အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အခန်း ၂၁၇ - မှင်စာများ၏ရတနာသိုက်
"အမှန်တော့ မင်းကလည်းသူရဲကောင်းတစ်ယောက်ပါဘဲ...မင်းရှံးနိမ့်သွားခဲ့ပေမဲ့...ငါ့ရဲ့လေးစားမှုနဲ့ထိုက်တန်ပါတယ်"
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားပြန်လည်သိမ်းဆည်းလိုက်ကာ သူ၏မေးစေ့ကိုပင့်လိုက်ပြီး ဂုဏ်ယူနေသောလေသံဖြင့်ပြောလိုက်သည်။တကယ်လည်း လူငယ်ဖြစ်သူကသာ စောစောစီးစီးအရှံးမပေးခဲ့ပါက သူ၏တိုက်ပွဲစွမ်းအင်ကုန်ခမ်းမှုကြောင့် အခက်တွေ့ရမည်ဖြစ်သည်။
"ဒါပေမဲ့ မင်းရဲ့လက်နက်ကြောင့်မလို့ မင်းအနိုင်ရသွားတာပဲ...မဟုတ်ရင်မင်းကငါ့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး..."
လူငယ်သည် သူရှုံးနိမ့်ကြောင်းဝန်ခံခဲ့သော်လည်း လုံးဝစိတ်ဓာတ်ကျသွားခြင်းမရှိပေ။သူသည် သူရှုံးနိမ့်ခဲ့ရသည့်အဓိကအကြောင်းရင်းကို သိရှိထားပေသည်။ဆန်းကြယ်ပုဆိန်မှထုတ်လွှတ်နေသောစွမ်းအားသည် သူကိုင်တွယ်နိုင်သည့်အတိုင်းအတာထက် ပိုမိုလွန်ကဲနေခဲ့သည်။
ရှောင်ယုသည် ခေါင်းယမ်းပြလိုက်ကာ ဆရာတစ်ယောက်က အငယ်တစ်ယောက်ကို ဆုံးမနေသည့်လေသံမျိုးဖြင့် လူငယ်ဖြစ်သူအားပြောလိုက်သည်။
"ကောင်လေး...မင်းကတော်တော်ငယ်သေးတာပဲ...သိုင်းပညာရဲ့အနှစ်သာရကိုမင်းမသိသေးဘူး"
"သိုင်းပညာရဲ့အနှစ်သာရ"
လူငယ်သည် ရှောင်ယုအားစိုက်ကြည့်၍ တအံ့တသြရေရွတ်လိုက်သည်။
ရှောင်ယုသည် ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာပြီး တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"တကယ်တော့ ခုနကတိုက်ပွဲမှာငါတို့နှစ်ယောက်က ဘယ်လိုသိုင်းပညာတွေနဲ့ကျွမ်းကျင်မှုတွေကိုသုံးသုံးအရေးမကြီးဘူး...အဓိကအချက်ကတော့ လက်နက်ပဲ...ငါ့ရဲ့တိုက်ခိုက်မှုပုံစံကရိုးရှင်းတယ်...ရှေ့ကိုတဟုန်ထိုးတက်ပြီး အရာအားလုံးကိုဖျက်ဆီးတာက ရန်သူကိုအထိရောက်ဆုံးဖိအားပေးနိုင်တယ်...ငါ့ရဲ့လှုပ်ရှားမှုကပိုပြီးတော့ရိုးရှင်းလေလေ...ငါ့ရဲ့ခွန်အားကပိုတိုးလာလေလေပဲ...ကျန်တဲ့လှုပ်ရှားမှုတွေက ငါ့အတွက်တော့အရံသဘောမျိုးပဲ"
ရှောင်ယုသည် လေနှင့်မိုးကိုဖြတ်ကျော်ပြခဲ့သည့် သူရဲကောင်းတစ်ယောက်လို ပြုမူပြခဲ့သည်။
"ရိုးရှင်းတဲ့ပုံစံက ပိုပြီးစွမ်းအားကြီးတာလား..."
လူငယ်သည် ရှောင်ယု၏စကားကြောင့်ထိတ်လန့်သွားခဲ့သည်။ထို့နောက်သူသည် ခေါင်းငုံ့ကာထိုအကြောင်းကိုစဉ်းစားနေခဲ့ပြီး တစ်စုံတစ်ခုအား ညဏ်အလင်းပွင့်သွားပုံရသည်။
ရှောင်ယုသည် အတွေးနက်နေသောကောင်လေးကိုကြည့်ရင်း သူ့စိတ်ထဲတွင် ညည်းညူမိလိုက်သည်။
"မင်းလိုကောင်လေးက ငါ့ကိုသိုင်းပညာသဘောတရားတွေသင်ပေးချင်နေတာလား...သဘောတရားအရသာဆိုရင် ငါကမင်းရဲ့သိုင်းပညာဘိုးဘေးတွေထက်သာလွန်တယ်...ဒီသ်ီအိုရီတွေနဲ့သာဆိုရင် ငါကမင်းရဲ့ဆရာရဲ့အဘ်ိုးတောင်ဖြစ်လာနိင်တယ်"
"ငါအခုပင်ပန်းနေပြီ...မင်းစဉ်းစားပြီးကျန်ခဲ့တော့ ငါတရေးတမောသွားအိပ်လိုက်ဦးမယ်"
ရှောင်ယုသည် ထိုသို့နှုတ်ဆက်ကာ လှည့်ထွက်လိုက်သည်။
"ခဏလောက်စောင့်ဦး..."
ထိုအချိန်တွင် လူငယ်ကအော်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ရှောင်ယုသည် လူငယ်အားလှည့်ကြည့်မိလို်က်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ...ငါ့ကိုတိုက်ပွဲမှာအနိုင်ယူသွားတဲ့သူရဲ့ နာမည်ကိုငါသိချင်တယ်"
လူငယ်က အော်ဟစ်မေးမြန်းလိုက်သည်။
ရှောင်ယုက ဂုဏ်ယူနေသောလေသံဖြင့်ပြန်ဖြေလိုက်ကာ ထိုနေရာမှထွက်ခွာလာခဲ့သည်။
"ငါ့ရဲ့နာမည်က ဖန်း...ချင်ဖန်းလိုခေါ်တယ်"
"ချင်ဖန်း...ငါမင်းကိုလုံးဝမမေ့ဘူး....ဒီတိုက်ပွဲကပြီးသွားပြီလို့ မင်းမထင်လိုက်နဲ့...တစ်နေ့မှာငါကိုယ်တိုင် ကောင်းကင်ခြင်္သေ့မင်းဆက်ကိုလာပြီး မင်းကိုလာရိုက်ဦးမယ်...အဲလိုမဟုတ်ရင် ငါ့နာမည်ကထို့ပါဟောင်မဟုတ်တော့ဘူး"
လူငယ်သည်အော်ဟစ်၍ ပြောလိုက်သည်။
"အချိန်မရွေးပဲ..."
ရှောင်ယုသည် နောက်သို့ပင်ပြန်လှည့်မကြည့်တော့ပေ။
ဒေသခံလူရမ်းကားများသည်လည်း ထို့ပါဟောင်ရှံးနိမ့်သွားသည်ကိုမြင်သောအခါ ဤနေရာ၌ဆက်နေရန်အကြောင်းမရှိတော့ပေ။
လူရမ်းကားခေါင်းဆောင်ဖြစ်သူက ထို့ပါဟောင်အားကြည့်၍ မေးမြန်းလိုက်သည်။
"ဒီကသခင်လေးက တော်ဝင်မိသားစုဝင်တစ်ယောက်လား"
ထို့ပါဟောင်သည် ထိုလူမိုက်အား အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ငါကမင်းတို့နဲ့အတူတူမဟုတ်ဘူး...ဒါပေမဲ့နောက်တစ်ကြိမ် အနောက်တိမ်တိုက်အင်ပါယာရဲ့ဂုဏ်သိက္ခာကို ထပ်ချဖို့ကြိုးစားရင်ငါ့အဆိုးမဆိုနဲ့"
"နားလည်ပါပြီ...နားလည်ပါပြီ..."
