← Chapters

သခင်လေးခုနစ်၏ ‘အတိတ်’

Vol. 137 Ch. 1762

သခင်လေးခုနစ်၏ ‘အတိတ်’

Vol. 137 Ch. 1762

ကျောက်ပြားတောအုပ်သည် လူသူကင်းမဲ့လျက် ငြိမ်သက်တိတ်ဆိတ်နေ၏၊ ချင်မူ အရင်တစ်ခေါက် လာခဲ့တုန်းကပင် ကောင်းကင်တွင် နေကို တွေ့ရခဲ့သေးသည်။ ထိုနေလုံးသည် ကျောက်ပြားတောအုပ်ထဲရှိ အရာအားလုံးကို စောင့်ကြည့်နေခဲ့သော သခင်လေးတစ် မဟာဥသျှောင်၏ မျက်လုံးများပင် ဖြစ်၏။

ယခုတစ်ကြိမ် ရောက်ရှိလာသည့်အခါတွင်မူ ကျောက်ပြားများ၏ အလင်းရောင်သာ ကျန်ရှိတော့ပြီး နေအား မမြင်ရတော့‌ပေ။

ဤပတ်ဝန်းကျင်မှာ အလွန်တင်းကြပ်စွာ ဖိနှိပ်ခံထားရပြီး ကျောက်ပြားများက အရာအားလုံးကို ဖိနှိပ်ထားသည့် မျှော်စင်ကြီးများအလား ထောင်မတ်နေသည်။

ကျောက်ပြားများသည် ဖရိုဖရဲကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဖရိုဖရဲကျောက်တုံးဆိုသည်မှာ ထိုက်ယီကျောက်တုံးတွင်းနှင့် မဟာပျက်စီးခြင်းကပ်ဘေးထဲတွင်သာ ရှာဖွေတွေ့ရှိနိုင်သည်။ အခြားနေရာများတွင် ဤသို့သောရတနာကို လုံးဝ ရှာမတွေ့နိုင်ပေ။ သို့သော် သခင်လေးတစ် မဟာဥသျှောင်အတွက်မူ ဖရိုဖရဲကျောက်တုံးများမှာ ကျောက်တုံးဖန်တီးရန် ကုန်ကြမ်းအဆင့်သာ ရှိနေသည်။

ချင်မူက ကျောက်ပြားတစ်ချပ်ကို ထမ်းကာ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ပစ်တင်လိုက်ပြီး သင်္ဘောအား တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။ “ရတနာသင်္ဘော၊ ဘိုးဘေးနန်းတော်ကို သွားတော့”

ချင်မူ အားဖြင့် တွန်းထုတ်လိုက်သောကြောင့် လောကပေါင်းကူးရွှေသင်္ဘောမှာ ချက်ချင်းပင် ကျောက်ပြားအား သယ်ဆောင်လျက် ထွက်ခွာသွားတော့သည်။

ချင်မူက တောက်ပနေသော မျက်ဝန်းများဖြင့် လောကပေါင်းကူးရွှေသင်္ဘော အန္တိမဟင်းလင်းပြင်စွန့်ပစ်မြေ၏ အနက်ရှိုင်းဆုံးထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ ထို့နောက် ပြန်လှည့်ကာ တာအိုအသုဘခေါင်းတလားအား ပခုံးတွင် ထမ်းလျက် ကျောက်ပြားတောအုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။

သူ့အနေဖြင့် ကျောက်ပြားများ၏ ဆန်းကြယ်သော သဘောတရားကို နားလည်ထားပြီဖြစ်၍ သူ၏ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဉီးဖရိုဖရဲသင်္ကေတများကို ကျောက်ပြားများ၏ သင်္ကေတအခြေအနေအဖြစ် ပြောင်းလဲလိုက်လျှင် ဖိနှိပ်မှုမခံရဘဲ ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ကျောက်ပြားတစ်ချပ်အား သင်္ဘောဖြင့် ထည့်မပေးလိုက်လျှင် ကျောက်ပြားအရေအတွက်က ပြည့်စုံနေပေလိမ့်မည်။ သူသည်လည်း သူ့ကိုယ်သူ ကျောက်ပြားအဖြစ် ရုပ်ဖျက်၍ ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

