← Chapters

ပြန်လာပြီ

Vol. 137 Ch. 1761

ပြန်လာပြီ

Vol. 137 Ch. 1761

ရှင်းအန်းလည်း ဘိုးဘေးနန်းတော်အပြင်သို့ ထွက်၍ ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများဖြင့် တွေ့ဆုံကာ ချင်မူ စကားပါးလိုက်သည်အား ပြန်လည်ပြောပြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ချက်ချင်းပင် စတင်စီစဉ်တော့သည်။ “စစ်သည်တော်အားလုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆက်လုပ်ကြ… အရှင်မင်းကြီးလည်း ပြန်လိုက်ပါ…. ကောင်းကင်နတ်အရှင်ရုံ၊ ရွှမ်းဝူနတ်မင်းနှစ်ပါး၊ လန်ဝူ၊ ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ကျန်းပိုင်ကွေ့တို့က ကျွန်မနဲ့အတူ နေခဲ့ကြပါ”

ရှင်းအန်းက ရှေ့ဆုံးမှ ဉီးဆောင်၍ စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်းကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လျှင် သူက အတိတ်စကြဝဠာမှ ခိုးဝင်လာသူတစ်ဦး၏ မူလဝိညာဉ်ကို သေတ္တာထဲမှ ထုတ်လိုက်သည်။ သူ၏ ချီစွမ်းအင်က သံကြိုးအဖြစ် ဖွဲ့တည်လိုက်ကာ ထိုအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်၏ မူလဝိညာဉ်ကို ချုပ်နှောင်ထားလိုက်သည်။

တခဏအကြာတွင် ယိုတုမိစ္ဆာချီများသည် မတူညီသော အချိန်နှင့် နေရာဟင်းလင်းပြင်မှ ရုတ်တရက် ထွက်ပေါ်လာကာ ရှင်းအန်း၏ ပတ်ဝန်းကျင်အား ယိုတုအသေးစားပမာ ပြောင်းလဲသွားစေ၏။

ထိုယိုတုအသေးစားထဲတွင် မျက်လုံးသုံးလုံးက အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်၏ မူလဝိညာဉ်ကို စိုက်ကြည့်နေသည်။

“ငါ တစ်ခါမှ မမြင်ဖူးတဲ့ မျိုးစိတ်တစ်ခုပဲ”

ထိုအမှောင်ထုထဲတွင် ရှိနေသူမှာ ချင်ဖုန်းကျင့်၏ ကိုယ်ပွားပင် ဖြစ်၏။ သူ၏အသံက တုန်ခါမြည်ဟည်းနေသည်။ “ရှင်းအန်း၊ ဒီမျိုးစိတ်ရဲ့ မူလဝိညာဉ်ကို သုံးပြီး ငါ့ ဘာလို့ခေါ်တာတုန်း”

“ငါ ရှန့်ကျွင်းကို ရှာချင်လို့” ရှင်းအန်းက ဖြေသည်။

ချင်ဖုန်းကျင့်၏ ကိုယ်ပွားသည် လက်ဆန့်ကာ အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်၏ မူလဝိညာဉ်ကို ယူလိုက်၏။ “ကောင်းပြီလေ… သူ့ကို ငါ့ဆီပေး… ရှန့်ကျွင်းကို ရှာပေးမယ်”

ရုတ်တရက် ရှင်းအန်းသည် သူ့ကို တားကာ ခေါင်းခါ၏။ “သူက ငါ ပိုင်တာ”

ချင်ဖုန်းကျင့် ဒေါသထွက်သွားသည်။ “မင်းက သူ့ရဲ့မူလဝိညာဉ်နဲ့ ငါ့ကို ခေါ်ထုတ်ပြီး အလုပ်ခိုင်းတယ်... ဘာအကျိုးအမြတ်မှ မပေးဘဲ နေမလို့လား”

ရှင်းအန်းက ပြော၏။ “ရှန့်ကျွင်းကို ရှာချင်တာက မင်းရဲ့ ညီလေးလေ... ငါက သူ ရှန့်ကျွင်းကို ရှာနိုင်ဖို့ ကူညီနေတာ”

