← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း ၂၂၃ - မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့်တိုက်ခိုက်ခြင်း

"အသင့်ပြင်ကြ..."

ရှောင်ယုသည် သူ၏တပ်သားများအပေါ် ရွှေရောင်အလင်းတန်းများကိုလွှမ်းခြုံစေလိုက်ကာ ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။

ရှောင်ယုသည် မြင်းတပ်များအပေါ် ခွန်အားတိုးမြင့်စေရန်အတွက် ကောင်းချီးပေးလိုက်ပြီးနောက် မြင်းတပ်သားများသည် ယခင်ကထက်ပိုမိုအစွမ်းထက်သွားခဲ့သည်။

ထိုသို့ကောင်းချီးပေးနိုင်ခြင်းကြောင့် ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို ကြောက်ရွံ့မှုမရှိခြင်းဖြစ်သည်။သူ၏ကောင်းချီးသည် သာမန်လူသားတပ်သားများကို နှစ်ဆနီးပါးခန့်ခွန်အားတိုးမြင့်စေနိုင်သည်။တတိယအဆင့်သို့ရောက်ရှိနေသည့် အလင်း၏ကောင်းချီးသည် လူသားတပ်သားတစ်ဦး၏ခွန်အားကို ၆၀ရာခိုင်နှုန်းတိုးမြင့်ပေးနိုင်သည်။ဆိုလ်ိုသည်မှာ မြင်းတပ်သားများ၏စွမ်းအားသည် နှစ်ဆကျော်တိုးတက်လာပြီးနောက် ရန်သူများအားချက်ချင်းသတ်ဖြတ်နိုင်မည်ဖြစ်သည်။

အင်အားကြီးမားသည့် ခြေလျင်တပ်သားများသည် ကောင်းချီးပေးခံရပြီးနောက်တွင် တောဝက်ရိုင်းများကိုမဆိုနှင့် သူရဲကောင်းများကိုပင်ရင်ဆိုင်နိုင်သည်။တောဝက်ရိုင်းများသည် ကုန်သည်ယာဉ်တန်းအနည်းငယ်ကို လုယက်တိုက်ခိုက်ကာ သာမန်လူသားများကိုသာ သတ်ဖြတ်ဖူးသူဖြစ်သည်။သို့သော်လည်း ရှောင်ယု၏မြင်းတပ်သားများက သူတို့အားလာရောက်တိုက်ခိုက်သည်ဟုမြင်သောအခါ အံ့သြတုန်လှုပ်သွားခဲ့ကြသည်။

ဘန်း..ဗုံး

မြင်းတပ်သားများသည် သူတို့၏ဓားရှည်များကိုဝှေ့ယမ်း၍ တောဝက်ရိုင်း ၁၀ကောင်ခန့်ကိုသတ်ဖြတ်လိုက်ကြသည်။သာမန်အမာခံမြင်းတပ်သားများသည် သူရဲကောင်းများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ဤကမ္ဘာတွင် အမာခံမြင်းတပ်သားများအသုံးပြုကြသည့် လက်နက်များမှာ ရန်သူများ၏ခုခံမှုကိုထိုးဖောက်ရန်အသုံးများသည့် လှံရှည်ကြီးများဖြစ်ကြသည်။

သို့သော်လည်း မြင်းတပ်သားများ၏အရှိန်အဟုန်သာနှေးကွေးပါက လှံရှည်များ၏ထိရောက်မှုသည် အလွန်လျော့ကျသွားမည်ဖြစ်သည်။သို့သော်လည်း သေချာနှိုင်းယှဉ်ကြည့်မည်ဆိုပါက အမာခံမြင်းတပ်သားများသည် တစ်ဦးချင်းတိုက်ခိုက်မှုမှလွဲလျင် အားနည်းချက်များစွာမရှိပေ။

ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် တောဝက်ရိုင်းများသည် မည်သို့မှတန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ထွက်ပြေးရုံသာတတ်နိုင်ခဲ့သည်။သ်ို့သော်လည်း သူတို့ထဲမှအများစုသည် မြင်းတပ်သားများ၏သတ်ဖြတ်မှုကို ခံလိုက်ရသည်။အချိန်အချို့ကြာပြီးနောက်တွင် တောဝက်ရိုင်းများသည် သူတို့၏လက်နက်များကိုဝှေ့ယမ်းကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။သို့သော်လည်း သူတို့အကောင်းဆုံးစွမ်းဆောင်နိုင်သည်မှာ မြင်းတပ်သားများကိုနှောင့်ယှက်စေခြင်းဖြစ်သည်။တောဝက်ရိုင်းများအသုံးပြုသည့် လက်နက်များသည် မြင်းတပ်သားများကိုဒုက္ခပေးရန် မလုံလောက်ပေ။

သူတို့အသုံးပြုသည့်လက်နက်များသည် မြင်းတပ်သားများကိုမထိခိုက်စေကြောင်း သိရှိနားလည်ရန် တောဝက်ရိုင်းများသည် အချိန်အကြာကြီးမယူလိုက်ရပေ။ရှောင်ယုသည် မြင်းတပ်သားများအား တိုက်ပွဲကိုအမြန်ဆုံးအဆုံးသတ်ရန် အမိန့်ပေးလိုက်သည်။သူတို့သည် တောဝက်ရိုင်းများကိုစတင်တိုက်ခိုက်ချိန်တွင် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ အနား၌မရှိကြောင်း သေချာစေခဲ့သည်။ရှောင်ယုသည်တစ်ကြိမ်တည်း၌ တိုက်ပွဲနှစ်ခုအားမတိုက်လိုပေ။

ထို့ပြင် ရှောင်ယုသည် အန်တိုနီဒက်စ်ကိုပါ တိုက်ပွဲ၌ပါဝင်စေပြီး တောဝက်ရိုင်းများ၏တိုက်ခိုက်လိုစိတ်ကို ချိုးနှိမ်စေခဲ့သည်။သို့မှသာ သူတို့သည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့်တိုက်ခိုက်နေစဉ် တောဝက်ရိုင်းများက ကူညီရန်ပြန်လှည့်လာမည်မဟုတ်ပေ။အန်တိုနီဒက်စ်အသုံးပြုသည့် ရေခဲဆူးချွန်၊အဆင့်မြင့်ရေဒြပ်စင်နှင့်အခြားသောအဆင့်မြင့်ရေခဲမန္တန်များသည် တောဝက်ရိုင်းများ၏ အိပ်မက်ဆိုးများဖြစ်ကြသည်။အန်တိုနီဒက်စ်သည် အဆင့်၂၀သို့ရောက်ရှိပြီးနောက်တွင် သူ၏စွမ်းအားသည် နားမလည်နိုင်သည့်အဆင့်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။တောဝက်ရိုင်းများသည် ထိုအဆင့်မှော်တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိပေ။