“သခင်လေးတစ် မဟာဥသျှောင်က ဝေဒနာသည်ကို ခေါ်သွားခွင့်ပြုချင်မှ ပြုမှာ… ထိုက်ယီနဲ့ ဝေဒနာသည်ကို တစ်ကိုယ်တည်း ဖြစ်အောင် ပေါင်းစည်းခွင့်လည်း မပြုလောက်ဘူး… ဒါကြောင့် ကျောက်ပြားတစ်ချပ်ကို သင်္ဘောပေါ် တင်ပြီး ရွှေသင်္ဘောကို ကျောက်တိုင်နဲ့အတူ ထွက်သွားခိုင်းလိုက်တာပဲ… အဲဒီကျောက်ပြား မရှိတော့ရင် ကျောက်ပြားတောအုပ်ရဲ့ ဝင်္ကပါက မပြည့်စုံတော့ဘူး… သူ အဲဒီကျောက်ပြားကို ရှာပြီး ဝင်္ကပါကို ပြည့်စုံအောင် မလုပ်နိုင်သရွေ့ ငါ ဘေးကင်းနေမှာပဲ”

ချင်မူက ပြုံးလျက် ခေါင်းတလားကို ထမ်းကာ ခြေလှမ်းကျဲကြီးများဖြင့် ဆက်လျှောက်သွားသည်။

ဤအခိုက်အတန့်တွင် ကျောက်ပြားတောအုပ်၏ အတွင်းဆုံး အပိုင်းရှိ ကျောက်ပြားတို့တွင် ရုတ်တရက် အလင်းရောင်များ စီးဆင်းလာသည်။ ကျောက်ပြားတစ်ချပ်၏ မျက်နှာပြင်ပေါ်တွင် ကျူစန်းထုံ၏ ပုံရိပ် ထင်ဟပ်လာသည်။

ဝက်ခေါင်းနှင့် လူကိုယ်ရှိသော တာအိုသိုင်းပညာရှင်၏ ဝက်မျက်နှာမှာ ကျောက်ပြားထဲမှ ရုတ်တရက် ထိုးထွက်လာပြီး ကြေးခေါင်းလောင်းအရွယ် မျက်လုံးနှစ်လုံးဖြင့် ဟိုဟိုသည်သည် စပ်စုလိုက်သည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “အဘိုးကြီး၊ အဘိုးကြီး… ခင်ဗျားတို့ ခံစားမိကြလား… ဒီကျောက်ပြားတောအုပ်ရဲ့ ဝင်္ကပါမှာ တစ်နေရာ လွတ်သွားပြန်ပြီ”

အခြားကျောက်ပြားတစ်ချပ်ထဲတွင် ကလေးမလေးတစ်ဦး၏ ပုံရိပ်ထွက်ပေါ်လာ၏။ ကျောက်ပြားအရှေ့တွင် တစ်စုံတစ်ယောက် ရပ်ကြည့်လိုက်လျှင်မူ မျက်နှာပြင်ထဲမှ လူကို တွေ့နိုင်မည် မဟုတ်ချေ။

ကလေးမလေးမှာ မျက်နှာပြင်ထဲမှ ခြေထောက်တစ်ဖက်ကို ထုတ်၍ တအံ့တဩ ပြောလိုက်သည်။ “ဝင်္ကပါက တကယ်ပဲ မပြည့်စုံတော့ဘူး”

သူမက မျက်နှာပြင်ထဲမှ ခုန်ထွက်ကာ တခစ်ခစ် ရယ်မောလိုက်၏။ “မဟာဥသျှောင်ရဲ့ ချိပ်တံဆိပ်က အိုနေပြီ…ပျက်စီးသွားတာ ဖြစ်မယ်”