ချင်ဖုန်းကျင့်လည်း တိတ်ဆိတ်သွားပြီး ဒေါသတကြီး ညည်းညူလိုက်သည်။ “ညီဆိုးလေး… ခဏစောင့်... ရှန့်ကျွင်းရဲ့ နေရာ ရှာပေးမယ်”

“ခဏနေဦး”

ရှင်းအန်းက ပြုံးလိုက်ပြီး ပြော၏။ “မင်းအနေနဲ့ ဒီအတိတ်စကြာဝဠာ အင်အားကြီးသိုင်းပညာရှင်ရဲ့ မူလဝိညာဉ်ကို ရဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ချင်ဖုန်းကျင့်က ရပ်လျက် သူ့ကို လှည့်ကြည့်လိုက်သည်။

ရှင်းအန်းက ဆက်ပြော၏။ “ဒီအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်က ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်ပဲ… ငါ သူ့ရဲ့ မူလဝိညာဉ်ကို ရဖို့ အတော်လေး ကြိုးစားခဲ့ရတာ… သူ့ရဲ့ မူလဝိညာဉ်ကို ရရင် မင်းအတွက် အကျိုးကျေးဇူးအများကြီး ရှိတယ်… သူ့ရဲ့ မူလဝိညာဉ် တည်ဆောက်ပုံက ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခု မဟုတ်ဘူး… ဝိညာဉ်တည်ဆောက်ပုံက ငါတို့နဲ့ လုံးဝမတူဘူး”

ချင်ဖုန်းကျင့်က လှည့်လာသည်။ သူ၏မျက်လုံးသုံးလုံးသည် တောက်ပနေပြီး ထိုအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်ကို ကြည့်၍ လှုပ်ရှားရန် အသင့်ဖြစ်၏။

ရှင်းအန်းက သူ၏ လောဘကို နှိုးဆွလိုက်လေပြီ။ သူ့ကို မပေးပါက သေချာပေါက် အတင်းလုယူပေလိမ့်မည်။

“မင်းနဲ့ ဂိုဏ်းသခင်ချင်က အစတုန်းက ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်ခဲ့တာမလား... ခန္ဓာကိုယ်တစ်ခု၊ ဝိညာဉ်တစ်ခုတည်းကို အတူ မျှဝေသုံးစွဲခဲ့ကြတာလေ”

“ငါက ဂိုဏ်းသခင်ချင်ရဲ့ ဦးခေါင်းကို လိုချင်တယ်ကွာ ... ဒါပေမဲ့ သူက သဘောမတူဘူး ဖြစ်နေတယ်… မင်းသာ မင်းရဲ့ ဦးခေါင်းတစ်လုံး ပေးမယ်ဆိုရင် ငါ ဒီအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်ရဲ့ မူလဝိညာဉ်ကို မင်းဆီ ပေးမယ်”

ချင်ဖုန်းကျင့်လည်း အလွန်ဝမ်းသာသွားသည်။ “ညီလေးက တကယ်တုံးလိုက်တာ... ခေါင်းကို ဖြတ်ပြီး နောက်တစ်လုံး ပြန်ပေါက်အောင် လုပ်လိုက်ရုံပဲကို… စောင့်နေ”

ခဏအကြာတွင် ကောင်းကင်မြေပြင်မုခ်ဝတစ်ခု ပွင့်လာပြီး ချင်ဖုန်းကျင့်၏ ဦးခေါင်းက လိမ့်ထွက်လာ၏။ “ငါ့ခေါင်းကို ပေးလိုက်ပြီ... အဲ့ဒီလူရဲ့ မူလဝိညာဉ်ကို ပေးတော့”

ရှင်းအန်းမှာ ဣန္ဒြေပင် မဆည်နိုင်အောင် မြူးထူးသွားတော့သည်။ သူက အလျင်အမြန် ဣန္ဒြေဆည်လိုက်ရင်း သံကြိုးနှင့်အတူ အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်၏ မူလဝိညာဉ်ကို ချင်ဖုန်းကျင့်ထံသို့ ပေးလိုက်သည်။ ထို့နောက် ချင်ဖုန်းကျင့်၏ ဦးခေါင်းကို ပွေ့မကာ ဟားတိုက်ရယ်မောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ မင်း ထင်မထားဘူးမလား... မင်းဦးနှောက်ကို ရဖို့ မင်းရဲ့ ခွင့်ပြုချက်မလိုဘူးကွ… မင်းမှာ ဘာလို့ ဒီလောက် ထူးဆန်းတဲ့ အတွေးအခေါ်တွေ ရှိနေရတာလဲ ကြည့်ရသေးတာပေါ့”

