← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း ၂၂၀ - သွေးနတ်သူငယ်

ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို သတ်ဖြတ်ရန်အတွက် အစီအစဉ်ဆွဲရန် တည်းခိုခန်းသို့ပြန်လာခဲ့သည်။

ထို့နောက် နောက်တစ်နေ့တွင် သူသည်ဖော်ရာနှင့်အတူ ဝူဟယ်မြို့မှ ရတ်ချက်မြို့သို့သွားရောက်ရန် အနားယူခဲ့သည်။ရှောင်ယုသည် ရစ်ချက်မြို့ဟူသောအမည်ကိုကြားကြားချင်း အနည်းငယ်အံ့သြသွားခဲ့သည်။

"ငါတို့က တကယ်ကြီးဖုန်းဆိုးမြေမှာရောက်နေပုံရတယ်...ရှေးတ‌ခေတ်တုန်းက ပင်လယ်ကမ်းစပ်တစ်ခုမှာ ရတ်ချက်လို့ခေါ်တဲ့ မှင်စာမြို့တစ်ခုရှိတယ်...ဒါပေမဲ့ခုချိန်မှာ တိုက်ကြီးနှစ်ခုရဲ့အကွာအဝေးက ပိုမိုနီးကပ်လာခဲ့ရင် တိုက်ကြီးရဲ့မြေမျက်နှာသွင်ပြင်အနေအထားက ပြောင်းလဲသွားနိုင်တယ်"

ရှောင်ယုသည် ဖော်ရာနှင့်အတူ အချက်အလက်အချို့ကိုဖလှယ်ပြီးနောက် သူတို့သွားမည့်မြို့သည် ရှေးဟောင်းရတ်ချက်မြို့မဟုတ်သော်လည်း ရတ်ချက်မြို့၏အပျက်အစီးများနှင့်နီးကပ်နေကြောင်း ရှောင်ယုတွေ့ရှိခဲ့ရသည်။

ရှောင်ယုသည် ဝူဟယ်မြို့မှထွက်ခွာ၍ ရတ်ချက်မြို့သို့ရောက်ရန် ၃ရက်အချိန်ယူခဲ့ရသည်။

ရှောင်ယုသည် ခရီးလမ်းတလျှောက်လုံးတွင် သိုလှောင်လက်စွပ်များစွာကို အသုံးပြုနေသည်ကို တွေ့မြင်ပြီးနောက် ဖော်ရာသည်အလွန်အံ့သြသွားခဲ့သည်။သူ၏အရှင်သခင်အသစ်သည် တန်ခိုးစွမ်းအားကြီးမားသူဖြစ်ကြောင်း သူမျှော်လင့်ထားသော်လည်း ယခုလောက်ထိချမ်းသာမည်ဟုမမျှော်လင့်ထားပေ။သာမန်မှူးမတ်တစ်ဦးသည်ပင် သိုလှောင်လက်စွပ်များကိုမပိုင်ဆိုင်နိုင်ကြောင်း ဖော်ရာနားလည်ထားပေသည်။

ထို့ပြင်ရှောင်ယုသည် မြေအောက်မြို့တော်မှ သူယူဆောင်လာခဲ့သည့်ပစ္စည်းအချို့ကိုထုတ်ပြကာ ၎င်းတို့အားပြန်လည်ထုတ်လုပ်နိုင်မည်လားဟု ဖော်ရာအားမေးမြန်းခဲ့သည်။မှင်စာမျိုးနွယ်သည် ယခုအခါတွင်အလွန်နိမ့်ကျနေပြီဖြစ်သော်လည်း ၎င်းတို့၏အကြီးအကဲတစ်ယောက်အနေဖြင့် ဖော်ရာထံတွင်ဗဟုသုတအချို့ရှိနေဆဲဖြစ်သည်။သို့သော် ရှောင်ယုထုတ်ပြလိုက်သည့်ပစ္စည်းတိုင်းကိုမြင်ချိန်တွင် သူ၏မေးရိုးသည်အောက်ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။

"ဒါတွေက အကောင်းဆုံးလက်ရာမြောက်ထုတ်ကုန်တွေပဲ...ဒါ...ဒါတွေကဘယ်လိုဖြစ်ပြီး အရေအတွက်အများကြီးရှိနေတာလဲ"

ဖော်ရာသည် ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ်စစ်ဆေးနေခဲ့သည်။

"ဒါကိုလျှပ်စစ်စွမ်းအင်ပေးကိရိယာလို့ခေါ်တယ်..."

ရှောင်ယုကမထီမဲ့မြင်ပြုသည့်လေသံဖြင့် ရေရွတ်ခဲ့သည်။သူသည် ကစားသမားဘဝက အခြေခံအစိတ်အပိုင်းများနှင့်ပစ္စည်းများအကြောင်း လေ့လာခဲ့ဖူးပေသည်။

"အိုး..အရှင်က အင်ဂျင်နီယာဘာသာရပ်ကို တတ်ကျွမ်းနေပြီလား"

ဖော်ရာသည် ရှောင်ယုအားကြည့်ကာ အံ့အားသင့်နေသောလေသံဖြင့်မေးမြန်းလိုက်သည်။

"အဲ့ဒါက မဖြစ်စလောက်လေးပါဘဲ..."

ရှောင်ယုက ချက်ချင်းခေါင်းခါပြလိုက်သည်။

လမ်းတစ်လျှောက်တွင် သူတို့သည်အန္တာရယ်တစ်စုံတစ်ရာနှင့် မကြုံတွေ့ခဲ့ရသော်လည်း ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများနှင့် ကုန်သည်အမြောက်အများကို တွေ့ဆုံခဲ့ရသည်။

ဤသို့ဖြင့် ၃ရက်ကြာခရီးထွက်ပြီးနောက် သူတို့သည်ရတ်ချက်မြို့သို့ရောက်ရှိခဲ့သည်။

ရှောင်ယုသည် ရတ်ချက်မြို့၏ခမ်းနားကြီးကျယ်သော ဗိသုကာလက်ရာများကိုကြည့်ရင်း ခေါင်းညိတ်မိလိုက်သည်။

"ဒီရတ်ချက်မြို့ရဲ့အဆောက်အဦးတွေကို တည်ဆောက်ခဲ့တဲ့ပညာရှင်တွေအကြောင်းကို ငါမသိပေမဲ့...ဒီအဆောက်အဦးတွေက ရှေးဟောင်းအငွေ့အသက်တွေနဲ့ ခပ်ဆင်ဆင်တူနေတာပဲ"

ရှောင်ယုသည် ရတ်ချက်မြို့၌တည်းခိုရန်အတွက် ကောင်းမွန်သည့်ဟိုတယ်တစ်ခုအား ရှာဖွေခဲ့သည်။ထို့နောက် ဝေမင်းနှင့်မြေခွေးတို့အား သူတို့၏ထုတ်ကုန်များကိုရောင်းချရန်အတွက် ကုန်သည်အချို့နှင့်ဆက်သွယ်ရန် အမိန့်ပေးခဲ့သည်။မူလက သူတို့သည် အနောက်တိမ်တိုက်အင်ပါယာ၏ကုန်သွယ်ရေးဗဟိုဖြစ်သည့် ဟာဗက်မြို့သို့သွားရောက်ရန်စီစဉ်ထားသော်လည်း ယခုမူဦးတည်ချက်ပြောင်းလဲသွားသည့်အတွက်ကြောင့် ရတ်ချက်မြို့၌သာကုန်ပစ္စည်းများကိုရောင်းချရန် စီစဉ်ခဲ့သည်။