“ချိပ်တံဆိပ် ပျက်စီးသွားတာ မဟုတ်ဘူး”

အဘွားအိုတစ်ဦးက အခြားကျောက်ပြားတစ်ချပ်ထဲမှ ထွက်ပေါ်လာပြီး အသေအချာ အာရုံခံကာ ရှင်းပြသည်။ “ဒီကျောက်ပြားတွေကို ဖရိုဖရဲကျောက်တုံးတွေနဲ့ လုပ်ထားတာ… မဟာပျက်စီးခြင်းကပ်ဘေးတောင် နည်းနည်းလေးမှ မဖျက်ဆီးနိုင်ဘူး… မဟာဥသျှောင်က ငါတို့ကို နောက်ထပ်စကြဝဠာ ဘယ်နှစင်းအထိ ချုပ်နှောင်ထားထား ဒီတံဆိပ်က ဘာပြစ်ချက်မှ ရှိလာမှာ မဟုတ်ဘူး”

သူမ ကျောက်ပြားထဲမှ ထွက်လာရင်း တအံ့တဩ ရေရွတ်နေ၏။ “ဒါပေမဲ့ ချိပ်တံဆိပ်က တကယ်ပဲ တစ်ခုလျော့နေတယ်… ထူးဆန်းလိုက်တာ…”

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ကျောက်ပြားထဲမှ ထွက်လာပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “မဟာဥသျှောင် ဘယ်လိုလှည့်ကွက်တွေ သုံးနေပြန်တာလဲ”

အဘိုးအိုမှာ ရွာထဲသို့ ရောက်နေပြီး ဝေဒနာသည်ကို ကြည့်ရှုစစ်ဆေးနေသည်။ ဝေဒနာသည် အသက်ရှင်နေသေးသည်ကို တွေ့မှ စိတ်အေးသွားပြီး တည်ငြိမ်စွာ ပြောသည်။ “ငါတို့က မဟာဥသျှောင်ရဲ့ ပြိုင်ဘက် မဟုတ်တော့တာ ကြာပြီ… သူ ဘယ်လိုလှည့်ကွက်တွေသုံးသုံး…”

သူ မကျေမနပ် ညည်းလိုက်၏။ “ငါတို့လည်း သူ့ရဲ့လှည့်ကွက်ထဲမှာ မျောပါသွားရုံပဲ ရှိတော့တယ်”

အားလုံး အတော်လေး ကူကယ်ရာမဲ့ နေကြသည်။ ရုတ်တရက် ကျူစန်းထုံ၏ နားများ လှုပ်ခါသွား၏။ “တစ်ယောက်ယောက် လာနေတယ်”

သူက အလျင်အမြန် မြေပေါ်တွင် လိမ့်၍ ဝက်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ ကလေးမလေးက ကြိုးကို ဆွဲယူလိုက်ပြီး ဖြူဖွေးနုဖတ်နေသော ကျူစန်းထုံ၏ နောက်ခြေထောက်နှစ်ချောင်းကို ဖြောင့်တန်းသွားစေကာ တင်းကြပ်စွာ ချည်နှောင်၍ သစ်ပင်ပေါ်တွင် ဇောက်ထိုးဆွဲထားလိုက်၏။

အမျိုးသမီးက အလျင်အမြန် သူမ၏ တာအိုသစ်ပင်အောက်သို့ ရောက်သွားပြီး ရေတွင်းထဲမှ ရေခပ်ကာ တင်းပုတ်တစ်လက်ဖြင့် ထုရိုက်ရင်း အဝတ်လျှော်နေဟန်ဆောင်လိုက်သည်။ အဘိုးအိုမှာမူ ချက်ချင်း ရွာအဝင်ဝသို့ ပြေးသွားကာ ကျောက်တုံးပေါ်တွင် ထိုင်၍ ဆေးတံကို မီးညှိလိုက်၏။ အဘွားအိုကတော့ အိမ်အမိုးအောက်သို့ ရောက်သွားပြီး အမျိုးသမီး အဝတ်လျှော်နေသည်အား ထိုင်ကြည့်နေသည်။