သူ့မှာ ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေတော့၏။

ချင်ဖုန်းကျင့်လည်း အလားတူ စိတ်လှုပ်ရှားနေသည်။ သူက ထိုအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်၏ မူလဝိညာဉ်ကို ကြည့်နေ၏။ ကြည့်လေလေ ကြိုက်လေလေ ဖြစ်နေကာ သွားရည်များ တမြားမြား ကျလာသည်။ “သိပ်စားကောင်းမယ့်ပုံပဲ… ဝိညာဉ်က ငါတို့နဲ့ မတူတာက ပိုရှားတယ်… တကယ်ကို ထိပ်တန်းအဆင့်ပဲ”

ထိုအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်ခမျာ ကြောက်ဒူးတုန်နေချေပြီ။

ချင်ဖုန်းကျင့်၏ အစစ်အမှန် ခန္ဓာကိုယ်က ရှန့်ကျွင်း၏ တည်နေရာကို ရှာတွေ့သွားသည်။ “ရှန့်ကျွင်းက ပါ့ကျိုးက စက်ရုံမှာ အလုပ်လုပ်နေတယ်”

ရှင်းအန်းလည်း ချင်ဖုန်းကျင့်၏ ဦးခေါင်းကို ယူ၍ ပါ့ကျိုးစက်ရုံသို့ ချက်ချင်း ထွက်ခွာသွားသည်။ လမ်းတလျှောက်တွင် သူက ချင်ဖုန်းကျင့်၏ ဦးခေါင်းကို သေချာစွာ လေ့လာနေ၏။ လေ့လာနေသည်နှင့်အမျှ သူ၏မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။

ပါ့ကျိုးသို့ ရောက်သည့်အခါတွင်တော့ ဒေါသကို မထိန်းနိုင်တော့ချေ။ “ဂိုဏ်းသခင်ချင်ရဲ့ ဦးနှောက်က ငါ ထင်ထားသလောက် ဉာဏ်မကောင်းပါလား”

ထိုဦးခေါင်းသည် ရုတ်တရက် ပါးစပ်ဖွင့်၍ ဂုဏ်ယူစွာ ပြောလိုက်၏။ “ငါ့ညီလေးရဲ့ ဦးနှောက်က တကယ်ကို ဉာဏ်မကောင်းတာလေ … ငါဖြင့် သိတာ ကြာပေါ့ … မင်းက အခုမှသိတာဆိုတော့ မင်းလည်း တော်တော်တုံးတာပဲ”

ရှင်းအန်း ဆွေ့ဆွေ့ခုန်သွားသည်။

သူ ပါ့ကျိုးစက်ရုံသို့ ရောက်သွားသည့်အချိန်တွင် ချင်ဖုန်းကျင့်၏ ဦးခေါင်းက လေထဲတွင် ပျံဝဲသွားလာရင်း ရှန့်ကျွင်းကို ကူညီရှာဖွေပေးနေသည်။

“ဒီမှာ”

ရှင်းအန်း စက်ရုံထဲ ဝင်လိုက်သည့်အခါ ရှန့်ကျွင်းသည် တာအိုရသေ့အချို့နှင့်အတူ သံကြိတ်ချေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုတာအိုရသေ့များမှာ တာအိုဂိုဏ်းမှ ဖြစ်သည့်အလျောက် သင်္ချာကျွမ်းကျင်ကြ၏။ ပါးစပ်မှလည်း အလွန်နက်နဲကျယ်ပြန့်သော သင်္ချာအသုံးအနှုန်းများကို ရွတ်ဆိုနေကြသည်။

ရှန့်ကျွင်းက ဘေးမှ နားထောင်ရင်း တဆတ်ဆတ် ခေါင်းညိတ်နေသည်။

“ရှန့်ကျွင်းရဲ့ ဓားသိုင်းက သိပ်ကို တည်ငြိမ်တယ်… ဓားကြိတ်စက်ရဲ့ တိကျမှုကို နောက်ထပ်တစ်ဆင့် မြှင့်တင်နိုင်တယ်”

တာအိုရသေ့တစ်ဦးက ပြုံးနေသည်။ “ဓားကြိတ်စက်ရဲ့ တိကျမှု နောက်ထပ်တစ်ဆင့် မြင့်သွားရင် ဧရာမနတ်ဘုရားလက်နက်ကြီးတွေကို သွန်းလုပ်တဲ့အခါ အမှားအယွင်းတွေ အများကြီး နည်းသွားမယ့်အပြင် နတ်ဘုရားလက်နက်တွေကိလည်း ပိုကြီးကြီး သွန်းလုပ်နိုင်လိမ့်မယ်… ကောင်းပြီ၊ ခဏနားကြရအောင်.... နေ့လယ်စာစားချိန် ရောက်ပြီ”

ရှန့်ကျွင်းမှာ စက်သွားအပေါ်မှ ဆင်းလာ၍ ရှင်းအန်းကို မြင်လျှင် ဇဝေဇဝါ ကြည့်လိုက်သည်။

ရှင်းအန်း၏ မျက်နှာအမူအရာမှာလည်း သံသယမကင်းချေ။ “မင်းရဲ့ အစွမ်းနဲ့ ဒီဓားကြိတ်စက်ရုံမှာ အလုပ်လုပ်စရာ မလိုဘူးလေ မဟုတ်ဘူးလား … မင်းရဲ့ အစွမ်းနဲ့ဆို ဘယ်နေရာကိုသွားသွား အရေးပေးခံရမှာပဲဟာ”

ရှန့်ကျွင်းက ခေါင်းခါလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်လာပြီးတဲ့နောက် လူသတ်တာအပြင် ဓားသိုင်းရဲ့ တိကျမှုကို အားကိုးပြီး အခြားသူတွေအတွက် အလုပ်လုပ်ပေးလို့ ရမှန်း ငါ သိခဲ့ရတယ်… ငါက ဒါပဲ တတ်တာလေ… ဒီအလုပ်နဲ့ ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ပြီး ကိုယ်လိုချင်တာကို ဝယ်လို့ရတယ်ဆိုတော့ ငါ သိပ်ပျော်တယ်”

ရှင်းအန်းမှာ ခေါင်းတရမ်းရမ်းဖြင့် နားမလည်နိုင်‌ပေ။

သူ၏ ကံကြမ္မာသည် ရှန့်ကျွင်းနှင့်မတူချေ။

ရှန့်ကျွင်းမှာ ၁၆ စင်းမြောက် စကြဝဠာ၏ အဆုံးသတ်အချိန်တွင် မွေးဖွားခဲ့ပြီး မဟာပျက်စီးခြင်း ကပ်ဘေးကြီး၏ အရိပ်အယောင်များအား မြင်ခဲ့ရသည်။ နေရာတိုင်းတွင် သတ်ဖြတ်မှုများသာ ပြည့်နှက်နေခဲ့သဖြင့် သူလည်း သတ်ဖြတ်ရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာပြီးနောက် သူ၏ အခြားတန်ဖိုးများကို ရှာတွေ့နိုင်ခဲ့၏။ ထို့ကြောင့် ယခုလို အသုံးချနိုင်သည့် အခွင့်အရေးကို အလွန်တန်ဖိုးထားချေသည်။

ရှင်းအန်းမှာမူ ကောင်းကင်နတ်သိုင်းပညာရှင်များ အနိုင်ကျင့်လုယက်သည့်ခေတ်တွင် မွေးဖွားလာခဲ့သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များသည် အင်အားကြီးမားသည့်အတွက် သာမန်လူများကို စိတ်တိုင်းကျ သေစေရှင်စေနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ၏စိတ်နေသဘောထားမှာလည်း ထူးခြားဆန်းပြားလာခဲ့၏။ နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကာလတွင် ချင်မူနှင့် တွေ့ဆုံခဲ့သည့်အချိန်မှ သူ့ကိုယ်သူ ထိန်းချုပ်လာနိုင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စည်းကမ်းများအတိုင်း ဆောင်ရွက်လာခဲ့သည်။

သူတို့နှစ်ယောက်၏ အတွေ့အကြုံ မတူညီမှုက အပြုအမူများကို ကွဲပြားသွားစေခဲ့သည်။

“ဂိုဏ်းသခင်ချင်က မင်းကို ဘိုးဘေးနန်းတော်ဆီ သွားစေချင်တယ်… မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာနေပြီ… သူက မင်းကို ဟွမ်ရှီခန်းမသခင်နဲ့ ရင်ဆိုင်စေချင်တယ်”

ရှင်းအန်းက လာရင်းအကြောင်းကို ရှင်းပြရာ ရှန့်ကျွင်းက တုံ့ပြန်သည်။ “ဓားကြိတ်စက် လုပ်ပြီးလို့ လုပ်အားခရရင် သွားမယ်”

ရှင်းအန်းမှာ နားမလည်နိုင်တော့ချေ။ ချင်ဖုန်းကျင့်၏ ဦးခေါင်းက မေးလိုက်၏။ “ရှန့်ကျွင်း၊ မင်းက အရင်က တခြားစက်ရုံမှာ မဟုတ်ဘူးမလား… ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ”

“အရင် စက်ရုံက ငါ့ကို မသုံးရဲတော့ဘူးလေ… လုပ်အားခ ရှင်းပြီးတာနဲ့ အလုပ်ထုတ်လိုက်တယ်” ရှန့်ကျွင်းက အလုပ်ဆက်လုပ်ရင်း ဖြေနေသည်။

ရှင်းအန်း ခေါင်းခါမိပြန်သည်။ ရှန့်ကျွင်း၏ လုပ်ရပ်ကို နားလည်ရန် ခက်ခဲလှချေသည်။

ရှန့်ကျွင်းက ဓားကြိတ်စက် လုပ်ပြီးလျှင် အလုပ်ထွက်တော့မည့်အကြောင်း သွားပြော၏။ စက်ရုံမှူးက လက်မလွှတ်လိုသဖြင့် ဆက်နေရန် ဖြောင်းဖျလေသည်။

“ကောင်းကင်နတ်အရှင်မူက ကျုပ်ကို တာအိုသိုင်းပညာရှင်တစ်ယောက်ကို သွားသတ်ခိုင်းလို့”

စက်ရုံမှူးမှာ ဤစကားကို ကြားသည်နှင့် လူတစ်ဦးကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် လုပ်အားခ ရှင်းပေးလိုက်သည်။

ရှန့်ကျွင်း ထွက်လာသည်။

ရှင်းအန်းကလည်း တခဏ စဉ်းစားနေပြီးနောက် သူနှင့်အတူ လိုက်သွာသည်။ “ဂိုဏ်းသခင်ချင်က ငါ့ကို ခေါင်းတလားတစ်လုံး အကြွေးတင်နေသေးတယ်… ပြီးတော့ ဒီခေါင်းက သိပ်အသုံးမဝင်ဘူး”

ချင်ဖုန်းကျင့်၏ ဦးခေါင်းက ပျံသန်းထွက်ခွာသွားပြီး ရယ်ကြဲကြဲဖြင့် လှမ်းပြောသည်။ “အသုံးမဝင်ရင် ပြန်ယူသွားလိုက်မယ်… မင်း ငါ့ ညီလေးနဲ့တွေ့ရင် လေးဆယ်နှစ်နှစ် ပြည့်တော့မှာမလို့ အဲ့ဒီလူကို တွေ့ချင်တယ်လို့ ပြောပေးပါ”

“လေးဆယ်နှစ်နှစ် ပြည့်တော့မယ်… ဘာအဓိပ္ပာယ်လဲ” ရှင်းအန်း ဇဝေဇဝါ ဖြစ်နေ၏။

အန္တိမဟင်းလင်းပြင် စွန့်ပစ်မြေတွင်

လောကပေါင်းကူးရွှေသင်္ဘောမှာ တစ်လနီးပါး ခရီးနှင်ပြီးနောက်တွင်တော့ ဤစွန့်ပစ်မြေသို့ ရောက်လာလေပြီ။

ချင်မူ မျက်မှောင်ကြုတ်နေသည်။ “ဘိုးဘေးနန်းတော်ကနေ ဒီနေရာ ရောက်ဖို့ ဒီလောက်အချိန် မကြာသင့်ဘူး… အများဆုံး ရက်နှစ်ဆယ်ဆို ရောက်ရမှာ … အနန္တအဘိုးအို ထွက်လာပြီးတဲ့နောက် လောကသစ်ပင်က အလျင်အမြန် ကြီးထွားလာပြီး အန္တိမဟင်းလင်းပြင်ကို အရင်ကထက် ပိုကျယ်ပြန့်သွားစေတာလား”

သူ စိတ်မ‌အေးနိုင်တော့ပေ။

အန္တိမဟင်းလင်းပြင် ကြီးထွားလာပါက ကမ္ဘာလောကအားလုံးလည်း ကြီးမားလာမည်။ စကြဝဠာ၏ ကျယ်ပြန့်မှုကလည်း တဖြည်းဖြည်း အရှိန်မြန်လာမည်ဖြစ်သည်။

“ငါ့ရဲ့ သုံးသပ်ချက် မှန်မမှန်တော့ မသိဘူး… ဒါမှမဟုတ် အန္တိမဟင်းလင်းပြင် ကြီးထွားလာတာက ကမ္ဘာလောကတွေဆီ မသက်ရောက်တာလား… အင်း... ကမ္ဘာလောကတွေအားလုံးကို တိုင်းတာဖို့ ယောက္ခမကြီးရဲ့ ကြယ်တာရာအရာရှိတွေကို ခိုင်းရမှာပဲ”

သူက စိတ်ကို တည်ငြိမ်စေလိုက်သည်။ ကမ္ဘာလောကအပေါင်း ကြီးမားလာခြင်းသည် ကောင်းသောကိစ္စဟု ထင်ရသော်လည်း အမှန်တကယ်တွင် စကြဝဠာမှာ ဟင်းလင်းပြင်အဖြစ်သို့ ပိုပို၍ ပြောင်းလဲနေခြင်းဟုသာ ဆိုရမည်။

လောကပေါင်းကူးရွှေသင်္ဘောက စွန့်ပစ်မြေသို့ ဝင်ရောက်လာသောကြောင့် ချင်မူလည်း ဤကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်သည်။ “ကျောက်ပြားတောအုပ်က သခင်လေးတစ် ချိပ်ပိတ်ထားတဲ့နေရာပဲ…” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါ အရင်တစ်ခေါက် ဝင်ရောက်နိုင်ခဲ့တာ ကျောက်ပြားတောအုပ်က ကျောက်တိုင်တစ်တိုင်ကို ထိုက်ယီက အပြင်ဘက် ပစ်ထုတ်ထားခဲ့လို့ … အဲ့ဒီတံခါးနှစ်ချပ်မှာ တစ်ချပ်ကလည်း လျော့နေခဲ့သေးတာ… ဒါပေမဲ့ ငါ ထွက်သွားတော့ သခင်လေးတစ် ပေါ်လာပြီး အဲ့ဒီကျောက်တိုင်ကို ပြန်ထည့်ထားခဲ့တယ်… တံခါးကိုလည်း ပြန်ပြင်သွားတယ်… ဒီတစ်ခေါက် ဝင်ချင်ရင် တံခါးကို ဖျက်ဆီးပြီး ကျောက်ပြားတောအုပ်ရဲ့ ဖိနှိပ်မှုကို ဖောက်ထွက်ရလိမ့်မယ်…”

သူ၏မျက်လုံးတွင် နတ်အလင်းတန်းများ တောက်ပနေသည်။ “ငါ့မှာ ဒီလိုစွမ်းဆောင်ရည်မျိုး ရှိရဲ့လား”

လောကပေါင်းကူးရွှေသင်္ဘေသည် စွန့်ပစ်မြေတွင် သွားလာနေစဉ် ထူးဆန်းသောနေရာများကို ရှောင်ရှားသွား၏။ ရုတ်တရက် အသွေးအသားများ ပြည့်နှက်နေပြီး အရေပြားမရှိသော ဦးခေါင်းတစ်လုံး ပျံသန်းလာသည်။ ဦးခေါင်းပေါ်ရှိ ဆံပင်များက သံမဏိကြိုးများသဖွယ် အရပ်လေးမျက်နှာသို့ ဉီးတည်ပေါက်ရောက်နေ၏။

ချင်မူက မျက်လုံးများ မှေးကျဉ်းလိုက်ပြီး သူ၏အရှိန်အဝါတို့အား ထုတ်ဖော်လိုက်သည်။ ထိုထူးဆန်းသော ဦးခေါင်းမှာ သူ၏ အရှိန်အဝါကို အာရုံခံမိသည်နှင့် ချက်ချင်းပင် နောက်ပြန်လှည့်ကာ စွန့်ပစ်မြေ၏ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။

“ငါက လုံလုံလောက်လောက် သန်မာနေပြီ”

ချင်မူ လက်သီးဆုပ်ကာ ခပ်တိုးတိုး ရေရွတ်နေမိသည်။ “အနန္တအဘိုးအိုရဲ့ သင်ကြားပေးမှုကြောင့် ငါ အားကောင်းနေပြီ… သခင်လေးတစ်ရဲ့ မဟာဥသျှောင်ခန်းမကိုတောင် ငါ ခုတ်ပိုင်းနိုင်သေးတာ… ကျောက်ပြားတောအုပ်လောက်တော့ ဂရုစိုက်နေစရာလား”

သူ ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရာ ကမ္ဘာဉီးချီစွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ ခရမ်းရောင်မီးတောက်များက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တောက်လောင်လာပြီး ရွှေသင်္ဘော၏ အရှိန်က ချက်ချင်းပင် တိုးမြင့်လာ၍ စွန့်ပစ်မြေထဲသို့ ပြေးဝင်သွားတော့သည်။

ရွှေသင်္ဘော ဖြတ်သန်းသွားရာတစ်လျှောက် စွန့်ပစ်မြေရှိ ထူးဆန်းသည့် အရာအားလုံးမှာ ငြိမ်သက်အေးဆေးနေပြီး သူ၏အရှိန်အဝါနှင့် မီးတောက်များကြောင့် ကြောက်ရွံ့နေကြ၏။

ချင်မူ ‌ရှေ့ဆက်လာသည့်အခါ ခေါင်းတလားများက လမ်းကိုပိတ်ဆို့ထားသည်။ ထိုခေါင်းတလားများမှာ တာအိုသိုင်းပညာရှင်များ၏ တာအိုသစ်ပင်မှ အသွင်ပြောင်းထားသော အရာများ ဖြစ်၏။ တာအိုသိုင်းပညာရှင်များသည် ခေါင်းတလားထဲတွင် ပုန်းအောင်းကာ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်နေကြသည်။ ရလဒ်အနေဖြင့် ထိုတာအိုသိုင်းပညာရှင်များမှာ တစ်စုံတစ်ယောက်၏ ချိပ်ပိတ်ခြင်း ခံလိုက်ရကာ ခေါင်းတလားထဲမှ မလွတ်မြောက်နိုင်တော့ချေ။ စွန့်ပစ်မြေတွင်သာ ထာဝရ လှည့်လည်သွားလာနေကြရတော့သည်။

ခေါင်းတလားအုပ်စုကား ရှေ့တွင် ပိတ်ဆို့ထားပြီး လမ်းဖယ်ပေးမည့် အရိပ်အယောင် မရှိပေ။

ဘုန်း…

ရွှေသင်္ဘောက ဝင်တိုက်လိုက်ကာ ဧရာမခေါင်းတလား ခြောက်ခု၊ ခုနစ်ခုကို ကြေမွသွားစေခဲ့သည်။ ခေါင်းတလားထဲမှ သွေးများ စီးကျလာပြီး ချက်ချင်းပင် လွင့်ပျယ်ပျောက်ကွယ်သွားသည်။

ချင်မူ အလျင်အမြန် တစ်ချက်ကြည့်လိုက်ရာ ခေါင်းတလားထဲရှိ တာအိုသိုင်းပညာရှင်တို့၏ အသွေးအသားတို့က ခေါင်းတလားနှင့် ‌ပေါင်းစည်းနေသည်ကို တွေ့လိုက်ရသည်။ ခေါင်းတလားထဲရှိ အသွေးအသားတို့က ယွစိယွစိ လှုပ်ရှားနေကြ၏။ ထိုတာအိုသိုင်းပညာရှင်တို့၏ အစစ်အမှန်ခန္ဓာကိုယ်တို့အား မမြင်နိုင်တော့ချေ။

ရုတ်တရက် ပွင့်ထွက်နေသော ခေါင်းတလားတစ်ခုထဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။ ယင်းက အတိတ်စကြဝဠာ တာအိုဘာသာစကားဖြင့် ပြော၏။

“သခင်လေးခုနစ်၊ မင်း ဘာလို့ ငါ့ကို ပိတ်လှောင်ခဲ့တာလဲ …”

ဝှစ်…

ဓားရောင်တစ်ချက် ဖြတ်သန်းသွားပြီး ထိုခေါင်းတလားထဲမှ ပုဂ္ဂိုလ်မှာ တစ်ချက်တည်းဖြင့် နှစ်ပိုင်းကွဲသွား၏။ စကြဝဠာငယ်လေးတစ်ခု ခေါင်းတလားထဲတွင် ပေါ်ထွက်လာသကဲ့သို့ ချက်ချင်းပင် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

ချင်မူ ဓားကို ပြန်သိမ်းလိုက်ပြီး ရွှေသင်္ဘောက ထွက်ခွာသွားသည်။

သင်္ဘောပေါ်တွင် ချင်မူမှာ ကြောင်နေသည်။ “ဒီခေါင်းတလားတွေထဲက တာအိုသိုင်းပညာရှင်တွေကို ငါက ပိတ်ထားခဲ့တာလား… ငါကတော့ ထည်ဝါခံညားတဲ့ ပုဂ္ဂိုလ်တစ်ယောက် လုပ်ခဲ့တာလို့ ထင်နေတာ…”

သူ့အရှေ့တွင် ထောင်မတ်နေသော တံခါးတစ်ချပ် ပေါ်လာသည်။ ချင်မူ၏ မျက်လုံးများက တောက်ပလာတော့သည်။ သူက ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောကို အားဖြည့်ပေးလိုက်ရာ ရွှေသင်္ဘော၏ အရှိန်မှာ ပိုမိုမြန်ဆန်လာ၍ ထိုတံခါးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

သင်္ဘောဦးရှိ ချင်မူ၏ လက်ထဲ၌ ထိုက်ယီပုဆိန် ပေါ်ထွက်လာသည်။ သူက တံခါးကို စိုက်ကြည့်ကာ ပုဆိန်ကို မြှောက်၍ ခုတ်ပိုင်းချလိုက်သည်။

ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည့် အသံကြီးတစ်သံ ထွက်ပေါ်လာပြီး သခင်လေးတစ် ချန်ထားခဲ့သော တံခါးမှာ ပုဆိန်ကြောင့် နှစ်ပိုင်းကွဲသွား၏။ လောကပေါင်းကူးရွှေသင်္ဘောကလည်း တိုက်ချပစ်လိုက်ရာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေသွားတော့သည်။

လောကပေါင်းကူးရွှေသင်္ဘောမှာ ကျောက်ပြားတောအုပ်ထဲသို့ တိုးဝင်သွားပြီး လမ်းတစ်လျှောက်ရှိ ကျောက်တိုင်များကို တစ်တိုင်ပြီးတစ်တိုင် တိုက်ခွဲသွားတော့၏။

“ကျွန်တော် ပြန်လာပြီဗျိုး” ချင်မူက ရွှေသင်္ဘောပေါ်မှ ခုန်ဆင်း၍ အော်ဟစ်လိုက်သည်။

All Chapters