အမွေအနှစ်သည် ရတ်ချက်မြို့၏အနောက်ဘက်ရှိ တောင်ချိုင့်ဝှမ်းတစ်ခုတွင်တည်ရှိကြောင်း ဖော်ရာကသူတို့အားပြောပြခဲ့သည်။

သူတို့သည် ရတ်ချက်မြို့အတွင်း၌ ဘာမှလုပ်၍မရသောကြောင့် ရှောင်ယုသည် ဤနေရာရှိထူးခြားဆန်းပြားသောအရာများကို လှည့်ပတ်ကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။ဆုရှာသည် များသောအားဖြင့် ဓားများနှင့်ဓားမောက်များဝယ်ယူခြင်းကို နှစ်သက်ပေသည်။သို့သော်ယခုတစ်ကြိမ်တွင် သူမသည်လှပသောပစ္စည်းများကို ဝယ်ယူခဲ့သည်။ရှောင်ယုသည် ဆုရှာလိုချင်သောပစ္စည်းတိုင်းကို ဝယ်ယူရန်ဆုံးဖြတ်ခဲ့သော်လည်း မြေခွေးအားမျက်စောင်းထိုးကာ ဆိုင်ရှင်နှင့်စျေးဆစ်ခိုင်းခဲ့သည်။

ရတ်ချက်မြို့တွင် ကျွန်စျေးကြီးတစ်ခုရှိကာ တစ်ချိန်က ထိုကျွန်စျေးကြီးအတွင်း၌ အောစ့်များနှင့်နတ်သူငယ်များကို ရောင်းချခဲ့ကြောင်း ကောလဟာလများထွက်ပေါ်နေခဲ့သည်။

ရှောင်ယုသည် ကျွန်စျေးအတွင်း၌ ရောင်းချခံနေရသည့် မတူညီသောမျိုးနွယ်များစွာမှ ကျွန်များကိုတွေ့လိုက်ရသည်။သူတို့သည် လည်ပတ်များကိုဝတ်ဆင်ထားကာ ကုန်ပစ္စည်းများအဖြစ်ရောင်းချခံနေရသည်။ထိုမြင်ကွင်းကိုတွေ့တွေ့ချင်း ရှောင်ယုသည်ဆိုးဆိုးရွားရွားခံစားလိုက်ရသော်လည်း သူသည်ထိုအခြေအနေအား ပြောင်းလဲနိုင်စွမ်းမရှိပေ။သူသည်လည်း ထိုကျွန်များအားလုံးကို မဝယ်နိုင်ပေ။သူ၏မူဝါဒများသည် အချိန်ကြာလာသည်နှင့်အမျှ တိုက်ကြီးတစ်ခုလုံးက်ိုပျံ့နှံ့သွားမည်ဖြစ်ကာ ကျွန်ပြုခြင်းဆိုင်ရာအယူအဆများသည် တဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်သည်။

ရှောင်ယုသည် ထိုသို့လှည့်ပတ်ကြည့်ရှုနေရင်း ကျွန်များအကြား၌ ထူးဆန်းသောအမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရ၍ သူမအားစစ်ဆေးရန်ရှေ့တိုးလာခဲ့သည်။သူမသည် အလွန်အရပ်ရှည်ကာ အလွန်ဖြူဖွေးသောအသားအရည်ကို ပိုင်ဆိုင်ထားသည်။သို့သော်လည်း သူမ၏အသားအရည်သည် အနည်းငယ်ကွဲပြားသောအသွင်အပြင်ရှိ၍ သူမကိုနတ်သူငယ်တစ်ယောက်နှင့်တူညီစေသည်။သူမ၏မျက်လုံးများသည် သွေးကဲ့သ်ို့နီရဲနေကာ နားရွက်များသည်လည်း နတ်သူငယ်များကဲ့သို့ ရှည်လျားချွန်ထက်နေခဲ့သည်။သို့သော် သူမသည်ညနတ်သူငယ်တစ်ယောက်မဟုတ်ပေ။

"သွေးနတ်သူငယ်"

ရှောင်ယုသည် ထိုကောင်မလေးကိုမြင်တွေ့ချိန်တွင် ရေရွတ်မိလိုက်သည်။သူမသည် သွေးမျိုးဆက်မသန့်စင်ဘဲ လူသားနှင့်သွေးနတ်သူငယ်တို့ရောယှက်နေကြောင်း ရှောင်ယုနားလည်လိုက်သည်။သူမသည် သွေးကွဲတစ်ယောက်ဖြစ်သည်။

"ဒီတောကြီးထဲမှာ...သွေးနတ်သူငယ်တွေရှိနေတာလား"

ရှောင်ယုသည် သူ၏နတ်သူငယ်အခြေစိုက်စခန်းအား အဆင့်တက်လာရန်စောင့်ဆိုင်းနေခြင်းဖြစ်သည်။ထိုအချိန်တွင်သူသည် သွေးနတ်သူငယ်များကိုဆင့်ခေါ်နိုင်မည်ဖြစ်သည်။

ရှောင်ယုသည် ကောင်မလေး၏စျေးနှုန်းကိုမြင်သော်လည်း ဝယ်ယူရန်တွန့်ဆုတ်မနေခဲ့ပေ။သူမ၏စျေးနှုန်းသည် ရွှေပြား၁၀၀၀၀ဖြစ်သော်လည်း ရှောင်ယုသည်ကျွန်ကုန်သည်အား ချက်ချင်းမေးမြန်းခဲ့သည်။

ကျွန်ကုန်သည် ရှောင်ယု၏အဝတ်အစားမှတဆင့် ရှောင်ယုသည်အပြင်လူဖြစ်ကြောင်း နားလည်လိုက်သည်။ယခုလည်း ရှောင်ယုက ထိုကောင်မလေးအားဝယ်ယူလိုနေသည်ကို မြင်သည့်အခါသူသည်တိတ်တဆိတ်ရယ်မောလိုက်သည်။

"သခင်လေးက အရသာကိုဘယ်လ်ိုခံစားရမလဲသိနေတာပဲ....ဒီလိုမိန်းကလေးမျိုးအတွက် ရွှေပြား၁၀၀၀၀ပေးရတာတန်ပါတယ်"

ရှောင်ယုသည် ရွှေပြား၁၀၀၀၀ပါသည့်အိတ်ကို ကျွန်ကုန်သည်ထံပစ်ပေးလိုက်ရာ အရာအားလုံးချောမွေ့သွားခဲ့သည်။