သူတို့အသီးသီး နေရာယူပြီးသည်နှင့် ခေါင်းတလားတစ်လုံးကို ထမ်းလျက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသော ချင်မူ့ကို တွေ့လိုက်ရသည်။

“ကောင်းလိုက်တဲ့ ခေါင်းတလား”

ချင်မူ့ကို မြင်လျှင် အားလုံး စိတ်အေးသွားကြပြီး တာအိုအသုဘခေါင်းတလားကို တွေ့လိုက်ရသည့်အခါ တစ်ပြိုင်နက် ချီးကျူးလိုက်ကြသည်။ အဘွားအိုက ငေါက်ခနဲ ထရပ်လိုက်ပြီး ဟက်ခနဲ ရယ်လိုက်၏။ “သခင်လေးခုနစ်က ဘယ်ကနေ ဒီလောက်ကောင်းတဲ့ ခေါင်းတလား ရလာတာလဲ… ကောင်းလိုက်တာ... ငါတောင် အထဲဝင်ပြီး လှဲအိပ်ကြည့်ချင်မိတယ်”

ချင်မူလည်း တာအိုအသုဘခေါင်းတလားကို အောက်သို့ ချ၍ ဝမ်းသာအားရ ပြောလိုက်သည်။ “ခင်ဗျားတို့လည်း ဒါက ခေါင်းတလားကောင်းတစ်လုံး ဆိုတာကို ပြောနိုင်တယ်ပေါ့… ကျုပ်လည်း ဒါကို လိုချင်နေတာကြာပြီ… ဒါပေမဲ့ ဒီခေါင်းတလားက ပိုင်ရှင်ရှိနေတာ နှမြောစရာပဲဗျာ… ကျုပ် တခြားတစ်ယောက်ကို ပေးလိုက်ပြီ”

သူ့မှာ အတော်လေး နှမြောနေမိသည်။

ကျူစန်းထုံက ကြိုးပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည့်အခါ လူထွားကြီးအဖြစ် ပြောင်းလဲသွားသည်။ သူကလည်း အကဲခတ်ရင်း ချီးကျူးမဆုံးပေ။ “သိပ်ကောင်းတဲ့ ခေါင်းတလားပဲ… အထဲမှာ လှဲအိပ်နိုင်လောက်အောင် ကံကောင်းတဲ့သူ ရှိပါ့မလား”

သူ ခေါင်းတလားအဖုံးကို ဖွင့်ရန် ပြင်လိုက်စဉ် ချင်မူက သူ၏ လက်ကို ဖိထားလိုက်ပြီး ခေါင်းခါလိုက်သည်။ “ခေါင်းတလားထဲမှာ တစ်ယောက် ရှိတယ်”

ကျူစန်းထုံမှာ ထိတ်လန့်သွားပြီး ကြည့်ချင်သော်လည်း မကြည့်ရဲချေ။

အဘိုးအိုက ရှေ့သို့ တိုးလာပြီး တုန်ယင်စွာ မေးလိုက်သည်။ “ခုနက သခင်လေး မဟာဥသျှောင်ရဲ့ တံဆိပ်ကို ဖျက်ဆီးခဲ့တာ သခင်လေးလား”

ချင်မူက အပန်းမကြီးသလို ပြုံးလိုက်၏။ “အဲ့ဒါက အရေးမကြီးပါဘူး… တာအိုမိတ်ဆွေ၊ ဒီခေါင်းတလားထဲက ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ ခင်ဗျား ခန့်မှန်းကြည့်ပါလား…”

