← Chapters

ဒီနေ့ည ဒီမှာနေမယ်

Vol. 72 Ch. 1422

ဒီနေ့ည ဒီမှာနေမယ်

Vol. 72 Ch. 1422

" ညီလေး၊ ရပ်လိုက်တော့။ မရပ်ရင် သူ သေလိမ့်မယ် "

" ဟုတ်တယ်၊ သူ့ကို သင်ခန်းစာပေးရုံနဲ့ လုံလောက်ပြီ။ ကိုယ်ကိုယ်တိုင် ပြဿနာမတက်စေနဲ့ "

" ကောင်မလေး၊ သူ့ကို မြန်မြန် နားချလိုက်။ သူ တကယ် ဆက်မရိုက်သင့်တော့ဘူး ..... "

ကြည့်နေသူများကလည်း ယဲ့ဖန်ကို နားချရန် ကြိုးစားကြသည်။

ထိုအချိန်တွင် ကျန်းယောင်းနိုင်သည် သနားစရာကောင်းလောက်အောင် အရိုက်ခံရပြီး ဖြစ်သည်။

သူ့မျက်နှာတစ်ခုလုံးသည် ညိုမည်းနေပြီး အသားစများမှာ စုတ်ပြဲနေသည်။

သူသည် အတော်ပင် ပြင်းထန်စွာ ဒဏ်ရာရထားသည်။

သို့သော် သူ၏ဒဏ်ရာများသည် မပြင်းထန်ကြောင်းကို ယဲ့ဖန်တစ်ယောက်တည်းကသာ သိသည်။

တစ်ဖက်သူအား နာကျင်စေသည်မှာ မှန်ပါသော်လည်း ကြီးမားစွာ ထိခိုက်ဒဏ်ရာမရစေရန် ခွန်အားကို ထိန်းထားသည်။

" ယဲ့ဖန်၊ ထိုးနေတာ ရပ်လိုက်တော့ "

ကျူးရှောင်ကျောင်းသည် လမ်းလျှောက်လာပြီး ယဲ့ဖန်ကို နားချသည်။

သူမသည် ကျန်းကောတွင် ရက်အနည်းငယ်သာ နေချင်သည်ဖြစ်၍ အခင်းကိစ္စကို မကြီးမားစေလိုပေ။

ယဲ့ဖန်သည် မရပ်မီ ကျန်းယောင်းနိုင်၏ဗိုက်ကို ပြင်းထန်စွာ ကန်လိုက်သည်။

" ဒီနေ့တော့ သင်ခန်းစာပေးရုံပဲ။ မယုံရင် ခေါ်ချင်တဲ့သူခေါ်လိုက် အဆုံးထိ လိုက်ပို့ပေးမယ် "

ကျန်းယောင်းနိုင်သည် ပထမဆုံးရောက်သည့်အချိန်ကကဲ့သို့ မောက်မာနိုင်မှုမျိုး မရှိတော့ချေ။

သူသည် နာကျင်နေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ခွေနေရသည်။

သို့သော် အဆုံးမရှိသော သတ်ဖြတ်လိုစိတ် သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။

ဤသို့ အရှက်ကွဲမှုမျိုး သူ တစ်ခါမှ မကြုံဖူးချေ။

သူ လက်စားမချေနိုင်ပါက ကျန်းကောပြည်နယ်တွင် ဆက်နေရန် မျက်နှာမရှိတော့မည်မှာ သေချာသည်။

သူသည် ဤနေရာမှ လွတ်မြောက်နိုင်သည်နှင့် သူ့လူများကို ချက်ချင်းစုကာ ဒေါသပြေအောင် လုပ်မည်ဟု သူ့ကိုယ်သူ ကျိန်ဆိုခဲ့သည်။

ကျူးရှောင်ကျောင်းသည် အများအားဖြင့် ဂရုမစိုက်ဟန်ရှိသော်လည်း သူမသည် အမှန်တကယ်၌ စေ့စပ်သေချာသူဖြစ်သည်။