ကျွန်ကုန်သည်သည် နောက်သို့လှည့်ကာ သူ၏တွဲဖက်ကိုတိုးတ်ိုးလေးပြောလိုက်သည်။

"ဒီကောင်က သူလှည့်စားခံရတာကိုမသိသေးဘူး...ဒီမိန်းကလေးရဲ့မူလဇစ်မြစ်ကဘာဆိုတာကို သူခုထိမသိသေးဘူး...သူမကအရမ်းလှတယ်ဆိုပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ရွေးချယ်မှုကိုနောင်တရသွားလိမ့်မယ်"

ရှောင်ယုသည် ကျန်လူများ၏အမြင်ကိုဂရုမစိုက်ဘဲ ကောင်မလေးက်ိုခေါ်ယူသွားခဲ့သည်။မိန်းကလေး၏လည်ပင်းတွင် သံကြိုးတပ်လည်ပတ်တစ်ခုကိုဝတ်ဆင်ထားကာ သူမလွတ်မြောက်နိုင်ခြင်းမရှိစေရန် ပြင်ဆင်ထားသည်။

ရှောင်ယုသည် မြေခွေးက်ိုကြည့်ကာ အမိန့်ပေးလိုက်သည်။

"သူမရဲ့လည်ပတ်ကို ဖြုတ်ပေးလိုက်"

မြေခွေးသည် အံ့သြသွားသော်လည်း ရှောင်ယု၏အမိန့်ကိုမလွန်ဆန်ဝံ့၍ လည်ပတ်ကိုသော့ဖွင့်ပေးလိုက်သည်။

ယခင်က ကောင်မလေးသည် သူမအားဝယ်ယူသူက သူမအားဝယ်ယူစဉ်တွင် အခြားလူများကဲ့သို့မထူးခြားလောက်ဟု ယူဆခဲ့သည်။သို့သော် ရှောင်ယုကသူမကိုဘာမှမပြောဘဲ လည်ပတ်ကိုချွတ်ပေးကာ အဝေးသို့ထွက်သွားသောကြောင့် သူမအံ့သြသွားရသည်။

ရွှေပြား၁၀၀၀၀သည် ကျွန်စျေးကွက်တွင် မြင့်မားသည့်စျေးနှုန်းတစ်ခုဖြစ်ကြောင်း သူမသတိပြုမိပေသည်။သူမအားဝယ်ယူသူသည် သူမထွက်ပြေးသွားမည်ကိုမကြောက်သည်လား သို့မဟုတ် သူမထွက်မပြေးဟုယုံကြည်ထားသည်လား သူမမပြောတတ်ပေ။

ကောင်မလေးသည် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ရှောင်ယုတို့အုပ်စုကို အမှီလိုက်ရန်ကြိုးစားရင်း နောက်မှလိုက်ပါလာခဲ့သည်။

"ဟမ့်...မင်းပြောင်းလဲသွားပြီလို့ငါထင်ထားခဲ့ပေမဲ့ မင်းကရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ဖြစ်နေတုံးပဲ"

ဆုရှာသည် အံကြိတ်ရင်းရှောင်ယုကိုကျိန်ဆဲလိုက်သည်။

"ဟ....၄ယောက်မြောက်မရီးက ငါ့ကိုအထင်လွဲနေတာပဲ...ငါသူမကိုတပ်မက်လို့ဝယ်ခဲ့တာမဟုတ်ဘူး"

ရှောင်ယု၏မျက်နှာအမူအရာသည် ချက်ချင်းပင်အပြစ်ကင်းစင်သည့် သူတော်စင်တစ်ပါးသဖွယ်ပြောင်းလဲသွားခဲ့သည်။

"မျက်လုံးနီနီနဲ့မိန်းမလှလေး...ယောကျ်ားတွေက ဒီလိုမိန်းကလေးမျိုးကိုမကြိုက်ဘူးလို့ မင်းပြောချင်တာလား"

ရှောင်ယုသည် ကောင်မလေးကိုအခြားအကြောင်းပြချက်တစ်ခုကြောင့် ဝယ်ယူခဲ့သည်ဟု ဆုရှာမယုံကြည်နိုင်ပေ။

ရှောင်ယုသည် ကူကယ်ရာမဲ့စွာသက်ပြင်းချမိလိုက်သည်။

"မင်းငါ့ကိုဘာလို့မယုံရတာလဲ မရီး...ငါ့ဘေးမှာမင်းလိုချောမောလှပတဲ့ကောင်မလေးတစ်ယောက်ရှိနေတာကို ငါကဘာလို့အခြားတစ်ယောက်ကိုလိုက်ရှာရမှာလဲ..."

"မင်းဘာပြောလိုက်တာလဲ..."

ဆုရှာသည်ရှောင်ယုအား ဒေါသတကြီးစိုက်ကြည့်ကာ ဆွဲဆိတ်ရန်ပြင်ဆင်လိုက်သော်လည်း ထိုအချိန်တွင်ရှောင်ယုက အဝေးသို့ထွက်ပြေးသွားပြီဖြစ်သည်။

အခန်း ၂၂၁ - သွေးနတ်သူငယ်ကျိန်စာ

ရှောင်ယုသည် ကောင်မလေးနှင့်အတူ တည်းခိုခန်းသို့ပြန်ရောက်လာသည်ကိုမြင်သောအခါ ဝေမင်းသည်အံ့သြသွားခဲ့သည်။

"ဒီကောင်မလေးကို ဘာလို့ဝယ်ခဲ့တာလဲ"

ရှောင်ယုသည် ဝေမင်းကိုကြည့်ကာချေပလိုက်သည်။

"ငါဝယ်ချင်တာကိုဝယ်လို့မရဘူးလား..."

ဝေမင်းသည် ကောင်မလေးကိုကြည့်၍ သက်ပြင်းချမိလိုက်သည်။

"အရှင်...ဒီကောင်မလေးက နတ်ဘုရားတွေရဲ့ကျိန်စာမိနေတဲ့တစ်ယောက်ပဲ...သူတို့အနားမှာရှိတဲ့ဘယ်သူမဆို ကောင်းမွန်တဲ့အဆုံးသတ်ဆိုတာ မကြုံတွေ့ရဘူး...သူတို့ဟာအရမ်းကိုရှားပါပြီးလှပပေမဲ့ ကံဆိုးမှုနဲ့ဘေးဒုက္ခတွေက သူတို့ရဲ့အမှတ်သင်္ကေတတွေပဲ...ဒါကြောင့်အသိဉာဏ်နည်းနည်းရှိတဲ့သူတိုင်းက သူတို့ကိုမဝယ်ဘဲ တတ်နိုင်သမျှ အဝေးမှာဘဲနေကြတယ်"

ရှောင်ယုသည် ဝေမင်းကိုကြည့်ကာ ရယ်မောလိုက်သည်။

"ဘေးဒုက္ခလား...ကံဆိုးမှုလား...သူမကငါ့ကိုကံဆိုးစေမလားဆိုတာ ငါတော်တော်သိချင်နေပြီ...မင်းကသူတို့ရဲ့အထောက်အထားကိုသိထားပုံရတယ်...သူတို့ရဲ့ဇာစ်မြစ်ကဘာလဲ"

ရှောင်ယုသည် ထိုကဲ့သို့သောယုံတမ်းစကားများကို မည်သည့်အခါကမှယုံကြည်ခဲ့ခြင်းမရှိပေ။ဝေမင်းသည် ထိုကောင်မလေး၏နောက်ခံအထောက်အထားကို သိရှိထားသည်မှာ ထင်ရှားပေသည်။ထိုကောင်မလေးသည် ဒဏ္ဍာရီလာသွေးနတ်သူငယ်မဟုတ်ဘဲ အခြားတစ်ခုဟုပင်ထင်မှတ်ရသည်။

"သူတို့ဘိုးဘေးတွေက ရှေးခေတ်ကနတ်ဝိဇ္ဇာတွေလို့ ဆိုစမှတ်ရှိကြတယ်...ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပြောင်းလဲလာပြီးတော့ သူတို့ကအန္တာရယ်များတဲ့သတ္တဝါတွေဖြစ်လာကြတယ်...သူတို့ကဒဏ္ဍာရီလာနာဂတွေလိုပုံစံမျိုးဘဲ"

ဝေမင်းက သူသိထားသမျှကိုရှင်းပြလိုက်သည်။

ဝေမင်း၏စကားကြောင့် ရှောင်ယုကမျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါကအန္တာရယ်များလား..."