ရှောင်ယုတို့သည် တောဝက်ရိုင်းများကို ၃မိနစ်အတွင်းကိုင်တွယ်ဖြေရှင်းခဲ့သည်။တိုက်ပွဲအပြီးတွင် တောဝက်ရိုင်းအများစုသတ်ဖြတ်ခံရကာ အချို့သာထွက်ပြေးနိုင်ခဲ့သည်။အကယ်၍ သူသာထိုတောဝက်ရိုင်းများအပေါ် သက်ညာမိပါက နောင်လာမယ့်တိုက်ပွဲကိုထိခိုက်စေနိုင်၍ ရှောင်ယုသည်လုံးဝစာနာစိတ်မထားခဲ့ပေ။ထိုတောဝက်ရိုင်းများကိုသတ်ဖြတ်ခြင်းသည် အခြားသူများကိုဒုက္ခပေးသည့် ပိုးမွှားများကိုသတ်လိုက်သည်နှင့်ဆင်တူပေသည်။

တောဝက်ရိုင်းများသည် အချိန်တိုလေးအတွင်း တိုက်ပွဲတွင်ကျရှုံးခဲ့သည်။သို့သော်တစ်စုံတစ်ယောက်သည် သူတို့ပိုင်နက်အတွင်းကျူးကျော်လာကြောင်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများက လျင်မြန်စွာသိရှိသွားကြသည်။ထို့နောက် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ကျူးကျော်သူများကိုတိုက်ခိုက်ရန် လျင်မြန်စွာစုရုံးလာကြသည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် တောဝက်ရိုင်းများအဝေးသို့ထွက်ပြေးသွားသည်ကို စောင့်ကြည့်နေခဲ့ကာ သူတို့ပြန်မလာနိုင်တော့ကြောင်း သေချာသည့်အချိန်ရောက်မှ မြင်းတစ်ပိုင်းလူတစ်ပိုင်းများကိုအာရုံစိုက်ခဲ့သည်။သူသည်ခြေလျင်တပ်သားများကိုခံစစ်လိုင်းတစ်ခုဖွဲ့စည်းစေကာ မြင်းတပ်သားများကိုတိုက်ခိုက်ရန် အသင့်ပြင်ခိုင်းခဲ့သည်။

ကျူးကျော်သူအရေအတွက်သည် သူတို့ထက်ပိုနည်းသည်ကို မြင်တွေ့လိုက်ရသောအခါ မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် စတင်တိုက်ခိုက်လာကြသည်။ဤအရာသည် ရှောင်ယုအတွက်အခွင့်အရေးတစ်ခုဖြစ်သည်။

"သတ်ကြ..."

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။မြင်းတပ်သားများသည် ဖွဲ့စည်းပုံပြင်ဆင်၍ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကြသည်။သူရဲကောင်းများသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများဆီသို့ အပြေးအလွှားတိုးဝင်သွားကြ၍ မြင်းခွာသံများက ဆူညံသွားခဲ့သည်။ထိုအချိန်တွင် ရှောင်ယုကမြင်းတစ်ပိုင်းလူတစ်ပိုင်းများကို စောင့်ကြည့်နေခဲ့သည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သူတို့၏အမည်အတိုင်း လူတစ်ဝက်မြင်းတစ်ဝက်ဖြစ်သည်။သူတို့တွင် လူသား၏အပေါ်ပိုင်းခန္ဓာကိုယ်နှင့်မြင်းတစ်ကောင်၏ အောက်ပိုင်းက်ိုပေါင်းစပ်ထားခြင်းဖြစ်သည်။သူတို့သည် လှံကိုအသုံးပြုရာတွင်ကျွမ်းကျင်ကြပြီး မြင်းတစ်ကောင်၏အောက်ပိုင်းကိုပိုင်ဆိုင်ခြင်းကြောင့် အလွန်လျင်မြန်သောအမြန်နှုန်းကို ထုတ်ဖော်နိုင်ကြသည်။

ဘန်း...ဘန်း...

မြင်းတစ်ပိုင်းလူတစ်ပိုင်းများနှင့် မြင်းတပ်သားများသည် အပြန်အလှန်တိုက်ခိုက်နေကြသည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများတွင် အလွန်သန်မာသောခန္ဓာက်ိုယ်များရှိကြကာ သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် သာမန်လူသားများထက် များစွာပိုမိုကြီးထွားပြီး သန်မာထွားကြိုင်းသောကြွက်သားများဖြင့်ပြည့်နှက်နေသည်။ထို့ကြောင့် သာမန်အပေါ့စားမြင်းတပ်များသည် ၎င်းတို့အားမယှဉ်နိုင်ကြပေ။သူတို့တစ်ဦးချင်းကိုဖြေရှင်းရန်အတွက် အနောက်တိမ်တိုက်အင်ပါယာသည် အပေါ့စားမြင်းတပ်သား ၅ဦးကိုလိုအပ်ပေသည်။သို့သော်ယနေ့၌ မြင်းတစ်ပိုင်းလူတစ်ပိုင်းများရင်ဆိုင်နေရသည်မှာ အပေါ့စားမြင်းတပ်သားများမဟုတ်ဘဲ အမာခံမြင်းတပ်သားများဖြစ်ကြသည်။ထိုအမာခံမြင်းတပ်သားများ၏ ခွန်အားနှင်ထိရောက်မှုသည် အပေါ့စားမြင်းတပ်သားများထက် များစွာပိုမိုအားကောင်းပေသည်။

ထို့ပြင် မြင်းတပ်သာများသည် တိုတောင်းသည့်အကွာအဝေးအတွင်း သူတို့၏အမြန်နှုန်းကိုမြင့်တင်ပေးနိုင်သော ကျွမ်းကျင်မှုကိုပိုင်ဆိုင်ထားကြသည်။သူတို့သည် ရှောင်ယု၏ကောင်းချီးပေးမှုကိုလည်း ရရှိထားခဲ့သည်။ပုံမှန်အားဖြင့် ကျယ်ပြောလှသည့်မြက်ခင်းပြင်ဒေသတွင် သာမန်အမာခံမြင်းတပ်သားများ၏ ထိရောက်မှုနည်းပါးသောကြောင့် အနောက်တိမ်တိုက်အင်ပါယာသည် အပေါ့စားမြင်းတပ်သားများကိုသာ ဦးစားပေးပျိုးထောင်ခဲ့သည်။

တစ်ဖက်တွင် သူတို့၏ရန်သူများသည် အမာခံချပ်ဝတ်များအား ဝတ်ဆင်ထားကြောင်း သတိပြုမိသော်လည်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများကဂရုမစိုက်ဘဲ မကြောက်မရွံ့တိုက်ခိုက်နေကြသည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ထူးဆန်းသောမြည်သံများကိုထုတ်ဖော်ကာ သူတို့၏ပုဆိန်ကြီးများဖြင့် မြင်းတပ်သားများကိုတိုက်ခိုက်နေကြသည်။မည်သို့ပင်ဆိုစေကာမူ မြင်းတပ်သားများအတွက်လည်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို တစ်ကြိမ်တည်းဖြင့်သတ်ဖြတ်ရန်မဖြစ်နိုင်ပေ။အကောင်းဆုံးလုပ်ဆောင်မှုအနေဖြင့် မြင်းတပ်သားများသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကိုမြေပေါ်လဲကျစေရန်သာ ပြုလုပ်နိုင်ခဲ့သည်။

"သူတို့ကအရပ်ရှည်ပြီးတော့ သူတို့ရဲ့ကိုယ်လုံးကိုယ်ပေါက်က အောစ့်တွေနဲ့သိပ်မကွာလှဘူး...သာမန်လူသားတွေကဆိုရင် သူတို့နဲ့ထိပ်တိုက်တွေ့ဖို့မဖြစ်နိုင်ဘူး..."

ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏စွမ်းအားကို အကဲဖြတ်နေခဲ့သည်။အခြေခံအားဖြင့် သူတို့သည်မြင်းများကဲ့သို့မြန်မြန်ဆန်ဆန်ပြေးနိုင်သော အောစ့်များဖြစ်ကြသည်။သို့ဖြစ်ရာ မြက်ခင်းလွင်ပြင်တလျှောက် လှည့်ပတ်ကျက်စားနေသော မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို အနောက်တိမ်တိုက်အင်ပါယာမှ မသုတ်သင်နိုင်ခဲ့သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။

"သူတို့ကိုသာ ယှည်ပါးအောင်လုပ်နိုင်ခဲ့ရင် အံ့သြစရာကောင်းတဲ့စစ်တပ်တစ်ခုကို ပိုင်ဆိုင်မှာပဲ...ဒါပေမဲ့မဖြစ်နိုင်သလောက်ခက်ခဲတယ်...သူတို့ကိုသာယဉ်ပါးအောင်လုပ်နိုင်ရင် အနောက်တိမ်တိုက်အင်ပါယာက လုပ်ခဲ့တာကြာရောပေါ့"

ရှောင်ယုသည် ထိုအကြံကိုချက်ချင်းစွန့်လွှတ်လိုက်သည်။

မှင်စာများ၊နတ်သူငယ်များနှင့်အခြားနတ်သူငယ်များသည် ကြီးမြတ်သောအရှင်သခင်အကြောင်းကို သိရှိထားခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ထိုဂုဏ်ပုဒ်ကို မယူဆောင်နိုင်ခဲ့ပေ။သူသာထိုကဲ့သို့လုပ်ဆောင်နိုင်ပါက မည်သည့်တိုက်ခိုက်မှုမှပြုလုပ်စရာမလိုဘဲ တိုက်ကြီးတစ်ခုလုံးက်ို တိုက်ရိုက်ပေါင်းစည်းနိုင်မည်ဖြစ်သည်။

မြင်းတပ်သားများအသုံးပြုသည့် ဓားရှည်ကြီးများသည် အလွန်စွမ်းအားပြင်းထန်ပေသည်။သို့သော်လည်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သူတို့၏သန်မာသောခန္ဓာကိုယ်နှင့်ပုဆိန်ကြီးများကြောင့် မြင်းတပ်သားများကိုယှည်တိုက်နိုင်ကြသည်။မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲသည်ဆက်လက်ဖြစ်ပွားနေခဲ့ပြီး မြင်းတပ်သားများကတဖြည်းဖြည်းအသာစီးရလာခဲ့သည်။ရှောင်ယုသည် မြင်းတပ်သားများကိုကောင်းချီးပေးထားကြောင်း မမေ့သင့်ပေ။ထိုသို့မဟုတ်ပါက တိုက်ပွဲသည်ယခုလို အခြေအနေသို့ရောက်ရှိလာမည်မဟုတ်ပေ။

"ထို့ပါဟောင်က နောက်ဆုံး ငါနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ခွန်အားအပြည့်အဝအသုံးမချခဲ့မှန်းသိသာတယ်...ငါကိုယ်တိုင်က မြင်းတစ်ပိုင်းလူတစ်ပိုင်းအကောင်၁၀၀ကိုတိုက်ခိုက်နိုင်ပေမဲ့ မသတ်ဖြတ်နိုင်ဘူး..."

ဤမြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ယခုအချိန်ထိ သူရင်ဆိုင်လာခဲ့သမျှရန်သူများအနက် အစွမ်းအထက်ဆုံးဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။

ရွှီး...ရွှီး...

တိုင်ရန်ဒီသည် သူမ၏ကျားဖြူကိုစီးနင်းရင်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ခန္ဓာကိုယ်သည် သန်မာသော်လည်း တိုင်ရန်ဒီ၏ပစ်ချက်များကို မခုခံနိုင်ပေ။သူမ၏မြှားချက်များသည် ၎င်းတို့အားတိုက်ရိုက်မသတ်ဖြတ်နိုင်သော်လည်း ကြီးကြီးမားမားထိခိုက်စေသည်။မိနစ်အနည်းငယ်ကြာပြီးနောက် တိုင်ရန်ဒီသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းဒါဇင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။တိုင်ရန်ဒီ၏အကူအညီကြောင့် မြင်းတပ်သားများသည်တိုက်ပွဲတွင် ပိုမ်ိုအသာစီးရလာကြသည်။

ဂရင်းသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ အလယ်သို့အလျင်အမြန်တိုးဝင်သွားခဲ့ကာ သူ၏ဧရာမဓားကြီးကိုပင့်မြောက်၍ ဘယ်ညာနှစ်ဖက်ကို ဝှေ့ယမ်းခုတ်ပိုင်းခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သန်မာသော်လည်း ဂရင်းကိုမယှဉ်နိုင်ကြပေ။ဂရင်းသည် အဆင့်၂၀သို့ရောက်ရှိနေပြီး သူရဲကောင်းတစ်ယောက်အနေဖြင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကိုသတ်ဖြတ်ရန် အစွမ်းထက်သောကျွမ်းကျင်မှုများကို ထုတ်သုံးခဲ့သည်။ဂရင်းသည် အလွန်အစွမ်းထက်သော်လည်း သူပေးနိုင်သောထိခိုက်ပျက်စီးမှုသည် အန်တိုနီဒက်စ်ကိုမမှီခဲ့ပေ။မှော်ဆရာမျာသည် စစ်မြေပြင်၌စွမ်းအားအကြီးဆုံးဖြစ်သည်။

အန်တိုနီဒက်စ်သည် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများ၏အကူအညီဖြင့် သူ၏မှော်စွမ်းအင်ကို ဂရုတစိုက်အသုံးပြုရန် မလိုခဲ့ပေ။သူသည် ရေခဲဆူးချွန်နှင့်အခြားသောမှော်မန္တန်များကို အဆက်မပြတ်အသုံးပြုနေခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ထိုတိုက်ခိုက်မှုများကို လုံးဝမခံနိုင်ပေ။ခဏတာအတွင်း ဒါဇင်နှင့်ချီသည့်မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အေးခဲကာသေဆုံးသွားခဲ့သည်။စွမ်းအားမြင့်မှော်ဆရာတစ်ပါးသည် စစ်မြေပြင်တွင်ရန်သူများ၏အိပ်မက်ဆိုးဖြစ်ကာ သူတို့သည်အကန့်အသတ်မဲ့ကျည်ဆန်များပါသည့် စက်သေနတ်များသဖွယ်ဖြစ်သည်။