ကျန်းယောင်းနိုင်သည် သူ့အမုန်းတရားကို ဖုံးကွယ်နေသည်မှာ သိသာထင်ရှားသည်။ ထိုသည်ကို ကျူးရှောင်ကျောင်း မြင်နိုင်လေသည်။

ထို့ကြောင့် သူမ မတတ်နိုင်ဘဲ နှာမှုတ်လိုက်ပြီး သူမဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

" ဦးလေးဝမ်၊ ရှောင်ကျောင်းပါ။ အခုတလော ဘယ်လိုနေလဲ ...... ကျန်းကောပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း နေမလို့။ ဦးလေး အားရဲ့လား။ လာတွေ့မယ်လေ။ ဒါနဲ့ ဒီမှာ ကိစ္စလေးတစ်ခုရှိနေတာ ဦးလေးဝမ်ကို ဒုက္ခပေးရမယ်ထင်တယ် ..... "

သူမသည် ဖုန်းပြောနေချိန်၌ စကားပြောသောလေသံမှာ အလွန်အေးစက်နေပြီး တစ်စုံတစ်ခုအား အပြတ်ရှင်းချင်ပုံပေါ်လေသည်။

ထို့နောက် သိပ်မကြာခင်မှာပင် ကျန်းယောင်းနိုင်၏ဖုန်း ချက်ချင်း မြည်လာတော့သည်။

ကျန်းယောင်းနိုင် ကောက်ကိုင်လိုက်သည်နှင့် ခေါ်ဆိုသူမှာ သူ့ကုမ္ပဏီမှ လက်ထောက်ဖြစ်သည်ကို တွေ့လိုက်ရသည်။

ဖုန်းကိုင်လိုက်သည့်အခါ တစ်ဖက်မှ သူ့လက်ထောက်၏ ထိတ်လန့်တုန်လှုပ်နေသောအသံကို သူ ကြားလိုက်ရသည်။

" ဥက္ကဌကျန်း၊ အခြေအနေဆိုးတာတွေ ဖြစ်သွားပြီ။ အခွန်ဌာနက တစ်ယောက်က အခုပဲ ဖုန်းဆက်ပြီး ကျွန်တော်တို့အကောင့်တွေကို စစ်ဆေးဖို့ လာမယ်လို့ ပြောတယ် ...... "

ကျန်းယောင်းနိုင်၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

သူသည် ဒေသတွင်းမှ ကလပ်များစွာနှင့် အဆက်အသွယ်ရှိပြီး ထိုကလပ်များ၏ ငွေမည်းများကို ခဝါချရာတွင် ကူညီရန် သူ၏ ကိုယ်ပိုင်ကုမ္ပဏီကို အသုံးပြုပေးလေ့ရှိသည်။

ထို့ကြောင့် သူ့အကောင့်များကို လုံးဝ စစ်ဆေးမခံနိုင်ပေ။

" မလန့်နဲ့၊ သူတို့ ခေါင်းဆောင်တစ်ယောက်ကို ငါ သိတယ်။ အခု ဖုန်းခေါ်လိုက်မယ် "

သူ တည်ငြိမ်ဟန်ဆောင်ပြီး ပြန်ဖြေသည်။

" ခုနကခေါ်တာ ကျွန်တော်တို့နဲ့သိတဲ့ ခေါင်းဆောင်ပါ။ သူက စစ်ဆေးဖို့ လူတွေကိုတောင် ခေါ်ပြီးသွားပါပြီတဲ့ "

လက်ထောက်မှ နောက်ထပ် မထင်မှတ်ထားသော ဗုံးတစ်လုံး ပစ်ချလိုက်သည်။

ကျန်းယောင်းနိုင်၏ ခြေထောက်များ အားနည်းသွားကာ မြေပေါ်သို့ ပြန်လဲကျမတတ် ဖြစ်သွားခဲ့ရသည်။