ဝေမင်းသည် ကူကယ်ရာမဲ့စွာခေါင်းခါပြလိုက်သည်။

"အရှင်...မင်းကသူတို့ရဲ့စွမ်းအားကိုမကြုံတွေ့ဖူးသေးဘူး....မင်းသာသိရင်အဲလိုစကားကိုပြောမှာမဟုတ်ဘူး...တော်တော်များများကသူတို့တွေကိုလိင်ကျွန်အဖြစ် ပြောင်းလဲဖို့ကြိုးစားခဲ့ကြတယ်...ဒါပေမဲ့သူတို့ဟာ အဲလိုလုပ်ပြီးပြီးချင်းအချိန်တစ်ညပဲ အသက်ရှင်ခဲ့ပြီးသေဆုံးသွားခဲ့ကြတယ်...အဲ့လူတွေမှာထူးဆန်းတဲ့ကိစ္စတွေအများကြီးဖြစ်ပျက်လာခဲ့တယ်...သူတို့နဲ့အတူတူရှိနေခဲ့ကြတဲ့ယောကျ်ားတိုင်းက ကောင်းမွန်တဲ့အဆုံးသတ်ကိုမကြုံတွေ့ခဲ့ရဘူး"

ရှောင်ယုက ခဏလောက်စဉ်းစားကာ ပြန်ပြောလိုက်သည်။

"ငါကသူ့ကိုအိမ်မွှေးတိရစ္ဆာန်တစ်ယောက်လို အသုံးပြုဖို့မရည်ရွယ်ထားပါဘူး...ငါသူနဲ့စကားပြောချင်တယ်....သူမက်ိုအခန်းထဲခေါ်သွားလိုက်"

"အရှင်...မင်းအဲလိုလုပ်လို့မရဘူး...အဲ့ဒါကအရမ်းအန္တာရယ်များလွန်းတယ်...သူမနဲ့တစ်ယောက်တည်းအတူနေလို့မသင့်တော်ဘူး..."

ရှောင်ယုသည် ထိုကောင်မလေးကိုအခန်းထဲသို့ ပြန်ခေါ်သွားလိုသည်အားမြင်တွေ့လိုက်ချိန်တွင် ဝေမင်းသည်အလန့်တကြားဖြစ်ကာ တားဆီးခဲ့သည်။ဝေမင်း၏အဆိုအရ လူတော်တော်များများသည် သူမတို့အားမြည်းစမ်းကြည့်ရန် ကြိုးပမ်းခဲ့သော်လည်း မည်သူကမှထိုညကိုကျော်လွန်၍မရှင်သန်နိုင်ခဲ့ကြပေ။

ထိုသို့ထူးဆန်းသောအမျိုးသမီးများကို နတ်ဆိုးအဖြစ်သတ်မှတ်ထားကြပြီး အနောက်တိမ်တိုက်အင်ပါယာတွင် အမှောင်ထုအဖြစ်သတ်မှတ်ထားကြသည်။

"စိတ်မပူပါနဲ့...တိုင်ရန်ဒီကငါ့အနားမှာရှိနေလိမ့်မယ်"

ရှောင်ယုသည် ဝေမင်းအားနှစ်သိမ့်ပေးလိုက်သည်။

ထိုကောင်မလေးကသာ နတ်သူငယ်များမှဆင်းသက်လာသည်ဆိုပါက တိုင်ရန်ဒီအားအသိအမှတ်ပြုမည်ဖြစ်သည်။သွေးနတ်သူငယ်များနှင့် ညနတ်သူငယ်များသည် မတူညီသောလမ်းကြောင်းကိုရွေးချယ်ခဲ့ကြသော်လည်း သူတို့အားလုံးသည်တူညီသောဘိုးဘေးများမှ ဆင်းသက်လာခြင်းဖြစ်သည်။

ရှောင်ယုသည် သူ၏အခန်းထဲသို့ဝင်သွားစဉ် ကောင်မလေးကနောက်မှလိုက်လာခဲ့သည်။တိုင်ရန်ဒီသည်လည်း အခန်းထဲသို့ဝင်လာခဲ့သည်။

တိုင်ရန်ဒီသည် ထိုမိန်းကလေးကိုမြင်သောအခါ တုန်လှုပ်သွားခဲ့သည်။

"လနတ်သမီး...မင်းကသွေးနတ်သူငယ်တစ်ယောက်လား"

တိုင်ရန်ဒီ၏အသံက်ိုကြားချိန်တွင် ကောင်မလေးကလည်း ချက်ချင်းမေးမြန်းလိုက်သည်။

"မင်းက ညနတ်သူငယ်တစ်ယောက်လား"

တိုင်ရန်ဒီသည် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...ငါကတိုင်ရန်ဒီပဲ ညမျိုးနွယ်စုရဲ့ခေါင်းဆောင်လည်းဖြစ်တယ်...မင်းဘာလို့ဒီလိုဖြစ်လာခဲ့တာလဲ...မင်းရဲ့ခန္ဓာကိုယ်ထဲကသွေးဟာ သန့်စင်တဲ့သွေးနတ်သူငယ်နဲ့ဆက်စပ်နေတယ်လို့ ငါခံစားမိတယ်...ဒါကလူသားနဲ့သွေးနတ်သူငယ်တို့မျိုးစပ်ထားသလိုပဲ"

ထိုမိန်းကလေးသည် တိုင်ရန်ဒီ၏အမေးကြောင့် သူမ၏မျက်နှာပေါ်၌ ရှုပ်ထွေးနေသောအမူအရာများဖြစ်ပေါ်လာခဲ့ကာ သက်ပြင်းချမိလိုက်သည်။