အဘိုးအို၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူပင် မသိလိုက်ဘဲ ရေရွတ်လိုက်မိသည်။ “အဲ့ဒီပုဂ္ဂိုလ်လား”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကျောက်ပြားတောအုပ်ထဲတွင် ချုပ်နှောင်ခံထားရသူများမှာ ပြောမပြတတ်အောင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့အထဲတွင် အဘိုးအိုတစ်ဦးတည်းသာ တျန်းတုကို မြင်ဖူး၏။ အခြားသူများမှာမူ နာမည်သာ ကြားဖူးပြီး မမြင်ဖူးကြပေ။

အရင်တစ်ခေါက် ချင်မူ ရောက်လာခဲ့တုန်းကမှ ဝေဒနာသည်သည် မီလော့နန်းတော်အရှင်သခင်နည်းတူ နာမည်တူကျော်ကြားသည့် တျန်းတုအရှင်သခင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ချင်မူက တျန်းတုအရှင်နှင့် ထိုက်ယီတို့၏ ဆက်ဆံရေးကို ရှင်းပြခဲ့၏။ သူတို့ ကျောက်ပြားများထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ထိုက်ယီ ဤနေရာသို့ ရောက်လာခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း နားလည်ခဲ့ရလေသည်။

အဘိုးအိုနှင့် ကျူစန်းထုံတို့က ဝေဒနာသည်အား မြန်မြန်ဆန်ဆန် ထမ်းခေါ်လာ၍ မျှော်လင့်တကြီးဖြင့် ချင်မူ့ကို ကြည့်နေကြသည်။

ချင်မူ အနည်းငယ် တုံ့ဆိုင်းနေ၏။ သူက အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ “ထိုက်ယီက ဒဏ်ရာအပြင်းအထန် ရထားတယ်… ဝေဒနာသည်ကတော့ မီလော့နန်းတော်အရှင်သခင်ရဲ့ မဟာကောင်းကင်နတ်သိုင်းတစ်မျိုးကြောင့် အသတ်ခံထားရတာ… နှစ်ယောက်စလုံးက တစ်ယောက်တည်း ဆိုပေမယ့် ဒဏ်ရာတွေက တော်တော်ပြင်းထန်ကြတယ်… ခေါင်းတလားကို ဖွင့်လိုက်ရင် သူတို့နှစ်ယောက်သား တစ်ကိုယ်တည်း ပေါင်းစည်းသွားမှာ… အကောင်းဆုံးအခြေအနေကတော့ သူတို့နှစ်ယောက် တစ်ကိုယ်တည်း ပေါင်းစည်းသွားပြီး ဒဏ်ရာတွေ ပျောက်ကွယ်သွားတာပဲ”

ကလေးမလေးသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကို မော့ကြည့်လာ၏။ “ဒါဆို အဆိုးဆုံးအခြေအနေကရော”

“အဆိုးဆုံး အခြေအနေကတော့ သူတို့ရဲ့ ဒဏ်ရာတွေ ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်တစ်ကိုယ်ထဲမှာ စုသွားတာပဲ.... ဒဏ်ရာတွေ ပိုပြင်းထန်သွားလိမ့်မယ်”

ချင်မူလည်း တခဏ တုံ့ဆိုင်းသွားပြီးနောက် အမှန်အတိုင်း ပြောပြသည်။ “တန်း သေသွားနိုင်တယ်… ကယ်လို့မရတော့တာမျိုးပေါ့”

အားလုံး မျက်နှာပျက်သွားသဖြင့် သူက ကပျာကယာ နှစ်သိမ့်လိုက်သည်။ “ဒါပေမဲ့ သိပ်မကြာခင်က ကျွန်တော်လည်း ဝေဒနာသည်နဲ့ တူညီတဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတယ်… မတူတာက ဝေဒနာသည်က သေသွားခဲ့ပြီး ကျွန်တော်ကတော့ ကုနိုင်ခဲ့တယ်… ခင်ဗျားတို့ စိတ်မပူပါနဲ့… ဒီလိုဒဏ်ရာမျိုးကို ကုသရတာနဲ့ ကျွန်တော် ရင်းနှီးနေပါပြီ… ဒါပေမဲ့…”