သူသည် ဆိုးရွားသော အဖြစ်အပျက်ကြီး ဖြစ်တော့မည်ဟု ကြိုတင်ခံစားချက်တစ်ခု ရလိုက်သည်။

သူ၏လက်ထောက်နှင့် ဖုန်းချပြီးနောက် သူနှင့်သိသော ခေါင်းဆောင်ကို အလျင်အမြန် ဖုန်းခေါ်လိုက်သည်။

သူသည် ဤအကောင်ကြီးအား အများအားဖြင့် အလွန်ကပ်ခဲ့သောကြောင့် တစ်ဖက်မှ သူ့ကို မျက်နှာပေးသင့်သည်။

သို့သော် သိသာစွာပင် ဤတစ်ကြိမ်သည် ယခင်ကနှင့် မတူခဲ့ချေ။

သူသည် တစ်ဖက်သူကို အကြိမ်ကြိမ် ဖုန်းခေါ်နေပါသော်လည်း ဖုန်းမကိုင်ပေ။

တစ်ဖက်မှ သူ့အား တမင်ရှောင်ဖယ်နေသည်မှာ သိသာလေသည်။

သူ့စိတ်ထဲမှ မကောင်းသော ကြိုတင်သတိပေးချက်သည် ပို၍ အားကောင်းလာသည်။

အဖြစ်အပျက်၏ အဓိကအကြောင်းအရင်းကို အဖြေရှာမရမီတွင် သူ့ဖုန်းမှ ထပ်၍ မြည်လာပြန်သည်။

ဤတစ်ကြိမ်မှာ သူနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည့် ကလပ်တစ်ခုမှ သူဌေးတစ်ဦးဖြစ်သည်။

သူတို့သည် စပ်တူအလုပ်များစွာရှိပြီး ထိုကလပ်လေးသူဌေးသည် ကျန်းကောပြည်နယ်ရှိ သူ၏ အကြီးဆုံးအင်အားစုဟု ပြောနိုင်သည်။

" သူဌေးကျန်း၊ ကိစ္စကြီးတွေတော့ ဖြစ်ကုန်ပြီ။ အခုပဲ ရဲတွေက ကျွန်တော်တို့ မြေအောက်ကာစီနိုကို ဝင်စီးပြီး အကုန်ဖမ်းနေတာ။ အခုပဲ ပြတင်းပေါက်ကနေ ထွက်ပြေးလာရတယ် .... "

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် တစ်ဖက်မှ အသက်ရှူရခက်နေသံဖြင့် သတင်းဆိုးကို သယ်ဆောင်လာသည်။

ကျန်းယောင်းနိုင်၏ ကမ္ဘာကြီးမှာ ချာလည်ယမ်းသွားသလို ခံစားလိုက်သည်။

အမှန်တကယ်တွင် အိမ်ခြံမြေလုပ်ငန်းသည် မျက်နှာပြင်ပေါ်မှ ဟန်ပြလုပ်ငန်းဖြစ်ပြီး ဝင်ငွေများစွာ မရနိုင်ပေ။

သူ ရရှိသော ဝင်ငွေများမှာ ထိုမြေအောက်ကာစီနိုရုံမှ ဖြစ်သည်။

သူသည် အဆက်အသွယ်များစွာကိုလည်း ထိုနေရာမှ ရရှိခဲ့လေသည်။

မြေအောက်ကာစီနိုနှင့် ပက်သတ်၍ ပြဿနာတစ်ခုခု ရှိပါက ကြိုတင်အကြောင်းကြားစာရကာ ပုန်းရှောင်နိုင်လေသည်။

ရဲတွေက ဒီလို ရုတ်တရက်ကြီး တိုက်ခိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဘာတွေဖြစ်နေတာလဲ။

ကမ္ဘာကြီးက ဘာလို့ ရုတ်တရက်ကြီး အကုန်ပြောင်းလဲနေရတာလဲ။

ကျူးရှောင်ကျောင်း၏ ဖုန်းခေါ်ဆိုမှုမှာ တစ်စုံတစ်ရာ ဆက်နွယ်မှုရှိလိမ့်မည်ကို ခံစားမိသည်။