"ညမျိုးနွယ်စုက မှော်ပညာကိုစွန့်လွှတ်ခဲ့တာကြာပြီဆိုပေမဲ့ အဲ့ဒါကမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်....ဒါပေမဲ့ငါတို့ကတော့မမှန်ကန်တဲ့ရွေးချယ်မှုဖြစ်နိုင်တယ်...မှော်ပညာကြောင့်ငါတို့က ကြီးမားတဲ့စွမ်းအားကိုပိုင်ဆ်ိုင်ခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ ငါတို့ဟာကျိန်စာသင့်ခဲ့ရတယ်...ငါတို့ကမှော်ပညာကိုအချိန်အကြာကြီးသင်ယူလာခဲ့တာကြောင့် စွန့်လွှတ်ဖို့မဖြစ်နိုင်တော့ဘူး...ဒါပေမဲ့ မှော်အရင်းအမြစ်မရှိတော့တဲ့အခါ ငါတို့ရဲ့ သွေးတွေဟာခမ်းခြောက်လာခဲ့ပြီး ငါတို့သက်တမ်းလျော့ကျလာမှုနဲ့အတူ ငါတို့ရဲ့အသွင်အပြင်ဟာလည်း ပြောင်းလဲလာခဲ့တယ်...ငါကသန့်စင်တဲ့သွေးနတ်သူငယ်ဖြစ်ပေမဲ့ မှော်အရင်းအမြစ်မရှိတော့တာကြောင့် ငါကအရင်သွေးနတ်သူငယ်တွေလောက် အစွမ်းထက်တော့မှာမဟုတ်ဘူး..."

တိုင်ရန်ဒီသည် ကောင်မလေး၏စကားက်ိုနားထောင်ပြီးနောက် သက်ပြင်းချကာခေါင်းညိတ်မိလိုက်သည်။သူတို့ညနတ်သူငယ်များပင် နှစ်ပေါင်းများစွာဒုက္ခခံနေခဲ့ရ၍ သွေးနတ်သူငယ်များဆိုလျှင် ပိုမိုဆိုးရွားနိုင်သည်။

သွေးနတ်သူငယ်များသည် မှော်အရင်းအမြစ်ပေါ်မူတည်၍ သူတို့၏သွေးကိုစွမ်းအင်ပေးရသည်။သူတို့သည် သွေးစုပ်ဖုတ်ကောင်များကဲ့သ်ို့ သူတို့အသက်ရှင်နေထိုင်ရေးအတွက် သွေးများကိုလိုအပ်ပြီး နေရောင်ခြည်ကိုလည်းလိုအပ်ပေသည်။

သို့သော်လည်း ဟ်ိုးယခင်ကနေရေတွင်းများ ဖျက်ဆီးခံရပြီးနောက် သူတို့၏မှော်အရင်းအမြစ်သည်ကုန်ဆုံးသွားခဲ့သည်။

ရှောင်ယုက ထိုကောင်မလေးသည် သွေးနတ်သူငယ်အစစ်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။သို့သော် မှော်အရင်းအမြစ်များကုန်ဆုံးလာ၍ ရေရှည်တွင်ဤသို့ဖြစ်လာခဲ့ခြင်းဖြစ်သည်။

"မင်းနာမည်ကိုဘယ်လိုခေါ်ရမလဲ..."

ရှောင်ယုကမေးမြန်းလိုက်သည်။

ကောင်မလေးသည် ရှောင်ယုအားကြည့်ကာ မျက်မှောင်ကြုတ်၍ ခြိမ်းခြောက်လိုက်သည်။

"ငါ့နာမည်က ကယ်လီ...ငါ့ကိုလိင်ပ်ိုင်းဆိုင်ရာအိမ်မွှေးတိရစ္ဆာန်အဖြစ်လုပ်ဖို့ကြံစည်ထားတယ်ဆိုရင် ငါမင်းကိုသတိပေးလိုက်မယ်...ငါတို့သွေးနတ်သူငယ်တွေဟာ အရင်ကလိုမှော်ဆရာတွေလောက် မသန်မာတော့ပေမဲ့ ငါတို့ရဲ့လက်ကျန်သွေးတွေက မှော်စွမ်းအင်တွေကိုထိန်းသိမ်းထားနိုင်ဆဲပဲ...မွေးခါစသွေးနတ်သူငယ်တွေတောင် သူတို့ရဲ့မှော်စွမ်းအင်ကြောင့် ပတ်ဝန်းကျင်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တယ်...အဲ့ဒါကြောင့်ငါတို့အပေါ် အကြံဆိုးရှိသူတွေအပေါ်သတ်ဖြတ်ဖို့ဆိုတာ ငါတို့အတွက်မခက်ခဲဘူး..."

ကယ်လီ၏စကားကိုကြားချိန်တွင် အနောက်တိမ်တိုက်အင်ပါယာမှလူများသည် အဘယ်ကြောင့်သူမတို့အား နတ်ဆိုးဟုခေါ်ရသည်ကို ရှောင်ယုနားလည်သွားခဲ့သည်။သူမတို့သည်လှပကာ မွန်မြတ်သန့်စင်သောအသွင်အပြင်ရှိသော်လည်း သူတိူ့အပေါ်အကြံဆိုးရှိသူများကို ညှာတာထောက်ထားနေမည်မဟုတ်ပေ။သူတို့သည် အကြံဆိုးရှိနေသူများကိုသတ်ဖြတ်ရန် အခြေခံသွေးမှော်ကိုအသုံးပြုလေ့ရှိကြသည်။

သွေးနတ်သူငယ်များသည် လက်ရှိအချိန်၌ အစွမ်းထက်သည့်မှော်ပညာကိုအသုံးမပြုနိင်သော်လည်း မှော်စွမ်းအင်ပါဝင်သည့်သွေးကို အမွေဆက်ခံနိုင်ကြသည်။အမျိုးသမီးများသည် ဤကိစ္စတွင် ယောကျ်ားများ၏ခန္ဓာကိုယ်အား ပိုမိုထိန်းချုပ်နိုင်သည့်အတွက်ကြောင့် သူမတို့အားဖျက်ဆီးရန်ကြံစည်သူတိုင်း ချက်ချင်းသေဆုံးသွားကြမည်ဖြစ်သည်။

"ငါကအဲလိုလူတစ်ယောက်လို့ မင်းထင်နေတာလား...ငါသာတကယ်လုပ်ချင်ရင် မင်းရဲ့မှော်စွမ်းအင်သေးသေးလေးကိုဂရုမစိုက်ဘဲ မင်းကိုခေါ်သွားဖို့ နည်းလမ်းပေါင်းရာနဲ့ချီကို အသုံးပြုနိုင်တယ်...ငါကမင်းကိုဝယ်ခဲ့တာဘာလို့ထင်လဲ...မကြာခင်မှာဘဲ သွေးနတ်သူငယ်တွေက ငါ့အပေါ်ကိုသစ္စာစောင့်သိလာကြလိမ့်မယ်...ငါကသူတို့ရဲ့အရှင်အနေနဲ့ မင်းကိုကယ်တင်ခဲ့တာပုံမှန်ပါဘဲ"

ရှောင်ယုသည် ခေါင်းကိုမြောက်လိုက်ပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဘေးဘက်သို့လှည့်ကြည့်လိုက်သည်။ရှောင်ယုသည် ထိုစက္ကန့်ပိုင်းလေးအတွင်း၌ ကယ်လီ၏ရင်ဘတ်က်ိုအမိအရချောင်းကြည့်နိုင်လိုက်သည်။

"မင်းကိုယ်မင်းဘာထင်နေတာလဲ...မြင့်မြတ်တဲ့သွေးနတ်သူငယ်တွေက လူသားတစ်ယောက်က်ိုသစ္စာခံလိမ့်မယ်လို့ မင်းထင်နေတာလား..."

