← Chapters

ညီလေးမျောက်

Vol. 8 Ch. 107

ညီလေးမျောက်

Vol. 8 Ch. 107

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့၏ အဖွဲ့များသည် သင်အန်းမြို့သို့ ပြန်လည် ရောက်မလာကြသေးချေ။ သူတို့သည် အပြင်တွင် အချိန် ကုန်ဆုံးဖို့ရန် စီစဉ်ထားပုံ ရသည်။

သန်မာသည့် လူများသည် ပို၍ ရဲရင့်ကြလေသည်။

သူတို့၏ စွမ်းအားများဖြင့် သူ့တို့အား ရန်ရှာလာမည့် သန္ဓေပြောင်း သားရဲများအား တိုက်ထုတ်ပစ်နိုင်ကြသည်။

သူတို့သည် မြက်ရိုင်းတောထဲတွင် အနားယူကာဖြင့် အချိန်မကုန်အောင် ပြုလုပ်နိုင်ပေသည်။ ထိုသို့ဖြင့် သန္ဓပြောင်းသားရဲ အများအပြားအား ရယူနိုင်ပေလိမ့်မည်။

စုချန်းရန် ပြန်လည် ရောက်ရှိလာရသည့် အကြောင်းအရင်းမှာ အန်လင်းအား သားရဲအမြုတေ ပေးအပ်ရန် ဖြစ်သည်။

နောက်တစ်နေ့တွင် အန်လင်း၏ အဖွဲ့သည် ထွက်ခွာ သွားကြပြန်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် မြင်သမျှ အရာအားလုံးအား သတ်ဖြတ်ကြသည်။။ သူတို့လမ်းတွင် ပိတ်ဆို့နေသည့် အရာများကို ရှင်းလင်းပစ်ကြသည်။

“ရှောင်းချောင် ... လျှပ်စီးကျားသစ်ကို ရှင်းလိုက်တော့ ...”

လျှပ်စီးကျားသစ်ထက် လျင်မြန်သည့် အမြန်နှုန်းဖြင့် ရွှေမျက်လုံးမျောက်မင်း၏ ခန္ဓာကိုယ်သည် ရောက်ရှိလာပြီးနောက် သူ၏ ငွေသံတုတ်ဖြင့် ရိုက်နှက်လိုက်တော့သည်။

ဘုန်း

သန္ဓေပြောင်းသားရဲ သတ်ဖြတ်မှု + ၁

“ရှောင်းချောင် ... ဒီအရိုးဖြူဝံပုလွေ နှစ်ကောင်က ငါတို့ကို လှောင်ရယ်နေတယ် ... အဆုံးသတ်ပေးလိုက် ...”

ရက်စက် ကြမ်းကြုတ်သည့် စွမ်းအားများ ထုတ်လွှတ်ကာဖြင့် ရွှေမျက်လုံးမျောက်မင်း၏ ငွေသံတုတ်သည် အရိုးဖြူဝံပုလွေများ၏ ခန္ဓာကိုယ်အား ခြေမှုန်းပစ်လိုက်သည်။

သန္ဓေပြောင်းသားရဲ သတ်ဖြတ်မှု + ၂

***

အန်လင်း၏နောက်တွင် မုန့်ထျန်းသည် သီချင်း ညည်းနေသလို ကျုံးရုံရန်သည် သမ်းဝေနေလေသည်။ စွန်းရှန့်လျန်သည် မိတ်ကပ်ပြင်သည့် မှန်အား ကိုင်ဆောင်လျက် ခေါင်းဖြီးနေလေသည်။

လောင်ကျိပင်သည် အသုံးဝင်သည့် အရာတစ်ခုခုအား ပြုလုပ်ရန် ကြိုးစားနေသည်မှ အပ လူတိုင်းသည် အလုပ်များလျက် ရှိနေကြသည်။

“အစ်ကိုမျောက်က အရမ်းမိုက်တာပဲ ... ဝူရှင်းတောင်တွေ တောင်မှပဲ အစ်ကိုမျောက်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ... စွန်းမျိုးနွယ်မျောက်ကို မေ့ပစ်လိုက်တော့ ...”