အချို့သောမြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သူတို့အားကြီးမားစွာခြိမ်းခြောက်နိုင်သည့် အန်တိုနီဒက်စ်အား တိုက်ခိုက်ရန်ကြိုးစားကြသော်လည်း ခြေလျင်တပ်သား၅၀က အစွမ်းကုန်ပိတ်ဆို့ထားခဲ့သည်။ခြေလျင်တပ်သားများသည် ပြီးပြည့်စုံသောခံစစ်လိုင်းကိုဖွဲ့စည်းကာ သူတို့၏ဒိုင်းများကိုပင့်မြောက်၍ မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏တိုက်ခိုက်မှုများကို ခုခံနေကြသည်။

ခြေလျင်တပ်သားများသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ ပုဆိန်များကိုခုခံရင်း ၎င်းတို့၏ခြေထောက်များကို ဒိုင်းများဖြင့်ရိုက်ချနေကြသည်။သူတို့သည်ရှောင်ယုသင်ပေးသည့်အတိုင်း ညစ်ပတ်သောနည်းပရိယာယ်များကို အသုံးပြုနေကြသည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ အစွမ်းသည် သူတို့၏သာလွန်ကောင်းမွန်သောကိုယ်ခန္ဓာအပေါ်၌ များစွာမူတည်ပေသည်။သို့သော်လည်း ယခုအခါ၎င်းတို့၏ခန္ဓာကိုယ်သည် သူတို့အတွက်အားနည်းချက်ဖြစ်လာခဲ့သည်။သူတို့သည် ခြေလျင်တပ်သားများ၏ခုခံမှုကိုထိုးဖောက်နိုင်စွမ်းမရှိသလို ခြေလျင်တပ်သားများ၏တိုက်ခိုက်မှုမှ သူတို့၏ခြေထောက်များက်ိုကာကွယ်ရန် အလွန်ခက်ခဲပေသည်။

သူတို့၏အမြင့်ကြောင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ယခုလိုအခြေအနေမျိုးတွင် သူတို့၏ခြေထောက်များကိုကာကွယ်ရန် ပုဆိန်များကိုအသုံးမပြုနိုင်ကြပေ။ခြေလျင်တပ်သားများကြောင့် ဒဏ်ရာရရှိသွားကြသည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းအမြောက်အများသည် ထပ်မံတိုက်ခိုက်ရန်မဝံ့ရဲကြတော့ပေ။ထိုအခိုက်အတန့်တွင် စစ်ပွဲ၏အားသာချက်သည် ရှောင်ယုဘက်သ်ု့ိတိမ်းစောင်းလာခဲ့သည်။

ရှောင်ယုသည် ခြေလျင်တပ်သားများနှင့်မြင်းတပ်သားများသာမက ဂရင်း၊တိုင်ရန်ဒီနှင့်အန်တိုနီဒက်စ်ကိုပါ တိုက်ပွဲဝင်စေခဲ့ရာ မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အကျအဆုံးများပြားလာခဲ့သည်။

ရှောင်ယု၏တပ်ဖွဲ့များသည် သူတို့အားလာရောက်တိုက်ခိုက်သည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းအများစုက်ို သတ်ဖြတ်ခဲ့ပြီးနောက် ချိုင့်ဝှမ်းအတွင်းမှနေ၍ နောက်ထပ်မြင်းခွာသံများပဲ့တင်ထပ်လာခဲ့သည်။ထိုအချိန်တွင် နောက်ထပ်မြင်းတစ်ပိုင်းလူတစ်ပိုင်းများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

အခန်း ၂၂၄ - မှော်ဗုံး၏အစွမ်း

"မင်းတို့တွေက ၁၀၀၀ကျော်လောက်ပဲရှိတယ်လို့ပြောခဲ့တာမလား...ခုငါကြည့်ရသလောက် မြင်းတစ်ပိုင်းလူတစ်ပိုင်း ၂၀၀၀ကျော်ရှိနေတာပဲ"

ရှောင်ယုသည် ချိုင့်ဝှမ်းအတွင်းမှပြေးထွက်လာသည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကိုကြည့်ရင်း သူသိရှိထားသည်ထက် အရေအတွက်နှစ်ဆကျော်ပိုနေသောကြောင့် အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။ထို့နောက် ရှောင်ယုသည်သူ၏လက်ကိုဝှေ့ယမ်း၍ သိုလှောင်လက်စွပ်အတွင်းမှ သေတ္တာတစ်ခုအားထုတ်ယူလိုက်သည်။

ရှောင်ယုသည် လီအာကိုကြည့်ကာ အမိန့်ပေးလိုက်သည်။

"ဒီသံဗုံးတွေကိုယူပြီးတော့ သူတို့ဖွဲ့စည်းပုံရဲ့အလယ်ကိုခိုးဝင်လိုက်..ပြီးတော့သူတို့ကိုဗုံးခွဲဖို့ကြိုးစားလိုက်..."

ရှောင်ယုသည် သီအိုဒိုးပေးသောမှော်စာလိပ်များကို နောက်ပိုင်းတွင်ပေါ့ပေါ့ဆဆမသုံးတော့ဘဲ တန်ဖိုးထားလာခဲ့သည်။သူသည်ထိုမှော်စာလိပ်များကို အမှန်တကယ်အရေးကြီးသည့် အခိုက်အတန့်၌သာ အသုံးပြုလိုသည့်အတွက်ကြောင့် ယခုအခိုက်အတန့်တွင် ထိုမှော်စာလိပ်များကိုသုံးရန် အစီအစဉ်မရှိပေ။

သံဗုံးများသည် မှော်စာလိပ်များလောက် အစွမ်းထက်ခြင်းမရှိသော်လည်း မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သံဗုံးပေါက်ကွဲရာမှထွက်ပေါ်လာသည့်စွမ်းအားများကို ခံနိုင်ရည်မရှိဟု ရှောင်ယုကောက်ချက်ချခဲ့သည်။ရှောင်ယု၏အမိန့်ကိုရသည်နှင့် လီအာသည်သံဗုံးဒါဇင်ကျော်ကိုလှမ်းယူကာ ခိုးဝင်သွားခဲ့သည်။

ရှောင်ယုသည် သေတ္တာအတွင်းမှ ကျန်ရှိနေသောဗုံးများကိုထုတ်ယူလိုက်ကာ လေလမ်းလျှောက်ခြင်းကိုအသက်သွင်း၍ ကိုယ်ယောင်ဖျောက်လိုက်ပြီး အမြန်ဆုံးထွက်ခွာသွားခဲ့သည်။

နောက်ထပ်ရောက်ရှိလာသော မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သူတို့၏မိတ်ဆွေများကို မြင်းတပ်သားများမှသတ်ဖြတ်နေသည်ကို တွေ့မြင်လိုက်၍ ဒေါသထွက်သွားခဲ့ကာ မြင်းတပ်သားများထံသို့တဟုန်ထိုးပြေးဝင်သွားခဲ့ကြသည်။ယခုရောက်ရှိလာသည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများတွင် မြှားတပ်သားအချို့ပါဝင်နေပေရာ နှစ်ဖက်ထိပ်တိုက်မတွေ့မှီတွင် မြင်းတပ်သားအချို့အားသတ်ဖြတ်ရန်မျှော်လင့်ချက်ဖြင့် လမ်းတစ်ဝက်အရောက်တွင် မြှားများကိုပစ်လွှတ်လိုက်ကြသည်။သို့သော်လည်း သူတို့ပစ်လွှတ်လိုက်သည့်မြှားများသည် မြင်းတပ်သားများ၏ထူထဲသော ချပ်ဝတ်တန်ဆာကိုမဖောက်ထွင်းနိုင်ကြောင်း တွေ့ရှိသွားကြသည်။

ဤအရာသည် အမာခံမြင်းတပ်၏အားသာချက်ပင်ဖြစ်သည်။ရိုးရှင်းသောမြှားများသည် သူတို့၏ချပ်ဝတ်တန်ဆာများကို မထိုးဖောက်နိုင်ပေ။

ဗုံး....