ကယ်လီသည် ရှောင်ယုအားမထီမဲ့မြင်ပြုသည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းအမေပဲ...ဒီနတ်သူငယ်တွေကတော့"

ရှောင်ယုသည် ရူးမတတ်ဒေါသထွက်သွားခဲ့သည်။သူသည် သနားကရုဏာပြကာ သူမကိုကယ်တင်ခဲ့သော်လည်း သူမကကျေးဇူးကန်းသောသားရဲတစ်ကောင်ကဲ့သ်ို့ သူ့ရှေ့တွင်မြင့်မြတ်စွာပြုမူနေခဲ့သည်။

ထိုနတ်သူငယ်များက သူတို့သည်ဤတိုက်ကြီးပေါ်၌ ဂုဏ်သိက္ခာအရှိဆုံး မျိုးနွယ်ဖြစ်သည်ဟုယူဆထားကြသည်။

"လနတ်ဘုရားရဲ့အမည်နာမနဲ့ ငါကျိန်ဆိုတယ်...ညနတ်သူငယ်တွေရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါကသူ့က်ိုသစ္စာစောင့်သိဖို့ကတိခံခဲ့ပြီးပြီ...မင်းသားကဲလ်သက်ကလည်း သူ့ကိုမကြာခင်ရောက်လာပြီး သူ့က်ိုသစ္စာစောင့်သိလိမ့်မယ်"

"မင်းဘာပြောလိုက်တာလဲ...အရှင်ကဲလ်သက်ပြန်ရောက်လာမှာလား...."

ကဲလ်သက်၏အမည်ကိုကြားသောအခါ ကယ်လီသည်အလွန်တုန်လှုပ်သွားခဲ့သည်။သူမသည်ရှောင်ယုကို လုံးဝမယုံကြည်သော်လည်း တိုင်ရန်ဒီကဲ့သို့ နတ်သူငယ်တစ်ယောက်ကသူမကိုလိမ်မည်မဟုတ်ကြောင်း သူမနားလည်ပေသည်။တိုင်ရန်ဒီသည် ညနတ်သူငယ်ဖြစ်သော်လည်း သူမ၏မျက်လုံးထဲတွင် တန်းတူဖြစ်ပေသည်။

ကယ်လီအမြင်တွင် ရှောင်ယုသည် အဆင့်အနိမ့်ဆုံးသော သက်ရှိသတ္တဝါဖြစ်သည်။

တိုင်ရန်ဒီက ရှောင်ယုအားခေါင်းညိတ်ပြလိုက်သည်။

"သူက ငါ့ကိုပြန်လည်ဆင့်ခေါ်ထားတာကြောင့် ကဲလ်သက်ကိုလည်းသူမကြာခင်ကျိန်းသေပေါက်ဆင့်ခေါ်လိမ့်မယ်"

"တကယ်လား...သူတကယ်ပြန်လာမှာလား..."

ကယ်လီ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။

ရှောင်ယုသည် မျိုးနွယ်ဝင်များ၏ ပရောဖက်ပြုချက်ကို ပြန်လည်တွေးတောနေခဲ့သည်။

အခန်း ၂၂၂ - တောဝက်ရိုင်းများ

"ဟုတ်တယ်...ဒါကကံတရားရဲ့အလိုပဲ"

တိုင်ရန်ဒီသည် တိုးတိုးလေးရေရွတ်လိုက်သည်။

ရှောင်ယုသည် တိုင်ရန်ဒီ၏အပြုအမူတိုင်းကို အစဉ်ဂရုစိုက်နေသောကြောင့် သူမ၏ဉာဏ်ရည်ဉာဏ်သွေး တဖြည်းဖြည်းတိုးတက်လာကြောင်း သူသိရှိလိုက်သည်။အချိန်ကြာလာသည်နှင့်အမျှ သူမသည် အတိတ်မှမှတ်ဉာဏ်များကို ပြန်လည်အမှတ်ရလာမည်ဖြစ်ကြောင်း ရှောင်ယုခံစားမိသည်။

"သူက မင်းသားကဲလ်သက်ကိုပြန်လည်ဆင့်ခေါ်န်ိုင်မည့် အကြီးမြတ်ဆုံးအရှင်သခင်လို့ဆိုလိုချင်တာလား...သာမန်လူသားတစ်ယောက်က အဲဒါကိုဘယ်လ်ိုလုပ်နိုင်မှာလဲ..."

ကယ်လီသည် တိုင်ရန်ဒီ၏စကားကိုကြားပြီနောက် မယုံကြည်နိုင်သည့်အကြည့်ဖြင့် ရှောင်ယုကိုလှမ်းကြည့်လိုက်သည်။

"တော်လောက်ပြီ ကောင်မလေး...မင်းရဲ့အပြောအဆိုနဲ့အပြုအမူတွေကိုသေချာထိန်းသိမ်းပါ...ငါမမြင်ယောင်ဆောင်ထားပေမဲ့ မင်းသာငါ့ကိုအဲလိုမျိုးထပ်ခေါ်လို့ရှိရင် မင်းကိုမှင်စာတွေနဲ့ပြည့်နှက်နေတဲ့လှောင်အိမ်ထဲမှာ အချိန်ကုန်ဆုံးခိုင်းလိုက်မယ်...အဲ့ချိန်ကျမင်းရဲ့မြင့်မြတ်တဲ့အသွင်အပြင်ကို ထိန်းထားနိုင်မလားငါစောင့်ကြည့်နေမယ်"

ရှောင်ယုသည် ကယ်လီ၏အပြုအမူကို ဆက်လက်သည်းမခံနိုင်တော့ပေ။သူမသည် သွေးနတ်သူငယ်တစ်ယောက်ဖြစ်လျင်တောင်မှ သူမ၏မောက်မာမှုကိုဖိနှိပ်ရတော့မည်ဖြစ်သည်။

ရှောင်ယု၏စကားကိုကြားချိန်တွင် ကယ်လီ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။သူမသည် သေခြင်းတရားကိုမကြောက်သော်လည်း မြင့်မြတ်သောသွေးနတ်သူငယ်တစ်ယောက်အနေဖြင့် ထိုကဲ့သ်ို့အရှက်ခွဲမှုကိုလက်မခံနိုင်ပေ။ကျွန်ကုန်သည်များသည် သူမအားဖမ်းမိခဲ့သော်လည်း စျေးကောင်းရရှိရန်အတွက် သူမ၏သန့်ရှင်းစင်ကြယ်မှုကိုထိန်းသိမ်းထားခဲ့သည်။အကယ်၍ ကျွန်ကုန်သည်များကသာ သူမကိုထိုသို့ပြုမူလာလျှင် ကယ်လီသည်သတ်သေမိမှာဖြစ်သည်။