အခွန်ဌာနနှင့် ရဲအရာရှိဌာနအား တပြိုင်နက် လှုပ်ရှားနိုင်စေရန် လူတစ်ယောက်၌ မည်မျှ အင်အားရှိရမည်ကို ခန့်မှန်းနိုင်လေသည်။

သို့သော် သူသည် ထိုပြဿနာ၏ အရေးပုံကို လျစ်လျူရှုခဲ့မိလေသည်။

ထို့နောက် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပွားခဲ့လေတော့သည်။

သူ ကျန်းကောပြည်နယ်အတွင်း ဆယ်စုနှစ်ချီ၍ စိုက်ပျိုးထားသော သစ်သီးများမှာ ပုတ်သိုးကုန်ရတော့သည်။

ကျန်းယောင်းနိုင် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

" သွားပြီ၊ အကုန်သွားပြီ ........ "

သူ၏ မိန်းမနှစ်ယောက်သည် သူ့ပုံစံကြောင့် ကြောက်လန့်ကုန်ကြသည်။

" ယောင်းနိုင်၊ ဘာဖြစ်တာလဲ "

ထိုအမျိုးသမီးနှစ်ယောက်သည် ရှေ့သို့ လျှောက်လာပြီး စိုးရိမ်တကြီး မေးလေသည်။

ကျန်းယောင်းနိုင်သည် ခေါင်းကို လှည့်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်ရာ မုန်းတီးမှုများသည် မျက်လုံးတစ်လျှောက် ပြည့်နှက်သွားတော့သည်။

" အဲ့တာက နင်တို့အပြစ်ပဲ။ နင်တို့ ခွေးမနှစ်ယောက်ကြောင့်ဖြစ်တာ "

" အဲ့တုန်းက နင်တို့သာ ငါ့ကို မနှောင့်ယှက်ဘဲ ဒီအိမ်မှာ မနေရင် ငါ ဒီအဆင့်ကို ရောက်မှာမဟုတ်ဘူး "

ကျန်းယောင်းနိုင်သည် စကားပြောလေလေ ဒေါသဖြစ်လေလေ ဖြစ်သည်။

ထို့ကြောင့် သူသည် ရုတ်တရက် ထိုအမျိုးသမီးနှစ်ယောက်ကို ထိုးကြိတ်ကာ ဆံပင်များကိုလည်း ဆွဲဆောင့်ပြီး ရူးသွပ်စွာ ကန်နေတော့သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း အံသြသွားကြသည်။

ဖြစ်ပျက်နေသည်များကို အတိအကျ မသိပါသော်လည်း Zhang Yaoyang ရူးသွားမည်ကိုတော့ သိနိုင်သည်။

ထို့နောက် သူတို့သည် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။

ကျူးရှောင်ကျောင်း၏ ဖုန်းခေါ်ဆိုမှုသည် ယဲ့ဖန်ထက် ပို၍များသော ကြီးမားသည့်ထိုးနှက်ချက်ကြီးအား ကျန်းယောင်းနိုင်အပေါ် ကျရောက်စေခဲ့သည်မှာ ထင်ရှားသည်။

လူတိုင်းသည် ကျူးရှောင်ကျောင်း၏ သရုပ်မှန်ကို စတင်ခန့်မှန်းကြသည်။

ဖုန်းတစ်ချက် ခေါ်ဆိုရုံဖြင့် ဤမျှကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ခြင်းကြောင့် သူမသည် သာမန်လူမဟုတ်သည်မှာ ထင်ရှားသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် အခြားသူများ၏ ထင်မြင်ယူဆချက်များကို ဂရုမစိုက်ဘဲ အိမ်ထဲသို့ ပြန်လာကြပြီး သော့ခလောက်ပြောင်းရန် သော့ကုမ္ပဏီကို ဆက်သွယ်ကြသည်။

" ထားလိုက်တော့၊ နေဖို့ နေရာအသစ် ရှာရအောင်။ ပြုပြင်မွမ်းမံရေးကုမ္ပဏီကို နောက်နေ့မှ ဆက်သွယ်ပြီး ဒီနေရာကို ထပ်ပြီး ပြုပြင်ရမယ် "

ကျူးရှောင်ကျောင်းသည် အိမ်ကြီး၏ လက်ရှိပြုပြင်မွမ်းမံထားပုံကို ရွံရှာစွာဖြင့် ကြည့်နေသည်။

သူမ၏ လှပသော အမှတ်တရများစွာမှာ ဖြိုချခံထားရသည်။

" ဟုတ်တယ်။ နေ့စဉ်လိုအပ်တာတွေ အများကြီး ပြန်ဝယ်ရဦးမယ်။ ဒီနေ့တော့ ဒီမှာနေလို့မရတာ သေချာတယ် "

ယဲ့ဖန်သည်လည်း ခေါင်းညိတ်သဘောတူသည်။

ကျူးရှောင်ကျောင်း ရုတ်တရက် လှည့်ကြည့်လိုက်သည်။

" ဒီည နင်ရဲ့နေရာမှာ ငါလိုက်နေမယ်ဂ"

ယဲ့ဖန်သည် သူမ၏ တောက်ပသော မျက်လုံးများကို ကြည့်ကာ သူ၏အမူအရာမှာ အေးခဲသွားသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းအား ငှားထားသည့် ခြံသို့ ခေါ်လာသောအခါ ဖန်းကျန်းဝူသည် မကျေနပ်မှုမျိုး မပြသပေ။

သူမသည် ထိုနေ့ညစာပြင်သည့်အခါ ကျူးရှောင်ကျောင်းအတွက်ပါ ချက်ပြုတ်သည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ပတ်ဝန်းကျင်၌ မိန်းမများစွာရှိသည်ကို သိထားသည်မှာ ကြာပြီဖြစ်သော်လည်း သူမနှင့်တန်းတူ လှပသည့် ထိုမိန်းကလေးငယ်လေးအပေါ် မကျေနပ်မှုအချို့ ခံစားခဲ့ရသည်။

သို့သော် ဖန်းကျန်းဝူ၏ နွေးထွေးသော ဧည့်ဝတ်ပြုမှုကြောင့် ကျူးရှောင်ကျောင်း၏ နှလုံးသားထဲမှ အဆင်မပြေမှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ခဏကြာပြီး နောက်ပိုင်းတွင် သူတို့နှစ်ယောက်သည် အခင်ဆုံးသူငယ်ချင်းများကဲ့သို့ပင် ရယ်မောလျက် စကားပြောကြတော့သည်။

ယဲ့ဖန် မတတ်နိုင်ဘဲ အံ့သြစွာ ကြည့်လိုက်မိသည်။

ထမင်းစားပြီးနောက် သူတို့သုံးယောက်သည် ခြံဝင်းထဲ၌ ခဏတာ စကားပြောကြပြီး သက်ဆိုင်ရာ အခန်းသို့ ပြန်သွားကြသည်။

အိပ်ခန်းတစ်ခန်းသာ ရှိသောကြောင့် ယဲ့ဖန်သည် မိန်းကလေးနှစ်ယောက်နှင့်အတူ အိပ်ခန်းတစ်ခန်းအတွက် ရန်ဖြစ်ရန် ရှက်သဖြင့် ဧည့်ခန်း၌အိပ်ရန် ရွေးချယ်ခဲ့သည်။

ညနက်နေပြီဖြစ်ရာ ယဲ့ဖန် အိပ်ပျော်တော့မည် ဖြစ်သည်။

ထိုအချိန် ရုတ်တရတ် ခြေသံများကို ကြားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ဖန်းကျန်းဝူ ဖြစ်နေသည်ကို သိလိုက်သည်။

All Chapters