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် လမ်းတစ်ဝက်သို့အရောက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ထိုပေါက်ကွဲမှုမှတဆင့် ကြီးမားသောလှိုင်းလုံးကြီးများထွက်ပေါ်လာကာ မီတာရာပေါင်းများစွာအထိ လွှင့်စင်သွားခဲ့သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်"

ရှောင်ယုသည် ထောင့်ကွယ်တစ်နေရာ၌ ပုန်းအောင်းနေခဲ့ပြီး လွန်ခဲ့သောအခိုက်အတန့်တွင် သံဗုံး၂လုံးကို လျှို့ဝှက်ပစ်ပေါက်ခဲ့သည်။

ဗုံး...

ထိုအချိန်တွင် လီအာသည်လည်း သံဗုံးများကိုစတင်အသုံးပြုလိုက်ရာ အဝါရောင်သဲမှုန့်များ လွှင့်စင်သွားသလို မီးတောက်များသည်လည်း နေရာတိုင်း၌တောက်လောင်နေခဲ့သည်။

"ဒါက ဘယ်လ်ိုမှော်အတတ်မျိုးလဲ..."

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ပြင်းထန်သောပေါက်ကွဲမှုများကိုရင်ဆိုင်ရချိန်တွင် အဖျက်စွမ်းအားပြင်းထန်သည့် မှော်ပညာဟုသာ ထင်မှတ်သွားကြသည်။

တစ်ချိန်တည်းမှာပင် တိုက်ပွဲအားစောင့်ကြပ်နေသောဖော်ရာသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ယခုရှောင်ယုအသုံးပြုလိုက်သော သံဗုံးများသည် သူတို့၏ပညာရှင်များပြုလုပ်ထားခြင်းဖြစ်ကြောင်း ဖော်ရာနားလည်ပေသည်။

"သူကတကယ်ကြီးနမိတ်ဖတ်ကြားချက်ထဲကလူလား...မဟုတ်ရင်သူကငါတို့ကိုဘာလို့ကယ်တင်မှာလဲ...သူကမှင်စာအင်ဂျင်နီယာတွေရဲ့အစွမ်းကိုလည်းနားလည်ထားတယ်...မဟာပညာရှိပြောခဲ့သလိုပဲ မှင်စာတွေရဲ့ခေတ်က တဖန်ပြန်လည်ထွက်ပေါ်လာတော့မှာလား..."

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သံဗုံးများကြောင့် ကြီးမားသောဆုံးရှံးမှုများကိုခံစားလိုက်ရသည်။သူတို့၏ဖွဲ့စည်းပုံသည်လည်း ရှုပ်ယှက်ခတ်သွားခဲ့သည်။တိုက်ပွဲဖြစ်ပွားရာနေရာတစ်ခုလုံးသည် မီးခိုးများဖြင့်ပြည့်နှက်သွားခဲ့ရာ အသက်ရှင်ကျန်ခဲ့သည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းအရေအတွက်ကို မဆုံးဖြတ်နိုင်တော့ပေ။

သို့သော်ဤအရာသည် အရေးအကြီးဆုံးသော ပြဿနာတစ်ခုမဟုတ်ခဲ့ပေ။လက်ရှိအချိန်တွင် မြင်းတစ်ပိုင်းလူတစ်ပိုင်းများအတွက် အရေးအကြီးဆုံးသောပြဿနာမှာ ပေါက်ကွဲမှု၏အရင်းအမြစ်ကို ယခုအချိန်ထိရှာဖွေမတွေ့ရှိသေးခြင်းဖြစ်သည်။သူတို့သည် နောက်ထပ်ပေါက်ကွဲမှုအမြောက်အများကို ဆက်လက်ခံနိုင်ရည်မရှိတော့ပေ။

ထိုအချိန်တွင် မြင်းတပ်သားများသည်အော်ဟစ်မြည်ကြွေးလျက် မြင်းတစ်ပိုင်းလူတစ်ပိုင်းများထံ အရှိန်အဟုန်ဖြင့်ချီတက်လာကြသည်။

"သတ်..."

မြင်းတပ်သားများသည် ဓားရှည်ကြီးများကိုဝှေ့ယမ်းကာ မြင်းတစ်ပိုင်းလူတစ်ပိုင်းများကို တိုက်ခိုက်ခဲ့ကြသည်။သူတို့သည်ဓားကိုတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း လက်တစ်ဖက်ကိုဖြတ်တောက်ခြင်းသို့မဟုတ် ပုဆိန်ကြီးများကိုလွှင့်ထွက်စေခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ဖွဲ့စည်းပုံဖော်ဆောင်ကာ ပြေးဝင်လာသည့်အမာခံမြင်းတပ်တစ်ခုအား ရင်ဆိုင်ရခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်သွားခဲ့သည်။ထိုအရာသည် သံမဏိချောင်းများကသူတို့ရင်ဝကို လာရောက်ထိုးစိုက်နေသလိုဖြစ်နေခဲ့သည်။

ထို့ပြင် ဗုံးပေါက်ကွဲမှုများကြောင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် အထိတ်တလန့်ဖြစ်နေခဲ့ကြသည်။

ဘန်း...

ထိုအချိန်တွင် အလွန်အစွမ်းထက်ပုံရသော မြင်းတစ်ပိုင်းလူတစ်ပိုင်းတစ်ဦးသည် ရှေ့သို့ထွက်လာခဲ့ကာ မြင်းတပ်သားတစ်ယောက်ကိုတိုက်ခိုက်ခဲ့သည်။၎င်း၏ပုဆိန်သည် မြင်းတပ်သားကိုထိမှန်ချိန်တွင် မြင်းတပ်သားသည်အဝေးသို့လွှင့်ထွက်သွားပြီး မြင်းတခြားလူတခြားဖြစ်သွားခဲ့သည်။

"သူကမျိုးနွယ်စုအကြီးအကဲဖြစ်ရမယ်....ဒီလောက်သန်မာတဲ့ခန္ဓာကိုယ်အရသာဆိုရင် သူကတတိယအဆင့်သူရဲကောင်းတစ်ယောက်လောက်ကို အစွမ်းထက်သင့်တယ်"

ထိုမြင်းတစ်ပိုင်းလူတစ်ပိုင်းသည် အခြားမျိုးနွယ်တူများနှင့်မတူကွဲပြားနေကြောင်း ရှောင်ယုသတိထားမိလိုက်သည်။

"ဂရင်း...သူ့ကိုတိုက်"

ရှောင်ယုသည် သူ့လူတစ်ယောက်လဲကျသွားသည်ကိုမြင်တွေ့လိုက်ချိန်တွင် ဝမ်းနည်းကြေကွဲသွားခဲ့သည်။သူသည်ဒဏ်ရာရရှိနေသည့် မြင်းတပ်သားထံသို့အပြေးသွားရောက်လိုက်ကာ ထိုမြင်းတပ်သားရရှိထားသည့်ဒဏ်ရာများကို အရေးပေါ်ကုသရန် သန့်ရှင်းသောအလင်းကိုအသုံးပြုခဲ့ပြီးနောက် အနာကျက်ဆေးကိုလည်းသောက်သုံးစေခဲ့သည်။

"အဲ့ကောင်ကိုသတ်..."