ယခုအခါရှောင်ယုသည် အလွန်ဒေါသထွက်နေပြီး သူပြောသည့်အတိုင်း အမှန်တကယ်လုပ်ဆောင်မည်ဖြစ်ကြောင်း ကယ်လီနားလည်လိုက်၍ စကားတစ်ခွန်းမှထပ်မပြောတော့ဘဲ နှုတ်ဆိတ်နေခဲ့သည်။

"တိုင်ရန်ဒီ...သူနဲ့သေချာစကားပြော...အခြားသွေးနတ်သူငယ်တွေရှိသေးရင် ငါသူတို့ကိုသိမ်းသွင်းဖို့ကြိုးပမ်းရမယ်"

ထို့နောက် ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် အခန်းထဲမှထွက်ခွာသွားခဲ့သည်။

သူသည် သွေးနတ်သူငယ်များကိုသိမ်းသွင်းရန်ထက် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို ရှင်းလင်းရမယ့်ကိစ္စကို ပိုမိုဦးစားပေးပေသည်။မှင်စာများ၏ အင်ဂျင်နီယာစာအုပ်များသည် သွေးနတ်သူငယ်များထက်များစွာပိုမိုအရေးကြီးပြီး သူ၏စွမ်းအားကိုအဆင့်တစ်ခုထိ တိုးတက်စေမည်ဖြစ်သည်။

သွေးနတ်သူငယ်များသည် မှော်ပညာရပ်၌ကျွမ်းကျင်သူများဖြစ်သော်လည်း ရှောင်ယု၏တိုက်ပွဲစွမ်းအားအတွက် မှော်စွမ်းအားအနည်းငယ်ကိုပေါင်းထည့်ရုံဖြင့် မပြောင်းလဲနိုင်ပေ။သို့သော် မှင်စာများ၏နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည် ခေတ်တစ်ခုကိုပင် ပြောင်းလဲစေနိုင်သောဂယက်ရိုက်ခတ်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၁ရာစုမှရောက်ရှိလာသောရှောင်ယုသည် စစ်မြေပြင်၌ စွမ်းအားကြီးသောလက်နက်များအားအသုံးပြုမူကို အလွန်ရင်းနှီးသူတစ်ယောက်ဖြစ်သည်။ယခုအချိန်တွင် အစီအစဉ်ဆွဲနေသည့်အခြေအနေသာရှိသေး၍ အရာအားလုံးအောင်မြင်မည်ဟု ရှောင်ယု တပ်အပ်မပြောရဲပေ။စစ်မှန်သောအစွမ်းထက်နည်းပညာကိုဖန်တီးရန်မှာ အချိန်များစွာလိုအပ်ပေသည်။ထို့ပြင် ဤကမ္ဘာရှိမှော်သခင်များ၏အစွမ်းသည် အဏုမြူဗုံးများကဲ့သို့ပြင်းထန်ပေသည်။

ဆရာကြီးသီအိုဒိုးသည် အဏုမြူဗုံးနှင့်တန်းတူညီမျှပေသည်။မှင်စာအင်ဂျင်နီယာတစ်ဦးသည် ဆရာကြီးသီအိုဒိုးကဲ့သို့အစွမ်းထက်သည့် မည်သည့်အရာကိုမှ မဖန်တီးနိုင်ပေ။မည်သို့ပင်ဆိုစေကာမူ သူတို့သည်ဗုံးများ၊ရိုင်ဖယ်များနှင့် သာမန်လူများအသုံးပြုနိုင်သော လက်နက်များကို ထုတ်လုပ်နိုင်ခဲ့ပါက ရှောင်ယုသည်စစ်မြေပြင်တွင် ကြီးမားသည့်အရှိန်အဟုန်အားရရှိမည်ဖြစ်သည်။

ထို့ပြင် ဤအရာများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်မည်ဆိုပါက သူတို့၏ခွန်အားသည် ရာနှင့်ချီသောမှော်ဆရာများ၏ အစွမ်းထက်မှော်မန္တန်အသုံးပြုမှုနှင့်ညီမျှမည်ဖြစ်သည်။ထို့ပြင် သာမန်လူများသည်ပင် ဤလက်နက်များကိုအသုံးပြုနိုင်ပေသည်။မှော်ဆရာများကို ပြုစုပျိုးထောင်ရခြင်းသည် အချိန်နှင့်အရင်းအမြစ်များစွာကုန်ကျကာ ခက်ခဲမှုများနှင့်ပြည့်နှက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။သို့သော် ရိုးရှင်းသည့်လက်နက်များသည် လမ်းလျှောက်တတ်ကာစ ကလေးငယ်များသည်ပင် အလွယ်တကူအသုံးပြုနိုင်ပေသည်။

...

...

နောက်တစ်နေ့တွင် ရှောင်ယုသည် မြေခွေး၊မြင်းတပ်သား၄၀၀ ၊ ခြေလျင်တပ်သား၅၀၊တိုင်ရန်ဒီ၊လီအာ၊ဂရင်း၊အန်တိုနီဒက်စ်၊ဆုရှာတို့နှင့်အတူ မြင့်မြတ်သောမှင်စာတို့၏ အမွေအနှစ်နယ်မြေရှိရာသို့ က်ိုယ်တိုင်သွားရောက်ခဲ့သည်။

ထိုတောင်ချိုင့်ဝှမ်းသည် ရတ်ချက်မြို့နှင့် နှစ်ရက်ခရီးအကွာ၌တည်ရှိပေသည်။သူတို့သည် ထိုနေရာသို့သွားရာလမ်းတလျှောက်တွင် ကျားအုပ်စုတစ်ခု၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ထိုကျားများသည် သူတို့အားအန္တာရယ်မဖြစ်စေသော်လည်း အနောက်တိမ်တိုက်အင်ပါယာ၏ ရှုပ်ထွေးပွေလီသောမြက်ခင်းပြင်ဒေသစရိုက်ကို ဖော်ပြနေပေသည်။သူတို့နေရာတွင် သာမန်အုပ်စုတစ်ခုသာဆိုပါက ရက်စက်ကြမ်းတမ်းသောကျားရိုင်းများ၏ တိုက်ခိုက်မှုကြောင့် ဒုက္ခများစွာကြုံတွေ့ရမည်ဖြစ်သည်။သူတို့သွားရာလမ်းတလျှောက်တွင် ကျားရိုင်းများအပြင် ခြင်္သေ့ကင်းမြီးကောက်များနှင့်အခြားရှာဖွေတွေ့ရှိရန်ခက်ခဲသော သားရဲများကိုတစ်စုတစ်စည်းတည်းတွေ့ရှိခဲ့ရသည်။

"ဟိုမှာ...အဲ့ဒီတောင်ချိုင့်ဝှမ်းက ငါတို့ရဲ့မြင့်မြတ်တဲ့အမွေအနှစ်နယ်မြေပဲ..."

