောင့် ရှောင်ယုသည်လှိုင်းလုံးများ၏ အဆက်မပြတ်ရိုက်ပုတ်ခံရသည့်အခြေအနေသို့ရောက်ရှိသွားကာ လှုပ်ရှားရန်ပင်အခက်တွေ့လာခဲ့သည်။ထို့နောက် သူ၏တိုက်ခိုက်မှုအရှိန်သည်လည်း စတင်နှေးကွေးလာခဲ့သည်။
"သေစမ်း...သူကဘယ်လိုသိုင်းပညာမျိုးကို ထုတ်သုံးလိုက်တာလဲ"
ရှောင်ယုသည် အလွန်အံ့သြသွားခဲ့သည်။
ယခုပုံစံအတိုင်းသာ ဆက်ဖြစ်နေပါက သူသည်ရိုက်နှက်ခံရတော့မည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်၍ သူသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကိုအသုံးပြုကာ ချက်ချင်းခုန်ထွက်လာခဲ့သည်။ရှောင်ယုသည် လူငယ်၏တိုက်ခိုက်မှုစက်ကွင်းမှ ပြေးထွက်လာနိုင်ခဲ့၍ သူခံစားနေရသည့်ဖိနှိပ်မှုသည် ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ယုသည် အမြင့်ခုန်၍ရှောင်ထွက်သွားသောကြောင့် လူငယ်အံ့သြသွားရပြန်သည်။ယခုတစ်ကြိမ်တွင် ရှောင်ယုသည်လူငယ်အားအသက်ရှုရန်ပင် အခွင့်အရေးမပေးတော့ဘဲ တာတိုရွေ့ပြောင်းမှုက်ိုအသက်သွင်းကာ အဆက်မပြတ်တိုက်ခိုက်လိုက်သည်။
လူငယ်သည် ရှောင်ယု၏တိုက်ခိုက်လာမှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ရေရှည်တွင်ရှောင်ယု၏ လျင်မြန်သောတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အလွန်ခက်ခဲနိုင်ကြောင်းနားလည်သွားခဲ့သည်။ရှောင်ယုသည် ယခုလိုတိုတောင်းသောအကွာအဝေးအတွင်း၌ လျင်မြန်သောအရှိန်နှုန်းကိုရယူရန် မည်သို့တိုးမြင့်ခဲ့သည်ကို လူငယ်ကယခုအချိန်ထိနားမလည်နိုင်သေးပေ။
ဘန်း...ဘန်း...ဘန်း
ရှောင်ယုသည် တိုက်ခိုက်မှုမပြုလုပ်မှီ အန္တိမခုတ်ပိုင်းချက်အား ပြန်လည်အသုံးပြု၍ရချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။ထို့နောက် သူသည်လေလမ်းလျှောက်ခြင်းအားအသုံးပြုကာ အန္တိမခုတ်ပိုင်းချက်ဖြင့် လူငယ်အားတိုက်ခိုက်နေခဲ့သည်။
ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကို ပထမဆုံးအကြိမ်အသုံးပြုသောအခါတွင် လူငယ်သည်ရှောင်ယုအား ရင်ဆိုင်နိုင်ခဲ့သည်။သို့သော်အကြိမ်ရေများလာသည့်အခိုက်အတန့်တွင် လူငယ်သည်ဓားကိုပင်မြဲမြံစွာ မကိုင်နိုင်တော့ဟုခံစားမိလာခဲ့သည်။သို့သော် လူငယ်သည် အလွန်သန်မာပြီး ရှောင်ယု၏ကြီးမားသောစွမ်းအားကိုတွန်းလှန်ရန်အတွက် သူ၏ဆန်းကြယ်သောသိုင်းပညာကိုအသုံးပြုခဲ့သည်။မည်သို့ပင်ဆိုစေ ဆန်းကြယ်ပုဆိန်တွင်ပါဝင်သည်စွမ်းအားသည် ကီလိုဂရမ်ရာနှင့်ချီလေးသော တူတစ်ချောင်း၏စွမ်းအားထက် အဆများစွာပိုမိုပြင်းထန်ပေသည်။
လူငယ်သည် သူ၏အခြေအနေကြောင့် မကျေမနပ်ဖြစ်နေသလို ရှောင်ယုသည်လည်း အလားတူခံစားနေရသည်။အဘယ်ကြောင့်ဆိုသော် သူ၏တိုက်ပွဲစွမ်းအင်သည် ကုန်ခမ်းရန်နီးကပ်လာ၍ဖြစ်သည်။ ပုံမှန်အခြေအနေအောက်တွင် သူ၏တိုက်ပွဲစွမ်းအင်သည် အဆုံးမရှိသော်လည်း သူသည်ယခင်ပြိုင်ဘက်များကို အနိင်ယူရန် အန္တိမခုတ်ပိုင်းချက်အနည်းငယ်ကိုသာထုတ်ဖော်ခဲ့ရ၍ဖြစ်သည်။သို့သော် ယနေ့တိုက်ပွဲ၌လူငယ်သည် ထိုသို့တိုက်ခိုက်မှုများစွာကို ဆက်တိုက်ခုခံနိုင်ခဲ့၍ ရှောင်ယုသည်အကူအညီမဲ့နေခဲ့သည်။
သူ၏တိုက်ပွဲစွမ်းအင်သာကုန်ဆုံးသွားပါက ရှောင်ယုသည် သူ၏မှော်စွမ်းအင်ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။သို့သော်လည်း မှော်စွမ်းအင်ကိုအသုံးပြု၍ သူအကောင်းဆုံးလုပ်ဆောင်နိုင်သည်မှာ တည်နေရာရွေ့ပြောင်းခြင်း သို့မဟုတ် မှော်စွမ်းအင်ဒိုင်းတစ်ခုပြုလုပ်ခြင်း စသည့်အရန်ကျွမ်းကျင်မှုအချို့ကို ထုတ်သုံးနိုင်ခြင်းဖြစ်သည်။သူသည် မှော်ဆရာများအသုံးပြုသည့် တိုက်ခိုက်ရေးမန္တန်များကို နားမလည်ပေ။
ဗုံး...
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်ကို အသုံးပြုကာလူငယ်ကိုဆက်လက်တိုက်ခိုက်လိုက်သည်။လူငယ်သည် လျင်မြန်စွာနောက်ဆုတ်လိုက်ကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"ငါရှုံးပြီ..."
ရှောင်ယုသည် လူငယ်ကိုကြည့်ရင်း စိတ်သက်သာရာရစွာပြုံးလိုက်မိသည်။အဘယ်ကြောင့်ဆိုသော် လူငယ်အရှုံးပေးလိုက်ချိန်တွင် သူ့ထံ၌တိုက်ပွဲစွမ်းအင်ကုန်ဆုံးသွားပြီဖြစ်သည်။