လူရမ်းကားဖြစ်သူက ချက်ချင်းအမိန့်ကိုလိုက်နာခဲ့သည်။
ထို့ပါဟောင်၏အထောက်အထားကို သူအတိအကျမသိသော်လည်း မျိုးရိုးအမည်ထို့ပါကိုပိုင်ဆိုင်သူများသည် သာမန်လူများမဖြစ်နိုင်ကြောင်း သူတို့နားလည်ပေသည်။
...
...
ရှောင်ယုသည် တည်းခိုခန်းရှိ သူ့အခန်းရှိရာသို့ပြန်လာခဲ့သည်။သူသည် မှင်စာအိုကြီးနှင့်အတူ အသေးစိတ်အချက်အလက်များကို ရယူရန်ကြံစည်ထားခဲ့သည်။ထိုမှင်စာအိုကြီးသည် သူ့ထံမှနေ၍တစ်စုံတစ်ရာကို ဖုံးကွယ်ထားခဲ့ဟန်ရသည်။သူသည် ထိုမှင်စာအိုကြီး၏လှည့်ကွက်များကိုမကြောက်ရွံ့သော်လည်း သူ့အားဒုက္ခပေးလာနိုင်သည့်အရာတစ်ခုကို အမှောင်ထဲ၌မထားရှိလိုပေ။
"မင်းနာမည်ဘယ်လိုခေါ်လဲ.."
ရှောင်ယုက မေးမြန်းလိုက်သည်။
"ဒီနိမ့်ကျတဲ့သူရဲ့နာမည်ကို ဖော်ရာလို့ခေါ်ပါတယ်"
"ဖော်ရာ...မင်းရဲ့ဘိုးဘေးက နဂါးတစ်ကောင်ကို သတ်ဖို့လမ်းညွန်ပေးခဲ့တဲ့ဖော်ရာလား..."
ရှောင်ယုသည် အလွန်အံ့သြသွားခဲ့သည်။
ရှောင်ယု၏စကားကိုကြားသောအခါ မှင်စာအိုကြီးသည်လည်း ထခုန်လုမတတ်ဖြစ်သွားခဲ့ကာ ရှောင်ယုအားအလန့်တကြားစိုက်ကြည့်လိုက်သည်။
"မင်း...မင်း ငါ့ရဲ့ဘိုးဘေးက နဂါးတစ်ကောင်ကိုသတ်ဖို့ လမ်းညွန်ချက်ရေးခဲ့တာကို မင်းဘယ်လိုသိသွားတာလဲ"
အကယ်၍ ရှောင်ယုကသာ ဖော်ရာ၏အမည်ကိုမသိပါက စစ်ကမ္ဘာဂိမ်းဆော့ဖူးသူတစ်ယောက်အနေဖြင့် ထူးဆန်းနေမည်ဖြစ်သည်။
"သူ့အကြောင်းကို ငါဘယ်လိုသိလဲဆိုတာ မင်းသိနေစရာမလိုဘူး...ဒါကမင်းစိတ်ကူးထားတာထက် အများကြီးပိုတယ်...ခုငါ့ဆီကနေ ဘာမှဖုံးကွယ်မနေနဲ့တော့...ငါ့ရဲ့ရည်ရွယ်ချက်ကိုမင်းကိုပြောပြီးပြီဆိုပေမဲ့ မင်းကငါ့ဆီကနေတစ်ခုခုဖုံးကွယ်ထားတုန်းပဲ...ငါက ငါ့ရဲ့လက်အောက်ငယ်သားတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေမဲ့ ကောက်ကျစ်တဲ့လက်အောက်ငယ်သားတွေကို သဘောမကျဘူး....ခုမင်းရဲ့လျှို့ဝှက်ချက်တွေအားလုံးက်ို ပြောပြဖို့အခွင့်အရေးပေးမယ်...မင်းသာငါ့ကိုပြောပြရင် မင်းနဲ့မင်းလူတွေကိုကူညီပေးမယ်...မဟုတ်ရင်တော့ မင်းကိုတည်းခိုခန်းပိုင်ရှင်ဆီပြန်ပေးပြီး တစ်သက်လုံးကျွန်ဘဝနဲ့နေထိုင်သွားစေရမယ်"
ရှောင်ယုသည် ထိုသို့ပြောဆိုပြီးနောက်တွင် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလိုက်သည်။သူသည် ဖော်ရာကိုတောင်မှမကြည့်ရှုခဲ့ပေ။
ဖော်ရာသည် သူလက်ရှိရောက်ရှိနေသော အခြေအနေ၏ကောင်းကျိုးဆိုးကျိုးကို စတင်စဉ်းစားခဲ့သည်။သူ့ထံတွင် ရှောင်ယုနှင့်စေ့စပ်ဆွေးနွေးရန် အခွင့်အရေးမရှိကြောင်း နားလည်ထားသည်။မှင်စာမျိုးနွယ်တို့သည် အမှန်ပင်အကျပ်အတည်းတွေ့နေကာ ရှောင်ယုသာမကူညီပါက သူတို့သည်သေဆုံးသည်ထိ ယခုလိုအနေအထားဖြင့်နေထိုင်သွားရမည်ဖြစ်သည်။
"ငါ့မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို မင်းကိုပြောပြမယ်...ဒါပေမဲ့မင်းကငါ့ကို အခြေအနေတစ်ခုတော့ကတိပေးရမယ်..."
ဖော်ရာသည် ဆုံးဖြတ်ချက်ချလိုက်ကာ လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
ရှောင်ယုကမူ လုံးဝအလျော့မပေးပေ။
"ခုမင်းရဲ့အခြေအနေကို မင်းကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိမှာပါ....ခုချိန်မှာမင်းဘက်က တောင်းဆိုပိုင်ခွင့်လုံးဝမရှိဘူး...ငါကမင်းကိုသနားလို့ကယ်တင်ခဲ့တာပဲ...မှင်စာမျိုးနွယ်ကခုလိုအခြေအနေထိနိမ့်ကျသွားမယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး...ခုချိန်မှာမင်းပြောမယ့်စကားတွေက မှင်စာမျိုးနွယ်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်"
ရှောင်ယုသည် ထိုသို့ပြန်ပြောလိုက်ချိန်တွင် ဖော်ရာသည်ကူကယ်ရာမဲ့စွာ သက်ပြင်းချမိလိုက်သည်။
"မင်းပြောတာအမှန်ပဲ...မှင်စာမျိုးနွယ်စုက ခုလိုအခြေအနေမျိုးထိကျဆင်းသွားခဲ့ရတာကို ငါတကယ်စိတ်ပျက်အားငယ်နေမိတယ်...ဒါပေမဲ့ငါ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးသွားရင် ငါ့လူတွေကိုကူညီပေးဖို့မျှော်လင့်ပါတယ်"
"မင်းသာငါ့ကိုသစ္စာရှိရင် ငါမင်းကိုကူညီမယ်...ငါတောင်းဆိုတဲ့တစ်ခုတည်းသော လိုအပ်တဲ့အရာက မင်းရဲ့သစ္စာစောင့်သိမှုပဲ"
ရှောင်ယုသည် ဖော်ရာအားစိုက်ကြည့်လိုက်သည်။
ဖော်ရာသည် အံကိုတင်းတင်းကြိတ်လိုက်ကာ လျှို့ဝှက်ချက်များကိုဖော်ထုတ်လိုက်သည်။
"ငါကမှင်စာမျိုးနွယ်ရဲ့ အမွေအနှစ်တွေကိုထိန်းသိမ်းဖို့ တာဝန်ယူထားတဲ့...နောက်ဆုံးကျန်ရစ်တဲ့အကြီးအကဲပဲ"
"မင်းကနောက်ဆုံးအကြီးအကဲလား..."