အန်လင်းသည်လည်း သီချင်းညည်းလိုက်သည်။

ဝါသနာတူ တစ်ဦးအား တွေ့လိုက်ရသဖြင့် မုန့်ထျန်း၏ မျက်လုံးများသည် အရောင် လက်လာတော့သည်။ သူမသည် အန်လင်းဘေးသို့ ရောက်ရှိလာပြီးနောက် စတင်ဆိုညည်းလိုက်သည်။

“အန္တရာယ်တွေ ကြုံလာရင် မင်းကစောင့်ရှောက်ထား အိုးဟိုး ... နင်ကိုယ်ရံတော်လို ကာကွယ် အမြဲတမ်းငါ့ရဲ့အနား အိုးဟိုး ... တစ်နာရီတောင်မနေနိုင်ပါ ကိုယ်ဟာလေ မင်းရဲ့အဝေး ...

မင်းအနား ရှိရင် ... ဒါ ငါ့အတွက် အားအင် ... ဟိုးမိုးထက်က ကြယ်စင် လှမ်းကာခူးလိုက်ချင် ... မင်းကငါ့ရဲ့ကမ္ဘာကြီး ... မင်းကငါ့ရဲ့ အိပ်မက်သခင် ...

ဒီလို မင်းအနားက အတူဆိုရင် ကြောက်စိတ်များကင်းစင် ... အဆုံးမဲ့တဲ့ သံသရာကိုတောင် ကူးဖြတ်သွားလိုက်ချင် ... ”

ထိုသီချင်းအား ကြားလိုက်ရသည့် အခါတွင် ရှောင်းချောင်၏ စိတ်အစုံမှာ လှုပ်ရှားလာပြီး တိုက်ပွဲများတွင် ပိုလို့ပင်  အစွမ်းပြလာသည်။

ဤသို့ နောက်နေ့တစ်နေ့ ကုန်ဆုံးသွားပြီသည်။

ယနေ့တွင် အန်လင်း၏အဖွဲ့သည့် သန္ဓေပြောင်းသားရဲ ၃၆ ကောင် သတ်ဖြတ်နိုင်ခဲ့သည်။

အတော်လေး ကောင်းမွန်သည့် ရလဒ် ဖြစ်သည့်အပြင် ...

ထိုသားရဲအားလုံးကို အစ်ကိုမျောက်မှ သတ်ပစ်ခဲ့ခြင်းပင်။

အစ်ကိုမျောက် ရှိနေခြင်းကြောင့် သူတို့သည် ယနေ့ညတွင် သင်အန်းမြို့သို့ မပြန်တော့ပါ။ ရောက်သည့်နေရာတွင်သာ အနားယူရန် ပြင်လိုက်ကြသည်။

ကျုံးရုံရန်နှင့် မုန့်ထျန်းတို့သည် မန္တန်ဝင်္ကပါများတွင် ကျွင်းကျင်ကြသည်။ ထို့ကြောင့်သူတို့သည် အနားယူသည့် နေရာတစ်ဝိုက်တွင် ကာကွယ်ရေး မန္တန်များနှင့် အချက်ပေး မန္တန်ဝင်္ကပါများ ခင်းကျင်းလိုက်သည်။

မန္တန်ဝင်္ကပါများ ခင်းကျင်းပြီးသည့် နောက်တွင် လူတိုင်းသည် မီးပုံဘေးတွင် ထိုင်လိုက်ကြပြီးနောက် အသားကင်လိုက်ကြသည်။

ယနေ့အတွက် အဓိက စားဖွယ်မှာ တောင်ပံခြောက်ခုငှက် ဖြစ်သည်။

တောင်ပံခြောက်ခု ...

ယင်းတောင်ပံများသည် လွန်စွာကြီးများပြီး တစ်ခုချင်းစီသည် ပေါင်အနည်းငယ်ခန့် လေးပေလိမ့်မည်။

သူတို့သည် မီးပုံဘေးတွင် ထိုင်လျက်နှင့် ကြီးမားသည့် တောင်ပံများအား ကိုင်ဆောင်ထားကြသည်။

ရှောင်းချောင်သည် အသားကင်ရာတွင် ကျွမ်းကျင်အဆင့် ဖြစ်သည်။ အသားများပေါ်တွင် ရသာမှုန့်များဖြူးခြင်း ဆော့စ်ချဉ်များ လောင်းခြင်းတို့ကို ပြုလုပ်ပေးသည်။