ရှောင်ယုသည် ဆန်းကြယ်ပုဆိန်ကိုဆွဲထုတ်လိုက်ပြီး မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်၏ အကြီးအကဲကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်လို်က်သည်။

"သတ်..."

ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကိုအသုံးပြုကာ မြင်းတစ်ပိုင်းလူတစ်ပိုင်းအကြီးအကဲကိုတိုက်ခိုက်ခဲ့သည်။ထိုအကြီးအကဲသည် ဂရင်း၏တိုက်ခိုက်မှုအားခုခံနေရသည့်အတွက် ရှောင်ယု၏ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။ရှောင်ယုသည် ပထမဆုံးအကြိမ်ကြိုးစားရာတွင် များစွာထိရောက်မှုမရှိခဲ့သည့်အတွက် အကြီးအကဲအားထပ်မံတိုက်ခိုက်ရန် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်ကို အသုံးပြုခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းအကြီးအကဲသည် အလွန်သန်မာဖျတ်လတ်သော်လည်း သူ့အားတိုက်ခိုက်နေသည့် သန်မာသည့်လူနှစ်ယောက်က်ို မတားဆီးနိုင်ခဲ့ပေ။

ဗုံး...

လီအာသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများစုပြုံနေသည့် နေရာတိုင်းတွင် သံဗုံးများကိုပစ်ချနေခဲ့ရာ ပေါက်ကွဲမှုဒဏ်ကြောင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများစွာသေဆုံးခဲ့ရသည်။

ထိုမြင်ကွင်းကို အသည်းအသန်ခုခံနေရသည့် မြင်းတစ်ပိုင်းလူတစ်ပိုင်းအကြီးအကဲကတွေ့မြင်လိုက်သည်။တိုက်ပွဲသည်ဤအတိုင်းသာဆက်ဖြစ်နေပါက သူ၏မျိုးနွယ်စုပြိုကွဲသွားနိုင်သည့်အတွက် အကြီးအကဲသည်နောက်ဆုတ်ရန်အတွက် အော်ဟစ်အမိန့်ပေးလိုက်သည်။

သို့သော်လည်း ရှောင်ယုသည်၎င်းကိုလွယ်လွယ်ကူကူထွက်ပြေးခွင့်ပေးမည်မဟုတ်ပေ။သူနှင့်ဂရင်းတို့သည် အကြီးအကဲကိုတိုက်ခိုက်ပိတ်ဆို့ရန် အမြန်ဆုံးပြေးထွက်လာခဲ့သည်။

အကြီးအကဲသည် နောက်ဆုံးကြိုးစားမှုအနေဖြင့် သူ၏အရှိန်ကိုအမြင့်ဆုံးတင်ကာ ထွက်ပြေးရန်ကြိုးစားလိုက်၍ ရှောင်ယုနှင့်ဂရင်းတို့သည် နောက်တွင်ပြတ်ကျန်ရစ်ခဲ့သည်။

"သေစမ်း...မင်းပြေးလို့လွတ်မယ်များ ထင်နေတာလား..."

ရှောင်ယုသည် သူ၏လက်စွပ်အတွင်းမှ သံဗုံးတစ်လုံးက်ိုထုတ်ယူလိုက်ကာ အကြီးအကဲ၏ရှေ့သို့ပစ်ချလိုက်သည်။ထို့နောက်အကြီးအကဲ၏ပြေးလမ်းကြောင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာကာ ပေါက်ကွဲမှုလှိုင်းလုံးသည် အကြီးအကဲအားလာရောက်ရိုက်ခတ်ခဲ့သည်။

သံဗုံးသည် သူ၏ရှေ့တည့်တည့်တွင်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုဒဏ်ကြောင့် ၎င်း၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအသစ်များရရှိလာခဲ့သည်။ရှောင်ယုသည် ထိုအခြေအနေကိုလက်လွတ်မခံဘဲ အခွင့်ကောင်းဝင်ယူလိုက်သည်။သူသည် အကြီးအကဲ၏နံဘေးသို့တည်နေရာရွေ့ပြောင်းလိုက်ကာ ဆန်းကြယ်ပုဆိန်အား အသားကုန်ဝှေ့ယမ်းလိုက်သည်။

ဝှစ်...

ထို့နောက် ကြီးမားသည့်ဦးခေါင်းပြတ်ကြီးတစ်ခုသည် မြေပြင်ပေါ်သို့ပြုတ်ကျလာခဲ့သည်။

အခန်း ၂၂၅ - မှင်စာများ၏အမွေအနှစ်

"မင်းကိုသာထွက်ပြေးခွင့်ပေးလိုက်ရင် ငါ့ကိုယ်ငါအရှက်ခွဲသလိုဖြစ်နေလိမ့်မယ်..."

ရှောင်ယုသည် အသက်ကိုခပ်ပြင်းပြင်းရှုကာ ရေရွတ်လိုက်သည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းအကြီးအကဲသည် သေဆုံးသွားပြီးနောက် ကျန်ရှိနေသေးသော မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ဖရိုဖရဲဖြစ်ကာ ထွက်ပြေးကြသည်။မြင်းတပ်သားများသည် ၎င်းတို့အားလိုက်လံတိုက်ခိုက်ကာ အများအပြားကိုသတ်ဖြတ်ခဲ့သည်။သ်ို့သော်လည်း ရှောင်ယုသည်သူတို့ကြုံတွေ့ခဲ့ရသည့် အဆုံးအရှုံးများကိုအသေးစိတ်စစ်ဆေးလိုသောကြောင့် သူတို့အားဆက်လက်လိုက်တိုက်ခြင်းမပြုရန် အမိန့်ပေးခဲ့သည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ရှောင်ယုယခုအချိန်ထိတိုက်ခိုက်ခဲ့ဖူးသမျှ ရန်သူများအနက် စွမ်းအားအကြီးဆုံးဖြစ်သည်။ရှောင်ယုသည် အလင်း၏ကောင်းချီးကိုအသုံးပြုကာ သူ၏တပ်သားများကိုကောင်းချီးပေးခဲ့သော်လည်း အဆုံးသတ်တွင် မြင်းတပ်သား၃ဦးကျဆုံးခဲ့ကာ ဒဏ်ရာရသူ၄၀ကျော်ရှိခဲ့သည်။ရှောင်ယုသည် မြင်းတစ်ပိုင်းလူတစ်ပိုင်းများ၏ဖွဲ့စည်းပုံနှင့်၎င်းတို့၏အရှိန်အဟုန်ကိုရပ်တန့်ရန် သံဗုံးများကိုအသုံးမပြုခဲ့ပါက အသေအပျောက်သည်ပိုမိုများပြားမှာဖြစ်သည်။

မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် ကြောက်စရာကောင်းသည့်ရန်သူများဖြစ်ကြပြီး အနောက်တိမ်တိုက်အင်ပါယာသည် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ၎င်းတို့အားမဖယ်ရှားနိုင်ခဲ့သည်မှာ အံ့သြစရာတော့မဟုတ်ခဲ့ပေ။သူသည်ဒဏ်ရာရရှိထားသည့် မြင်းတပ်သားများအား များစွာဂရုစိုက်ခြင်းမရှိပေ။သူသည် အနာကျက်ဆေးများအစွမ်းကြောင့် သူတို့အသက်ရှိနေသရွေ့ ကယ်တင်နိုင်မည်ဖြစ်သည်။

ရှောင်ယုသည် သေဆုံးသွားသည့်မြင်းတပ်သားများအား မီးသဂြိုလ်လိုက်ကာ ခြင်္သေ့နယ်မြေရှိယဇ်ပလ္လင်၌ပြန်လည်ထားရှိရန် အရိုးပြာများကို သိုလှောင်လက်စွပ်ထဲထည့်သိမ်းထားလိုက်သည်။

ဤတိုက်ပွဲအပြီးတွင် ပျော်ရွှင်စရာကောင်းသည့် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်။ကြမ်းတမ်းလှသောတိုက်ပွဲအပြီးတွင် ခြေလျင်တပ်သားတစ်ယောက်သည် အဆင့်၁၀၏အတားအဆီးများကိုချိူးဖျက်၍ သူရဲကောင်းဖြစ်လာခဲ့သည်။ရှောင်ယုက သူ့အားဒီရွန်ဟုခေါ်တွင်ခဲ့သည်။

...

...

"အရှင်...ဟိုမှာပဲ"

ဖော်ရာသည် တောင်နံရံတစ်ခုဆီညွန်ပြရင်း စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

ရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်မိလိုက်သည်။

"ရှေ့ကသွားပါ...မင်းငါ့ကိုစိတ်မပျက်စေဖို့မျှော်လင့်ပါတယ်"

ဤခရီးစဉ်၏အဓိကရည်ရွယ်ချက်မှာ မှင်စာများ၏မြင့်မြတ်သောအမွေအနှစ်ကိုရှာဖွေကာ အင်ဂျင်နီယာစာအုပ်များကိုရယူရန်ဖြစ်သည်။

ဤနေရာတွင် မည်သည့်သဲလွန်စမှမတွေ့ရသောကြောင့် ရှောင်ယုနှင့်အခြားသူများသည် ဖော်ရာ၏နောက်မှနေ၍ ကျောက်ဆောင်များရှိရာဘက်ရောက်လာကြသည်။ဤနေရာသည် တောင်၏တစ်ဘက်ခြမ်းနှင့်မတူပေ။သို့သော်လည်း ဖော်ရာသည် ချောက်ကမ်းပါးရှေ့တွင်မတ်တပ်ရပ်ကာ လမ်းလျှောက်နေသကဲ့သို့ ခြေလှမ်းတိုင်းအားဂရုတစိုက်လှမ်းနေကာ ခြေလှမ်းအနည်းငယ်ရောက်ပြီးတိုင်း ဦးတည်ချက်တစ်ခုသို့ပြောင်းလဲခဲ့သည်။ခဏအကြာတွင် သူသည်ခေါင်းငုံ့ကာတစ်စုံတစ်ခုအားတွက်ချက်လိုက်သည်။အဆုံးသတ်တွင် သူသည်မြေပြင်မှကျောက်တုံးတစ်ခုအားကောက်ယူလိုက်ကာ ကျောက်နံရံတစ်ဖက်အားခေါက်ကြည့်လိုက်သည်။

"ဒါပဲ...ဒီနေရာပဲ...အကုန်လုံးဝိုင်းတွန်းကြ"

ဖော်ရာသည် ရှောင်ယုကိုလှမ်းကြည့်လိုက်ရာ ရှောင်ယုသည်ခေါင်းညိတ်ပြလိုက်ပြီး ဒီရွန်အားအမိန့်ပေးလိုက်သည်။ဒီရွန်သည် သူရဲကောင်းတစ်ယောက်အဖြစ် နောက်ဆုံးရာထူးတိုးထားသည့် တပ်သားတစ်ဦးဖြစ်သောကြောင့် သူ၏ဉာဏ်ရည်ဉာဏ်သွေးသည်လည်း များစွာတိုးတက်လာခဲ့သည်။သူသည် ဖော်ရာညွန်ပြသည့်နေရာသို့ရောက်လာပြီး ကျောက်နံရံအားအတွင်းဘက်သို့ တွန်းပို့လိုက်သည်။

ဝရော...ဝရော

ထိုအချိန်တွင်ချိုင့်ဝှမ်းတစ်ခုလုံးသည် အချိန်မရွေးပြိုကျတော့မည်ကဲ့သ်ို့ တုန်ခါလာခဲ့သည်။သို့သော်လည်း ဒီရွန်တွန်းပို့နေသောနေရာသည် အတွင်းဘက်သို့ချိုင့်ဝင်သွားသည်မှလွဲ၍ ဘာမှမဖြစ်ခဲ့ပေ။

"ဒီနေရာကိုဆက်တွန်း..."

ဖော်ရာသည် ဒီရွန်အားအခြားတစ်နေရာသို့တွန်းခိုင်းခဲ့သည်။

ဖော်ရာသည် နေရာ၉ခုတိတိကို တွန်းပို့ခိုင်းခဲ့ပြီး အလားတူဖြစ်ရပ်မျိုးဆက်တိုက်ဖြစ်ပွားခဲ့သည်။အဆုံးသတ်တွင် ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါလာခဲ့ပြီး ငလျင်ကြီးလှုပ်ခါသကဲ့သို့ ကြီးကြီးမားမားတုန်ခါစပြုလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းသည်အမှန်တကယ်ပြိုကျသွားမည်ကို ရှောင်ယုစိုးရိမ်နေမိသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့၏ရှေ့တွင်ရှိနေသော တောင်နံရံကြီးသည်ရုတ်တရက်ပြိုကျလာခဲ့သည်။ရှောင်ယုသည် အလန့်တကြားဖြစ်ကာ သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် နောက်သို့ပြန်ဆုတ်သွားခဲ့သည်။တောင်နံရံတစ်ခုလုံးပြိုကျသွားပြီးနောက်တွင် ကျယ်ဝန်းသောနေရာတစ်ခုထွက်ပေါ်လာခဲ့ပြီး ဇိမ်ခံပရိဘောဂများကိုပင်တွေ့မြင်လိုက်ရသည်။

"ဒါကမြင့်မြတ်တဲ့နယ်မြေလား..."