ရှောင်ယုကသံသယဖြစ်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
ဖော်ရာက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ငါပြောခဲ့သလိုပဲ...ငါ့ရဲ့ဘိုးဘေးကဖော်ရာဖြစ်တယ်...သူနဲ့အခြားအကြီးအကဲဖြစ်တဲ့ တီဂူးလ်တို့က မှင်စာမျိုးနွယ်ရဲ့အကြီးမြတ်ဆုံးသောအဖွဲ့ဝင်တွေဖြစ်တယ်...သူတို့ကရှေးခေတ်ဖရိုဖရဲကာလမှာပျောက်ကွယ်သွားခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံးကအမွေတွေကို ချန်ထားရစ်ခဲ့တယ်"
"အိုး...မင်းပြောတာ နဂါးသတ်အမွေအနှစ်လား..."
ရှောင်ယုက မေးမြန်းလိုက်သည်။
စစ်ကမ္ဘာဂိမ်းတွင် နဂါးအိုနီရှီယာကို သတ်ဖြတ်ပြီးနောက် ဓားတစ်ချောင်းကိုချပေးကြောင်း သူသိရှိထားသည်။ထိုဓား၏အမည်ကို ကာလ်ဆာရာဟုခေါ်ပြီး ရှေးဟောင်းအဆင့်လက်နက်တစ်ခုလည်းဖြစ်သည်။
ဖော်ရာက ချက်ချင်းခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး...အမွေရဲ့တစ်စိတ်တစ်ပိုင်းက အင်ဂျင်နီယာစာအုပ်တွေပဲ...အမွေရဲ့ဒုတိယအစိတ်အပိုင်းကမှ နဂါးကိုသတ်ဖြတ်ဖို့အသုံးပြုခဲ့တဲ့ ရှေးဟောင်းလက်နက်ကာလ်ဆာရာ ဖြစ်တယ်"
"တကယ်လား...ကာလ်ဆာရာက တကယ်ရှိနေတာလား..."
ရှောင်ယုသည် ချက်ချင်းပင်ထိုင်ခုံပေါ်မှ ထခုန်လိုက်သည်။မှင်စာအိုကြီးသည် ထိုအကြောင်းကိုမပြောလိုသည်မှာ အံ့သြစရာမဟုတ်တော့ပေ။သို့သော်ရှောင်ယုသည် ကာလ်ဆာရာနှင့်နှိုင်းယှဉ်ပါက အင်ဂျင်နီယာစာအုပ်များကိုပိုမိုစိတ်ဝင်စားပေသည်။ယခုအချိန်၌ ၎င်းတို့သည်သူ့အတွက်ပိုမိုတန်ဖိုးရှိပေသည်။
ရှောင်ယုသည် မှင်စာများကိုသိမ်းသွင်းနေရသည့် အဓိကအကြောင်းရင်းမှာ ရှေးခေတ်မှင်စာလက်နက်များကို ပြန်လည်ထုတ်ဖော်လို၍ဖြစ်သည်။
မှင်စာများသည် သူတို့၏ဖောက်ခွဲရေးပစ္စည်းများကြောင့် နာမည်ကျော်ကြားပေသည်။မြေအောက်မြို့တော်တွင် ရှောင်ယုတွေ့ခဲ့ရသည့် သံဗုံးများသည် မှင်စာများပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ထိုသံဗုံးများ၏စွမ်းအားသည် မယုံနိုင်ဖွယ်ကောင်းလှပေသည်။သို့သော်သူ့ထံ၌ သံဗုံးသေတ္တာဒါဇင်ကျော်ခန့်သာ ရှိထားပေသည်။အကယ်၍ သူသာထိုအင်ဂျီနီယာစာအုပ်များကိုရရှိထားပါက သံဗုံးများကိုပိုမ်ိုထုတ်လုပ်နိုင်လာမည်ဖြစ်သည်။
အထူးသဖြင့် အဆင့်နိမ့်ဗုံးများကို ဖန်တီးန်ိုင်ပါက ပိုမိုအဆင်ပြေသွားမည်ဖြစ်သည်။အကယ်၍ အောစ့်စီးနင်းသူများသာ အဆင့်နိမ့်ဗုံးများစွာကိုပစ်ချနိုင်ပါက ရန်သူများ၏စိတ်ဆန္ဒကို ဖျက်ဆီးနိုင်မည်ဖြစ်သည်။
"မင်းက ကာလ်ဆာရာအကြောင်းကို သိထားတယ်ဆိုတော့ မင်းကနမိတ်ဖတ်ကြားချက်မှာ ဟောပြောထားတဲ့သူဖြစ်ရမယ်"
ဖော်ရာသည် ရှောင်ယုအား လေးနက်တည်ကြည်စွာစိုက်ကြည့်လိုက်သည်။
"ဘာနမိတ်ဖတ်ကြားချက်လဲ..."
ရှောင်ယုသည် အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဖော်ရာသည် ရှောင်ယုအားအသေးစိတ်ရှင်းပြလိုက်သည်။
"အကြောင်းပြချက်ရေရေရာရာကို ငါလည်းမသိဘူး...ငါတို့ရဲ့ရှေးခေတ်ယဉ်ကျေးမှုတွေကအကုန်လုံးနီးပါးပျက်စီးသွားခဲ့ပြီး တချို့အမွေအနှစ်တွေပဲကျန်ရှိတော့တယ်...အဲ့ဒီအမွေအနှစ်တွေကလည်း မျိုးဆက်တစ်ခုပြီးတစ်ခု အမွေဆက်ခံလာပြီးတဲ့နောက် အစိတ်အပိုင်းအချို့ပျောက်ဆုံးသွားခဲ့တယ်...ဒါပေမဲ့ နမိတ်ဖတ်ကြားတဲ့ယဇ်နတ်ဆရာတွေရဲ့အဆိုအရ နှစ်ပေါင်း၁၀၀၀၀ကျော်ကုန်လွန်ပြီးတဲ့နောက် ကြီးမြတ်တဲ့အရှင်သခင်တစ်ပါး ပေါ်ထွန်းလာမယ်လို့ဆိုကြတယ်...အဲအရှင်သခင်ဟာ တိုက်ကြီးတစ်ခုလုံးကိုပေါင်းစည်းပြီးတော့ နတ်သူငယ်တွေ၊အောစ့်တွေကို သူတို့ရဲ့ယခင်ဂုဏ်ကျက်သရေကိုပြန်လည်ရရှိအောင် ကူညီပေးလိမ့်မယ်...ငါတိုဟာအဲလူပေါ်ထွက်လာမယ့်အချိန်ကို အကြာကြီးစောင့်ဆိုင်းခဲ့ရတယ်...ဒီနေ့မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ မင်းကနမိတ်ဖတ်ကြားချက်ထဲက လူဖြစ်ရမယ်လို့ငါယုံကြည်သွားခဲ့ပြီ"
"ဘာတွေဖြစ်နေတာလဲကွာ..."