တောင်ပံများသည် မီးတဟုန်းဟုန်း အောက်တွင် တဖျစ်ဖျစ်မြည်လျက် ရွှေညိုရောင် သန်းလာသည်။ နူးညံ့ကာ အရည်ရွှမ်းသည့် အသားသည် သွားရည်ကျချင်စရာ အနံ့များကို ထုတ်လွှတ်ပေးနေလေသည်။

မုန့်ထျန်းသည် သည်းမခံနိုင်တော့သည်ကြောင့် တစ်ကိုက်ကိုက်လိုက်သည်။

“အသားက ပါးစပ်ထဲမှာ ပျော်ဝင်သွားတာဟ ... အရေခွံကလည်း ကြွပ်ဆတ်ဆတ်နဲ့ နေတာပဲ ... အရသာအရမ်းရှိ ...”

ထို့နောက်တွင် အခြားသူများသည် မထိန်းနိုင်တော့သည့် အတွက် စတင် စားသုံးကြလေသည်။

အန်လင်းသည် ခပ်ကြီးကြီး တစ်ကိုက် ကိုက်လိုက်သည်။ သူသည် ငြုတ်မှုန့် ဖြူးထားသည့်အတွက်ကြောင့် အရသာမှာ အနည်းငယ် စပ်လေသည်။

လျှာပေါ်သို့ ရောက်ရှိလာသော ထူးကဲသည့် အရသာအား ခံစားမိသည်။ သန္ဓေပြောင်းသားရဲ၏ အသားဖြစ်သည်ကြောင့် အတော်လေး ဝါးရသည်။

အရသာမှာတော့ အံ့မခန်းပါပဲ။

ထိုသို့ဖြင့် လူတိုင်းသည် မီးပုံဘေးတွင် ထိုင်ကာဖြင့် စားသောက်ကြတော့သည်။

သူတို့အဖွဲ့တွင် လူကောင် အသေးဆုံးဖြစ်သည့် မုန့်ထျန်းသည်ပင်လျှင် တောင်ပံ တစ်ခုလုံးအား ကုန်စင်သည့်အထိ စားသောက်လိုက်သည်။ ရှောင်းချောင်မှာ အရိုးများကိုပင် ကိုက်နေသေးသည်။

ညစာစားပြီးသည့်နောက်တွင် အန်လင်းသည် စိတ်ကျေနပ်စွာဖြင့် လဲလျောင်းလိုက်ပြီး ကြယ်များဖြင့် တောက်ပနေသည့် ကောင်းကင်ကြီးအား ကြည့်လိုက်သည်။

ကြယ်များသည် ကမ္ဘာပေါ်တွင် အလှပဆုံးဖြစ်သည်။

အနီးကပ်ကြည့်မည် ဆိုပါက သူသည် ကောင်းကင်အား ဖြတ်သန်းကာ ကြယ်အစုအဝေး တစ်ခုကိုပင် ပြုလုပ်နိုင်ပေသည်။

“အစ်ကိုကြီးအန်က ကြယ်တွေကိုကြည့်ပြီး ဘဝအကြောင်း တွေးနေတာလား ...” မုန့်ထျန်းသည် လက်တွင်ပေနေသည့် ဆော့စ်ချဉ်များအား လျက်လိုက်သည်။

သူမသည် ပန်းရောင် တာအိုဝတ်စုံအား ဝတ်ဆင်ထားပြီး ဆံပင်တိုနှင့် လွန်စွာလှပသည့် မျက်နှာလေးသည် သူမအား နှစ်လိုဖွယ် ကောင်းစေသည်။

မုန့်ထျန်းအား မြင်ရခြင်းသည် ကမ္ဘာပေါ်ရှိ ထျန်းလင်းလင်းအား သတိရမိစေသည်။

“ငါက ကမ္ဘာပေါ်မှာ ကြီးပြင်းခဲ့တာလေ ... လတ်တလောမှာ သိလိုက်ရတာက ကမ္ဘာကြီးကို နွီဝါးက ဖန်ဆင်းခဲ့တာတဲ့ ... သေမျိုးကမ္ဘာကို ဆင်းသက်ရတဲ့ အကြောင်းအရင်းက အဲဒီကမ္ဘာရဲ့ တည်ရှိမှုကို ပြုပြင်ပေးဖို့ပဲ ...”