အမျိုးသမီးသည် တင်းပုတ်ကို ‌ဒေါသတကြီး ဝှေ့ယမ်းလိုက်၏။ “သခင်လေးခုနစ်၊ ရှင် စကားကို တစ်ခါတည်း အကုန် ပြောလို့မရဘူးလား”

ချင်မူလည်း ကမန်းကတန်း ပြောလိုက်ရဿည်။ “ဒါပေမဲ့ ကျွန်တော့်ဒဏ်ရာတွေက သခင်လေးသုံးလင်းရှောင် ထုတ်သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းကြောင့် ဖြစ်လာခဲ့တာ... ဝေဒနာသည်ရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကတော့ မီလော့နန်းတော်အရှင်သခင် ထုတ်သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းပဲ… သူတို့သုံးတဲ့ ကောင်းကင်နတ်သိုင်းက တစ်မျိုးတည်းဖြစ်ပေမယ့် ကောင်းကင်နတ်သိုင်းကို အသုံးပြုတဲ့သူက မတူညီဘူး… ဝေဒနာသည်ရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို လုံးဝပျောက်ကင်းအောင် ကုသနိုင်မလား ဆိုတာကိုတော့ ကျွန်တော် အပြည့်အဝ အာမ,မခံနိုင်ဘူး”

“ဒါဆိုရင် သေနေတဲ့ဝက်ကို ဝက်အရှင်လို့ သဘောထားပြီး ကုလိုက်ပေါ့”

ကျူစန်းထုံက ဝင်ပြောသည်။ “ကုလို့မပျောက်ရင်တောင် သူ့ဒဏ်ရာ ပိုပြင်းထန်သွားအောင်တော့ မလုပ်ဘူးမလား”

ချင်မူက ခေါင်းညိတ်လိုက်ပြီး ဝေဒနာသည်၏ ကိုယ်ပေါ်ရှိဒဏ်ရာများကို သေချာစွာ စစ်ဆေးလိုက်သည်။ မကြာမီ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွား၏။ အားလုံးမှာ မျက်နှာပျက်သွားပြီး အလောတကြီး နောက်ဆုတ်လိုက်ကြသည်။

အိပ်မက်ကမ္ဘာထဲရှိ ချင်မူမှာတော့ ဤမြင်ကွင်းကို သတိမထားမိခဲ့ပေ။

အဘိုးအိုက ခြောက်ကပ်ကပ်အသံဖြင့် ပြော၏။ “သခင်လေးခုနစ်ရဲ့ အိပ်မက်ကမ္ဘာက ကြီးမားကျယ်ပြန့်တဲ့ စကြဝဠာအဖြစ် ပြောင်းလဲသွားနိုင်တယ်… အထဲကို ကျသွားရင် ထာဝရ လွတ်လာနိုင်တော့မှာ မဟုတ်ဘူး… သတိထားကြ”

သူတို့မှာ အလွန်အမင်း သတိထားနေကြသည်။ အတိတ်စကြဝဠာတွင် သခင်လေးခုနစ်၏ အိပ်မက်ကမ္ဘာအကြောင်း ကောလဟာလများကို အနည်းနှင့် အများ ကြားဖူးကြ၏။

သူ၏ အိမ်မက်ကမ္ဘာသည် အတိတ်စကြဝဠာတစ်ခုချင်းစီတွင် အထူးဆန်းဆုံးနှင့် နားလည်ရအခက်ဆုံးအရာဟု ဆိုနိုင်ပေသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောလဟာလများစွာ ပျံ့နှံ့ခဲ့သဖြင့် သတိလက်လွတ် မနေရဲကြပေ။

ချင်မူပိစိလေးများက အိပ်မက်ကမ္ဘာထဲမှ ခေါင်းပြူထွက်လာကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ ဝေဒနာသည်၏ တာအိုဒဏ်ရာများကို ကုသပေးနေကြလေသည်။