ဖော်ရာသည် အဝေးတစ်နေရာမှ တောင်တန်းများကိုညွန်ပြင်ရင်း စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။ဖော်ရာသည် သူအသက်ရှင်သန်နေစဉ်အတွင်း ဤနေရာသို့တစ်ခေါက်ပြန်လာရမည်ဟု မထင်မှတ်ထားခဲ့ပေ။

ရှောင်ယုသည် အဝေးရှိတောင်တန်းများကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ထိုနေရာသည် အမှန်တကယ်ပင် ဖုန်းဆိုးမြေတစ်ခုဟုထင်မှတ်ရသော်လည်း နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် နယ်မြေအနေအထားသည် ပြောင်းလဲသွားခဲ့ပုံရသည်။

ရှောင်ယုသည် တိုင်ရန်ဒီအား ရှေ့သို့ကင်းထောက်အဖြစ်စေလွှတ်ကာ အချက်အလက်များကိုစုဆောင်းခိုင်းလိုက်သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အလွန်လျင်မြန်ကြပြီး အချိန်မရွေးထွက်ပေါ်လာန်ိုင်ရာ တိုင်ရန်ဒီသည်ဤနေရာ၌သင့်တော်ပေသည်။

တိုင်ရန်ဒီ၏ကျားဖြူသည်လည်း သူတို့နှင့်အတူပါလာခဲ့သည်။ယခင်က တိုင်ရန်ဒီသည်သူမ၏အထောက်အထား မပေါ်ပေါက်စေရန်အတွက် ၎င်းကိုထုတ်မသုံးခဲ့ပေ။ဤကမ္ဘာပေါ်တွင် ကျားဖြူနှင့်ကျားသစ်များကို စီးနင်းကောင်အဖြစ်အသုံးပြုနိုင်သည်မှာ နတ်သူငယ်များသာရှိပေသည်။

တိုင်ရန်ဒီ၏ကျားဖြူသည် တိုင်ရန်ဒီအဆင့်တက်လာသည်နှင့်အမျှ အလွန်လျင်မြန်ကာ အစွမ်းထက်လာခဲ့သည်။သာမန်ဒုတိယအဆင့်သူရဲကောင်းသည်ပင် ကျားဖြူအားမယှဉ်ပြိုင်နိုင်ပေ။တိုင်ရန်ဒီသည် ကျားဖြူအားစီးနင်းထား၍ လေကဲ့သို့မြန်မြန်ဆန်ဆန်သွားလာလှုပ်ရှားနိုင်သည်။

နာရီဝက်ခန့်အကြာတွင် တိုင်ရန်ဒီပြန်ရောက်လာကာ သူမမြင်တွေ့ခဲ့သူတို့အား သတင်းပို့လာခဲ့သည်။

"ဘယ်လို...တောဝက်ရိုင်းတွေဟုတ်လား...ဘာလို့အဲ့ကောင်တွေရှိနေတာလဲ...မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေကို မတွေ့ခဲ့ဘူးလား"

သူတို့၏အရှေ့တွင် တောဝက်ရိုင်းများရှိနေသည်ဟု သတင်းရလိုက်ချိန်တွင် ရှောင်ယုအံ့အားသင့်သွားခဲ့သည်။

တိုင်ရန်ဒီကဆက်ပြောလိုက်သည်။

"ရှေ့မှာ တောဝက်ရိုင်းမျိုးနွယ်စုတစ်ခုရှိနေတာအမှန်ပဲ...ကြည့်ရတာချိုင့်ဝှမ်းထဲကိုဝင်ရောက်ဖို့အတွက် အခြားတစ်ဖက်မှာဝင်ပေါက်ရှိနေပုံရတယ်"

ထိုအချိန်တွင် ဖော်ရာကဝင်ရောက်ပြောဆိုလိုက်သည်။

"ဒီတောဝက်ရိုင်းတွေက မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေရဲ့ကျွန်တွေဖြစ်ရမယ်...သူတို့ကမြင်းတစ်ပိုင်းလူတစ်ပိုင်းတွေလောက်မဆိုးပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့လူသတ်သမားတွေပဲ"

တောဝက်ရိုင်းများသည် ရှောင်ယု၏တပ်များကိုခြိမ်းခြောက်နိုင်စွမ်းမရှိပေ။သို့သော်လည်း ၎င်းတို့အားတိုက်ခိုက်ခြင်းသည် ချိုင့်ဝှမ်းအတွင်းရှိ မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို သတိပေးလိုက်နိုင်ခြေရှိသည်။ထိုသ်ို့သောအခြေအနေတွင် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သူတို့ထက်အရေအတွက်ပိုများနေပါက ဒုက္ခရောက်သွားမှာဖြစ်သည်။

"လီအာနဲ့ဂရင်း...ချိုင့်ဝှမ်းထဲကိုဝင်ပြီးတော့ အထဲမှာမြင်းတစ်ပိုင်းလူတစ်ပိုင်းတွေ ဘယ်လောက်ရှိလဲစုံစမ်းခဲ့"

ရှောင်ယုသည် ချက်ချင်းအမိန့်ပေးလိုက်သည်။

နာရီဝက်ခန့်ကြာပြီးနောက် ဂရင်းနှင့်လီအာတို့နှစ်ယောက်လုံး ပြန်ရောက်လာခဲ့ကာ လီအာကရှောင်ယုကိုတင်ပြလိုက်သည်။

"အထဲမှာ မြင်းတစ်ပိုင်းလူတစ်ပိုင်း၁၀၀၀ကျော်လောက်တွေ့ခဲ့တယ်...အဲ့ထက်ပိုရင်လည်းပ်ိုန်ိုင်တယ်...ဘာလို့အဲလိုပြောရတာလဲဆိုတော့ ချိုင့်ဝှမ်းထဲမှာလှိုဏ်ဂူတစ်ခုတွေ့ခဲ့လို့ပဲ...အဲ့အထဲမှာမြင်းတစ်ပိုင်းလူတစ်ပိုင်းတွေ ထပ်ရှိနေနိုင်တယ်"

ရှောင်ယုသည် လီအာ၏တင်ပြချက်ကိုနားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ထို့နောက်မျက်မှောင်ကြုတ်ရင်း သင့်တော်သည့်နည်းဗျူဟာတစ်ခုက်ို စဉ်းစားခဲ့သည်။

"မေ့လိုက်တော့ ဘယ်သူကတောဝက်ရိုင်းတွေကို ဂရုစိုက်နေမှာလဲ...သူတို့နဲ့တိုက်ခိုက်ပြီး နောက်ပိုင်းဖြစ်လာတာတွေကို စောင့်ကြည့်ရင်း အစီအစဉ်ဆွဲရမှာပဲ"

ရှောင်ယုသည် ပထမဦးစွာ တောဝက်ရိုင်းများကိုရှင်းလင်းပြီးနောက် ချိုင့်ဝှမ်းအတွင်းရှိ မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို သတ်ဖြတ်ရန်ဆုံးဖြတ်လိုက်သည်။သူ၏မြင်းတပ်သားများနှင့်ခြေလျင်တပ်သားများသည် အမာခံချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့်အတွက်ကြောင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများက သူတို့အတွက်များစွာဒုက္ခရောက်စေမှာမဟုတ်ပေ။ထို့ပြင် အချိန်အကြာကြီးခရီးနှင်လာပြီး ပန်းတိုင်သို့ရောက်ချိန်မှ နောက်ဆုတ်လိုက်ပါကကြိုးစားအားထုတ်မှုများ အလဟဿဖြစ်ကုန်မည်ဖြစ်သည်။

All Chapters