ရှောင်ယုသည် ရုတ်တရက်အကူအညီမဲ့သွားသလိုခံစားလိုက်ရသည်။သူယခင်က ပေါ့ပေါ့ပါးပါးလိမ်ညာပြောဆိုခဲ့သည့် အကြောင်းအရာတစ်ခုသည် ယခုအခါတွင်အမှန်ဖြစ်လာသည်ဟု ရှောင်ယုခံစားမိနေသည်။
အခန်း ၂၁၈ - ပျောက်ဆုံးနေသောအမွေအနှစ်
ရှောင်ယုသည် မှင်စာအိုကြီး၏ ဆိုလိုရင်းကိုနားလည်ပေသည်။
အကယ်၍ သူသည် ကြီးမြတ်သည့် အရှင်သခင်မဟုတ်ပါက မှင်စာမျိုးနွယ်အား ကယ်တင်ခဲ့မှာမဟုတ်ပေ။
ထိုအချိန်တွင် ဖော်ရာကသက်ပြင်းချမိလိုက်သည်။
"ငါတို့မျိုးနွယ်စုရဲ့ အင်ဂျင်နီယာပညာရပ်က သင်ယူရတာတကယ်မလွယ်ဘူး...စမ်းသပ်မှုတွေအများကြီးလုပ်ဖို့လိုအပ်တယ်...ရှေးခေတ်အချိန်တွေတုံးက ငါတို့ဟာစမ်းသပ်တီထွင်မှုတွေပြုလုပ်ဖို့ မဟာမိတ်တွေက အဆုံးမရှိတဲ့ပစ္စည်းတွေထောက်ပံ့ခဲ့ကြတယ်...ခုချိန်မှာငါတို့ရဲ့ အင်ဂျင်နီယာစာအုပ်တွေရှိသေးပေမဲ့ တကယ်ကျွမ်းကျင်တဲ့ဆရာတွေမရှိတော့ဘူး...ငါတို့မှာကျွမ်းကျင်သူတွေမရှိတော့ဘူးဆိုတော့ ပစ္စည်းတွေရှိရင်တောင်မှ အဆင်မပြေတော့ဘူး...ပြီးတော့ငါတို့ရဲ့မွေးရပ်မြေနဲ့ အခြေစိုက်နယ်မြေတွေကနေ နှင်ထုတ်ချင်နေတဲ့အခြားမျိုးနွယ်တွေလည်းရှိနေခဲ့တယ်...အဲ့ဒါကြောင့်ငါတို့အတွက် အမွေဆက်ခံဖို့ကအရမ်းခက်ခဲလာခဲ့တယ်"
ဖော်ရာသည် အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သိရှိလိုက်၍ ရှောင်ယုခေါင်းညိတ်မိလိုက်သည်။သိပ္ပံနည်းကျ သုတေသနပြုလုပ်ခြင်းသည် အရင်းအမြစ်များကိုစားသုံးသည့် အောက်ခြေမရှိသောတွင်းနက်ကြီးနှင့်ဆင်တူပေသည်။
အဏုမြူဗုံးတစ်လုံးသည် သေးငယ်သောအရာတစ်ခုဟုထင်ရသော်လည်း ၎င်းကိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမေရိကန်သည် ငွေကြေးအရင်းအမြစ်နှင့်လူအင်အားများစွာသုံးစွဲခဲ့ရသည်။အကယ်၍ အမေရိကန်ကသာ လုံလောက်သောထောက်ပံ့မှုမပေးနိုင်ပါက သိပ္ပံပညာရှင်များသည် အဏုမြူဗုံးကိုထုတ်လုပ်နိုင်ခဲ့မှာမဟုတ်ပေ။
ငွေ..ငွေ...အရာအားလုံးသည် ငွေကြေးပင်ဖြစ်သည်။
"ငွေအတွက်စိတ်ပူနေစရာမလိုဘူး...မင်းသာအသုံးဝင်မယ့်အရာတွေထုတ်လုပ်နိုင်သရွေ့ မင်းရဲ့လူတွေကိုငါထောက်ပံ့ပေးမယ်"
သုတေသနတစ်ခုတွင် ရင်းနှီးမြုပ်နှံခြင်းသည် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။
"တကယ်လား..."
ရှောင်ယု၏ကတိကြောင့် ဖော်ရာသည်စိတ်လှုပ်ရှားသွားခဲ့သည်။တစ်စုံတစ်ယောက်သည် သူတို့်အားငွေကြေးထောက်ပံ့ပေးကာ လုံလောက်သောပစ္စည်းများပေးအပ်မည်ဆိုပါက သူတို့သည်ရှေးဟောင်းအင်ဂျင်နီယာစာအုပ်များကို သုတေသနလုပ်နိုင်မည်ဖြစ်သည်။ထိုသို့ဖြစ်ခဲ့ပါက ရှေးခေတ်မှင်စာမျိူးနွယ်၏ ခမ်းနားသောပုံရိပ်တစ်ခုကို ပြန်လည်ဖော်ဆောင်နိုင်ရန် အချိန်တစ်ခုသာလိုအပ်ပေသည်။
"ယောကျ်ားတစ်ယောက်အနေနဲ့ ငါ့ရဲ့ကတိကိုတန်ဖိုးထားတယ်...ခုချိန်မှာငါ့ဘက်ကလိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ မင်းတို့တွေစိတ်မပျက်စေရဘူးလို့အာမခံတယ်...ခုမင်းပြောတဲ့ရှေးအင်ဂျင်နီယာစာအုပ်တွေနဲ့ နဂါးသတ်ဓားကာလ်ဆာရာကဘယ်မှာလဲ"
ဖော်ရာသည် ရှောင်ယု၏စကားကိုလုံးလုံးမယုံကြည်သော်လည်း ယခုအချိန်၌ သူလုပ်ဆောင်နိုင်သည့် အရာများများစားစားမရှိခဲ့ပေ။သူ၏တစ်ခုတည်းသောရွေးချယ်ချက်မှာ ရှောင်ယုနှင့်ပူးပေါင်းရန်ဖြစ်သည်။ဤအရာသည် ဖော်ရာအတွက်လောင်းကစားတစ်ခုပင်ဖြစ်သည်။အကယ်၍ သူတို့၏နမိတ်ဖတ်ကြားချက်သာမှန်ကန်ပြီး ရှောင်ယုသာကြီးမြတ်သည့်အရှင်သခင်ဖြစ်ပါက သူတို့မျိုးနွယ်သည် တဖန်ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက သူသေဆုံးသွားချိန်တွင် အမွေအနှစ်ကပါပျောက်ကွယ်သွားမည်ဖြစ်ပြီး သူတို့မျိုးနွယ်စုသည် မည်သည့်အခါမှမြင့်တက်လာမည်မဟုတ်တော့ပေ။
သူသည် မှင်စာမျိုးနွယ်၏ နောက်ဆုံးအကြီးအကဲဖြစ်ကာ အကြီးအကဲအသစ်များထပ်မံရွေးချယ်ခွင့်မရှိခဲ့ပေ။ထို့ပြင် ရတနာများ၏တည်နေရာကိုလည်း သူသာလျှင်သိရှိထားသည်။
"ငါသူနဲ့ပူးပေါင်းမှရမယ်...ဒါကငါ့ရဲ့နောက်ဆုံးအခွင့်အရေး...မှင်စာမျိုးနွယ်ရဲ့နောက်ဆုံးအခွင့်အရေးပဲ"
ဖော်ရာသည် ရှောင်ယုကိုကြည့်ရင်း ရတနာများ၏တည်နေရာကိုပြောလိုက်သည်။
"ဟိုးရှေးရှေးတုံးက မှင်စာတွေရဲ့မြင့်မြတ်နယ်မြေဖြစ်တဲ့ ချိုင့်ဝှမ်းထဲမှာ ရတနာတွေကိုငါသိုဝှက်ထားခဲ့တယ်...ငါတို့ကအရင်အဲ့နေရာမှာနေခဲ့ပေမဲ့ ခုတော့ယုတ်ညံ့တဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်တွေက သိမ်းပိုက်ပြီး ငါတို့ကိုနှင်ထုတ်ထားတယ်"
"မြင်းတစ်ပိုင်းလူတစ်ပိုင်း..."
ရှောင်ယုသည် မျက်ခုံးပင့်လိုက်မိသည်။အနောက်တိမ်တိုက်အင်ပါယာတွင် မြင်းတစ်ပိုင်းလူတစ်ပိုင်းများရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့် အလွန်ရင်းနှီးပေသည်။သူတို့သည် နွားလားများ၏ရန်သူဖြစ်သည့်အပြင် အလွန်ရက်စက်ကြမ်းကြုတ်သောမျိုးနွယ်ဝင်များဖြစ်သည်။ထို့ပြင်သူတို့သည် အလွန်သွက်လက်မြန်ဆန်သူများဖြစ်ကြသည်။
မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် မြင်းခင်ပြင်၌နေထိုင်ကျက်စားသည့် မျိုးနွယ်စုများဖြစ်ကြသည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အခြားသောမျိုးနွယ်စုများကို အမဲလိုက်လုယက်တတ်ကြ၍ သူတို့အားထူးခြားသည့်ဓားပြမျိုးနွယ်များအဖြစ်သတ်မှတ်နိုင်သည်။
"မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေက မဖြစ်ထွန်းတဲ့ကန္တာရနယ်မြေတွေမှာနေကြတာပါ....အနောက်တိမ်တိုက်အင်ပါယာထဲမှာ အဲလိုနယ်မြေတွေရှိနေလို့လား..."
ရှောင်ယုသည် ဖော်ရာ၏စကားနှင့်ပတ်သက်၍ အနည်းငယ်သံသယဝင်နေခဲ့သည်။
"မြင်းတစ်ပိုင်းလူတစ်ပိုင်းက အရမ်းက်ိုရက်စက်တယ်...သူတို့ကငါ့ရဲ့မျိုးနွယ်ဝင်တွေကို နှင်ထုတ်ထားရုံတင်မက အကျည်းသားတွေနဲ့ အမျိူးသမီးတွေ ကလေးတွေကိုပါသတ်ဖြတ်ကြတယ်"
ဖော်ရာသည် အံတကြိတ်ကြိတ်ဖြင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ ရက်စက်မှုအကြောင်းကို ပြောနေခဲ့သည်။
"အဲ့ဒီမှာ ဘယ်နှစ်ကောင်ရှိလဲ..."
ရှောင်ယုကမေးမြန်းလိုက်သည်။
သူသည် ရှေးအင်ဂျင်နီယာစာအုပ်များကို ရယူလိုပါက မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့်တိုက်ခိုက်ရတော့မည်ဖြစ်သည်။
"အရေအတွက်၁၀၀၀ကျော်လောက်တော့ရှိမယ်...ဒါပေမဲ့သူတို့ကနေရာအနှံ့ကို လှည့်လည်ကျက်စားနေလို့ အဲ့ထက်ပိုရင်တောင်ပိုနိုင်တယ်"
ဖော်ရာက ခန့်မှန်းခြေအရေအတွက်ကိုပြောလိုက်သည်။
"၁၀၀၀ကျော်လား..."
ရှောင်ယုသည် တိုက်ပွဲနည်းဗျူဟာအကြောင်းကို စတင်စဉ်းစားနေခဲ့သည်။
ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများအား တစ်ခါမှမတိုက်ခိုက်ဖူး၍ သူတို့၏တိုက်ပွဲစွမ်းအားကို မသိရှိပေ။သူနှင့်အတူ မြင်းတပ်သား၄၀၀နှင့်ခြေလျင်တပ်သား၅၀ခေါ်လာသော်လည်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများအားလုံးကို သတ်ဖြတ်ရန်လုံလောက်မှုမရှိပေ။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ရက်စက်ကြမ်းကြုတ်သော်လည်း သူတို့သည်ကျွမ်းကျင်စစ်သည်များဖြစ်ကြကာ အနောက်တိမ်တိုက်အင်ပါယာမှစစ်သည်များထက် လှံကိုအသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။
"အဲ့ကောင်တွေကသာ သိပ်ပြီးမသန်မာဘူးဆိုရင် သူတို့ကိုသတ်ဖြတ်ဖို့ ငါ့ရဲ့တပ်သားတွေနဲ့တင်လုံလောက်တယ်"
ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဦးစွာနားလည်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ပြင်ဆင်ချိန်နှစ်ရက်ယူရမယ်...ပြီးနောက်မှာငါတို့က မြင်းတစ်ပိုင်းလူတစ်ပိုင်းအဖွဲ့ကိုဖျက်ဆီးပြီးတော့ ကာလ်ဆာရာနဲ့အင်ဂျင်နီယာစာအုပ်တွေကို ယူဆောင်သွားမယ်"
ထိုသို့ပြောပြီးနောက် ရှောင်ယုသည် အခန်းတွင်းမှထွက်ခွာလာခဲ့သည်။
မှင်စာအိုကြီးသည် အခန်းထဲ၌တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ရှောင်ယုထွက်ခွာသွားပြီးနောက်တွင် သူသည်တစ်ကိုယ်တည်းဆုတောင်းနေခဲ့သည်။
"မဟာပညာရှိ....မှင်စာမျိုးနွယ်ကို ဖျက်ဆီးခံရခြင်းနဲ့ ဘေးအန္တာရယ်တွေကလွတ်ကင်းအောင် ကူညီပေးပါ"
...
...
"မင်းဘာလို့ မှင်စာတွေခေါ်လာတာလဲ..."
ရှောင်ယုသည် အခန်းထဲမှထွက်ခွာလာချိန်တွင် ဆုရှာကမေးမြန်းလိုက်သည်။
ရှောင်ယုသည် ဆုရှာအားပြုံးပြလိုက်သည်။
"မှင်စာတွေကချစ်စရာလေးလို့မထင်ဘူးလား...ငါကသူတို့ကိုထောင်နဲ့ချီဝယ်ယူပြီးတော့ အိမ်မွေးတိရစ္ဆာန်အဖြစ်သိမ်းထားမလို့"
"ရှောင်ယု၏အဖြေကြောင့် ဆုရှာသည်မျက်မှောင်ကြုတ်မိလိုက်သည်။
"သူတို့က ညစ်ပတ်ပြီး ရုပ်ဆိုးတယ်...ပြီးတော့ရွံ့ဖို့ကလည်းကောင်းသေးတယ်...သူတို့ကိုဘယ်သူဝယ်ချင်မှာလဲ"
"မှင်စာတွေက လူသားတွေကိုကောင်းကင်ပေါ်ခေါ်သွားပေးနိုင်မယ့် ကိရိယာတွေဖန်တီးပေးနိုင်တယ်လို့ပြောရင် မင်းငါ့ကိုယုံမှာလား...အဲလိုဆိုရင် မှင်စာတွေကညစ်ပတ်တဲ့သတ္တဝါတွေပါလို့ မင်းပြောဦးမှာလား"
ရှောင်ယုက အပြုံးမပျက်ဘဲပြောလိုက်သည်။
ဆုရှာက အထင်အမြင်သေးသောလေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါစာအုပ်တွေအများကြီးကိုဖတ်ဖူးပေမဲ့ မှင်စာတွေမှာအဲလိုအမွေအနှစ်တွေပိုင်ဆိုင်ထားတယ်လို့ ငါတစ်ခါမှမကြားဖူးဘူး... မှင်စာတွေကသမိုင်းမှတ်တမ်းတွေမရှိတဲ့အပြင် စက်ဆုပ်ရွံ့ရှာဖို့ကောင်းတဲ့သူရဲဘောကြောင်သူတွေဖြစ်တယ်...ပြီးတော့မှင်စာဆိုတဲ့စကားလုံးဟာ သူခိုးဆိုတဲ့စကားလုံးနဲ့အဓိပ္ပါယ်ဆင်တယ်...သူတို့ကဘယ်လိုလုပ်ပြီး အဲလိုအဖိုးမဖြတ်နိုင်တဲ့အမွေအနှစ်တွေကို ပိုင်ဆိုင်နိုင်မှာလဲ"
တစ်ချိန်တည်းမှာပင် လီအာကလည်းသူတို့နှင့် လာရောက်ပူးပေါင်းခဲ့ကာ ရှောင်ယုအားသံသယဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
"ကောင်းကင်မှာပျံသန်းနေတဲ့ အရာဝတ္ထုတွေရဲ့ပုံရိပ်ကို ငါပန်းချီကားအချို့မှာတွေ့မြင်ဖူးတယ်...အဲ့ဒါတွေကလူတွေကို ကောင်းကင်ဆီခေါ်ဆောင်ပေးသွားနိုင်တယ်...ဒါပေမဲ့ အဲ့ပန်းချီကားတွေမှာ မှင်စာစကားလုံးတွေနည်းနည်းတော့ပါနေတယ်...ဘာပဲဖြစ်ဖြစ် ပျံသန်းနိုင်တဲ့အရာတွေကို မှင်စာတွေကဖန်တီးခဲ့တယ်လို့တော့ ငါဘယ်တော့မှယုံနိုင်မှာမဟုတ်ဘူး...သူတို့ကတကယ်ကြီးအဲလိုအဖိုးတန်တဲ့ ကြီးကျယ်ခမ်းနားတဲ့အမွေအနှစ်ကို ပိုင်ဆိုင်ထားခဲ့တာလား"
ဤတိုက်ကြီး၌နေထိုင်သူများသည် ဆုရှာကဲ့သို့ မှင်စာများအပေါ်၌ အဆိုးမြင်မှုရှိကြသည်။သူတို့၏အမြင်တွင် မှင်စာများသည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ၊ ကောက်ကျစ်သော ၊ အရှက်မရှိသော ၊ သူရဲဘောကြောင်သော ၊ သစ္စာမရှိခြင်းတို့နှင့်ကျော်ကြားသူဖြစ်သည်။ထိုသို့သောမှင်စာများတွင် အမွေအနှစ်များနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းမှတ်ရာမှရှိမနေခဲ့ပေ။
ရှောင်ယုသည် တိုင်ရန်ဒီ၊သရောလ်၊အန်တိုနီဒက်စ်နှင့် အခြားရှေးခေတ်သူရဲကောင်းများကို ပြန်လည်ခေါ်ယူနိုင်ကြောင်း လီအာသိရှိထားသော်လည်း ဤကိစ္စတွင်ရှောင်ယုအပေါ် ယုံကြည်မှုအနည်းငယ်ကင်းမဲ့နေခဲ့သည်။
သူမသည် ပျံသန်းနေသောအရာဝတ္ထုများကိုရေးဆွဲထားသည့် ရှေးဟောင်းပန်းချီကားများပေါ်၌ မှင်စာစကားလုံးအချို့ကို တွေ့မြင်ဖူးသော်လည်း ထိုအရာများကိုမှင်စာများကဖန်တီးထားသည်ဟု မယုံကြည်နိုင်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် လူတိုင်းက မှင်စာများ၊ဘီလူးများနှင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ခေတ်နောက်ပြန်ဆွဲသူများဖြစ်ကြောင်း ယုံကြည်ထားကြ၍ ထိုသို့ကြီးမြတ်သောအမွေအနှစ်အား ပိုင်ဆိုင်ထားသည်ကို မယုံကြည်ခဲ့ကြပေ။
အခန်း ၂၁၉ - အကြံညဏ်တောင်းခံခြင်း
ရှောင်ယုသည် တည်းခိုခန်းမှထွက်လာပြီး ဒေသခံများစုဝေးနေသည့် အရက်ဆိုင်ကို ရှာဖွေခဲ့သည်။
ထိုနေရာသည် သတင်းအချက်အလက်များကိုစုံစမ်းရန် အကောင်းဆုံးနေရာဖြစ်သည်။သူသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများအကြောင်း လေ့လာနိုင်ကာ ၎င်းတို့နှင့်ထိတွေ့ဖူးသူများကိုပင် ရှာဖွေနိုင်သည်။
ရှောင်ယုသည် ဝိုင်တစ်ခွက်ကိုမှာယူပြီးနောက် သူနှင့်ရင်းနှီးနေသူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထိုလူမှာ သူနှင့်ယှဉ်ပြိုင်ခဲ့ဖူးသော ထို့ပါဟောင်ဖြစ်သည်။ထို့ပါဟောင်သည် ထောင့်တစ်နေရာ၌ထိုင်ကာ တစ်ယောက်တည်းသောက်နေခဲ့သည်။ရှောင်ယုသည် ထို့ပါဟောင်ကိုကြည့်ပြီး သူ၏အကြည့်များတောက်ပလာခဲ့သည်။ထိုကောင်လေးသည် ငယ်ရွယ်စဉ်ကပင် ထူးချွန်သောကိုယ်ခံပညာက်ိုလေ့လာခဲ့ကာ စွန့်စားခန်းများစွာဖြတ်သန်းဖူးပုံရပြီး မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့်လည်းတွေ့ဆုံဖူးနိုင်သည်။
"တွေ့ရတာဝမ်းသာလိုက်တာ အစ်ကိုထို့ပါ"
ရှောင်ယုသည် သူမှာယူထားသည့်ဝိုင်ခွက်ကိုကိုင်ကာ ထို့ပါဟောင်အနီးသို့ရောက်လာခဲ့သည်။
ထို့ပါဟောင်သည် ဤနေရာတွင်ရှောင်ယုနှင့်တွေ့ဆုံရန် မမျှော်လင့်ထားသည့်အတွက်ကြောင့် အံ့အားသင့်သွားခဲ့သည်။
"မင်းလည်းဒီနေရာကိုရောက်လာတာလား..."
ထို့ပါဟောင်သည် ရှောင်ယုအားပြန်နှုတ်ဆက်လိုက်ပြီး သူ့လေသံတွင်မုန်းတီးမှုတစ်စမှ မပေါ်ခဲ့ပေ။ရှောင်ယုသည် သူ့အားလှည့်ကွက်များအသုံးမပြုဘဲ အနိုင်ယူသွားခဲ့ရာ သူသည်ရှောင်ယုအားလေးစားပေသည်။ထို့ပြင် ရှောင်ယု၏သိုင်းပညာနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆသည် သူ့အားကြီးကြီးမားမားလှုံဆော်ပေးခဲ့သည်။
ရှောင်ယုသည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ဘယ်လူတန်းစားမဆို တစ်သက်မှာတစ်ခေါက်တော့ ဒီလိုနေရာကိုရောက်ဖူးကြမှာပဲ"
"မင်းက အတွေးအခေါ်ပညာရှင်တစ်ယောက်လည်း ဖြစ်ပုံရတယ်"
ထို့ပါဟောင်သည် ရှောင်ယုအားစိတ်ဝင်တစားစိုက်ကြည့်လိုက်သည်။သူတို့သည် အချိန်ခဏသာတွေ့ဆုံခဲ့သော်လည်း ထို့ပါဟောင်နှင့်ရှောင်ယုတို့အကြားရင်းနှီးမှုသည် အဆင့်တစ်ခုထိရောက်ရှိနေကြောင်း ငြင်းစရာမလိုပေ။
"ငါကတွေးခေါ်ရတာကိုသဘောကျတယ်...စကားမစပ် အစ်ကိုထို့ပါကိုမေးခွန်းလေးတစ်ခုတော့မေးချင်တယ်..."
ရှောင်ယုသည် ထို့ပါဟောင်ကပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည်ကို သိလိုက်ရ၍ သူသိလိုသောအကြောင်းအရာဆီသို့ ချက်ချင်းသွားရောက်လိုက်သည်။
"အိုး...ဘာမေးမှာလဲ..."
ရှောင်ယုသည် သူ့အားသိုင်းပညာနှင့်ပတ်သက်၍ စမ်းသပ်လိုနေသည်ဟု ထို့ပါဟောင်ကယူဆခဲ့သည်။
ရှောင်ယုသည် တိုက်ပွဲတွင်အနိုင်ရရှိခဲ့ကာ ရှောင်ယုသည် သူသိရှိထားသောကိုယ်ခံပညာ၏ ကွဲပြားခြားနားသောရှုထောင့်များကို စမ်းသပ်ရန်ကြိုးစားနေခြင်း ဖြစ်နိုင်၍ ထိုပါဟောင်သည် နောက်ထပ်တစ်ကြိမ်မရှံးနိမ့်စေရန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့ ဒါကပြသနာကြီးကြီးမားမားတော့မဟုတ်ပါဘူး...မင်းက မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေအကြောင်း ဘယ်လောက်ထိသိလဲ ငါကသူတို့အကြောင်းသိချင်လာလို့ပါ"
ရှောင်ယုသည် ဝိုင်သောက်ရင်းမေးမြန်းလိုက်သည်။
"မြင်းတစ်ပိုင်းလူတစ်ပိုင်း..."
ရှောင်ယု၏အမေးကြောင့် ထို့ပါဟောင်သည် မျက်မှောင်ကြုတ်မိလိုက်သည်။ရှောင်ယုသည် အဘယ်ကြောင့်မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို စိတ်ဝင်စားသွားရသည်ကို သူနားမလည်သေးပေ။
ထို့ပါဟောင်က လေးနက်သောပုံစံဖြင့် ပြန်ပြောလိုက်သည်။
"သူတို့ကို အနောက်တိမ်တိုက်အင်ပါယာရဲ့မြက်ခင်းပြင်တွေမှာ အတွေ့များရလေ့ရှိတယ်...သူတို့ရဲ့လျင်မြန်တဲ့ရွေ့လျားနိုင်စွမ်းနဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကြောင့် သူတို့ကိုအန္တာရယ်များတဲ့သားရဲတွေအဖြစ်သတ်မှတ်ထားတယ်...အဲ့ကောင်တွေလူတွေနဲ့သားရဲတွေကို အန္တာရာယ်ပေးနိုင်တဲ့အတွက် ဓားပြတွေအဖြစ်လည်းသတ်မှတ်ထားတယ်"
ရှောင်ယုသည် ထို့ပါဟောင်၏စကားများကို နားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုထို့ပါက သူတို့နဲ့ရင်ဆိုင်ဖူးလား..."
"သေချာတာပေါ့...မျိုးနွယ်စုတချို့ဆီကိုခရီးထွက်ရင်းနဲ့ ငါကမြင်းတစ်ပိုင်းလူတစ်ပိုင်းတွေ တိုက်ခိုက်တာကိုမြင်ဖူးတယ်...ငါကိုယ်တိုင် မြင်းတစ်ပိုင်းလူတစ်ပိုင်း အကောင်၁၀၀ကျော်လောက်ကို ခေါင်းဖြတ်ခဲ့ဖူးတယ်"
ထို့ပါဟောင်က သူ၏အတွေ့အကြုံကိုပြောလိုက်သည်။
"အကောင် ၁၀၀ကျော်လား..."
ထို့ပါဟောင်သည် အချက်အလက်များကိုပြောပြလာချိန်တွင် ရှောင်ယုသည် သူ့စိတ်ထဲတွင်စတင်၍ တွက်ချက်ခဲ့သည်။
အကယ်၍ ထို့ပါဟောင်သည် မြင်းတစ်ပိုင်းလူတစ်ပိုင်းအကောင် ၁၀၀ကျော်ကိုခေါင်းဖြတ်နိုင်ခဲ့လျှင် သူသည်လည်းထိုအရေအတွက်ကို တိုက်ခိုက်နိုင်မည်ဖြစ်သည်။
အကယ်၍ ရှောင်ယုသာထိုသို့လုပ်နိုင်လျှင် ဂရင်းသည်ထိုထက်ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။မှော်ဆရာတစ်ယောက်ဖြစ်သည့် အန်တိုနီဒက်စ်သည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများအားသတ်ဖြတ်ရာ၌ များစွာထိရောက်မှုရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ မြင်းတပ်သား၄၀၀သည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို ဖြေရှင်းရန်ခက်ခဲမည်မဟုတ်ပေ။
ထို့ပါဟောင်က ဆက်လက်ရှင်းပြလိုက်သည်။
"သာမန်ဆိုရင် မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေက အရမ်းကိုသန်မာတယ်...သူတို့ကသာမန်စစ်သားတွေထက် ပိုအစွမ်းထက်တယ်...အရွယ်ရောက်နေတဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းတစ်ကောင်ဟာ အနောက်တိမ်တိုက်အင်ပါယာက မြင်းတပ်သားအနည်းငယ်ကို သက်တောင့်သက်သာသတ်ဖြတ်နိုင်တယ်...သာမန်လူသားတွေက သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး...ဒါကြောင့် သူတို့နဲ့ရင်ဆိုင်သူတိုင်း ဒဏ်ရာတွေအများကြီးရလေ့ရှိတယ်"
"အို...ဒဏ်ရာတွေဟုတ်လား...ဒါဆိုရင်သူတို့ရဲ့တိုက်ခိုက်မှုတွေက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို အခြေခံထားပုံရတယ်"
ရှောင်ယုသည် ထို့ပါဟောင်၏စကားမှတဆင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အောစ့်များကဲ့သို့တိုက်ခိုက်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။သူတို့သည် ရန်သူများကိုအနိုင်ယူရန်အတွက် သူတို့၏ကြံ့ခိုင်သောခန္ဓာကိုယ်အား အားကိုးပုံရသည်။သို့သော် သူတို့သည်ထို့ပါဟောင်ကဲ့သို့ ကျွမ်းကျင်သူများကိုမူ ရင်ဆိုင်နိုင်စွမ်းမရှိပေ။
အမှန်တော့ ထို့ပါဟောင်၏ခွန်အားကို မည်သူကမှလျစ်လျူမရှုနိုင်ပေ။သာမန်တတိယအဆင့်သူရဲကောင်းတစ်ယောက်သည် ထို့ပါဟောင်၏ပြိုင်ဘက်မဟုတ်ပေ။ထို့ပြင် သူ၏ကိုယ်ခံပညာသည် အလွန်ကောင်းမွန်သည့်အတွက်ကြောင့် သူ့အားလက်ရည်တူတိုက်ခိုက်နိုင်မယ့် တတိယအဆင့်သူရဲကောင်းအနည်းငယ်သာရှိပေသည်။
"မင်းက မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေကို အမဲလိုက်ချင်လို့လား"
ထို့ပါဟောင်သည် သံသယဖြစ်နေသောလေသံဖြင့် ရှောင်ယုအားမေးမြန်းလိုက်သည်။
ရှောင်ယုကလည်း ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ...အနောက်တိမ်တိုက်အင်ပါယာကို လာရောက်ရတဲ့အဓိကအကြောင်းရင်းက ကောင်းကင်ခြင်္သေ့မင်းဆက်မှာမရှိတဲ့အရာတွေနဲ့ သက်ရှိသားရဲတွေကို ယူဆောင်ဖို့ဘဲ...အဲမှင်စာတွေကိုပဲတစ်ချက်ကြည့်လိုက်...သူတို့ကိုကောင်းကင်ခြင်္သေ့မင်းဆက်မှာ လုံးဝမတွေ့ရတော့ဘူး...ငါကသူတို့ထဲကအချို့ကိုဝယ်ပြီးတော့ ပြန်ရောက်ရင်မိုင်းတွင်းလုပ်သားအဖြစ် ခိုင်းစေဖို့ဆုံးဖြတ်ထားတယ်....ငါ့ရဲ့ဧည့်သည်အများစုက မှင်စာတွေနဲ့မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေကို တွေ့ရင်စိတ်ဝင်စားကြလိမ့်မယ်လို့ ငါယုံကြည်တယ်...ဒါကြောင့်ငါက မြင်းတစ်ပိုင်းလူတစ်ပိုင်းအချို့ရဲ့ဦးခေါင်းကိုဖြတ်ပြီးတော့ ငါ့ရဲ့ဧည့်ခန်းနံရံမှာတပ်ဆင်ဖို့ရည်ရွယ်ထားတယ်....ဒါဟာငါ့ရဲ့သိုင်းပညာကျွမ်းကျင်မှုကို သက်သေပြရာရောက်သလို ငါ့ရဲ့ဂုဏ်သိက္ခာကိုလည်း တိုးတက်စေလိမ့်မယ်"
ထို့ပါဟောင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ သူ၏မျက်လုံးများလည်း တောက်ပလာခဲ့သည်။
"မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေရဲ့ ခေါင်းကိုပြသတာက မင်းရဲ့ကိုယ်ခံပညာက်ိုပိုမိုဂုဏ်တက်စေမှာလား...တကယ့်သူရဲကောင်းတစ်ယောက်အနေနဲ့ မင်းကကျော်ကြားမှုကိုမလိုချင်ဘူးဆိုတာ ငါနားလည်တယ်...မင်းအနေနဲ့ဘာလို့ မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေကို အမဲလိုက်ချင်နေတာလဲ"
"သေစမ်း...ဒီကောင်လေးကတော်တော်ပါးနပ်တာပဲ"
ရှောင်ယုက ထို့ပါဟောင်သည်သူ၏မုသားစကားကို ဖောက်ထွင်းမြင်န်ိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပြီလေ...မင်းကတော်တော်ပါးနပ်တာပဲ...ဒါကိုလျှို့ဝှက်ထားပေးပါ...ငါ့ရဲ့အဂ္ဂိရိတ်ပညာရှင်တစ်ယောက်က မြင်းတစ်ပိုင်းလူတစ်ပိုင်းတစ်ကောင်ရဲ့အလောင်းကိုလိုချင်တယ်လို့ပြောတာကြောင့် ငါကအဲ့ကောင်တွေကိုအမဲလိုက်ချင်နေတာပဲ...အဲ့ကောင်တွေကဘယ်နေရာမှာနေတာလဲဆိုတာ အစ်ကိုထို့ပါသိထားလား"
ရှောင်ယုသည် မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ နောက်ထပ်မုသားစကားတစ်ခွန်းကို ပြောဆိုလိုက်သည်။သူသည် မုသားမျိုးစုံက်ိုပြောဆိုနိုင်သည့် စက်တစ်ခုနှင့်တူပေသည်။
ထို့ပါဟောင်သည် ရှောင်ယုအားစိုက်ကြည့်လိုက်သည်။
"အိုး...ဒါဆိုရင်အဲ့ဒီလိုပေါ့...ကောင်းကင်ခြင်္သေ့မင်းဆက်မှာဆိုရင် အရမ်းကိုအစွမ်းထက်တဲ့ အဂ္ဂိရိတ်ပညာရှင်တွေရှိနေတယ်ဆိုတာ ငါသတင်းကြားဖူးတယ်...မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေရဲ့ ခန္ဓာကိုယ်က အဂ္ဂိရိတ်ပညာမှာအသုံးပြုနိုင်ဖို့ မမျှော်လင့်ထားဘူး...သူတို့ကသာအဖိုးတန်ရင် သူရဲကောင်းတွေကသူတို့ကိုအမဲလိုက်ပြီးတော့ ကောင်းကင်ခြင်္သေ့မင်းဆက်ကိုရောင်းစားနေတာကြာရောပေါ့...ဒါပေမဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေက အနောက်တိမ်တိုက်အင်ပါယာမှာပြဿနာတစ်ခုပဲ...အုပ်ချုပ်သူက သူတို့ကိုသုတ်သင်ဖို့ ထပ်ခါထပ်ခါကြိုးစားခဲ့ပေမဲ့ သူတို့ကညဏ်ကောင်းပြီး လျင်မြန်သွက်လက်ကြတာကြောင့် သူတို့ကိုဖမ်းဆီးဖို့တော်တော်ခက်တယ်"
ရှောင်ယုက သူ့ခေါင်းကိုခါပြလိုက်သည်။
"ဒါက ငါ့ရဲ့အဂ္ဂိရိတ်ပညာရှင်တစ်ယောက်က အဆိုပြုလာတာပဲ...သူကရှေးဟောင်းအပျက်အစီးတစ်ခုကနေပြီး အညွန်းတစ်ခုကိုရရှိခဲ့တယ်...အဲ့အညွန်းကိုစမ်းသပ်ဖိုအတွက် သူကမြင်းတစ်ပိုင်းလူတစ်ပိုင်းတစ်ကောင်ကိုလိုချင်တယ်လို့ ငါ့ကိုတောင်းဆိုခဲ့တာပဲ...သူ့ရဲ့စမ်းသပ်ချက်ရလဒ်က ဘယ်လိုထွက်လာမလဲမသိဘူး"
ရှောင်ယု၏စကားကိုကြားလိုက်ချိန်တွင် ထို့ပါဟောင်သည် သူ၏စိတ်ကူးကိုစွန့်လွှတ်လိုက်သည်။
ထို့နောက် နှစ်ယောက်သားစကားစမြည်ပြောဆိုကြသည်။ထို့ပါဟောင်သည် ရှောင်ယုပြောခဲ့သောစကားများမှတဆင့် သူ၏ကိုယ်ခံပညာကို ပိုမိုတိုးတက်အောင်ဆောင်ရွက်လာနိုင်၍ ရှောင်ယုအပေါ်ပ်ိုမို၍လေးစားလာခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ယခုအချိန်၌ အနည်းငယ်ရှက်ရွံ့နေခဲ့သည်။
"ကျင်းယုံဆီကနေ ကိုးကားချက်တွေအများကြီး ငါခိုးသုံးထားခဲ့တာပဲ...သူရဲ့ကိုးကားချက်တွေကို ခွင့်မတောင်းဘဲငါခိုးသုံးနေတာသိသွားရင် သူကငါ့ကိုဘာတွေလုပ်ပစ်မယ်မှန်းမသိဘူး"
ရှောင်ယု၏သိုင်းပညာအပေါ်နားလည်မှုသည် ကမ္ဘာမြေပေါ်တွင် သူဖတ်ခဲ့ဖူးသော ဝတ္ထုများမှတဆင့် ဆင်းသက်လာခြင်းဖြစ်ပေသည်။သတင်းအချက်အလက်များ မျှဝေခြင်းသည် ကမ္ဘာမြေကြီးပေါ်၌အလွန်လွယ်ကူပေသည်။သူသည် သိုင်းစာအုပ်များကို စာအုပ်ဆိုင်များသို့မဟုတ် အွန်လိုင်းပေါ်မှနေ၍ ဝယ်ယူဖတ်ရှုခဲ့သည်။
ကမ္ဘာပေါ်ရှိလူများသည် သိုင်းပညာအပေါ်၌ မထီမဲ့မြင့်ပြုကာ လက်တွေ့မဆန်သောအရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။သ်ို့သော်လည်း ဤတိုက်ကြီးမှလူများသည် သိုင်းပညာအပေါ်လေးစားမှုရှိကြသည်။သီအိုရီကို လက်တွေ့အဖြစ်သို့ကူးပြောင်း၍မရနိုင်သော်လည်း ရှောင်ယုကဲ့သို့လူများကို လူအများကလေးစားကိုးကွယ်ကြမည်ဖြစ်သည်။
အဆုံးသတ်တွင် ရှောင်ယုသည် ထို့ပါဟောင်၏အကြည့်များအောက်တွင် အရက်ဆိုင်မှထွက်ခွာလာခဲ့သည်။ထို့ပါဟောင်သည် ရှောင်ယု၏နောက်ကျောကိုကြည့်ရင်း တိတ်တဆိတ်ညည်းညူမိလိုက်သည်။
"သူ့ရဲ့သီအိုရီတွေကို ငါ့ထက်စာရင်ဆရာကပိုပြီးတော့ တန်ဖိုးထားလိမ့်မယ်...သူပြောတဲ့သီအိုရီတွေက တချို့ဆိုရင် ငါနားမလည်နိုင်လောက်တဲ့အထိ အရမ်းအဆင့်မြင့်လွန်းတယ်...အဲ့သီအိုရီတွေကို ငါနားလည်အောင်ပြန်ပြီးရှင်းပြဖို့ ဆရာကိုပြန်ပြီးတောင်းဆိုရမယ်...ငါ့ရဲ့သိုင်းပညာအပေါ်နားလည်မှုက တော်တော်အဆင့်နိမ့်သေးတာပဲ"