အားလုံး အသေအချာ ကြည့်ကာ သံသယဝင်နေကြဆဲပင်။

အဘိုးအိုက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ “အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်အထိ မကျင့်ကြံရသေးဘူး… သိပ်စိတ်ပူစရာ မလိုဘူး”

အားလုံး စိတ်အေးသွားကြသည်။ ကျူစန်းထုံက ခပ်တိုးတိုး ပြော၏။ “အဘိုးကြီး၊ သခင်လေးခုနစ်ရဲ့ အိပ်မက်ကမ္ဘာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ပဲလား… ကျုပ် ကြားဖူးတာတော့ ၁၂ စင်းမြောက် စကြဝဠာတုန်းက တာအိုသိုင်းပညာရှင်တစ်ယောက်က မိစ္ဆာနှိမ်နင်းရေးအစည်းအဝေးတောင် ကျင်းပပြီး သူ့ကို သတ်ဖို့ ကြံစည်ခဲ့တာဆို… သိုင်းပညာရှင်အများကြီး စုစည်းနိုင်ခဲ့တာတဲ့…”

ကလေးမလေးကလည်း လျင်မြန်စွာ ပြောလိုက်သည်။ “ကျွန်မလည်း အဲ့ဒီကောလာဟလကို ကြားဖူးတယ်… အဲ့ဒီတုန်းက သခင်လေးခုနစ် ရောက်လာပြီး တာအိုသိုင်းပညာရှင်တွေ တိုက်ခိုက်ဖို့ ပြင်ဆင်နေတုန်း အိပ်ပျော်သွားတာတဲ့… မိစ္ဆာနှိမ်နင်းရေးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တာအိုသိုင်းပညာရှင်တိုင်း အလောင်းတောင် ရှာမတွေ့တဲ့အထိ ရှင်းလင်းသတ်ဖြတ်ခံလိုက်ကြရတာဆို”

အဘိုးအို ခေါင်းခါလိုက်သည်။ “ငါက ဟိုးအစကတည်းက မဟာဥသျှောင် ဖမ်းချုပ်ခံထားရတာလေ… ဒီကောလဟာလကို မကြားဖူးဘူး… ငါ့ခေတ်တုန်းက တစ်ယောက် သခင်လေးခုနစ်ရဲ့ အိပ်မက်ကမ္ဘာထဲ ကျရောက်သွားခဲ့ဖူးတာတော့ ငါ သိတယ်... နောက်ပိုင်း…”

သူ တိတ်ဆိတ်သွားပြီး ခဏအကြာတွင် ဆက်ပြော၏။ “အဲ့ဒီပုဂ္ဂိုလ်က အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပေမယ့် သူအစစ် မဟုတ်တော့ဘူး”

သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေကာ အသံထဲတွင်လည်း ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ရောပြွန်းလာသည်။ “အဲ့ဒီသူရဲ့ ရုပ်ရည်သွင်ပြင်၊ ခန္ဓာကိုယ်၊ မူလဝိညာဉ်၊ မှတ်ဉာဏ်တွေအထိ အားလုံး ပြောင်းလဲသွားခဲ့တယ်… သူက အစတုန်းက သခင်လေးခုနစ်ကို သတ်ချင်ခဲ့တာ… ဒါပေမဲ့ သူ့အိပ်မက်ကမ္ဘာထဲက ထွက်လာပြီးတဲ့နောက် သခင်လေးခုနစ်ကို လုံးဝမမှတ်မိတော့ဘူး… နောက်ပိုင်း သူတို့နှစ်ယောက်က သူငယ်ချင်းတွေတောင် ဖြစ်သွားကြသေးတယ်…”