ရှောင်ယုသည် တောင်နံရံအတွင်းရှိခမ်းနားထည်ဝါသော နေရာကိုကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် မျက်လုံးအိမ်များမှကျွတ်ကျမတတ်ပြူးကျယ်လာခဲ့သည်။

ဤကဲ့သို့သောနေရာမျိူးကို ဖန်တီးနိုင်ရသည်အထိ မှင်စာများသည်မည်မျှထိမြင့်မားသောအဆင့်တွင် ရှိနေခဲ့သနည်း...ရှောင်ယုကဲ့သို့ခေတ်သစ်ကမ္ဘာမှရောက်လာသူသည်ပင် ဤမျှကြီးကျယ်ခမ်းနားသည့်နေရာမျိုးကို မတွေ့မြင်ဖူးပေ။

"ဟုတ်တယ်...ဒါကငါတို့ဘိုးဘေးတွေရဲ့လက်ရာပဲ..."

ဖော်ရာသည် သူတို့ဘိုးဘေးများ၏စွမ်းဆောင်မှုများကြောင့် အလွန်ပင်ဂုဏ်ယူနေခဲ့သည်။

သို့သော် ရှောင်ယု၏စကားများကြောင့် ဖော်ရာသည်ထပ်ပြီးဂုဏ်မယူဝံ့လောက်အောင်ဖြစ်သွားခဲ့သည်။

ရှောင်ယုသည် ထိုအဆောက်အဦးများကိုကြည့်ရင်း အပြစ်တင်လိုက်သည်။

"မင်းတို့ရဲ့ဘိုးဘေးတွေကဘာလို့ ခုလိုတောင်ကုန်းငယ်ငယ်လေးမှာ ကြီးကျယ်ခမ်းနားတဲ့အဆောက်အဦးတွေကို တည်ဆောက်ထားရတာလဲ...ဒါကအလင်းရောင်ကိုရှာဖွေနေတဲ့ မျက်မမြင်တစ်ယောက်လိုပဲ"

လီအာသည်လည်း ဤအဆောက်အဦးများကိုကြည့်ကာ အလွန်အံ့သြနေခဲ့သည်။သူမသည် နေရာပေါင်းများစွာသို့ခရီးထွက်ဖူးပြီး ရှေးဟောင်းပစ္စည်းအမြောက်အများကို တွေ့မြင်ခဲ့ဖူးသော်လည်း ယခုမြင်တွေ့နေရသည့်မြင်ကွင်းလောက် မည်သည်ကမှခမ်းနားကြီးကျယ်ခြင်းမရှိပေ။

"ဒါ...ဒါကိုမှင်စာတွေတည်ဆောက်ထားခဲ့တာလား...တကယ်မယုံနိုင်စရာပဲ...အောစ့်တွေနဲ့လူသားတွေတောင်မှ ခုလိုကြီးကျယ်ခမ်းနားတဲ့နေရာကို တည်ဆောက်နိုင်မှာမဟုတ်ဘူး..."

မှင်စာများသည် နှစ်ပေါင်းများစွာကြာအောင် နာမည်ဖျက်ခံရပြီးနောက် သူတို့၏အမည်သည် ညစ်ပတ်ခြင်း၊အောက်တန်းကျခြင်း၊သူရဲဘောကြောင်ခြင်းနှင့်သစ္စာဖောက်ခြင်းဟူသည် စကားလုံးများနှင့်အဓိပ္ပါယ်တူညီသွားခဲ့သည်။သို့သော်လည်း ရှေးခေတ်ကမှင်စာများသည် ယခုလိုအံ့ဖွယ်အမှုမျိူးကို ဖန်တီးနိုင်လိမ့်မည်ဟု မည်သူကထင်မှတ်နိုင်မည်နည်း...မှင်စာများကိုအထင်သေးတတ်သောဆုရှာသည်ပင် ဤမြင်ကွင်းကိုကြည့်၍ အံ့သြသွားခဲ့ရသည်။

"ခုလိုအကောင်သေးသေးလေးတွေက ဒီလောက်ကြီးမားတဲ့အဆောက်အဦးကြီးတွေကို ဘယ်လိုတောင်တည်ဆောက်ထားခဲ့တာလဲ...ဒါမဖြစ်နိုင်ဘူး...သူတို့ရဲ့သေးငယ်တဲ့ခန္ဓာက်ိုယ်လေးတွေက အဆောက်အဦးအတွက် လိုအပ်တဲ့ပစ္စည်းအကြီးကြီးတွေကိုဘယ်လိုရွေ့ပြောင်းန်ိုင်မှာလဲ..."

ရှောင်ယုသည် ဆုရှာကိုကြည့်ရင်း အဖြေပေးလိုက်သည်။

"သူတို့ရဲ့နည်းပညာတွေက မင်းနားလည်ဖို့အတွက် အရမ်းကိုအဆင့်မြင့်လွန်းနေတယ်...သူတို့ကအလုပ်သမားအင်အားလိုအပ်ချက်အတွက် စက်ရုပ်တွေကိုအသုံးပြုထားခဲ့တယ်...အဲ့ဒီစက်ရုပ်ရုပ်သေးအချို့က အရမ်းသန်မာတဲ့အတွက် စစ်မြေပြင်မှာတောင်အသုံးချနိုင်ကြတယ်"

ရှောင်ယု၏ဆုံးဖြတ်ချက်ကို နားထောင်ပြီးနောက် ဖော်ရာသည်အလွန်ကျေနပ်သွားခဲ့သည်။

...

...

ဖော်ရာသည် လူအုပ်ကြီးကိုဦးဆောင်ကာ အမွေအနှစ်ဆီသို့သွားရာလမ်းကြောင်းကို ဦးဆောင်ခဲ့သည်။

လူတိုင်းသည် ကြီးကျယ်ခမ်းနားသောအဆောက်အဦးကြီးများကို မျှော်ကြည့်ရင်း သူတို့၏ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ခွဲခြမ်းစိတ်ဖြာနေကြသည်။အဆောက်အဦးများသည် အလွန်ပင်ကြီးမားလှကာ အချိန်အတော်ကြသည်အထိလမ်းလျှောက်ခဲ့သည်တောင်မှ အဆုံးသို့မရောက်ရှိနိုင်သေးပေ။ဤနေရာရှိ မြေအနေအထားသည် လွန်စွာရှုပ်ထွေးလှကာ အရွယ်အစားအမျိုးမျိုးရှိသောလမ်းကြောင်းများသည် မတူညီသောနေရာအမျိူးမျိုးသို့ခွဲဖြာသွားခဲ့ကြသည်။ဤနေရာသို့ရောက်လာသူတိုင်းသည် လမ်းကြောင်းမသိထားပါက လမ်းပျောက်ရန်လွယ်ကူပေသည်။

ဆယ်မိနစ်ခန့်ကြာအောင်လမ်းလျှောက်ပြီးနောက် ဖော်ရာသည်စာကြည့်တိုက်ကဲ့သို့နေရာတစ်ခုသို့ ရောက်လာခဲ့သည်။

"ရတနာတွေက ဒီနေရာမှာသိမ်းထားတာပဲ"

Thank For Reading.

All Chapters