မုန့်ထျန်းသည် အန်လင်းအား မျက်တောင်မခတ်ဘဲ ကြည့်နေလေသည်။ မည်သည့်အတွက်ကြောင့် ထိုအရာအားများ ပြောကြားခြင်းကို နားမလည်နိုင်ပါ။

“ထိုက်ချူကုန်းမြေကြီးက အရမ်းကို ကြီးမားလွန်းတယ် ... ကြီးမားလွန်းလို့ ပြီးပြည့်စုံတဲ့ မြေပုံတစ်ခုတောင် ရှိမနေဘူး ...”

“ဖတ်စာအုပ်မှာ ပါတဲ့အတိုင်းဆိုရင် ထိုက်ချူကုန်းမြေကြီးက အရာအားလုံးရဲ့ အစတဲ့ ... ပန်ဂုက ကောင်းကင်ကို မြေပြင်ကနေ ခွဲထုတ်လိုက်တဲ့ အခါမှာ ဖန်တီးလိုက်တာတဲ့ ... ကမ္ဘာငယ်လေးတွေ အများအပြား ရှိပြီး လျှို့ဝှက်နယ်မြေတွေလည်း ရေတွက်လို့မရအောင် ရှိနေနိုင်တယ် ... ဒါပေမဲ့လည်း ကြီးမြတ်တဲ့ကမ္ဘာ ဆိုတာတော့ တစ်ခုပဲ ရှိနိုင်တယ် ...”

“ငါအခုစဉ်းစားနေတာက ထိုက်ချူကုန်းမြေကြီးကို ဘယ်သူက သတ်မှတ်ပြီး သူ့ရဲ့ အစစ်အမှန် အဓိပ္ပာယ်က ဘာလဲ ဆိုတာပဲ ...”

မုန့်ထျန်းသည် သမ်းဝေလိုက်သည်။ ထိုကဲ့သို့ ပျင်းရိဖွယ် မေးခွန်းများအား တတွတ်တွတ် ပြောနေလိမ့်မည်ဟု သူမမျှော်လင့် မထားမိချေ။ ထိုမေးခွန်းများသည် ‘ငါဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ’ ဟူသည့် မေးခွန်းမျိုးနှင့် တူညီပေသည်။ ပျင်းစရာ ကောင်းလှသည်။

“သေသေချာချာ သိရင်ချင် ဘာလို့များ ပန်ဂုကို သွားမမေးလဲ ...”

အန်လင်း : “ ...”

ဟုတ်သည်။ ဘာလို့များ ကောင်းကင်ဘုံအား မေးမြန်ခြင်း မပြုရသနည်း။

ဘဝအကြောင်း အနည်းငယ် စဉ်းစားပြီးသည့်နောက်ွင် အန်လင်းသည် သူ၏တဲသို့ပြန်ကာ အနားယူလိုက်သည်။

ညအချိန်သည် ငြိမ်းချမ်းစွာဖြင့် ကုန်ဆုံးသွားပြီ ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် သူတို့သည် သန္ဓေပြောင်းသားရဲများအား အမဲလိုက်ရန် ခရီးဆက်ကြပြန်သည်။

ယနေ့တွင် လောင်ကျိပင်သည် သွေးဆာနေသည့် အတွက် ရွှေမျက်လုံးမျောက်မင်းနှင့် တွဲဖက်ကာ သန္ဓေပြောင်း သားရဲများအား သတ်ဖြတ်ကြသည်။ အခြားသော လေးယောက်သည် ပုံမှန်အတိုင်း အလုပ်ရှုပ်လျက် ရှိကြသည်။

လောင်ကျိပင် အားဖြည့်မှုကြောင့် သူတို့သည် ပို၍များပြားသည့် သားရဲများအား သတ်ဖြတ်နိုင်သင့်သည်။

သို့သော်လည်း တစ်နေ့တာ ကုန်ဆုံပြီးချိန်တွင် သန္ဓေပြောင်းသားရဲ ၂၆ ကောင်သာလျှင် သတ်ဖြတ်နိုင်ခဲ့ပြီး ယမန်နေ့ကထက် ၁၀ ကောင် လျော့နည်းပေသည်။

သူတို့သည် အသင်္ချေတောင်တန်း နယ်မြေ အနက်ပိုင်းအထိ လှည့်လည် သွားလာကြသည်။ နည်းစနစ်ကျကျ ပြောရမည်ဆိုလျှင် ပိုမိုများပြားသည့် သားရဲများနှင့် ကြုံတွေ့သင့်ပေသည်။ သို့သော်လည်း သူတို့သည် ယခင်ကနှင့် နှိုင်းစာလျှင် နည်းပါးလွန်းသည့် သားရဲများကိုသာလျှင် တွေ့ရတော့သည်။

ထိုညတွင် သူတို့သည် အရသာရှိလှသည့် တောင်ပံ ခြောက်ခုငှက်အား ရှာမတွေ့ကြချေ။ ထို့အစား လူတိုင်းသည် ဝါးရခက်သည့် ရွှေခြေကျင်း နွားသိုးကိုသာလျှင် စားရတော့သည်။

“ဒီနေ့ လောင်ပင် ကံမကောင်းပါလား ... ကျွန်တော်က အစ်ကိုမျောက်နဲ့ အတူတူ ယှဉ်တွဲ တိုက်ခိုက်တာက မှားယွင်းနေလို့များလား ...” လောင်ကျိပင်သည် ခါးသီးစွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“အနီးအနားမှာ အရမ်းအားကောင်းတဲ့ သားရဲတွေ ရှိမယ်ဆိုရင် သန္ဓေပြောင်း သားရဲတွေရဲ့ တည်ရှိမှုက လျော့လာတတ်တယ် ... ဖြစ်နိုင်တာကတော့ ငါတို့က စိတ်ဝိညာဉ်သားရဲ ဒါမှမဟုတ် ဝိညာဉ်သားရဲတွေရဲ့ နယ်မြေထဲ ဝင်လာမိပြီနဲ့ တူတယ် ...” ကျုံးရုံရန်သည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

ထိုအကြောင်းအား ကြားသည့်အခါတွင် လူတိုင်းသည် အတွေးထဲ နစ်မျော သွားကြလေသည်။ သူတို့သည် စိတ်ဝိညာဉ် သားရဲများနှင့် ရင်ဆိုင်ကြုံတွေ့လျှင် အခြေအနေ ကောင်းသေးသော်လည်း ထို့ထက်ပိုသည့် သားရဲများနှင့် ကြုံတွေ့ရမည်ဆိုလျှင် ...

သို့သော်လည်း ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ဝိညာဉ်သားရဲ တစ်ကောင်နှင့် ကြုံတွေ့ရမည် ဆိုပါက သူတို့သည် သေတွင်းအား တူးမိခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

***

နောက်တစ်နေ့တွင် အန်လင်းနှင့် အခြားသူများသည် ဆွေးနွေးမှုများ ပြုလုပ်ကြပြီးနောက် လမ်းကြောင်းပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

နေ့လယ်ရောက်သည့် တိုင်အောင် သူတို့သည် သန္ဓေပြောင်းသားရဲ ၁၃ ကောင်ကိုသာလျှင် သတ်ဖြတ်နိုင်သေးသည်။ ထိုနှုန်းသည် ယမန်နေ့ကထက် ဆိုးဝါးပေသည်။

“ဘာဖြစ်တာလဲ ... သန္ဓေပြောင်းသားရဲတွေ အကုန်လုံးက ကြောက်ပြီး ပုန်းကုန်ကြတာလား ...” အန်လင်းသည် စိတ်ရှုပ်ထွေးလာတော့သည်။

ထိုအချိန်မှာပင် ရှောင်းချောင်သည် ရုတ်တရက် ကိုယ်ကို ကိုင်းလိုက်ပြီး မြေပြင်တွင် နားကပ်ကာ နားထောင်လိုက်သည်။

ထို့နောက်တွင် ကောင်းကင်တွင် တိမ်စီးနှင်းလိုက်ပြီး သူ၏ တလက်လက် တောက်ပနေသည့် ရွှေရောင်မျက်လုံးများဖြင့် အဝေးသို့ ကြည့်လိုက်သည်။

“သောက်ခွေးနဲ့မှဟေ့ ... သားရဲအုပ်ကြီး လာနေပြီ ...”

အတွေးတွင် လာနေသည့် သားရဲများအား ကြည့်ကာဖြင့် ရွှေမျက်လုံးမျောက်မင်း၏ အမူအရာသည် လေးနက်လာတော့သည်။

***

All Chapters