အားလုံး ကြက်သီးမွေးညှင်းများ ထသွားကြသည်။

အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်၏။ “ကျွန်မ ၉ စင်းမြောက် စကြဝဠာမှာ ကြားဖူးတာကတော့ သခင်လေးခုနစ် အိပ်မက်ကမ္ဘာထဲ ဝင်တဲ့ နေရာက စကြဝဠာထဲမှာ အကြီးဆုံး တားမြစ်နယ်မြေတဲ့... အလျှို့ဝှက်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တားမြစ်နယ်မြေလို့ ပြောကြတယ်… ဘယ်သူမှ အထဲကို မဝင်ရဘူး… မဟုတ်ရင် ပြန်မထွက်မလာနိုင်ကြဘူးတဲ့”

“ကျွန်မ ၁၃ စင်းမြောက် စကြဝဠာတုန်းကလည်း ဒီကောလဟာလကို ကြားဖူးတယ်” ကလေးမလေးက သွက်လက်စွာ ပြောလိုက်သည်။

ကျူစန်းထုံမှာ တစ်ခဏတိတ်ဆိတ်သွားပြီး ပြော၏။ “ကျုပ်လည်း ကြားဖူးတယ်”

အဘွားအို ခေါင်းညိတ်လိုက်သည်။ “ငါလည်း ကြားဖူးတယ်”

အဘိုးအိုက သက်ပြင်းချလိုက်ပြီး ပြော၏။ “ငါလည်း ကြားဖူးတယ်”

အားလုံး တိတ်ဆိတ်သွားကြသည်။ ၇ စင်းမြောက်မှ ၁၅ စင်းမြောက် စကြဝဠာအထိ ထိုတားမြစ်နယ်မြေနှင့် ပတ်သက်သော ကောလာဟလများ ရှိခဲ့၏။ ဤတားမြစ်နယ်မြေ အမြဲတမ်း တည်ရှိနေခဲ့ခြင်းက သူတို့ကို ကြောက်ရွံ့စေသည်။ ယင်းနေရာသည် စကြဝဠာတစ်ခုချင်းစီ၏ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့ကိုပင် ဖြတ်ကျော်နိုင်ခဲ့၏။

“ငါတို့က သူ့ရဲ့ ရန်သူ မဟုတ်တာ ကျေးဇူးတင်သင့်တယ်” ကျူစန်းထုံက ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“အဲ့ဒါကတော့ ပြောရခက်တယ်”

ကလေးမလေးသည် ရယ်လိုက်၏။ “သခင်လေးခုနစ် ပထမတစ်ခေါက် ဒီနေရာကို လာတုန်းက ရှင် သူ့ကို တိုက်ခိုက်ခဲ့လို့ အပိုင်းပိုင်း ခုတ်ခံခဲ့ရတယ်မလား… သူ့ကို မရိုမသေတောင် ဆဲဆိုခဲ့သေးတယ်လေ”

ကျူစန်းထုံမှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။

ရုတ်တရက် အဘိုးအို မျက်နှာပျက်သွား၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “တစ်ယောက်ယောက် လာနေတယ်”

အဘွားအို၊ အမျိုးသမီး၊ ကျူစန်းထုံနှင့် ကလေးမလေးတို့ ချက်ချင်းပင် ရင်တုန်သွားသည်။ ရုတ်တရက် ကောင်းကင်မှာ လင်းထိန်သွားပြီး နေတစ်စင်း ထွက်ပေါ်လာတော့သည်။

အဘိုးအိုက နှာမှုတ်ကာ မော့ကြည့်လိုက်၏။ “မဟာဥသျှောင်”

ကောင်းကင်သည် ပြောင်းလဲသွားပြီး နောက်ထပ်နေတစ်စင်း ထွက်ပေါ်လာသည်။ ထို့နောက် သခင်လေးတစ် မဟာဥသျှောင်၏ မျက်နှာက ကြည်လင်ပြတ်သားလာသည်။ နေနှစ်စင်းက နောက်သို့ဆုတ်သွားကာ သူ၏မျက်နှာထက်က မျက်လုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters